Saturday, October 3, 2015

ဟင်္သာလိုကမလား ဒေါင်းလိုကမလား



တောအုပ်ကြီးတစ်နေရာမှာ ငှက်တို့ရဲ့ဘုရင် ဟင်္သာငှက်မင်းဟာ သမီးတော်ဟင်္သာငယ်လေးအတွက် ကြင်ဖော်ရွေးပွဲကျင်းပပါတယ်။ သမီးတော်လေးအား ခါ၊ ကြိုးကြာ၊ ဇီးကွက်၊ ဒေါင်း၊ ကျီးကန်းစသည်ငှက်များစွာထဲမှာ နှစ်သက်ရာငှက်ကို ကြင်ဖော်အဖြစ်ရွေးစေပါတယ်။ အဲဒီအခါမှာ သမီးတော်လေးဟာ ငှက်အပေါင်းကို လှမ်းမြော်အကဲခက်ကြည့်လိုက်ပါတယ်။ အဲထဲမှာ အမွေးအတောင် အရောင်အသွေးအလွန်လှပတင့်တယ်နေတဲ့ ဒေါင်းငှက်ကို အာရုံစိုက်မိပြီး သူ့ကို ကြင်ဖော်အဖြစ်ရွေးချယ်တဲ့အကြောင်း ဖခင်ငှက်မင်းကို ပြောလိုက်ပါတယ်။

ဝီရိယနှင့် ကင်း၍ ချမ်းသာခြင်း သုခကို ရနိုင်သောအရပ်ဒေသ



အကြင်သူအား များစွာသော ကောင်းမူ ကုသိုလ်ကံတို့သည် ရှိကြပါကုန်ငြားသော်လည်း အားထုတ်သင့်သောအရာကို အားမထုတ်ခြင်း၊ အားမထုတ်သင့်သောအရာကို အားထုတ်ခြင်းဟု ဆိုအပ်သော ပယောဂဝိပ္ပတ္တိနှင့် တွေ့ကြုံ ဆုံမိသည်ဖြစ်အံ့။ ထိုကောင်းမူ ကုသိုလ်ကံတို့သည် ဖွံ့ဖွံ့ဖြိုးဖြိုး ကြီးမားသော အကျိုးပေးခြင်းငှါ အခွင့်မရကြကုန်။ မကောင်းမှုကံတို့ကသာ အကျိုးပေးခွင့်ရကြကုန်၏။

ကိုယ့်ကိုယ်ကို စောင့်ရှောက်ခြင်း (သို့) ကိုယ်စောင့်တရား


အစောင့်အရှောက်ဆိုတာ အပြင်အစောင့်အရှောက် အတွင်းအစောင့်အရှောက်ဆိုပြီး နှစ်မျိုးရှိပါတယ်။ အပြင်ပိုင်း အစောင့်အရှောက်ကတော့ မြင်နိုင်လောက်တဲ့ အပြင်အန္တရာယ်ကိုပဲ အကာအကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ အတွင်းပိုင်း တစ်နည်းအားဖြင့် ကိုယ့်စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်ဖို့ကိုတော့ အသိတရား၊ သတိတရားနဲ့ပဲ စောင့်ရှောက်နိုင်မှာ ဖြစ်ပါတယ်။

Friday, October 2, 2015

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ


                                                            တစ်လောက ညီမငယ်တစ်ယောက်က သူအလိမ်ခံရတဲ့အကြောင်းကို လျှောက်ပြပါတယ်။ သူလည်းအတော် အခံရခက်နေတဲ့ သဘောရှိသလို ကိုယ်လည်းစိတ်မကောင်းပါဘူး။ ပြေရာပြေကြောင်း ဖြေဆည်ရာလေးတော့ ပြောပေးဖြစ်ပါတယ်။ ပုထုဇဉ်သဘာဝ ခံရတော့လည်း တွေးမိတဲ့အခါတိုင်း မကျေနပ်ချက်ကတော့ ဖြစ်ကြမှာပါ။
သို့သော် ဖြေဆည်ရာတော့ ရအောင်ရှာပြီး ကိုယ့်အနာကိုယ်ပြေအောင်ပဲ ကြိုးစားရမှာပေါ့။ အတိတ်ဆိုတာ ဖြစ်ပြီးသွားပြီဆိုတော့ ပူဆွေးနေလည်း ဝေဒနာတိုးတာပဲ အဖတ်တင်မှာပဲလေ။

"ကျွတ်လွတ်အောင် အမျှပေးနည်း အစီအစဉ်"



