Saturday, August 27, 2016
မုန်းစိတ်ခန်းလေ ပြုံးရိပ်သန်းလေ
☆ အဒေါသဆိုတာက ဒေါသမရှိတာ။ ဒေါသကင်းတာ။ အဒေါသ ဓာတ်ခံအားနည်းတဲ့ ပုဂ္ဂိုလ်ကျတော့ ဘာမဟုတ်တဲ့ အသေးအမွှား စကားလုံးလေးနဲ့လည်း ပုံကြီးချဲ့ပြီးတော့ ဒေါသတွေ ကြီးနေတက်တယ်။ စိတ်တိုနေတတ်တယ်။ စိတ်ဆိုးနေတက်တယ်။ နာကျည်းမုန်းတီးနေတတ်တယ်။ ရန်ငြိုးဖွဲ့နေတတ်တယ်။
စိတ်၏ ထွက်ပေါက်(Exit) ။
       လူတွေဟာ ဘယ်တော့မှ တင်းတိမ်သွားတာ မရှိပါ။ ဘယ်လောက်ပဲ ဖြည့်ဆည်းပေး ဖြည့်
ဆည်းပေး မတင်းတိမ်နိုင်ပါ။ ကောင်းသည်ထက် ကောင်းအောင်၊ တိုးတက်သည်ထက် တိုးတက်
အောင်၊ ကြိုးစားနေကြပါတယ်။ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား၊ ကြိုးစားလာသည်နှင့်အမျှ လူ့
အို၊ နာ၊ သေရခြင်းတို့၏ ကြောင်းကျိုးဆက်သွယ်မှုသဘာဝ။
      ဗုဒ္ဓမြတ်စွာဘုရားက အို၊ နာ၊ သေရခြင်းတို့၏ ကြောင်းကျိုးဆက်စပ်မှုကို ဆင်ခြင်မိပါတယ်။
      အ၀ိဇ္ဖာကြောင့် သင်္ခါရ = အမှန်အတိုင်း မသိမြင်လို့ ဘ၀ဖြစ်ပေါ်ရေး ယခု လက်ရှိဘ၀မှာ ဘဝ
ကောင်း ဘ၀မှန်ဖြစ်ရေး၊ နောက်တမလွန်မှာလဲ ဘ၀ကောင်း ဘ၀မှန်တွေ ဖြစ်ပေါ်ရေးလုပ်မိတယ်။
အလောင်း အလျာတို့၏ အလိုတော် (၆) ပါး။
    အလောင်း အလျာတို့၏ အလိုတော် (၆) ပါးမှာ ==
၁။ လောဘတရားတို့မှ ကင်းလိုခြင်း။
၂။ ဒေါသတရားတို့မှ ကင်းလိုခြင်း။
Friday, August 26, 2016
လောကမှာ ကိုးကွယ်ရာ
လောကမှာ ကိုးကွယ်ရာအဖြစ် မိမိတို့ ယုံကြည်ရာ သဘာဝတရားအားလျော်စွာ ကိုးကွယ်နေကြတာ
အများအပြားရှိတယ်။
ဗုဒ္ဓဘာသာဝင်သူတော်စင်တို့ကတော့ ရတနာသုံးပါးကို ကိုးကွယ်တယ်လို့ ဒီလိုဆိုတယ်။
ဒါကြောင့်မို့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ သုံးပါးရတနာ ကိုးကွယ်ရာနဲ့ ပတ်သက်ပြီးတော့
မိမိတို့ ကိုးကွယ်ဆည်းကပ်နေတဲ့ ရတနာသုံးပါးအကြောင်း အလေးအနက်သိရှိဖို့ လိုအပ်တယ်။
