Saturday, December 20, 2014

ဘဝသံသရာကို လောကဓမ္မတို့နှင့် နှိုင်းချင့်ဝေဘန်ခြင်း။


ဘဝဆိုသည်မှာ အမိဝမ်း၌ ကိုယ်ဝန်ပဋိသန္ဓေမှစ၍ သေဆုံးသည့်တိုင်အောင်အဆက်မပြတ်
်ဖြစ်နေသော ရုပ်နာမ်
တရားအစုကို ဘဝ ဟုခေါ်သည်။ ဖြစ်ပေါ်တတ် ကြီးပွါးတတ် ချမ်းသာမှု ဆင်းရဲမှု အမျိုးမျိုး ဖြစ်ပေါ်ကြောင်းကြီးပွါးကြောင်း
ဖြစ်သောကြောင့် ဘဝ မည်၏ ဟု ဘဝအဓိပ္ပါယ်ကို ဖွင့်ဆိုထား၏။
ဒဿန ဆရာများကလည်း
Life is nothing dut struggle
ဘဝဆိုတာ ရုန်းကန်လှုပ်ရှားခြင်း
Life is not a morning rose
ဘဝဆိုတာ နံနက်ခင်းနှင်းဆီပန်းမဟုတ်
စသည်ဖြင့် မိမိတို့နားလည်ထား
ရှိသည့်အတိုင်း ခံစားသိရှိထား
သည့်အတိုင်း ဘဝအဓိပ္ပါယ်ကို
ဖွင့်ဆိုကြ၏။

ဆရာတော်ဦးဗုဓ်၏ ဂီဟိဝိနယ ဆုံးမစာ များ

ဒီတစ်ပတ်တော့ စာဖတ်သူတွေကို ဗဟုသုတ တိုးပွားပါစေခြင်း အကျိုးငှာ ဆရာတော် ဦးဗုဓ် ရဲ့ သိကောင်းစရာ ဆုံးမစာများကို တင်ပြပေးလိုက်ပါတယ် ။
ဘ၀ရဲ့ ကောင်းခြင်းဆိုခြင်းတွေကို စာဖတ်သူတို့ စံနမူနာ အတုယူနိုင်ကြပါစေ ။ ဘ၀တိုးတတ်ခြင်းအတွက် မကောင်းသော အကျင့်ဆိုးဝါသနာဆိုးများကို
အကျိုးအပြစ်အလိုက်ဆင်ခြင်နိုင်ပြီး မြင့်မားတဲ့ဘ၀ကိုပိုင်ဆိုင် နိုင်ပါစေ ။ စာပေကိုလေ့လာဖတ်ရူ့ရသော ကြောင့်လည်းကောင်းမြတ်အဘိုးတန်သော အမြင်
များကို ပိုင်ဆိုင်နိုင်ပါစေ ။

မဂ္ဂင်ကိစ္စ


၂၀၀၈-ခုနှစ်၊ ဖေဖော်ဝါရီလထုတ် မြတ်ပန်းရဂုံတွင် ပါရှိသော ဘိက္ခုသုည၊ ဘားအံ-၏ မဂ္ဂင်ကိစ္စ မေးခွန်းသုံးပုဒ်ကို ဖြေကြားထားခြင်း ဖြစ်ပါသည်။)
မေး။ ။ နိဗ္ဗာန်ကို မျက်မှောက်ပြုသော သူတော်ကောင်းများ၏ လောကုတ္တရာစိတ်တွင် မဂ္ဂရှစ်ပါး ပါဝင်ပါသည်။ မဂ္ဂင်ရှစ်ပါးနှင့် ပြည့်စုံသော စိတ်ကသာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သည်ဟု နားလည်ထားပါသည်။

တောင်ဖီလာဆရာတော်၏ သီလဂုဏ်


တစ်ခုသော နေ၀င်ဖျိုးဖျ အကာလအချိန်မဲ့တွင်မှ ဆံပင်ဖားလျား အ၀တ်အစား အစုတ်အပြတ်နှင့်
ဒကာမကလေးတစ်ယောက် တောင်ဖီလာတောရကျောင်းဆီသို့  အမောတကော ပြေးလာနေ၏။ ရုပ်ရည် သနားကမား၊ ရုပ်လက္ခဏာနှင့် အ၀တ်အစားသည် တစ်ခြားစီဖြစ်နေ၏။
ဆရာတော်သည် တောင်ကျရေခံရန် တူးထားသော ကန်အနီးလမ်းလျှောက်နေရာမှ ဘုရားဝတ်ပြုရန် ဟန်ပြင်ခိုက် “ကယ်တော်မူပါ ဆရာတော်ဘုရား” အသံနှင့် ဖက်တော့မယောင်ပြေးဝင်လာ၏။ နေ၀င်သွားသော်လည်း လရောင်ကလေးရှိနေ၍ ဒကာမရုပ်သွင် ကို ပြဲ့ပြဲ့ထင်ထင် မြင်နေရ၏။ “အင်း…ဒုက္ခပါတကား” ဟု ဆရာတော်ညည်းတွားခိုက် -

Friday, December 19, 2014

အပါယသဟာယ မိတ်ဆွေတု။

၁။ သေရည်သေရက် သောက်ခြင်း၌ အပေါင်းအဖော် ဖြစ်၏။
၂။ အခါမဲ့ ခရီးသွားခြင်း၌ အပေါင်းအဖော် ဖြစ်၏။
၃။ ပွဲလမ်းသဘင် ကြည့်ရှုနားထောင်ခြင်း၌ အပေါင်းအဖော် ဖြစ်၏။

ဗြဟ္မ၀ိဟာရ ၄ ပါး။

၁။ မေတ္တာ    = ချစ်ခြင်းဖြင့် သတ္တ၀ါပညတ်အပေါ် ပွားများစူးစိုက်ခြင်း။
၂။ ကရုဏာ  = သနားကြင်နာစိတ်ဖြင့် သတ္တ၀ါပညတ်အပေါ် ပွားများစူးစိုက်ခြင်း။
၃။ မုဒိတာ    = သူတပါးကြီးပွားချမ်းသာခြင်း၌ ၀မ်းမြှောက်သောစိတ်ဖြင့် သူတပါးတို့အပေါ်
                   သို့မဟုတ် သတ္တ၀ါပညတ်အပေါ် ပွားများစူးစိုက်ခြင်း။

ဣသိဒါသီထေရီမ။

          ဣသိဒါသီထေရီမ အလောင်းသည် တစ်ခုသောဘ၀၌ ရွှေပန်းထိမ်သည်ဖြစ်ရာ သူတစ်ပါး
မယားကို ပြစ်မှားခြင်း ကာမေသုမိစ္ဆာရကံကို ကျူးလွန်၏။ ထိုဘ၀မှ သေခဲ့သော် ငရဲ၌ နှစ်ပေါင်း
များစွာ ကျခံရ၏။ ငရဲမှ လွတ်သောအခါ ကန်းလည်းကန်း၊ ခွင်လည်းခွင်သော ဆိတ်မတစ်ကောင်
၏၀မ်း၌ ပဋိသန္ဓေနေရလေ၏။ အရွယ်သို့ရောက်လျှင် သူတစ်ပါးမယားကို ပြစ်မှားခဲ့ဖူးသော ကံ

