Saturday, January 25, 2014

“ အမိအဖပြုစုသူကို သူတော်ကောင်းတို့ ချီးမွမ်း၏ ”

ဗြဟ္မ (မြတ်သောအကျင့်)

ရဟန်းတို့ မိမိအိမ်၌ အမိအဖတို့ကို ပူဇော်သော
အမျိုးသား အမျိုးသမီးတို့သည် ဗြဟ္မာ ရှိသည် မည်ကုန်၏၊

သူတော်ကောင်းတို့၏ စိတ်နေသဘောထား


ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ
  သူတော်ကောင်းတို့၏စိတ်နေသဘောထား
သူတော်ကောင်းဆိုတာ
“သူတော်ကောင်း”ဆိုတဲ့ စကားလုံးကို ပါဠိဘာသာမှာ “သပ္ပုရိသ”လို့ခေါ်တယ်၊ “သန္တော ပုရိသော သပ္ပုရိသော”ဆိုတဲ့အတိုင်း ငြိမ်သက်အေးချမ်းသောသူ ဟု အဓိပ္ပါယ်ရတယ်။

မပြောပြရစေနဲ့.... ရှက်စရာကြီးမို့လို့ပါ။

           မြတ်စွာဘုရား ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံး နေတော်မူတဲ့ အချိန်ကာလ...
ရသေ့ အပါးငါးရာတို့ဟာ ဟိမ၀န္တာတောတွင် သီတင်းသုံးနေကြပါတယ်။ တစ်နေ့ ..နွေရာသီ
ကုန်ဆုံးလို့ မိုးရာသီမရောက်မီ စပ်ကူးကာလ အချိန်တွင် ရသေ့အပါးငါးရာတို့ ဒေသစာရီကြွချီ

ကပ်ကြီး ၃ ပါး ကင်းလွတ်အောင်။

        ကပ်ကြီး ၃ ပါး ကင်းလွတ်စေရန် စွမ်းဆောင်နိုင်တဲ့ နည်းလမ်းကတော့ လူတိုင်းကိုယ်စီ
ငါးပါးသီလ မြဲကြဖို့ပဲ လိုပါတယ်။
         ၁။ ပါဏာတိပါတ သိက္ခာပုဒ်ကို လုံခြုံအောင် စောင့်ထိန်းသွားပါလျှင် တစ်ဦးနှင့်တစ်ဦး

ငါ့ဘ၀ကို ပတ်ခြောက်ဝိုင်းလို လူကြည့်အောင်ပဲ နေသွားမှာလား? ။

         ဘုရားပွဲ၊ အလှူပွဲတို့မှာ အိုးစည်ဝိုင်း၊ ဒိုးပတ်ဝိုင်း၊ ဗျောတို့ပါကြတယ်။ ဘုန်းဘုန်းတို့အရပ်မှာ
ပတ်ခြောက်ဝိုင်းဆိုတာ ရှိတယ်။ ဒိုးပတ်ဝိုင်းကြီး အတိုင်းပဲ  ဒိုးပတ်ပါတယ်၊ လင်းကွင်းပါတယ်၊  နှဲပါ
တယ်၊ ၀ါးလက်ခုပ်ပါတယ်၊ မောင်းပါတယ်။ ဒိုးပတ်ဝိုင်းတော့ ဒိုးပတ်ဝိုင်းပဲ ဒါပေမဲ့ အသံမထွက်ဘူး။

Friday, January 24, 2014

ကံတူသော်လည်း အကျိုးပေးမတူခြင်းအကြောင်း




မေး - ကဿပဘုရားရှင် လက်ထက်က ရဟန်းတပါးသည်
အနှစ်နှစ်သောင်း ရဟန်းတရားကို အားထုတ်ခဲ့ သော်လည်းသေခါနီး၌ မြက်ပင်တို့ကို မတော်တဆ နှုတ်မိသော ၀ိနည်းပြစ်ကိုအမှတ်ရ၍ ဘုရားနှစ်ဆူကြား
ကာလပတ်လုံး တိရိစ္ဆာန် နဂါးဘ၀ ဖြစ်ရခြင်း၊

