Saturday, December 5, 2015
လူ၊ မင်း၊ ရဟန်း၊ ပညာရှိတို့ ဆောင်ရန်ရှောင်ရန်များ။
မြတ်စွာဘုရားက မကောင်းတာတွေကိုရှောင်ဖို့ ဟောထားတာက “အလသော ဂီဟိ
ကာမဘောဂီ န သာဓု” - လူ့လောကမှာ မိသားစုနဲ့နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ပျင်းရင် ဘယ်
တော့မှ မကောင်းပါ၊ တက်တက်ကြွကြွ ရှိရပါမယ်၊ မိသားစုနဲ့နေပြီး လောကီစီးပွားရှာနေတဲ့
ပုဂ္ဂိုလ်ဟာ ပျင်းလို့ရှိရင် မကောင်းပါ၊ ကောင်းကျိုးချမ်းသာတွေ မရနိုင်ပါ။

ဆင်းရဲဒုက္ခ ၈ ပါး။
ဆင်းရဲဒုက္ခ ၈ ပါးမှာ = =
၁။ ဇာတိဒုက္ခ = ပဋိသန္ဓေနေရခြင်း ဆင်းရဲ။
၂။ ဇရာဒုက္ခ = အိုမင်းရင့်ရော်ရခြင်း ဆင်းရဲ။
၃။ ဗျာတိဒုက္ခ = နာမကျန်းဖြစ်ရခြင်း ဆင်းရဲ။

ဆုတောင်းခြင်း။
မိမိကိုယ်တိုင် ဆုတောင်းဖူးပါမည်။ အားလုံးပြီးပြည့်စုံပါသလား?။ ဒါဆိုရင် ဆုတောင်း
တာအပိုပဲလား ?၊ အပိုဘဲဆိုရင်လဲ အစွန်းတဖက် ရောက်ပါတယ်။ ဆုဆိုတာကို တန်ခိုးရှင်၊
ဖန်တီးရှင် တစ်ဦးဦးက ပေးနိုင်တယ်၊ ကိုယ်တိုင်ကျင့်ကြံအားထုတ်ဖို့မလိုဘဲ ပြည့်တယ် ဆို
ရင်လဲ အစွန်းတဖက် ရောက်ပါတယ်။

Friday, December 4, 2015
Thursday, December 3, 2015
ဗုဒ္ဓသာသနာတော်မှာအမျိုးသမီးများနှင့် အခွင့်အရေး။
မြတ်ဗုဒ္ဓသာသနာတော်မှာ အမျိုးသမီးများသည် အမျိုးသားများကဲ့သို့ သာသနာ့ဝန်ထမ်းများ
ဖြစ်ခွင့်ရှိပါသည်။ ဘုရားရှင်၏ လက်ျာ လက်ဝဲများဖြစ်ခွင့်ရှိပါသည်။ အရှင်သာရိပုတ္တရာနှင့် အဆင့်တူ ပညာအရာဝယ် ခေမာထေရီ၊ အရှင်မောဂ္ဂလာန်နှင့်အဆင့်တူ တန်ခိုးအရာဝယ် ဥပ္ပလ၀ဏ်ထေရီနှင့် တခြား ဓမ္မကထိကအရာဝယ် ဓမ္မဒိန္နာထေရီနှင့် ၀ိနည်းဆောင်အရာမှာ ပဋာစာရီစသော အမျိုးသမီး

အိမ်ယာတည်ထောင်သူတွေအတွက် ကောင်းကျိုးအချက်များ။
အိမ်ရာတည်ထောင်လူ့ဘောင်ဘ၀မှာ လူတွေအတွက် ကောင်းကျိုးရဖို့ အချက်လေး
တွေကတော့ "ဒကံ္ခ ဂဟပတံ သာဓု"- အိမ်ရာတည်ထောင် လူ့ဘောင်ဘ၀မှာ နေလို့ရှိရင်
စီးပွားရေးနဲ့ ပတ်သက်ပြီး လိမ္မာကျွမ်းကျင်မှု၊ လုပ်ငန်းကျွမ်းကျင်မှု ရှိရမယ်တဲ့၊ မလုပ်တတ်
မကိုင်တတ်ဆိုရင် လွဲလွဲချော်ချော်တွေ ဖြစ်တတ်ပါတယ်၊ ဘယ်အလုပ်ပဲလုပ်လုပ် လုပ်ငန်း

