Saturday, August 29, 2015

အချိန်ကြာကြာ တရားထိုင်ခြင်း။

မေး။ ။''ဆရာတို့ တရားထိုင်ရင် ဘယ်လောက်ကြာသလဲ''

ဖြေ။ ။''ပုံမှန်ဆိုရင် တစ်နာရီတော့ကြာတယ်။
တစ်ခါတစ်ခါတော့လည်း နှစ်နာရီ၊သုံးနာရီကြာတတ်ပါတယ်''

မေး။ ။''အဲလောက်ကြာအောင် မလှုပ်မယှက်ထိုင်နေတော့ ညောင်းညာကိုက်ခဲမှုတွေဆိုတာ ဖြစ်မှာပဲ။ဖြစ်ရက်နဲ့ပေပြီးထိုင်နေတာဟာ ခန္ဓာကိုယ်ကို ညဉ်းပန်းနှိပ်စက်ရာ မရောက်ဘူးလားဆရာ ပြောပါအုံး''

လောကကို ဘယ်သူနှိပ်စက်နေသနည်း


 
နတ်မှာ ပြဿနာမရှိ ၊ တောင်တွေးမြောက်တွေးနှင့် အငြိမ်မနေတတ် ၊ ဆတ်ဆော့သော နတ်မှာ ပြဿနာ ကပ်လာ၏။
နတ်သားတစ်ယောက်သည် လောကအကြောင်းကို ပေါက်ပေါက်ရှာရှာ ကြံစည်လေ၏။ အတွေးနယ်ပယ်ကို ကျယ်ကျယ်ချဲ့ ၊ ဉာဏ်စွမ်းကိုရှိသမျှထုတ်၍ သုံးကြည့်သည်။ အဖြေကိုကား သူ မတွေ့လေ။ ကြာသော် ထိုနတ်သား၏ ကိုယ်တွင် ပြဿနာကပ်နေခြင်းသာ အဖတ်တင်ရုံမက ကိုယ်ပန်းစိတ်ပန်း ဖြစ်လာသည်။

"ဗဟုသုတဖြစ်ဖွယ် မြတ်စွာဘုရားအလောင်းတော်၏ ရွှေခွက်မျှောခြင်းအဓိဋ္ဌာန်"


“ယနေ့ဘုရားဖြစ်နိုင်ပါမူ ရေညာသို့ဆန်တက်ပါစေ (ဂေါတမမြတ်စွာဘုရားအလောင်းတော်၏ အဓိဋ္ဌာန်)”
မြတ်စွာဘုရားလောင်းလျာသည် ဃနာနို့ဆွမ်းကို ခံယူပြီးနောက် ထိုင်နေရာမှထကာ ညောင်ပင်ကို လက်ျားရစ် လှည့်ပြီးနောက် နို့ဃနာရွှေခွက်ကိုယူဆောင်ပြီး နေရဉ္ဇာရာမြစ်ကမ်းသို့ ကြွတော်မူခဲ့သည်။

ရက်စက်လိုစိတ်၏ ထွက်ပေါက်များ။

        လူတွေမှာ တစ်ခါတစ်ရံကျတော့ ဒေါသတင် မကဘူး၊ စိတ်ဆိုးစိတ်ယုတ်ဆိုတာ ရှိကြပါ
တယ်။ ကိုယ်အလိုမကျရင် မိဘက သားသမီးကို စိတ်ဆိုးတယ်။ သူငယ်ချင်း အချင်းချင်း စိတ်ဆိုး
ကြပါတယ်။ အဲဒီလို စိတ်ဆိုးတယ်ဆိုတဲ့ အထဲမယ် သတ်ချင်ဖြတ်ချင်စိတ်ဆိုတာ ပါလာတတ်ကြ
ပါတယ်။

မီး ၁၁ ပါး ဆိုတာ။

  ၁။ ရာဂမီး     = လိုချင်တပ်မက်ခြင်း။
   ၂။ ဒေါသမီး   = စိတ်ဆိုး စိတ်ပျက်ခြင်း။
   ၃။ မောဟမီး  = အမှန်အတိုင်း မသိခြင်း။
   ၄။ ဇာတိမီး    = ပဋိသန္ဓေ နေရခြင်း။

