Saturday, December 12, 2015

အတင်းပြောတာ အကုသိုလ်

အတင်းပြောတာလည်း စွဲတတ်ပါတယ်။ စွဲသွားရင် ဖြတ်ရခက်ပါတယ်။
တစ်စုံတစ်ယောက်နဲ့ မတွေ့လိုက်နဲ့  ၊အတင်းပြောဖို့ကိုပဲ စိတ်က ညွတ်နေတော့တာပါ။

တော်တော်များများက “အတင်းပြောတာကို အကုသိုလ်”လို့မထင်ပါဘူး။ ပြောရိုးပြောစဉ် အလုပ်တစ်ခုလို့ ပဲ ထင်ထားတာပါ။ အတင်းပြောတာဟာ ပေါ့သေးသေး မဟုတ်ပါဘူး။

Friday, December 11, 2015

အားကိုးစရာ ဟုတ်ရဲ့လား

ပိုက်ဆံတွေ ဘယ်လောက် ချမ်းသာ၊ချမ်းသာ ထို ပိုက်ဆံက “နတ်ပြည်” မပို့နိုင်ဘူး။
ပစ္စည်းဥစ္စာက နတ်ပြည် မပို့နိုင်ဘူး။ ပစ္စည်းဥစ္စာကို အကြောင်းပြုပြီး “ဒါနကောင်းမှု”လုပ်မှ၊
သီလဆောက်တည်မှ နတ်ရွာသုဂတိဆိုတာ ရောက်တာ။

ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ဟောကြားသော တရားရှာ ကိုယ်မှာတွေ့။

      ဆရာ့ဆရာကြီးတွေ နည်းပေးတဲ့အတိုင်း ဘုရားအလောင်းဟာ ၆-နှစ်ပတ်လုံး ဒုက္ကရ
စရိယာအကျင့်ကို ကျင့်လိုက်တာ ခန္ဓာကိုယ် ပိန်ချုံးပြီးတော့ အရိုးပေါ်အရေတင် မသေမရှင်
ဘ၀မျိုး ရောက်သွားပါတယ်။ လမ်းဆုံးအောင် လိုက်ကြည့်ပါတယ်။ လမ်းကို ဆုံးအောင်
လိုက်တာလည်း  မတွေ့တဲ့အခါ ဘုရားလောင်းဟာ စဉ်းစားပါတယ်။

သုစရိုက် ၁၀ ပါး။

           သုစရိုက်  ၁၀  ပါးမှာ ==
၁။ ပါဏာတိပါတာ ဝေရမဏိ = သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း။
၂။ အဒိန္နာဒါနာ ဝေရမဏိ = သူ့ဥစ္စာကို ခိုးခြင်းမှ ရှောင်ကြဉ်ခြင်း။
၃။ ကာမေသုမိစ္ဆာစာရာ ဝေရမဏိ = သူ့အိမ်ယာ ကျူးလွန်ခြင်းမှ ရှောင်ကြဉ်ခြင်း။
၎။ မုသာဝါဒါ ဝေရမဏိ = မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း။

မဟာစည်ဆရာတော်ဘုရားကြီး၏ အထင်ကြီးစရာများ။

       လူဆိုတဲ့ သဘာဝဟာ အပေါင်းအသင်း မိတ်ဆွေတွေနဲ့ နေကြပါတယ်။ ဒါပေမယ့် ကာမ
ချမ်းသာတွေကို သာယာနှစ်သက်ပြီး ခံစားနေတာဟာ (ဟီနော) ယုတ်ညံ့ပါတယ်။ ဘာကြောင့်လဲ
ဆိုရင် အဲဒီ ကာမဂုဏ်တွေကို သုံးဆောင်တဲ့အခါမှာ ယုတ်ညံ့တဲ့ ကိလေသာတွေ ဖြစ်ပါတယ်။ တပ်
မက်တွယ်တာ သာယာတဲ့ ကာမရာဂ ကာမတဏှာတွေဖြစ်ပါတယ်။ ငါသာ ဒီလို အကောင်းတွေ

Thursday, December 10, 2015

ကမ္ဘာလေးမျိုး



ကပ္ပ-ဟူသော ပါဠိကို ကမ္ဘာ-ဟု မြန်မာပြန်ပါသည်၊
နှစ်ပေါင်းမည်၍မည်မျှရှိသည်ဟု အတိအကျမသိနိုင်၊ မရေတွက်နီုင်သဖြင့် ကြံဆ၍သိအပ်သော ကာလအပိုင်းအခြား တခုကို ကပ္ပ-ကမ္ဘာ-ဟုခေါ်ပါသည်။
ကြံဆ၍သိအပ်ပုံကား-

