Saturday, March 7, 2015
အသူရာဆိုတာ နတ်လား ပြိတ္တာလား
ဒကာ။        ။ အသူရာပြည်တို့၊ အသူရကာယ်ပြည်တို့ဆိုတာ နတ်ပြည်လား၊ အပါယ်လေးပါးထဲက အသူရကာယ်ပြည်လား၊ သူတို့ဘ၀က နတ်ဘ၀လား၊ ပြိတ္တာဘ၀လား ဆရာတော်။
အဲဒီ အဘိဓာန်ပုဒ်ရဲ့ အနက်အဓိပ္ပာယ်ကို ရှင်းပြပါဦး ဘုရား၊ သိကြားမင်းနဲ့ စစ်ခင်းတယ်၊ နေ့ခံညစံရတယ် ဘယ့်နယ် ညာနယ်နဲ့ ရှုပ်ပွေလွန်းလို့၊ ငြင်းခုံနေကြတာလည်း လွန်ရောပဲ။
ဥပုသ်သည်တို့မှာ သီလတပါးပျက်လျှင် အကုန်လုံး ပျက်ကရောလား
ဒကာ။           ။ ဆရာအချို့က ဥပုသ်သည်ဆိုတာ ကိုယ်ခံယူထားတဲ့ သီလကို အသက်တမျှ ရိုသေစွာ စောင့်ထိန်းရတယ်၊ ရှစ်ပါးသီလထဲက သိက္ခာပုဒ် တပါးပျက်သွားရင် အကုန်လုံး ပျက်စီးကုန်ရောလို့ ဟောပြောဆုံးမကြပါတယ်။
                             ဆရာအချို့ကတော့လည်း သည်လိုမဟုတ်ပါဘူးတဲ့၊ ကိုယ်ဆောက်တည် ခံယူထားတဲ့ သိက္ခာပုဒ်တွေထဲက တပါးပျက်သွားရုံနဲ့ အကုန်လုံး ပျက်မသွားပါဘူး၊ ကိုယ်ခံယူဆောက်တည်ထားတဲ့ ရှစ်ပါးသီလ, ကိုးပါးသီလ, ဆယ်ပါးသီလ အားလျော်စွာပေါ့၊ မိမိမကျူးလွန်တဲ့ သိက္ခာပုဒ်တွေကတော့ ကျန်နေတာပါပဲ မပျက်စီးပါဘူး လို့ ဟောပြောဆုံးမကြပါတယ်၊ ဘယ်ဝါဒက မှန်ပါသလဲ ဆရာတော်။
ရေစက်ချမှ အလှူဒါနဟာ ပြီးမြောက်သလော
ဒကာ။           ။ ဘုရားတည် ကျောင်းဆောက် ရှင်ပြု ရဟန်းခံ စတဲ့ အလှူဒါနရှင် အချို့ဟာ ရေစက်ချရမှ အောင်မြင်တယ်ဟု မှတ်ယူကာ ရေစက်ချကြပါတယ်၊ တချို့ကျတော့လည်း ရေစက်မချဘဲ “နိဗ္ဗာန ပစ္စယော ဟောတု”  ဆိုကာ ပေးလှူပြီး အမျှပေးဝေလျက် ရေစက်ခွက် မကိုင်ကြပါဘူး၊
ဒီကိစ္စနဲ့စပ်လို့ စာပေကျမ်းဂန်က ဘယ်လိုများ ဆိုပါသလဲ ဆရာတော်။
Friday, March 6, 2015
ကံ ၂-မျိုးရှိ။
ဒီတော့ ဘုန်းကြီးတို့ ဒီနားရပ်ပြီး စဉ်းစားရမှာက ဘုန်းကြီးတို့ သန္တာန်မှာ ဘဝများစွာက အကုသိုလ်ကံ
ရဲ့ အကုသိုလ်သတ္တိတွေ အများကြီးရှိပေလိမ့်မယ်။
ကုသိုလ်ကံရဲ့ ကုသိုလ်သတ္တိတွေလဲ အများကြီးရှိပေလိမ့်မယ်။
ရှင်ပုဏ္ဏ ဟောကြားသော ၀ိညာဏ်ကို ရှုမြင်ပုံတရားတော်။
        အသိစိတ် လို့ဆိုတဲ့ ၀ိညာဏ် လေးဟာလဲပဲ စဉ်ဆက်မပြတ် တစ်စိတ်ပြီး တစ်စိတ်၊