လူတွေကြည့်အောင်ပဲ နေသွားမှာလား? ။

         ဘုရားပွဲ၊ အလှူပွဲတို့မှာ အိုးစည်ဝိုင်း၊ ဒိုးပတ်ဝိုင်း၊ ဗျောတို့ပါကြတယ်။ ဘုန်းဘုန်းတို့အရပ်မှာ
ပတ်ခြောက်ဝိုင်းဆိုတာ ရှိတယ်။ ဒိုးပတ်ဝိုင်းကြီး အတိုင်းပဲ  ဒိုးပတ်ပါတယ်၊ လင်းကွင်းပါတယ်၊  နှဲပါ
တယ်၊ ၀ါးလက်ခုပ်ပါတယ်၊ မောင်းပါတယ်။ ဒိုးပတ်ဝိုင်းတော့ ဒိုးပတ်ဝိုင်းပဲ ဒါပေမဲ့ အသံမထွက်ဘူး။

သင်္ကန်းလှူဒါန်းခြင်း။

        သင်္ကန်းဝယ်ချိန်မရ၍ သင်္ကန်းဖိုးငွေကို ရဟန်းတော်အားပေးပြီး “သင်္ကန်းဖိုး
အလှူခံတော်မူပါ” ဟူ၍ မလှူအပ်ပါ။
         သင်္ကန်းလှူလို၍ ရဟန်းတော်တွင်ရှိသော သင်္ကန်းကို မူရင်းဈေးဖြင့် ဖြစ်စေ၊
ဝန်ဆောင်ခပေါင်းပြီး မူရင်းဈေးထက် ပိုပေး၍ဖြစ်စေ၊ လျော့ဈေးဖြင့်ဖြစ်စေ ပြန်ဝယ်ပြီး

Thursday, August 27, 2015

"သိမ်နှင့် သာသနာ"


ဝိနည်းသည် သာသနာတော်၏ အသက်ဖြစ်သည့်နည်းတူ သိမ်နှုတ်ခြင်း၊ သိမ်သမုတ်ခြင်းသည်လည်း သာသနာ၏အသက်ပင်ဖြစ်သည်။ ရတနာမှာစိန်၊ သဒ္ဒါမှာလိင်၊ ဝိနည်းမှာသိမ်ဟုပင် ဆိုထုံးစကားရှိခဲ့ဖူး၏။ သိမ်ဟူသည် သီမာဟူသော ပါဠိမှ ဆင်းသက်၍ အပိုင်းအခြားဟူသော အဓိပ္ဗါယ်ကို ဆောင်ပါသည်။ အပိုင်းအခြားဟူသည်မှာလည်း သာမန်အပိုင်းအခြားမျိုးမဟုတ်၊ မြတ်စွာဘုရား၏ သားတော် ရဟန်းသံဃာတော်များ ကံကြီး

"လေးသင်္ချေ နှင့် ကမ္ဘာတစ်သိန်း ရှင်းတမ်း"


အရှင် ဘုရားကျန်းမာပါစေဘုရား။ အချိန် ရရင်လေးသ င်္ချေနဲ့ကမ္ဘာတစ်သိန်း အ ကြောင်းရှင်းပြ ပေးတော်မူပါဘုရား။ တပည့်တော်သမီးကပါရမီဆိုတာနဲ့ ပါတ်သက်ပြီးမေးတယ်ဘုရား ဘုရားပါရမီ အ ကြောင်းမှာလေးသ င်္ချေ အကြောင်းပါလာလို့ပါဘုရား။ ကလေးက (၇)နှစ်သမီးအရွယ်လေးပါဘုရား။ (ဒကာမကြီးတစ်ဦး)

အစွဲကင်းမှ နိဗ္ဗာန်ရောက်မှာ

ဒါနဆိုတာ ငါ့ပစ္စည်းဆိုတဲ့ အစွဲကိုစွန့် လွတ်ပစ်တာ။မမျှော်နဲ့ မျှော်ရင်ချော်မှာပဲ။
မျှော်တာကတဏှာ၊အကျိုးပေးမှာက စေတနာ၊စေတနာသန့် ရှင်းရင် အကျိုးပေးသန့် ရှင်းမယ်။
ပစ္စည်းလက်ကစွန့် ချပြီး ငါစွဲကမလွှတ်မိရင် ငါ-ဝတ္ထု-ပုဂ္ဂိုလ်စွဲများကြောင့် ပြိတ္တာခန်းတန်းဝင်ကြရမယ်။

