Saturday, May 30, 2015
အကြည်ခြောက်သွယ်မေတ္တာပို့နည်း
ငါ၏ ... စက္ခုအကြည် ... အဆင်း ... စက္ခုဝိညာဏဓာတ် ... ဘေးရန်ကင်းကွာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာခြင်းကို အလိုရှိသလို သတ္တဝါအနန္တတို့၏ စက္ခုအကြည်... အဆင်း ... စက္ခုဝိညာဏဓာတ် ... ဘေးရန်ကင်းကွာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ ။
ဘုရားစင်ကိုးကွယ်ထားရှိခြင်း၏ အကျိုးကျေးဇူး (၉) မျိုး

မိမိတို့ အိမ်တွင် ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များကို
ဘုရားစင်နှင့် ကိုးကွယ်ထားခြင်းအားဖြင့် ဖော်ပြလတ္တံ့ ပါ
အကျိုးကျေးဇူး (၉) မျိုးကို ရရှိပါသည်။

(၁) ဘုရားစင်ရှိသည့်အတွက် ဘုရားကို မြင်နေရခြင်း၊
ဘုရားဝေယျာဝစ္စ ပြုနေရခြင်း၊ ဘုရားကို ကိုင်းညွတ်သည့်
စိတ်ဖြင့် မမေ့ခြင်းနှင့် ဘုရား တရားနှင့် ကင်းကွာမနေခြင်း။

မိဖုရားစောလုံုံနှင့် သရဏဂုံုံ
သက္ကရာဇ် ၆၁၇ ခုနှစ်၊ ပုဂံပြည်၏နောက်ဆုံးမင်းဆက်
နရပတေ့မင်း လက်ထက်ကပင်ဖြစ်ပါသည်။မိဖုရားများနှင့် မြစ်အတွင်းရေချိုးဆင်းစဉ် အသက်
အငယ်ဆုံး မိဖုရားစောလုံကိုကျီစားလိုသဖြင့် ဘုရင်နှင့်တကွ ကျန်မိဖုရားများက ရေဖြင့်မွမ်းသွားအောင်
ဝိုင်းပက်ကြသည်။ အကျီစားသန်က ရန်များသည် ဟူသောစကားသည် မှန်လေစွ။ ကျီစားသည်ကိုပင်
သည်းမခံနိုင်သော စောလုံက စားဖိုမှူးနှင့်တိုင်ပင်ပြီး ဘုရင်စားမည့် ပွဲတော်အုပ်တွင် အဆိပ်ခတ်လိုက်
တော့သည်။

ကာမသုဂတိ ၇ ဘုံ။
၁။ မနုဿဘုံ = များသော ကုသိုလ်စိတ်ရှိသောဘုံ၊ လူ့ဘုံ။
၂။ စတုမဟာရာဇ် = ဓတရဌ၊ ၀ိရုဠက၊ ၀ိရူပက္ခ၊ ကုဝေရတည်းဟူသော နတ်မင်းကြီး ၄ ပါး
စိုးပိုင်သော နတ်ပြည်။
၃။ တာဝတိံသာ = သုံးကျိတ် သုံးယောက်သော သိကြားမင်းတို့၏နေရာ နတ်ပြည်။
၎။ ယာမာ = ဆင်းရဲခြင်းမှ ကင်းသော နတ်ပြည်။

ဘုရားသော်မှ ပေးဆပ်ရသည့် ကံကြမ္မာဝဋ်ကြွေးများ။
ဗုဒ္ဓမြတ်စွာ ဘုရားအဖြစ်သို့ရောက်ပြီး ကိလေသာတွေ ကုန်ပေမယ့်လို့ အတိတ်ဘ၀က
ကံကြမ္မာဝဋ်ကြွေးတွေကို ပြန်လည်ပေးဆပ်နေရသေးတယ်။ ဆိုလိုတာက အတိတ်ကံရဲ့ လှုံ့
ဆော်မှုလေးတွေဟာ မြတ်စွာဘုရားမှာ ကံရဲ့အကျိုးအဖြစ်တဲ့ ခန္ဓာကြီးရှိသေးလို့ ပြန်ပြီးပေါ်လာ
တတ်သေးတယ်။ အဲဒါကို “ပုဗ္ဗကမ္မ ပိလောတိက ဗုဒ္ဓအပဒါန ဆိုပြီးတော့ အပဒါန်ထဲမှာ မှတ်
တမ်းတင်ထားပါတယ်။