တစ်စိတ်ပြီးတစ်စိတ် အင်မတန်မှ လျှင်မြန်တဲ့   နှုန်းထားနဲ့ ပြောင်းရွေ့ပျက်စီးပြီးတော့နေ
ပါတယ်။ အဲဒီလို လျှင်မြန် တဲ့အဟုန်နဲ့ ဖြစ်ပြီး ပျက်နေတဲ့ အသိစိတ်ကလေးကိုလည်းပဲ မြဲ
အရှင်ဆန္ဒာဓိက(ရွှေပါရမီ)ဆရာတော်၏ ထားမေတ္တာနှင့် ပွားမေတ္တာ။
      မေတ္တာကို ရင်ထဲတွင် ထားရှိပြီး မေတ္တာပွားသင့်ကြောင်း ဆရာတော်အရှင်ဆန္ဒာဓိက က
ဤသို့ ဆုံးမတော်မူခဲ့ပါ၏။ “တချို့လူများက မေတ္တာပွားတာကို လူသိရှင်ကြားရွတ်ဆို၍သာ ပွား
နေကြတယ်။ စိတ်ကမူ မေတ္တာပို့သနေသောသူများထံသို့ မရောက်ဘဲ ဟိုရောက် ဒီရောက် ဖြစ်
နေတတ်ကြတယ်။
မိမိသာလျှင် ကယ်တင်ရှင်။
       သင်၏ဆိုးသွမ်းမှုကြောင့် အောက်တန်းသို့နိမ့်ကျခြင်း၊ မကျွတ်မလွတ်ခြင်းတို့ကို သင်မှ
လွှဲ၍ မည်သူမှမကယ်နိုင်ပါ။ အကယ်၍ ဘုရားရှင်ကသာ ကယ်တင်နိုင်စွမ်းရှိလျှင် ယောက္ခမ
တော်သူ သုပ္ပဗုဒ္ဓမင်းနှင့် ယောက်ဖတော်ဒေ၀ဒတ်ရဟန်းတို့ကို မြေမျိုခြင်း၊ အ၀ီစိလားခြင်း
ကိုယ်ကိုယ်တိုင် ပါရမီရှင်ဖြစ်အောင်။
       ပညာပါရမီ ဖြည့်တဲ့ပုဂ္ဂိုလ်ဟာ ပညာအကြောင်းပဲ လုပ်နေရပါမယ်။ ပညာတတ်အောင် လေ့လာ
နေရပါမယ်။ ပြောဆိုနေရပါမယ်။ စိတ်ကူးနေရပါမယ်။ ပညာနဲ့ ပတ်သက်တာတွေကို လုပ်ကိုင်နေရပါ
မယ်။ ပညာကို အားရပါးရ  လေ့လာဆည်းပူး လိုက်စမ်းပါ။ အဲဒါကို  ပညာပါရမီ ဖြည့်တယ်လို့  ခေါ်ပါ
Thursday, March 5, 2015
မေတ္တာပို့လွှတ်ရန်။
၁။ အထက်အရပ်မှာ များသတ္တ၀ါ၊
    ချမ်းသာကိုယ်စိတ် မြဲကြပါစေ။
    အန္တရာယ်ကင်း ဘေးတွေရှင်း၊
    လက်ငြင်းချမ်းသာကြပါစေ။ ။
ရှင်ပုဏ္ဏ ဟောကြားသော သင်္ခါရကို ရှုမြင်ပုံတရားတော်။
         သင်္ခါရဆိုတာ ကြံတွေးမှုတို့၊ ကြိုးပမ်းအားထုတ်မှုတို့၊ စေ့ဆော်မှုတို့၊ အသိဉာဏ်တို့၊
စိတ်ရဲ့ အခြေအနေတွေ အဲဒီ သင်္ခါရတရားတွေ အပေါ်မှာလည်းပဲ မိမိရဲ့စိတ်ထဲမှာ ဖြစ်ပေါ်
လာတာတွေ ဖြစ်ပါတယ်။ ဖြစ်ပေါ်လာသမျှ အရာတွေဟာလည်းပဲ တစ်ခုမှ မြဲနေတာမရှိသည့်
အမြတ်ကြီးစား အလှူ့ရှင်တွေ။
        ကုသိုလ်ကောင်းမှုကို ပြုရာ၌ သန့်စင်သောစေတနာ အရင်းခံရန်လိုပါသည်။ တစ်ဖက်သား