Wednesday, August 26, 2015

"ကောမာရဗြဟ္မစရိယသီလကို အိမ်ထောင်သည်များ ဆောက်တည်နိုင်သလား"


အိမ်ထောင်သည်ဖြစ်ပြီး ကိုယ့်အမျိုးသားနဲ့ ခဏခွဲနေချိန်မှာ ဒီသီလကိုစောင့်ထိန်းလို့ရလားဆရာလေးလို့ တပည့်တော်ညီမကမေးလာတယ်ဘုရား။ သူကအပျိုတည်းကဒီသီလကိုစောင့်ထိန်းခဲ့တယ်။ ခု သူ့အမျိုးသားနဲ့ခဏခွဲနေရတော့ ဒီသီလကိုပြန်ဆောက်တည်ပြီးနေတယ်ဘုရား။ တပည့်တော်က ရပါတယ်လို့ပြောလိုက်တယ်။ အဲ့ဒါသင့်/မသင့် ဆုံးဖြတ်ပေးပါဘုရား။

"အပျိုစင် လူပျိုစင်ဘဝဖြင့် နေလိုသူများ စောင့်ထိန်းကြသည့် ကောမာရ ဗြဟ္မစရိယသီလ"


လေ့လာကြည့်ပါ။ ဗဟုသုတဖြစ်စေပါသည်။ အကျယ်ကိုတော့ နည်းနည်းရှည်လည်း ရှည်ပါတယ်။ ဒါကြောင့် စာရေးပျင်းသူဆိုတော့ ချုံးပြီးရေးပေးလိုက်တာပါ။ အကယ်၍ အကျယ်ဖတ်ချင်တယ်ဆိုရင်လည်း ဖတ်ချင်တယ်လို့ မပြောကြနဲ့နော်။ ပြောတဲ့သူများလာရင် ရေးပေးရမှာကိုး။ စာရေးရတာ အလွန်ကို ပျင်းတာဖြစ်ခြင်းကြောင့် ဖတ်ချင်တယ်ဆိုတဲ့ ကွန်မင့်များကို ရှောင်ကြဉ်ပါ။

"ပညာကြီးစေနိုင်သည့် သပိတ်ခြေစသည့် အလှူ"


ရဟန်းသံဃာတော်များ၏ သပိတ်အောက်ကခံရန် သပိတ်ခြေကို လှူဒါန်းခြင်းသည် ပိဋကတ်သုံးပုံကို နှုတ်ငုံဆောင်နိုင်သည့် တိပိဋကဓရ မဟာပညာရှိကြီး ဖြစ်နိုင်သည့် အကျိုးကို ရရှိနိုင်၏။ အတန်ငယ်ချဲ့၍ဆိုရလျှင် သာမာဝတီမိဖုရားကြီး အခြံအရံ အစေအပါး တစ်ဦးဖြစ်သူ ခုဇ္ဖုတ္တရာသည် တစ်ခုသောဘဝတွင် ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း၏ နန်းတော်၌ နန်းတွင်းသူတစ်ဦး ဖြစ်ခဲ့ဖူး၏။

အမုန်းစိတ်၏ ထွက်ပေါက်။

      တို့တတွေစိတ်ထဲမှာ ဒေါသဆိုတဲ့ အလိုမကျမှု၊ တစ်ဦးတစ်ယောက်ကို မုန်းတီးမှုဆိုတာ
ကိုယ့်သန္တာန်မှာ ဖြစ်နေလို့ရှိရင် စိတ်နှလုံးဟာ ပူလောင်နေရပါတယ်။ အဲဒီ ပူလောင်မှုတွေကို မလို
ချင်ဘူး၊ ထာဝရ အေးချမ်းနေတာကို လိုချင်တယ်ဆိုရင် မေတ္တာနဲ့ အစားထိုးလိုက်ပါ။ မေတ္တာဟာ
အမုန်းစိတ်၏ တကယ့်ထွက်ပေါက်ပါ။

ဘုရားရှင်က သာသနာပြု စေလွှတ်တော်မူခြင်း။

        မြတ်စွာဘုရားသည် ပထမ၀ါ၌ မိဂဒါဝုန်တောတွင်ပင် ၀ါဆိုတော်မူ၏။ နာလက ရသေ့
အား မောနေယျအကျင့်ကို ဟောတော်မူ၏။ သူဌေးသား ယသကိုလည်းကောင်း၊ သူ၏ သူငယ်
ချင်း ၅၄ ယောက်တို့ကို လည်းကောင်း တရားရစေကာ ဧဟိဘိက္ခု ရဟန်းပြုပေးတော်မူ၏။

