Saturday, July 2, 2016

ပုထုဇဉ်လေးမျိုး

ပုထုဇဉ်လေးမျိုး ပုထုဇဉ်လေးမျိုးတဲ့။ ဘုရားရှင်ဟောပြခဲ့တဲ့ ပုထုဇဉ်လေးမျိုး အကြောင်းလေးဖော်ပြပေးပါမယ်။(၁) အန္ဓဗာလ ပုထုဇဉ်၊ (၂) အန္ဓပုထုဇဉ် (၃) ကလျာဏ ပုထုဇဉ်၊(၄) စူဠသောတာပန် ပုထုဇဉ်ဆိုပြီးလေးမျိုးရှိပါတယ်။ အန္ဓဗာလပုထုဇဉ် ဆိုတာကတော့အန္ဓဆိုတာကန်းတာ ဗာလဆိုတာမိုက်တာပါ။ အဓိပ္ပါယ်ပေါင်းလိုက်တော့ ကန်းသော မိုက်သော ပုထုဇဉ်ဆိုပြီးတော့အဓိပ္ပါယ် သက်ရောက်ပါတယ်။ အန္ဓဗာလပုထုဇဉ် ဆိုတာကတော့ ပရမတ်တို့ ပညတ်တို့ ခန္ဓာတို့

ပကတိဥစ္စာနဲ့ ရန်သူမျိုး ၅ ပါး။

      ပကတိဥစ္စာလို့ခေါ်တဲ့ လောကလူသားတွေ ရှာဖွေနေကြတဲ့ ပစ္စည်းဥစ္စာတွေက အဖျက်
အမျိုးမျိုးနဲ့ ဆက်နွယ်နေတယ်။ “အဂ္ဂိသာဓာရဏာ ဘောဂါ” တဲ့၊ မီးဖျက်ရင်လည်း ပျက်သွား
နိုင်တယ်။ “ဥဒကသာဓာရဏာ ဘောဂါ” ရေဖျက်ရင်လည်း ပျက်သွားနိုင်တယ်။ “ရာဇသာဓာရ

ကာမသုခလ္လိကအကျင့်။

      ကာမချမ်းသာကို ခံစားတတ်သော လူဝတ်ကြောင်များသည် မိမိတို့ကာမစိတ် အလို
ကျအောင် လှပသောအဆင်း၊ သာယာသောတီးမှုတ်သံ၊ မွှေးကြိုင်သောအနံ့၊ အရက်သေစာ
မှစ၍ အစားအသောက်မျိုးစုံဖြင့် တစ်ယောက်နဲ့တစ်ယောက် တွေ့ထိကာ မိုးမဆုံးမြေမဆုံး

ဘာဝနာတရားဖြင့် နေနည်း။

    ဘာဝနာအလုပ်ဆိုတာ ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာနဲ့  သဒ္ဓါ၊ ၀ီရိယ၊ သတိ၊ သမာဓိ၊
ပညာအား မဂ္ဂင်သတ္တိ ဖြစ်သည်အထိ၊ သတ္တိတွေ တိုးပွားအောင် အားထုတ်ရတာလို့  နား
လည်စေချင်ပါတယ်။ အထူးအားဖြင့် ၀ိပဿနာအလုပ်၊ ၀ိပဿနာဘာဝနာက ဖြစ်နေတဲ့အ

Friday, July 1, 2016

သူတော်ကောင်းတရား ၁၀-ပါး-

သူတော်ကောင်းတို့ ကုသိုလ်ကောင်းမှု ပြုကျင့်ရာဖြစ်သော
ပုညကြိယာ ၀တ္ထု ၁၀-ပါး

၁။ ဒါန၊ စွန့်ကြဲ ပေးကမ်း လှူဒါန်းခြင်း။
၂။ သီလ၊ ကိုယ်ကျင့်သီလ ကောင်းအောင် စောင့်ထိန်းခြင်း။
၃။ ဘာဝနာ၊ ကမ္မဋ္ဌာန်းတရားအားထုတ်ခြင်း။