Thursday, August 25, 2016
စိတ်အားနည်းခြင်း တရား ၂၅-ပါး-
ကောင်းမှုကောင်းရာတို့ဘက်၌ စိတ်အားလျော့မှုများဟုလည်းခေါ်ပါသည်-
၁။ ကောဓ- - -အမျက်ထွက်ခြင်း၊
၂။ ဥပနာဟ- - -ရန်ငြိုးဖွဲ့ခြင်း၊
၃။ မက္ခ- - -ကျေးဇူးမဲ့ပြုခြင်း၊
၎။ ပလာသ- - -တုပြိုင်ခြင်း၊
အလှူကျေးဇူး စွမ်းရည်ထူး
အလှူကျေးဇူး စွမ်းရည်ထူး
၁။ စေတနာမှန် ဤသုံးတန်
ပုဗ္ဗေ၀ ဒါနာ သုမနာ၊ ဒဒံ စိတ္တံ ပသာဒယေ။
ဒတွာ အတ္တမနော ဟောတိ၊ ဧသာ ယညဿ သမ္ပဒါ။ (အံ၊၂၊၂၉၆။ ပေတ၀တ္ထု-၁၅၉)
၁။ မလှူမီမှာ ၊ ၀မ်းမြောက်ရာ၊ ကောင်းစွာ သန့်ရှင်းရ။
၂။ လှူဆဲဉာဏ်ယှဉ်၊ စိတ်ကြည်လင်၊ ပျော်ရွှင်အားတက်ရ။
၃။ လှူပြီးသောခါ၊ ကျေနပ်ရာ၊ ၀မ်းသာ ရွှင်လန်းရ။
မှားယွင်းစွာ ပြုလုပ်မိတတ်ကြသော စိတ်၏ထွက်ပေါက်များ။
      စိတ်ဖိစီးလာလို့ရှိရင် မှန်ကန်တဲ့နည်းနဲ့ ထွက်ပေါက်ရှာဖို့ မြတ်စွာဘုရားက လမ်းညွှန်ပေး
ထားပါတယ်။ အဲဒီလမ်းညွှန်ချက်အတိုင်း လိုက်နာအားထုတ်မယ်ဆိုရင် မည်သူမျှ စိတ်ပေါက်ကွဲမှု
ဒဏ်တွေကို ခံရမှာ မဟုတ်ပါ။ စိတ်ဖိစီးမှုတွေ ဖြစ်လာရင် မြတ်ဗုဒ္ဓ ညွှန်ပေးတဲ့လမ်းက ထွက်သွား
မြတ်ဘုရား၏ ဥပဒေတော်ကြီး။
အကျဆုံးဖြစ်၍ သာသနာတော်၏ အသက်ဖြစ်သည်။ ရဟန်းတော်များသည် ထို ၂၂၇ သွယ်သော
ဝိနည်းတော်အတိုင်း သီလသိက္ခာကို မထိန်းသိမ်း မစောင့်စည်းတော့ဘဲ ဆယ်ပါးသီလမျှကိုသာ
လိုချင်တာကို ရှေ့တန်းတင်မိလျှင်။
    ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဗောဓိကုမာရမင်းသား  အကြောင်းဆက်စပ်  ကြည့်ရင်၊
သူကခုနှစ်ဆောင်တိုက်ခန်းရှိတဲ့ တိုက်သစ်ကြီးဆောက်တယ်။ တိုက်သစ်ဖွင့်ပွဲမှာ ဘုရားရှင်
ကိုယ်တော်မြတ်ကြီးနဲ့ အရှင်အာနန္ဒာ မထေရ်မြတ်တို့ကို သူကပင့်တယ်။ ဘုရားရှင်နဲ့ သံဃာ
Wednesday, August 24, 2016
သက်သတ်လွတ်နှင့် ကုသိုလ်စိတ်
အရှင်ဘုရား . .
.