သင်္ကန်းချောချောလေး။

     တိဿဆိုတဲ့ ရဟန်းတစ်ပါးဟာ သူ့ညီမက ကောင်းကောင်းမွန်မွန် ချောချောလေးရက်
လုပ်ပြီးတော့ လှူလိုက်တဲ့သင်္ကန်းလေး မ၀တ်ရက်သေးလို့ မနက်ကျတော့မှ ၀တ်မယ်ဆိုပြီး
အားတင်းထားတာ ညကျတော့ အစာမကျေတဲ့ရောဂါနဲ့ ပျံလွန်တော်မူတယ်။ ဒီ သင်္ကန်းပေါ်မှာ
တွယ်တာပြီးပျံလွန်တော်မူတော့ သန်းဖြစ်နေတယ်။

သူတော်ကောင်းရတနာ ခုနှစ်ဖြာ အပြည့်ကိန်းနေတဲ့သူ ။

       ဗုဒ္ဓဘုရားရှင်က အကုသိုလ်ဖြစ်မယ့် အလုပ်မျိုးကို လုံးဝမလုပ်ကြပါနဲ့။ ကြောက်ကြစမ်းပါ၊
ကုသိုလ်ဖြစ်မယ့် အလုပ်မှန်သမျှ လုပ်ဖြစ်အောင် လုပ်ကြ။ အခု လောကီမှာရှိတဲ့ ရာထူးတွေ၊
စည်းစိမ်တွေ၊ ဂုဏ် ပါဝါတွေနဲ့ ဘုရားရဲ့အဆုံးအမမှာ ဘုရားအဆုံးအမက တန်ဘိုးရှိပါတယ်။
          သုပ္ပဗုဒ္ဓလူနူကြီး ကြားဖူးကြမှာပါ။ အဲဒါ သကြားမင်းက ဆင်းလာပြီးတော့ စမ်းတယ်။

နမော တေ ဂါထာတော်



နမော တေ ဗုဒ္ဓ၀ီရတ္ထု ၊ ၀ိပ္ပမုတ္တောသိ သဗ္ဗဓိ၊
သမ္ဗာဓပ္ပဋ္ဋိန္နောသ္မိ ၊ တဿ မေ သရဏံ ဘ၀။
အဓိပ္ပာယ်
ရဲရင့်တည်ကြည် ဇာနည်မည်သော ကြီးမားသောလုံ့လရှိတော်မူသော ဗုဒ္ဓရှင်တော်မြတ်ဘုရား၊ ရှင်တော်မြတ်ဘုရားအား နမော ရှိခိုးခြင်းဖြစ်ပါစေ။

တောင်ဖီလာဆရာတော်နှင့် စက်တော်ရာနှစ်ဆူ ရှာဖွေခြင်း


တစ်ရံရောအခါ (သက္ကရာဇ်အားဖြင့် တစ်ထောင်ပြည့်နှစ်တွင်) နှစ်ပေါင်းများစွာ
ပျောက်ကွယ်နေသော မန်းစက်တော်ရာ နှစ်ဆူကို
ရှာဖွေရန် သာလွန်မင်းကြီးထံ စာသွင်းကြ၏။
မင်းကြီးလည်း သဘောကျသဖြင့် စက်တော်ရာ အရှာထွက်တော်မူခဲ့သည်။။

“… ဓမ္မပဒဂုဏ်ရည် …”


သာသနာရေးဝန်ကြီးဌာန အနေဖြင့် ပြန်လည်ရိုက်နှိပ်ရန် လိုအပ်သော ကျမ်းစာအုပ်များတွင် ဓမ္မပဒ ၀တ္ထုတော်ကြီးသည်လည်း တစ်ခုအပါအ၀င်ဖြစ်လေရာ ယင်းဓမ္မပဒ၀တ္ထုတော်ကြီး၌ အတွဲအားဖြင့် ငါးတွဲပါရှိပါသည်။
ဓမ္မပဒပါဠိတော်သည် ပိဋကသုံးပုံ နိကယ်ငါးရပ်တွင် ခုဒ္ဒကနိကယ်၌ ပါဝင်သော ကျမ်းစာဖြစ်ပါသည်။ ဓမ္မပဒဟူသည်- (ဓမ္မ=တရားတော်တို့ ၏ + ပဒ=အပေါင်းအစု၊ တရားတော်အပေါင်းအစု) ဟုအဓိပ္ပါယ်ရပါသည်။

Thursday, December 18, 2014

တရားဓမ္မနဲ့ တည့်အောင်နေပါ။

        ဒီဘ၀ ဒီခန္ဓာကိုယ်ကြီးဟာ အသက်အရွယ်ကြီးလာရင် ချို့ယွင်းလာပါတယ်၊ လောကလူ
တွေကိုကြည့်ပါ၊ အသက်ကြီးလာရင် မကောင်းတဲ့စာရင်းတွေက များလာပြီ။ အဘိုးကြီး အဘွား
ကြီးတွေ ပြောကြတယ်လေ၊ မျက်စိက မကောင်းဘူးတဲ့၊ မျက်စိမှုန်တယ်။
         မကောင်းတာက မျက်စိတစ်ခုတည်း မဟုတ်ဘူး၊  နားကလည်း မကောင်းဘူးတဲ့၊ ဒူးက

အနုပ္ပိယဘာဏီ မိတ်ဆွေတု။

 ၁။ ထိုသူအား မကောင်းမှုကိုလည်း ခွင့်ပြု၏။
 ၂။ ထိုသူအား ကောင်းမှုကိုလည်း ခွင့်ပြု၏။
 ၃။ ထိုသူ၏ မျက်မှောက်၌ ချီးမွမ်းစကားကို ဆို၏။

ရန်ကုန်မြို့လယ်မှ ဆူးလေစေတီတော်ကို ဖူးတွေ့ရတိုင်း ။ ။

       ဦးချန်ထွန်းကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရွှေစလွယ်ရ သူဌေးကြီး ဦးရဲကျော်သူ၊ ဒေါ်သံ
ဒါဖြူတို့မိဘနှစ်ပါးမှ မွေးဖွားသန့်စင်ပြီး၊ အဖေ့ခြေရာနင်းခဲ့၍ ထိုခေတ် ထိုအချိန်က မြန်မာနိုင်ငံ
သာမက ဥရောပနိုင်ငံများ တလွားအထိပင် သူ၏အရှိန်အ၀ါ လွှမ်းမိုးခဲ့သော နာမည်ကြီး ဥပဒေ
ပါရဂူတစ်ဦး ဖြစ်ပါသည်။

သာဝတ္ထိပြည်မှအနာထပိဏ်သူဌေးနှင့် တံခါးစောင့်နတ်။

        ဗုဒ္ဓဘာသာသမိုင်းတွင် သာဝတ္ထိပြည်မှ အနာထပိဏ် သူဌေးကြီးသည် အလှူဒါနပြုလုပ်
ရာတွင် စံတင်ထိုက်သော သူဌေးကြီးတစ်ဦးဖြစ်၏။ ဇေတ၀န်ကျောင်းတော်ကြီးကို ငါးဆယ့်လေး
ကုဋေ အကုန်ကျခံ၍ လှူဒါန်းရသည်ကိုပင် အားရတင်းတိမ်မှု မရှိဘဲ တစ်နေ့သုံးကြိမ် ဘုရား
ကျောင်းတော်သို့ သွားလေ့ရှိ၏။ နံနက်သွားလျှင် ယာဂု၊ နေ့လယ်သွားလျှင် အဖျော်ရည်၊ ညနေ

ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဘာသာတရား ဆောင်ပုဒ်များ(၁၇)။

“စိတ်မဲများကို ဖြူစင်စေသည့် နည်း ( ၆ ) မျိုး”
=============
မဲသည့်စိတ်ကို၊ ဖြူစေလိုသော်၊
ထိုထိုအာရုံ၊ ညစ်မျိုးစုံနှင့်၊
မကြုံတွေ့စေ၊ မမွေ့စေဘဲ၊
ပြောင်းလေဖုံဖုံ၊ ကောင်းအာရုံတည့်၊

ယနေ့ခေတ်တွင်ကျယ်စွာ သုံးနေသော မင်္ဂလာပါ ဟူသော စကားနှင့်စပ်လျဉ်း၍ ဘုရားဟောဒေသနာနှင့်နှိုင်းချိန်ခြင်း


မင်္ဂလာ ဟူသောပုဒ်ကို
မင်္ဂံ ပါပံ လုနာတိ ဆိန္ဒတီတိ မင်္ဂလံ ဟု ဝစနတ္တပြု၍ မကောင်းမှုအကုသိုလ်အစုတို့ကို
ပယ်ဖျောက်ဖျက်ဆီးတတ်သောကြောင့် မင်္ဂလာ မည်၏ ဟု
ဖွင့်ဆိုထားပါသည်။

မင်္ဂလာရှိသောနေ့ သုံးလီ
-----------------------
လူတို့သည် အတိတ် နိမိတ် မင်္ဂလာ
စသည်တို့ကိုလွန်စွာစွဲလန်းယုံကြည်ကြ၏။အိမ်မြှောင်စုတ်ထိုးသံ ဇီးကွက်မည်သံတို့ကို ကြားရလျှင် အတိတ်နိမိတ်ကောင်းသည် လာဘ်ကောင်းသည်ဟု ယူဆ၍
တစ်တီတူးအော်သံကြားလျှင်သော်၎င်း
ခွေးအူသံ ကြားလျှင်သော်၎င်း အတိတ်နိမိတ်မကောင်း လာဘ်မကောင်းဟု ယူဆ စွဲလန်းတတ်ကြလေသည်။
နှစ်သက်ဖွယ်ကောင်းသော အာရုံတို့ကို တွေ့ရလျှင် မင်္ဂလာ

ကျန်းဂန်လာအနာမျိုး ၉၆ ပါး

၁= မျက်စိ၌ ဖြစ်သောအနာ စက္ခု ရောဂ
၂= နား၌ဖြစ်သောအနာေ သာတရောဂ
၃= နှာခေါင်း၌ ဖြစ်သောအနာ ဃာနရောဂ
၎= လျှာ၌ဖြစ်သောအနာ ဇိဝှါရောဂ
၅= ကိုယ်၌ဖြစ်သော အနာ ကာယရောဂ
၆= ဦးခေါင်း၌ ဖြစ်သောအနာ သီသရောဂ
၇= နားရွက်၌ ဖြစ်သောအနာ  ကဏ္ဏရောဂ
၈= ခံတွင်း၌ ဖြစ်သောအနာ  မုခရောဂ
၉= သွားတကျင်နာ  ဒန္တရောဂ
၁၀= ချောင်းဆိုးနာ  ကာသ
၁၁= ကြို့ထိုးသောအနာ  သာသ
၁၂= နှာခေါင်းပုပ်သောအနာ  ပိနာသ
၁၃= ကိုယ်တွင်းပူသောအနာ  ဍာဟော
၁၄= ဖျားနာ   ဇရ
၁၅= ဝမ်း၌ဖြစ်သောအနာ  ကုစ္ဆိရောဂ
၁၆= မူးဝေသောအနာ  မုစ္ဆာ
၁၇= သွေးအန်သောအနာ  ပက္ခန္ဒိကာ
၁၈=ဝမ်းလေထိုးကျင်သောအနာ သူလာ
၁၉= ဝမ်းကျသောအနာ  ဝိသုစိကာ
၂၀= နူနာ ကုဋ္ဌ
၂၁= အိုင်းနာ မြင်းဖုစသောအနာ  ကဏ္ဌက
၂၂= ညှင်း တင်းတိပ်နာ  ကိလာသ
၂၃= အသွေးအသားခမ်းခြေ
ာက်သောအနာ  သောသ

အားကိုးပါရစေ ကလေးရယ်

ချစ်​သမီး​မေ​လေး
ဦးဦးစာ​ရေးလိုက်​ပါတယ်​၊ဘာ​ကြောင့်​စာ​ရေးပြီး​ပြောရတာလဲဆို​တော့၊​လောကမှာ​ပြောပြစရာ​တွေတစ်​ပုံကြီးမို့ပါ။
အဲဒီထဲကသမီး​လေးသိသင့်​သိထိုက်​တဲ့အ​ကြောင်းအရာ​လေး​တွေကို​ရွေးချယ်​ပြီး​ပြောသွားမှာပါ။
လွန်​ခဲ့​သောဆယ်​နှစ်​ခန့်​က​​ပေါ့။
ဦးဦးခ​ပေါင်းမှာ​နေခဲ့စဉ်က​နွေရာသီ​ကျောင်းပိတ်ရက်တွေမှာယဉ်ကျေးလိမ္မာမင်္ဂလာသင်​တန်း​တွေဖွင့်​လှစ်​သင်​ကြား​ပေးခဲ့တယ်​။ဒီ​နေ့အထိလည်းနယ်​လှည့်​ပြီးသင်​ကြား​ပေးဆဲပါပဲ။
အဲဒီအချိန်​တုန်းက​မေးခွန်း​လေးတစ်​ခုလာ​​မေးတယ်​။ယဉ်ကျေးလိမ္မာသင်​တန်းက
က​လေး​တွေအတွက်​လား၊
လူကြီး​တွေအတွက်​လားတဲ့။
သင်ပေးတာတော့ကလေးတွေကိုအဓိကထားပြီးသင်​​ပေးခဲ့တာပါ၊ရည်​ရွယ်​ချက်​က​တော့က​လေး​ရော၊လူကြီးပါမကျန်​အားလုံးအတွက်​ပါပဲ။သစ်​ပင်​ဆိုတာ
ငယ်​တုန်း​ရွေ့စိုက်​မှရှင်​သန်​လွယ်​တာမို့လား၊လက်​နှီးစုပ်​ဘဝ​ရောက်​သွားရင်​​လျော်​ရဖွတ်​ရတာမလွယ်​​တော့ဘူး​လေ။က​လေး​တွေကပုဝါဖြူ​လေး​တွေ​လေ၊
အမဲစက်​​လေးစွန်းထင်းသွားလျင်​​တောင်​​လျော်​ရဖွတ်​ရလွယ်​ကူပါ​သေးတယ်​။
ဒါကြောင့်လည်းကလေးငယ်တွေကို
အဓိကထားပြီးစာသင်​​ပေး​နေရတာ​ပေါ့။
လူကြီးသူမတွေကိုသင်ပေးဖို့ဆိုတာ
မလွယ်​ကူဘူး​လေ၊လက်​နှီးစုပ်​​တွေကများလို့​ပေါ့၊​လျော်​နိုင်​ဖွတ်​နိုင်​မှ
တန်​ကာကျတယ်​။လျော်​လို့ဖွတ်​လို့မရ​တော့လို့ချောင်ထိုးထားရတာက
များတယ်​။မဃ​ဒေဝဆရာ​တော်​ကြီးက!
ဓမ္မသ​ဘော၊ဘယ်​လို​ဟောလည်း၊
လိပ်​​ကျော​ကြောင်​​ကော်​၊​ပြောင်​​ချော်​​ချော်​သို့၊ငယ်စဉ်ယုတ်မာ၊အိုကာဆိုးဝါး၊
လူအများသည်၊တရားမရနိုင်ကြပါတကားလို့​တောင်ငြီးတွား​တော်​မူရှာတယ်​သမီးရဲ့