အားပေးစကား

ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ
   စိတ်ဓာတ်အကျဆုံးအချိန်
လူတွေ စိတ်ဓာတ်အကျဆုံးအချိန်ဟာ ဘယ်အချိန်လဲလို့တရားချစ်ခင် သူတော်စင်ပရိသတ်တို့ သိဖို့လိုတယ်နော်၊ လူတိုင်းလူတိုင်း နောက်ဆုံးကြုံတွေ့ရမယ့် “တစ်နေ့သောအချိန်” ဆိုတာဘယ်အချိန်လဲ? သေခါနီးအချိန်ပေါ့။ လူတိုင်းလူတိုင်း မရှောင်လွှဲနိုင်ဘူး၊ တစ်နေ့ကျတော့ ကြုံတွေ့ရမယ်ဆိုတဲ့ နောက်ဆုံးအချိန်မှာ စိတ်အားအငယ်ဆုံး၊ စိတ်ဓာတ်အကျဆုံး အချိန်လို့ ဆိုလိုတယ်။

အရှင်နန္ဒမာလာဘိဝံသ၏ ဘ၀မှ လွတ်မြောက်ဖို့ဆိုရင်။

          ဒီဘ၀ပြီးသွားရင် ဘယ်ရောက်မယ်ဆိုတာ သာမန်ပုထုဇဉ်တွေ မသိနိုင်ပါ။ မြတ်စွာဘု
ရား တရားတော်တွေ တို့တစ်တွေ နာခွင့်ရကြပါတယ်။ တရားတော်တွေဆိုတာ ရောဂါပျောက်
အောင် ကုသနိုင်တဲ့ ဆေးနဲ့ အလားတူပါတယ်။ ဆေးဆိုတာ မသောက်ဘဲနဲ့ နေလို့ရှိရင်တော့

မိုးကုတ်ဆရာတော်ကြီး၏ သံဝေဂလင်္ကာ။

     ၁။ လက်ရှိခန္ဓာ၊ မတွယ်တာနှင့်
         နောင်လာဘ၀၊ မတောင်းတဘဲ
         ကြောင့်ကြဇွဲဖြင့်၊ အမြဲမပြတ်

မြတ်ဗုဒ္ဓဟောကြားသော ကိုးကွယ်ရာနှင့် မကိုးကွယ်ရာ။

         ဗုဒ္ဓမြတ်စွာဘုရား ပွင့်ထွန်းတော်မူလာပြီးနောက် ကိုးကွယ်ရာနှင့် မကိုးကွယ်ရာကို ခွဲခြား
၍ ဟောကြားညွှန်ပြခဲ့ပါသည်။ မြတ်ဗုဒ္ဓ ဟောကြားမိန့်မှာသည်မှာ=
      *  “ ယော စ ဗုဒ္ဓဉ္စ ဓမ္မဉ္စ၊ သံဃဉ္စ သရဏံ ဂတော။

Thursday, January 23, 2014

မိဘကို ...ဘယ်လို ကျေးဇူးဆပ်မလဲ ?


လောကမှာ တာဝန်တွေရှိပါတယ်။တာဝန်ကျေတဲ့သူဟာ ကျက်သရေ ရှိပါတယ် ။
တာဝန်မကျေတဲ့သူဟာ ကျက်သရေ မရှိပါဘူး။
ဒါဟာ - ဘုရားဟောပါ။

■ တာဝန်ဆိုတဲ့ စကားလေးဟာ ဘ၀ကို အဓိပ္ပါယ်ရှိရှိ တည်ဆောက်လိုသူတွေ ရဲ့ နုလုံးသားထဲမှာ အစဉ်သဖြင့် သန္ဓေတည်သင့်နေတဲ့ စကားလေးပါ။

ရှင်ရဟန်းမပြုထိုက်သူ သုံးကျိတ်နှစ်ယောက် ( ၃၂-ယောက် )



                     
၁။ လက်ပြတ်သောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၂။ ခြေပြတ်သောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၃။ လက်ခြေပြတ်သောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၎။ နားပြတ်သောသူကို ရှင်ရဟန်း ပြုမပေးအပ်။
၅။ နှာခေါင်းပြတ်သောသူကို ရှင်ရဟန်း ပြုမပေးအပ်။

