Saturday, February 7, 2015
ကာမေသုမိစ္ဆာစာရကံအကြောင်း
ကာမေသုမိစ္ဆာစာရသိက္ခာပုဒ်က ဦးဇင်းတို့ ဗုဒ္ဓဘာသာဝင်များ
ဆောက်တည်နေကျဖြစ်တဲ့ ငါးပါးသီလထဲမှ တတိယမြောက်သိက္ခာပုဒ်ပါ။ ဒီသီလမှာလည်း
ရှောင်ကြဉ်လျှင် ရနိုင်မယ့်ကောင်းကျိုးတရား၊ ကျူးလွန်လျှင် ခံစားရမယ့်
ဆိုးကျိုးတရား အကောင်းနဲ့အဆိုး အဖြူနဲ့အမည်း ဒွန်တွဲနေသလို
သိက္ခာပုဒ်တစ်ခုမှာ ရှောင်ကြဉ်ခြင်း၊ ကျူးလွန်းခြင်း၊ ထိုထိုသော
အကြောင်းတရားများကြောင့် ကောင်းကျိုး ဆိုးကျိုးများရှိနေပါတယ်။
ဘုရားဂုဏ်တော်ပွားနည်း
ဘုရားဂုဏ်တော်လေးတွေ ပွားတတ်ဖို့ ပြောပေးမယ်။
၁။ အရဟံ- အထူးအပူဇော်ခံထိုက်တဲ့ ဘုရားရှင်၊
အရ ဟံ- ကိလေသာကင်းတော်မူတဲ့ ဘုရားရှင်၊
အ ရဟံ- ဆိတ်ကွယ်ရာမှာပင်ဖြစ်သော်လဲ မကောင်းမှုကို ပြုတော်မမူတဲ့ ဘုရားရှင်။
ဒီလို သိလိုက်ရင် ကိလေသာကင်းနေတာနဲ့ ပူဇော်ထိုက်လှပါပြီ၊ ဒို့ ပုထုဇဉ်တွေဆိုတာ မမြင်ကွယ်ရာမှာ မကောင်းမှု လစ်ရင် လစ်သလိုပြုတတ်ကြတယ်၊ ဘုရားရှင်မှာတော့ ဘယ်နေရာမျိုးမှာမှ မကောင်းမှု ပြုလေ့မရှိတော့ဘူးဆိုတာ မှန်းဆကြည်ညိုလိုက်ပါ။
အဒိန္နာဒါနကံ အကြောင်း
အဒိန္နာဒါန ဆိုတာ ဦးဇင်းတို့ ဗုဒ္ဓဘာသာဝင်များ နေ့စဉ်စောင့်ထိန်းနေကျ ငါးပါးသီလရဲ့ ဒုတိယမြောက်သိက္ခာပုဒ်ဖြစ်ပါတယ်။ မြန်မာလိုရှင်းရှင်းလေးပြောရရင် အရှင်မပေးသော သူတစ်ပါးဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ရတဲ့သိက္ခာပုဒ်ပါ။ ရှောင်ကြဉ်ရင်ကောင်းကျိုးရမယ်။ လွန်ကျူးရင် ဆိုးကျိုးရမယ်။
Friday, February 6, 2015
ပါဏာတိပါတကံ၏ဆိုးကျိုးများ
ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ (သတ္တဝါ၏ အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်ပါ၏)တဲ့။ ဒါက ဦးဇင်းတို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ စောင့်ထိန်းနေကြဖြစ်တဲ့ ငါးပါးသီလရဲ့ ပထမဆုံး သီလဖြစ်ပါတယ်။ သတ္တဝါ၏ အသတ်ကို သတ်ခြင်းမှ ရှောင်ကြဉ်တယ်ဆိုရင် ပါဏာတိပါတ ကံလုံခြုံတယ်ပေါ့။ သတ္တဝါရဲ့ အသတ်ကို သတ်လိုက်ရင် ပါဏာတိပါတကံကို ကျူးလွန်တာပါ။ ပါဏာတိပါတကံကို ကျူးလွန်လိုက်ရင် အောက်ပါဆိုးကျိုးတွေကို ရရှိစေပါတယ်။
သည်ဘ၀ကံကြောင့် သည်ဘ၀ခံ
ကောင်းမှုကံ၊ မကောင်းမှုကံ တို့၏ သဘောမှာ ရှေးဘဝက ပြုခဲ့သော ကံကြောင့်
