Saturday, August 16, 2014

★"လောက ၌ ဗုဒ္ဓ ပွင့်တော်မူရသည့် အကြောင်းရင်း" ★


_____________________________________________
"လောက ၌  ဗုဒ္ဓ ပွင့်တော်မူရသည့် အကြောင်းရင်း" 
_____________________________________________


"လောက မှာ ဘာကြောင့် "ဗုဒ္ဓမြတ်စွာဘုရားရှင်" ပွင့်တော်မူလာရပါသလဲ" 
"လောကမှာ "ဗုဒ္ဓ" ပွင့်ပေါ်ဖို့ လိုအပ်လို့ပေါ့"
"ဘာကြောင့် "ဗုဒ္ဓ"  ပွင့်ပေါ်ဖို့ လိုအပ်တာလဲ"
"လောက မှာ "ဇာတိ၊ဇရာ၊မရဏ"ဆိုတဲ့ သဘာဝဘေးဒုက္ခကြီးတွေရှိနေတဲ့အတွက် "ဗုဒ္ဓ" ပွင့်ပေါ် ဖို့ လိုအပ်လို့ပေါ့"
"လောက မှာ "ဇာတိ၊ဇရာ၊မရဏ ဆိုတဲ့ သဘာဝဘေးဒုက္ခကြီး" နဲ့  "ဗုဒ္ဓ ပွင့်ပေါ် ရခြင်း" နဲ့ က ဘယ်လို ဆက်စပ်နေလို့လဲ"
ထိုမေးခွန်း ကိုဖြေဆို ရှင်းလင်းရန် ယခု ဓမ္မဆောင်းပါး ကိုရေးသားလိုက်ခြင်းဖြစ်ပါသည်။

ကုသိုလ်ဆိုတာယူတတ်ရင်အလွယ်လေး


DSC00081 ကုသိုလ်ဆိုတာ ယူတတ်ရင် အလွယ်လေး ၁။ ဒါန – ပေး ကမ်း လှူဒါန်း ထောက်ပံ့ ၂။ သီလ- ငါးပါး ရှစ်ပါး တတ်အားသမျှ ဆောက်တည် ၃။ ဘာဝနာ – သမထ ၀ိပဿနာ နှစ်သက်ရာ တစ်ခုခုပွားများ ၄။ အပစာယန – ရိုသေထိုက်သူက အရိုအသေပေး

ဒါလေးတော့သိထားမှ


စည်းမျဉ်း၊ စည်းကမ်းတွေကို ပါဠိလို ၀ိနယ လို့ခေါ်ပါတယ်။
ဝိနယ ကို မြန်မာမှုပြုထားတာက ၀ိနည်းတဲ့။
စည်းမျဉ်း စည်းကမ်းတွေကို တစ်စုတစ်ဝေးတည်း
ပေါင်းစုထားတာကိုတော့ ၀ိနယပိဋက လို့ခေါ်ပါတယ်။
ခေတ်စကားနဲ့ပြောရရင်တော့ ဥပဒေပေါင်းချုပ် ပေါ့။

Friday, August 15, 2014

ကိုယ့်အမျိုးကိုယ်ချစ်ပါ




မြန်မာပြည်သည် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဘာသာ၊ ကိုယ်ပိုင်သာသနာ၊ ကိုယ်ပိုင်လူမျိုး စသည်တွေနဲ့ ရပ်တည်လာတဲ့ နိုင်ငံဖြစ်ပါတယ်။ ကိုယ်ပိုင်ယဉ်ကျေးမှုဆိုတာကတော့ ဦးဇင်းတို့မြန်မာသက္ကရာဇ် အနေနဲ့ (၁၂)လရှိပါတယ်။ လတိုင်းလတိုင်းမှာ မြန်မာယဉ်ကျေးမှုလေးတွေ ရှိနေတာကိုဆိုလိုချင်တာပါ။ ဆိုပါဆို့။ တန်ခူးလမှာဆိုရင် အတာရေသဘင်ပွဲဆင်နွှဲကြပြီး သက်ကြီးရွယ်အိုများကို ပူဇော်ကြတယ်။

