“ဥဂ္ဃဋိတညူ”တဲ့။ ဒီပုဂ္ဂိုလ်ကတော့ အဆင့်အမြင့်ဆုံး ပုဂ္ဂိုလ်မျိုးပေါ့၊ အသိဉာဏ်
အထက်မြက်ဆုံး ပုဂ္ဂိုလ်၊ နည်းနည်းလေးပြောလိုက်တာနဲ့ တစ်မဂ်တစ်ဖိုလ် ရသွားနိုင်တယ်၊
ဥပမာ အရှင်သာရိပုတ္တရာမထေရ်မြတ် တို့လိုပါ။ အရှင်သာရိပုတ္တရာ မထေရ်မြတ်ဆိုလို့ရှိရင်
ပထမတုန်းက တရားဓမ္မရှာရင်း သိစ္စည်းပရိဗိုဇ်ကြီးရဲ့ တပည့်အဖြစ် ခံယူတယ်၊ ပရိဗိုဇ်ဝတ်
Saturday, May 17, 2014
၁၀ ပါး သီလကို အသက်ထက်ဆုံး စောင့်ထိန်းကြသူများ။
ရဟန်းတော်များမှာ ပါတိမောက္ခ သံဝရသီလ ခေါ်သော ၀ိနည်းသီလများကို စောင့်ထိန်း
ရ၏။ ရဟန်းဖြစ်ပြီးလျှင် ပြီးချင်း အထူးဆောက်တည်နေဖို့ အလိုဘဲ ဆောက်တည်ပြီးသား ဖြစ်
သွားပြီးလျှင် စောင့်စည်းထိန်းသိမ်းရန် တာဝန်အပြည့် ရှိလာတော့၏။ ရှင်သာမဏေများမှာ ၁၀
ပါး သီလကို ဆောက်တည် စောင့်ထိန်းရ၏။

စူဠသောတာပန်။
ကိလေသာ (၁၀) ပါးအနက် ဒိဌိ၊ ၀ီစိကိစ္ဆာကို အကြွင်းမဲ့ ပယ်သတ်နိုင်လျှင် သောတာပန်
ဖြစ်ပြီး ဖြစ်ပါသည်။ ဤ ကင်္ခါဝိတရဏ၀ိသုဒ္ဓိစခန်း ပေါက်သော ယောဂီသည် ယင်း ဒိဌိ၊ ၀ီစိကစ္ဆာ
ကို အကြွင်းမဲ့ မပယ်သတ်နိုင်သေးသော်လည်း အတန်ကြာအောင် ပယ်နိုင်ပြီးဖြစ်၍ သောတာပန်
နှင့် အလားတူသောကြောင့် စူဠသောတာပန် ဖြစ်တော့သည်။ ဒုတိယ ဘ၀အတွက် သုဂတိမြဲပြီး

သာသနာ့ဘောင်သို့  ၀င်ရောက်လာကြသော " ရဟန်းအမျိုးမျိုး ” ။
လူဝတ်ကြောင်များက သာသနာ့ဘောင် ၀င်ရောက်၍ ရဟန်းဝတ်လျှင် ကုသိုလ်ရသည်၊ ငရဲမကျ
ဟု ထင်ကြသည်။ အမှန်မှာ ရဟန်းဝတ်ရရုံဖြင့် ကုသိုလ်ရလှသည်တော့ မဟုတ်ပါ။ ရဟန်းဝတ်ပြီး မိမိ
တို့ နှင့်ဆိုင်သော သိက္ခာပုဒ် သီလများကို မကျိုးမပေါက်အောင် ဂရုစိုက် ထိန်းသိမ်းနိုင်မှ ကုသိုလ်ရ
ပါသည်။ သို့ မဟုတ်က(လူဝတ်ကြောင်လို) ထိုင်နေရုံမျှဖြင့် အပြစ်အာပတ် သင့်ပြီး နေတတ်ပါသည်။

ဘ၀အတွက် ထာဝရချမ်းသာစေသောနည်းလမ်း။
လောကလူသားတွေရဲ့  သဘာဝအရ လူဟာအဖေါ်မရှိဘဲမနေတတ်ပါ တခြားသတ္တ၀ါတွေ ကြည့်လိုက်မယ်
ဆိုရင်လဲ အဖေါ်နဲ့  နေကြတာပါ။ ဒီလိုအဖေါ်နဲ့  နေခြင်းအားဖြင့် အကျိုးကျေးဇူးက ဘာလဲ။ ဘယ်လိုအဖေါ်မျိုး