လယ်တီဆရာတော်ကြီးကလည်း!
နွားအိုကြီးအ​မော့သင်​သလို၊မ​လျှော့လျင်​ဘဝဆုံးရှာလိမ့်​!ဆိုပြီးသတိ​ပေးရှာတယ်​​လေ။နွားအိုမှအ​မော့သင်​လို့မရ​တော့ဘူး။
နွားဆိုတာလှည်းဆွဲတာပဲဖြစ်​ဖြစ်​၊
ထွန်​ယက်​တာပဲဖြစ်​ဖြစ်​​မော့​မော့​လေးသွားနိုင်​မှတန်​ဘိုးရှိတာပါ။
ငုံ့ရုန်းတဲ့နွားကအဖိုးမတန်ပါဘူး။
အလကားနွားပါပဲ။ခေါင်း​မော့​မော့​လေးသွားတတ်ဖို့အတွက်ငယ်စဉ်ထမ်းပိုးကျင့်​စဉ်ကတည်းကအ​မော့သင်​ထားရတာ၊ကြီးမှအ​မော့သင်​လို့မရပါဘူး။
အဲဒါ​ကြောင့်​လည်း​ရောက်​​လေရာ​ဒေသတိုင်းမှာယဉ်ကျေးလိမ္မာသင်​တန်း​တွေပို့ချ​ပေး​နေရတာ​ပေါ့။
ဟိုတ​လောကသူငယ်​ချင်း​တွေနှင့်​အတူကျိုက်​ထီးရိုးဘုရား​ရောက်​ခဲ့တယ်​။ သူငယ်​ချင်း​တွေကဘုရားကို​ရွှေချဖို့​ရွှေဆိုင်း​တွေဝယ်​ကြတယ်​။ဦးဦးကဘုရား​ရွှေမချခဲ့ဘူး။လမ်းအတွက်​ပဲလှူခဲ့တယ်​။ သူငယ်​ချင်း​တွေက​မေးတယ်​၊ ဗုဒ္ဓဘာသာဝင်​ဖြစ်​ပြီးဘုရားကိုဘာလို့​ရွှေမချတာလဲတဲ့။ဦးဦးက​ပြောတယ်​။ ကိုယ့်​ခံယူချက်​နဲ့ကိုလုပ်​ပါ၊ကျုပ်​ခံယူချက်​ကို​ပြောရရင်​ဘုရား​တွေကို​ရွှေမချချင်​ဘူးလို့၊ဘာလို့လဲဆို​တော့ဘုရား​စေတီအတွက်​မလိုအပ်​​တော့ဘူးထင်​လို့​ပေါ့။ပြီးခဲ့​သောတစ်​ပတ်​ခန့်​က​ရွှေတိဂုံ​စေတီ​တော်​ကြီးကို​ရွှေ၂၄ပိဿာရှင်​ပြန်​ဆရာ​တော်​ကြီးလှူဒါန်းသွားတဲ့
အကြောင်းအင်တာနက်စာမျက်နှာများမှာဖတ်​လိုက်​ရ​သေးတယ်​။

Wednesday, December 17, 2014

အားပေးစကား အလိုအပ်ဆုံးအချိန်။

         မြတ်စွာဘုရားက မဟာနာမကို အဆုံးအမပေးပုံက “အမျိုးသား ဥပသကာ တစ်ယောက်
ဖြစ်စေ၊ အမျိုးသမီး ဥပသကာမ တစ်ယောက်ဖြစ်စေ စဉ်းစားဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်ဟာ စဉ်းစား
ဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက် နေမကောင်းထိုင်မသာဖြစ်လို့ အသက်အန္တရာယ် စိုးရိမ်ရလောက်
တဲ့ အချိန်အခါမျိုးမှာ အားပေးစကားပြောရမယ်။ ဆုံးမစကားပြောရမယ်” လို့ ပြောခဲ့ပါတယ်။

ဝစီပရမ မိတ်ဆွေတု။

၁။ လွန်ပြီးသော အကြောင်းအရာဖြင့် ချီးမြှောက်၏။
၂။ မဖြစ်သေးသော အကြောင်းအရာဖြင့် ချီးမြှောက်၏။
၃။ အချည်းနှီး လောကွက်မျှဖြင့် ချီးမြှောက်၏။

စရိုက် ၆ ပါး။

၁။ ရာဂ စရိုက်   = ၀တ္ထုကာမ၊ ကိလေသာကာမတို့၌ လွန်ကဲစွာ ကပ်ငြိတတ်သောအကျင့်။
၂။ ဒေါသ စရိုက် = အာဃာတ၊ ဣဿာ၊ မစ္ဆရိယ စသည်တို့၌ လွန်ကဲသည့်အကျင့်။
၃။ မောဟ စရိုက် = ထိုင်းမှိုင်းတွေဝေခြင်း လွန်ကဲသည့်အကျင့်။
၎။ သဒ္ဓါ စရိုက်    = ယုံကြည်လွယ်လေ့ရှိသောအကျင့်။

အာရုံတစ်ခုခုကို ပြုလုပ်လိုခြင်း၊ ရယူလိုခြင်းဆိုသည့် ဆန္ဒ။

       “ဆန္ဒ၀တော ကိံနာမ နသိဇ္ဈတိ= ဆန္ဒရှိသူမှာ မပြီးနိုင်သောအရာ မရှိ” ။
အာရုံတစ်ခုခုကို ပြုလုပ်လိုခြင်း၊ ရယူလိုခြင်း သဘောသည် ဆန္ဒတည်း။ “ပြုလုပ်လိုခြင်း၊ ရယူ
လိုခြင်း” ဟူရာ၌ လောဘကဲ့သို့ စွဲလမ်းတတ်ခြင်း၊ ကပ်ငြိခြင်းမဟုတ်၊ ပြုလိုရုံမျှ ရလိုရုံမျှသာ ဖြစ်
သည်။ ထိုပကြောင့် “သက်သက်အာရုံ၊ ပြုလိုရုံမျှ၊ ဆန္ဒသဘော ” ဟု ဆိုခဲ့သည်။ ဤဆန္ဒသဘော

တောင်ဖီလာ ဆရာတော်။

        အင်းဝခေတ် ဓမ္မစာဆိုတော်ကြီး တစ်ဦးဖြစ်တဲ့ တောင်ဖီလာ ဆရာတော်ရဲ့ မွေးဇာတိက
စလင်းမြို့ဖြစ်ပြီး ပြည်မြို့မှာ စာပေသင်ကြားတတ်မြောက်လို့ ပြည်ပဉ္ဇင်းကျော်အဖြစ် ထင်ရှားပါ
တယ်။ ဆရာတော်မှာ= (၁) ။ သူငယ်ဘ၀တွင်လည်း  ကျော်။
                            (၂) ။ သာမဏေဘ၀တွင်လည်း  ကျော်။

သာသနာကိုစောင့်မှာလား? မသာစောင့်မှာလား?