ယခုဘဝမှာ အကျိုးခံစားရတာလည်းရှိပါတယ်။ ယခုဘဝ ပြုလိုက်သော ကံကြောင့်
ယခုဘဝမှာပင် ချက်ချင်း အကျိုးခံစားရတာလည်းရှိပါတယ်။ ဆိုလိုတာက အတိတ်ဘဝမှာ
ပြုလုပ်ခဲ့တဲ့ကောင်းကံ မကောင်းကံကြောင့် ယခုဘဝမှာ
ကောင်းကျိုး၊ မကောင်းကျိုးခံရတာရှိသလို၊ ယခုဘဝပြုလုပ်လိုက်တဲ့ကံကြောင့်
ယခုဘဝမှာပင်လျှင်ချက်ချင်းအကျိုးပေးတာမျိုးရှိပါတယ်။ မြတ်စွာဘုရားလက်ထက်တော်အခါကရှိပါတယ်။
အမှတ်မထင် ပြုမိတတ်သည့်ကံက ပေးတဲ့ဆိုးကျိုး
လူသည် ပျော်ချင်၏။ ပျော်တတ်၏။ နောက်ချင် ပြောင်ချင်စိတ်ရှိ၏။ တစ်ခါတစ်ရံ သူတစ်ပါး ဒုက္ခရောက်နေသည်ကိုပင် ပျော်စရာဟုထင်မှတ်ကာ တဝါးဝါး တဟားဟားရယ်မောချင်တတ်၏။ တစ်ခါတစ်ရံတွင် ရယ်မောရုံမျှမကပဲ ဒုက္ခရောက်နေသူကိုပင် သရော် ပြောင်လှောင်မိတတ်ကြ၏။ ထိုအပြုအမူများသည် အမှတ်မထင် ပြုမိတတ်သည့် အကုသိုလ်ကံများပင် ဖြစ်သည်။
“ယမမင်းသည် ထာဝရ မြဲသလား၊ ပြောင်းဖြစ်သလား”
မမြဲပါ။ ဘုရားရှင်သည်ပင် နုစဉ်အခါက ယမမင်းဖြစ်ခဲ့ဖူးကြောင်း မိန့်တော်မူဖူးပါသည်။
ငါသည် ရှေးယမမင်းဖြစ်စဉ်အခါက မကောင်းမှုအကုသိုလ်ပြုကုန်သူတို့သည် အထူးထူးအပြားပြား
ညှဉ်းပမ်းနှိပ်စက်မှုများကို ခံစားရသည်ကို မြင်သောအခါ-
၁။ ငါသည် လူ့အဖြစ်ကို ရရင် ကောင်းမှာပဲ။
ကိုးခန်း ကမ္မဝ္မဝါ။ ။
  ဤဝေါဟာရသည် ရဟန်းတော်တို့၏လက်သုံးပင်ဖြစ်၏။
(၁) ဥပသမ္ပဒခန္ဓက- ရဟန်းခံကမ္မဝါ၊
(၂) ကထိန ခန္ဓက- ကထိန်ခင်း ကထိန်နုတ် ကမ္မဝါ၊
(၃) သီမာခန္ဓက- သိမ်သမုတ် သိမ်နုတ် ကမ္မဝါ၊
နောက်ဆုံးအမွေ။
        လောကမှာ မြင်မြင်သမျှ သတ္တ၀ါတွေဟာ ငါပဲဖြစ်ဖြစ် သူပဲဖြစ်ဖြစ် ကိုယ်လုပ်သမျှ
ဟာ ကိုယ်နဲ့သာ သက်ဆိုင်ပါတယ်။ “ကမ္မဒါယာဒ” တို့တစ်တွေ လုပ်ခဲ့တဲ့ လုပ်ရပ်တွေကို
တို့တစ်တွေ့ နောက်ဆုံး အမွေခံရမှာ ဖြစ်ပါတယ်။ ဒါကိုလည်း ဆင်ခြင်စဉ်းစားပေးရပါမယ်၊
“ကောင်းတာလုပ်ရင်လည်း ကောင်းတဲ့အမွေ အကျိုးခံစားရပြီး၊ မကောင်းတာလုပ်ရင်လည်း
မိမိကိုယ်တိုင် စီမံဖန်တီးနိုင်ရေး။
        ဘုရားပွင့်တော်မမူမီနှင့် ပွင့်ပေါ်တော်ပြီးနောက်ပိုင်း ပေါ်ပေါက်တဲ့ အယူဝါဒတွေကို လေ့
လာကြည့်ရင် အများအားဖြင့် (ဖန်တီးရှင်/တန်ခိုးရှင်) သူတစ်ပါးစီမံသလို ခံယူရကြောင်း ဟောပြော
ညွှန်ကြားချက်တွေကို တွေ့ရမှာ ဖြစ်ပါတယ်။