Friday, May 16, 2014
၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်း။
ရဟန်းတော် တစ်ပါးဟာ အင်မတန်မှ သိချင်လှတဲ့ မေးခွန်းတစ်ခုရဲ့ အဖြေကို လိုက်ရှာ
လိုက်တာ အခုခေတ်စကားနှင့်ပြောရရင်ကမ္ဘာအနှံ့ပေါ့နော်။ သူက တန်ခိုးရှင်ပဲ၊ တန်ခိုးရှင် ဆိုတာ
ဈာန်အဘိဉာဏ်တွေ ရသည့်အတွက်ကြောင့် ဒီမေးခွန်းရဲ့ အဖြေကို လူ့ပြည်မှာတင် မကဘူး၊ နတ်
ပြည် ဗြဟ္မာပြည်ထိအောင် တက်ပြီးရှာပါတယ်၊

မီး ၁၁ ပါး ဆိုတာ။
၁။ ရာဂမီး = လိုချင်တပ်မက်ခြင်း။
၂။ ဒေါသမီး = စိတ်ဆိုး စိတ်ပျက်ခြင်း။
၃။ မောဟမီး = အမှန်အတိုင်း မသိခြင်း။
၎။ ဇာတိမီး = ပဋိသန္ဓေ နေရခြင်း။
၂။ ဒေါသမီး = စိတ်ဆိုး စိတ်ပျက်ခြင်း။
၃။ မောဟမီး = အမှန်အတိုင်း မသိခြင်း။
၎။ ဇာတိမီး = ပဋိသန္ဓေ နေရခြင်း။
နတ် အစားအစာ။
နတ်တို့သည် နတ်သုဒ္ဓါခေါ် သြဇာ အဆီအနှစ် အနည်းငယ်မျှကိုသာ စားသုံးကြသည်။ ထို
နတ်သုဒ္ဓါသည် လူတို့၏ အစာအဟာရမျိုးကဲ့သို့ ကာဗွန်ပါသော အစာမျိုး မဟုတ်။ ခန္ဓာကိုယ်၌
အားဖြစ်စေနိုင်သည့် အစွမ်းထက်သော အဆီအနှစ်တစ်မျိုးသာ ဖြစ်သည်။ ထို့ကြောင့် ခန္ဓာကိုယ်
အတွက် အသုံးမ၀င်သော ကာဗွန်များကို ပြန်လည်ထုတ်ပစ်ရန် မလိုတော့သဖြင့် နတ်များသည်

ကံ၏အကျိုးပေးပုံကို တိကျသောပေတံဖြင့် တိုင်းတာခြင်း။
ကံ၊ ကံ၏အကျိုးကို ယုံကြည်သူတို့  လည်းရှိကြပါသည်၊ မယုံကြည်
သူတို့ လည်းရှိကြပါသည်။ ကိုယ်ပြုသောကံသည်၊ အဂတိမလိုက်စား
သော တရားသူကြီး ဖြစ်ပါသည်။ ကံကိုယုံကြည်သူ ဖြစ်ဖြစ်၊ မယုံကြည်
သူ ဖြစ်ဖြစ်၊ ကံ၏အကျိုးသည်၊ လွမ်းမိုးပါသည်။

စိတ်၏စေရာနောက်ကို လိုက်နေကြပါတယ်။
ဗုဒ္ဓဘာသာဝင်မှန်သမျှ ရတနာ သုံးတန်နှင့် ကံ၊ ကံ၏အကျိုးကို ယုံကြည်ကြသည်။ ကံ၊ ကံ၏အကျိုးကို ယုံ
ကြည်ခြင်းဟူသည် မိမိပြုသော ကောင်းမှု၊ မကောင်းမှုကသာ မိမိ၏ဘ၀ သံသရာကို စီမံဖန်တီးခြင်း ဖြစ်သည်