တရားအလုပ်ဆိုတာ။
တရားအလုပ်ဆိုတာ လောဘ၊ ဒေါသ၊ မောဟစတဲ့ အကုသိုလ်စေတသိက်တွေ နည်းနိုင်
သမျှ နည်းအောင်၊ ပါးနိုင်သမျှ ပါးအောင် လျော့ချရပါတယ်။
ပြီးတော့ အောက်ပါဒဿနလေးကိုဖတ်ပြီး ဆင်ခြင်ကြပါ။
= တစ်ကိုယ်ကောင်းဆန်တဲ့... စိတ်နေစိတ်ထားတွေ၊
= အမြင်ကျဉ်းမြောင်းတဲ့ ... အတွေးအခေါ် အယူအဆတွေ၊

Wednesday, December 2, 2015
Tuesday, December 1, 2015
သေချိန်မကျဘဲသေရသူများ
သတ္တ၀ါတို့၏ သန္တန်၌ ရှေးမကောင်းမှု ကံကလေးတွေ ကိုယ်စီကိုယ်င အများအပြား ပါရှိကြလေသည်။ ထိုကံများသည် မိမိတို့ချည်း သက်သက် သေကျေအောင် မသတ်ဖြတ်နိုင်သော်လည်း သတိမရှိ၊ ဥာဏ်မရှိ၍ (အစဉ်းစား အဆင်ခြင် အမြော်အမြင် မရှိ၍) အစားမတတ်၊ အသွားမတတ်၊ အနေအထိုင်မတတ်သူများကို ဘေးဥပါဒ်ရောက်အောင်၊ ထိုဘေးဖြင့် သေကျေပျက်စီးအောင်ကား တတ်နိုင်ကြပေသည်။
Monday, November 30, 2015
"ပထမဆုံး သင်္ကန်းအလှူကို လှူရသူ"
- ဆေးဆရာ "ဇီဝက" သည် "စဏ္ဍပဇ္ဇောတမင်း" ထံမှ လက်ဆောင်ရလာသော "သိဝိရာဇ်တိုင်း"
ဖြစ် "ပုဆိုးတစ်စုံ"ကိုယူ၍ "ဗုဒ္ဓမြတ်စွာဘုရားရှင်" အား- "အရှင်ဘုရား
ဤပုဆိုးတစ်စုံကို ၀တ်ရုံသုံးဆောင်ရန် အလှူခံတော်မူပါ။
တပည့်သံဃာ တို့မှာလည်း ပံသုကူသင်္ကန်း ကိုသာ ဆောင်ကြရ၍ ပင်ပန်းနွမ်းနယ်လှပါသည်။

ဗုဒ္ဓမြတ်စွာဟောကြားသော ယိုပေါက်ကြီးများ။
မြတ်စွာဘုရား ဟောထားတာကတော့ လောကမှာ စီးပွားရေးပစ္စည်းဥစ္စာတွေရဲ့ ယိုပေါက်
ကြီး ၆ -ခုဆိုတာ ဘာလဲဆိုတော့ ပစ္စည်းဥစ္စာဟာ ဘယ်တော့မှ မတည်ဘူးတဲ့၊ မြန်မာတွေကတော့
ပြောကြတယ်၊ “လူမိုက်နဲ့ငွေ အတူမနေ" ဘူးတဲ့၊ ပစ္စည်းဥစ္စာဟာ ပျောက်သွားတယ်၊ မြတ်စွာဘု
ရားက ဘာကို ဟောသလဲဆိုရင် ==

သောတာပန်အဖြစ်နဲ့ ဘုံစဉ်ခံစားကြသူများ။
ကာမဘုံလူသားတွေဟာ ကာမဂုဏ်ကိုလည်း အပြည့်အ၀ခံစားချင်၊ ခံစားပြီးမှ နိဗ္ဗာန်ကို
သွားချင်တဲ့သူတွေ များပါတယ်။ ဒါဆိုရင် လူ့ဘ၀မှာ သောတာပန်ဖြစ်အောင် ကျင့်ကြံအား
ထုတ်ပါ။ ဒိဌိနဲ့ ၀ိစိကိစ္ဆာ ပြုတ်အောင်သတ်ရင် သောတာပန်ဖြစ်မှာပါ။ ကျန်တဲ့ လောဘ၊ ဒေါသ၊
မာန စတဲ့ ကိလေသာတွေ ကျန်နေပါသေးတယ်။ ဒါပေမယ့် ဒီ လောဘ၊ ဒေါသတွေက ပုထုဇဉ်