အဆင်ပြေ အကျိုးရှိစေဟူသော စေတနာကောင်းတစ်ခုထားရန်လိုပါသည်။ ထိုကုသိုလ်ကောင်းမှု
အတွက် မည်သည့်အမျှော်နှင့် တောင့်တမှုမျှ ပြုစရာမလိုပါ။ အမျှော်ကင်းသော ကုသိုလ်ကောင်း
အောင်နိုင်၏။
 ** သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊
 ** ဒါနအားလုံးကို ဓမ္မဒါနက အောင်နိုင်၏။
ပုဗ္ဗကိစ္စငါးပါး။
        ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ၀ိပဿနာရှုနည်းတွင် တရားအားထုတ်
တော့မယ်ဆိုရင် ဦးစွာလုပ်ဆောင်ရမယ့် ကိစ္စငါးပါး (ပုဗ္ဗကိစ္စငါးပါး) ကို လုပ်ဆောင်ရမယ်။
  ၁။ တရားအားထုတ်တဲ့အချိန်မှာ မိမိခန္ဓာကိုယ်ကို ဘုရားမှာလှူထားပါ။
Wednesday, March 4, 2015
ဘုရားထက်သာသူများ
ယခုခေတ်သည် တရားအားထုတ်သူ ပေါများသော ခေတ်ဖြစ်၏။ အမြို့မြို့ အရွာရွာမှာ တရားအားထုတ်သူများ မှာ အနည်းအများဆိုသလို ရှိကြကုန်၏။ တရားဟောရာတွင်တောင် ၀ိပဿနာဟောမှ အများကြိုက်ကို ဖြစ်လာ၏။
ယင်းသို့ ၀ိပဿနာတရား နာကြားအားထုတ်သူများ ပေါများလာ၍ တစ်ဖက်ကကြည့်လျှင် အားရ၀မ်းသာ စရာပင် ဖြစ်၏။ တစ်ဖက်ကကြည့်လျှင် အားမရစရာ ၀မ်းမသာစရာတွေ များစွာတွေ့နေရ၏။
လူ့လောကကြီးကို စိုးမိုးနိုင်သူ။
       လူ့ဘုံလောကတစ်ခွင်၌ ကျင်လည်နေကြသူများ ဘ၀ လုံခြုံရေးအတွက် မေတ္တာတရား
လောက် စိတ်ချရသော အဆောင် လက်နက်ကောင်းလည်း မရှိပါ။ သံသရာတစ်ခွင်၌ ချမ်းမြေ့
ကြည်လင်စွာ ကျင်လည်ရေးအတွက် မေတ္တာတရားကဲ့သို့ အားကိုးလောက်သော အားထားမှီခို
ရာသည်လည်း မရှိပါ။
အိပ်မက်ကြီးငါးမျိုး။
         ဘုရားလောင်းလျာသည် တစ်ပါးတည်းဖြစ်၍ ဆိတ်ငြိမ်မှုကိုရရှိကာ တရားအား
ထုတ်ခဲ့ရာ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ကဆုန်လဆန်း ( ၁၄ ) ရက်နေ့ည
မိုးသောက်ယာမ်အချိန်၌ အိပ်မက်ကြီး ငါးမျိုးကို မြင်မက်ခဲ့သည် ။
ရှင်ပုဏ္ဏ ဟောကြားသော သညာကို ရှုမြင်ပုံတရားတော်။
        လူတွေမှာ အာရုံတစ်ခုကိုမှတ်ပြီး သိတတ်တဲ့ မှတ်သိ ဆိုတာလေးရှိတယ်။ သညာပေါ့။
အဲဒီ အမှတ်သညာနဲ့ ပတ်သက်လာလို့ ရှိရင်လည်း လူတွေကပြောတယ်။ အေး၊ မှတ်ဉာဏ်