Thursday, May 15, 2014
အမြတ်ဆုံးဒါန။
ရှင်သာရိပုတ္တရာရဲ့အလောင်းဥပတိဿ ပရဗိုဇ်ကြီး အမတ ဆိုတဲ့ သေခြင်းကင်းရာ တရား
ကို လိုက်ရှာပါတယ်။ ရှာတဲ့အခါမှာ ထိုခေတ်က ခေတ်စားနေတဲ့ နာမည်ကြီးတဲ့ သဉ္စယဆိုတဲ့ ပရဗိုဇ်
ကြီးထံမှာ တပည့်ခံပြီး ပရဗိုဇ်လုပ်နေပါတယ်။ သူ့ဆီက ပညာတွေ သင်လိုက်တယ်။ အဲဒီ သင်ယူလိုက်
တဲ့ သူ့ဆီကပညာတွေက သူလိုချင်တဲ့အကျိုးကို မပေးစွမ်းနိုင်ပါ။ ပေးနိုင်စွမ်းမရှိလို့ တရားဓမ္မကို

ဘုရားရှင်က သာသနာပြု စေလွှတ်တော်မူခြင်း။
မြတ်စွာဘုရားသည် ပထမ၀ါ၌ မိဂဒါဝုန်တောတွင်ပင် ၀ါဆိုတော်မူ၏။ နာလက ရသေ့
အား မောနေယျအကျင့်ကို ဟောတော်မူ၏။ သူဌေးသား ယသကိုလည်းကောင်း၊ သူ၏ သူငယ်
ချင်း ၅၄ ယောက်တို့ကို လည်းကောင်း တရားရစေကာ ဧဟိဘိက္ခု ရဟန်းပြုပေးတော်မူ၏။
ယသ ၏ မိဘများနှင့် ဇနီးဟောင်းတို့ သောတာပန် ဖြစ်ကြ၏။

နတ်ပြည်၊ ဗြဟ္မာ့ပြည်မှ မြေအမျိုးအစား။
လူ့ပြည်ဖြစ်သော ဤကမ္ဘာတွင် သဲမြေ၊ နူးမြေ၊ ရွံ့မြေ၊ ကျောက်မြေစသည်ဖြင့် မြေ
အမျိုးမျိုး ရှိပါသည်။ နတ်ပြည်၊ ဗြဟ္မာ့ပြည်၌ မြေသည် လူ့ပြည်မှာကဲ့သို့ ဖုံမှုန့်ပါသောမြေမျိုး
မဟုတ်ပေ။ ဖန်မြေ၊ မှန်မြေ ဖြစ်၏။ ဖုံမှုန့်စသော အညစ်အကြေးကင်းစင်၍ နတ် ဗြဟ္မာတို့၏
ကိုယ်ကာယ အဆင်းသည် ကြည်လင်၏၊ ရောင်ရွှင် ၀င်းပ၏။ နတ်နန်းဗိမာန်တို့သည်လည်း

တစ်နှစ်တစ်ခါ ငရဲရှာ၊ လူ့ ရွာဘုရားပွဲ။
ဘာသာရေးပွဲ၊ ဘုရားပွဲ၊ ဘုန်းကြီးပျံပွဲများကို ရှေးအစဉ်အလာအရ ကျင်းပလာခဲ့ကြရာ၊ ဘာသာရေး
အရ အနှစ်သာရရှိရှိ ထိထိမိမိ ဆောင်ရွတ်ရမည့်အစား ပျော်ပွဲရွှင်ပွဲနှင့်( အချို့ သောဒေသတွင် လောင်းက
စားပွဲ ) တို့ လွှမ်းမိုးနေကြသည်ကို ကြားသိနေရပါသည်။ ဓမ္မရေးရာ ကိစ္စရပ်များတွင် ပျော်ပွဲရွှင်ပွဲတို့ 
နေရာယူ လွမ်းမိုးလာသည်မှာ ဗုဒ္ဓဘာသာဝင်များအဖို့  ကောင်းသောလက္ခဏာ မဟုတ်ပါ။ ဘာသာရေး

