Saturday, September 16, 2017

ဆရာကြီးဒေါက်တာမင်းတင်မွန် ၏ အတ္ထုပ္ပတ္တိ



ဆရာကြီးဒေါက်တာမင်းတင်မွန် ၏ အတ္ထုပ္ပတ္တိ အကျဉ်းမှာ -ငယ်နာမည် မှာ မောင်တော်ရှိန် ဖြစ်ပြီး မွန်ပြည်နယ်၊ မုဒုံမြို.နယ် ၊ ကမာဝက်ရွာနေ မွန်လူမျိုး ဗုဒ္ဓဘာသာဝင်များဖြစ်ကြသော ဦးရော်အင်၊ ဒေါ်စိန်တန်တို.မှ (၁၃-၁-၁၉၃၄) တွင်ဖွားမြင်သည့် သားရတနာဖြစ်သည်။

အစွမ်းထက်ဆုံးအဆင့် မေတ္တာဈာန်။

       မေတ္တာပို့တဲ့အခါမှာ  “ ပိယပုဂ္ဂလ ” ဆိုတာ ကိုယ်ခင်မင် ချစ်ခင်တဲ့ပုဂ္ဂိုလ်ကို ရွေးရပါမယ်။
ရွေးပြီးနောက်  “ ကျန်းမာပါစေလို့ပဲ  ပြောပြော၊  ချမ်းသာပါစေလို့ပဲ ပြောပြော၊   အရာခပ်သိမ်း
အဆင်ပြေပါစေလို့ပဲ ပြောပြော ”   ဘာပဲပြောပြော ကိုယ်ကြိုက်တဲ့ တစ်ခုခုကို      ပြောလို့ ရပါ

နန်းဦးဆရာတော်ဘုရားကြီး၏ အဆုံးအမစကားတစ်ခွန်း။

      ဆရာတော်ရဲ့ ဆရာ(အဖေ ဆရာ)က တောင်စွန်း ဓမ္မဒူတဆရာတော်၊ ဓမ္မဒူတဆရာ
တော်ရဲ့  ဆရာ(အဘိုး ဆရာ)က စစ်ကိုင်းနန်းဦး ဆရာတော်ကြီး ဖြစ်တယ်။ ဓမ္မဒူတ ဆ
ရာတော် ဘုရားကြီး စစ်ကိုင်းမှာ စာကျက်တုံးက နန်းဦးကျောင်း အဲဒီဆရာတော်ကြီးဆီ
မှာ စာကျက်တယ်။ ဆရာတော်ကြီးရဲ့  တပည့်ရင်းပဲ၊ ပိဋကတ် ၃ ပုံကို စဖြေတယ်၊ ၁ ပုံ

ဝဋ်ကို ဝတ်နဲ့ဖြေ

ရဝေနွယ်(အင်းမ)
တစ်ခါတုန်းက အရှင်သမိတိဂုတ္တဆိုတဲ့ မထေရ်တစ်ပါး ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် မထေရ်က ကျန်းမာရေး မကောင်းပါဘူး၊ အရှင်သမိတိဂုတ္တရဲ့ရောဂါက ရိုးရိုးရောဂါ မဟုတ်ဘဲ အနူရောဂါဖြစ်နေတာပါ။ ရောဂါက တဖြည်းဖြည်း ရင့်လာပြီး အသားတချို့တောင် အောက်ကိုပဲ့ကျလာပါတယ်။ ကူးစက်တတ်တဲ့ရောဂါဖြစ်နေလို့

Friday, September 15, 2017

သူတော်ကောင်းတရားနာကြားဖို့မြတ်စွာဘုရားရှင်က(၅)နည်းလမ်းညွန်ထားပါတယ်။





(၁) တရားစကားကိုရိုရိုသေသေလေးလေးစားစားနာကြားပါတဲ့။
ဒီစကားတွေဟာသိပြီးသားနားလည်ပြီးသားတွေပဲဆိုပြီး အဲသလို မထီမဲ့မြင် သဘောမထားဘဲ ရိုရိုသေ
သေသေလေးလေးစားစားတရားစကားကိုတန်ဖိုးထား၍နာကြားပါ။
မြတ်စွာဘုရားတရားဟောတဲ့အခါရဟန္တာဖြစ်ပြီးသားရှင်သာရိပုတ္တရာမထေရ်ကြီးလည်းနာကြားတာပါ
ပဲ၊အရှင်သာရိပုတ္တရာဟောကြားတဲ့အခါမှာလည်းရံဖန်ရံခါမြတ်စွာဘုရားကိုယ်တော်တိုင်နာကြားတာပါ
ပဲ၊ဒါကြောင်တရားစကားဆိုတာရိုသေလေးစားတန်ဖိုးထားပြီးနာရပါတယ်။