         ဗုဒ္ဓဘုရားရှင်ရဲ့ အယူဝါဒမှာတော့ ဘုရားရှင်က “အတ္တာဟိ အတ္တနော နာထော”   “  မိမိရဲ့
ဓမ္မဒူတအရှင်ဆေကိန္ဒ သိခဲ့တဲ့ တရားသဘော။
     ဘုန်းဘုန်းကလည်းပဲ ကိုယ့်ဘ၀ ဒီဘ၀ရဲ့အစကို  ဘုန်းဘုန်း မှတ်မိတာလေး  တစ်ခု
ပြောကြည့်ပါအုံးမယ်။ တစ်နေ့တော့ အဖေအမေတို့ အိမ်မှာမရှိကြဘူး ရွာထဲကိုကိစ္စတစ်ခုနဲ့
သူတို့သွားကြတယ်။ မှတ်မိတာကတော့ အချိန်က ည(၇)နာရီ လောက်ပေါ့။ မှောင်လာပါပြီ
မိုးတွေကလည်း အုံ့အုံ့နဲ့ မည်းနေတာပဲ။ ညအမှောင် အိမ်တစ်လုံးမှာ  မိုးမှောင်မိုက်အတွင်း
Thursday, February 5, 2015
ကိုးကွယ်မှုဆိုတာဘာလဲ…?
အသက် (၃၅) နှစ်အရွယ်မှာ ဘုရားအဖြစ်သို့ ရောက်ရှိပြီးနောက်
ဘုရားရှင် (၄၅) နှစ်ကြာ တရားတော်များ ဟောကြားတော်မူခဲ့ပါတယ်။
ငါးပါးသီလ၊ ရှစ်ပါးသီလ၊ သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ ပဋိစ္စသမုပ္ပါဒ်၊
သတိပဋ္ဌာန် စသဖြင့် အကြောင်းအရာ မျိုးစုံဘဲ။
နောက်ပိုင်းမှာ ဘုရားဟောတရားတော်တွေဟာ
ပိဋကတ်သုံးပုံအဖြစ်ထင်ရှားလာတယ်။
ဘုရားရှင်ဟောခဲ့တဲ့တရားတော်တွေဟာ ဘာမှ တီထွင်ကြဆပြီး
ဟောခဲ့တာမပါဘူး။ အရှိတရားတွေကို ဟောတာ။
အသဲထဲ စွဲမြဲ
ဗုဒ္ဓဘာသာဝင်တွေက ဘုရားရှင်ရဲ့
ရုပ်ပွါးတော် ရုပ်တုတော် ဆင်းတုတော်တွေကို
ကိုးကွယ်ဆည်းကပ်ကြတယ်။ အရိုအသေပေးကြတယ်။
ရုပ်ပွါးတော်ဆိုတာ ဘုရားရှင်ရဲ့ ရုပ်ပုံတော်ကို ပွါးထားတာဖြစ်တယ်။
ရုပ်တုဆိုတာကလဲ ဘုရားရှင်ရဲ့ ရုပ်ပုံတော်ကို တုထားထာဖြစ်တယ်။
ဆင်းတုတော်ဆိုတာကလဲ ဘုရားရှင်ရဲ့ အဆင်းကို တုထားတာသာဖြစ်တယ်။
ဗုဒ္ဓဘာသာ
ကမ္ဘာပေါ်မှာရှိနေတဲ့ဘာသာကြီးလေးမျိုးကို အကြမ်းအားဖြင့်
(၁) ကိုယ့်ကိုယ်ကို မှီခိုအားကိုးရသောဘာသာနဲ့
(၂) သူများကို မှီခိုအားကိုးရသောဘာသာလို့
နှစ်မျိုးခွဲနိုင်တယ်။
ဒီနှစ်မျိုးထဲမှာ ဗုဒ္ဓဘာသာက နံပါတ် (၁) အမျိုးအစားပါ။
မိမိသည်သာလျှင် မိမိ၏ ကိုးကွယ်ရာဖြစ်၏၊
မိမိမှတပါး အဘယ်သူသည် (မိမိ၏) ကိုးကွယ်ရာ ဖြစ်နိုင်ပါအံ့နည်း၊
Wednesday, February 4, 2015
ရုပ်အဆင်း။
      ဥပဓိဆိုတဲ့ဥစ္စာ ရှိတယ်။ ရုပ်အဆင်းကို ခေါ်တယ်။ ရုပ်အဆင်းဟာ အမှတ်တမဲ့တော့ အရေး
မကြီးပါဘူးလို့ ပြောတယ်။ ဒါပေမယ့် ရုပ်အဆင်းလှတယ်ဆိုရင်ပဲ ဘေးက မြင်နေရတဲ့သူက ..
