Saturday, July 8, 2017
“ကံမှားတော့ ခံထားပေါ့”
[၁]။မြတ်စွာဘုရားရှင်လက်ထက်တုန်းကဝေသာလီမြို့မှာ “ ၀ါသေဋ္ဌီ”ဆိုတဲ့
သူဌေးသမီးလေးတစ်ယောက်ရှိခဲ့ဖူးတယ်။အရွယ်ရောက်တဲ့အခါ
မိဘတွေက အမျိုးဇာတ်တူတဲ့သဌေးသားတစ်ယောက်နဲ့ ထိမ်းမြားလက်ထပ်ပေးတဲ့အတွက်
ခင်ပွန်းသည်ရဲ့အိမ်မှာလိုက်နေရတယ်။
Friday, July 7, 2017
ဗုဒ္ဓဘာသာဝင်အချို့ရဲ့ အယူအဆအလွဲများ
မြတ်စွာဘုရားကို စပျစ်သီးမလှူနဲ့... ပျက်စီးတတ်တယ်။
ဖရဲသီးမလှူနဲ့- ဖရိုဖရဲဖြစ်တတ်တယ်။
မာလကာသီးမလှူနဲ့- မာလကာ(သေဆုံး) သွားတတ်တယ်။
လိမ္မော်သီးမကပ်နဲ့- အလိမ်ခံရလိမ့်မယ်..
ပန်းသီးမလှူနဲ့- ကိုယ်စိတ် ပန်းတတ်တယ်။
Thursday, July 6, 2017
( ၂ ) အနိမိတ္တသတ္တဟ -
           ဘုရားရှင်သည် အပရာဇိတပလ္လင်ပေါ်၌ ( ၇ ) ရက်ပတ်လုံး သီတင်းသုံး၍ နေတော်မူ
သည့်အခါ အချို့သော နတ်များက “  ဘုရားရှင်သည် ယခုအချိန်အထိ နေရာမှမထသေး၊
ဘုရားဖြစ်အောင်ပြုနိုင်သည့်တရားများ ကျန်ရှိနေသလော ” ဟု ယုံမှားသံသယဖြစ်ကြသည် ။
မြတ်စွာဗုဒ္ဓက ရှာဖွေစုဆောင်းဖို့ တိုက်တွန်းတဲ့ ဥစ္စာဓန။
ရမှာ ဖြစ်တယ်။ လူတွေနေ့စဉ် ရှာဖွေနေကြတဲ့ ဥစ္စာဓနရဲ့ အရည်အသွေးနဲ့ မြတ်စွာဗုဒ္ဓက ရှာ
ဖွေစုဆောင်းဖို့  တိုက်တွန်းတဲ့ ဥစ္စာရဲ့ အရည်အသွေး၊ ဒီနှစ်မျိုးကို သေသေချာချာနှိုင်းယှဉ်ပြီး
ကြည့်မယ်ဆိုရင် အလွန်ကွာခြားတာကို တွေ့ရမှာဖြစ်တယ်။ သို့သော်လည်း လောကလူသားတွေ
ဓမ္မဒေသနာကုသိုလ် အစစ်ဆိုတာ။
        ဓမ္မဒေသနာကုသိုလ်ဆိုတာ တရားဟောကြားမှုကို ခေါ်ပါသည်။ ရိုးသားဖြူစင်စွာ မြင့်မြတ်
သောစိတ်ထားဖြင့် ဟောပြောပြသ ဆုံးမပါလျှင် “သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ= အလှူဟူသမျှကို ဓမ္မ
အလှူကနိုင်၏။ ဓမ္မအလှူက အကျိုးပေးသာ၏။” ဟု ဟောပြောတော်မူသည့်အတိုင်း အလွန်အကျိုး
စာထက် မပိုပါ
ဗုဒ္ဓမြတ်စွာ၏ သဗ္ဗညုတရွှေဥာဏ်တော်မြတ်ဖြင့် ထုတ်ဖော် ဟောကြားတော်မူအပ်သော သုတ္တန် ဝိနည်း အဘိဓမ္မာတည်း ဟူသော ပိဋကတ်သုံးပုံသည် သတ္တဝါဝေနေယျတို့အား လောကီ လောကုတ္တရာ နှစ်ဖြာသော အကျိုးတရားများကို အကြွင်းမဲ့ပေးစွမ်းနိုင်ပါ၏။
