Saturday, June 25, 2016

လေလာတဲ့အရပ်ကို ကျောပေးပါ


.
 တစ်နေ့မှာတော့ အမတ်ကြီးနဲ့ ဘုရင့်သားဟာ ဆိပ်ကမ်းတစ်ခုကို ထွက်လာခဲ့ပါတယ်။ပြီးတော့ အဲဒီဆိပ်ကမ်းမှာ လိုက်လံလေ့လာကြတယ်။မင်းသား သတိထားမိတာတစ်ခုကတော့ ရွက်လှေပဲ။ရွက်လှေတွေဟာ အရွယ်အစားကြီးမားပြိးတော့ လေးလံပေမဲ့ ရွက်တွေချလိုက်တဲ့အခါမှာ အလျင်အမြန်သွားတက်ကြတယ်။

Friday, June 24, 2016

“ဗုဒ္ဓဘာသာတို့ တစ်နေ့တာ (ချမ်းသာအောင်နေနည်း)”

(၁)။ နေထွက်နေဝင်၊ ကိုးဂုဏ်ရှင်၊ နေ့စဉ်ရှိခိုးမယ်။
(၂)။ အနန္တငါး၊ ဂုဏ်တော်များ၊ ညွတ်တွားကန်တော့မယ်။ (ရွတ်ပွါးကန်တော့မယ်။)
(၃)။ မျက်နှာသစ်လျှင်၊ ရေကိုမြင်၊ မြင်စဉ်မေတ္တာပွါးပါ့မယ်။
(၄)။ သစ်ရင်းသစ်ရင်း၊ လျော့ယိုယွင်း၊ ရုပ်ဆင်းသတိထားပါ့မယ်။
(၅)။ မသန့်မစင်၊ ရေအိမ်ဝင်၊ ဆင်ခြင်အသုဘ ပွါးပါ့မယ်။

တွန်းပို့ခြင်းကို ခံနေကြရသူများ။

        လောကကြီးဟာ ပို့ဆောင်ခေါ်ငင်ခြင်း ခံနေရတယ် သို့မဟုတ် တွန်းပို့ခြင်းကို ခံနေရတယ်။
ငယ်ငယ်တောင်ကျေး ကလေးဘ၀ကနေ တဖြည်းဖြည်း ကြီးကြီးလာတယ်။ နေ့စဉ်နှင့်အမျှ အိုလာ
ကြတယ်။ “ဇာတိ”ဆိုတဲ့တရား ရလာတဲ့အချိန်က စပြီးတော့ ဇာတိက “ဇရာ” ဆိုတဲ့ မှတ်တိုင်ကို

မိစ္ဆာဝိတတ်ရဲ့ သဘောတရား။

       မြတ်ဗုဒ္ဓဘုရားရှင်က ကာမ၀ိတတ်ကို ကြံစည်ရင် ငါဘုရားဉာဏ်ထဲမှာ ထင်ရှားလာတာက
(၁) မိမိလည်းဆင်းရဲမယ်၊ သူတပါးလည်းဆင်းရဲမယ်။ (၂) ပညာကို ဖျက်ဆီးပစ်တော့မယ်။(ပညာ
ဆိုတာက အကောင်း၊ အဆိုး၊ အကြောင်း၊ အကျိုး၊ အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြားနိုင်တာ) ကာ

ကိုယ့်ဘ၀ကြီးကို ပြောင်းသွားအောင် လုပ်ပေးနိုင်တဲ့တရားတော်။

    ဒို့များ....ခုလိုအခြေအနေ တရားလမ်းကြောင်းပေါ်ထိရောက်အောင် တရားတစ်ပုဒ်နာ
ခဲ့ဘူးတယ်။ အဲဒီတရားကြောင့်.... သာသနာဘောင်သို့ ရောက်ခဲ့တယ်။ အဲဒီတရားကြောင့်
.......တရားအားထုတ်ဖြစ်တယ်။  တရားထိုင်ဖြစ်တယ်။  တရားရပ်ဖြစ်တယ်။  အမြဲတမ်း

Thursday, June 23, 2016

“စိတ်ဓါတ်ကို မြှင့်တင်ထားပါ”