ဧတဒဂ်ရ လူယောက်ျား (၁၀) ယောက်။

ဧတဒဂ်ရ လူယောက်ျား (၁၀) ယောက်မှာ==
 ၁။ တပုဿ၊ ဘလ္လိကညီနောင် = ရှေးဦးစွာ သရဏဂုံတည်သော အရာ၌ ဧတဒဂ်ရသည်။
 ၂။ အနာထပိဏ်သူဌေး = ပေးလှူတတ်သည့်အရာ၌ ဧတဒဂ်ရသည်။
 ၃။ စိတ္တသူကြွယ် = တရားဟောသောအရာ၌ ဧတဒဂ်ရသည်။

နိဗ္ဗာန်ကို ရရောက်နိုင်သူ။

        မိလိန္ဒမင်းကြီးက အရှင်နာဂသိန်မထေရ်ကို “ အရှင်ဘုရား နိဗ္ဗာန်ကို အလုံးစုံသော
ပုဂ္ဂိုလ်များ ရရောက်နိုင်ပါသလား ” ဟု မေးလျှောက်သောအခါ အရှင်နာဂသိန်မထေရ်က
“ မင်းကြီး အလုံးစုံသောပုဂ္ဂိုလ်တို့ မရရောက်နိုင်ပေဘူး” လို့ ဖြေတယ်။
         “ ဒါဖြင့် ဘယ်လိုပုဂ္ဂိုလ်များမှ ရရောက်နိုင်ပါသလဲဘုရား၊ ရှင်းလင်းမိန့်ကြားတော်မူ

Tuesday, August 25, 2015

""အထုးသတိထားစရာ အုန်းသီး ငှက်ပျောသီးနှင့် သာသနာပွဲ"


                                                                                                                                                      သာသနာပွဲဆိုတာ တစ်နည်းအားဖြင့် ဘုရားကိုလှူထားတဲ့ ဘုရားပွဲ မဟုတ်လား။ ဘုရားမှာ အုန်းသီးစိမ်းနဲ့ ငှက်ပျောသီးစိမ်းကို ပွဲလုပ်ပြီးလှူတာ။ ဂိုဏ်းသမားတွေ လုပ်ကြတာပဲ။ သူတို့ကတော့ ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်ကြတယ် မသိဘူး။ တကယ်ဆိုရင် ဘုရားအမှူးရှိတဲ့ သံဃာတော်တွေကို စားဖွယ်သောက်ဖွယ်တွေ လှူမယ်ဆိုရင် အဆင်သင့်ဘုဉ်းပေးသုံးဆောင်နိုင်အောင် စီစဉ်ပြီးလှူရတယ်။

"သောတာပန်ဖြစ်မှန်း ကိုယ့်ဘာသာကိုယ်သိနိုင်သလား"


                                  ★ သောတာပန်ဖြစ်မှန်း တန်ခိုးအဘိညာဉ်ရှိသောပုဂ္ဂိုလ်များ
သိနိုင်ပါသည်။ အဘိညာဉ်တန်ခိုးမရှိလျှင် မသိနိုင်ပါ။
ဗဟုသုတရှိဖူးသူများမှာ ထင်ရုံသာ ထင်နိုင်သည်။ ထင်သည့်အတိုင်းဟုတ်မဟုတ်ကို စမ်းသပ်ကြည့်ရပါသေး၏။
ဥပမာမှာ သိကြားမင်းသည် မြတ်စွာဘုရားထံ တရားနာရင်းသောတာပန်ဖြစ်၊ သောတာပန်ဖြစ်ပြီးတစ်ထိုင်တည်းနှင့်ပင်

ဘုရား ၊ ရဟန္တာနှင့် ငါဟူသော ဝေါဟာရ


                                                            ပြဿနာ = ဘုရား ၊ ရဟန္တာ၌ အတ္တစွဲ ရှိသလော
မေးလျှောက်သူ= တောစိုးနတ်သားတစ်ဦး
တစ်ဦးသော နတ်သားသည် တစ်ခုသော တောအုပ်ကြီး၌ နေ၏ ။ သူနေသော တောအုပ်ထဲသို့ ရဟန္တာကြီးများ လာရောက်နေထိုင်ကြလေရာ ထိုနတ်သားသည် ရဟန္တာကြီးများ အချင်းချင်းပြောကြသော စကားများကို ကြားနေရ၏ ။