ကောင်းမှုကုသိုလ်တို့ ၏ အစ။
လူတစ်ဦးသည် မိမိကြောင့် လူနှင့်သတ္တ၀ါများ ဆင်းရဲဒုက္ခ ရောက်စေမည့် အပြုအမူ၊ အကျင့်စရိုက်များ
မှရှောင်ကြဉ်ဖို့  လိုပါသည်။ ဤသို့  ရှောင်ကြဉ်ခြင်းသည်ပင် "လူ့ ကျင့်ဝတ်၊ လူ့ သီလ၊" ဟုဆိုနိုင်ပါသည်။
မိမိကို အကြောင်းပြုလျက် လူနှင့်သတ္တ၀ါတို့  ဆင်းရဲဒုက္ခ ရောက်စေသော အပြုအမူ အကျင့်အလုပ် မှန်သ
မျှကို ရှောင်ကြဉ်ခြင်းသည် လူ့ ကျင့်ဝတ် ဖြစ်ပါသည်။ သီလ၌ တည်သူဖြစ်စိမ့်သောငှာ ကောင်းစွာပြောဆို

Wednesday, May 14, 2014
ပစ္စန္တရစ် လူဖြစ်သူ။
မြတ်စွာဘုရားပွင့်လို့ တရားဟောနေတဲ့အချိန် ဘုရားတရားနဲ့ မနီး၊ အလွန်ဝေးလံတဲ့အရပ်၊
သာသနာမထွန်းကားတဲ့ နေရာမှာ လူသွားဖြစ်နေတယ်ဆိုရင် တရားဟောတာ ကြားနာခွင့် မရတဲ့
အတွက် အဲဒီပုဂ္ဂိုလ်ဟာလည်းပဲ အခွင့်အရေး ဆုံးရှုံးတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ပါတယ်။ လောကမှာ
ဝေးလံဒေသ တောတောင်ထူထပ်တဲ့အရပ်မှာဖြစ်တဲ့ လူရိုင်းဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ အချို့ဒေသတွေမှာ

စင်ကြယ်သော ဥပုသ်ဆိုသည်မှာ။
ဥပုသ်စောင့်မည်ဆိုလျှင် အလျင်တနေ့ကပင် ဥပုသ်နေ့၌ အလုပ်မဖြစ်သည့်ကိစ္စမျိုး မရှိ
ရအောင် ကြိုတင်၍ အပြီးအစီး ဆောင်ရွက်ထားရသည်။ ဥပုသ်နေ့ ရောက်လာ၍ ဥပုသ်ခံယူ
ဆောက်တည်ထားသောအခါ ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃဂုဏ်၊ မိမိဆောက်တည်ထားသော
သီလဂုဏ် စသည်တို့ကို ဆင်ခြင် နှလုံးသွင်းလျက် နေရမည်။

သီလ၊ သမာဓိ၊ ပညာ၊ အစစ်ကျတော့ တစ်သိန်းမှာ တစ်ယောက်။
လောကမှာ လူတစ်သိန်းရှိတယ် ဆိုကြပါစို့ ။ ။
လူတစ်သိန်းမှာ သုံးပုံပုံ နှစ်ပုံဆိုရင် ( ၆၆,၆၆၆) ယောက်ရှိပါတယ်။ အဲဒီ( ၆၆,၆၆၆ )
ယောက်က ရုပ်ရည်အဆင်း သပ္ဖာယ်တာကို ကြည်ညိုကြပါတယ်။ ။
လူတစ်သိန်းမှာ ငါးပုံလေးပုံဆိုရင် လူ( ၈၀,၀၀၀ ) ရှိပါတယ်၊ အဲဒီ လူ(၈၀,၀၀၀) က

မြတ်ဗုဒ္ဓ၏ နောက်ဆုံးစကားဖြင့် နိဗ္မာန်ဆီသို့ ဦးတည်ခြင်း။
သံသရာထဲမှာ ကျင်လည်ရတဲ့အခါ ဒုက္ခဆင်းရဲတွေ နည်းနိုင်သမျှနည်းပြီး ချမ်းသာ
သုခ များစွာနဲ့  သံသရာထဲမှာ ကျင်လည်ရပြီး နောက်ဆုံးမှာ ချမ်းသာသုခတို့ ရဲ့  အ
ထွဋ်အထိတ် ချမ်းသာဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာထိအောင် မြတ်စွာဘုရားက လမ်းညွှန်ပေး
ထားပါတယ်။ ဘုရားဟောတဲ့ တရားတော်တွေဟာ နိဗ္ဗာန်ကို ဦးတည်တယ် ဆိုပေမဲ့