Thursday, September 14, 2017

ပဋ္ဌာန်းရွတ်ရင် အဆင်မပြေသူများအတွက်

ပဋ္ဌာန်းရွတ်ရင် မိသားစုမှာ စိတ်ဆင်းရဲစရာတွေ ဖြစ်တယ်၊ ဘာလုပ်လုပ် အဆင်မပြေဘူး၊ စီးပွားရေးကျတယ်၊ လင်မယား ရန်ဖြစ်တယ်၊ သားသမီးတွေ ဆုံးမရတာ မလွယ်ဘူး၊ အိမ်မှာ ရွတ်လို့မရဘူး အိမ် စောင့်နတ် မခံနိုင်ဘူး၊ ဘုရားမှာရွတ်တယ်၊ အသံတွေကြားရတယ်၊ အရိပ်တွေမြင်ရတယ်၊ ပြီးအောင်ရွတ်လို့မရဘူး အနှောက်အယှက်တွေများတယ်၊ စသည်ဖြင့် ပဋ္ဌာန်းရွတ်ရင် အဆင်မပြေသူများအတွက် ကျွန်မကိုယ်တွေ့ ဒီနည်းလေး မျှဝေပေးချင်ပါတယ်။

မနာလိုစိတ်၏ ထွက်ပေါက်များ။

      လောကလူတွေဟာ ကိုယ်နဲ့ပြိုင်ဘက်ဖြစ်စေ, ကိုယ့်အိမ်နီးနားချင်းဖြစ်စေ, ကိုယ့်အသိထဲက
ဖြစ်စေ, မသိတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေ ကြီးပွားတိုးတက်ပြီး ကိုယ့်ထက်သာသွားလို့ရှိရင် ၀မ်းသာနိုင်ခဲတယ်၊
ဝမ်းမသာနိုင်ကြဘူး။ ဘာကြောင့် ၀မ်းမသာတာတုန်းဆိုရင် ဣဿာလို့ခေါ်တဲ့ jealousy ကြောင့်ပဲ။

ပရမတ္တတရား ၄ ပါး။

       ပရမတ္တတရား ၄ ပါးမှာ (၁) စိတ်၊ (၂) စေတသိက်၊ (၃) ရုပ်၊ (၄)  နိဗ္ဗာန်တို့ဖြစ်ပါသည်။
၁။ စိတ်         = အာရုံကို သိတတ်သော သဘောတရား (အမှီခံနာမ်)။
၂။ စေတသိက်= စိတ်၌မှီတွယ် စိတ်ကိုခြယ်လှယ်သော သဘောတရား (မှီတတ်ရာနာမ်)။
၃။ ရုပ်          = အပူ၊ အအေးစသော ဆန့်ကျင်ဘက်အကြောင်းတရားများကြောင့် ရှေးအစဉ်နှင့် နောက်အစဉ်

နေ့စဉ် ဘာဝနာတရားဖြင့်နေနည်း။

   ဘာဝနာအလုပ်ဆိုတာ ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာနဲ့  သဒ္ဓါ၊ ၀ီရိယ၊ သတိ၊ သမာဓိ၊
ပညာအား မဂ္ဂင်သတ္တိ ဖြစ်သည်အထိ၊ သတ္တိတွေ တိုးပွားအောင် အားထုတ်ရတာလို့  နား
လည်စေချင်ပါတယ်။ အထူးအားဖြင့် ၀ိပဿနာအလုပ်၊ ၀ိပဿနာဘာဝနာက ဖြစ်နေတဲ့အ
ခိုက် ဖြစ်တဲ့သဘောတွေကို..သိ၊ သေချာသိအောင် ဂရုတစိုက်ကြည့်ပြီး ပုံမှန်နေစဉ်   အား