ကောင်းလိုက်တာ၊ မှတ်ဉာဏ်မကောင်းဘူး၊ မှတ်မိတယ်၊ မမှတ်မိဘူးနဲ့ ပြောကြတယ်။ မှတ်
သောတာပန် ၄ ပါး။
           သောတာပန် ၄ ပါးမှာ = =
၁။ သတ္တက္ခတ္တုပရမ သောတာပန် = ခုနှစ်ကြိမ် ပဋိသန္ဓေနေပြီးမှ ကျွတ်ရသော သောတာပန်။
၂။ ကောလံကောလ သောတာပန် = ၂၊ ၃၊ ၄၊ ၅၊ ၆ ကြိမ် ပဋိသန္ဓေနေပြီးမှ ကျွတ်ရသော
                                          သောတာပန်။
သေသူအတွက် ကူးတို့ခ။
        ကူးတို့ခထည့်သည့် ဓလေ့ထုံးစံသည် မှားယွင်းသော ယုံကြည်မှုဖြစ်ပါသည်။ လူသေ
သောအခါ သေသူ၏ခန္ဓာကိုယ်က ၀ိဉာဉ်လိပ်ပြာထွက်သွားပြီး၊ ထိုဝိဉာဉ်လိပ်ပြာကလေးသည်
“ငွေတစ်မတ်/ကူးတို့ခ”ပါမှ နောက်ဘ၀သို့ ကူးပြောင်းနိုင်သည်ဟူသော ယုံကြည်ချက်သည်
အသေတတ်သည်ဆိုရာဝယ်
                                                     သေခါနီးဖြစ်တဲ့ စိတ်ဟာ အရမ်းကို အရေးကြီးပါတယ် ။ လားရာသုဂတိကို ချက်ချင်း
အကျိုးပေးနိုင်ပါတယ် ။ ဒီအကြောင်းတရားကို မြတ်စွာဘုရားရှင်က ယခုလို
ဟောကြားခဲ့ပါတယ် ။ နွားကျောင်းသားဟာ နေ၀င်လို့ နွားတွေကို ခြံထဲသွင်းတဲ့
အခါမှာ နွားပျို နွားပေါက်စလေးတွေက ရှေ့ဆုံးကနေ တိုးဝှေ့ပြီး ၀င်ကြတယ် ။
ဒါပေမယ့် မသန်မစွမ်းတော့တဲ့ နွားအိုကြီးတွေကတော့ ဘယ်လောက်ပဲ
ရိုက်နှက်ခြောက်လှန့်သည်ဖြစ်စေ ဖြည်းဖြည်းချင်းပဲ နောက်ဆုံးကနေ ၀င်ကြတယ်။
ဥပုသ်သည်တို့မှာ သီလတပါးပျက်လျှင် အကုန်လုံး ပျက်ကရောလား
ဒကာ။           ။ ဆရာအချို့က ဥပုသ်သည်ဆိုတာ ကိုယ်ခံယူထားတဲ့ သီလကို အသက်တမျှ ရိုသေစွာ စောင့်ထိန်းရတယ်၊ ရှစ်ပါးသီလထဲက သိက္ခာပုဒ် တပါးပျက်သွားရင် အကုန်လုံး ပျက်စီးကုန်ရောလို့ ဟောပြောဆုံးမကြပါတယ်။
                             ဆရာအချို့ကတော့လည်း သည်လိုမဟုတ်ပါဘူးတဲ့၊ ကိုယ်ဆောက်တည် ခံယူထားတဲ့ သိက္ခာပုဒ်တွေထဲက တပါးပျက်သွားရုံနဲ့ အကုန်လုံး ပျက်မသွားပါဘူး၊ ကိုယ်ခံယူဆောက်တည်ထားတဲ့ ရှစ်ပါးသီလ, ကိုးပါးသီလ, ဆယ်ပါးသီလ အားလျော်စွာပေါ့၊ မိမိမကျူးလွန်တဲ့ သိက္ခာပုဒ်တွေကတော့ ကျန်နေတာပါပဲ မပျက်စီးပါဘူး လို့ ဟောပြောဆုံးမကြပါတယ်၊ ဘယ်ဝါဒက မှန်ပါသလဲ ဆရာတော်။