အတုကိုရှောင် အစစ်ကိုဆောင်


အခန်းထဲတွင်မီးရောင်ကမှိန်မှိန် ....အမွှေးတိုင်ရနံ့များက သင်းပျံ့လျှက်။အရှေ့တိုင်း ဘာသာရေးအခမ်းအနား တစ်ခု၏အဆောင်အယောင်များနှင့်။
အခန်းထဲတွင် လူပေါင်း သုံးဆယ်ခန့်မျှရှိသည်။အိန္ဒိယနွယ်ဖွားအမျိုးသမီးများက အများစု ။
ရှေ့ခုံမြင့်တွင် ဆာဒူးကြီးတစ်ပါးထိုင်နေသည်။၊အခန်းထဲရှိလူအားလုံး သူ့ကိုအလွန် ရိုသေလေးစားကြပုံရသည်။
"မင်းကဘာရနံ့ အလိုရှိသလဲ" ကျွန်တော့်ကိုမေးလိုက်သည်။

လူသားစင်စစ် ဧကန်ဖြစ်ပါရဲ့လား

 
-----*-----*-----*-----*-----*-----
ပါဠိစာပေမှာ မနုဿဆိုတဲ့ပုဒ်ရှိတယ်။
မြန်မာလိုတော့ “လူ”
မနုဿကို လူလို့ဘာသာပြန်တာက ဆင့်ပွါးအနက်အဓိပ္ပါယ်ဖြစ်ပါတယ်။

မနုဿ ဆိုတဲ့ပုဒ်ဟာ မန နဲ့ ဥဿ နှစ်လုံးပေါင်းစပ်ထားတဲ့ပုဒ်ပါ၊
မန ဆိုတာ စိတ် ဖြစ်ပြီး
ဥဿဆိုတာ မြှင့်တင်ပေးတတ်တာ။
ဒါ့ကြောင့် မနနဲ့ ဥဿ နှစ်ပုဒ်ပေါင်းထားတဲ့ မနုဿဆိုတဲ့ပါဠိပုဒ်ရဲ့ တိုက်ရိုက်အဓိပ္ပါယ်က
“စိတ်ကိုမြှင့်တင်ပေးတတ်တဲ့သူ” ဖြစ်တယ်။

Thursday, June 30, 2016

ဘယ်ပရိတ်တော်ကို ဘယ်အချိန်ရွတ်သင့်လဲ...?

(၁) ရွတ်ကြဖတ်ကြ၊ ပရိတ္တ၊ ခပ်သိမ်းမြဲကာလ။

(၂) ပရိတ်တော်မြတ်၊ ရွတ်ဆိုအပ်၊ မှတ်ကြချိန်ကာလ။

(၃) မင်္ဂလမေတ္တ၊ နှစ်ဝထိုသုတ်၊ ပြုလုပ်မင်္ဂလာ၊ အိမ်တက်ရာ၊ မှန်စွာရွတ်ဆိုကြ။

(၄) အန္တရာယ်ဥပဒ်၊ ဖြစ်တုံလတ်၊ ရွတ်ဖတ်ရတန။

မြတ်စွာဗုဒ္ဓက ရှာဖွေစုဆောင်းဖို့ တိုက်တွန်းတဲ့ ဥစ္စာဓန။

       လူ့ဘ၀ရခိုက်မှာ လူတိုင်းလူတိုင်း လူရယ်လို့ဖြစ်လာရင် ဥစ္စာဓနတွေကို ရှာဖွေစုဆောင်း
ကြရမှာ ဖြစ်တယ်။ လူတွေနေ့စဉ် ရှာဖွေနေကြတဲ့ ဥစ္စာဓနရဲ့ အရည်အသွေးနဲ့ မြတ်စွာဗုဒ္ဓက ရှာ
ဖွေစုဆောင်းဖို့  တိုက်တွန်းတဲ့ ဥစ္စာရဲ့ အရည်အသွေး၊ ဒီနှစ်မျိုးကို သေသေချာချာနှိုင်းယှဉ်ပြီး