ဟယ်... ရုပ်ကလေးက သနားကမားလေးနဲ့ ဆိုပြီးတော့ သူ့အပေါ် ချစ်ခင်စိတ် ရှိတယ်။
ကလေး ကလေးဆိုလို့ရှိရင်လဲ ရုပ်ကလေးက သနားကမားကလေးနဲ့ ဆိုပြီးတော့ ကျွေးချင် မွေး
ချင်လာတယ်။
လူကြီး လူကြီးအလိုက်ပေါ့လေ။
အရုပ်က ဆိုးနေပြီဆိုလို့ရှိရင် ကျွေးချင် မွေးချင်စိတ်တောင် နည်းသွားတယ်။
သနားတတ်တဲ့သူနဲ့ တွေ့ရင်သာ ကျွေးချင် မွေးချင်တယ်။
         ဒါကြောင့် ဥပဓိဆိုတဲ့ ရုပ်အဆင်းဟာ သိပ်အရေးကြီးတာပဲ။
ဟို.. အထက်တန်းကျလေလေ ရုပ်အဆင်းက အရေးကြီးလေလေ။
အထက်တန်းရောက်လာလေ ဥပဓိက အရေးကြီးလေပဲ။
သူတို့ကတော့ဖြင့် အကျိုးမပေးပဲ နေပါ့မလား .. ဥပဓိကိုက တယ်ကောင်းတာကိုး။
ဥပဓိဟာ.. အကုန်လုံး လိုက်ပြီးတော့ အကျိုးပေးစရာ အကြောင်းဖြစ်သွားတယ်။
  {  http://lokachantha.blogspot.com (အရှင်ဇနကာဘိဝံသ ) မှ ကူးယူ ပူဇော်ပါသည်။ }
  ဦးသိန်းဝေ။
စိတ်ထားတတ်ရင် မြတ်ပါတယ်။
       လောဘ ဒေါသ မောဟ စတဲ့ ကိလေသာတွေရဲ့ လွှမ်းမိုးမှုကြောင့် ဘယ်လိုပဲ အကောင်း
မျှော်မျှော် အကောင်းဖြစ်လာမှာ မဟုတ်ပါ။ အဲဒီ အဆိုးတရားတွေရဲ့အကျိုးက အကောင်းဖြစ်မ
လာသည့် အတွက်ကြောင့် ဘ၀မှာ နိမ့်ကျပြီး နောက်ဆုံးမှာ ဆင်းရဲဒုက္ခနဲ့ ကြုံကြရပါတယ်။
         အခု လူ့ဘ၀ရောက်လာတယ်ဆိုတာ ကုသိုလ်ကံ ကောင်းတဲ့အလှည့်လေးတစ်ကွက်ကြုံလို့
လူ့ဘ၀ဖျက် အကျင့်စရိုက်များ။
၁။ နေမြင့်အောင် အိပ်ခြင်းသည်လည်းကောင်း၊ သူတပါးမယားကို မှီဝဲခြင်းလည်းကောင်း၊ ရန်သူ
များခြင်းလည်းကောင်း၊ အကျိုးမဲ့ပြုခြင်းလည်းကောင်း၊ မကောင်းသော အဆွေခင်ပွန်းရှိခြင်း
လည်းကောင်း၊ အလွန်စေနှဲခြင်းလည်းကောင်း၊ ဤအကြောင်း ၆ ပါးတို့သည် လူကို ပျက်စီးတတ်
ကုန်၏။
ဝိသာခါအား ဆုံးမသော ပဋိ စ္ဆန္နသြ၀ါဒ (၁၀) ပါး။
 ၀ိသာခါအား ဆုံးမသော ပဋိ စ္ဆန္နသြ၀ါဒ (၁၀) ပါးမှာ==
