Saturday, April 30, 2016
"တကယ့်ဥပေက္ခာ"
ဥပေက္ခာရဲ့ သဘောတရားကို လူတွေက အဓိပ္ပါယ်ကောက်လွဲနေတယ်။ မခေါ်မပြော၊ ဂရုမစိုက်ဘဲနေတာကို ဥပေက္ခာလို့ ထင်နေကြတယ်။ အမှန်မှာ ဥပေက္ခာက မေတ္တာထက်လည်းသာတယ်၊ ကရုဏာထက်လည်းသာတယ်။
ဥပေက္ခာဆိုတဲ့ သဘောတရားက .... လူဆိုတာ သူ့ကံနဲ့သူဖြစ်တယ်။ ဆဲသွားရင်လည်း ငါ့ဆဲရမလားလို့ စိတ်မဆိုးဘူး။
"မိဘကျေးဇူးဆပ်သူများအတွက် အကျိုးတရားများ"
အရှင်ဘုရားဒီကနေ့ဗုဒ္ဓကမ္ဘာမှာအရှင်ဘုရားရေးထားတဲ့အရွယ်လွန်အိုမင်းသောမိဘများကိုလုပ် ကျွေးသင့်ခြင်း အကြောင်း ကိုဖတ်ရတဲ့အတွက်အလွန်ဘဲဝမ်းမြောက်မိပါတယ်။ တပည့်တော်မှာလည်း သက်ရှိထင်ရှား အရွယ်အိုမင်းနေသောမိဘနှစ်ပါးလုံးရန်ကုန်မှာရှိပါတယ်။
Friday, April 29, 2016
အရည်သွေးပြည့်မီတဲ့မျိုးဆက်သစ်
ကျောက်ဖြစ်ရုပ်ကြွင်း အပိုင်းအစများကို တွေ့ရတဲ့အခါ ပညာရှင်များက ဟိုတစ်စဒီတစ်စ ဆက်စပ်ပြီး ကမ္ဘာဦးက ဒိုင်နိုဆော ဆိုတဲ့အကောင်ကြီးတွေ ရှိခဲ့တယ်လို့ ပြောကြပါတယ်။ အခုအခါမှာတော့ ဒိုင်နိုဆောနဲ့တူတာဆိုလို့ မရှိတော့ပါဘူး။ ဒါဟာ မျိုးဆက်ပြတ်သွားတဲ့ အတွက် အခုလိုမျိုးတုံးသွားရတာပါ။ ဒါကြောင့် တိရစ္ဆာန်မျိုးစိတ်တွေ ဆက်လက်ရှင်သန်စေချင်တယ်ဆိုရင်တော့ မျိုးဆက်မပြတ်အောင် မျိုးဆက်သစ် ပွား လာအောင်ပြုလုပ်ပြီး ကာကွယ်စောင့်ရှောက်ပြီး ပြုစုပျိုးထောင်ပေးကြရမှာပါ။
ရုပ်ပွားဆင်းတုကိုးကွယ်နည်း။
         ဓမ္မဒူတ အရှင်ဆေကိန္ဒဆရာတော်က ရုပ်ပွားဆင်းတုကိုးကွယ်မှုနဲ့ ပတ်သက်၍ ဤသို့
မိန့်တော်မူပါသည်။ =
         အကျိုးကျေးဇူးတွေရလာအောင် ဘုရားကို ကြည်ညိုတတ်ကြတယ်။ အဲဒီလို ကြည်ညို
တောင်ဖီလာ ဆရာတော်။
         အင်းဝခေတ် ဓမ္မစာဆိုတော်ကြီး တစ်ဦးဖြစ်တဲ့ တောင်ဖီလာ ဆရာတော်ရဲ့ မွေးဇာတိက
စလင်းမြို့ဖြစ်ပြီး ပြည်မြို့မှာ စာပေသင်ကြားတတ်မြောက်လို့ ပြည်ပဉ္ဇင်းကျော်အဖြစ် ထင်ရှားပါ