Wednesday, July 5, 2017
ဥပေက္ခာ
ကိုယ်ကိုယ်တိုင် ပထမဆုံး ငြိမ်းချမ်းအောင် လုပ်ရမယ်။ ကိုယ်ကိုယ်တိုင် ငြိမ်းချမ်းချင်ဖို့ ဘာလုပ်ရမလဲဆိုရင် ပတ်ဝန်းကျင်က ပုဂ္ဂိုလ်တွေရဲ့ အကျိုးကို လိုလားတဲ့ မေတ္တာထားပါ။ ဆင်းရဲဒုက္ခရောက်လာတဲ့ ပုဂ္ဂိုလ်ကို ကူညီပါ။ ကရုဏာထားပါ။ ချမ်းသာတဲ့ပုဂ္ဂိုလ်ကို ဝမ်းမြောက်ဝမ်းသာဖြစ်ပါ။ မုဒိတာ ပွားပါ။ လူ့လောကဆိုတာ ချမ်းသာတာလည်း သူ့ကံနဲ့ သူပဲ။ ဆင်းရဲတာလည်း သူ့ကံနဲ့သူပဲ။ စိတ်လှုပ်ရှားမှု ကင်းကင်းနဲ့ အေးအေးချမ်းချမ်း နေချင်တယ်ဆိုရင်တော့ ဥပေက္ခာ ပွားပါ။
Tuesday, July 4, 2017
“ကျေးဇူးရှင်အား မပြစ်မှားနဲ့”
“ကိုယ်မှာပြုဖူး၊ သူ့ကျေးဇူးကို၊
ထိမ်းမြူးမအပ်၊ တုံ့ပြန်ဆပ်၍၊
တွက်နပ်ကောင်းပေ၊ ပစ်မချေနှင့်”
(မဃဒေ၀)
ဗုဒ္ဓမြတ်စွာ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်မှာ သီတင်းသုံးနေတဲ့အချိန်မှာ အဘိဉာဏ်တန်ဖိုးအရာမှာ
ဗုဒ္ဓမြတ်စွာပြီးနောက် အထွတ်အထိပ်ရောက်တော်မူတဲ့ လက်ဝဲတော်ရံ အရှင်မဟာမောဂ္ဂလာန်မထေရ်မြတ်ဟာ ဣသိဂိလိတောင်ယံမှ ကာဠသိယာဆိုတဲ့ ကျောက်ဖျာမှာ သီတင်းသုံးနေတော်မူပါတယ်။
လူ့ဘ၀မှာ အနာရောဂါကင်းရတာ။
      အချို့ကတော့ သည်းခံစိတ်၊ ကိုယ်ချင်းစာစိတ်နှင့် ပြုမူပြောဆို ဆက်ဆံတတ်ကြပါတယ်။
အခွင့်ကြုံလာရင်လည်း ညှင်းပန်းနှိပ်စက်မှုကို အထူးရှောင်လေ့ ရှိကြပါတယ်။ စာနာခွင့်လွှတ်လေ့
ရှိကြပါတယ်။ ဒီပုဂ္ဂိုလ်တွေသေရင် နတ်ပြည်ကို ရောက်ရတတ်ပါတယ်။ တကယ်လို့ အခြားကံ
နတ်တွေရည်မှန်းတဲ့ မြင့်မြတ်သည့်ကောင်းရာသုဂတိဘုံ။
        နတ်ဘ၀တစ်ခုမှာ နတ်သက်တမ်းတစ်လျှောက်လုံး ၀တ်ထားတဲ့အ၀တ်လည်း ဘယ်တော့မှ
လျှော်ဖွတ်ရတယ် မရှိဘူး။ ပန်ထားတဲ့ပန်းကလည်း ဘယ်တော့မှ နွမ်းသွားတယ် မရှိဘူး။ အို..ပူလို့
အိုက်လို့ ချွေးထွက်တာလည်း မရှိဘူး။ အမြဲတမ်း သန့်ရှင်းသန့်ပြန့် နေတယ်။
ဝိသုဒ္ဓိ (၇) ပါး။
၁။ သီလ၀ိသုဒ္ဓိ = လူတို့၌လည်း လူတို့အလျောက်၊ ရဟန်းတို့၌လည်း ရဟန်းတို့အလျောက် သီလ