 ၁။ အိမ်တွင်းကမီးကို အပြင်မထုတ်ရာ၊ အိမ်တွင်းက ရန်စကားကို အပြင်သို့ မရောက်စေရာ။
 ၂။ အိမ်ပကမီးကို အတွင်းမယူရာ၊ အိမ်ပကရန်စကားကို အိမ်တွင်းသို့ မရောက်စေရာ။
 ၃။ ပေးတတ်သောသူကိုသာ ပေးရာ၏၊ ဥစ္စာကို ပြန်၍ပေးသူကို ချေးငှားရာ၏။
 ၄။ မပေးတတ်သောသူကို မပေးရာ၊ ပြန်၍မဆပ်တဲ့သူကို မချေးငှားရာ။
“အမြင်ကတော့ ဟုတ်သလိုလို”။
        မြတ်စွာဘုရားလက်ထက်တော်က သိပ်ချောသိပ်လှတဲ့ ခေမာမိဖုရားကြီးက သူရဲ့
အလှပေါ်မာန်တက်ပြီး၊ ဘုရားနားလည်း မကပ်၊ တရားလဲ မနာချင်၊ သံဃာတော်တွေကိုလည်း
မဖူးမျှော်ချင်ပါ။ အဲဒီ မိဖုရားကြီးကို မြတ်စွာဘုရားက.. “ခေမာမိဖုရား သင်က လှတယ်ပတယ်
ထင်နေတဲ့ သင်ရဲ့ခန္ဓာကိုယ်ကြီးကို တကယ် လှပတင့်တယ်မှု ရှိမရှိ  ဉာဏ်ပညာလေးနဲ့ စစ်ပြီး
မွဲခြင်း တရားခံ
ဗုဒ္ဓဘာသာမှာ ကိုးကွယ်ရာ ရတနာသုံးပါးဆိုတာရှိတယ်။
၁။ ဗုဒ္ဓ – ဘုရား ၂။ ဓမ္မ – တရား ၃။ သံဃ – သံဃာ
နံပါတ် (၁) ဖြစ်တဲ့ ဗုဒ္ဓဘုရားရှင်ကို ဘယ်လို ဘာကြောင့်ကိုးကွယ်
ဆည်းကပ်ရတယ်ဆိုတာ ရှင်းပြပြီးပြီ။
အခု နံပါတ် (၂) ဖြစ်တဲ့ ဓမ္မ တရားတော်ကို ဘယ်လို ဘာကြောင့်
ဆည်းကပ်ရတယ်ဆိုတာရှင်းပြအုံးမယ်။
ချမ်းသာရေး
မွဲနေတယ်ဆိုလို့ ချမ်းသာဘို့အတွက် ဗုဒ္ဓဘာသာစာပေကလာတဲ့
စီးပွါးရေးလမ်းညွှန်ချက်လေးတွေ ပြောပြရအုံးမယ်။
လောကီရေးထဲမှာပါတဲ့ ဗုဒ္ဓစာပေကလာတဲ့ ဒီစီးပွါးရေးလမ်းညွှန်ချက်တွေဟာ
ဟိုး လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀ ကျော်က အိန္ဒိယနိုင်ငံမှာ
ဟောကြားထားတာတွေဖြစ်တော့ အခုခေတ်လို ဘဏ်စနစ်တွေ ဘာတွေ ညာတွေ
မရှိသေးတဲ့တဲ့အတွက် ဒီခေတ်ရဲ့ အခေါ်အဝေါ် အသုံးအနှုန်းတွေတော့ ဘယ်ပါမလဲ။
အချိန်အခါနဲ့ နေရာဒေသအလိုက် ဘုရားရှင် ဟောကြားခဲ့ရတာပါ။
သံဃာရတနာ
ရတနာသုံးပါးထဲက ဘုရားရှင်နဲ့တရားတော်ကို