သောက ကင်းဝေး နေနိုင်ရေး။

         အရှေ့၊ အနောက်၊ တောင်၊ မြောက် ကျွန်းကြီးလေးကျွန်းအနက် ငါးပါးသီလမြဲသော
ကျွန်းမှာ ဥတ္တရဂုရုခေါ်သော မြောက်ကျွန်း ဖြစ်ပါတယ်။ မြောက်ကျွန်းသူ မြောက်ကျွန်းသား
တို့ဟာ ငါးပါးသီလမြဲသော ကုသိုလ် အာနုဘော်ကြောင့် ==

အလောင်း အလျာတို့၏ အလိုတော် (၆) ပါး။

   အလောင်း အလျာတို့၏ အလိုတော် (၆) ပါးမှာ ==
၁။ လောဘတရားတို့မှ ကင်းလိုခြင်း။
၂။ ဒေါသတရားတို့မှ ကင်းလိုခြင်း။
၃။ မောဟတရားတို့မှ ကင်းလိုခြင်း။

ကျန်ရှိနေတဲ့ သက်တမ်းကို အကျိုးရှိအောင် ကုသိုလ်ဖြင့် ဘ၀နေနည်း။

    လူတစ်ယော်ရဲ့ တန်ဖိုးကို ရာထူး၊ ဂုဏ်၊ ငွေကြေးဥစ္စာ၊ ပညာ၊ အောင်မြင်ကျော်ကြားမှု၊ အခြံအရံ၊ တွေနဲ့  တိုင်းတာကြသလို
သီလ၊ သမာဓိ၊ ပညာ၊ ဆိုတဲ့ သိက္ခာသုံးပါးနဲ့ လဲ တိုင်းတာကြပါသည်။ ဗုဒ္ဓဘာသာဝင် သူတော်စင် အပေါင်းတို့ ၏ နောက်ဆုံး

Wednesday, January 22, 2014

အကုသိုလ် မှ ကုသိုလ်ပန်းတိုင် သို့

အကုသိုလ် ဖြစ်တိုင်း စိတ်ဆင်းရဲ နေရမယ်ဆိုရင်တစ်သက်လုံး စိတ်ဆင်းရဲနေ ရတော့မှာပါ၊
သာသနာဟာ အားလုံးရဲ့ ထောက်ရာ တည်ရာ အားကိုးရာပါ။ကိလေသာ မကင်းသေးတဲ့
ပုထုဇဉ်ဘဝမှာ အကုသိုလ်ကတော့ ပြုမိကြမှာပါပဲ။

ဒေါသကင်းဝေး နေနိုင်ရေး


လူတို့၏ရင်ထဲနှလုံးသားတွင် စိတ်ပိုင်းဆိုင်ရာအပူများစွာရှိသည်၊၊ ဒေါသအပူသည် အခြားအပူများ
ထက်ပိုမို၍လောင်ကျွမ်းအား ပြင်းထန် တတ်သည်၊၊
ရင်ထဲတွင် ဒေါသအပူလှိုင်းဝင်ရောက်လာသောအခါ လူတွင်ငြိမ်းအေးမှုများအားလုံးပျောက်ဆုံးပြီး၊ ပတ်ဝန်းကျင်ကိုအန္တရာယ်ပြုခွင့်ရလျင်ရ၊
မရခဲ့လျင်မိမိကိုယ်မိမိပြန်၍ ဒုက္ခဖြစ်အောင်ပြုတတ်လေသည်၊၊

အရှင်ဆန္ဒာဓိက(ရွှေပါရမီ)ဆရာတော်၏ ထားမေတ္တာနှင့် ပွားမေတ္တာ။

        မေတ္တာကို ရင်ထဲတွင် ထားရှိပြီး မေတ္တာပွားသင့်ကြောင်း ဆရာတော်အရှင်ဆန္ဒာဓိက က
ဤသို့ ဆုံးမတော်မူခဲ့ပါ၏။ “တချို့လူများက မေတ္တာပွားတာကို လူသိရှင်ကြားရွတ်ဆို၍သာ ပွား
နေကြတယ်။ စိတ်ကမူ မေတ္တာပို့သနေသောသူများထံသို့ မရောက်ဘဲ ဟိုရောက် ဒီရောက် ဖြစ်

