Saturday, September 6, 2014
လူရဲ့တန်ဖိုး။
        လောကလူတွေက ဘ၀နိမ့်ကျသလို အသိဉာဏ်ပါ နိမ့်ကျတတ်ပါတယ်။ အရေးကြီးတာက
အသိဉာဏ်မနိမ့်ကျဖို့ အရေးကြီးပါတယ်။ ဘ၀ဆိုတာ အခြေအနေပေးသလို နေကြရတာဆိုတော့
နိမ့်ကျတဲ့ ဘ၀လည်း နိမ့်ကျမှာပါပဲ။
ကိုယ့်အပေါ်မှာ သစ္စာအရှိဆုံး။
ကုသိုလ်ရလိုက်ရင် ဝမ်းနဲရတယ်လို့ ဘယ်တော့မှမရှိဘူး၊ ဘာကြောင့်လဲဆိုရင်
ကုသိုလ်ဟာ ကိုယ့်အပေါ်မှာ သစ္စာအရှိဆုံးဖြစ်လို့ပါ၊ ကုသိုလ်က ကိုယ့်ကို ဘယ်
တော့မှ သစ္စာမဖောက်ဘူး။
ဘ၀တိုင်း (၀မ်းတွင်းပါ)ဇာတိပညာရှိအောင် ပျိုးထောင်နည်း။
        ပဋိသန္ဓေက ဉာဏ်ဓာတ်ပါလာခြင်းသည် လောကီ၌သာ အကျိုးများသည် မဟုတ်သေး။
တရားအားထုတ်ရာ၌လည်း အကျိုးများ၏။ ပဋိသန္ဓေ ပညာရှိသူသာ တရားအားထုတ်၍ ပေါက်
နိုင်၏။ ထို့ကြောင့် ဖြစ်လေရာဘ၀တို့၌ ပဋိသန္ဓေပါ ပညာရှိဖြစ်အောင် ယခုဘ၀ကပင် ထူထောင်
အာရက္ခသမ္မဒါ ထိန်းသိမ်းစောင့်ရှောက်မှု။
         အာရက္ခသမ္မဒါဟူသည် ရှာဖွေရရှိသော ပစ္စည်းဥစ္စာများကို မကုန်သင့်တာ မကုန်အောင်၊
မပျက်စီးသင့်တာ မပျက်စီးအောင်၊ ထိန်းသိမ်းစောင့်ရှောက်ခြင်းပင် ဖြစ်၏။
         မီး၊ ရေ၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သူဟူသော ရန်သူမျိုးငါးပါး၊ မဖျက်ဆီးနိုင်အောင်
ဒုစရိုက် (၁၀) ပါး။
ဒုစရိုက် (၁၀) ပါးမှာ==
 ၁။ ပါဏာတိပါတ = သူ့အသက်ကို သတ်ခြင်း။
 ၂။ အဒိန္နာဒါန = သူ့ဥစ္စာကို ခိုးယူခြင်း။
ပစ္စည်းတန်ဖိုး။
          တခါ ဥစ္စာပေါတာ ကြည့်အုန်း။
ရှေးကံကောင်းလို့ ဥစ္စာပေါတော့ကာ စွန့်ကြဲပေးကမ်းမယ်။ မရှိဆင်းရဲတဲ့သူတွေကို ညှာညှာတာတာနဲ့
စောင့်ရှောက်မယ်။ ဟိုကိစ္စ ဒီကိစ္စ ကုသိုလ်ကိစ္စတွေကို ငါက ဦးစီးခေါင်းဆောင်ပြီး ဆောင်ရွက်မယ်။
မရှိဆင်းရဲတဲ့သူတွေ နေထိုင်ဖို့ရန် ဇရပ် တန်ဆောင်း ဆောက်မယ်။ ဂီလာနသာလာဆိုတဲ့ ဆေးရုံကို
ရွေးချယ်တဲ့အခါမှာ။
        ရွေးချယ်တဲ့အခါမှာ စဉ်းစားရမှာက ကိုယ့်အတွက် တကယ်အကျိုးရှိတဲ့အလုပ်လား၊
အကျိုးရှိတယ် ဆိုတဲ့ နေရာမှာ အတိုင်းအတာ တစ်ခုထိ ရှိတာလား။ သို့မဟုတ် အတိုင်းအတာမဲ့
အင်မတန် ကြီးမားတဲ့ အကျိုးရှိတာလားဆိုတာ   မစဉ်းစားဘဲနဲ့ မနေသင့်ပါ။ အကျိုးတစ်ခုကို