ဘာကြောင့် ဘယ်လိုကိုးကွယ်ရသလဲဆိုတာနဲ့ပတ်သက်ပြီး
ထင်သာမြင်သာအောင် ပြောပြခဲ့တယ်။
ဒီတခါ သံဃာရတနာလို့ခေါ်တဲ့ သံဃာတော်တွေကို
ဘာကြောင့် ဘယ်လို ကိုးကွယ်ရတယ်ဆိုတာနဲ့ပတ်သက်ပြီး
နည်းနည်း ပြောပြရအုံးမယ်။
ဒီအကြောင်းကို ပြောဘို့အတွက်
ဗုဒ္ဓဘာသာသမိုင်းအနည်းငယ်ကို သိထားဘို့လိုတယ်။
Tuesday, February 3, 2015
စင်္ကြံချိန်မှာ မှတ်စရာ။
* ဘယ်လှမ်း ညာလှမ်း၊ ဖြေးဖြေးလှမ်း၊ ခြေလှမ်းစိတ်ပါစေ။
     ဟိုဒီမကြည့်၊ ရှေ့တည့်တည့်၊ မှတ်လျက်ရှိပါစေ။
     မျက်လွှာကိုချ၊ လေးတောင်မျှ၊ ကြည့်ရ ရှုမှတ်လေ။
     ကြွတာ လှမ်းတာ၊ ချနင်းတာ၊ သေချာစောင့်ကြည့်နေ။
ပြည့်စုံလာလျှင် သတိယှဉ်
 ဘဝဆိုတာ မရှိတာရှိအောင်၊ မရသေးတာ ရအောင်၊ မဖြစ်ပေါ်သေးတာ ဖြစ်ပေါ်
အောင်၊ ဆင်းရဲနေရင် ချမ်းသာအောင်၊ မပြည့်စုံတာ ပြည့်စုံအောင်၊ ရှာရ၊ ဖွေရ၊ ပြု
လုပ်ရ၊ ကြိုးစားဆောင်ရွက်ရတယ်။ ဒါမှ ဘဝတိုးတက်တယ်၊ ပြည့်စုံတယ်။ ကြိုး
စားလို့ ပြည့်စုံလာလျှင်တော့ သတိထားရမယ်။ ပြည့်စုံလာလေ သတိထားရလေ၊
ကုသိုလ်ဖြစ်ပွား နှလုံးသွင်း။
       ကုသိုလ်ဖြစ်အောင် နှလုံးသွင်းတာကို ယောနိသော မနသိကာရလို့ ပြောနိုင်ပါတယ်။
ကုသိုလ်ဖြစ်အောင်က  မျက်စိက မြင်စရာ အာရုံလေးတစ်ခုဟာ လောဘဖြစ်စရာဆိုရင် ကိုယ့်
မှာ ဆင်ခြင်တုံတရားရှိရပါမယ်၊ သူများပိုင်တဲ့ပစ္စည်း ဆိုလို့ ရှိရင် “ဒါ သူများပိုင်တဲ့ ပစ္စည်းနဲ့
ပတ်သက်ပြီး ငါ-လောဘဖြစ်လို့ မကောင်းဘူး၊ ငါ့မှာ လောဘမဖြစ်စေရဘူး” လို့ ဒီအတွေးမျိုး
** အနာထပိဏ်သေဌေးကြီး မျက်ရည်ယိုစီး ငိုကြွေးရခြင်း။
       အနာထပိဏ်သေဌေးကြီးသည် သေခါနီး၌ ဘုရားရှင်၏ တရားတော်ကို နာလို၍တောင်း
ဆိုရာ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက ဤသို့ ဟောတော်မူ၏။ ....
