Saturday, August 4, 2018

တစ်ဘဝစာ အပါယ်လွတ်ရန် နည်းလမ်းကောင်း

ဥပုသ်စောင့်ခြင်း

မြတ်စွာဘုရားသည် သာဝတ္ထိ ပြည်အနီး ၀ိသာခါကျောင်းအမကြီး လှူဒါန်းထားသော ပုဗ္ဗာရုံ ကျောင်းတော်ကြီး၌ သီတင်း သုံးတော်မူစဉ် ဥပုသ်နေ့တစ်နေ့တွင် ၀ါသာခါကျောင်းအမကြီးသည် ပန်းများနှင့် အခြားလှူဖွယ်ပစ္စည်းများကို ယူဆောင်၍ မြတ်စွာဘုရား ထံတော်သို့ လာရောက်ကာ ရိုသေစွာ ရှိခိုးလျက်ထိုင်နေ၏။

ပုထုဇဉ်လေးမျိုး

ပုထုဇဉ်လေးမျိုး ပုထုဇဉ်လေးမျိုးတဲ့။ ဘုရားရှင်ဟောပြခဲ့တဲ့ ပုထုဇဉ်လေးမျိုး အကြောင်းလေးဖော်ပြပေးပါမယ်။(၁) အန္ဓဗာလ ပုထုဇဉ်၊ (၂) အန္ဓပုထုဇဉ် (၃) ကလျာဏ ပုထုဇဉ်၊(၄) စူဠသောတာပန် ပုထုဇဉ်ဆိုပြီးလေးမျိုးရှိပါတယ်။ အန္ဓဗာလပုထုဇဉ် ဆိုတာကတော့အန္ဓဆိုတာကန်းတာ ဗာလဆိုတာမိုက်တာပါ။ အဓိပ္ပါယ်ပေါင်းလိုက်တော့ ကန်းသော မိုက်သော ပုထုဇဉ်ဆိုပြီးတော့အဓိပ္ပါယ် သက်ရောက်ပါတယ်။ အန္ဓဗာလပုထုဇဉ် ဆိုတာကတော့ ပရမတ်တို့ ပညတ်တို့ ခန္ဓာတို့ သစ္စာတို့ကိုဘာမှ မသိမြင်တတ်ပါဘူး။ဝိပဿနာဆိုတာကိုကြားတောင် မကြားချင်တာပါ။

Friday, August 3, 2018

လူသားစင်စစ် ဧကန်ဖြစ်ပါရဲ့လား

ပါဠိစာပေမှာ မနုဿဆိုတဲ့ပုဒ်ရှိတယ်။
မြန်မာလိုတော့ “လူ”
မနုဿကို လူလို့ဘာသာပြန်တာက ဆင့်ပွါးအနက်အဓိပ္ပါယ်ဖြစ်ပါတယ်။
မနုဿ ဆိုတဲ့ပုဒ်ဟာ မန နဲ့ ဥဿ နှစ်လုံးပေါင်းစပ်ထားတဲ့ပုဒ်ပါ၊
မန ဆိုတာ စိတ် ဖြစ်ပြီး
ဥဿဆိုတာ မြှင့်တင်ပေးတတ်တာ။
ဒါ့ကြောင့် မနနဲ့ ဥဿ နှစ်ပုဒ်ပေါင်းထားတဲ့ မနုဿဆိုတဲ့ပါဠိပုဒ်ရဲ့ တိုက်ရိုက်အဓိပ္ပါယ်က
“စိတ်ကိုမြှင့်တင်ပေးတတ်တဲ့သူ” ဖြစ်တယ်။

မဂ္ဂင် (၈) ပါး။

    မဂ္ဂင် (၈) ပါးတို့မှာ ==
၁။ သမ္မာဒိဌိ = သစ္စာလေးပါးကို ကောင်းစွာမြင်ခြင်း။
၂။ သမ္မာသင်္ကပ္ပော = ၀ိတတ်သုံးပါးမှ ကင်း၍ ကောင်းသော အကြံကို ကြံခြင်း။