                         အမျိုးဘာသာသာသနာ​စောင့်​​ရှောက်​​ရေးလုပ်​ငန်း​တွေအမြို့မြို့အနယ်​နယ်​မှာအင်​တိုက်​အားတိုက်​ကြိုးစား​ဆောင်​ရွက်​​နေ​သောသတင်း​တွေကိုဖတ်​ပြီးစိတ်​ထဲမှာကြည်​နူး​နေမိတာ​တော့အမှန်​။
အမုန်းဒဏ်​ကိုအမုန်းခံပြီး​ဆောင်​ရွက်​​နေ​သောပုဂ္ဂိုလ်​များရဲ့နှလုံးစွမ်းရည်​ကို​လေးစားမိပါတယ်​။ဒါ​တွေဒို့အရပ်​မှာရှိ​နေပြီလား။

လူတွေထက်မြတ်တဲ့ဘုန်းကြီးများ

                                                                             တစ်ခါကတရားစခန်းပွဲတစ်ခုမှာ ဦးဣန္ဒကအမည်ရှိတဲ့တရားဟောဓမ္မကထိကတစ်ပါးက သူ၏တရားဟောရာမှာ
စေတနာဇောအားကြီးမှုကြောင့် အပြောကြမ်းသလိုဖြစ်သွားခြင်း
ယောဂီများကစွမ်းနိုင်သမျှလှူဒါန်းခြင်းများနဲ့စပ်လျင်းပြီးပြောသွားတာလေးပါ။
ခင်များတို့ထက်မြတ်လို့ဘုန်းကြီးလုပ်နေတာ ခင်များတို့ကလှူဘွယ်ဝတ္ထုပစ္စည်း
လှူကြတယ်။အဲ့ဒါကာမာဝစရကုသိုလ်ကံ

သာသနာမည်သူ ပြုသနည်း



သာသနာဟူသည် ရှင်တော်မြတ်ဘုရား၏ အဆုံးအမဖြစ်သည်။ ထိုအဆုံးအမ ဖြစ်သော သာသနာတော်သည် ပိဋကတ်သုံးပုံ၊ နိကာယ်ငါးရပ်၊ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးေ ထာင် ဖြစ်လေသည်။ အကျဉ်းအားဖြင့်ဆိုလျှင် မကောင်းမှုဟူသမျှ မပြုရ၊ ကောင်းမှုမှန်သမျှ မရ-အရပြု၊ စိတ်ကို ဖြူစင်အောင်ထား ဟူ၍ ဖြစ်ပေသည်။ ထို့ကြောင့် မကောင်းမှုရှောင်၍ ကောင်းမှုပြုသူများကို သာသနာပြုသူ (တနည်း) ရှင်တော်မြတ်ဘုရား၏ အဆုံးအမကို လိ…ုက်နာသူ၊ အရှည်တည်တံ့အောင် လက်ဆင့်ကမ်း၍ စောင့်ရှောက်သူ ၊ ပြုသူဟုဆိုရမည် ဖြစ်ပေသည်။

မဟာသမယသုတ် (မြန်မာပြန်)


၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် -
အခါတစ်ပါး၌ မြတ်စွာဘုရားသည် သက္ကတိုင်း ကပိလဝတ်ပြည် မဟာဝုန်တော၌ ငါးရာမျှသော အလုံးစုံ ရဟန္တာချည်းဖြစ်သော ရဟန်းသံဃာများစွာနှင့်အတူ သီတင်းသုံး နေတော်မူ၏၊ (စကြာဝဠာတစ်ထောင်စီ ရှိ သော) လောကဓာတ်တိုက် ဆယ်ခုတို့မှ နတ်ဗြဟ္မာတို့ သည်လည်း မြတ်စွာဘုရားကို လည်းကောင်း ရဟန်း သံဃာ ကို လည်းကောင်း ဖူးမြော်ခြင်းငှါ အများအားဖြင့် စည်းဝေး လာရောက်ကုန်၏။

မဟာ သရဏဂုံ တော်ကြီး

ကျေးဇူးရှင် လယ်တီ ဆရာတော်ဘုရားကြီး၏ မဟာသရဏဂုံတော်ကြီး
ကျေးဇူးရှင် လယ်တီ ဆရာတော်ဘုရားကြီးသည် သက္ကရာဇ် (၁၂၇၉)ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁)ရက်မှ တပေါင်းလကွယ်နေ့ အထိ မုံရွာမြို့အနီး ကြီးတွင်းကြီးတော ရတွင် ”မဟာသရဏ ဂုံတော်ကြီး”ကို (၅)လတိုင်တိုင် နေ့စဉ် မပြတ်ပူဇော်ခဲ့ရာ အကြိမ်ပေါင်း (၂၁၁၆၈ဝဝ) ၂သန်းကျော်မျှ အောင်မြင်ခဲ့ပါသည်။

Tuesday, December 16, 2014

လူတိုင်းသိသင့်သော သုခ ၄ မျိုး။

         အတ္ထိသုခ = လူတွေမျှော်လင့်ချက်အတိုင်း အောင်မြင်လာလို့ ရရှိလာတဲ့ ချမ်းသာက
“အတ္ထိသုခ”  ရှိ ချမ်းသာတဲ့။ “ရှိ ” ချမ်းသာဆိုတာ ကိုယ့်မှာ စီးပွားဥစ္စာတွေ အဆင်ပြေလို့
ပစ္စည်းဥစ္စာတွေရှိတယ်။ စိန်ရွှေ ရတနာတွေရှိတယ်။ လူ့ဘ၀ လိုအပ်တာမှန်သမျှ ကိုယ့်မှာ ပြည့်
ပြည့်စုံစုံ ရှိတာကို အကြောင်းပြုပြီးတော့ “သုခသောမနဿ” ကိုယ်ချမ်းသာမှု၊ စိတ်ချမ်းသာမှု

အညဒတ္ထုဟရ မိတ်ဆွေတု။

၁။ ယူသာ ယူတတ်၏။
၂။ နည်းသော ဥစ္စာကို ပေးခြင်းဖြင့် များသောဥစ္စာကို    အလိုရှိ၏။
၃။ မိမိဘေးဖြစ်မှ ထိုသူ့ကိစ္စကို ပြုလုပ်ပေးတတ်၏။
၎။ အကျိုးစီးပွား ရလိုသောကြောင့် ဆည်းကပ်၏တို့ ဖြစ်ပါတယ်။ ။

ဗုဒ္ဓသာသနာသည် နှစ်ဘယ်လောက်ကြာသည်အထိ တည်တန့်မှာလဲ။

        သာသနာနဲ့ကြုံခိုက်မှာ ကိုယ့်ဘ၀ကို ကိုယ်သာလျှင် အကောင်းဆုံးဖြစ်အောင် ကြိုးစားရပါ
မယ်။ သာသနာတွင်းသားနဲ့ သာသနာပသား အခွင့်အရေးချင်းမတူပါ။ ဘာတွေကွာခြားသလဲဆိုရင်
သာသနာပမှာလဲ ဒါန၊ သီလ၊ ဘာဝနာ ရှိပါတယ်။ သာသနာတွင်းမှာလဲ ဒါန၊ သီလ၊ ဘာဝနာ ရှိပါ
တယ်။ ဒီလောက်ကတော့ တူပါတယ်။ သာသနာပမှာ လမ်းညွှန်ပေးနိုင်တဲ့ ဘုရားအဆုံးအမတွေ

ဆရာတော် ဦးဗုဓ်။

        ကုန်းဘောင်ခေတ်မှာ ထွန်းကားခဲ့တဲ့ စာဆိုတော်များအနက် ဓမ္မစာဆိုတော်ကြီး တစ်ဦး
ဖြစ်တဲ့ ဆရာတော် ဦးဗုဓ်၏ ဇာတိနေရပ်မှာ စစ်ကိုင်းတိုင်း၊ အလုံမြို့နယ်၊ ညောင်ကန်ရွာ ဇာတိ
ဖြစ်ပါတယ်။ သီလ၊ သမာဓိ၊ ပညာဂုဏ်တို့ကြောင့် အင်းဝနှင့် အမရပူရနေပြည်တော်မှာ ဘုရင်အ
ကိုးကွယ်ခံ ရာဇဂုရု ဆရာတော်ကြီး ဖြစ်ခဲ့ပါတယ်။ ဘကြီးတော်နှင့် သာယာဝတီမင်း လက်ထက်

ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဘာသာတရား ဆောင်ပုဒ်များ(၁၆)။

    “ စိတ်ညစ်စိတ်ကြေး၊ စိတ်ဖြင့်ဆေး။”
     =========
ရေကြောင့်ညွန်ဖြစ်၊ ထိုညွန်ညစ်လည်း၊
စင်လစ်ရေကြောင့်၊ သွေမထောင့်ဘူး၊
စိတ်ကြောင့်ဖြစ်ပေါ်၊ စိတ်ကြေးညော်လည်း၊

သာသနာတော်ကြီးပျင်းစရာကောင်းလိုက်တာလို့မပြောပါနဲ့

ရဟန်းဖြစ်ရုံဖြင့် ကိုယ့်ကိုယ်ကို သာသနာတွင်းရောက်ပြီလားလို့ သေချာအောင်စဉ်းစားကြည့်စေချင်တယ်။ ဥတ္တိစတုတ္ထခံယူကာမျှဖြင့် သာသနာတွင်းရောက်ပြီလို့ထင်နေသလား? ဥတ္တိစတုတ္ထဆိုတာ သံဃာကလက်ခံ
ချီးမြောက်ခြင်းသက်သက်သာဖြစ်ပါတယ်။ မင်းသားလေးတစ်ဦးကို မုဒ္ဓါဘိသိက်သွင်းလိုက်သည့် သဘောမျိုးသာဖြစ်တယ်။ အဲ့ဒီမင်းသားလေး မင်းအဖြစ်ရောက်ပြီးမှ

အကျိုးပေးတယ်လို့ထင်ရသော ဝမ်းသာမှုမျိုး

၁၂ ၁၂ ၂၀၁၄ ဒီဇင်ဘာကပေါ့
ကျောင်းနေဘက်သူငယ်ချင်းဦးဇင်းလေး
က သူ့ဖုန်းကRootဖောက်ထားတာမသေ
ချာတော့ အကူညီတောင်းတာနဲ့Mobile shop ကိုလိုက်ကူခဲ့တယ်။ အဲ့မှာပဲဆိုင်ရှင်
ဒကာနဲ့စကားစပ်ရင်း APK နဲ့ Webpage
ကိစ္စနွေးဖြစ်သွားတယ်။ ဒကာကြီးဦးဇင်းက ကိုယ်ပိုင်Webpageထောင်ပြီး APKနဲ့ချိတ်ပြီး သတင်းတွေ အသိပညာ
ပေးတွေရေးချင်တယ်။ ဥပမာဦးဝီရသူ

မြတ်ဗုဒ္ဓအလုပ်လုပ်ပုံ

၂၄ နာရီရှိသည့်အနက်ဘုရားဖြစ်ချိန်မှစ၍
၁း၂၀ နာရီခန့်ကျန်းမာရေး
လမ်းလျှောက်ခြင်း ။
၁း၂၀ နာရီခန့်ကျိန်းစက်ခြင်းဟူသော
၂း၄၀ နာရီခန့်လောက် ကိုယ်ပိုင်အချိန်မှလွဲ၍
၂၁း၂၀ နာရီခန့် မနေမနား အများအကျိုးအတွက်အလုပ်လုပ်သွားသဖြင့် မြတ်ဗုဒ္ဓလောက် အလုပ်လုပ်သူကမ္ဘာမှာပင်မရှိပါ။

မြန်မာ့ရှေ့ဆောင် မထေရ်ကြီးများသည်
သေတပန် သက်တစ်ဆုံး
ပရိယတ္တိ ပဋိပတ္တိ သာသနာ့တာဝန်များကို ထမ်းဆောင်သွားကြလေပြီ။
                               

ဝိဘဇ္ဇသွေး
 ၁၆ ၁၂ ၂၀၁၄
www.damanady.tk

ပရမတ်သဘောလက္ခဏာများ ဥပမာများနှင့်တကွရှင်းပြချက

စိတ္တ ။ အာရုံကိုသိခြင်းလက္ခဏာရှိ၏ ။

ဖဿ ။ အာရုံကိုထိတွေ့ခြင်းသဘော။
ဥပမာ ချဉ်သီးစားသူကိုမြင်ရသူနှင့်တူ၏။

ဝေဒနာ ။ အာရုံ၏အရသာကိုခံစားခြင်း လက္ခဏာရှိ၏ ။
ဥပမာ ပြည့်ရှင်မင်းနှင့်တူ၏။

သညာ ။ မှတ်သားခြင်းလက္ခဏာရှိ၏ ။
ဥပမာ လက်သမားတို့၏ခဲအမှတ်သားနှင့်တူ၏။

လူငယ်တွေရဲ့တိုးတက်မှုကိုကြည်းနူး မလွန်ပါနဲ့။

ခုခေတ်မှာတော့ ငယ်ငယ်ရွယ်ရွယ်နဲ့
တော်လိုက်တာ တတ်လိုက်တာ စသဖြင့်
လူအများရဲ့ပါးစပ်ဖျားမှာအထူးဆန်း
တရပ်အနေနဲ့ပေါ်လွင်နေပါတယ်။
ဒါကိုအားရလွန်ကျေနပ်လွန်ဖြစ်နေကြပါတယ်။ ဒီကလေးဆိုသူတွေကိုသာမန်ကြည့်ရင် တော့ အသက်ကြီးပိုင်းကိုထောက်ရင် ဒီကလေးတွေငယ်တာဟုတ်ပါတယ်။

သာသနာအတွက်တကယ်စိတ်မကောင်းပါဘူး

အောက်ခြေပြတ်ပြီး ညိုးနွမ်းလို့ဖြစ်နေပြီ
ဖြစ်တဲ့တို့သာသနာ တို့မှမကယ်တင်ရင်
ဘယ်သူတွေလာကယ်တင်မလဲ။
တို့မြန်မာတွေမှအားမကိုးရရင်ဘယ်သူ
တွေကိုအားရပါမလဲ။ တို့ရဟန်းတော်တွေမှအားမကိုးရရင်
ဘယ်သူတွေအားကိုးလို့ရပါမလဲ။
တို့မြန်မာတွေတို့ရဟန်းတော်တွေညီညွတ်ချင်တယ်။သွေးစည်းချင်တယ်။ ဒီလိုညွတ်ဖို့သွေးစည်းဖို့ဆိုရာမှာလည်း
အသိချင်းအမြင်ချင်းတူမှသာခိုင်မြဲတဲ့ညီညွတ်ခြင်းသွေးစည်းခြင်းတွေဖြစ်မှာပါ။

အနာထပိဏ် နဲ့ ၀ိသာခါ…

ဘုရားလက်ထက်တော်က ကောသလတိုင်း သာဝတ္တိပြည်၌ လူဦးရေ ၇-ကုဋေရှိသည်။ ၅-ကုဋေမှာ အရိယာဖြစ်၍ ကျန် ၂-ကုဋေမှာ ပုထုဇဉ်များဖြစ်ကြ၏ ။ သာဝတ္တိပြည် အနာထပိဏ်နှင့် ၀ိသာခါတို့သည် သာသနာကို ထောက်ပံ့ရာ၌ ထင်ရှားသူနှစ်ဦးဖြစ်သည်။