အရှင်ပညာစက္ကမထေရ်မြတ်၏ နောက်ဆုံးမှာတမ်း ဆုံးမစကား။
`ဤကိုယ်ကာယ၊ တစ်လံမျှ၌
နှစ်ဝနာမ်ရုပ်၊ ဖြစ်၍ချုပ်၏။
နာမ်ရုပ်နှစ်ပါး၊ အလွတ်ထား၍
ဤကားလိပ်ပြာ၊ ဤကားငါတည့်
ဤမှာဇီဝ၊ ဤအတ္တဟု
နှစ်ဝနာမ်ရုပ်၊ ဖြစ်၍ချုပ်၏။
နာမ်ရုပ်နှစ်ပါး၊ အလွတ်ထား၍
ဤကားလိပ်ပြာ၊ ဤကားငါတည့်
ဤမှာဇီဝ၊ ဤအတ္တဟု
မြတ်စွာဘုရားရှင်၏ (၁၀၈) ကွက် “ စက်လက္ခဏာတော် ” အကြောင်း သိကောင်းစရာ။
မြတ်စွာဘုရား၏ ခြေဖ၀ါးတော်နှစ်ပြင်၌ (၁၀၈)ကွက်စီသော စက်လက္ခဏာတို့သည် ထင်ကုန်၏။
ထို(၁၀၈)ကွက်သော လက္ခဏာတော်တို့သည် လောကသုံးပါးကို သရုပ်ဖေါ်၍ တည်ကုန်၏။ ၎င်း(၁၀၈)
ကွက်တို့တွင် ဩကာသလောကကို သရုပ်ဖေါ်၍ အကွက်ပေါင်း (၅၉) ကွက်၊ သတ္တလောကကို သရုပ်
၍ (၂၁) ကွက်နှင့် သင်္ခါရလောကကို သရုပ်ဖေါ်၍ (၂၈) ကွက်ရှိကုန်၏။ သဘောကား လောကသုံးပါး
သည် မြတ်စွာဘုရား၏ ခြေတော်၌ ရှိသည်။ မြတ်စွာဘုရားသည် လောကသုံးပါးထက် မြင့်မြတ်သည်

Friday, May 29, 2015
ကိုရင်ကိုထမ်းပြေးတဲ့ဘုန်းကြီး
တစ်ခါတုန်းက
ညဥ့်နက်သန်းခေါင်မှာ ဘုန်းကြီးကျောင်းတစ်ကျောင်းကို မီးလောင်ပါတယ်။
ရပ်ရွာနဲ့ အလှမ်းဝေးတဲ့ ကျောင်း ဖြစ်တဲ့အတွက် ဘယ်သူမှ မသိလိုက်ပါဘူး။
ကျောင်းမှာက ကျောင်းထိုင်ဆရာတော်ရယ်၊ ဆေးပေးမီးယူအဖြစ်ထားတဲ့
ကိုရင်တစ်ပါးရယ် စုစုပေါင်းမှ နှစ်ပါးပဲ ရှိတာ။

“စိတ်ဆိုးတော့မယ်ဆိုရင်….”
စိတ်မချမ်းသာဘူးဆိုရင်၊ စိတ်ဆင်းရဲရင်၊ စိတ်ဆိုးရင်၊ဒေါသ၊သောက၊ဣဿာမစ္ဆရိယစတဲ့
အကုသိုလ်တရားတွေ ၀င်လာရင် အကြောင်းရင်းကိုရှာပြီးဖျောက်ပါတဲ့။
မူလပဏ္ဏာသပါဠိတော် ၀ိတက္ကသဏ္ဌာနသုတ်မှာလာတဲ့ “အကုသိုလ်ကိလေသာဝင်ရင်ပယ်နည်းငါးနည်း”
ထဲက တစ်ခုပါ။အကြောင်းရင်းကိုရှာပြီး ပယ်ပါတဲ့။
ဘယ်လိုရှာပြီး ပယ်မလဲ....?

ကြိုတင်စုဆောင်းပါ။
ငါနှင့်ရွယ်တူ၊ ငယ်ကြသူနှင့်၊
ကြီးမူစားစား၊ ပုဂ္ဂိုလ်များကား၊
အာဏာထန်ပြင်း၊ ရှင်သေမင်း၏၊
ဖြတ်ညင်းနှိပ်စက်၊ ပြစ်ဒါဏ်ချက်ကြောင့်၊
ဆက်ဆက်မှန်စွာ၊ သေရရှာပြီ၊
ပမာတို့လည်း၊ သေရမြဲပင်၊
ကြီးမူစားစား၊ ပုဂ္ဂိုလ်များကား၊
အာဏာထန်ပြင်း၊ ရှင်သေမင်း၏၊
ဖြတ်ညင်းနှိပ်စက်၊ ပြစ်ဒါဏ်ချက်ကြောင့်၊
ဆက်ဆက်မှန်စွာ၊ သေရရှာပြီ၊
ပမာတို့လည်း၊ သေရမြဲပင်၊
အဘိဉာဏ် အင်္ဂါ ၈ ပါး။
၁။ အလွန်စင်ကြယ်ခြင်း။
၂။ ဖြူစင်ခြင်း။
၃။ ကိလေသာရာဂကို ဖျောက်ခြင်း။
၎။ နူးညံ့စွာဖြစ်ခြင်း။
၅။ တန်ခိုး ဖန်ဆင်းခြင်း၌ စွမ်းနိုင်ခြင်း။

ကံဖြစ်၊ ကံစွမ်းအား၊ ကံကုန်ခြင်း ။
ကိလေသာကို အခြေခံပြီးတော့ ကံတရားတွေက စုမိဆောင်းမိ ဖြစ်လာတယ်။ ကံတရား
တွေ စုမိဆောင်းမိ ဖြစ်လာလို့ရှိရင် ဒီ ကံတရားတွေက အကျိုးတရားကို ထုတ်လုပ်လာတယ်။ ဆို
လိုတာက ကိလေသာရှိရင် ကံရှိမှာပဲ။ မရှောင်လွဲနိုင်ဘူး။ အဲဒီလို လည်ပတ်ပြီးတော့ ဖြစ်နေတာ
ကို “၀ဋ်” လည်တယ်လို့ပြောတာ။