ဗုဒ္ဓ၀ါဒနှင့်စဉ်စားဝေဖန်မှု



စာရေးသူ ဒီပို့စ်လေးကို တင်ပြလိုက်ရသော အကြောင်းကတော့ ဗုဒ္ဓဘာသာဝင် အပေါင်းတို့ စဉ်စားဝေဖန် နိုင်အောင်နှင့် ဗဟုသုတ ရပါစေခြင်း အလို့ငှာ သီရိလင်္ကာနိုင်ငံ ကလနိယ တက္ကသိုလ်တွင် ဗုဒ္ဓဘာသာကို သင်ကြားပေးနေသော အနောက်တိုင်း ပါဠိပါရဂူ ဆရာများ၏ ဗုဒ္ဓဘာသာအပေါ်တွင် ဝေဖန်နှိုင်းယှဉ် သုံးသက် ချက်များကို
သင်ကြားခဲ့ရ၍ သိခဲ့ရသော ဗုဒ္ဓဘာသာ အကြောင်းတရားများနင့် စာရေးဆရာ ဦးအေးမောင် ရေးသေားထားသော ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒ စာအုပ်ထဲမှ အချက်အလက် များကိုပေါင်းစုကာ စာဖတ်သူများ မျက်မှောက်သို့ တင်ပြလိုက်ပါသည်။ စာဖတ်ပရိတ်သတ်အားလုံး ကိုယ်ပိုင်ဥာဏ်အစွမ်းဖြင့် ဝေဖန်စဉ်စား နိုင်ကြပါစေ..........

အကောင်းမြင်စိတ်နှင့်ရိုးစင်းသောဘဝ



လူတိုင်းတွင် ဘ၀တစ်ခုစီကို ပိုင်ဆိုင်ရသည်၊၊ လူများစွာရှိသည့်အလျောက် ဘ၀တို့သည်လည်း များစွာပင် ဖြစ်သည်၊၊ ဘ၀တစ်ခုစီကိုသာ ပိုင်ဆိုင်ထားကြသောလူသားတို့ခြင်းတူသော်လည်း ဘ၀ကိုမြင်ပုံခြင်း၊ သုံးသပ်ပုံခြင်းကား မတူညီကြပေ၊၊
ဘ၀တစ်ခုကို တည်ဆောက်ပုံခြင်းနှင့် ဘ၀ဖြတ်သန်းပုံခြင်းလည်း များစွာပင်ကွာခြားကြသည်၊၊ ဘ၀သည် ပြုလုပ်တတ်သည့်သတ္တိ မရှိသည့်အရာဖြစ်သည်၊
လူသားသည်သာ ဘ၀ကိုစိတ်ကြိုက်ပြုသူ ဖြစ်လေသည်၊၊

သေခါနီးမှာဘာအရေးကြီးသလဲ




တပည့်တော် ငယ်ငယ်ကတည်းက သိချင်တာလေးတွေရှိပါတယ်ဘုရား။ နည်းနည်းလေး ကြီးတော့လည်း စာအုပ်တွေထဲမှာ ရှာဖတ်ပေမယ့် နားမလည်နိုင်ဘူး ဘုရား။ လူတစ်ယောက်က သေခါနီးမှာ သူလုပ်ဖူးတဲ့ ကောင်းမှုတွေကို မြင်ယောင်ပြီး သေသွားရင် ကောင်းရာသုဂတိ လားတယ်လို့ ပြောကြတယ်ဘုရား။

Thursday, August 14, 2014

ဗုဒ္ဓ ၀စန ၃ ပါး။

၁။ ပထမ ဗုဒ္ဓ၀စန = အနေကဇာတိ သံသာရံ အစချီ၍ ဥဒါန်းကျူးသော စကား၊ ဘုရားဖြစ်တော်
                         မူစ၌ ဟောကြားတော်မူ၏။
၂။ ပစ္ဆိမ ဗုဒ္ဓ၀စန = ဟန္ဒဒါနိ ဘိက္ခဝေ အာမန္တယာမိ အစချီသောစကား။