(၁) အလှူခံပုဂ္ဂိုလ်ဟာ သီလ သမာဓိ ပညာ သိက္ခာသုံးပါးနဲ့
ပြည့်စုံတဲ့ဖြစ်ရမယ်။ လူထဲမှာလည်း ငါးပါးသီလ
လုံအောင်စောင့်သူဆိုလျှင်အလှူခံနေရာမှာ ပါဝင်နိုင်ပါတယ်။
ဘုန်းကြီးမရှိတဲ့နေရာဆိုရင် အသုံးပြုနိုင်ပါတယ်။
ပေတ၀တ္ထုပါဠိတော် ခလ္လာဋိယပေတီ ၀တ္ထုမှာ ပင်လယ်ထဲမကျွတ်မလွတ်ဖြစ်နေတဲ့
ပြိတ္တာမတစ်ယောက် အ၀တ်အစားရဖို့ အတွက် ငါးပါးသီလလုံတဲ့ သင်္ဘောသားတစ်ယောက် ကိုအ၀တ်တွေလှူပြီး

'' တဏှာ နှင့် ကံ တရားတော်''



ခင်ဗျားတို့ကိုယ်မှာ ရုပ်နာမ် ၂-မျိုးပဲရှိတယ်၊
ထိုင်နေတာကရုပ်တရား၊နာနေတာကနာမ်၊
ယောက်ျားရယ်၊မိန်းမရယ်လို့ ဆိုကြတာက
သမုတိနယ်မှာပညတ်အားဖြင့်မှန်တယ်၊
ပရမတ္ထသစ္စာနယ်အားဖြင့် ရုပ်နဲ့ နာမ်ပဲရှိတယ်၊

Thursday, October 1, 2015

ရှိခိုးနည်းလေးတော့ မှန်စေချင်



မေး။ ။ အရှင်ဘုရား တပည့်တော် ရိုသေစွာ မေးလျှောက်ပါတယ်ဘုရား။ တပည့်တော်၏ Page မှာ လူ တစ်ယောက် လာပေးထားလို့ပါ။ သူမေးထားတာက (ရှိခိုးတယ်ဆိုတဲ့ အပြုအမူဟာ ဗုဒ္ဓမပေါ်ခင်ကတည်းက ရှိနေခဲ့တာလား။ မပေါ်ခင်ကတည်းကဆိုရင် ဗုဒ္ဓကို ကိုးကွယ်သူတွေက ဆက်လက်ကျင့်သုံးတာလား။

“မည်သည့်ကံကမှ မတားမြစ်နိုင်သည့် ကြီးလေးသောကံ-နှစ်မျိုး”



အသေအချာဖတ်ဖို့တော့ လိုပါမည်။ ဗုဒ္ဓဘာသာဝင်ပုဂ္ဂိုလ်တို့သည် မိမိတို့ပြုထားအပ်သော ကံ-ကသာ မိမိတို့ကို ဖြစ်လေရာဘဝတိုင်းတို့၌ အယုတ်အမြတ်စသည်ဖြင့် ဝေဖန်ပေးလျက်ရှိပေသည်။ ကံ၏ စီမံခန့်ခွဲမှုကို ခံယူကြရပေသည်ဟု ယုံကြည်လျက်ရှိကြပေသည်။ ထိုထိုဘဝတို့၌ ဖြစ်ကြရသည့်အခါမှာ အသက်တိုရတာ၊ အသက်ရှည်ရတာ၊ အနာရောဂါများရတာ၊ အနာရောဂါကင်းရတာ၊ အဆင်းလှရတာ၊ အဆင်းမလှရတာ၊ ဘုန်းတန်ခိုးကြီးမားရတာ၊ ဘုန်းတန်ခိုးနည်းရတာ၊ ပစ္စည်းဥစ္စာပေါများရတာ၊

အကြွေးကင်းမှ ရဟန်းခံရမှာလား



အမေး။ ။အရှင်ဘုရား...လူတစ်ယောက်ဟာ အခြားသူကို ပေးဆပ်စရာ အကြေွး တင်နေပါတယ်။ သူက ရဟန်းလြဲပုချင်နေတယ်။ တပည့်တော်သိလိုတာက အကြေွးရှိရက်နဲ့ ရဟန်းခံ လို့ ရ-မရဆိုတာကို သိချင်ပါတယ်ဘုရား
စံမင်းအောင် တိုက်ကြီး