ငါးပါးသီလ၏ အမည်ထူးများ။

   ၁။ လူမှန်လျှင် လိုက်နာကျင့်သုံးရမည့် ဓမ္မတာတရားဖြစ်သောကြောင့် “ဓမ္မတာသီလ”။
   ၂။ သူတော်ကောင်းတို့ အလေးဂရုထား၍ ကျင့်သုံးအပ်သောကြောင့် “ဂရုဓမ္မသီလ”။
   ၃။ စကြ၀တေးမင်းတို့ ဓမ္မသတ်သဖွယ် ကျင့်သုံးသောကြောင့် “စက္က၀တ္တိဓမ္မသတ်”။

သမာဝတီ၏ မေတ္တာအစွမ်း။

            ကောသမ္ဗီပြည် ဥတေနမင်းဝယ် သမာဝတီ၊ မာဂဏ္ဍီ၊ ၀ါသုလဒတ္တဒေ၀ီ ဟု မိဖုရားသုံး
ယောက် ရှိပါတယ်။ သမာဝတီဟာ ရတနာသုံးပါးကို ကြည်ညိုတယ်။ မာဂဏ္ဍီကား မိဖုရား မဖြစ်
ခင် အပျိုစင်ဘ၀ကပင် ဘုရားအပေါ်မှာ ရန်ငြိုးထားခဲ့တဲ့ ပုဏ္ဏေးမကလေးပါ။ ဒါကြောင့် မာဂဏ္ဍီ

Tuesday, January 21, 2014

မုန်းနေသူ ကို ချစ်စေလိုလျှင်



                          
အရှင်ဘုရား

တပည့်တော် ကို လူတယောက်က မုန်းနေပါတယ်၊ အဲဒါ ပြန်ချစ်လာအောင် ဘယ်လိုလုပ်ရမလဲ
နည်းလမ်းရှိပါသလား-

အဲဒီလူက အရင်ကတော့ တပည့်တော်ကို ချစ်နှစ်သက်ပါတယ်။ အခုမှ မုန်းသွားတယ် ထင်တယ်၊
နည်းလမ်း ရှိတယ် ဆိုရင်ကူညီပါအုံးဘုရ့ား၊

မင်းကွန်းဆရာတော်ကြီးမှ မိုးကုတ်ဆရာတော်ကြီးအပေါ် သဘောထားမှတ်ချက်


ကောဇာသက္ကရာဇ် ၁၃၃၉-ခု၊ နယုန်လပြည့်ကျော် ၁၃-ရက် (၁၃-၆-၁၉၇၇)၊
တနင်္လာနေ့၊ ည ၇-နာရီတွင်
ကြို့ပင်ကောက်မြို့၊ မဟာလောကသီရိဘုရားကြီး သံတန်ဆောင်းအတွင်း၌
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ်၊

ငါကိုယ်တိုင် သောတာပန် တည်ပြီလား။

         ၁။ မဟာသောတာပန်အနေနဲ့ ဒိဌိဝိစိကိစ္ဆာ အစရှိတဲ့ တရားတွေကိုသာ ပယ်သတ်နိုင်တာ
လောဘ၊ ဒေါသ၊ ထိနမိဒ္ဓ(ငိုက်မြည်းမှု)၊ ဥဒ္ဓစ္စကုက္ကစ္စ(စိတ်ပျံ့လွင့်မှု) ဆိုတဲ့ ပုထုဇဉ်တို့ မပယ်
နိုင်သေးတဲ့ တရားတွေကို ပယ်နိုင်တာချင်းတူပေမယ့်လို့ မိုးကုတ်ဆရာတော်ကြီးက လောကီအ

ကုသိုလ်ကောင်းမှု ပြုလုပ်ပြီး အမျှအတမ်းပေးဝေခြင်းအကျိုး။

         ကုသိုလ်ကောင်းမှု ပြုလုပ်ပြီး အမျှအတမ်း ပေးဝေတာကို မြတ်စွာဘုရားက “ဉာတိဓမ္မ”
ဆွေမျိုးတွေ လိုက်နာကျင့်သုံးရမယ့် ၀တ္တရားအဖြစ်ဖြင့် ဟောထားတာဖြစ်လို့ လုပ်သင့်လုပ်
ထိုက်တဲ့ကိစ္စ၊ အကျိုးရှိတဲ့ လုပ်ရပ်တစ်ခု ဖြစ်ပါတယ်။