ပဋိစ္စ သမုပ္ပါဒ် ဒေသနာဆိုသည်မှာ

ပဋိစ္စ သမုပ္ပါဒ် ဒေသနာဆိုသည်မှာ -
၁။ သံသရာ၏အစကိုလည်းကောင်း သမုတိသစ္စာအလိုအားဖြင်. ‘လူ’ဟူ၍လည်းကောင်း ၊’ပုဂ္ဂိုလ် သတ္တ၀ါ’ ဟူ၍လည်းကောင်း သမုတ်ကြသူတို.၏ဖြစ်ရာ အစ သည် (အ၀ိဇ္ဇာ နှင်.တဏှာ )ဟူ၍ပြသခြင်းဖြစ်သည်။ ပေါ်လွင်ထင်ရှားစေခြင်းဖြစ်သည်။

မေတ္တာလေ.ကျင်.ခန်း


မေတ္တာဟာ မိမိရဲ.သန္တာန်မှာ ပင်ကိုယ်က ရှိနေပေမယ်.လို. လေ.ကျင်.ပေးမှ အစွမ်းထက်မယ်၊ မလေ.ကျင်.ရင် အစွမ်းမထက်ဘူး။
အဲဒီတော. မေတ္တာဆိုတဲ. သဘောတရားကို ဘာနဲ.လေ.ကျင်.ရမလဲ၊ အာရုံနဲ.ပဲ လေ.ကျင်.ရမယ်။ စိတ်တစ်ခုကို ထက်မြက်လာအောင် လေ.ကျင်.ချင်ရင် အာရုံနဲ.လေ.ကျင်.ရမယ်။ ဓားထက်အောင် ဘာနဲ.လုပ်ရမလဲ၊ ကျောက်နဲ.သွေးရတယ်၊ ကျောက်ပေါ်တင်ပြီးသွေးမှ ဓားထက်တယ်။ ထို.အတူပဲ ဒီ မေတ္တာစိတ်ဓာတ်လေးဟာ ခိုင်မာကြီးထွားလာအောင် ဘာနဲ.လုပ်ရမလဲ၊

ပခုက္ကူပိဋက

စိတ်ကောင်းမထားက ဆင်းရဲရ၏ ။
စိတ်ကောင်းထားက ချမ်းသာရ၏ ။

တရားခင်မင်ကျင့်သုံးလျှင်
စည်ပင်တိုးတက် ကြီးပွားသည် ။
တရားကိုမုန်းမကျင့်သုံးဆုံးရှုံး
ဆုတ်ယုတ်ပျက်စီးသည် ။
                                   
                              ပခုက္ကူပိဋက
                       

  •                             ၁၅ ၁၂ ၂၀၁၄


ဟင်္သာတမိုးကောင်းဆရာတော်ကြီး၏သြဝါဒ

ဒယ်အိုးဦးဇင်း သြဝါဒခံယူပွဲကာလက
ဟင်္သာတမိုးကောင်းဆရာတော်ကြီး၏
သြဝါဒလေးမှတ်သားခဲ့ရဖူးပါတယ်။
ဒီနေရာမှာ ဒယ်အိုးဦးဇင်းလို့ဘာလို့သုံးနှုန်း
ရလဲဆိုတော့ မထေရကြီးတွေမဟုတ်ရင်
ဆရာတော်လို့တပ်မခေါ်ဖို့ ပခုက္ကူဆရာတော်ဦးသောဘန၏အဆုံးမကိုလိုက်နာသောကြောင့်သုံးနှုန်းရခြင်း
ဖြစ်ပါသည်။ သို့ ရဟန်းရှင်လူအများစုက
အသက်ငယ်ရဟန်း သာမဏေများကိုလည်း ဆရာတော်ဟုသုံးနှုန်းနေကြပါသည်။
ပြီးတော့လည်း အဆုံးမလေးတစ်ခုက
ဆရာတော်ကြီးတွေရှေ့ရောက်လို့
ဘွဲ့ထည့်လျှောက်ရရင် ဦး ဆိုတာထည့်မလျှောက်ရဘူး ။ တပည့်တော် ပညာသိရီပါ စသဖြင့်သုံးနှုန်း
ဖို့ဆုံးမဖူးပါ၏ ဒါကြောင့်ပဲ အသက်ငယ်ကို
အကြောင်းပြု၍ ဒယ်အိုးဦးဇင်းလို့သုံးနှုန်း
ရပါသည်။ ထိုဟင်္သာတမိုးကောင်းဆရာတော်ကြီး၏
သြဝါဒလေးမှာဤသို့ဖြစ်သည်။

ခရီးများများသွားသောသူသည် ခလုပ်တိုက်မိတတ်၏ ။
ခလုပ်တိုက်မှာကြောက်၍ ခရီးမသွားလျင်
လိုမရောက်ရုံရှိမည် ။
ခလုပ်ဆိုတာတော့ ဒီနေရာမှာ အထက်လူနဲ့အောက်လူကိုဆိုလိုတာပါတဲ့။

                                              ဝိဘဇ္ဇသွေးကချင်မြေ
                                                          ၈ ၁၂ ၂၀၁၄

ခေတ်ကာလ ရဟန်းတော်များဆုပေးရခြင်းအကြောင်း



ရဟန်းတော်များဆုပေးရခြင်းမှာ အလှူရှင်များအနေဖြင့် လောကီအာရုံခံစားမှု တဏှာစွဲဖြင့်ဆုတောင်းပါက ဆုတောင်းမှားတတ်သဖြင့် ဆုတောင်းမမှားကြစေရန်ဖြစ်သည်။
ဆုတောင်းမှုနှင့်သိမှတ်ဘွယ်ရာတွေက
၁ ။ တဏှာပတ္ထနာ လောကီအာရုံကာမဂုဏ်ပြည့်ဝရေး
ဆုတောင်းခြင်း
၂ ။ ကုလစ္ဆန္ဒပတ္ထနာ ကုသိုလ်ကောင်းမှုကို
လိုလားသောဆန္ဒဖြင့်ဆုတောင်းခြင်း
ဟုနှစ်မျိုးရှိသည်။
ကုသိုလ်ကောင်းမှုတိုးပွားရေးဆုမျိုးကို
သာ တောင်းသင့် ပေးသင့်ပေသည်။
ကုသိုလ်ကောင်းမှုပြုပြီးသောခါ
ဆုတောင်းမှုမပြုပါက လိုသောဆု
မိမိလိုသောအကျိုးကိုမရနိုင်ကြောင်းကို
အဋ္ဌကထာတို့၌အတိအကျညွန်ပြထားပါသည်။ ဆုတောင်းမှားက ဒုက္ဓများတတ်ပါသည်။
                   ခုဒ္ဒက ပါဌ အဋ္ဌကထာ ၁၉၁
         

                      ဝိဘဇ္ဇသွေး ကချင်မြေ
                           ၁၅ ၁၂ ၂၀၁၄


Monday, December 15, 2014

ပါချုပ်ဆရာတော်၏ လူသားတို့၏ အဓိကမျှော်လင့်ချက်။

     ၁။ ချမ်းသာလိုခြင်း။ ။ လူသားတွေရဲ့ မျှော်လင့်ချက်၊ လိုအင်ဆန္ဒ၊ခြုံငုံပြီးတော့ ပြောရ
မယ်ဆိုလို့ရှိရင် လူတိုင်းလူတိုင်းဟာ စီးပွားဥစ္စာ တိုးတက်ချင်ကြတယ်။ ချမ်းသာကြွယ်ဝချင်ကြ
တယ်။ ဒါဟာ လူသားတိုင်း မျှော်လင့်တောင်းတကြတဲ့ ဆန္ဒတစ်ခုပါ။
         ဗုဒ္ဓမြတ်စွာက ကြီးပွားချမ်းသာချင်ကြတယ်ဆိုတာ လူတိုင်းလူတိုင်းရဲ့ မျှော်လင့်ချက်