Tuesday, May 13, 2014
ဈာန်တရားအားထုတ်ရင်း မမှန်ကန်တဲ့အတွေးများ။
တစ်ချို့ပုဂ္ဂိုလ်က ဈာန်တရားအားထုတ်ရင်း မမှန်ကန်တဲ့ အတွေးကလေး ပေါ်လာတတ်
ကြပါတယ်။ အားထုတ်နေသူရဲ့စိတ်မှာတွေးမိတာက....စားချင်တာလည်း ဒီစိတ်၊ သွားချင်တာလည်း
ဒီစိတ်၊ ၀တ်ချင်တာလည်း ဒီစိတ်၊ ကြည့်ချင်မြင်ချင်တာလည်း ဒီစိတ်၊ ကာမဂုဏ်ခံစားချင်တာလည်း
ဒီစိတ်၊ စိတ်မရှိရင်အေးမှာပဲ၊ ဒီစိတ်က နေရာတကာဆောင်နေတယ်၊ စိတ်က တော်တော် ဆိုးတယ်၊

အမျှပေးဝေသော် မိမိမှာ ကုသိုလ်အရနည်းသွားသလား ?။
မိမိရသော ကုသိုလ်အဖို့ကို သူတစ်ပါးအား အမျှပေးဝေသောအခါ “ မိမိမှာ ကုသိုလ်အ
ရ နည်းမသွားပေဘူးလား ” ဟု စဉ်းစားဖွယ်ရှိ၏။ ကုသိုလ်ဆိုသည်မှာ စိတ်စေတနာသာ လိုရင်း
ဖြစ်၏။ မိမိ ပထမပြုသော ဒါနကုသိုလ်အတွက် စိတ်စေတနာကောင်း ဖြစ်ပြီးလေပြီ။ မိမိမှာ

အဘိဉာဏ် အင်္ဂါ ၈ ပါး။
၁။ အလွန်စင်ကြယ်ခြင်း။
၂။ ဖြူစင်ခြင်း။
၃။ ကိလေသာရာဂကို ဖျောက်ခြင်း။
၎။ နူးညံ့စွာဖြစ်ခြင်း။
၅။ တန်ခိုး ဖန်ဆင်းခြင်း၌ စွမ်းနိုင်ခြင်း။

နက္ခတ်ဗေဒင်နှင့် ထေရ၀ါဒဗုဒ္ဓဘာသာ၏ ကုသိုလ်၊ အကုသိုလ်အမြင်။
ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့ သည် "ရတနာသုံးပါး" ကိုသာလျှင်
ကိုးကွယ်ဆည်းကပ် ကြပါသည်။ မြန်မာနိုင်ငံသည် ထေရ၀ါဒ ဗုဒ္ဓဘာ
သာ နိုင်ငံဖြစ်ပါလျက် ဘာသာခြား ဗြဟ္မဏပုဏ္ဏားများ စီရင်ရေးသား
ထားသော ၁၂ ရာသီဟောကိန်း၊ အကျိုးပေးဂဏန်း၊ ယတြာ၊အဆောင်

အရှင်နန္ဒမာလာဘိဝံသ၏ ဗျာသနတရားဖြင့် နိဗ္ဗာန်ထိအောင် စွမ်းဆောင်ခြင်း။
သူတော်စင်တွေ ဆုတောင်းတိုင်း ၀ိပတ္တိတရား လေးပါး။ ဗျာသနတရား ငါးပါး။ ဆိုတာကြပါ
တယ်။ အဲဒီ ဗျာသနတရား ငါးပါးမှာ==ဥာတိဗျသန=ဆွေမျိုးတွေထဲက ပျက်စီးမှု။ ဘောဂဗျသန=
စည်းစိမ်ဥစ္စာတွေ ပျက်စီးမှု။ ရောဂဗျသန=ရောဂါဝေဒနာ ဖြစ်ခြင်းဖြင့် ပျက်စီးမှု။
သီလဗျသန=အကျင့်သီလ ပျက်စီးမှု။ ဒိဌိဗျသန=အယူဝါဒအမြင်ရဲ့ ပျက်စီးမှုတို့  ဖြစ်ကြတယ်။