Wednesday, September 30, 2015

ပန်းတိုင်


                                             သစ္စာလေးပါးထဲမှာ တတိယမြောက်သစ္စာက နိရောဓသစ္စာတဲ့။
နိဗ္ဗာန်အမှန်တရားပေါ့။
ဗုဒ္ဓဘာသာဝင်တို့အဖို့
နိဗ္ဗာန်ဆိုတဲ့စကားလုံးကို ငယ်စဉ်ကတည်းက ရင်းနှီးခဲ့ပါတယ်။
ကကြီး ခခွေး မဆိုတတ်ခင် မရေးတတ်ခင်ကတည်းက
သြကာသကန်တော့ချိုးထဲမှာပါတဲ့
“နိဗ္ဗာန် တရားတော်မြတ်ကို ရရပါလို၏ အရှင်ဘုရား” ဆိုတာကို
မိဘတွေနဲ့အတူ လိုက်ဆိုတတ်နေပြီ။

ကန်တော့ခြင်းနှင့် ကန်တော့ရသောကြောင့် ကင်းလွတ်သောအပြစ်များ



အပြစ်ရှိက ခွင့်လွှတ်တော်မူပါဟု ဝန်ချတောင်းပန်ခြင်းကို ကန်တော့သည်ဟုခေါ်သည်။
အပြစ်ရှိ၍ ကန်တော့ခြင်း၊ကုသိုလ်ရလို၍ ကန်တော့ခြင်း ဟုနှစ်မျိုးရှိသည်။
(ကန်တော့ဆိုသည်မှာ အကုသိုလ်ကို ကန် ကျောက်၍ ကုသိုလ်ကို တော့ယူခြင်းကို ဆိုလိုပါသည်။)
"ကန်တော့ရသောကြောင့် ကင်းလွတ်သောအပြစ်များမှာ"

သားသတ်ရုံမှန်းမသိလို့ပျော်မိပါတယ်



မိမိတို့ပျော်ရွှင်နေတာ လောကထဲမှာ ရောက်ရာကျရာ ဘုံဘ၀တွေမှာ ဘာကြောင့်များပျော်နေကြသလဲ ဆိုတာ တွေကို မပျော်ကောင်းတဲ့အရပ်မှန်း တိတိကျကျသိအောင်လို့ ဘုရားရှင်က ဟောကြားပေးထားပါတယ်။ မိမိတို့ အသီးသီးရောက်ရှိနေတဲ့ ကိုယ့်ဘုံ ကိုယ့်ဌာန ကိုယ်ရောက်နေတဲ့ဘ၀ ကျရာကျရာအရပ်တွေမှာရောက်နေကြ တဲ့ သတ္တ၀ါတိုင်း သူ့နည်းသူ့ဟန်နဲ့ မပျော်ဘူးလားမေးရင်….ပျော်နေကြပါတယ်။

အသိဉာဏ် အထက်မြက်ဆုံး ပုဂ္ဂိုလ်။

        “ဥဂ္ဃဋိတညူ”တဲ့။ ဒီပုဂ္ဂိုလ်ကတော့ အဆင့်အမြင့်ဆုံး ပုဂ္ဂိုလ်မျိုးပေါ့၊ အသိဉာဏ်
အထက်မြက်ဆုံး ပုဂ္ဂိုလ်၊ နည်းနည်းလေးပြောလိုက်တာနဲ့ တစ်မဂ်တစ်ဖိုလ် ရသွားနိုင်တယ်၊
ဥပမာ အရှင်သာရိပုတ္တရာမထေရ်မြတ် တို့လိုပါ။ အရှင်သာရိပုတ္တရာ မထေရ်မြတ်ဆိုလို့ရှိရင်
ပထမတုန်းက တရားဓမ္မရှာရင်း သိစ္စည်းပရိဗိုဇ်ကြီးရဲ့ တပည့်အဖြစ် ခံယူတယ်၊ ပရိဗိုဇ်ဝတ်

ကံဟောင်းကုန်ရင် ဘ၀သစ်မရှိ။

      ဘုရား ရဟန္တာတွေဆိုတာ ကိလေသာတွေ ကုန်ပြီးနေပြီ။ သို့သော် ကုန်ပြီးနေတဲ့ ဘုရား
ရဟန္တာတွေမှာ ဘာဖြစ်လို့ ကံက အကျိုးပေးနေရသလဲဆိုတာ မျက်စိလည်တတ်ကြ
တယ်။ ကံကုန်တယ် ဆိုတာနဲ့ ပတ်သက်ပြီး ရတနသုတ်မှာတွေ့ရတာက “ ခီဏံ ပုရာဏံ နဝ
နတ္တိသမ္ဘ၀ံ ” ဘုရား ရဟန္တာတွေမှာ ကံဟောင်းတွေ မရှိတော့ဘူး။ ကုန်သွားပါတယ်။ ကံ