သိဒ္ဓတ္ထမင်းသား ဆင်ခြင်တော်မူခဲ့သည့် တရားတော်။
ကပိလ၀တ်ပြည် သုဒ္ဓေါဓန မင်းကြီး၏သားတော် သိဒ္ဓတ္ထမင်းသားဟာ ဒေ၀ဒဟပြည့်ရှင်
သုပ္ပဗုဒ္ဓမင်း၏ သမီးတော် ယသော်ဓရာဒေ၀ီနှင့် လက်ထပ်ပြီးလျှင် မင်းသမီးပေါင်း လေး
သောင်း အခြွေအရံများနှင့်တကွ ကြီးကျယ်သော မင်းစည်းစိမ် ကာမဂုဏ် အာရုံများဖြင့် ပျော်
မွေ့ နေတယ်။ တစ်နေ့ သောအခါ ဥယျာဉ်တော်သို့  အခြွေအရံများနဲ့ တကွ ပျော်ပွဲစားထွက်

Thursday, May 28, 2015
အဆွေခင်ပွန်း
နတ်သားတစ်ယောက်က ဘုရားရှင်ကို မေးလျှောက်ပါတယ်။
“မြတ်စွာဘုရား၊ ခရီးသွားရဲ့အဖော်က ဘယ်သူလဲ၊ အိမ်မှာနေသူရဲ့အဆွေခင်ပွန်းက ဘယ်သူလဲ၊ အလုပ်ကိစ္စလုပ်သူရဲ့ အဆွေခင်ပွန်းက ဘယ်သူလဲ၊ တမလွန်သွားသူရဲ့ အဆွေခင်ပွန်းက ဘယ်သူပါလဲဘုရား။”

အသားအရေကြည်လင်ရခြင်းအကြောင်း
တစ်ခုသော ညဥ့်ဦးယံတွင် နတ်သားတစ်ယောက်ဟာ ဘုရားရှင်ထံရောက်လာပြီး မေးပါတယ်။
"မြတ်စွာဘုရား၊ တောထဲမှာနေပြီး
ကိလေသာငြိမ်းအေးပြီးကုန်သော၊ ကိလေသာငြိမ်းကြောင်းအကျင့်မြတ်တို့ကို
ကျင့်ကုန်သော အရှင်မြတ်တို့ဟာ ဆွမ်းတစ်ထပ်တည်းသာ သုံးဆောင်ကြပါကုန်လျှက်
အဘယ်ကြောင့် အသားအရေကြည်လင်နေပါသလဲဘုရား။"
အမျိုးသမီးများမှာ အားကိုးရာ
အမျိုးသမီးများသည် အရာရာတွင် သိမ်မွေ့သူများ ဖြစ်ကြ၍ အားအစွမ်းမရှိသူ၊
နည်းပါးသူများ ဖြစ်ကြ၏ဟု မှတ်ထင်ကြရပေသည်။ မှတ်ထင်ကြသည့်အတိုင်း
မဟုတ်ပေ။ ထက်မြက်သော အားအစွမ်းများ ရှိကြသူများသာ ဖြစ်ပေသည်။

ဘုရားဂုဏ်တော်ပွားများခြင်းအကျိုး။
၁။ ရာဂ၊ ဒေါသ၊ မောဟစသည့် ကိလေသာများ မနှောက်ယှက်ခြင်း။
၂။ စိတ်အစဉ်ဖြောင့်မတ်၍ ကုသိုလ်တိုးပွားခြင်း။
၃။ မြတ်စွာဘုရားအား ရိုသေ၍ သတိကောင်းလာခြင်း။
၎။ မြတ်စွာဘုရား၌ သက်ဝင်ယုံကြည်မှု သဒ္ဒါတိုးတက်လာခြင်း။

ကံကြမ္မာ ၀ဋ်ကြွေး။
“၀ဋ်ကြွေး” ဆိုတာ လည်ပတ်ပြီးတော့ ဖြစ်လာတာ။ တစ်ချိန်တစ်ခါတုန်းက ကိုယ်ကိုယ်
တိုင် လုပ်ခဲ့တဲ့ လုပ်ရပ်တွေက ပြန်ပြီးတော့ တုံ့ပြန်ပြုလုပ်လာတာတွေ ရှိလာတယ်။ ဒါ သဘာဝ
တရားရဲ့ တုံ့ပြန်မှုပါ။ အဲဒီ တုံ့ပြန်မှုလေးတွေက ဘုရားပဲ ဖြစ်စေ၊ ရဟန္တာပုဂ္ဂိုလ်တွေပဲဖြစ်စေ
မည်သူ့ သန္တာန်ပဲဖြစ်ဖြစ် ကံ ကြမ္မာ ၀ဋ်ကြွေးတွေက အကြောင်းညီညွှတ်ရင် တုံ့ပြန်လာတတ်သေး