သကဒါဂါမ်ပုဂ္ဂိုလ် (၅)မျိုး
၁။ ဤလူ့ပြည် လူ့လောက၌ သကဒါဂါမိဖိုလ်သို့ ဆိုက်ရောက်၍ ဤလူ့ပြည်
လူ့လောက၌ပင် ပရိနိဗ္ဗာန်စံရသည့် သကဒါဂါမ်ပုဂ္ဂိုလ်,
၂။ ဤလူ့ပြည် လူ့လောက၌ သကဒါဂါမိဖိုလ်သို့ ဆိုက်ရောက်၍ နတ်ပြည် နတ်
ဥပုသ်စောင့်ခ ငွေတစ်ထောင်။
       အနာထပိဏ် သူဌေး၌ သားမိုက် တစ်ယောက်ရှိ၏။ မိဘ၏ အဆုံးအမကို လုံးဝမနာ
ယူဘဲ အပေါင်းအသင်းများနှင့်အတူ အမြဲတစေ ပျော်ပါး သုံးဖြုန်းလျက် နေ၏။ ယခုခေတ်
အခေါ်အရ ဆိုလျှင် လမ်းသရဲဟု ခေါ်ရပေလိမ့်မည်။ သူ့နာမည်က မောင်ကာဠ။
သတိပဌာန်တရား (၄) ပါး ဖြစ်ပေါ်လာပုံ။
       အနာပါနကမ္မဌာန်းကို ပွားများရာ၌ နှာသီးဖျား၊ နှာသီးဝ၌ ၀င်လေထွက်လေ ထိခိုက်မှု
ကို သိနေလျှင် ကာယာနုပဿနာသတိပဌာန်နှင့် ပြည့်စုံလျက် ရှိနေပါသည်။ ထိုအခါ သတိပ
ညာနှင့် ပြည့်စုံနေခိုက်ဖြစ်၍ အဘိဇ္ဈာ ဗျာပါဒခေါ်သော လောဘ၊ ဒေါသ၊ ကိလေသာတို့ကို
ပယ်သတ်ရန် အခါကောင်း ဖြစ်ပါသည်။
ငရဲကြီး (၈) ထပ်။
 ငရဲကြီး (၈) ထပ်မှာ===
၁။ သိဉ္ဇိုးငရဲ = အသက်ရှည်စွာ ငရဲသားတို့ ခံစားရသော ငရဲ။
၂။ ကာလသုတ် = အလျှံပြောင်ပြောင်တောက်သော တမျဉ်းခြည်ကိုချ၍ ရှစ်မြှောင့်၊ တစ်ဆယ့်
ခြောက်မြှောင့် ရွေ့သော ငရဲ။
Thursday, September 4, 2014
လူမိုက်နဲ့ငွေ။
       မြန်မာတွေကတော့ ပြောကြပါတယ်၊ “လူမိုက်နဲ့ငွေ အတူမနေ" ဘူးတဲ့၊ ပစ္စည်းဥစ္စာဟာ
ပျောက်သွားတယ်၊ အဲဒါကို မြတ်စွာဘုရားက ဘာကို ဟောသလဲဆိုရင် ==
         နံပါတ် (၁) က အာလသျ - လူပျင်းနဲ့ဆိုရင် ငွေဟာ အတူမနေဘူးတဲ့၊  အကြောင်းအမျိုးမျိုး
ဗုဒ္ဓဘာသာဝင်၏ အယူဝါဒ ပျက်စီးခြင်း။
        ဗုဒ္ဓဘာသာဝင်များသည် (၁) ဘုရား၊ (၂) တရား၊ (၃) သံဃာ၊ (၄) ကံ၊ ကံ၏အကျိုး
(၅) အကြောင်းနှင့် အကျိုး ဆက်သွယ်မှု၊ (၆) အတိတ်ဘ၀၊ အနာဂတ်ဘ၀ တို့ကို ယုံကြည်၏။
         ဤ၌ ကံဟူသည် ကုသိုလ်ကံ (ကောင်းသောအလုပ်) နှင့် အကုသိုလ်ကံ (မကောင်း
အနာထပိဏ်သေဌေးကြီး မျက်ရည်ယိုစီး ငိုကြွေးရခြင်း။
        အနာထပိဏ်သေဌေးကြီးသည် သေခါနီး၌ ဘုရားရှင်၏ တရားတော်ကို နာလို၍တောင်း
ဆိုရာ အရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက ဤသို့ ဟောတော်မူ၏။ ....