Thursday, August 2, 2018

ပရိတ်ကြီး ဆယ့်တစ်သုတ် ရွတ်ဆိုရခြင်းရဲ့ အကျိုးများ



ပရိတ်ဆိုတာ ပရိတ္တ = အရံအတားလို့ ဆိုပါတယ်။ မြတ်စွာဘုရားရှင် လက်ထက်တော် အခါ ကတည်းက မြတ်စွာဘုရားက တောထဲ တောင်ထဲ အဆင်ပြေရာ သီတင်းသုံးနေထိုင် ကြရတဲ့ တောရ ဆောက်တည် ကြတဲ့ တပည့်သား သံဃာတော် အရှင်မြတ်များ ဘေးရန်များက လွတ်အောင် ရွတ်ဆို ပွားများစေတဲ့ အရံ အတား ဂါထာ မန္တာန်တော်များ ဖြစ်ပါတယ်။
. . .
မြန်မာများ ရင်းနှီးနေကျ ပရိတ်ကြီး ဆယ့်တစ်သုတ်မှာ သူ့ သုတ်နဲ့ သူ၊ ဘယ်သုတ်ဟာ ဘယ်လို ဘေးမျိုးအတွက် အရံ အတားဖြစ်တယ် ဆိုတာ အဓိပ္ပာယ် ကိုယ်စီ ရှိပါတယ်။ ပရိတ်ရွတ်ရာမှာ ရွတ်သူ စည်းကမ်းနဲ့ ကြားနာသူ စည်းကမ်း ၂မျိုး ရှိပါတယ်။ စည်းကမ်းကို လိုက်နာပြီး ရွတ်မှ ထက်မြက်စွာ အကျိုး ပေးတယ်လို့ ဆိုပါတယ်။

နိဗ္ဗာန်၏ ဂုဏ်တော်များ။

           ဗုဒ္ဓဘာသာဝင်တို့၏ နောက်ဆုံးရည်မှန်းချက် ပန်းတိုင်သည်မြတ်နိဗ္ဗာန်ပင်ဖြစ်ပါသည်။
နိဗ္ဗာန်တွင်=======
၁။ “ ခယဂုဏ်တော် ”
============ ထိုနိဗ္ဗာနဓာတ်တရားမြတ်ကို သောတာပတ္တိမဂ်ဖြင့် မြင်လိုက်   သည်နှင့်

Wednesday, August 1, 2018

နဂါးမင်းကြီးရဲ့ စိတ်နေသဘောထား။

       တရားနဲ့ပတ်သက်လာလို့ရှိရင် ဇတ်တော်ကြီးဆယ်ဘွဲ့ထဲက ဘူရိဒတ္ထ ဆိုတဲ့ နဂါးမင်းကြီး
ဇာတ်လမ်းကို ဖတ်ဖူးသူတွေက တွေ့ပါလိမ့်မယ်။ ဥပုဒ်သီလ ဆောက်တည်တဲ့ အခါမှာ ဘုရားအ
လောင်းတွေက အဓိဌာန်ထားလေ့ ရှိကြပါတယ်။

အဆိုးကို အသုံးချခြင်း

လောကမှာ ဥာဏ်မရှိသူအတွက် အဆိုးကြောင့် ဂုဏ်ပျက်တတ်သော်လည်း ဥာဏ်ရှိသူအတွက်တော့ အဆိုးကြောင့်ပဲ
ကောင်းဂုဏ်တက်ရပါတယ်။
မြတ်ဗုဒ္ဓရဲ့ အရဟံဂုဏ်တော်ကိုပဲ ကြည့်ပါ။ အဆိုးဆုံးကိလေသာကို အကောင်းဆုံးနည်းနဲ့ အကြွင်းမဲ့ လုံးဝအနိုင်ယူနိုင်လို့ ရထားတဲ့ ဂုဏ်ပုဒ်ပါ။ ကိလေသာအဆိုးကြောင့် ဘုရားရှင်ဂုဏ်တက်ရတာပါ။
အဆိုးဆုံးကို နိုင်ထားလို့ အကောင်းဆုံးဖြစ်သွားတာကိုး။

Tuesday, July 31, 2018

စိုးရိမ်သောက

အားငယ်စိတ် ကြောက်စိတ် ဆိုတာ လူတိုင်းမှာ အနဲနဲ့အများ ရှိတယ်။ အဲဒီ အားငယ်တာ၊ ကြောက်တာ၊ စိုးရိမ်တာတွေကို တနည်းနည်းနဲ့ ငြိမ်းချမ်းအောင် မလုပ်လို့ရှိရင် လူရဲ့ စိတ်ဓာတ်အင်အားတွေကို ကုန်ဆုံးသွားစေတယ်။ အဲဒီလူဟာ အမြဲတမ်းလိုလိုပဲ စိတ်ကြည်လင်မှု မရှိဘူး။ တခုခု ခက်ခဲနက်နဲတဲ့ အလုပ်ကို လုပ်ရတော့မယ် ဆိုရင်ပဲ သူ့မှာ အားစိုက်ဖို့ရာ အင်အားက မရှိဘူး။ အဲဒီတော့ အဲဒီအားငယ်စိတ်၊ ကြောက်စိတ်တွေကို သက်သာဖို့ဆိုတာလည်းပဲ ဒီတရားအားထုတ်မှ ရနိုင်မယ်။