                     စင်ကြယ်ခြင်း။
၂။ စိတ္တ၀ိသုဒ္ဓိ = ကမ္မဌာန်းအားထုတ်သဖြင့် အာရုံထင်မြင်၍ ဥပစာရ ဈာန်စိတ်၏ စင်ကြယ်ခြင်း။
Monday, July 3, 2017
မုသာ နဲ့ ပရိယာယ် ဘယ်လိုကွာခြားပါသလဲ
အမေး။ ။ အရှင်ဘုရား…. မုသာနဲ့ ပရိယာယ် ဘယ်လိုကွာခြားပါသလဲဘုရား
[ခင်ဖုန်းမြင့်/မြိတ်-ကွန်ပျူတာတက္ကသိုလ်]
အဖြေ။ ။ မုသာ
မုသာဆိုတာ လိမ်လည်ခြင်း၊ ညာဖြန်းခြင်း၊လှည့်စားခြင်းစတဲ့ မဟုတ်မမှန်တာ အားလုံးကို “မုသာ” လို့ခေါ်ပါတယ်။ မုသာဆိုမှတော့ ၀ါဒ လဲရှိသေးတဲ့အတွက် ပြောပါအုံးမယ်။“၀ါဒ” ဆိုတာက လက်ပြ ခြေပြ ခေါင်းညိတ် ခေါင်းခါ စာရေးသားမှုစတာတွေပါ။
Sunday, July 2, 2017
''တန်ဖိုး ရှိသော အချိန်''
မြတ်စွာဘုရားသက်တော်ထင် ရှား ရှိစဉ် ဝယ် တစ်နေ့ သောအခါ မာလုကျပုတ္တ သည် ကမ္မဌန်းခွင် မှ
ထ၍ ဗုဒ္ဓ မြတ်စွာဘုရား ထံ ချည်းကပ်ကာ ရှိခိုးဝပ်တွား လျှောက်ထားသည်မှာ ---
အရှင် ဘုရား တပည့် တော် သည် တစ်ဦးတည်း ဘာဝနာ ပွားနေစဉ် စိတ်ထဲ၌ ပုစ္ဆာများ အစဉ်အတိုင်း
ဖြစ်ပေါ်လာပါသည်။
တရားအားထုတ်ပြီး အမျှဝေရန်။
   ဤသို့ပြုရ မြတ်ပုညကြောင့်
အမတခေမံ ပြည်နိဗ္ဗာန်ကို
ဧကန်ထုတ်ချောက် ရောက်စေသော်...
    ယနေ့ယခု အားထုတ်သမျှ
ဘ၀လွတ်မြောက်နိုင်တဲ့ နည်းလမ်းများ။
        ဘ၀မှာ“အဿာဒ” သာယာစရာဆိုတာ ရှိတယ်။ “အာဒီန၀” အပြစ်ဆိုတာ ရှိတယ်။ ဒါတွေ
ပြီးရင် “နိဿရဏ” ထွက်ပေါက်ဆိုတာလည်း ရှိတယ်။ ထွက်ပေါက်ကို ဘယ်မှာရှာမလဲ ?။ အိမ်ထဲ
ရောက်နေတဲ့သူဟာ ထွက်ပေါက်ကို အိမ်ထဲမှာ ရှာရမယ်။ ဘ၀မှ ထွက်ချင်တယ်ဆိုလို့ရှိရင် ဘဝ
အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီး အလောင်းတော်, တရားထူးရသွားသော တရားတော်။
  အရှင်သာရိပုတ္တရာ အလောင်းတော် ဥပတိဿနဲ့ အရှင်မောဂ္ဂလန် အလောင်းတော် ကောလိ
တတို့ သူငယ်ချင်းနှစ်ယောက် ပျော်ပွဲသဘင်ကို ကြည့်ကြရင်းနဲ့ နောင်အနှစ်တစ်ရာကြာရင် ပွဲကသူ
ပွဲကြည့်သူတွေဟာ “နာမည်မျှ ကလေးတောင်”ကျန်တော့မှာ မဟုတ်ဘူးစတဲ့ အသိတရားတွေရပြီး