ရူပပထမဈာန် အင်္ဂါ ၅ ပါး။

၁။ ၀ိတက်   = မိမိနှင့်အတူတကွဖြစ်သော တရားတို့ကို အာရုံသို့ရောက်အောင် ပို့ပေးခြင်း။
၂။ ၀ိစာရ     = ၀ိတတ်ပို့ပေးသည့်အတွက် အာရုံသို့ရောက်နေသော စိတ်အစဉ်ကို မကင်းကွာ
                    ရလေအောင် အဖန်ဖန် ဆင်ခြင်နေခြင်း။

ဗုဒ္ဓဘာသာကောင်းတစ်ယောက်။

       ဗုဒ္ဓဘာသာဝင် တစ်ယောက်သည် ဗုဒ္ဓရတနာ၊ ဓမ္မရတနာ၊ သံဃာရတနာတည်းဟူသော
ရတနာသုံးပါးကို ကိုးကွယ်ရမည် ဖြစ်ပေသည်။ သတ္တ၀ါတို့၏ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်ဆီး
တတ်သောကြောင့် ဗုဒ္ဓ၊ ဓမ္မနှင့် သံဃာတည်းဟူသော ရတနာသုံးပါးကို သရဏ ဟူ၍လည်း ခေါ်

Wednesday, June 29, 2016

''ပဋိစ္စသမုပ္ပါဒ်အင်္ဂါ (၁၂) ပါး''

(၁) သစ္စာလေးပါးတို့ကို မသိခြင်း 'အဝိဇ္ဇာ'ဟူသော အကြောင်းကြောင့် ပြုပြင်စီရင်မှု 'သင်္ခါရ' တို့ ဖြစ်ကုန်၏။

(၂) ပြုပြင်စီရင်မှု 'သင်္ခါရ'ဟူသော အကြောင်းကြောင့် သိမှု 'ဝိညာဏ်' သည် ဖြစ်၏။

(၃) သိမှု 'ဝိညာဏ်'ဟူသော အကြောင်းကြောင့် 'နာမ်ရုပ်' သည် ဖြစ်၏။

Tuesday, June 28, 2016

''ဒိဋ္ဌိအကြောင်း တစေ့တစောင်း

၁။ ခန္ဓာ၏သဘောကို မသိခြင်းကြောင့် ဒိဋ္ဌိဖြစ်သည်။
၂။အ၀ိဇ္ဇာကြောင့်လည်း ဒိဋ္ဌိဖြစ်သည်။
၃။ ဖဿကြောင့်လည်း ဒိဋ္ဌိဖြစ်သည်။ (ဖဿ=ထိတွေ့မှု)
၎။ သညာအမှတ်မှားလို့လည်း ဒိဋ္ဌိဖြစ်သည်။