Wednesday, December 9, 2015

အကဲ့ရဲ့ မလွတ်သော လောက



မြတ်စွာဘုရားသခင် ဇေတ၀န်ကျောင်းတော်တွင် သီတင်းသုံးတော်မူစဉ် တနေပ၌ အတုလဥပါသကာ ခေါင်းဆောင်သော သူ၏အပေါင်းအဖော် ငါးရာတို့သည် တရားနာရန် ရောက်လာကြ၏။
ရှေးဦးစွာ ရှင်ရေ၀တ-ထံ ချဉ်းကပ်ကြ၏၊ ရှင်ရေ၀တ-သည် အနည်းငယ် နှုတ်ဆက်စကားပြောပြီး တိတ်ဆိတ်စွာ တရားထိုင်နေလေရာ ရှင်သာရတပုတ္တရာထံ သွားကြ၏။

စိန္တာမယပညာတရားတော်။

        စိန္တာမယဆိုတာ ကြားနာမှုကို အခြေမခံဘဲ အတွေးအခေါ်သက်သက်ဖြင့် ဖြစ်ပေါ်လာ
သောပညာကို စိန္တာမယပညာ လို့ ခေါ်ပါတယ်၊ ကြားနာမှုကို အခြေခံပြီးမှတွေးရင် စိန္တာမယ
မခေါ်ပါ။ သူများဆီက သင်ယူထားတဲ့ အချက်ပေါ်မှာ အခြေမခံဘဲနဲ့ ကြံစည်မှုသက်သက်ပေါ်
မှာ အခြေခံပြီး ဖြစ်ပေါ်လာတဲ့ ပညာမျိုးကိုသာ စိန္တာမယပညာ လို့ ခေါ်ပါတယ်။

မြောက်ဦးဆရာတော်ကြီး၏ မေတ္တာပို့။

  လူနတ်ဗြဟ္မာ၊  သတ္တ၀ါ၊
  ချမ်းသာကိုယ်စိတ်  မြဲပါစေ။ ။
  အန္တရာယ်ကင်း၊  ဘေးတွေရှင်း၊
  လက်ငြင်းချမ်းသာ  ကြပါစေ။ ။
  သုံးဆယ့်တစ်ရွာ၊  သတ္တ၀ါ၊
  ချမ်းသာကိုယ်စိတ်  မြဲပါစေ။ ။

ဗုဒ္ဓဘာသာဝင်တိုင်း၏ တာဝန်ကိုယ်စီ။

       ဗုဒ္ဓဘာသာယဉ်ကျေးမှုကို အခြေခံလျက် တည်ထောင်ထားတဲ့ အမိရွှေမြန်မာနိုင်ငံဟာ ထေရ
ဝါဒ ဗုဒ္ဓဘာသာနိုင်ငံအဖြစ် ကမ္ဘာတွင် ၀င့်ဝင့်ထယ်ထယ် တည်ရှိနေပါတယ်။ လူမျိုးမရွေး၊ ဘာသာမ
ရွေး ကိုးကွယ်ယုံကြည်ခွင့် ပေးထားပြီး အလွန်စိတ်ထားမြင့်မြတ်တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။
         ကမ္ဘာပေါ်ရှိ   လူသားမှန်သမျှ မိမိ၏နိုင်ငံ၊ မိမိ၏လူမျိုး၊ မိမိကိုးကွယ်ရာ ဘာသာ၊သာသနာကို

Tuesday, December 8, 2015

သိဒ္ဓတ္ထမင်းသား အလောင်းတော်၏ စေတီတော်



( က ) တာဝတိံသာနတ်ပြည်၌ စူဠာမဏိ စေတီတော်။
( ခ ) အကနိဋ္ဌဗြဟ္မာပြည်၌ ဒုဿစေတီတော် ဟူ၍ နှစ်ဆူ ရှိပေသည်။
( က ) တာဝတိံသာနတ်ပြည်၌ စူဠာမဏိ စေတီတော် တည်ရှိပုံမှာ သိဒ္ဓတ္ထမင်းသား ဘုရားအလောင်းတော်သည် မင်းသားငယ်၏ မင်းစည်းစိမ် (၁၆)နှစ်၊ မင်းကြီး၏ မင်းစည်းစိမ်ကို (၁၃)နှစ် စံစားပြီး၍ သက်တော် (၂၉)နှစ်တွင် သူအို သူနာ သူသေ ရဟန်း-ဟူသော