Monday, May 12, 2014
ထေရ၀ါဒ ဗုဒ္ဓသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအသင်း(ရန်ကုန်)။
၂၀၀၂ ခုနှစ်၊ စက်တင်ဘာလ၊(၁)ရက်နေ့တွင် ထေရ၀ါဒ ဗုဒ္ဓသာသနာ ထိန်းသိမ်း
စောင့်ရှောက်ရေးအသင်းကြီးကို ဒေါပုံမြို့နယ်တွင် ဖွဲ့စည်းခဲ့ပါသည်။
အသင်းကို အောက်ပါရည်ရွယ်ချက် (၅) ရပ်နှင့် လုပ်ငန်းစဉ် (၃) ရပ်ကို ချမှတ်ခဲ့ပါသည်။

ဈာန်တရားအားထုတ်ရင်း အတွေးလွဲချော်မှုများ။
မြတ်စွာဘုရားက လောကကြီးမှာ ပွင့်တော်မူနေပြီး တရားဓမ္မတွေ ဟောနေပါပြီ။ ဘုရား
လောင်းတုန်းက ဆရာတော်ဖူးတဲ့ “အာဠာရကာလာမ” နဲ့ “ဥဒက ရာမပုတ္တ” တို့က ရုပ်ခန္ဓာကိုယ်ကြီး
မပါတဲ့ ဗြဟ္မာ့ဘုံ ရောက်နေကြပါတယ်။ အာဠာရကာလာမ ဆိုတဲ့ ဆရာကြီးက ဈာန်အဆင့် အားဖြင့်
ခုနှစ်ဆင့်ထိ ပေါက်ထားတဲ့ ပုဂ္ဂိုလ်ကြီး၊ တစ်ဖန် ဥဒက ရာမပုတ္တ ဆိုတဲ့ ရသေ့ကြီးက ဈာန်ရှစ်ဆင့်ထိ

မထင်မရှားဖြစ်သော စိတ်များ။
မိမိ၏ စိတ်ဖြစ်ပုံကို မိမိကိုယ်တိုင် စဉ်းစားကြည့်သောအခါ တချို့စိတ်၏ ဖြစ်ပုံသည်
ထင်ရှား၏။ တချို့စိတ်၏ ဖြစ်ပုံကား မထင်ရှား။ အိပ်ပျော်နေသောအခါ၌ စိတ်အစဉ်သည် ဖြစ်
မြဲ ဖြစ်နေ၏။ သို့သော် ဖြစ်ပုံကား မထင်ရှားချေ။ နိုးသောအခါမှာလည်း အမှတ်တမဲ့ မြင်ရ၊
အနုကမ္ပက မိတ်ဆွေ။
၁။ ထိုမိတ်ဆွေ၏ ဆုတ်ယုတ်ပျက်စီးခြင်းကို မနှစ်သက်။
၂။ ထိုမိတ်ဆွေ၏ ဖြစ်ထွန်းတိုးတက်ခြင်းကို နှစ်သက်၏။
၃။ ထိုမိတ်ဆွေအား ကဲ့ရဲ့စကား ပြောကြားသူကို ကန့်ကွက်တားမြစ်တတ်၏။

သာသနာတော်ကျင့်ထုံး မဟုတ်သော သက်သတ်လွတ်စားခြင်း။
ယခုအခါ လွဲမှားသော ကိုးကွယ်ရာများကို ရှေ့တန်းတင်ထားသော သက်သတ်လွတ် စားသောဝါဒ၊
အသွေးလွတ် အသားလွတ် စားသောဝါဒ၊ မီးလွတ်စားသောဝါဒ၊ တို့ ကို တွင်ကျယ်အောင် ဖြန့် ဖြူးနေသော
အင်အားစုများ ရှိနေပါသည်။ ထေရ၀ါဒ ရှုထောင့်မှကြည့်သော် အထွက်တင်ရမည့် သာသနကျင့်စဉ် မ

အရှင်နန္ဒာဘိဝံသ၏ မဂ္ဂင်ရှစ်ပါး အကျင့်တရားဖြင့် နိဗ္ဗာန်ချမ်းသာကို လမ်းညွှန်မှု။
နိဗ္ဗာန်ချမ်းသာကို ရဖို့ ရာ အကျင့်တရား အမှန်က မဂ္ဂင်ရှစ်ပါး အကျင့်တရားဘဲ
ဖြစ်တယ်။ မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ပြောရရင်=="သမ္မာဝါစာ"=စကားအပြောကို
ထိန်းသိမ်းစောင့်ရှောက် ရမယ်။ စကားပြောဆိုတဲ့အခါ အပြစ်ကင်းတဲ့ စကားမျိုးကိုဘဲ

