Saturday, January 21, 2017

အတွေးအခေါ်နှင့် အတွေ့အကြုံ


တစ်ဦးနဲ့တစ်ဦး၊ တစ်ယောက်နဲ့တစ်ယောက် ရုပ်ချင်းတူဖို့လည်းမလွယ်၊ တူတယ်ဆိုတာမျိုးကလည်း အလွန်ရှားပါတယ်။ စိတ်ချင်းတူဖို့ ဆိုတာက ပိုပြီးတော့မလွယ်ဘူး။ မဖြစ်နိုင်ကြပါဘူး။ လူတူမရှားနာမည့်တူမရှား ဆိုတာကလည်း ခေတ်အ ဆက်ဆက်ကို ပြောတာပါပဲ။ အားလုံးမတူနိုင်ပါဘူး။ နာမည်ဆိုရင်လည်း အခေါ်အဝေါ်အသုံးအနှုန်းသာ တူရင်တူမယ်။ စိတ်ချင်းတော့ ဘယ်လိုမှမတူနိုင်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် တူဖို့နေနေသာသာ ကိုယ်တစ်ယောက်တည်းကိုပဲ တစ်စိတ်နဲ့တစ်စိတ်မတူပါပဲ။ တစ်ရက်နဲ့တစ်ရက် မတူပါဘူး။ တစ်ချိန်နဲ့ တစ်ချိန်မတူပါဘူး။ အမြဲပြောင်းလဲနေတာပါပဲ။စိတ်ကတော့ ခုတစ်မျိုး ခုတစ်မျိုး ပြောင်းနေတာပါပဲ။ လူပြောင်းတာက မသိသာပေမယ့် ပြောင်းလဲတာကတော့ အမှန်ပါပဲ။

Friday, January 20, 2017

ကမ္ဘာပညာရှင်များ ၏ ဗုဒ္ဓဘာသာအပေါ်အမြင်


-အရှုံးမရှိသောဒဿန

Thursday, January 19, 2017

တက္ကိက ပုစ္ဆာ (၁၀)ခု



တစ်နေ့တစ်၌ မာလုကျပုတ္တ အမည်ရှိ ရဟန်းတစ်ပါးသည် ကမ္မဌာန်းခွင်မှထ၍ ဗုဒ္ဓမြတ်စွာဘုရားထံ ချဉ်းကပ်ကာ သူ မကျေနပ်မှုကို ဖော်ထုတ်ပြီးလျှင် စံတင်လောက်အောင် ထင်ရှားသော တက္ကိက ပုစ္ဆာ (၁၀)ခု ကို လျှောက်ထား၍ အဖြေကို တောင်းခံခဲ့ပေသည်။
၁။ စကြ၀ဠာသည် အစဉ်အမြဲ တည်သလော၊
၂။ မတည်သလော၊
၃၊ စကြ၀ဠာသည် အကန့်အသတ်ရှိသလော၊
၎။ မရှိသလော၊
၅၊ ၀ိညာဉ်သည် ကာယနှင့် အတူတူပင်လော၊
၆။ ၀ိညဉ်ကတသီးတခြား၊ ကာယက တသီးတခြားပင်လော၊

Wednesday, January 18, 2017

ဒုက္ခတွေကများ - ဗုဒ္ဓကယ်ပါ့ဘုရား


ဒုက္ခဆိုတဲ့ စကားလုံးလေးဟာ လူတိုင်းသုံးနေကြ စကားလုံးတစ်လုံးပါ၊ အထူးအကျယ်ဖွဲ့ပြီး ချဲ့ ကားရေးစရာ လိုမယ်မထင်ပါဘူး၊ ဒါပေမဲ့ သစ္စာ လေးပါးမှာ ဒုက္ခဆိုတာ အမှန်တရားတစ်ခုမို့ သေသေချာချာ ရေရေရာရာတော့ သိသင့်တယ်လို့ ထင်ပါတယ်၊ ဒီခေတ်ကလဲ သစ္စာတရားတွေ ဟောကြပြောကြ သိအောင်ကြိုးစားနေကြတဲ့အတွက် သစ္စာခေတ်လို့ တောင် ပြောလို့ရပါတယ်၊ “မိမိကိုယ်ကို သစ္စာသိထားပြီးပြီ”လို့

Tuesday, January 17, 2017

မိမိ စရိုက်ခြောက်ပါးနဲ့သင့်လျော်အောင် ပွားများ၇မည့် ကမ္မဋ္ဌာန်း

Carita is a predominant nature in one’s behavioral pattern.Character-စရိုက်ဆိုသည်

မှာ ပင်ကိုရိုးရာ သူတကာဖြစ်နေကျထက် လွန်လွန်ကဲကဲဖြစ်တတ်သည်ကို စရိုက်ဟုခေါ်ပါသည်။

Monday, January 16, 2017

လူ ( ၄ ) မျိုး..

လူ​ ( ၄ ) မျိုး
   ~~~**~~~
  "" မနုဿတ္တဘာ​ဝေါဒုလ္လ​ဘော ""
           လူ့ဘဝသည်​ ရခဲခြင်းငါးပါးအနက်​ တစ်​ပါးဖြစ်​၏ ။
           ဘုရားအဖြစ်​ကို ရခဲ၏ ။
           ဘုရားနှင့်​​တွေ့ရန်​ ခက်​ခဲ၏..။
           ဘုရား၏ တရား​တော်​နှင့်​ ​တွေ့နိုင်​ဖို့ ခက်​ခဲ၏။
           လူ့အဖြစ်​ကို ရရှိပြီး တရားနာနိုင်​​သော နားရှိရန်​ ခက်​ခဲ၏..။
           တရားကျင့်​ကြံနိုင်​​သော လူ ဖြစ်​ဖို့ရန်​ ခက်​ခဲပြန်​၏..။

Sunday, January 15, 2017

အရိယာသစ္စာကိုရှာ​ဖွေနည်း..

မြတ်စွာဘုရားရှင်၏မဇ္ဈိမပဋိပဒါ နည်းဖြင့် အရိယသစ္စာကို ရှာဖွေနည်းလောက ဥပမာ။
"ပန်းတစ်ပွင့်ကိုခူးမည်ဆိုပါက ပထမဦးစွာ ပန်းပင်ပေါ်၌ပန်းပွင့်ဦးစွာရှာရမည်။
ထို့နောက်မာသောမြေနေရာကိုရှာရ
မည်။