Monday, July 30, 2018

'ပဋိစ္စသမုပ္ပါဒ်အင်္ဂါ (၁၂) ပါး'

(၁) သစ္စာလေးပါးတို့ကို မသိခြင်း 'အဝိဇ္ဇာ'ဟူသော အကြောင်းကြောင့် ပြုပြင်စီရင်မှု 'သင်္ခါရ' တို့ ဖြစ်ကုန်၏။
(၂) ပြုပြင်စီရင်မှု 'သင်္ခါရ'ဟူသော အကြောင်းကြောင့် သိမှု 'ဝိညာဏ်' သည် ဖြစ်၏။
(၃) သိမှု 'ဝိညာဏ်'ဟူသော အကြောင်းကြောင့် 'နာမ်ရုပ်' သည် ဖြစ်၏။
(၄)'နာမ်ရုပ်'ဟူသော အကြောင်းကြောင့် 'အာယတန' ခြောက်ပါးသည် ဖြစ်၏။

အရှင်အာနန္ဒာမထေရ်၏ အတုယူဖွယ်ရာ။

        တစ်နေ့သောအခါ အရှင်အာနန္ဒာမထေရ်သည် နောက်ပါရဟန်းငါးရာနှင့်အတူ ကောသမ္ဗီ
ပြည်သို့ ကြွချီတော် မူခဲ့၏။ အကြောင်းမှာ ဗုဒ္ဓမိန့်တော်မူခြင်းကြောင့် အရှင်ဆန္ဒအား ဗြဟ္မဒဏ်
ပေးရန်အတွက် ဖြစ်၏။ ကောသမ္ဗီပြည်သို့ ရောက်သောအခါ ဥတေနမင်းကြီး၏ ဥယျာဉ်အနီး

Sunday, July 29, 2018

သတိနဲ့နေတဲ့ အလေ့အကျင့်

လူတွေနဲ့ တွေ့တဲ့အခါမှာ တစ်ယောက်ကိုတစ်ယောက် လွှမ်းမိုးတဲ့သဘောက ရှိနေတယ်။ သူက ကိုယ့်ကို လွှမ်းမိုးမယ် သို့မဟုတ် ကိုယ်က သူ့ကို လွှမ်းမိုးမယ်။ သတိကောင်းနေရင် ကိုယ့်စိတ်ကို ကိုယ် သိနေရင် ဘယ်သူမှ ကိုယ့်ကို လွှမ်းမိုးလို့ မရဘူး။ ကိုယ့်စိတ်က တည်ငြိမ် အေးချမ်းပြီး လေးနက်ခိုင်ခန့်နေတယ်ဆိုရင် တစ်ဖက်လူဟာ ရာထူးအားဖြင့် ကြီးချင်ကြီးမယ်၊ ဓနအားဖြင့် ကြီးချင်ကြီးမယ်၊ ဒါပေမယ့်သူက ကိုယ့်ကို လွှမ်းမိုးလို့ မရဘူး။ ဒါကြောင့် သူများလွှမ်းမိုးတာ မခံရချင်ရင် တည်ကြည်ခံညားမှုရှိအောင် သတိနဲ့ နေရမယ်။

နတ်တွေပြောကြတဲ့ သူတော်ကောင်း။

        သိကြားမင်းကြီး လူ့ဘ၀တုန်းက ကိုယ်တိုင်ကျင့်သုံးခဲ့တဲ့ ကျင့်ဝတ်တရားတွေကို ကျင့်တဲ့
ပုဂ္ဂိုလ်ကို သူတော်ကောင်းလို့ တာဝတိံသာနတ်တွေက သတ်မှတ်ကြပါတယ်။ အဲဒါတွေကတော့
၁။ “ မာတာ ပေတ္တိဘရော ” အသက်ထက်ဆုံး မိဘနှစ်ပါးကို လေးလေးစားစားနဲ့ ပြုစုစောင့်ရှောက်