ကာယကံ၊ ၀စီကံ၊ မနောကံဟူ၍ ရှိရာတွင် “မနောကံ”သည် အကြီးအမှူးးဖြစ်ပါ၏။
မနောကံ ဦးဆောင်ရာနောက်သို့ ကာယကံ၊ ၀စီကံတို့ လိုက်ပါရသည်ချည်းဖြစ်၏။
စိတ်သည် လူသား၏ ဘ၀ကံကြမ္မာကို လွှမ်းမိုး၏။ စိတ်ဓါတ်ညံ့ဖျင်းလျှင် ဘ၀လည်း ဖျင်းညံ့ပေလိမ့်မည်။
စိတ်ဓါတ်သေးသိမ်လျှင် ဘ၀လည်း သေးသိမ်ပေလိမ့်မည်။ စိတ်ဓါတ်မြင့်မားလျှင် ဘ၀လည်း မြင့်မားပေလိမ့်မည်။ စိတ်ဓါတ်သန့်ရှင်းလျှင် ဘ၀လည်း သန့်ရှင်းပါလိမ့်မည်။

Wednesday, June 22, 2016

အရိုးဆုံး တရားအားထုတ်နည်း




အခုဒီမှာ ထိုင်နေတယ်နော်...။ ကိုယ့်လက်နှင့် လက်နှစ်ခုထိနေတယ်။ ဟိုဒကာကြီးဆိုလည်း လက်နှင့်လက်ထိထားတယ်။ ဟိုဒကာကြီးကလည်း လက်နှင့်လက်ထိထားတယ်နော်။ အဲဒီထိထားတဲ့နေရာကို စိတ်နှင့် အာရုံပြုကြည့်စမ်းပါ။
ဘာကိုသိရသလဲ?
ဘယ်လိုအာရုံမျိုး၊ ဘယ်လို sensation မျိုး၊ ဘယ်လို feeling မျိုးရှိလဲ?

တရားထူးဆိုတာ ဘယ်လိုအခြေအနေကောင်းလဲ။

       ဗုဒ္ဓဘာသာဝင် သူတော်စင်တွေဟာ တရားထူးတရားမြတ်ရဖို့ ရည်သန်လျက် တရားကျင့်
ကြံအားထုတ် ကြပါတယ်။ ဗုဒ္ဓမြတ်စွာ လက်ထက်တော် အခါကာလတုန်းက မြတ်စွာဘုရား ဟော
ကြားတဲ့ တရားဓမ္မကို နာယူရင်း တရားထူးရသွားကြတဲ့ ပုဂ္ဂိုလ်တွေ မြောက်များစွာ ရှိပါတယ်။

ကိုယ်ဖြည့်နေလည်း အလကားပါပဲ။

  မြစ်နဲ့တူတဲ့ တဏှာဟာလည်း
  လိုချင်စရာ အာရုံတွေအပေါ်
  ဘယ်တော့မှ အလိုမပြည့်ပါဘူး၊

သေရမှာ မကြောက်တဲ့ဆေး။

    ကိုယ့်ရုပ်ကိုယ့်နာမ်တွေ အမြဲပျက်၊
အမြဲသေနေတာတွေကို အမြဲကြည့်ရှု
သိမြင်နေသူအဖို့ တစ်ဘ၀တစ်ခါ

Tuesday, June 21, 2016

ထမင်းစားရင်း ပါရမီဖြည့်မယ်”

မြတ်စွာဘုရား လက်ထက်တော်က မထင်ရှားတဲ့ ရဟန်းငယ်လေး တစ်ပါး ရှိပါတယ်။ အညတရ
ရဟန်းလေးလို့ပဲ ဆိုပါတော့။

အဲဒီအညတရ ရဟန်းလေးဟာ ဖြစ်ပျက် ကမ္မဋ္ဌာန်း ကိုကြိုးစား အားထုတ်နေပါတယ်။ တရားအားထုတ် နေတုန်းမှာပဲ နားကိုက် ဝေဒနာ ဖြစ်လာ ပါတယ်။ ဒါကြောင့် တရားအားထုတ်
လို့ မရတော့ပါဘူး။ နားကိုက် ဝေဒနာကို ဆေးဆရာတွေပြပြီးကုပေမယ့် မပျောက်ပါဘူး။ နောက်ဆုံးတော့ အညတရ ရဟန်းငယ်က နားကိုက်ဝေဒနာ ခံစားနေရတာကိုမြတ်စွာ ဘုရားကို သွားလျှောက်ပြပါတယ်။