ပရိတ်ကြီး(၁၁)သုတ် ကို ရွတ်ဖတ်ပူဇော်ရခြင်း၏ အကျိုးအာနိသင်များ။
၁ ။ မင်္ဂလသုတ် = လိုက်နာကျင့်သုံးပါလျှင် ရန်သူတို့အပေါ် မိမိက အောင်နိုင်ခြင်း၊ အရပ်ဒေသ
တိုင်း၌ ချမ်းသာစွာ နေရခြင်း။
၂ ။ ရတနသုတ် = ရွတ်ဖတ်သရဇ္ဈာယ်ခြင်းဖြင့် ရောဂါဘေး၊ ဘီလူးဘေး၊ ငတ်မွတ်ခေါင်းပါးဘေး
တို့မှ ကင်းလွတ်နိုင်ခြင်း။

“ ရှင်မဟာသီလ၀ံသ ဆုံးမစာ (၇) ”
၇၅။ ခိုးပါမိလေ၊ ထိုးခုတ်သေ၊
ကျလေ ပါယ်ရပ်ရွာ။
၇၆။ ဤစာရွှေကျမ်း၊ ဆုံးမခန်း၊
ရဟန်းလူရှင်၊ လွန်ကြည်လင်၊
ထင်လိမ့် ယခုပါ။
၇၇။ ၀ါယာလုံ့လ၊ ကြိုးပမ်းကြ၊
ကျလေ ပါယ်ရပ်ရွာ။
၇၆။ ဤစာရွှေကျမ်း၊ ဆုံးမခန်း၊
ရဟန်းလူရှင်၊ လွန်ကြည်လင်၊
ထင်လိမ့် ယခုပါ။
၇၇။ ၀ါယာလုံ့လ၊ ကြိုးပမ်းကြ၊
Wednesday, May 27, 2015
လောကမှာ အတော်ဆုံးလယ်ထွန်သမား
"ဒီမှာ ရဟန်း၊ ငါဟာ ထွန်းယက်စိုက်ပျိုးပြီး စားရတယ်။ သင်လည်း စားချင်ရင် ထွန်ယက်စိုက်ပျိုးလော့"
"ပုဏ္ဏား၊ ငါလည်း ထွန်ယက်စိုက်ပျိုးပြီးမှ စားပါတယ်။"
"ရဟန်း၊ ထွန်ယက်စိုက်ပျိုးတယ်သာပြောတယ်။ ထမ်းပိုး၊ ထွန်သွား၊ ထွန်တုံးနှင့် နွားတို့လည်း မမြင်ပါလား"
“ နောင်ပွင့်တော်မူမည့် အရိမေတ္တေယျမြတ်စွာဘုရား ကို ဖူးခွင့်ရမည့် ပုဂ္ဂိုလ်များ ”
၁။ ယခုကြုံတွေ့နေတဲ့ ဂေါတမ သာသနာတွင်းမှာ ကိုယ်တိုင် ရဟန်းသာမဏေ သီလရှင်ဝတ်ပြီး ပရိယတ်၊ ပဠိပတ်သာသနာပြုတဲ့ ပုဂ္ဖိုလ်။
၂။ မိမိရင်မှဖြစ်တဲ့သား၊ သူတစ်ပါးရင်မှ ဖြစ်တဲ့သားတွေကို ရဟန်းခံပေးခြင်း၊ ရှင်ပြုပေးခြင်းပြုတဲ့ ပုဂ္ဖိုလ်။
၃။ မိခင်ဖခင်တို့ ကို ၀တ်ကျေတန်းကျေမဟုတ်ဘဲ စိတ်ပါလက်ပါ ရိုသေစွာပြုစုလုပ်ကျွေးတဲ့ ပုဂ္ဖိုလ်။
၎။ သရဏဂုံသီလ မပြတ် ဆောက်တည်သော ပုဂ္ဖိုလ်။

စိတ်ကို ကျွဲထိန်းသလို ထိန်းပါ
တစ်ခါတော့ မြစ်ဝကျွန်းပေါ် ဒေသတစ်ခုသို့ ဆရာတော် တရားဟောကြွလေ၏။
ထိုဒေသတွင်မိုးများသည့်အတွက် တောင်ယာသမား အများစုသည် နွားအစားကျွဲ
များဖြင့်သာ ထွန်ယက်စိုက်ပျိုးကြရလေ၏။ ကျွဲများသည် သန်မာထွားကျိုင်းပြီးချို
ကြီးများကားနေ၏။ ဆရာတော်သည် ကျွဲကြီးများကို မြင်သောအခါ ထိုဒေသမှ ဒ
ကာကြီးများကို ယခုကဲ့သို့ မေးကြည့်လေ၏။

ကလျာဏမိတ်ဆွေဂုဏ် ၇ ပါး။
၁။ သီလစင်ကြယ်၍ ချစ်ခင်ဖွယ်ရှိသောဂုဏ်။
၂။ သီလ၊ သမာဓိဂုဏ်တို့ကြောင့် အလေးအမြတ်ပြုအပ်သောဂုဏ်။
၃။ မေတ္တာရေမခမ်း ပွားစေအပ်သောဂုဏ်။
၎။ သူတစ်ပါးကို ကောင်းအောင် ဆုံမတတ်သောဂုဏ်။