         သေဌေးကြီး .. မိမိကိုယ်၌ရှိသော စက္ခုပသာဒ၊ သောတပသာဒ၊ ဃာနပသာဒ၊ ဇိဝှါပ
သူတော်ကောင်း ဥစ္စာ (၇) ဖြာ။
သူတော်ကောင်း ဥစ္စာ (၇) ဖြာမှာ==
၁။ သဒ္ဓါ = ရတနာသုံးပါးဂုဏ်ကို ယုံကြည်ခြင်း။ ကံ ကံ၏အကျိုးကို ယုံကြည်ခြင်း။
၂။ သီလ = ပဉ္စသီလ၊ အဌင်္ဂသီလနှင့် ပြည့်စုံခြင်း။
Wednesday, September 3, 2014
ကံတွေက ဘဝအလိုက်
ဘဝကိုက မကောင်းတဲ့ဘဝ ကြုံနေပြီ၊ တိရစ္ဆာန်ဖြစ်နေပြီ ဆိုပါတော့၊ အကုသိုလ်ကံတွေက
အကျိုးပေးတာပဲ။ ဟိုက ခဲနဲ့ ပေါက်မယ်၊ ဒီက ခဲနဲ့ ပေါက်မယ်။ တော်တော်ကြာတော့ စားစရာ
သောက်စရာ မစားရ မသောက်ရ ဖြစ်နေမယ်။ နေစရာ ထိုင်စရာမရှိ ဖြစ်နေမယ်။
ကိုးဘွဲ့ရဆရာတော်၏ "အသဲနာတယ်"။
        ဦးဇင်းတို့ လွန်ခဲ့တဲ့နှစ်ရက်လောက်က ပြည်မြို့ဘက်ကို သွားပါတယ်။ ပြည်မြို့အနီး ပေါက်
ခေါင်းမြို့နဲ့ ပေါင်းတလည်မြို့အစပ်ကြားမှာ အိမ်ခြေတစ်ထောင်လောက်ရှိတဲ့ ရွာကလေးတစ်ရွာရှိ
ပါတယ်။ အဲဒီရွာကလေးမှာနေကြတဲ့ တောင်သူလယ်သမားများ၊ ၀ါဆိုဝါကပ်တော်မူကြသော သံဃာ
အရှင်နန္ဒမာလာဘိဝံသ၏ ဘ၀မှ လွတ်မြောက်ဖို့ဆိုရင်။
        ဒီဘ၀ပြီးသွားရင် ဘယ်ရောက်မယ်ဆိုတာ သာမန်ပုထုဇဉ်တွေ မသိနိုင်ပါ။ မြတ်စွာဘု
ရား တရားတော်တွေ တို့တစ်တွေ နာခွင့်ရကြပါတယ်။ တရားတော်တွေဆိုတာ ရောဂါပျောက်
အောင် ကုသနိုင်တဲ့ ဆေးနဲ့ အလားတူပါတယ်။ ဆေးဆိုတာ မသောက်ဘဲနဲ့ နေလို့ရှိရင်တော့
ရောဂါ မပျောက်နိုင်ပါ။ ရောဂါပျောက်ချင်ရင် ဆေးကိုမှန်မှန် သောက်ရပါတယ်။ တရားဆို
ရှိခိုးဦးချတဲ့ အဓိပ္ပါယ်ကို သင်သိပါသလား ?။
       မိမိတို့ လူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ အလေးအနက် အမြတ်တနိုးထားတဲ့ အစိတ်အပိုင်းကို
ပြပါဆိုရင် ဦးခေါင်းပိုင်းကို ပြရပါလိမ့်မယ်။ ဥပမာအနေနဲ့ ပြောရရင် အချင်းချင်း နောက်ပြောင်
ကြည်စယ်ကြရင်း တစ်ယောက်က အခြားတစ်ယောက်ရဲ့ ခြေ၊ လက်၊ ခါးစတဲ့ အစိတ်အပိုင်းတွေ
ကို ကိုင်တွယ်၊ ထိပါး၊ ပုတ်ခတ်တဲ့အခါ ထူးခြားတဲ့အမူအရာကို မပြတတ်ကြပေမဲ့ ဦးခေါင်းကို
ဝိသုဒ္ဓိ (၇) ပါး။
၁။ သီလ၀ိသုဒ္ဓိ = လူတို့၌လည်း လူတို့အလျောက်၊ ရဟန်းတို့၌လည်း ရဟန်းတို့အလျောက် သီလ
                     စင်ကြယ်ခြင်း။
၂။ စိတ္တ၀ိသုဒ္ဓိ = ကမ္မဌာန်းအားထုတ်သဖြင့် အာရုံထင်မြင်၍ ဥပစာရ ဈာန်စိတ်၏ စင်ကြယ်ခြင်း။
Tuesday, September 2, 2014
ဘိုးတော်ထမင်း။
        တချို့က ဆွမ်းတော်စွန့်တာ မစားကောင်းဘူးတို့ ဘာတို့ ပြောတဲ့သူက ရှိသေးတယ်။ ဟို..