လူဖြစ်ရခြင်း၏ အဓိကရည်ရွယ်ချက် ဘာလဲ။

           ဗုဒ္ဓဘာသာဝင် အများစုသည် အသက်သာ ငါးဆယ်ကျော်၍ ခြောက်ဆယ်နား ကပ်လာ
သည့်တိုင် မိမိ လူလာဖြစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်ကို သိသူအလွန်နည်း၏။ သိရန်လည်း
လေ့လာသုံးသပ်ကြပုံမရှိကြ။ မေးခဲ့လျှင်လည်း ရုတ်တရက် ဘာဖြေရမှန်း မသိအောင် နှုတ်ဆွံ့

Monday, January 20, 2014

ကံအကြောင်း





'ကံဆိုတာဘာလဲ'

“ကမ္မ” ဟူသော ပါဠိစကားကို မြန်မာလို “ကံ”ဟုခေါ်၏။ ထို “ကံ” ဟူသော စကားကို တစ်မျိုးထပ်၍ မြန်မာပြန်လျှင် “အမူ”ဟု ခေါ်ပြန်သည်။ ထိုအမူကား ကိုယ်မူ၊ နူတ်မူ၊ စိတ်မူ အားဖြင့် ၃-မျိုး ကွဲပြား၏။ “ကိုယ်မူ”ဟူသည် လက် ခြေ စသော ကိုယ်အင်္ဂါဖြင့် ပြုရသော လုပ်ငန်းကိစ္စစုတည်း။ ဥပမာ - “သူ့အသက်ကို ကိုယ်တိုင်သတ်ခြင်း၊ အလှူဒါနကို ကိုယ်တိုင်လှူခြင်း ”စသည်တည်း။

အပါယ်လေးပါးမှ လွတ်မြောက်စေနိုင်သော ကုသိုလ်(၇)မျိုး

                                

(က) အပါယ်လေးပါး

အပါယ်လေးပါးဆိုတာက ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ အသုရကာယ်တို့ဖြစ်ပါတယ်။ အပါယ်ဆိုတာက (အပါယ) ဆိုတဲ့ပါဠိပုဒ်ကနေဆင်း သက်လာတာပါ။ (အပါယ)မှာ (အပ+အယ) ဆိုပြီးနှစ်ပုဒ်ရှိပါတယ်။ အပ= ကင်းခြင်း၊ အယ= ကုသိုလ်တရား၊ သို့မဟုတ် ချမ်းသာ။ နှစ်ပုဒ်ပေါင်းလိုက်တော့ ကုသိုလ်တို့မှကင်းခြင်း၊ ချမ်းသာတို့မှ ကင်းခြင်းလို့အဓိပ္ပါယ်ရပါတယ်။ ဆိုလိုတာက အပါယ်လေးဘုံးသားတို့မှာ

သာသနာတော်တွင်း၌ မြေမျိုခံရသူ (၅) ဦး။

              သာသနာတော်တွင်း၌ မြေမျိုခံရသူ (၅) ဦးမှာ==
၁။ စိဉ္စမာဏ။
၂။ သုပ္ပဗုဒ္ဓ။
၃။ ဒေ၀ဒတ်။

မွန်မြတ်တဲ့ စိတ်ဓာတ်ဆိုတာ။

         ဆေးရုံမှာ ဆိုလို့ရှိရင် လူ(နာ)တွေရဲ့ အခြေအနေအလိုက် “မေတ္တာ”လည်း ဖြစ်တယ်။
“မုဒိတာ”လည်း ဖြစ်တယ်။ “ဥပေက္ခာ” လည်း ဖြစ်တယ်။ ကိုယ့်သန္တာန်မှာ ဒီလို ဖြစ်လာတဲ့
တရားလေးတွေကိုတန်ဖိုးထားပြီးတော့ မှန်မှန်ကန်ကန် ဒီမွန်မြတ်တဲ့ စိတ်ဓာတ်တွေနဲ့ ပြုစု

လယ်တီဆရာတော်ဘုရားကြီး ။( ဦးပညာသာမိ)