ပဋိသန္ဓေအကျိုး၊ ပ၀တ္တိအကျိုး။
“ကံ” က အကျိုးပေးတယ်ဆိုတာ နှစ်မျိုးရှိတယ်။ ၁။ ဘ၀တစ်ခုကို ပေးတာကို “ပဋိသန္ဓေ
အကျိုး” လို့ခေါ်ပါတယ်။ ၂။ ပဋိသန္ဓေနောက်မှာ ဆက်လက်ဖြစ်ပေါ်လာတဲ့ အကျိုးကို “ပ၀တ္တိအ
ကျိုး” လို့ ခေါ်ပါတယ်။ ကံကနေ ထုတ်လုပ်တဲ့ ပ၀တ္တိအကျိုးမှာကျတော့ ကံတရားတွေဝငိပြီး အ
ကျိုးပေးလို့ ရသေးတယ်။

သံသရာထွက်လမ်းအစ။
ဘ၀သံသရာ ခရီးကို လျှောက်တဲ့အခါမှာ ဗုဒ္ဓဘာသာဝင် သူတော်ကောင်းတို့သည်၊ အပါယ်လေး
ဘုံမှ လွတ်မြောက်ရာလမ်းစဉ်မှန်သို့ ရောက်ရန်အလွန်အရေးကြီးပါသည်။ လူ့ရဲ့သဘာဝအရ အပေါင်း
အသင်း၊ အဖေါ်ပြုမှုတွေဖြင့် တစ်ဦးပေါ်တစ်ဦး အပြန်အလှန် အကျိုးပြုပြီးတော့ နေကြပါသည်။ သူ
တော်ကောင်းတို့သည် မိမိတို့၌ သားမယား၊ လင်သား၊ စပါးဆန်ရေ၊ ရွှေငွေ၊ ဆင်မြင်း၊ တိုက်တာခြံမြေ
တို့ကို မပစ်မစွန့်ရဘဲ၊ ကာမဂုဏ် စည်းစိမ်ကြီးပေါ်က စံစား၍ နိဗ္ဗာန်သို့ သွားနိုင်သော အနာထပိန်၊

Tuesday, May 26, 2015
ငရဲကျမှာကြောက်လို့ပါ။
တေမိမင်းဟာ တေမိမင်းသားဘ၀ မရောက်ခင်တုန်းက နတ်ပြည်မှာပါ။ နတ်ပြည်မ
ရောက်ခင် ငရဲမှာပါ။ ငရဲမရောက်ခင် ဘ၀တုန်းက ရှင်ဘုရင်တစ်ပါးပါ။
တေမိမင်းသားဘ၀ ရောက်လာတော့ လသားလေးမှာ - အိပ်ယာကနိုးလို့ မျက်လုံး
ကလေးဖွင့်လိုက်တော့ ထီးဖြူကြီးကိုမြင်လို့ သူ့ရှေးဟောင်းနှောင်းဖြစ်တွေကို ပြန်လည်
သတိရသွားပါတယ်။

တရားဂုဏ်တော် ၆ ပါး။
၁။ သွာက္ခာတော = တရားတော်သည် အစ၊ အလယ်၊ အဆုံး ကောင်းသောဂုဏ်။
၂။ သန္ဓိဌိကော = ချီးမွမ်းအပ်သော မဂ်ပညာဖြင့် ကိလေသာကို အောင်တတ်သော ဂုဏ်။
၃။ အကာလိကော = အခါမလင့် ကောင်းကျိုးချမ်းသာ ပေးတတ်သောသူ။
၎။ ဧဟိပဿကော = လာလှည့် ရှုလေ့ဟူ၍ အစီရင်ကို ခံထိုက်သော ဂုဏ်
၅။ သြပနေယိကော = စိတ်နဲ့မခွာဘဲ ဆောင်ခြင်းငှာ ထိုက်သောဂုဏ်

ကံ၊ ကြမ္မာ၊ ၀ဋ်တို့၏သဘာဝ။
“ကံ” ဆိုတာကတော့ အားလုံးသိနေကြတဲ့အတိုင်း မိမိရဲ့သန္တာန်မှာ ဖြစ်တဲ့စိတ်ရဲ့
လှုံဆော်မှု မနောကံ၊ နှုတ်ကထုတ်ပြောမှု ၀စီကံ၊ ကိုယ်ထိလက်ရောက် ပြုလုပ်မှု ကာယကံလို့
အကောင်းအဆိုး(၂)မျိုး ကွဲပြားလျက် ရှိတယ်။ အဲဒီ ကာယကံ၊ ၀စီကံ၊ မနောကံတွေထဲမှာ
မကောင်းတဲ့ ကာယကံ၊ မကောင်းတဲ့ ၀စီကံ၊ မကောင်းတဲ့ မနောကံကို ရံဖန်ရံခါ ပုထုဇဉ်တွေ
ပြစ်မှားကျူးလွန် မိခဲ့ကြတာရှိတယ်။

