ဒါနပြုဖွယ်မလိုသော ပုဂ္ဂိုလ်တစ်မျိုးပင် ရှိသေး၏။
ထိုပုဂ္ဂိုလ်မျိုးကား ယခုဘ၀၌ပင် ခန္ဓာဝန်လက်စသိမ်း၍ အေးငြိမ်းအောင်
တရားအားထုတ်နေသော ယောဂီ ပုဂ္ဂိုလ်ကြီးတည်း။ ထို ပုဂ္ဂိုလ်မှာ ဒါနပြုနေလျှင်
ထို ဒါနပြုနေသည့် အတော်အတွင်း၌ ကမ္မဋ္ဌာန်းအားထုတ်မူ လစ်ဟင်း၏။ ထို့ကြောင့်
ယနေ့ မနက်ဖြန်ဆိုသလို တရားထူးရအောင် အားထုတ်နေသော ပုဂ္ဂိုလ်အတွက် ဒါနပြုဖွယ်
မလိုပါ။
ငါတို့ ဥပဇ္ဈာယ်ဆရာ မဟာဂန္ဓာရုံ ဆရာတော်
ဘုရားအထံ၌ မန္တလေးမှ ဒါန၀ါသနာပါသော ဆရာတော်ကြီးတစ်ပါး ကမ္မဋ္ဌာန်းအားထုတ်နေစဉ်
နံနက်စောစော၌ ဘုရားလှူရန် ပန်းကောက်နေသည်ကို ဆရာတော်မြင်၍ “ပန်းကို နောက်မှ လှူပါ၊ တရားအားထုတ်သည့်အခါ တရားကိုသာ ကြိုးစားတော်မူပါ”ဟု တောင်းပန်ဖူးလေသည်။