”ဆင်းရဲငြိမ်းရေး ချမ်းသာရေး”
ကိုယ်စိတ်ဆင်းရဲ၊ ကြောက်လို့ ပဲ၊
သူလဲ အားကိုးရှာလေသည်။ ။
ကိုယ်စိတ်ဆင်းရဲ၊ ကြောက်လို့ ပဲ၊
ငါလဲ အားကိုးရှာပေသည်။ ။
ဘာသာဝါဒ၊ မှန်သမျှ၊
သူလဲ အားကိုးရှာလေသည်။ ။
ကိုယ်စိတ်ဆင်းရဲ၊ ကြောက်လို့ ပဲ၊
ငါလဲ အားကိုးရှာပေသည်။ ။
ဘာသာဝါဒ၊ မှန်သမျှ၊
Sunday, November 29, 2015
ကောင်းကျိုးချမ်းသာတွေရဲ့ ၀င်ပေါက်။
လူ့ဘ၀ရလာပြီဆိုရင် ကြီးပွားတိုးတက်ခြင်းရဲ့ ဂိတ်ဝကြီးတွေ ၆ ခု ရှိပါတယ် (သို့မ
ဟုတ်) ကြီးပွားတိုးတက်နိုင်တဲ့ အကြောင်းတရားဟာ ၆ မျိုး ရှိပါတယ်။
နံပါတ် (၁) “အာရောဂျံ” - ကျန်းမာခြင်းတဲ့၊ ကိုယ်ကျန်းမာရမယ်၊ စိတ်ကျန်းမာရမယ်၊
လူ့ဘ၀ရောက်လာပြီဆိုရင် ကျန်းမာရေးနဲ့ ပြည့်စုံဖို့လိုပါတယ်၊ ကျန်းမာရေးနဲ့ပြည့်စုံအောင်
လုပ်ရပါမယ်၊ ကံမကောင်း အကြောင်းမလှလို့ ရောဂါတွေဖြစ်ပြီး ပင်ကိုယ်က ကျန်းမာလျက်

သတ္တဌာန ၇ ပါး။
သတ္တဌာန ၇ ပါးမှာ ==
၁။ အောင်မြင်တော်မူသော ဗောဓိပင်၏ အရှေ့မြောက် တစ်လံကွာ ရွှေပလ္လင်ဌာန။
၂။ ဗောဓိပင်မြောက်ဘက် ဆယ်လံကွာ အနိမိသအရပ် ဌာန။
၃။ ဗောဓိပင်နှင့်အနိမိသအကြား နှစ်လံကွာ ဌာန ရတနာစင်္ကြံ။
၎။ ဗောဓိပင်၏ အနောက်မြောက် တစ်ဆယ့်ငါးလံကွာ ဌာန ရတနာဃရရွှေအိမ်။

မြတ်စွာဘုရားရှင်၏လက်ထက်တော်တွင် အသက်ရာကျော်ရှည်ကြသူများ။
အရှင်ဗာကူလ။ ။အသက် ၁၆၀ နှစ်
အရှင်အနုရုဒ္ဓါ။ ။အသက် ၁၅၀ နှစ်
အရှင်မဟာကဿပ။ ။အသက် ၁၂၀ နှစ်
အရှင်အာနန္ဒာ။ ။အသက် ၁၂၀ နှစ်
ဗျာဝရိယပုဏ္ဏား။ ။အသက် ၁၂၀ နှစ်
အရှင်အနုရုဒ္ဓါ။ ။အသက် ၁၅၀ နှစ်
အရှင်မဟာကဿပ။ ။အသက် ၁၂၀ နှစ်
အရှင်အာနန္ဒာ။ ။အသက် ၁၂၀ နှစ်
ဗျာဝရိယပုဏ္ဏား။ ။အသက် ၁၂၀ နှစ်
အကယ်၍ ဒီအချိန်မှာမတော်တဆ(Accident) ဖြင့် ကွယ်လွန်သွားသော်။
ဗုဒ္ဓဘုရားရှင်တော်မြတ်ကြီး၏ တရားတွေဟာ ပိုလို့ဖြုတ်စရာ မလိုဘူး၊ လိုလို့ဖြည့်စရာ
လဲမရှိဘူး၊ ဘယ်လူ၊ ဘယ်နတ်၊ ဘယ်ဗြဟ္မာ၊ ဘယ်လိုကန့်လန့်တိုက်တဲ့သူကမှ အပြစ်ပြော
စရာမရှိဘူး။
မဟာနာမ်က နေ့လယ်နေ့ခင်း ဆိုရင် ဘုရားကျောင်းကိုသွား၊ ညနေဆိုရင်ပြန်နဲ့  တနေ့
တော့.. ဘုရားရှင်ကိုလျှောက်တယ် = ဘုန်းတော်ကြီး မြတ်စွာဘုရား တပည့်တော်တို့ ကပိလ

Subscribe to:
Posts (Atom)