တရားလမ်းကြောင်းမှန်ရန်။
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး ကိုယ်တိုင်ပင်လျှင် ဘုရားမဖြစ်မှီ ဘုရားလောင်း
ဘ၀မှာ ဤပဋိစ္စသမုပ္ပါဒ် တရားတော်ကြီးကို အဆုံးကနေ အစရောက်အောင် ဆင်ခြင်တော်မူပါ
သည်။ တစ်ဖန် အစကနေ အဆုံးရောက်အောင် ဆင်ခြင်တော် မူပါသည်။ ဤကဲ့သို့  ပဋိစ္စသ
မုပ္ပါဒ် ဒေသနာကို အစက အဆုံး၊ အဆုံးက အစ၊ ပြန်ရောက်အောင် ဆင်ခြင် သုံးသပ်တော်မူ

Monday, May 25, 2015
သူတော်ကောင်းအလှူ ငါးမျိုး

••••••••••••••••••••••••••••••••••
အလှူဒါနအမျိုးမျိုး-
သူတော်ကောင်းအလှူသည် ငါးမျိုးရှိ၏။
၁။ သဒ္ဓါဒါန။
၂။ သက္ကစ္စဒါန။
၃။ ကာလဒါန။
၎။ အနုဂ္ဂဟိတဒါန။
၅။ အနုပဟစ္စဒါန တို့ဖြစ်ကြသည်။
အလှူပေး တကယ်သူဋ္ဌေးဖြစ် ။
သူတော်ကောင်းတို့ လောကတွင် အလှူမလုပ်ဘူးသူ ရှိပါသလား ? ကျနော့်ကိုထိုမေးခွန်း မျိုးမေးပါက မရှိပါဟု ဖြေမည်ပင် အဘယ်ကြောင့်ဆိုသော် လောကတွင် ကြီးငယ် ကျားမ ဘာသာမရွေး လူဆိုလျှင် မည်မျှပင်စေးနဲ သူဖြစ်လင့်ကစား လှူဘူးသူချည်းပင် အကြောင်းကိုရှင်းပြရသော် ဒါန ဆိုသည်မှာ
ထမင်းစားပြီး ပန်းကန်ဆေး၍ သွန်ပစ်သော ရေတွင်ပါဝင်သည့် ထမင်းစေ့ကလေးများ ကိုပုရွက်ဆိတ် ပိုးဟပ် စသောတိရိစ္ဆန်များက စားရသည်ကိုပင် ကုသိုလ်
အသံကိုလုပ်၍ တရားဟောရာ၌ အပြစ် ၅ ပါး။
အသံကို ဆွဲကာငင်ကာ တမင်သာယာအောင်လုပ်၍ တရားဟောရာ၌ အပြစ် ၅- ပါးကို
ဘုရားရှင် ဟောတော်မူသည်မှာ==
၁။ မိမိအသံကို မိမိပြန်၍ သာယာသော် တဏှာဖြစ်၏။
၂။ ကြားနာသူတို့မှာလည်း ထိုကဲ့သို့ တဏှာဖြစ်၏။
၃။ လူကြီးလူကောင်းတို့က “ငါတို့သီချင်းဆိုသလို ဘုရားသားတော် အခေါ်ခံနေသော ဘုန်းကြီး

ကောင်းရာသုဂတိဘုံသို့။
မြန်မာပြည်မှာ ပြောကြတယ်၊ ဗြဟ္မာ့ပြည်က အပ်တစ်စင်း၊ လူ့ပြည်ကအပ်တစ်စင်း ချ
လိုက်ရင် အဲဒီအပ်ဖျားချင်း ထိကောင်းထိလိမ့်မယ်။ လူ့ဘ၀ရောက်ဖို့ အင်မတန်မှ ခဲယဉ်းတယ်။
ခဲယဉ်းတယ်ဆိုတာ ဖြစ်ကိုမဖြစ်နိုင်ဘူးလို့တောင် ဆိုလိုတာနော်။
မြတ်စွာဘုရားက လူ့ဘ၀ ရခဲတယ်ဆိုတာကို လိပ်ကန်းကြီးတစ်ကောင်နဲ့ ဥပမာ ပေးထား
တယ်။ လိပ်ကန်းကြီးတစ်ကောင်က ပင်လယ်ထဲမှာ ကျက်စားတယ်။ အနှစ်တစ်ရာကြာမှ ပင်

အမြဲတမ်း မှန်နေသော သဘာဝ အရှိတရား။
ကမ္ဘာပေါ်မှာ ဘာသာအယူဝါဒပေါင်း မြောက်များစွာရှိပါတယ်။ အဲဒီ အယူဝါဒတွေဟာ
ဆိုင်ရာဆိုင်ရာ အယူဝါဒ ခေါင်းဆောင်တွေ ပေါ်ထွန်းလာမှသာ ဖြစ်ပေါ်လာကြတာပါ။ ဒါပေ
မဲ့ ဗုဒ္ဓရှင်တော်မြတ် သိတဲ့တရား၊ ဟောညွှန်ပြတဲ့ တရားဟာ အမြဲတမ်းမှန်ကန်နေတဲ့ သဘာ
ဝတရား ဖြစ်ပါတယ်။ တကယ်လို့ သာ ဗုဒ္ဓရဲ့  တီထွင်ထားတဲ့ တရားဆိုရင် ဗုဒ္ဓပေါ်ထွန်းလာမှ
ပဲ ဒီတရား ပေါ်ထွန်းလာရမယ်။ ဗုဒ္ဓ မပေါ်ထွန်းရင်၊ ဒီတရား မရှိရဘူး၊ ဒီ သဘာဝ တရားက