Monday, August 24, 2015

“ ပညာရှိ သူတော်ကောင်းကို ဆည်းကပ်"


                                      
လောကမှာ အသိရယ် အကျင့်ရယ် နှစ်မျိုးနှစ်စားရှိတယ်။
သိတာက ၀ိဇ္ဇာ၊ကျင့်တာက စရဏ။
သိရုံသိပြီး မကျင့်ဘူးဆိုရင် ပညာရှိလို့ မခေါ်ဘူး။
ဗဟုသုတများတဲ့ ပုဂ္ဂိုလ်လို့ ပဲခေါ်နိုင်တယ်။
ပညာရှိဆိုတာက သိသင့်သိထိုက်တာကို
ကွဲကွဲပြားပြား ခြားခြားနားနားသိတယ်။
ရှင်းရှင်းလင်းလင်း မှန်မှန်ကန်ကန်သိတယ်။

“ရုပ်ပွားဆင်းတုတော်က ခိုက်တာလား… ဗေဒင်ဆရာက ရိုက်တာလား…”


လွဲနေတာလေးတွေကို ပြောနေရင်း
နောက်ထပ်အလွဲ တစ်ခုကို သွားသတိရမိပါတယ်။
ဘုန်းဘုန်းမြန်မာပြည်မှာ ရှိနေတဲ့ အချိန်တုန်းက ဖြစ်ပါတယ်။
တစ်နေ့ ဒကာမတစ်ယောက် စကျင်ကျောက်နဲ့
ထုလုပ်ထားတဲ့ ရုပ်ပွားဆင်းတုတော် တစ်ဆူယူလာပြီး
ဘုန်းဘုန်းကျောင်းကို ရောက်လာပါတယ်။

အမျိုးသမီးဆိုပြီး အထင်မသေးနဲ့


အမျိုးသမီးလေးတွေဆိုပြီး အထင်မသေးကြနဲ့။ အောက်က ပုံတွေက ပရိယတ္တိသာသနာအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းနေကြသော အမျိုးသမီး သာသနာ့အနွယ် သီလရှင်ဆရာလေးများ ဖြစ်ကြပါတယ်။ သကျဓီတာ သီလရှင်စာတိုက်(စစ်ကိုင်း)၏ (၁၃)ကြိမ်မြောက် သဒ္ဓမ္မဒ္ဓဇ စာမေးပွဲဖြစ်ပါတယ်။ ဒီစာမေးပွဲလေးကျင်းပရတဲ့ ရည်ရွယ်ချက်က မကြာတော့မီအချိန်မှာ နိုင်ငံတော်အစိုးရက ကျင်းပမည့် ပထမပြန်စာမေးပွဲစာမေးပွဲ၊

ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းချင်ရင်။

       မြတ်စွာဘုရားက ဒုက္ခဖြစ်တယ်ဆိုတာ တခြားကြောင့် မဟုတ်ဘူး။ ဟောဒီ တွယ်တာ
မှုကြောင့်ဖြစ်တာ။ ဒုက္ခဖြစ်ခြင်းအကြောင်းက တွယ်တာမှုပဲ။ ဒုက္ခချုပ်ငြိမ်းချင်ရင် ဒီ တွယ်တာ
မှုကို ဖယ်ရှားရမယ်။ တွယ်တာမှုကို ဖယ်လိုက်နိုင်တာနဲ့ တပြိုင်နက် ဒုက္ခဟာ ချုပ်ငြိမ်းသွား
တယ်။ နှစ်သက်တွယ်တာမှုဆိုတဲ့ အတွယ်အတာ တဏှာရှိနေသေးသမျှ ဘယ်ခေတ်ဘယ်ကာ

စူဠသောတာပန်။

         ကိလေသာ (၁၀) ပါးအနက် ဒိဌိ၊ ၀ီစိကိစ္ဆာကို အကြွင်းမဲ့ ပယ်သတ်နိုင်လျှင် သောတာပန်
ဖြစ်ပြီး ဖြစ်ပါသည်။ ဤ ကင်္ခါဝိတရဏ၀ိသုဒ္ဓိစခန်း ပေါက်သော ယောဂီသည် ယင်း ဒိဌိ၊ ၀ီစိကစ္ဆာ
ကို အကြွင်းမဲ့ မပယ်သတ်နိုင်သေးသော်လည်း အတန်ကြာအောင် ပယ်နိုင်ပြီးဖြစ်၍ သောတာပန်