Wednesday, September 13, 2017

ဒါနဆိုတာတိုက်ပွဲလိုပဲ ။



လူသားတို.၏ စိတ်သည်မကောင်းမှု.လုပ်ငန်းများ၌ အလွန်ပျော် မွေ.သော သဘောရှိချေ၏ ။ ကောင်း လည်းကောင်းတယ် ၊ အကျိုးလည်းဖြစ်တယ် ဆိုသောအလုပ်ဆိုလျှင်ပင် လုပ်ဘို.ရာ သိပ်ကို ခက်ခဲ တတ်ပေသည်။သို.သော် ထို ခက်တဲ့အလုပ်ကို လုပ်ဖြစ်အောင်လုပ်ပါ။ လောကတွင် မွန်မြတ်တဲ့ လုပ်ငန်း၊အကျိုး ရှိသောလုပ်ငန်း၊ကောင်းသောအလုပ်မှန်သမျှသည်ခက်ခဲတတ် ပေ သည်။

စိတ်သည်မကောင်းမှု.၌မွေ.လျှော် တတ်ပါသောကြောင့် ကောင်းသော ကုသိုလ်လုပ်ငန်းမှန်သမျှ ကို လျှင် မြန်စောစွာအားထုတ်ကြကုန်ရာ၏။ ကောင်းမှု.ကိုနှေင့်နှေင့်နှေးနှေး၊ ဖြည်းဖြည်းလေးလေး၊ တိုက် တိုက်တွန်းတွန်း ပြုလုပ် သောပုဂ္ဂိုလ် သည် ထို ကောင်းမှု. ၏ အကျိုးပေးသည်လည်း နှေင့်နှေး တတ် လေ သည်။ ထက်ထက်မြက်မြက် ၊သွက်သွက်လက်လက် ၊အ ကျိုး မ ပေးချင်တတ်ပေ။

Tuesday, September 12, 2017

ဘုရားစစ် ဘုရားမှန်ဟူသည်



ဘုရားဟူသည် လူစင်စစ်ကသာဖြစ်ရပါသည်။ လူမဟုတ်သော ၊ လူနှင့်မထိတွေ့နိုင်သော လူတို့မမြင်ခဲ့ရသော ကောင်းကင်ဘုံက ဖန်ဆင်းရှင်ဘုရားဟူသော လူတစ်ဦးတစ်ယောက်၏ ပြောစကားဖြင့် မှန်းဆရသော (Imaginary)၊အရာသည် ဘုရားမဟုတ်ပေ။ (Unscientific)ကျနသေချာမှုမရှိသော သိပ္ပံနည်းမကျသော လက်တွေ့မကျသော လူပြောသူပြောဖြင့် ဘုရားဟူ၍ မှန်းဆရခြင်းသည်လည်း ဘုရားမဟုတ်ချေ။ နတ်၊ ဗြဟ္မာ တို့သည်လည်း ဘုရားမဟုတ်။ နဂါး စသည့်တိရစ္ဆာန်တို့သည်လည်း ဘုရားမဖြစ်နိုင်ချေ။

ရက်စက်လိုစိတ်၏ ထွက်ပေါက်များ။

        လူတွေမှာ တစ်ခါတစ်ရံကျတော့ ဒေါသတင် မကဘူး၊ စိတ်ဆိုးစိတ်ယုတ်ဆိုတာ ရှိကြပါ
တယ်။ ကိုယ်အလိုမကျရင် မိဘက သားသမီးကို စိတ်ဆိုးတယ်။ သူငယ်ချင်း အချင်းချင်း စိတ်ဆိုး
ကြပါတယ်။ အဲဒီလို စိတ်ဆိုးတယ်ဆိုတဲ့ အထဲမယ် သတ်ချင်ဖြတ်ချင်စိတ်ဆိုတာ ပါလာတတ်ကြ
ပါတယ်။

"ဗုဒ္ဓဘာသာအရေခြုံ၊ သရဏဂုံမဖြူစင်သူများ"

     ထေရ၀ါဒ ဗုဒ္မဘာသာဝင်တို့ သည်၊ ဗုဒ္မ၊ ဓမ္မ၊ သံဃ၊ တည်းဟူသော ရတနာသုံးပါးသာလျှင်
 ကိုးကွယ်ရာရှိပါ၏။ ထေရ၀ါဒ ပိဋကတ်တော် များတွင်လည်း ရတနာသုံးပါးသာလျှင် "ကိုးကွယ်ရာ"
 အဖြစ်ဖေါ်ပြ ထားပါသည်။ ထေရ၀ါဒ ပိဋကတ်တော်များတွင်   အမ်းကုန်း၊   ကွမ်ယင်မယ်တော်၊
၃၇-မင်းနတ်တို့  အကြောင်း တစ်လုံးတစ်ပါဒမျှ ဖေါ်ပြမထားပါ။