နတ်တွေရည်မှန်းတဲ့ မြင့်မြတ်သည့်ကောင်းရာသုဂတိဘုံ။

      နတ်ဘ၀တစ်ခုမှာ နတ်သက်တမ်းတစ်လျှောက်လုံး ၀တ်ထားတဲ့အ၀တ်လည်း ဘယ်တော့မှ
လျှော်ဖွတ်ရတယ် မရှိဘူး။ ပန်ထားတဲ့ပန်းကလည်း ဘယ်တော့မှ နွမ်းသွားတယ် မရှိဘူး။ အို..ပူလို့
အိုက်လို့ ချွေးထွက်တာလည်း မရှိဘူး။ အမြဲတမ်း သန့်ရှင်းသန့်ပြန့် နေတယ်။
         သို့သော် ပန်းတွေ ညိုးလာတယ်၊ ခန္ဓာကိုယ်က စိုစိုပြေပြေ မရှိတော့ဘဲ မွဲမွဲခြောက်ခြောက်
ဖြစ်လာတယ်။ ချွေးတွေထွက်လာတယ်ဆိုရင် သူတို့ သေခါနီးပြီဆိုတဲ့ sign ပြတာလို့ ခေါ်တယ်။ အဲ
ဒီလို အခြေအနေတွေ ပေါ်လာတဲ့ နတ်တွေကို မိတ်ဆွေနတ်တွေက နန္ဒ၀န်ဥယျာဉ်ထဲကို ဆွဲခေါ်
သွားပြီးတော့ အားပေးစကား (၃) ခွန်း ပြောဆိုမှာကြားတယ်။
         အေး..ဘာမှမစိုးရိမ်ပါနဲ့ (၁) ဒီဘ၀က သေသွားလို့ရှိရင် အကောင်းဆုံး “လူ့ဘုံ”ကို  ရောက်
အောင်သွားပါ။ (၂) အကောင်းဆုံး လက်ဆောင် “သဒ္ဓါတရား”ကို ရအောင်ယူလာပါ။ (၃) အဲဒီ ရ
ထားတဲ့ “သဒ္ဓါတရားကို ခိုင်မာအောင်” သဒ္ဓါစွမ်းအားကို အကြောင်းပြုပြီးတော့ ကုသိုလ်များများ
လုပ်ပါဆိုတဲ့ စကား (၃) ခွန်းကို ပြောလိုက်ပြီး တို့နတ်ပြည်ကို ပြန်လာပါလို့ မှာကြားကြတယ်။
         အဲဒါကြောင့် သဒ္ဓါစွမ်းအားရဲ့ တန်ဘိုးကို နတ်တွေက ပိုသိကြတယ်။ လူ့ပြည်ရဲ့တန်ဘိုးကို
နတ်တွေက ပိုသိကြတယ်။ လူ့ပြည်မှာ ဘုရားရှိတယ်၊ တရားရှိတယ်၊ ကုသိုလ်ကောင်းမှုတွေ လုပ်
နိုင်တယ်၊ ဘုရား၊ တရား၊ သံဃာ ရတနာ (၃) ပါး ရှိတဲ့အတွက်ကြောင့် လူ့ပြည်မှာ ကုသိုလ်ကောင်း
မှုလည်း ရှိတယ်။ နတ်ပြည်မှာကျတော့ အခွင့်အလမ်း မသာဘူး။ သီလဆောက်တည်ဖို့ ဆိုတာလည်း
မသေချာ၊ သင်္ကန်းကပ်ခြင်း၊ ဆွမ်းကျွေးခြင်း၊ ကျောင်းဆောက်လှူခြင်း ဆိုတာတွေကိုလည်း  လုပ်
လို့ မရဘူး။ လူ့ပြည်မှာက ကုသိုလ်ကောင်းမှုတွေ အကုန်လုံး လုပ်နိုင်တယ်။ ဒါကြောင့် သူတို့က
လူ့ပြည်ကို “ကောင်းရာသုဂတိဘုံ”လို့ သတ်မှတ်ကြပါတယ်။
         ဒါကြောင့် တရားချစ်ခင် သူတော်ကောင်းအပေါင်းတို့ကလည်း မိမိရထားသော လူ့ဘ၀ကို
အကျိုးရှိအောင် အသုံးချ ကျင့်ကြံအားထုတ်နိုင်ကြပြီး မမေ့သောသတိ၊ မလျော့သော လုံ့လ၀ီရိယ
ဖြင့် ကြိုးစားကာ မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။ ။
{၁၃၆၉ ခုနှစ်၊ ၀ါခေါင်လပြည့်ကျော် (၁၁) ရက်နေ့ည မန္တလေးမြို့ ဗုဒ္ဓဂယာဓမ္မာရုံကြီးအတွင်း
 အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ(PhD) ဟောကြားသော မြတ်သောဥစ္စာ စုဆောင်းပါ
 တရားတော်မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။}
     (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

