****************************************
( ကဆုန်လပြည်နေ့ -၁ ဆု ) ၁-ဂေါတမဗုဒ္ဓ အလောင်းတော်သည် ဤဘဒ္ဒကမ္ဘာမှ
ပြန်၍ရေတွက်သည်ရှိသော် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်၌သုမောဓာရသေ့ဖြစ်
ခဲ့သည်။ သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာဗုဒ္ဓ၏ခြေတော်ရင်း၌ ကိုယ်တော်တစ်ဦးတည်း
နိဗ္ဗာန်ချမ်းသာကိုရယူနိုင်သော်လည်းဘ၀သံသရာ၌နစ်မွန်းမျောပါနေကုန်သော
ဝေနေယျသတ္တ၀ါအပေါင်းတို့ကို သနားကြင်နာတော်မူလှသဖြင့် ယူတော်မမူခဲ့ပေ။