ဘုရားလောင်းဖွားမြင်စက လက္ခဏာဖတ်သော ပုဏ္ဏား (၈) ယောက်။

ဘုရားလောင်းဖွားမြင်စက လက္ခဏာဖတ်သော ပုဏ္ဏား (၈) ယောက်မှာ ==
၁။ ရာမ ပုဏ္ဏား။
၂။ ဓဇ ပုဏ္ဏား။
၃။ လက္ခဏ ပုဏ္ဏား။
၎။ မန္တီ ပုဏ္ဏား။

နေရာတိုင်းမှာ ဥပေက္ခာ။

  * မေတ္တာနဲ့
     ကိုယ်ကောင်းကျိုးရစေချင်တိုင်းလည်း
     သူရတာမဟုတ်၊ သူ့ကံရှိမှ သူရတာ။
  * ဂရုဏာနဲ့
     ကိုယ်ဆင်းရဲ လွတ်စေချင်တိုင်းလည်း

Tuesday, September 29, 2015

တဏှာ့ကျွန်


ဘုရားရှင်က
ဒုက္ခသစ္စာ (ဆင်းရဲခြင်းအမှန်တရား - The Truth of Suffering) ကို
အသေးစိတ် ကွက်ကွက်ကွင်းကွင်း ပြောပြပါတယ်။
နားထောင်သူ (Listener) အနေနဲ့
“ဒီဆင်းရဲတွေက ဘယ်ကဖြစ်ပေါ်လာတာလဲ၊ ဘာကြောင့်ဖြစ်ပေါ်လာတာလဲ”
ဆိုတဲ့အတွေး ဦးဏှောက်ထဲရောက်လာမှာ အမှန်ပဲ။

ငြိမ်းချမ်းရေးဆိုတာ...?



" အပြင်ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးကို ခဏထားစမ်းပါ ...
အတွင်းကမ္ဘာ Inidividual World တစ်ယောက်ဆီ တစ်ယောက်ဆီနဲ့ ဆိုင်တဲ့ကမ္ဘာရဲ့ ငြိမ်းချမ်းရေးကို အရင်လုပ် .....
..........................................................................................
( သီတဂူဆရာတော်ကြီး )
မကြာခင်ကလေးက အိန္ဒိယပြည်ကြီးရဲ့ မြောက်ဘက် ကက်ရှ်မီးယားရဲ့ အရှေ့မြောက် လာဒက်က ပြန်လာတယ်။ လာဒက်မှာ ဘုန်းကြီးတရားဟောတယ်။

ပညတ်၊ ပရမတ်၊ အစာမကြေရောဂါ...။



ယနေ့ခေတ်တွင် တရားဘက် လိုက်စားသူတို့ များပြားလှသဖြင့် ၀မ်းမြောက်ရပေသည်။ သို့ရာတွင် အဟောတရား၊ အဖတ်တရား၊ အနာတရား လောက်သာ မပြီးစေဘဲ “ကိုယ့်ကျင့်တရား” ဆိုက်ထိရန် လိုပေသည်။ ကျွန်တော်သည် လူအတော်များများနှင့် တရားဆွေးနွေးဖူးသည်။ ယင်းသို့ ဆွေးနွေးရာတွင် ဂိုဏ်းဂဏကို ရှေ့တန်းတင်သူများ၊ ပရမတ်နှင့်ပညတ်နယ်အစာမကြေသူများ၊ ပုဂ္ဂိုလ်နှင့်စာအုပ်ကြီး ကိုးကွယ်နေသူ များကို အများအပြားပင် တွေ့နေရသဖြင့် အားမလို အားမရဖြစ်မိရပါ၏။

Monday, September 28, 2015

"ပထမ 'ဒွေဝါစိက' ပထမ ဆုံး သရဏဂုံတည်သူနှစ်ဦး"

-"ဥက္ကလာဇနပုဒ်"  မှ "တပုဿ" နှင့် "ဘလ္လိက" ကုန်သည် ညီနောင် နှစ်ဦးတို့သည်
"မဇ္ဈိမ အရပ်" သို့ ကုန်ရောင်းကုန်ဝယ် ကိစ္စဖြင့် ရောက်သွားကြလေ၏။ မဇ္ဈိမ အရပ်တွင်
 ဘုရားပွင့်နေခြင်း သတင်းကိုသိရ၍ "ဘုရားရှင်" အားဖူးတွေ့ရသောအခါ "ဘုရားရတနာ"