ဧတဒဂ်ရ အမျိုးသမီး (၁၀) ယောက်။

           ဧတဒဂ်ရ လူမိန်းမ (၁၀) ယောက်မှာ==
 ၁။ သူဌေးသမီး သုဇာတာ = ရှေးဦးစွာ သရဏဂုံတည်ရာ၌ ဧတဒဂ်ရသည်။
 ၂။ ၀ိသာခါ = ပေးလှူတတ်သည့်အရာ၌ ဧတဒဂ်ရသည်။
 ၃။ ခုဇ္ဇုတ္တရာ = အကြားအမြင်များသည့် အရာ၌ ဧတဒဂ်ရသည်။

အဓိပတိသုံးပါး။

        ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ၀ိပဿနာရှုနည်းတွင် တရားအားထုတ်
တော့မယ်ဆိုရင် ဦးစွာလုပ်ဆောင်ရမယ့်  အဓိပတိသုံးပါးကို လုပ်ဆောင်ရမယ်။ အဓိပတိသုံးပါးဆို
တာ ၁။ မိမိကိုယ်ကို အားထားပြီး တရားအားထုတ်ရမယ်။ ငါသည် စားစရာ၊ နေစရာမရှိလို့  အား
ထုတ်တာ မဟုတ်ဘူး။ အို. နာ. သေ. မွဲ. ကွဲ တည်းဟူသော သံသရာဝဋ်ဆင်းရဲမှ လွန်မြောက်စေ

Sunday, August 23, 2015

ဘုရားကျောင်းကန်သွားမည့် အမျိုးသမီးများ သတိထားဖို့ *


ရှင်စောပု မိဖုရားကြီးက ဘုန်းကြီးကျောင်းသွားခါနီး သူ့အခြွေအရံများကို ပြောနေသည်မှာ -

ထိပ်ထား တစ်ခုသတိပေးချင်သေးတယ်။ သမီးတော်တို့ရော သေသေချာချာနားထောင်ကြနော်။
ယခုမယ်မယ်တို့ သွားရမှာက ရဟန်းတော်တွေ သီတင်းသုံးတဲ့ နေရာ၊ မယ်မယ်တို့ ချယ်သထား
တာက တကယ့်ပွဲလမ်းသဘင်သွားမယ့်အတိုင်းပဲ။ မိန်းမတစ်ရောက်ရဲ့ ၀တ်စားဆင်ယင်မှုနဲ့

"ဥပုသ်သည်များ ကွမ်း၊ ဆေးလိပ် သုံးသင့် မသုံးသင့် ပြဿနာ"

ဒီမေးခွန်းရဲ့ အဖြေ၏ ဇစ်မြစ်ကား ဝိကာလဘောဇနာ သိက္ခာပုဒ်ကို အခြေခံပြီး ပေါ်ထွက်လာခြင်းပါ။ ဥပုသ်သီလထဲမှာ ဝိကာလဘောဇနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိဟု ဆို၍ ဆောက်တည်ရ၏။ အဓိပ္ဗါယ်မှာ နေ့လွဲ ညစာ စားခြင်းမှ ရှောင်ကြဉ်ပါ၏ဟူ၍ ဖြစ်သည်။ (ဝိကာလ- နေ့လွဲမွန်းလွဲသောအခါ၊ ဘောဇနာ- စားခြင်း)

အိပ်ရာဝင် အိပ်ယာထ ရွတ်ဆိုသင့်သော မေတ္တာပို့"

မေတ္တာကိုနှလုံးသွင်းခြင်းဟာ နှလုံးသွင်းသူတို့အား အထူးသဖြင့် အကျိုးများစေပါတယ်။ ဒါကြောင့် "သုဘုတိ" ဆိုတဲ့ ရဟန္တာမထေရ်ဟာ ဆွမ်းခံကြွတဲ့အခါ အိမ်တိုင်းအိမ်တိုင်းရှေ့၌ ခေတ္တရပ်နေစဉ်အတွင်း မေတ္တာဈာန် ကိုဝင်စားတော်မူပါတယ်။