ဝမ်းမြောက်မှု စေတနာသာပဓာန။

          ဒါနပြုရာဝယ် တချို့မှာကား လှူရတာများလှ၍ အကြီးအကျယ် လှူဒါန်းရပါသော်လည်း
သိပ်ကြီးဝမ်းမမြောက်လှ၊ စေတနာလည်း သိပ်ကြီးမထက်လှ၊ အမှတ်တမဲ့ပင် လှူလိုက်ကြ၏။ ထို
သူတို့ အတွက်မှာ လှူဖွယ်ဝတ္ထုက များပြားစေကာမူ စေတနာထက်သန် ဖွံ့ဖြိုးမည်ဟု မဆိုနိုင်။

ဘုရားရှင်ကို လေးနဲ့ပစ်သတ်ဖို့ ကြိုးစားမှု။


        မြတ်စွာဘုရားဟာ တောရကျောင်းတစ်ကျောင်းမှာ တစ်ပါးတည်း နေတော်မူတယ်။ အဲဒီမှာ
ဒေ၀ဒတ်ရဲ့ အစီအမံက အင်မတန်ကောင်းတယ်။ စနစ်ကျတယ်။ လက်ဖြောင့်လေးသမား တစ်
ယောက်ကို ဒေ၀ဒတ်က ဘုရားရှိတဲ့ဆီသွားပြီး မင်း ဘယ်နေရာကနေပြီး ပစ်၊ ပစ်သတ်ပြီးလို့ရှိရင်
ဘယ်လမ်းကပြန်လာခဲ့ဆိုတာ ပြောတယ်။

၁၇၉၂ ကြိမ်တိုင်တိုင် ဗုဒ္ဓဘုရားရှင် ပြောခဲ့သော တရားစကား။

      သီလပျက်ရင် သမာဓိပျက်မယ်။ သမာဓိပျက်ရင် ဟုတ်တိုင်းမှန်စွာ မမြင်နိုင်တော့ဘူး။
သီလပျက်ခြင်းဟာ အလုံးစုံပျက်စီးခြင်းပဲ။ အကြောင်းလေးပါး တိုက်ဆိုင်တဲ့အချိန်မှာ ရုပ်ဖြစ်ပါ
တယ်။ အကြောင်းလေးပါး ပျက်စီးချိန်မှာ ရုပ်ပျက်စီးပါတယ်။ အကြောင်းလေးပါးဆိုတာ ကံ၊
စိတ်၊ ဥတု၊ အဟာရပါ။ အာရုံနဲ့ဒွါရ တိုက်ဆိုင်ချိန် နာမ်ဖြစ်ပါတယ်။ အာရုံနဲ့ဒွါရတို့ ပျက်ချိန်မှာ

ဗုဒ္ဓဘာသာကောင်းတစ်ယောက်။

        ဗုဒ္ဓဘာသာဝင် တစ်ယောက်သည် ဗုဒ္ဓရတနာ၊ ဓမ္မရတနာ၊ သံဃာရတနာတည်းဟူသော
ရတနာသုံးပါးကို ကိုးကွယ်ရမည် ဖြစ်ပေသည်။ သတ္တ၀ါတို့၏ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်ဆီး
တတ်သောကြောင့် ဗုဒ္ဓ၊ ဓမ္မနှင့် သံဃာတည်းဟူသော ရတနာသုံးပါးကို သရဏ ဟူ၍လည်း ခေါ်
ဝေါ်ကြပါသည်။

ဗုဒ္ဓနုဿတိဘာဝနာအကျိုး...။


ဗုဒ္ဓနုဿတိဘာဝနာကို အားထုတ်သောပုဂ္ဂိုလ်တိုင်း၏ အကျိုးရပုံမှာ(ဈန်ရမှုမှတပါး)အခြားဘာဝနာများထက်အနည်းငယ်မျှမလျော့
ပါ ထူးခြားချက်ကား...
၁။ ဗုဒ္ဓမြတ်စွာ၏ ဂုဏ်တော်ကိုအတော်များစွာ သိရသောကြောင့် ဗုဒ္ဓမြတ်စွာကိုအလွန်ရိုသေ၍ ဗုဒ္ဓမြတ်စွာ၏စကားတော်ကို
အလွန်လိုက်နာခြင်း...။