သက်သတ်လွတ်စားခြင်းဖြင့် ကုသိုလ်ရနိုင်၊ မရနိုင်နှင့် အသားစားခြင်းဖြင့် အကုသိုလ်ဖြစ်နိုင်၊ မဖြစ်နိုင်တို့အား ဖြေကြားပေးပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည်ဘုရား… ။
ဗိုလ်မှုးမျိုးဦး၊ ရန်ကုန်မြို့။
Tuesday, August 23, 2016
သင်္ကန်းရောင် ပြဿနာ အမေး+အဖြေ
မင်္ဂလာညချမ်းပါအရှင်ဘုရား အရှင်ဘုရား ကျန်းမာချမ်းသာပြီးလိုအင်ဆန္ဒပြည့်ဝပါစေဘုရား
တပည့်တော်လက်ဆယ်ဖြာထိပ်မှာမိုးပြီးရှိခိုးကန်တော့အပ်ပါသည်ဘုရား
တပည့်တော်ကို မေးခွန်းလေးတစ်ခုမေးမြန်းခွင့်ပြုပါအရှင်ဘုရား
ရဟန်းတော်များသည် မည်သည့်အကြောင်းကြောင့်သင်္ကန်းအရောင်များမှာ တစ်သားတည်းမဟုတ်ပဲ အရောင်ကွဲပြားနေရပါသလဲဘုရား
ကောင်းသော ယှဉ်ပြိုင်ခြင်း။
        ကဿပမြတ်စွာဘုရား လက်ထက်တော်တုန်းက “ဂဝေသီ”လို့ခေါ်တဲ့ ဒကာတစ်ယောက်
ရှိပါတယ်။ လူ ၅၀၀ ပါတဲ့ အဖွဲ့စည်းရုံးပြီး ခေါင်းဆောင်နေပါတယ်။ သူကလည်း ကိုယ်ကျင့်တ
ရားကောင်းတဲ့သူမဟုတ်၊ အကျင့်သီလ မပြည့်စုံပါ။ သူ စည်းရုံးထားတဲ့ အဖွဲ့သားဥပသကာ
မရှိတဲ့ဘုရားကိုဗုဒ္ဓဘာသာဝင်တွေကိုးကွယ်နေကြတာလား?။
       “သူတို့ကိုးကွယ်တဲ့ ဘုရားသခင်ဆိုတာ အခုထိ ကောင်းကင်ဘုံနန်းမှာ ရှိနေတယ်။ ပြီးတော့
သူတို့ဘုရားသခင်က ကိုးကွယ်ဆည်းကပ်လာသူတိုင်းကို ရှိသမျှ အပြစ်တွေလည်း ဆေးကြော ဖယ်
ရှားပေးမယ်။ ဆင်းရဲဒုက္ခတွေ ကင်းဝေးစေမယ်။ ချမ်းသာသုခတွေနဲ့ ပြည့်စုံအောင်လည်း အစစ တာ
“ ရှင်မဟာသီလ၀ံသ ဆုံးမစာ (၂) ”
၁၂။ ရိုင်းစိုင်းနီးကပ်၊ မကိုင်းညွတ်ပဲ
မတ်တတ်တိုး၍ မသွားနှင့်။
၁၃။ စားဖွယ်စားရာ၊ ကပ်သောခါလည်း
Monday, August 22, 2016
ဘုရားရှင်မိခင်နိ့ဖိုး ကြေခဲ့လား...?