         သေဌေးကြီး .. မိမိကိုယ်၌ရှိသော စက္ခုပသာဒ၊ သောတပသာဒ၊ ဃာနပသာဒ၊ ဇိဝှါပ
သာဒ၊ ကာယပသာဒ၊ မနောဒွါရတို့ကို တဏှာ၊ မာန၊ ဒိဌိတို့ဖြင့် စွဲအပ်ကာ (ငါ့ဥစ္စာ၊ ငါ၊ ငါ့ကိုယ်)
အတင်းပြောခြင်းသည် ကိုယ်ကျင့်သီလ ပျက်စီးနေတဲ့သူ။
  * အတင်းပြောခြင်းဟာ
     အပျင်းပြေကစားစရာ
     မဟုတ်သလို
     အပန်းဖြေ ဇိမ်ခံပစ္စည်းလည်း
     မဟုတ်ပါဘူး။
Monday, February 2, 2015
ရှုမှတ်ပုံမှာ ဤခန္ဓာ။
 * ရှုစရာ၌၊ စိတ်ကိုစိုက်၊ ဦးတိုက်ထားပါလေ။
     ပေါ်တဲ့နေရာ၊ ပေါ်ခန္ဓာ၊ မှန်စွာမှတ်ပါလေ။
     ပြောင်းချင်ပြင်ချင်၊ မပြုပြင်၊ ပြင်ချင်စိတ်ကို မှတ်ပါလေ။
တရားအားထုတ်တယ်ဆိုတာ။
      ကမ္မဋ္ဌာန်းအားထုတ်တယ်ဆိုတာ ၀စီကံ မဟုတ်ပါ။ ပါးစပ်ကပြောရတဲ့အလုပ် မဟုတ်ပါ။
ခန္ဓာကိုယ် အင်နဲ့အား အသုံးချပြီး လုပ်ရတဲ့အလုပ် မဟုတ်ပါ။ စိတ်နဲ့လုပ်ရမယ့်အလုပ်ဖြစ်ပါ
တယ်။ ခန္ဓာကိုယ်ရဲ့ အနေအထား ဘယ်လိုပဲနေနေ စိတ်က ဆင်ခြင်စဉ်းစားဖို့ လိုပါတယ်။
အိပ်ရင်းလည်း ဆင်ခြင်စဉ်းစားနိုင်ပါတယ်။ လမ်းလျှောက်ရင်းလည်း ဆင်ခြင်စဉ်းစားနိုင်ပါတယ်။
ဝိပဿနာဉာဏ်။
       ကမ္မဌာန်းအလုပ် အားထုတ်သော ယောဂီပုဂ္ဂိုလ်သည် ရှေးဦးစွာ သမထဘာဝနာကို ပွား
များအားထုတ်ရသည်။ သမထဘာဝနာဟူသည် အဖန်ဖန် အထပ်ထပ် မိမိသန္တာန်၌ ဖြစ်ပေါ်အောင်
ရှုမှတ်ပွားများအပ်သော နီဝရဏတရားတို့ကို ငြိမ်းအေးစေတတ်သည့် ကသိုဏ်း (၁၀) ပါး စသည်
တို့ပင် ဖြစ်ပါသည်။ တရားကိုယ်မှာ သမာဓိတရားဖြစ်၍ မိမိစိတ်ကို သမာဓိနှင့် အမြဲယှဉ်စေလျက်
မဂ်တရားကို ထိုးထွင်း၍ မသိနိုင်သူ (၁၅) ဦး။
             မဂ်တရားကို ထိုးထွင်း၍ မသိနိုင်သူ (၁၅) ဦးမှာ==
 ၁။ တိရစ္ဆာန်။
 ၂။ ပြိတ္တာ။
 ၃။ မိစ္ဆာဒိဌိ။
 ၄။ ကောက်ကျစ်စဉ်းလဲသူ။
ငါ့ရဲ့ သားသမီးသို့။
 *** ငါအိုသွားသောအခါ ငါဟာ အရင်က ငါမဟုတ်တော့ဘူး၊ ငါ့ကို နားလည်ပေးပါ၊
စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။
  *** ငါအိုသွား၍ ၀မ်းစာရှာမကျွေးနိုင်သောအခါ ဆန်ကုန်မြေလေး၊ လူငနွားကြီးလို့
မပြောပါနဲ့၊ မမြင်ပါနဲ့၊ တစ်ချိန်တုန်းက ညမိုးချုပ်သည်အထိ တစ်ခါတစ်လေ ညမနားဘဲ