Sunday, May 11, 2014
ဘုရားရှင်လောင်းရဲ့ ဆရာ။
မြတ်စွာဘုရားအလောင်းတော်ဘ၀က တောထွက်ပြီး တရားကျင့်ပါတယ်။ တရားကျင့်တဲ့အခါ
ပထမ ဆရာမျိုးစုံထံ နည်းယူပြီးတော့ကျင့်ပါတယ်။ အဲဒီထဲမှာ အာဠာရကာလာမဆိုတဲ့ ဆရာကြီးတစ်
ဦးလည်းပါတယ်၊ ဥဒကရာမပုတ္တ ဆိုတဲ့ဆရာကြီးတစ်ဦးလည်း ပါတယ်၊ အာဠာရကာလာမဆိုတဲ့ ဆရာ

ပညာစစ်၊ ပညာတုဆိုတာ။
ပညာစစ် = ကံ၊ ကံ၏အကျိုးကို သိတတ်သောဉာဏ်၊ စာပေကျမ်းဂန်၏ အဓိပ္ပါယ်မှန်ကို
နားလည်သောဉာဏ်၊ ၀ိပဿနာဉာဏ်၊ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်များနှင့် ဘုရားရှင်၏ သဗ္ဗညုတ
ဉာဏ်တိုင်အောင် အပြစ်ကင်းသော အသိအလိမ္မာ ဉာဏ်ဟူသမျှ ပညာအစစ်ပင်တည်း။

အတ္ထက္ခာယီ မိတ်ဆွေ။
၁။ မကောင်းမှုမှ တားမြစ်တတ်၏။
၂။ ကောင်းမှု၌ သက်ဝင်စေ၏၊ တိုက်တွန်းတတ်၏။
၃။ မကြားဖူးသော တရားစကားကို ပြောကြားတတ်၏။
၎။ နတ်ပြည်ရောက်ကြောင်း ခရီးလမ်းကို ပြောကြားတတ်၏တို့ ဖြစ်ပါတယ်။ ။

ကျန်ရှိနေတဲ့ သက်တမ်းကို အကျိုးရှိအောင် ကုသိုလ်ဖြင့် ဘ၀နေနည်း။
လူတစ်ယော်ရဲ့ တန်ဖိုးကို ရာထူး၊ ဂုဏ်၊ ငွေကြေးဥစ္စာ၊ ပညာ၊ အောင်မြင်ကျော်ကြားမှု၊ အခြံအရံ၊ တွေနဲ့  တိုင်းတာကြသလို
သီလ၊ သမာဓိ၊ ပညာ၊ ဆိုတဲ့ သိက္ခာသုံးပါးနဲ့ လဲ တိုင်းတာကြပါသည်။ ဗုဒ္ဓဘာသာဝင် သူတော်စင် အပေါင်းတို့ ၏ နောက်ဆုံး
ပန်းတိုင် နိဗ္ဗာန်ဆီသို့  သီလ၊ သမာဓိ၊ ပညာ၊ ဖြင့်သာ ရောက်နိုင်ပါသည်။

အပြစ်ကင်းသော ရှင်ပြုနည်းမှန်၊ (သို့ မဟုတ်) ရှင်သာမဏေစစ်စစ်။
ဗုဒ္ဓဘာသာဝင်တိုင်းသည်၊ သားယောက်ျားလေး ဖွားမြင်လာသည်နှင့် မိမိရင်သွေးလေးအား ရှင်သာမဏေ
ပြုခွင့်ရတော့မည်ဟု၊ အတိုင်းမသိ ၀မ်းသာပီတိဖြင့် စောင့်မျှော်နေတတ်ကြသည်။ ရှင်သာမဏေအစစ် ဖြစ်ဖို့ 
ရန် အလွန်အရေးကြီးသည့် အချက်ကို ထည့်စဉ်းစားသူ အလွန်နည်းကြသည်။ ဆံချ၊ သင်္ကန်းဝတ်၊

Subscribe to:
Posts (Atom)