ဘိုးတော်ထမင်းကျန်ကျတော့ လုစားတယ်၊ လောကလူတွေက တော်တော်တော့ ထူးဆန်းတယ်နော်။
         တစ်ခါတုန်းက ကြားဖူးတယ်၊  ဘိုးတော်တွေထမင်းကျန်စားလို့ ရှိရင် သိဒ္ဓိပေါက်မှာလိုလို
ကောင်းကျိုးချမ်းသာရဖို့ ဘယ်လိုနေကြရမလဲ ?။
         ကောင်းကျိုးချမ်းသာရဖို့ဆိုတာ အချက် ၄ ချက် လိုအပ်တယ်။ အဲဒီ အချက် ၄ ချက်နဲ့
ကိုယ်ရဲ့ စိတ်စွမ်းအားတွေကို လေ့ကျင့်ပေးရမယ်။
         ၁။ “ ငါ့သန္တာန်မှာ ကုသိုလ်စိတ်ဖြစ်စေရမယ်” = ငါ့သန္တာန်မှာ ဒီဘ၀ရလာတဲ့အချိန်မှာ
သူဌေးသမီးရပြီး ချမ်းသာမယ်ဆိုရင်။
        ကုန်းဘောင်မင်းဆက်ကို ထူထောင်ခဲ့သည့် အလောင်းဘုရား ငယ်ရွယ်စဉ် အချိန်ကာလ
ဖြစ်၏။ ရွှေဘိုနယ်သို့ ဘိုးတော်လိုလို၊ ၀ိဇ္ဇာလိုလို ရှမ်းဆရာကြီးတစ်ယောက် ရောက်လာပြီး လူ
ငယ်များကို အခကြေးငွေဖြင့် ပီယသိဒ္ဓိဆေးများ စုတ်တံဖြင့် ပေါက်ပေးလျက်ရှိ၏။
ဗုဒ္ဓ၀ါဒနှင့် လောကီစီးပွားရေး။
        အနာထပိဏ်သေဌေးဟာ ဘုရားဟောတရားတော်ကို နာယူအပြီး သောတာပန်ဖြစ်ခဲ့သူပါ။
လောကီစီးပွားရေးကို တရားနည်းလမ်းအတိုင်း လိုက်နာကျင့်သုံးမယ်ဆိုတာ သံသယဖြစ်စရာ မရှိ
ပါဘူး။ သူ့ခေတ်သူ့အခါက အိန္ဒိယအလယ်ပိုင်းတခွင် မြို့ကြီးအတော်များများမှာ သူ့ကိုယ်စား
နိဗ္ဗာန်ခရီးကို တားမြစ်ပိတ်ပင်တတ်သော နီဝရဏတရား (၆) ပါး။
        နိဗ္ဗာန်ခရီးကို တားမြစ်ပိတ်ပင်တတ်သော နီဝရဏတရား (၆) ပါးမှာ==
၁။ ကာမစ္ဆန္ဒနီဝရဏ = ကာမဂုဏ် (၅) ပါးတို့၌ တပ်မက်ခြင်း။
၂။ ဗျာပါဒနီဝရဏ = အမျက်ထွက်ခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ခိုက်ရန်များခြင်း။
Monday, September 1, 2014
ကိုးဘွဲ့ရဆရာတော၏ "အပါယ်မကျ၊ စိတ်သာချ"။
{* ဘုရားကိုသာယုံ၊
   တရားကိုသာယုံ၊
   သံဃာကိုသာယုံ၊
သံသယဖြစ်စရာ ကြုံလာလို့ရှိရင်။
         ကေသမုတ္တမှာနေတဲ့ ကာလာမအမျိုးသားတွေက မြတ်စွာဘုရားနဲ့ တွေ့တဲ့အခါ
လျှောက်ကြတယ် “ အရှင်ဘုရား၊ တပည့်တော်တို့ ကေသမုတ္တမှာ သမဏ၊ ဗြဟ္မဏတွေ ရောက်
ရောက်လာကြပါတယ်ဘုရား၊ လာသမျှ ပုဂ္ဂိုလ်တွေဟာ ကိုယ့်ဝါဒ ကောင်းကြောင်းပြောပြီး သူများ
ဘ၀အတွက် အကျိုးရှိအောင် မိမိသီလဂုဏ်ကို အာရုံပြုပါ။