Tuesday, March 3, 2015
ပညာရဲ့ အကျိုး။
      ပညာဉာဏ်အကြောင်းပြုပြီးတော့ “ငါလေ .. ရှေးကံကောင်းလို့မို့ ဉာဏ်ပညာတွေ ထက်လာ
တယ်၊ အသိဉာဏ်တွေ ကြီးလာတယ်၊ ဒါကြောင့် ငါဟာ ဉာဏ်ပညာမရှိတဲ့သူတွေ ဉာဏ်ပညာရှိလာ
အောင် ပညာသင်ပေးမယ်။ ပြောဟောပေးမယ်။ ဆုံးမပေးမယ်”။ ဒီလိုဆိုလို့ရှိရင် ပညာတွေကြီးလို့
( ၇ ) ရာဇာရတနသတ္တာဟ -
       ဘုရားရှင်သည် ကျည်းပင်ရင်း၌ ( ၇ ) ရက်စံနေတော်မူပြီးနောက် မဟာဗောဓိပင်၏
တောင်ဘက်အလံ ( ၅၀ ) အကွာ၌ ရှိသော လင်းလွန်းပင်ရင်းသို့ ကြွရောက်ကာ ( ၇ )
ရက်ပတ်လုံး ၀ိမုတ္တိချမ်းသာ ၊ ဖလသမာပတ်ချမ်းသာကို ခံစားလျက် သီတင်းသုံးတော်မူခဲ့သည်။
ရှင်ပုဏ္ဏက ရှင်အာနန္ဒကို ဟောကြားသော ဝေဒနာကို ရှုမြင်ပုံတရားတော်။
         လူတွေမှာ နာမ်တရားအနေနဲ့ ပြောမယ်ဆိုရင် ခံစားချက်တွေရှိကြပါတယ်။ ပျော်ရွှင်
တာလည်း ခံစားတာပါပဲ၊ ၀မ်းနည်းတာလည်း ခံစားတာပါပဲ၊ အဲဒီ- ပျော်ရွှင်မှု ဆိုတာလည်းပဲ
ထာဝရပျော်ရွှင်နေတာ မဟုတ်ပါ၊ ၀မ်းနည်းမှု ဆိုတာလည်းပဲ ထာဝရ ၀မ်းနည်းနေတာ မ
တောင်တန်းသာသနာပြု ဆရာတော်ဦးဥတ္တမသာရ၏ ဗြဟ္မ၀ိဟာရတရား ၄ ပါး။
        လူ့လောကမှာ မေတ္တာလောက် တန်ခိုးထက်သောအရာ မရှိပါ။ မေတ္တာတရားဟာ လော
ကကြီးတစ်ခုလုံးတွင် တန်ခိုးအထက်ဆုံးနှင့် စိတ်အချမ်းသာဆုံးတရား ဖြစ်ပါတယ်။ ချမ်းသာမှုတ
ကာတို့တွင် ဘယ်ချမ်းသာမှုနှင့်မျှ မတူကြောင်း ကိုယ်တိုင် မေတ္တာတရား ပွားများနေဖူးသူတိုင်း
ဗိုလ် ငါးပါး။
        တရားအားထုတ်ရာမှာ ဗိုလ်ငါးပါးလို့ခေါ်တဲ့စိတ်ကို ကြီးကြပ်စောင့်ထိန်းသည့်
တရားငါးမျိုးကို ညီညွှတ်မျှတအောင် သုံးစွဲခြင်းဖြင့် တရားအသိဉာဏ်ကို လွယ်ကူလျှင်မြန်စွာ
သိရှိနိုင်ပြီး၊ နိဝရဏတရားနှင့် ကိလေသာတို့ကိုလည်း လွှမ်းမိုးဖယ်ရှားနိုင်ပါတယ်။
ဗိုလ် ငါးပါးမှာ= ၁။ သဒ္ဒါဗိုလ် (ယုံကြည်မှု)
                   ၂။ ပညာဗိုလ်
                   ၃။ သတိဗိုလ် (ပိုတယ်မရှိပါ၊ လိုတယ်သာရှိပါတယ်။)
                   ၄။ ၀ိရိယဗိုလ်