အကျိုးပေးသော စေတနာဒါန။

       စွန့်ကြဲပေးကမ်းလှူဒါန်းမှုကို “ဒါန” ဟုခေါ်၏။ ဤဒါနသည် စေတနာဒါန၊ ၀တ္ထုဒါနဟု
၂ မျိုးရှိ၏။ ဆွမ်း၊ သင်္ကန်း၊ ကျောင်း စသော လှူဖွယ်ဝတ္ထုများသည် “၀တ္ထုဒါန” မည်၏။ ထိုဝတ္ထု
များကို စွန့်ကြဲပေးကမ်း လှူဒါန်းနေသောအခါ ကိုယ်အတွင်း၌ စိတ်စေတနာတို့ကို ဖြစ်စေ၏။ ထို

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဘာသာတရား ဆောင်ပုဒ်များ(၁၅)။

    “စိတ်ကို မထိန်းသူ”
      ------------------
မြင်နိုင်ခဲလှ၊ သိမ်မွေ့လှ၍၊
သူကျလိုရာ၊ ကျတတ်ပါသည့်၊

Monday, June 27, 2016

သမထတွေကို သင်ပေးတဲ့ ဦးတည်ချက်

ဒီဌာန (ဖားအောက်တောရ) မှာ သမထတွေကို သင်ပေးနေတာက ဦးတည်ချက် တစ်ခုပဲ ထားပါတယ် ။ မလွှဲမလျှောင်သာတဲ့ ပုဂ္ဂိုလ်တွေ ကိုတော့ ဒုတိယ ဦးတည်ချက်လေး တစ်ခုတော့ လိုတဲ့ သဘောလေးတော့ ပြောပြ ပါတယ်။

Sunday, June 26, 2016

နတ်များပူဇော်ထိုက်သလော


စတုက ပဉ္စကအင်္ဂုတ္တရ၌ မိမိကြိုးစား ရရှိထားသော ပစ္စည်းများဖြင့် ဗလိငါးပါးပြုခြင်းကို စည်းစိမ်ဥစ္စာ ရယူခြင်း အကြောင်းတစ်ရပ်အဖြစ် ဟောတော်မူခဲ့၏။
ပဉ္စဂုင်္တ္တရ၌ အမျိုးသားတို့၏ တိုးတက်ကြီးပွားကြောင်း ၊ မဆုတ်ယုတ်ကြောင်းတရား ငါးပါးဟောရာ၌ နတ်များကို ပူဇော်ပသခြင်းလည်း တစ်ပါးပါဝင်သည်။ (ပဉ္စက-၆၈) နတ်များ ပူဇော်ခြင်းကို လောကကြီးပွားရေး တစ်ရပ်အဖြစ် ဘုရားရှင်အလိုရှိသည်မှာ သိသာပေသည်။

ဘ၀လွတ်မြောက်နိုင်တဲ့ နည်းလမ်းများ။

       ဘ၀မှာ“အဿာဒ” သာယာစရာဆိုတာ ရှိတယ်။ “အာဒီန၀” အပြစ်ဆိုတာ ရှိတယ်။ ဒါတွေ
ပြီးရင် “နိဿရဏ” ထွက်ပေါက်ဆိုတာလည်း ရှိတယ်။ ထွက်ပေါက်ကို ဘယ်မှာရှာမလဲ ?။ အိမ်ထဲ
ရောက်နေတဲ့သူဟာ ထွက်ပေါက်ကို အိမ်ထဲမှာ ရှာရမယ်။ ဘ၀မှ ထွက်ချင်တယ်ဆိုလို့ရှိရင် ဘဝ

ဧတဒဂ်ရသော ရဟန်းမိန်းမ (၁၃) ယောက်။

ဧတဒဂ်ရသော ရဟန်းမိန်းမ (၁၃) ယောက်မှာ==
 ၁။ မဟာပဇာပတိဂေါတမီထေရီ = နေ့ည အပိုင်းအခြားကို သိတတ်သော အရာ၌ ဧတဒဂ်ရသည်။
 ၂။ ခေမာထေရီ = ပညာကြီးသည့်အရာ၌ ဧတဒဂ်ရသည်။

နေရာတိုင်းမှာ ဥပေက္ခာ။

  မေတ္တာနဲ့
  ကိုယ်ကောင်းကျိုး ရစေချင်တိုင်းလည်း
  သူရတာမဟုတ်