တိပိဋကဓရ တိပိဋက ကောဝိဒ သာသနာ့အာဇာနည် အရှင်မြတ်များ။
မြန်မာပြည်တွင် ပိဋက(၃)ပုံ နှုတ်ငုံဆောင်တော်မူနိုင်သော သာသနာ့အာဇာနည်
တိပိဋကဓရ တိပိဋက ကောဝိဒ သာသနာ့အာဇာနည် အရှင်မြတ်များ ၁၃ ပါး ပေါ်ထွက်ခဲ့ပါတယ်။
သာသနာ့အာဇာနည် အရှင်မြတ်များမှာ....
၁။ (၁၉၅၃)မင်းကွန်း တိပိဋကဓရဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ၊=
(ဇာတိ - မန္တလေးတိုင်း၊
မြင်းခြံမြို့နယ်၊ ကျည်းပင်ရွာ၊ မွေးရက် - ၁၂၇၃ခု၊ တန်ဆောင်မုန်းလဆန်း (၁၁)ရက်

Sunday, May 24, 2015
မိဘဂုဏ်အင်္ဂါ(၁၂ )ဖြာ
၁။ သားသမီးအပေါ်တွင် ထာဝစဉ်မေတ္တာထားသောကြောင့် ဗြဟ္မာဖြစ်ပါသည်။
၂။ ငယ်စဉ်ကတည်းက ဒီလိုစား၊ဒီလိုသွား၊ဒီလိုနေ ဟူ၍ သင်ကြားပြသ ပေးသောကြောင့် လက်ဦးဆရာ ဖြစ်သည်။
၃။ မိဘသည် ရပ်ဝေးတွင် စီးပွားရှာ၍ သားသမီးကိုကျွေးမွေးသည်။ သားသမီးကလည်း ထိုသို့ ပြန်လည် လုပ်ကျွေး ထိုက်သော အာဟုနေယျပုဂ္ဂိုလ်ဖြစ်သည်။

ကန်တော့ဆွမ်း
" ကန်တော့ဆွမ်းပါဘုရား "
" ကန်တော့ဆွမ်းပါခင်ဗျာ/ရှင် "
အလှူခံများနှင့် တွေ့ကြုံသည့်အခါ အခြေအနေအကြောင်းအကြောင်းကြောင့် တခုခု ပေးလှူခြင်းငှါ မတတ်နိုင်သည်ရှိသော် ဤသို့ ပြောဆို လျှောက်ထား တောင်းပန်ကြလေသည်၊ ဤသည်ကိုပင် ပဋိသန္ဓာရစကားတစ်ခု ရရှိသလို ဖြစ်ကြောင်း ရှေးရှေးသော အဖြစ်အပျက်ရာဇဝင်များ ရှိခဲ့ဘူးလေသည်။