တယ်။ ဆရာတော်မှာ= (၁) ။ သူငယ်ဘ၀တွင်လည်း  ကျော်။
ဗုဒ္ဓဟောကြားတော်မူသော မနက်ဖြန်ကမ္ဘာ။
       ယနေ့ လူသားတွေရဲ့ အသက်ဟာ ရှစ်ဆယ်တန်းလို့ ဆိုပါစို့။ အသက်ရှစ်ဆယ်တန်းက
နေ လူတွေရဲ့ မနက်ဖြန် ကမ္ဘာဟာ ဘာဖြစ်ဦးမလဲဆိုတာကို မြတ်စွာဘုရားက လူတွေသိရှိ
အောင် “စက္က၀တ္တိသုတ္တန်” မှာ ဟောကြားထားပါတယ်။ လူတွေရဲ့အသက်ဟာ အခုသက်တမ်း
#မဟာဝိဟာရဓမ္မ၀ိနယတက္ကသိုလ်အကြိုဒီပလိုမာတန်းဖွင့်မည်။
သီလ၊ သုတ စွယ်စုံရသောပညာရှင်ရဟန်းတော်များကို မွေးထုတ်ရန်ရည်ရွယ်လျက်
"နေနည်းရှေးကျ သင်နည်းခေတ်မီ” ဟူသောရှေးမထေရ်မြတ်ကြီးတို့၏
သြ၀ါဒကိုဦးထိပ်ရွက်ပန်ဆင်မည်။
Thursday, April 28, 2016
မှန်ကန်တဲ့လမ်းညွန်မှုကို ပေးနိုင်ကြပါစေ
စာရေးသူတို့ရဲ့ဒေသမှာ ကွမ်းသီးပင်အမြောက်အမြား စိုက်ပျိုးကြပါတယ်။ ဘယ်နေရာပဲပဲ ကြည့်ကြည့် ကွမ်းပင်များ မျက်စိတစ်ဆုံးပါပဲ။ တနင်္သာရီမြစ်ကမ်း ၀ဲယာ တစ်ဖက်တစ်ချက်တွေမှာ ကွမ်းပင်တွေ ချည်းပါပဲ။ ဒါကြောင့် ကွမ်းသီးဟာ တနင်္သာရီဒေသရဲ့ အဓိကထွက်ကုန်တစ်ခုဆိုရင်လဲ မမှားပါဘူး။ ယခုနှစ် ရာသီဥတုက ပူပြင်းလွန်းတဲ့အတွက် ကွမ်းပင်များ ညိုးနွမ်းကာ သေကျေ ပျက်စီးကြပါ တယ်။
Wednesday, April 27, 2016
လက်ခံနားလည်ပေးနိုင်ကြပါစေ
ဆုံးမတယ်ဆိုတဲ့အသုံးအနှုန်းနဲ့ အကြံပေးတယ်ဆိုတဲ့အသုံးအနှုန်း နှစ်ခုဟာ အသက်အရွယ်အကြီးအငယ်ကိုလိုက်ပြီး ခေါ်ဆိုကြတာမို့ သဘောအတူတူပဲလို့ ဆိုချင်ပါတယ်။ ရှင်းပါဦမယ်။ အရွယ်အားဖြင့်ကြီးတဲ့သူကို ငယ်တဲ့သူက ပြောရင် အကြံပေးတယ်လို့ ပြောဆိုသုံးနှုန်းပြီး၊ ငယ်တဲ့သူကို ကြီးတဲ့သူကပြောရင် ဆုံးမတယ်လို့ ပြောကြပါတယ်။ အကျိုးအကြောင်းဆီလျော်စွာ ပြောဆိုလာတဲ့စကားကို စဉ်းစားပြီး နားလည်လက်ခံပေးတာဟာ ပြောဆိုလို့လွယ်ကူတယ်ဆိုတဲ့မင်္ဂလာတစ်ပါးပဲဖြစ်တယ်။