တရားရလွယ် လိုက်နာဖွယ်။

မျက်စိအမြင်၊ ကောင်းသူပင်၊
မမြင်ကန်းပမာ။ ။
နားအကြားတွင်၊  ကောင်းသူပင်၊
နားလျှင်ပင်းပမာ။ ။
စကားပြောတွင်၊  ကောင်းသူပင်၊

၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်း။

       ရဟန်းတော် တစ်ပါးဟာ အင်မတန်မှ သိချင်လှတဲ့ မေးခွန်းတစ်ခုရဲ့ အဖြေကို လိုက်ရှာ
လိုက်တာ အခုခေတ်စကားနှင့်ပြောရရင်ကမ္ဘာအနှံ့ပေါ့နော်။ သူက တန်ခိုးရှင်ပဲ၊ တန်ခိုးရှင် ဆိုတာ
ဈာန်အဘိဉာဏ်တွေ ရသည့်အတွက်ကြောင့် ဒီမေးခွန်းရဲ့ အဖြေကို လူ့ပြည်မှာတင် မကဘူး၊ နတ်
ပြည် ဗြဟ္မာပြည်ထိအောင် တက်ပြီးရှာပါတယ်၊

အလောင်း အလျာတို့၏ အလိုတော် (၆) ပါး။

     အလောင်း အလျာတို့၏ အလိုတော် (၆) ပါးမှာ ==
၁။ လောဘတရားတို့မှ ကင်းလိုခြင်း။
၂။ ဒေါသတရားတို့မှ ကင်းလိုခြင်း။
၃။ မောဟတရားတို့မှ ကင်းလိုခြင်း။

Sunday, September 27, 2015

အသက်မမေးနဲ့



ဘုရားရှင်က ပဉ္စ၀ဂ္ဂီငါးဦးတို့ကို
ဇာတိဒုက္ခ - ပဋိသန္ဓေတည်နေရခြင်းဆင်းရဲ
(Birth is suffering) ကို ပြောပြပြီး
ဇရာပိ ဒုက္ခာ - အိုခြင်းကလဲ ဆင်းရဲတယ်
(Decay is suffering) လို့ ဆက်ပြောပါတယ်။
ဒီအိုခြင်းဆင်းရဲကလဲ အတော်လေး ထင်သာမြင်သာရှိပါတယ်။

"ဘုရားရှင်တို့၏ တရားတော်ဆိုသည်မှာ"



ဓမ္မမိတ်ဆွေများအားလုံး သိကြတဲ့အတိုင်း တရားတော်(ဝါ) မုက္ခပါဌ်တော်များဆိုတာ ဘုရားရှိမှ၊ ပွင့်မှသာ ဘုရားကို အကြောင်းပြုပြီး ဖြစ်လာရတာဆိုတာ ငြင်းစရာမရှိပါ။ ထိုနည်းတူစွာ ထိုတရားတော်များကို ဟောကြားတော်မူခဲ့သည့် ဘုရားရှင်တို့ရဲ့ အရင်းအမြစ် အတ္ထုပ္ပတ္တိကိုမှ တိတိကျကျ ဂဃနဏ မသိရလျှင်၊ မပြောပြနိုင်လျှင်၊ မပြောပြတတ်လျှင် ထိုဘုရားမျိုးဆိုတာ ရှိနိုင်ပါ၏လော၊ သို့မဟုတ် မရှိနိုင်ဘူးလားဆိုတဲ့ အချက်၊ စိတ်ကူးယဉ်ဒဏ္ဍာရီပုံပြင်ဘုရားမျိုး ဖြစ်နေသလား၊ ဖြစ်မနေဘူးလားဆိုတဲ့ အချက်ကို အလေးအနက်ထားပြီး စဉ်းစားသင့်ပါတယ်။

သေခါနီး စိတ်အာရုံ အကျိုးများ



••• ► “လောဘ၏ဆိုးကျိုးများ”
တစ်စုံတစ်ခုကိုလိုချင်တပ်မက်သောစိတ်ဖြင့် သေလျှင် ပြိတ္တာဘုံရောက်သည်။
••• ► “ဒေါသ၏ဆိုးကျိုးများ”
တစ်စုံတစ်ယောက်ကို အမျက်ထွက်သော စိတ်ဖြင့် သေခဲ့လျှင် ငရဲဘုံသို့ ရောက်ရသည်။
••• ► “မောဟ၏ဆိုးကျိုးများ”