နိဗ္ဗာန်ကို မြင်လိုသိလိုလျှင်
ရှေးတုန်းက ဇယသေန ဆိုတဲ့ မင်းသားတစ်ယောက်တော်တော်ပညာတတ်တဲ့
ကိုရင်တစ်ပါးဆီ သူမင်းသားရောက်လာတယ်။
ရောက်လာတော့ ကိုရင်ကြီးကို မေးတယ်။
"ကိုရင် - သမာဓိရှိရှိနဲ့
နေနိုင်တယ်ဆိုတာ ၊ သမာပတ်တွေ ဘာတွေဝင်စားနိုင်တယ်ဆိုတာ
ဟုတ်သလား၊ စိတ်တွေဟာ တစ်ခါတည်း အာရုံတစ်ခုတည်းမှာ ထားပြီးတော့ နေနိုင်တယ်ဆိုတာ ဟုတ်သလား။"
သားသမီးသုံးမျိုး
အတိဇာတံ အနုဇာတိ၊ ပုတ္တမိစ္ဆန္တိ ပဏ္ဍိတာ။
အဝဇာတံ နဣစ္ဆန္တိ၊ ယောဟောတိကုလဂန္ဓနော
မြတ်စွာဘုရား ဟောတော်မူတယ်။
- အတိဇာတ သားသမီးတစ်မျိုး
- အနုဇာတ သားသမီးတစ်မျိုး
- အဝဇာတ သားသမီးတစ်မျိုး ဆိုပြီး
သုံးမျိုးဟောတော်မူခဲ့ပါတယ်။
အဝဇာတံ နဣစ္ဆန္တိ၊ ယောဟောတိကုလဂန္ဓနော
မြတ်စွာဘုရား ဟောတော်မူတယ်။
- အတိဇာတ သားသမီးတစ်မျိုး
- အနုဇာတ သားသမီးတစ်မျိုး
- အဝဇာတ သားသမီးတစ်မျိုး ဆိုပြီး
သုံးမျိုးဟောတော်မူခဲ့ပါတယ်။
တရားအားမထုတ်မီ ဆောင် ရွက် ရန်
၁။ ခန္ဓာလှူရန်။
ဤခန္ဓာကိုယ် အတ္တဘောကြီးကို အရဟံအစ ဘဂ၀ါအဆုံး ဘ၀ဂ်ချုံးမျှ ဘုန်းရှိန်ကြီးမား ဂုဏ်ကိုးပါးတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား လှူဒါန်းပါ၏အရှင်ဘုရား။ဤခန္ဓာကိုယ် အတ္တဘောကြီးကို သံသရာမှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း တရားကောင်းတို့ဖြင့် မဂ်ဆိုက်၊ ဖိုလ်ဝင် နိဗ္ဗာန်မြင်အောင် သွန်သင်ဆုံးမ ပေးတော်မူသော ဆရာသမားများအား လှူဒါန်းပါ၏ အရှင်ဘုရား။
ဟိုလူပြော ဟုတ်နိုးနိုး၊ ဒီလူပြော ဟုတ်နိုးနိုးမဖြစ်ရလေအောင်။
ဘုန်းကြီးကပြောတယ်၊ “ ကိုယ်တော်တို့ စာမသင်ဘဲ နေလို့တော့ မရဘူး၊ စာမသင်လို့
ရှိရင် မတည်မြဲဘူး၊ ဟိုလူပြော ဟုတ်နိုးနိုး၊ ဒီလူပြော ဟုတ်နိုးနိုး၊ တရားတင် အားထုတ်လို့ ရှိ
ရင် ကိုယ်တွေ့တာလေးတင် အဟုတ်ထင်မှာ” ၊ တစ်ယောက်နဲ့တစ်ယောက် အတွေ့ဆိုတာ
တူတာမဟုတ်ဘူး၊ မတူသည့်အတွက်ကြောင့် သူတွေ့တာ သူပြောလိမ့်မယ်၊ ကိုယ်တွေ့တာ
ကိုယ် ပြောလို့ရှိရင် “ ကိံသုကောပမသုတ္တန် ” လိုပဲ၊ ပေါက်ပင်ကြီးကို မြင်တာက တစ်ဦး

အထင်ကြီးမှာကို ကြောက်လွန်းလို့။
ဆရာတော်ရဲ့ ဆရာ(အဖေ ဆရာ)က တောင်စွန်း ဓမ္မဒူတဆရာတော်၊ ဓမ္မဒူတဆရာ
တော်ရဲ့ဆရာ(အဘိုး ဆရာ)က စစ်ကိုင်းနန်းဦး ဆရာတော်ကြီး ဖြစ်တယ်။ တောင်စွန်းဓမ္မဒူတ
ဆရာတော် ဘုရားကြီး စစ်ကိုင်းမှာ စာကျက်တုန်းက နန်းဦးကျောင်း အဲဒီဆရာတော်ကြီးဆီ
မှာ စာကျက်တယ်။ ဆရာတော်ကြီးရဲ့  တပည့်ရင်းပဲ၊ ဓမ္မဒူတဆရာတော်က၊ မွန်ပြည်နယ်၊
ဘီလင်းမြို့ နယ်၊ တောင်စွန်း ဓမ္မဒူတတောရ ကျောင်းတိုက် တည်ထောင်ပြီး စာချ၊ တရား

"ရှင်ကြပ်သေချောင်"
သာသနာတော်၌ ဆရာတော်များ ဆုံးမထားသော စကားတစ်ရပ် ရှိပါသည်။ ၎င်းမှာ
"ရှင်ချောင်သေကြပ်၊ ရှင်ကြပ်သေရှောင်" ဟူ၍ ဖြစ်ပါသည်။ အဓိပ္ပာယ်မှာ ရဟန်းဝတ်ပြီး
သီလသိက္ခာပုဒ်များ မစောင့်ထိန်းဘဲ၊ သွားကာ၊ လာကာ၊ စားကာ၊ သောက်ကာနှင့် ရဟန်း
စဉ်က ချောင်ချောင်ချိချိနေလျှင် သေလျှင်ငရဲကျမည်ဖြစ်၍ အသေကြပ်မည်။ ရဟန်း
စဉ်က သီလသိက္ခာပုဒ်များကို ကြပ်ကြပ်တည်းတည်း စောင့်စည်းထိန်းသိမ်း၍ ကောင်း

ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အသိပညာပေးဆောင်ပုဒ်များ (၇)။
“ ရှင်မဟာသီလ၀ံသ ဆုံးမစာ (၆) ”
====================
၅၆။ သို့ပင်တစေ၊ မနေရသာ၊
ကျောင်းကခွာသော်၊ နောင်ခါနောင်တ၊ ရှိတယ်စွ။
၅၇။ အတတ်ပညာ၊ တတ်မှသာလျှင်၊
ကျောင်းမှာနေကျိုး၊ နပ်မည်ပ။
၅၈။ ဆုံမစကား၊ ဆိုသည်များကို၊

Subscribe to:
Posts (Atom)