အရှင်ဘုရား၊ တပည့်တော် သိလိုသည်မှာ မြတ်စွာဘုရားရှင်သည် မိခင်မယ်တော်မာယာ၏ မွေးကျေးဇူးကို ဆပ်ရာတွင် နို့တလုံးဖိုးသာ ကျေပါသည်ဟု ငယ်စဉ်ကတည်းက ကြားဖူးနေပါသည်။ သို့သော်လည်း ယခုအခါ ဆရာတော် သံဃာတော်များက နို့နှစ်လုံးဖိုးကျေပါသည်ဟု ဟောကြားသံ ကြားနေရပါသည်။ အမှန်ကို သိလိုပါသဖြင့် ကျမ်းဂန်အထောက်အထားနှင့် ဖြေကြားပေးတော်မူပါဘုရား။
(မောင်ထင်လင်း-ကျောက်ကုန်းလမ်း၊ ရန်ကုန်မြို့)
အပါယ်ဘေးကို ဆင်ခြင်ပါ
ငရဲ၌ ဖြစ်ရသော သတ္တဝါတို့၏ ကိုယ်သည် ၃-ဂါဝုတ် ပမာဏရှိ၏။
မြန်မာတိုင်အားဖြင့် ၄-တိုင်နှင့် တာ ၈ဝဝရှိ၏။ ငရဲထိန်းတို့သည် ထိုမျှ ကိုယ်ခန္ဓာ ကြီးမားသော ငရဲသားကို
အလျှံတပြောင်ပြောင် မီးစွဲလောင်သော သံမြေပြင်ပေါ်၌ပက်လက် အိပ်စေကုန်၏။ ထို့နောက် ညာဘက်လက်ဝါး၌ ထန်းလုံးခန့်ရှိ ရဲရဲတောက်သော သံစို့ကြီးကို ရိုက်နှက်သွင်းကုန်၏။
Sunday, August 21, 2016
မြတ်ဒါနနှင့်မြတ်ချမ်းသာ
ဒါနအကျိုးတရားပြ ဓမ္မရုပ်ပြဇာတ်လမ်းတိုတစ်ခုပါ ။
အလှူဟူသည်---
နတ်ပြည်၏ စောင်းတန်းလှေခါးဖြစ်သည်။
မြတ်သော ရိက္ခာထုပ်ဖြစ်သည်။
ခရီးဖြောင့်လည်းဖြစ်သည်။
မြတ်သော မဂ် ဖိုလ် နိဗ္ဗာန်၏ အကြောင်းဖြစ်သည်။
အစိုးရခြင်းကို ဖြစ်စေတတ်သည်။
စည်းစိမ် ချမ်းသာကို ပေးတတ်သည်။
ချမ်းသာကို ပွားစေတတ်သည်။
မိမိကိုယ်ကို စောင်မတတ်သည်။
မယဉ်ကျေးသူတို့ကို ယဉ်ကျေးစေတတ်သည်။
အလုံးစုံသော အကျိုးကို ပြီးစေတတ်သည်။
အမွန်မြတ်ဆုံး မင်္ဂလာတစ်ပါးလည်း ဖြစ်သည်။
နိဗ္ဗာန်တိုင် မျက်မှောက်ပြုနိုင်တဲ့ ပရိတ်တရားတော်။
         ဗုဒ္ဓဘာသာဝင်တွေဟာ ငယ်စဉ်တောင်ကျေး ကလေးဘ၀ကစပြီး “ပရိတ္တ” လို့ခေါ်တဲ့
အန္တရာယ်ကို ကင်းရှင်းစေနိုင်တဲ့ မြတ်စွာဘုရား တရားတော်တွေကို ကျက်မှတ်ကြတယ်။ အ
ခါအားလျော်စွာ ပရိတ်တရားတော်ကို နာယူကြပါတယ်၊ ရွတ်ဖတ်ကြပါတယ်၊ သရဇ္ဈာယ်ကြ
ပုဗ္ဗ၊ မုဉ္စ၊ အပရစေတနာနှင့် သတိထားဖွယ်များ။
       အလှူတစ်မျိုးကို လှူဒါန်းရာ၌ ပုဗ္ဗစေတနာ၊ မုဉ္စစေတနာ၊ အပရစေတနာဟု ၃ မျိုးရနိုင်၏။
         ပုဗ္ဗစေတနာ = အလှူပေးမည်ဟု ကြံစည်ကာ ထိုအလှူနဲ့ဆိုင်သော ပစ္စည်းများကို ရှာဖွေ
စုဆောင်း နေသောအခါမှစ၍ မလှူမီ ရှေ့အဖို့၌ ဖြစ်သမျှ ကုသိုလ်စေတနာတွေသည် “ပုဗ္ဗစေတ
“တောင့်တ၍ မရနိုင်သော အရာငါးမျိုး”
အိုခြင်းဆိုတာ၊ မအိုပါလို၊ တောင့်တဆို၊ ရကိုမရပြီ။
နာခြင်းဆိုတာ၊ မနာပါလို၊ တောင့်တဆို၊ ရကိုမရပြီ။
သေခြင်းဆိုတာ၊ မသေပါလို၊ တောင့်တဆို၊ ရကိုမရပြီ။