Saturday, November 3, 2018

'လူဖြစ်ရခြင်း၏အဓိကရည်ရွယ်ချက်'

 
အသက် နှင့် အချိန်

စက္ကန့်၊ မိနစ်၊ နာရီ၊ နေ့၊ ရက်၊ လ၊ နှစ် စသည့်
အချိန်တိုလေးများကို
ပေါင်းစည်းထားခြင်းသည်ပင်
အသက်မည်၏။
ထို့ကြောင့် အသက်ကို တန်ဖိုးထားသူသည်
အချိန်ကို တန်ဖိုးထားရမည်။
ကုသိုလ်၊ ပညာ၊ ဥစ္စာ သုံးမျိုးအနက်
တစ်မျိုးမျိုးကိုမှ မရဘဲ
အချိန်ဖြုန်းတီးသူများသည်
မိမိအသက်ကို
 ဖြုန်းတီးသူများပင် ဖြစ်၏။

အဝီစိက စောင့်ကြိုနေပြီ... စိတ်ချ

တစ်ခြမ်းတည်း ကျန်ချင်ကျန်ပါစေ..
အရေးမကြီးပါဘူး......
ဝိနည်းလွတ်ပြီး သာသနာပြုရမယ်ဆိုတာ..

Friday, November 2, 2018

'ရှင်လောင်းပြုခြင်း နှင့်ပက်သက်၍ ထေရဝါဒမှတ်စုများ'


ရှင်ရာဟုလာရှင်ပြုစဉ်က
ရှင်ရာဟုလာ ရှင်ပြုစဉ်အခါက မြတ်စွာဘုရားတစ်ဝါသာရရှိသေးတယ်။မြတ်စွာဘုရားအယူဝါဒတို့များစွာ မပျံ့နှံ့သေး။ ဗြဟ္မဏဝါဒကြီးစိုးနေသော၊ အယူအစွဲကြီးမား ပျံ့နှံ့နေ သောထိုခေတ်အခါမှာပင် ရာဟုလာ ရှင်လောင်းကလေးအား ဘယ်နတ်ဗြဟ္မာကိုမှ မပြသခဲ့ကြပေ။
အရှင်ဉာဏောဘာသ(အေးစေတီ၊မင်းဘူး)(ဓမ္မရတနာ ၉၉ နိုဝင်ဘာ)

ဒိဌိ၏ အထင်မှားမှုကြီးများ။

        မှန်ထဲကပုံကို ငါလို့ပဲ ထင်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ မှန်ကိုဖယ်လိုက်တာနဲ့ တပြိုင်
နက် မှန်ရိပ်ထဲက ပုံရိပ်လွှာဟာ ပျောက်သွားပြီ၊ အဲဒီလိုပဲ ကိုယ် ထင်ပြီးတော့ အားကိုးစရာ အ
ရာတစ်ခုဟာ ဘာမှ အားကိုးစရာ မရှိဘဲနဲ့  မကြာခင်ပဲ သူ့ဟာသူ ပြောင်းလဲပြီး ပျက်စီးတဲ့အ

Thursday, November 1, 2018

'မြတ်စွာဘုရားရှင်သည် တရားနှင့်ထိုက်တန်သူသာ တရားဟောခြင်း'


အဘယ့်ကြောင့် မြတ်စွာဘုရားသည် (သတ္တဝါ) အချို့တို့အားကောင်းမွန်စွာ တရားဟော၍ (သတ္တဝါ) အချို့တို့အား ထိုကဲ့သို့ ကောင်းမွန်စွာ တရားမဟောပါသနည်းဟုလျှောက်၏။

ရွာသူကြီး သို့ဖြစ်လျှင် ဤအရာ၌ သင့်ကိုပင် ပြန်၍ မေးဦးအံ့၊ သင် နှစ်သက်သည့်အတိုင်း ဖြေဆိုလော့။ ရွာသူကြီး ထိုအရာကို အဘယ်သို့ မှတ်ထင်သနည်း၊ ဤလောက၌ လယ်သမားဖြစ်သောသူကြွယ် အား အကောင်းစားလယ်တစ်ကွက်၊ အလတ်စားလယ်တစ်ကွက်၊ ကြတ်တီးကုန်း, ဆားမြေ,မြေညံ့ဟူသော အညံ့စားလယ်တစ်ကွက်ဟူ၍ လယ်သုံးကွက် ရှိရာ၏။