ဒုစရိုက် (၁၀)ပါး ဖြစ်ပေါ်လာပုံ။
       ဤလူ့လောကကြီး ဖြစ်တည်စအချိန် လူတို့၏သက်တမ်းသည် ဤမျှပါဟု ပြောဆို၍မရအောင်
ရှည်လှစွာသော အသေင်္ချေယျတန်း မှစ၍ လူသားတို့သည် ဗြဟ္မစိုရ်တရားတို့ကို ကျင့်သုံးနေထိုင်
လာခဲ့ရာမှ ရသတဏှာကို အခြေခံသည့် ကိုယ်တွင်းအကုသိုလ်တရားများ တဖြည်းဖြည်း ဖြစ်ပွားလာ
ဝိသုဒ္ဓိ (၇) ပါး။
၁။ သီလ၀ိသုဒ္ဓိ = လူတို့၌လည်း လူတို့အလျောက်၊ ရဟန်းတို့၌လည်း ရဟန်းတို့အလျောက် သီလ
                     စင်ကြယ်ခြင်း။
ဇဋိလ၏ မှားယွင်းခဲ့သော သံသရာခရီး။
        သံသရာခရီးသွားရင်း အမှားလုပ်မိတဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်ပုံဒုက္ခ ရောက်ကြတယ်ဆိုတာ
မှတ်သားပြီး အမှားမလုပ်မိအောင် သတိဆောင်ကြဖို့ လိုပါတယ်။ သံသရာခရီး သွားနေတဲ့ ပုဂ္ဂိုလ်
တိုင်းဟာ အမှားလုပ်မိတတ်ကြပါတယ်။ ဘာကြောင့် အမှားလုပ်မိသလဲဆိုရင် အကြောင်းအကျိုး
ခန္ဓာငါးပါး (သဘောတရား)။
        ခန္ဓာဆိုသည်မှာ မိမိတို့၏ ခန္ဓာကိုယ်ကြီးမဟုတ်ပါ။ ခန္ဓာဆိုသည်မှာ အပေါင်းအစုသာ
ဖြစ်သည်။ လူတွင် ခန္ဓာငါးပါးသာရှိပါသည်။ ၄င်းတိုပမှာ=
၁။ ရုပ်   = ရူပက္ခန္ဓ   = ရုပ်အစု ဖောက်ပြန်မှုသဘောတရား။
Tuesday, April 26, 2016
သစ္စာ၏ သဘာဝကို လေ့လာခြင်း
သစ္စာ၏ အဓိပ္ပါယ်မှာ ဖြောင့်မှန်ခြင်းဖြစ်၏။ မှန်တာပြောသစ္စာဟူသည့် ဆိုရိုးရှိ၏ အမှန်ပြောခြင်းသည် ၀စီကံ၏သစ္စာဖြစ်၏။ ပြုမှုသည့်အတိုင်း ပြောရခြင်းဖြစ်သဖြင့် ကာယကံအားဖြင့်လည်း မှန်၏။ ကာယကံ ၀စီကံနှင့်အတူ အတွေးအကြံအားဖြင့် ဖြောင့်မှန်သော ရိုးသားသော သဘောရှိ၍ မနောကံအားဖြင့်လည်း မှန်ကန်ရ၏။ ထိုအခါ သစ္စာ၏ ဂုဏ်သည် ပေါ်လွင်လာ၏၊ အကြောင်းအရာတစ်ခု၌ ရိုးသားဖြောင့်မှန်သော အတွေးအကြံလည်း ရှိ၏။ ရှိသည့်အတိုင်း ပြု၏။
Monday, April 25, 2016
မေတ္တာကို စနစ်တကျနဲ့ပွားပြီး စိတ်ရဲ့ထွက်ပေါက်ကို ရှာမယ်