         မြန်မာသက္ကရာဇ် ၁၂၄၇ -ခုတွင်၊ သီပေါမင်း ပါတော်မူပြီးနောက် မြန်မာနိုင်ငံကို ဗြိတိ
သျှတို့ အနှစ် ၆၀ ကျော် အုပ်စိုးသွားပါသည်။ ဗြိတိသျှတို့ အုပ်စိုးသည့်ကာလအတွင်း လောကီ
လောကုတ္တရာ စာဆိုတော်ကြီးများ အသီးသီး ပေါ်ထွန်းခဲ့တဲ့အနက် လယ်တီဆရာတော်ဘုရား

Sunday, January 19, 2014

အချစ်ဟူသည်မှာ



 

“ သစ်ပင်မှာအမြစ်၊ လူမှာအချစ်" တဲ့ သစ်ပင်
တစ်ပင်ဟာ အမြစ်ရှိမှ ရှင်သန်လို့ရသလို လူဆိုတာလည်း အချစ်ရှိမှ အသက်ရှင်လို့ရတယ်။
အချစ်ဆိုတဲ့ စာလုံးဟာ ´အ နဲ့ ချစ်´ နှစ်လုံးတည်းဖြစ်ပေမယ့် အင်မတန်ပဲ နက်နဲကျယ်ပြန့်ပါတယ်။
လောကရဲ့ဝိညာဉ်ဟာ အချစ်ပဲ။ အချစ်ရှိလို့ လောကဆိုတာ ရှိနေတာ။ အချစ်မရှိရင် လောက
ရယ်လို့ကို မရှိတော့ဘူး။

နမော တဿ နဲ့ ဗုဒ္ဓဘာသာ



“နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” ဆိုတဲ့ ပါဠိစကားတော်ကို ဗုဒ္ဓဘာသာများ ရင်းနှီးပြီးသား၊ ရဖူးပြီးသား ဖြစ်ကြပါတယ်။ အထူးသဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြတဲ့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ဘုရားရှိခိုးတိုင်း၊ ဘာသာရေး အခမ်းအနားများရှိတိုင်း

အရှင်ဆန္ဒာဓိက(ရွှေပါရမီ)ဆရာတော်၏ ဂုဏ်တော်ပွားနည်း။

        ဂုဏ်တော်ကို မည်သို့ နှလုံးသွင်း၍ပွားသင့်ကြောင်း အရှင်ဆန္ဒာဓိက ဆရာတော်က ဤ
သို့ မိန့်တော်မူပါ၏။
       “ = ပွားတော့ စိတ်ထဲကနေ ဘယ်လို ဆင်ခြင်ရမလဲဆိုရင် -- --

ဝိသာခါအား ဆုံးမသော ပဋိ စ္ဆန္နသြ၀ါဒ (၁၀) ပါး။

               ၀ိသာခါအား ဆုံးမသော ပဋိ စ္ဆန္နသြ၀ါဒ (၁၀) ပါးမှာ==
 ၁။ အိမ်တွင်းကမီးကို အပြင်မထုတ်ရာ၊ အိမ်တွင်းက ရန်စကားကို အပြင်သို့ မရောက်စေရာ။
 ၂။ အိမ်ပကမီးကို အတွင်းမယူရာ၊ အိမ်ပကရန်စကားကို အိမ်တွင်းသို့ မရောက်စေရာ။

ဗုဒ္ဓမြတ်စွာဘုရားရဲ့ နောက်ဆုံး မှာကြားခဲ့သောစကား ***

     လောကမှာ လူတွေဟာ ယစ်မူးတတ်ကြတယ်။ ယစ်မူးတယ်ဆိုတာ တစ်ချို့က  အရက်သေစာတို့
ဆေးဝါးတို့သုံးမှ ယစ်မူးတယ်လို့   ထင်တာ။  လောကလူတွေကို သတိထားပြီး ကြည့်လေ၊  စီးပွါးဥစ္စာ
အဆင်ပြေနေတဲ့ ပုဂ္ဂိုလ်ကလည်း “ငါလုပ်ရင် ဘာမဆို ဖြစ်တယ်” ဆိုတဲ့အတွေး ရောက်တယ်။ ရာထူး