Monday, June 20, 2016

နတ်ပြည်တွင် မျက်နှာငယ်ရှာသော သိကြားမင်း

အရှင်မဟာကဿပ မထေရ်သည် နိရောဓသမာပတ်မှ ထတော်မူ၍ ဆင်းရဲသူ-ဆင်းရဲသားတို့အား ချီးမြှောက်လိုသော ဆန္ဒရှိသည်။ ထိုဆန္ဒတော်ဖြင့် ဗာရာဏသီမြို့၏ ဆင်းရဲသားရပ်ကွက်သို့ ဆွမ်းခံရန် ကြွလာတော်မူသည်။ ထိုအခွင့်အရေးအထူးကို စောင့်မျှော်နေသော သိကြားမင်းနှင့် သုဇာတာတို့သည် အရှင်၏ လာရာလမ်းတွင် တဲငယ်တလုံး ဖန်ဆင်းလိုက်သည်။ ထို့နောက် ဆင်းရဲသော ရက်ကန်းသည်လင်မယား ပုံသဏ္ဍာန်ဖြင့် အရှင်မြတ်ကို ကြိုလင့်နေ၏။

ဘ၀အသွင်ကို ဓမ္မအမြင်ဖြင့် ကြည့်ရှုတိုင်းတာခြင်း။

   လူတိုင်းလူတိုင်းမှာ ကိုယ်စီဘ၀ကလေးတွေ ရှိနေကြပါတယ်။ သို့သော် ဘ၀နဲ့ပတ်သက်
ပြီးတော့ တစ်ဦးနှင့်တစ်ဦး အမြင်ချင်းမတူကြပေ။ တချို့က ဘ၀ကို ပျော်စရာလို့ မြင်တယ်။ တ
ချို့က ဘ၀ကို ငြီးငွေ့စရာလို့ မြင်ကြတယ်။

နိဗ္ဗာန်လမ်းကိုဦးတည်ရန် လိုက်နာရမည့် အချက်များ။

     မြတ်စွာဘုရားရှင်က အဂုင်္တ္တိုရ်သောတာနုဂတသုတ္တန်တွင် တရားတော်ကို လိုက်နာကျင့်
သုံးရန် အဆင့်(၄) ဆင့်ရှိကြောင်း ညွှန်ပြတော်မူပါသည်။ (၁) ရှေးဦးစွာ တစ်နံပါတ်အဆင့်မှာ
“တရားနာရမည်”။ သူတစ်ပါး ရွတ်ဖတ်တာတွေကို နားထောင်ခြင်းသည် တစ်နံပါတ် အဆင့်ဖြစ်ပါ

မီး (၁၁) ပါး။

မီး (၁၁) ပါးတို့မှာ==
 ၁။ လောဘမီး = တပ်မက်နှစ်သက်ရသဖြင့် ပူလောင်ခြင်း။
 ၂။ ဒေါသမီး = စိတ်ဆိုးရသဖြင့် ပူလောင်ခြင်း။

Sunday, June 19, 2016

ကုသိုလ် စုံအောင် လုပ်ပါ




နောင်တ ဆိုသည်မှာ အကုသိုလ် စိတ် ဟု ဆရာတော်များ ဟောကြားသည်ကိုမှတ်သားနာယူဖူးပါသည်။
အကုသိုလ် ပြုသူသည် နောင်တ ရမည်မှာမလွဲပေ။

သို့ သော် ကုသိုလ် ပြု၍ နောင်တ ရသူ လည်းရှိ၏။

မည်ကဲ့သို့  နောင်တ ရပါမည်လဲ??????????

အခါတပါးမြတ်စွာဘုရားထံတော်သို့  (၉)မျိုးသော နတ်တို့သည် စုရုံးရောက်ရှိလာ၍
၎င်းတို့ ၏ ကုသိုလ်ကြောင့် ဖြစ်ရသော နောင်တ ကို လျှောက်တင်ကြလေ၏။