ဗုဒ္ဓနုဿတိပွားခြင်းကြာင့်အနာထပိဏ်သူဋ္ဌေးသောတာပန်ဖြစ်ခန်း...။



အနာထပိဏ်သူဌေး။       ။ သာဝတ္ထိမြို့၌နေသော အနာထပိဏ်သူဌေးနှင့် ရာဇဂြိုလ်မြို့၌နေသော သူဌေးတို့သည် သမီးယောက်ဖ ဖြစ်၍ကူးသန်းရောင်းဝယ်ရင်း အမြဲဆက်ဆံနေကြ၏။ ဗုဒ္ဓမြတ်စွာသည်
ရာဇဂြိုလ်မြို့၌ ပဌမအကြိမ် သီတင်းသုံးတော်မူစဉ် အနာထပိဏ်သူဌေးသည် လှည်းပေါင်းများစွာဖြင့် ကုန်ရောင်းလာ၏။

မေတ္တာ၏အကျိုးကျေးဇူးများ




စာပေမှာဖော်ပြတဲ့ မေတ္တာ၏အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်တယ်…
(၁) ချမ်းချမ်းသာသာ အိပ်ပျော်ရတယ်။
(၂) ကိုယ်မှာ ဖောက်ပြန်မှုမရှိဘဲ ချမ်းချမ်းသာသာ အိပ်ရာက နိုးရတယ်။
(၃) အိပ်မက်ကောင်းတွေကိုပဲ မြင်မက်နိုင်ပြီး ယုတ်ညံ့ရွံ့မုန်း ကြောက်လန့်ဖွယ် အိပ်မက်များ မမက်ရဘူး။
(၄) လူအပေါင်းက ချစ်ခင်မြတ်နိုးတယ်။

Wednesday, August 13, 2014

အဝေးကနေ၍ လှူဒါန်းပူဇော်နည်း။

         ဘုရားကို ရည်မှန်း၍ ပန်းစသည်တို့ကို ပူဇော်ကြ၏။ ထိုကဲ့သို့ ပူဇော်ရာ၌ အကျိုးရ၊ မရ၊ ရှေးက
ပင် စဉ်းစားဖူးကြပါသည်။ အကျိုးရမှု မရမှုမှာ ပူဇော်သူများ၏ စေတနာသာ ပဓာနဖြစ်၏။ မိမိ၏စိတ်
စေတနာက ဘုရားကို ရည်မှန်း၍ လှူဒါန်းပူဇော်ပါလျှင် ကုသိုလ်စေတနာ ဖြစ်သောကြောင့် ဧကန်အ
ကျိုးရနိုင်ပါသည်။

ကုသိုလ်ဟူသည် ဘဝလမ်းအတွက်




မဋ္ဌကုဏ္ဍလီ သည် အိမ်ပြင် ညောင်စောင်း ထက်၌ လဲလျောင်း နေသည်။ စင်စစ် လဲလျောင်း နေသည် ဟူသည် မှာလည်း မည်ကာ မတ္တ မျှသာ ဖြစ်၏။ ကိုယ်ခန္ဓာ တစ်ခု ညောင်စောင်း ပေါ်တွင် ပုံကျ နေသည် ဟု ဆိုနိုင် ရုံမျှသာ ဖြစ်သည်။ ၀ါထိန် ခြောက်သွေ့ နေသော မျက်လုံးများ ရံဖန် ရံခါ လှုပ်ခတ် သွားသည် ကလွဲ၍ သူ၏ တစ်ကိုယ်လုံး သည် ငြိမ်သက် လျက် ရှိသည်။

ရှိခိုးကန့်တောမှုနှင့်ထိုက်တန်အောင် နေတတ်မှအပြစ်လွတ်မည်


ကိုယ့်ကို လာကန်တော့ရင် အရဟံပွားနေလိုက်ပါ
--------------------------------- --------------