                   ၅။ သမာဓိဗိုလ် တို့ ဖြစ်ပါတယ်။
         သဒ္ဒါနှင့် ပညာ၊ ၀ိရိယနှင့် သမာဓိ တို့ဟာ ချိန်ခွင်သဖွယ် အတိုးအလျော့ မရှိဘဲ
ညီညွှတ်မျှတအောင် “သတိ”နှင့် စောင့်ထိန်းပေးပြီး ရှုမှတ်ကြရပါတယ်။ သတိကတော့
ပိုတယ်မရှိ၊ လိုတယ်သာရှိတယ် ဆိုသလို အရာရာအရေးကြီးပြီး အဓိကကျကြပါတယ်။
 { မြင့်ရွှေ(ပေါင်းတည်) ၏ ၀ိပဿနာကမ္မဋ္ဌာန်းအကြောင်း သိကောင်းစရာမှ ကူးယူရေးသား
  ပူဇော်ပါသည်။ }
 (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
  ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
Monday, March 2, 2015
မထင်မှတ်သည့် အကုသိုလ်။
         ရှေးတုန်းက ဇတ်သဘင်ဖြေဖျော်မှု၊ ရုပ်ရှင်ကြည့်မှုတို့ဆိုလျှင် မိမိတို့ကိုယ်တိုင် ဇတ်ရုံ၊
ရုပ်ရှင်ရုံတွေကို သွားကြည့်မှ ဖြစ်ပါတယ်။ အကြောင်းတခုခုကြောင့် မသွားဖြစ်လျှင် မကြည့်ဖြစ်
ပါ။ ယခုအခါ နည်းပညာတွေ ထွန်းကားလာသည့်အတွက် ကိလေသာတွေဟာ အလုံးအရင်းနဲ့
(တီဗွီ၊ ဗွီဒီယို) အိမ်ထဲဝင်လာတာတွေ့ရပါတယ်။
ရုပ်ကို တရားရှုမြင်ပုံ။
       ရုပ်တရားအမှီပြုပြီးတော့ ငါဆိုတဲ့အတွေးတွေ ပေါ်တာဖြစ်သည့်အတွက်ကြောင့် အဲဒီ
ရုပ်တရားကို ပြန်ပြီးတော့ စစ်ဆေးရပါမယ်၊ လေ့လာရပါမယ်၊ ရှုမှတ်ရပါမယ်။ သူ့သဘာဝအ
တိုင်းမြင်အောင် ရှုရပါမယ်။ အဲဒီလိုမြင်တဲ့အခါမှ ငါဆိုတဲ့အတွေး ပျောက်နိုင်ပါမယ်။ အဲဒီ
ငါဆိုတဲ့အတွေးရဲ့ စွဲမှီရာဖြစ်တဲ့ ရုပ်တရားကို သေချာစေ့ငု ကြည့်လိုက်မယ်ဆိုရင် ငါဆိုတဲ့
ဝိပတ္တိတရား ၄ ပါး။
၁။ ဂတိ ၀ိပတ္တိ = လားရာဂတိ ဖြစ်ရာဘုံဘ၀ ပျက်ခြင်း၊ မကောင်းခြင်း။
၂။ ကာလ ၀ိပတ္တိ = မင်းနှင့်တကွ လူတို့ တရားမစောင့်ကြသော ကာလပျက်။
၃။ ပယောဂ ၀ိပတ္တိ = ပြုသင့်သည်ကို မပြု၊ မပြုသင့်သည်ကို ပြုခြင်း။
ကောင်းကံတွေ ပြုလို့။
ဒီအကုသိုလ်ကံတွေက ဘုန်းကြီးတို့လဲ ပါတယ်။
အားလုံး ဒါယကာ ဒါယိကာမတွေမှာလဲ ပါတယ်။
အဲဒီဟာကို အကျိုးပေးခွင့် မရအောင်လို့ဆိုပြီးတော့ ကောင်းတဲ့ကံတွေ ပြုပြီးရင်း ပြုရင်း၊ ဒါနပြုရင်း၊
သီလဆောက်တည်ရင်း၊ ကမ္မဋ္ဌာန်းဘာဝနာစီးဖြန်းရင်း၊ နေ့စဉ် နေ့စဉ် မေတ္တာ ကရုဏာဖြစ်ရင်း၊