★ ဘုန်းကြီးတို့တွေ ရံဖန်ရံခါ စိတ်ထဲမှာ အလိုမကျမှုဆိုတာ ဖြစ်တယ်။ထိုအလိုမကျမှုဟာ ကြီးထွားလာရင် ပေါက်ကွဲတယ်။ ဒါကိုဒေါသ ဗျာပါဒ လို့ခေါ်တယ်။ ကိုယ့်ရဲ့ငြိမ်းချမ်းတဲ့ စိတ်ကလေး ပျက်စီးလာတယ်။ စိတ်ရဲ့အလိုကျမှုကို တချို့က ကိုယ်မကျေနပ်တဲ့ဟာကို တခြားဟာနဲ့ အစားထိုးတယ်။
မြတ်ဗုဒ္ဓဟောကြားသော ကိုးကွယ်ရာနှင့် မကိုးကွယ်ရာ။
        ဗုဒ္ဓမြတ်စွာဘုရား ပွင့်ထွန်းတော်မူလာပြီးနောက် ကိုးကွယ်ရာနှင့် မကိုးကွယ်ရာကို ခွဲခြား
၍ ဟောကြားညွှန်ပြခဲ့ပါသည်။ မြတ်ဗုဒ္ဓ ဟောကြားမိန့်မှာသည်မှာ=
      *  “ ယော စ ဗုဒ္ဓဉ္စ ဓမ္မဉ္စ၊ သံဃဉ္စ သရဏံ ဂတော။
မတ္တရာဆရာတော်လိုမျိုး သဘောထားကြမယ်ဆိုရင်။
      မတ္တရာဆရာတော်ဆိုတာ ပဉ္စမသင်္ဂါယနာတင် ဒါယကာ မင်းတုန်းမင်းကြီး လက်ထက်တုန်း
ကရှိခဲ့ပါတယ်။ အရာရာမှာ အကောင်းဘက်ကတွေးပြီး သည်းခံလေ့ရှိပါတယ်။ သည်းခံတဲ့နေရာ အ
ကောင်းမြင်တဲ့နေရာမှာ နာမည်ကြီးလို့  အဲဒီဆရာတော်ကြီးကို စမ်းကြည့်ကြပါတယ်။ တစ်နေ့ကျ
တရားဓမ္မရှိနေရင် ငါဘုရားရှိနေပါတယ်။
       မြတ်စွာဘုရားက ပရိနိဗ္ဗာန်စံခါနီးမှာ ဟောထားခဲ့တာရှိတယ်။ “ ယောခေါ အာနန္ဒ
မယာ ဓမ္မော စ ၀ိနယော စ ဒေသိတော ပညတ္တော၊ သော ဝေါ မမစ္စယေန သတ္ထာ ” တဲ့၊
အာနန္ဒ- ညီဘွားအာနန္ဒာ၊ ယော ဓမ္မော-အကြင်ဓမ္မကိုလည်းကောင်း၊ ယော ၀ိနယောစ-
Sunday, April 24, 2016
ပိဋကတ်အဓိပ္ပါယ်နှင့် ပိဋကတ်တော် လှူဒါန်းရကျိုး
အရှင်သာရိပုတ္တရာမေးတော်မူ၍ မြတ်စွာဘုရားရှင်ဖြေတော်မူသည်။
ပိဋက-ဆိုတဲ့ စကားလုံးက အများသိနေကြတာကတော့ “ခြင်းတောင်း” ဆိုတဲ့ အဓိပ္ပာယ်ပဲ၊ အင်္ဂလိပ်လို ပြန်တဲ့အခါ Basket လို့ပြန်ကြပါတယ်။ အဲဒါကြောင့် ပိဋကတ်သုံးပုံကို Three Basket လို့ ပြန်လေ့ရှိပါတယ်။ သို့သော် ပိဋက-ဆိုတာ ခြင်းတောင်းဆိုတဲ့ အဓိပ္ပါယ်တစ်မျိုးတည်းမဟုတ်ဘဲ