ဆရာတော်ဘုရားကြီး၏ ဓမ္မစကြာတရားတော်ကြီး ဆောင်ပုဒ်။

- ကာမချမ်းသာ သုံးဆောင်တာ ပယ်ခွါရှောင်ရမည်။
      မသုံးဆောင်ပဲ ကိုယ်ဆင်းရဲ ဒါလဲရှောင်ရမည်။
- စိတ်အလိုကျ လွှတ်ထားက ကာမသုခါ နုယောဂါ။

Wednesday, October 31, 2018

'ပုထုဇဉ်လေးမျိုးဆိုသည်မှာ'


ပုထုဇဉ်လေးမျိုးတဲ့။ ဘုရားရှင် ဟောပြခဲ့တဲ့ ပုထုဇဉ်လေးမျိုး အကြောင်းလေး ဖော်ပြပေးပါမယ်။


(၁) အန္ဓဗာလ ပုထုဇဉ်၊ 
(၂) အန္ဓပုထုဇဉ် 
(၃) ကလျာဏ ပုထုဇဉ်၊ 
(၄) စူဠသောတာပန် ပုထုဇဉ်ဆိုပြီး လေးမျိုး ရှိပါတယ်။ 

Tuesday, October 30, 2018

ဓမ္မနဲ့သာ ပူဇော်ပါ...



အမေး။ ။အရှင်ဘုရား….ဘုရားရှင်ပရိနိဗ္ဗာန်စံခါနီးမှာ နတ်ဗြဟ္မာတွေက ပန်းနံ့သာတို့နဲ့ပူဇော်လာကြတာကိုအကြောင်းပြုပြီး ဘုရားရှင်က “ငါဘုရားကို ပန်းနံ့သာတို့နဲ့ ပူဇော်ပေမဲ့ ပူဇော်တယ်လို့ မခေါ်သေးပါဘူး။ သီလ သမာဓိ ပညာ တရားအားလျော်တဲ့အကျင့်ပဋိပတ္တိကို ကျင့်နေတဲ့ ပုဂ္ဂိုလ်မှသာ ငါဘုရားကို အမွန်မြတ်ဆုံး ပူဇော်ခြင်းနဲ့ ပူဇော်ရာရောက်ပါတယ်” လို့ မိန့်တော်မူထားပါတယ်။ တပည့်တော် သိချင်တာက ဘုရားရှင် ဟာ ယခင်က ပစ္စည်းဝတ္ထုနဲ့ ဘုရားရှင်ရဲ့ဂုဏ်ကျေးဇူးကိုဆင်ခြင်ပြီး လှူရင် အကျိုးကြီးမြတ် ကြောင်းကို ဟောကြားတော်မူပါလျှက် ယခုပရိနိဗ္ဗာန် ပြုခါနီးကျမှ ပစ္စည်းနဲ့ပူဇော်တာထက် တရားနဲ့ပူဇော်တာက ပိုပြီး အကျိုးကြီးမြတ်တယ်လို့ ဘာကြောင့် ပစ္စည်းနဲ့ပူဇော်တာကို ပယ်ရတာလဲဘုရား။
မနွယ်နွယ်အေး(ရန်ကုန်)

မာန၏ အထင်မှားမှုကြီး။

   ဘ၀တစ်ခု ရလာပြီဆိုရင် လူတွေရဲ့ သက်တမ်းက ဘယ်လောက်ပဲရှိရှိ သေမယ့်ရက်
ကို ဘယ်သူမှ မစဉ်းစားနိုင်ကြပါ။ သိလည်းမသိကြပါ။ ဘ၀ ရလာတာနဲ့  လူတိုင်း လူတိုင်းဟာ
“နိစ္စထာဝရ” မသေတော့မယ့်ပုံစံမျိုးပဲ နေကြတယ်။ မအိုမယ့်ပုံ မသေမယ့်ပုံနဲ့ လုပ်ကိုင်ဆောင်

Monday, October 29, 2018

'ဒိဋ္ဌသရဏဂုံနှင့် သုတသရဏဂုံ'