         လူဝတ်ကြောင်တွေဆိုရင်တော့ အနည်းဆုံး ငါးပါးသီလလောက်ကို လုံခြုံအောင်လုပ်ရမယ်၊
ငါးပါးသီလကို ၀ါရိတ္တသီလလို့ခေါ်တယ်။ ငါးပါးသီလပြည့်စုံမှ လူ့ဘ၀ပြည့်စုံမယ်။ လူတစ်ယောက်
ဟာ အရင်ဘ၀တုန်းက ငါးပါးသီလထဲက လေးပါးကို ပြည့်စုံအောင် ဖြည့်ကျင့်ခဲ့တယ်။ အဲဒီထဲမှာ
ဝိပဿနာဉာဏ်။
         ကမ္မဌာန်းအလုပ် အားထုတ်သော ယောဂီပုဂ္ဂိုလ်သည် ရှေးဦးစွာ သမထဘာဝနာကို ပွား
များအားထုတ်ရသည်။ သမထဘာဝနာဟူသည် အဖန်ဖန် အထပ်ထပ် မိမိသန္တာန်၌ ဖြစ်ပေါ်အောင်
ရှုမှတ်ပွားများအပ်သော နီဝရဏတရားတို့ကို ငြိမ်းအေးစေတတ်သည့် ကသိုဏ်း (၁၀) ပါး စသည်
တာဝတိံသာရှိ ဥယျာဉ်တော် (၅) ပါး။
        တာဝတိံသာရှိ ဥယျာဉ်တော် (၅) ပါးမှာ==
၁။ နန္ဒ၀န် = တာဝတိံသာနတ်တို့၏ အလွန်နှစ်လို မြူးတူးရာ ဥယျာဉ်၊ မြို့၏ အရှေ့မျက်နှာ၌
ယူဇနာ (၁၀၀၀)။
Sunday, August 31, 2014
မြန်မာပြည် သာသနာမှာ ခြောက်ပါးညီနောင် ကျောင်း
မြန်မာပြည် သာသနာမှာ ခြောက်ပါးညီနောင် ကျောင်းဆိုတာ ရှိပါတယ်... မွေးချင်းညီနောင် ၆ ယောက် သာသနာ့ဘောင်ဝင် ရှင်ရဟန်း ပြုကြပြီး သီတင်းသုံးကြတဲ့ ကျောင်းတိုက်ပေါ့... မဟာသုဗောဓါရုံလို့ ခေါ်တယ်မှတ်တယ်...
ရဟန်းညီနောင် ခြောက်ပါးစလုံးဟာ သာသနာ့ဓဇ ဓမ္မာစရိယဘွဲ့ အနည်းဆုံး ရရှိကြသူတွေ ဖြစ်တယ်ဆိုရင်ပဲ အတော်ကြည်ညိုစရာ ဖြစ်နေပါပြီ... ဒီလို သာသနာ့ အာဇာနည်တွေကို မွေးထုတ်ပေးခဲ့တဲ့ မိဘတွေကလဲ ဘယ်လောက်တောင် မြင့်မြတ်ဂုဏ်တက် ကြလေမလဲ...
မွေးချင်း ၁၂ ယောက်မှာ သား ၆ယောက် သာသနာ့ဘောင် ဝင်သွားပြီးနောက်ပိုင်း အမိအဘတွေကလဲ ရဟန်းပြု သီလရှင် ဝတ်လိုက်ကြတယ်... မွေးချင်းထဲမယ် အငယ်ဆုံး မိန်းကလေးကလဲ သီလရှင် လိုက်ဝတ်တယ်... ခမည်းတော်နဲ့ နောင်တော်တွေ အပါအဝင် သံဃာတွေကို ဆွမ်းလုပ်ကျွေးတယ်... ဒီလိုမိသားစု ဘယ်လိုရှာ ရှာလို့တွေ့ပါ့မလဲ...
အဲ့ဒိ ညီနောင်တွေထဲက မွေးချင်း ၁၁ ယောက်မြောက်... ဆရာတော်ဟာ အရှင်နန္ဒမာလာလို့ ခေါ်ပါတယ်... အများသိကြတဲ့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ် ဆရာတော်ပေါ့...
ပုံကတော့ ဆရာတော်ကြီးနဲ့ နှမတော် ဒေါ်ကဉ္စနာပါ...
(Photo Credit: Dhammadownload Web Master)
သာဓု... သာဓု... သာဓု...