Monday, December 7, 2015

သုံးဆယ့်တဘုံသားတို့၏ သက်တမ်း



စကြ၀ဠာ-ဟုခေါ်သော ကမ္ဘာလောကတခု၌ သတ္တ၀ါတို့၏ တည်ရာဌာန (၃၁-ဘုံ) ရှိသည်၊
ထိုတွင် အပါယ်လေးဘုံနှင့် လူ့ဘုံသားတို့၌ အမြဲတည်သော သက်တမ်းမရှိ။ ကံအားလျှော်စွာသာလျှင် တည်ကြရသည်။

သုတမယပညာ။

         သုတမယ-ဆိုတာ ကြားနာခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ပညာကို သုတမယပညာလို့
ခေါ်ပါတယ်။ နားကကြားနာလိုက်ရလို့၊ နားထောင်လိုက်ရလို့၊ သင်ယူလိုက်ရလို့- ရလိုက်တဲ့
ပညာမှန်သမျှ သုတမယ- ကြားနာခြင်းက ထုတ်လုပ်ပေးတဲ့ ပညာမျိုးပါ။
         တရားပွဲကြီးတွေ ကျင်းပပြီးတော့ တရားနာကြပါတယ်။ ထိုတရားပွဲက ရလိုက်တဲ့

လိုအပ်နေတဲ့အရပ်ကို ရောက်စေချင်ပါတယ်။

      ဂဏန်းပေးသော ဆရာတော်များထံတွင် ဗုဒ္ဓဘာသာဝင်များ၏ လှူဒါန်းငွေ ကျပ်သိန်းပေါင်း
ထောင်သောင်းမက ရှိ၏။ ထိုငွေများသည် လောကအတွက် သာသနာအတွက် ဘာမျှအကျိုးမရှိဘဲ
အဟောသိကံ ဖြစ်နေရ၏။ ထိုအချိန်တွင် မိဘမဲ့ကလေးများ စောင့်ရှောက်ရေး ကျောင်းများတွင်
လှူဒါန်းသူ နည်းပါးလှသဖြင့် ကလေးငယ်များမှာ မ၀ရေစာ စားနေကြရ၏။

ကိုယ့်ဘ၀ကြီးကို ပြောင်းသွားအောင် လုပ်ပေးနိုင်တဲ့တရားတော်။

     ဒို့များ....ခုလိုအခြေအနေ တရားလမ်းကြောင်းပေါ်ထိရောက်အောင် တရားတစ်ပုဒ်နာ
ခဲ့ဘူးတယ်။ အဲဒီတရားကြောင့်.... သာသနာဘောင်သို့ ရောက်ခဲ့တယ်။ အဲဒီတရားကြောင့်
.......တရားအားထုတ်ဖြစ်တယ်။  တရားထိုင်ဖြစ်တယ်။  တရားရပ်ဖြစ်တယ်။  အမြဲတမ်း
တရားအကြောင်း စဉ်းစားဖြစ်တယ်။ တရားတစ်ပုဒ် နာခဲ့ရလို့၊ အဲဒီတရားတစ်ပုဒ် တရား

Sunday, December 6, 2015

ပုဂံလေးမျက်နှာဘုရားသမိုင်းကြောင်း

လေးမျက်နှာဘုရား သည် ကွမ်းတောင်ပေါက်လိုဏ် 
တစ်ဆင့်ဂူဘုရားဖြစ်ပြီး၁၅-၁၂-၁၂၂၃တွင် အမတ်ကြီးအနန္တသူရ နှင့်ဇနီးတို့က 
တည်ထားကိုးကွယ်ခဲ့သည်။

သမုဒ္ဒ၀ါဏိဇဇာတ်



အို...ဗုဒ္ဓဘာသာဝင် အပေါင်းတို့၊ ငါတို့ လေးမြတ် ကိုးကွယ်အပ်သော ဗုဒ္ဓရှင်တော်ဘုရားဟူသည် ဘာသာခြား ဘုရားကဲ့သို့ အရေးပေါ်မှ ကိုယ်တော်တိုင် ကယ်ဆယ်မည်ဟု တာဝန်ခံထားသော ဘုရားမဟုတ်၊ စောစောစီးစီးက ကိုယ်စီကိုယ်င၊ ကျင့်ကြဖို့ရန် လမ်းမှန် ကမ်းမှန် ညွှန်ပြတော်မူသော ဘုရားဖြစ်သည်။ ထိုသို့ ညွှန်ပြတော်မူသဖြင့် အားရသင့်သော အချက်ကို အမြွက်မျှ ပြဦးအံ့။