အနည်းဆုံး သောတာပန် တည်သွားသူ၏ သရဏဂုံကို “ဒိဋ္ဌ သရဏဂုံ” ဟုခေါ်၏။
ရတနာသုံးပါး၏ ဂုဏ်ကိုဉာဏ် မျက်စိဖြင့် တကယ်မြင်သူ၏ သရဏဂုံဟုဆိုလိုခြင်း
ဖြစ်၏။ သာမာဝတီမိဖုရားသည် ဘုရားရှင်ကိုဖူးမျှော်ခွင့်မရသော်လည်း ခုဇ္ဇုတ္တရာ
ကျွန်မထံမှ နာယူရသော တရားကြောင့် သောတာပန်တည်ခဲ့ရာ “ဒိဋ္ဌိ သရဏဂုံ”
တည်သူ ဟုဆိုအပ်၏။

ဘုရားရှင်၏ “မာတုဂါမများနှင့် ဆက်ဆံရေး”။

   “ ပစ္စည်း မာတု၊ ဤနှစ်ခု၊ ဘိက္ခုသေမင်း၊ ဓားနှစ်စင်း” တဲ့။ ဗုဒ္ဓသာသနာတွင် အဆိုးဝါး
ဆုံးသော အန္တရာယ်မှာ ရဟန်းတော်များအတွက် မာတုဂါမနှင့် ရွှေ ငွေ လာဘ်လာဘ တို့ပင်
ဖြစ်ပါသည်။ အမျိုးသမီးများသည် ရဟန်းတော်များကို အမျိုးသားများထက် ပို၍ ကြည်ညိုကြ

Sunday, October 28, 2018

ဗုဒ္ဓဘာသာ/ သာသနာအတွက် အသိပညာပေး ဆောင်ပုဒ်များ(၁)။

   “ကိုယ်စီခပ်နှိပ်ကြ”
    ===========
အိုးမဖုတ်ခင်၊ အိုးလုပ်စဉ်ဝယ်၊
အိုးတွင်နှိပ်ခပ်၊ တံဆိပ်မှတ်ကား၊
မပြတ်မစဲ၊ အိုးပင်ကွဲလည်း၊

'တရားမြင်မှ ဘုရားမြင်'


ယခုဘုရားရှင်၏ သာသနာတွင် ဝိပဿနာ၏ အခြေခံဖြစ်သော နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ်လောက်ကိုမှ ရအောင် အားထုတ်နာကြားခြင်းမြ့ပုဘဲနောက်ပွင့်မည့်ဘုရား
ရှင်ကို ဖူးတွေ့ရအောင် ဆုတောင်းနေသူများ အထူးသတိပြုသင့်သောအချက် တစ်ချက်ရှိ၏။
ဝိပဿနာအခြေခံလေးမျှ မရှိသူသည် ဘုရားရှင်ကို မျက်စေ့ရှေ့တွင် တွေ့မြင်ရသော်လည်း ဖူးမျှော်ကန်တော့ဖြစ်ဖို့ နေနေသာသာ ဘုရားရှင်မှန်းပင်မသိချေ။ဓမ္နစကြာတရားကို ဟောပေး
ချင်သဖြင့် သူတို့ထံလိုက်လာသောဘုရားရှင်ကို ပဉ္စဝဂ္ဂီငါးဦးသည် ရှိခိုးခြင်းမြ့ပုရန်၊ နေရာ
ထိုင်ခင်းမပေးရန်ပင် တိုင်ပင်ထားကြ၏။ဤကား ဘုရားရှင်ကိုတွေ့မြင်နေရသော်လည်း တရားကိုမမြင်သောကြောင့်ဘုရားရှင်မှန်းပင်မသိနိုင်ခြင်းဖြစ်၏။

သဘာဝအရှိတရားကို သိစွမ်းနိုင်တဲ့ ပညာ။

       ပညာဆိုတာကတော့ ဗုဒ္ဓမြတ်စွာက လောကကြီးမှာ လိုအပ်တဲ့ အမြင့်ဆုံးပညာကို
ဟောထားတယ်။ ပညာဟူသည်မှာ အကောင်းအဆိုး၊ အကြောင်းအကျိုး လုပ်သင့် မလုပ်သင့်
စတာတွေကို ခွဲခြားသိတာကို ပညာခေါ်တယ်။ လောကမှာ သင်ယူထားတဲ့ ပညာအများစုဟာ