“မဆေးလျှော်ရင် ဘေးပေါ်မည်”
        မြတ်စွာဘုရားက “ရွံ့နွံကင်းစင်ပြီး အင်မတန်မှ ကြည်လင်သန့်ရှင်းလှပတဲ့ မဟာရေကန်ထဲသို့
သင်တို့တစ်တွေ (ဗုဒ္ဓဘာသာ သာသနာနဲ့ကြုံတုန်း)အခွင့်အခါရှိတုန်း ရေဆင်းချိုးကြ၊ သင်တို့ ကိုယ်ခန္ဓာ
မှာ ကပ်ငြိနေတဲ့ အညစ်အကြေးတို့ကို ကောင်းမွန်စွာ ဆေးကြောသုတ်သင်လိုက်ကြပါ” တဲ့။ ဒီကနေ့
တို့တစ်တွေ ဒါနကောင်းမှု၊ သီလကောင်းမှု၊ ဘာဝနာကောင်းမှုတွေကို အခွင့်အခါရှိတုန်း လုပ်နိုင်ကြ
Sunday, March 1, 2015
ကံတွေပါလာ။
ဘုန်းကြီးတို့သန္တာန်မှာ ကံတွေ အများကြီး ရှိတယ်။
ဘဝပေါင်းများစွာက ပြုခဲ့တဲ့ ကံတွေ၊ ဒီဘဝမှာ ပြုတဲ့ကံတွေ အများကြီး ရှိတယ်။
လူတယောက်ဟာ ပစ္စည်းတွေက သိပ်ပေါတယ်။
ရှင်အာနန္ဒာကို တရားထူးရစေတဲ့ တရားတစ်ပုဒ်။
        ရှင်အာနန္ဒ သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံးနေတဲ့အချိန် ဓမ္မ
ကထိက အရာမှာ ဧတဒဂ်ရတဲ့   ရှင်ပုဏ္ဏရဲ့ တရားကို နာပြီးတော့ ရှင်အာနန္ဒ သောတာပန်
ဖြစ်လာပါတယ်။
ပိန်းရွက်ပြတ်ကလေး။
         ဂင်္ဂါမြစ်ဘေး တစ်ခုသော ကုက္ကိုပင်ရင်းတွင် သီတင်းသုံးနေတော်မူစဉ် မြတ်စွာဘုရားရဲ့
ရှေ့မှောက်သို့ မျက်ရည်ပြိုင်ပြိုင်စီးကျ  ငိုကြွေးနေတဲ့  နဂါးမင်းကြီး  ရောက်လာပါတယ်။
မျက်ရည်တွေစီးကျငိုကြွေးနေတဲ့ နဂါးကို ဘုရားကမေးပြီ။ ဘာဖြစ်လို့ ငိုရတာလဲကွယ်......။
တရားအားထုတ်မှု နည်းစဉ်။
        တရားအားထုတ်ရာ၌ =
၁။ သုတမယဉာဏ်   = ဒိဋ္ဌိကွာကြောင်း ၀ိပဿနာတရားများကို အချိန်ရသလောက် နာကြားပါ။
                            (ဆရာတော်/ ဆရာကောင်း တရားနာခြင်း၊ ၀ိပဿနာစာအုပ် ဖတ်ခြင်း၊)
                             သုတမယဉာဏ် ရပါမည်။
သိအောင်မချစ်နဲ့တဲ့။
    တစ်နေရာနဲ့  တစ်နေရာ၊  တစ်ဒေသနဲ့ တစ်ဒေသ၊ တစ်အိမ်နဲ့ တစ်အိမ်၊  တစ်မိသားစုနဲ့ တစ်မိ
သားစု၊ တစ်ယောက်နဲ့ တစ်ယောက်၊ သဘောထားချင်း မတူနိုင်ကြဘူး။ အဖေ အဖေချင်းမတူကြဘူး။
အမေ အမေချင်းမတူကြဘူး။ တစ်ချို့အဖေအမေတွေက သားသမီးကို ပုံချစ်ပစ်လိုက်တယ်။ တစ်ချို့