ဗုဒ္ဓဘာသာ/ သာသနာအတွက် အသိပညာပေး ဆောင်ပုဒ်များ(၁)။

   “ကိုယ်စီခပ်နှိပ်ကြ”
    ===========
အိုးမဖုတ်ခင်၊ အိုးလုပ်စဉ်ဝယ်၊
အိုးတွင်နှိပ်ခပ်၊ တံဆိပ်မှတ်ကား၊
မပြတ်မစဲ၊ အိုးပင်ကွဲလည်း၊
အမြဲတစေ၊ တည်ရှိနေသို့၊

Monday, September 11, 2017

လူသားစင်စစ် ဧကန်ဖြစ်ပါရဲ့လား

 
-----*-----*-----*-----*-----*-----
ပါဠိစာပေမှာ မနုဿဆိုတဲ့ပုဒ်ရှိတယ်။
မြန်မာလိုတော့ “လူ”
မနုဿကို လူလို့ဘာသာပြန်တာက ဆင့်ပွါးအနက်အဓိပ္ပါယ်ဖြစ်ပါတယ်။

မနုဿ ဆိုတဲ့ပုဒ်ဟာ မန နဲ့ ဥဿ နှစ်လုံးပေါင်းစပ်ထားတဲ့ပုဒ်ပါ၊
မန ဆိုတာ စိတ် ဖြစ်ပြီး
ဥဿဆိုတာ မြှင့်တင်ပေးတတ်တာ။
ဒါ့ကြောင့် မနနဲ့ ဥဿ နှစ်ပုဒ်ပေါင်းထားတဲ့ မနုဿဆိုတဲ့ပါဠိပုဒ်ရဲ့ တိုက်ရိုက်အဓိပ္ပါယ်က
“စိတ်ကိုမြှင့်တင်ပေးတတ်တဲ့သူ” ဖြစ်တယ်။

Sunday, September 10, 2017

သန္ဓေတည်ခြင်းဆင်းရဲ



ဘုရားရှင်က ပဉ္စ၀ဂ္ဂီငါးဦးကို ထိုခေတ်ထိုအခါက ခေတ်စားနေတဲ့
အစွန်းရောက်ကျင့်စဉ်နှစ်မျိုးကို သုံးစားမရအောင် ရှင်းလင်းပြောဆိုပြီး
အလယ်အလတ်ကျင့်စဉ် (မဇ္ဈိမပဋိပဒါ) နဲ့ မိတ်ဆက်ပေးပါတယ်။
ပြီးမှ သစ္စာတရားကို ဟောကြားတော်မူပါတယ်။
သစ္စာဆိုတာ ပါဠိစကားပါ။

အမုန်းစိတ်၏ ထွက်ပေါက်။

    တို့တတွေစိတ်ထဲမှာ ဒေါသဆိုတဲ့ အလိုမကျမှု၊ တစ်ဦးတစ်ယောက်ကို မုန်းတီးမှုဆိုတာ
ကိုယ့်သန္တာန်မှာ ဖြစ်နေလို့ရှိရင် စိတ်နှလုံးဟာ ပူလောင်နေရပါတယ်။ အဲဒီ ပူလောင်မှုတွေကို မလို
ချင်ဘူး၊ ထာဝရ အေးချမ်းနေတာကို လိုချင်တယ်ဆိုရင် မေတ္တာနဲ့ အစားထိုးလိုက်ပါ။ မေတ္တာဟာ
အမုန်းစိတ်၏ တကယ့်ထွက်ပေါက်ပါ။

တာဝတိံသာရှိ ဥယျာဉ်တော် (၅) ပါး။

    တာဝတိံသာရှိ ဥယျာဉ်တော် (၅) ပါးမှာ==
၁။ နန္ဒ၀န် = တာဝတိံသာနတ်တို့၏ အလွန်နှစ်လို မြူးတူးရာ ဥယျာဉ်၊ မြို့၏ အရှေ့မျက်နှာ၌
ယူဇနာ (၁၀၀၀)။

နေရာတိုင်းမှာ ဥပေက္ခာ။

  * မေတ္တာနဲ့
     ကိုယ်ကောင်းကျိုးရစေချင်တိုင်းလည်း
     သူရတာမဟုတ်၊ သူ့ကံရှိမှ သူရတာ။
  * ဂရုဏာနဲ့
     ကိုယ်ဆင်းရဲ လွတ်စေချင်တိုင်းလည်း