ဣနြေ္ဒ ၅ ပါး။

၁။ သိဒ္ဓိနြေ္ဒ   = ယုံကြည်မှုဖြင့် စိတ်ကို အစိုးရခြင်း။
၂။ ၀ီရိယနြေ္ဒ = ၀ီရိယဖြင့် စိတ်ကို အစိုးရခြင်း။
၃။ သတိနြေ္ဒ  = သတိဖြင့် စိတ်ကို အစိုးရခြင်း။

သေခြင်းအကြောင်း ၄ မျိုး။

၁။ အသက်တမ်း ကုန်ခြင်း။ (ဥပမာ- ဆီမီးငြိမ်းရာ ဆီကုန်ခြင်း။)
၂။ ကံ  အစွမ်းကုန်ခြင်း။ (ဥပမာ- ဆီမီးငြိမ်းရာ မီးစာကုန်ခြင်း။)
၃။ အသက်တမ်း၊ ကံ အစွမ်း ၂ မျိုးလုံးကုန်ခြင်း။ (ဆီနှင့် မီးစာ ၂ မျိုးစလုံး ကုန်ခန်းခြင်း။)
၎။ ဥပစ္ဆေဒကကံက သတ်ဖြတ်ခြင်။ (ဆီနှင့်မီးစာ ရှိသေးပါသော်လည်း လေပြင်းတိုက်ခတ်ခြင်း

မောဟကင်းပြီးသော်လည်း မသိခြင်း ။

      မသိခြင်း သဘောကို မောဟဟုဆိုခြင်းကြောင့် မသစ်ဖူးသောအတတ်၊ မရောက်ဖူးသော
အရပ်နှင့် မမှတ်ဖူးသောနာမည် စသည်တို့ကို မသိခြင်းများလည်း မောဟအစစ်၊ အကုသိုလ်ဖြစ်
သည်ဟု မှတ်ထင်တတ်ကြ၏။ ထို မသိမျိုးမှာ မသိရုံသက်သက်သာဖြစ်၍ မောဟအစစ် အကုသိုလ်
အစစ် မဖြစ်ပါ။ မိမိ၌ မှတ်သားဖူးသော သညာ မရှိမှုသာတည်း။ ထို မသိမျိုးမှာ သာမန်လူတွေကို
မဆိုထားဘိ ရဟန္တာများပင် ရှိပါသေးသည်။

သင်္ဂဇာ ဆရာတော်။

         သင်္ဂဇာ ဆရာတော်ဟာ တစ်ဘက်သား စိတ်ချမ်းသာအောင် ပြောတတ်၊ ဟောတတ်၊ ဆုံး
မတတ်တဲ့ ဆရာတော်အဖြစ် ကျော်ကြားတဲ့ ဆရာတော်ဖြစ်ပါတယ်။ ဆရာတော်ရဲ့ မွေးဇာတိက
မြင်းခြံခရိုင်၊ တလုတ်မြို့၊ ပေါက်ချောင်းရွာ ဖြစ်ပြီး လူအမည်က မောင်ပို ဖြစ်ပါတယ်။

“သက္ကာယဒိဋ္ဌိ အရင်ဖြုတ်ပါ”


သောတာပန်ဖြစ်ဖို. ဒိဋ္ဌိနဲ. ၀ိစိကိစ္ဆာကို အမြစ်ပြတ် ပယ်နိုင်အောင် ကြိုးစားရမှာဆိုတော. ၀ိစိကိစ္ဆာအကြောင်းကိုလည်း ဂဃဏန သိဖို.လိုအပ်တယ်။ သိမှပယ်နိုင်မယ်။ ပထမသိအောင်လုပ်ကြဦး။
ဥာတပရိညာနဲ. ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာကင်းမှ ပွားများအားထုတ်တဲ.အခါမှာ အားရှိတယ်။ အဲဒီဝိစိကိစ္ဆာ ကင်းရှင်းဖို.လည်းပဲ လေ.လာရတယ်။ မှတ်သားရတယ်။
ဝိစိကိစ္ဆာဆိုတာ ယုံမှားခြင်းကိုဆိုလိုတာ။ ဒိဋ္ဌိနဲ.တွဲနေတယ်။ အားလုံး(၈)မျိုးရှိတယ်။

နက်နဲထူးဆန်း မြတ်ပဋ္ဌာန်းဒေသနာတော်သင်တန်း မှတ်စုများ



၁။ပဋ္ဌာန်းတရားဟောကြားသူ = ဗုဒ္ဓမြတ်စွာဘုရား။
၂။ပဌာန်းတရား ဟောကြားရာအရပ်ဒေသ = တာဝတိံသာနတ်ပြည်။
၃။ပဌာန်းတရားဟောကြားရခြင်းအကြောင်းရင်း = မယ်တော်ဖြစ်ခဲ့ဘူးသော သန္တုဿိတနတ်သားကို ကျေးဇူးဆပ်ရန်။
၎။ပဌာန်းတရားကို ဦးစွာနာကြားကြသူများ =သန္တုဿိတနတ်သားနှင့် အနန္တစကြဝဠာအတွင်းရှိ နတ်ဗြဟ္မာများ။
၅။ပဌာန်းတရားဟောကြားရာ ကြာမြင့်ချိန်ကာလ = ဝါတွင်းသုံးလ။

သေရမှာကြောက်သူ (၄) ဦး နှင်. သေရမှာ မကြောက်သူ (၄) ဦး


“သမဏဖြစ်စေ ဗြာဟ္မဏဖြစ်စေ နတ်ဖြစ်စေ မာရ်နတ်ဖြစ်စေ ဗြဟ္မာဖြစ်စေ လောက၌ မည်သည့် ပုဂ္ဂိုလ်ပင်ဖြစ်စေ သေခြင်းသဘောကို ”မသေစေအံ့”ဟု တာဝန်ခံနိုင်သူ တစ်စုံတစ်ယောက်မျှ မရှိပေ။”
( ပါဋိဘောဂသုတ်၊ ဗြဟ္မဏ၀ဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။)
……………………..……………………..……………………..………………
ဇာဏုသောနိပုဏ္ဏားကြီးသည် မြတ်စွာဘုရားထံ လာ၍ လျှောက်ထား၏။

Sunday, December 14, 2014

စုံလင်ပြည့်ဝတဲ့ “ရွှေခေတ်”။

         တစ်ချိန်တုန်းက လူသားတွေဟာ ဒီကနေ့ အခြေအနေမျိုး မရောက်ခင် အလွန်သာ
ယာ အေးချမ်းပြီးတော့ အစစအရာရာ စုံလင်ပြည့်ဝတဲ့ “ရွှေခေတ်” လို့ ခေါ်ရမယ့် ခေတ်တစ်
မျိုးကို ကြုံခဲ့ကြရပါတယ်။ ထိုအချိန်တုန်းကတော့ လူသားတွေရဲ့ သက်တမ်းဟာ နှစ် ၈၀၀၀၀
သက်တမ်းရှည်တယ်။ နှစ် ရှစ်သောင်း သက်တမ်းရှည်တဲ့ လူ့လောကမှာ ပြဿနာအလွန်နည်း