ဆရာတော်ဘုရားကြီးတွေက သြဝါဒပေးလေ့ ရှိပါတယ်။
“ကိုယ့်ကို ဒကာ၊ ဒကာမတွေက လာဦးချရင် အရဟံဂုဏ်တော် ပွားနေလိုက်ရတယ်။ တကယ်လို့ ကိုယ့်မှာ သီလ၊ သမာဓိ၊ ပညာ အားနည်းနေရင် ဖြေသာတယ်။ ကန်တော့တဲ့ လူတွေအတွက်လည်း အကျိုးရှိတယ်။ ကန်တော့ခံတဲ့သူ အတွက်လည်း အကျိုးရှိတယ်။”

အယောင်ဆောင်ခြင်း(၃၇)ပါး


(၁) ရာဂသည် မေတ္တာယောင်ဆောင်တတ်၏။
(၂) သောကသည် ကရုဏာယောင်ဆောင်တတ်၏။
(၃) လောဘမူသောမနဿသည် မုဒိတဗြဟ္မာ့ဝိဟာရယောင်ဆောင်တတ်၏။
(၄) ကုသိုလ်တရားတို့ ၌အားမထုတ်ခြင်း ၀န်ချခြင်းတို့ သည် ဥပေက္ခာဗြဟ္မာ့ဝိဟာရယောင်ဆောင်တတ်၏။
(၅) စိတ်ပူပန်ခြင်း ဒေါသ ဒေါမနဿတရားသည် ၀ဋ်ဆင်းရဲကို ထိတ်လန့် ခြင်း သံဝေဂယောင်ဆောင်တတ်၏။

သုန္ဒရီ သတ်မှုနဲ့ ဘုရားရဲ့ ကံကြမ္မာဝဋ်ကြွေး။

        မြတ်စွာဘုရားကို ကြည်ညိုတဲ့ ပုဂ္ဂိုလ်တွေက အလွန်များတယ်။ ရဟန်းတွေကို ကြည်ညို
တဲ့ ပုဂ္ဂိုလ်တွေကလည်း အင်မတန်များတယ်။ လူတွေက ဘုရားကျောင်းတော်ကို သွားကြလာကြ
လှူကြတန်းကြဆိုတော့ တစ်ဖက်ဘာသာခြားဖြစ်တဲ့ ပရဗိုဇ်တွေကို ကြည်ညိုသူ၊ မေးမယ့်သူ၊
သွားလာမယ့်သူ မရှိသလောက် နည်းပါးတယ်ဆိုတော့ မနာလိုမှုတွေ ဖြစ်လာတာပေါ့။

အပါယသဟာယ မိတ်ဆွေတု။

၁။ သေရည်သေရက် သောက်ခြင်း၌ အပေါင်းအဖော် ဖြစ်၏။
၂။ အခါမဲ့ ခရီးသွားခြင်း၌ အပေါင်းအဖော် ဖြစ်၏။
၃။ ပွဲလမ်းသဘင် ကြည့်ရှုနားထောင်ခြင်း၌ အပေါင်းအဖော် ဖြစ်၏။

ပရိနိဗ္ဗာန်ပြုရန် ကုသိနာရုံသို့ ကြွခြင်းအကြောင်း ၃ ပါး။

၁။ မဟာသုဒဿနသုတ် ဟောတော်မူလိုသောကြောင့် လည်းကောင်း။
၂။ သုဘဒ္ဒရဟန်း  ရဟန္တာဖြစ်လတ္တံကို သိတော်မူခြင်း။
၃။ ဓာတ်တော်ကြောင့် ၇ -ပြည်ထောင် မင်းတို့ စစ်ဖြစ်မည့်အရေးကို ဆရာဒေါနပုဏ္ဏားက

နမောဗုဒ္ဓဿ

        မြတ်စွာဘုရားသက်တော်ထင်ရှား ရှိတော်မူစဉ်က ရာဇဂြိုလ်မြို့ကြီး၌ သမ္မာဒိဌိ  အယူရှိ 
သူ၏ သားနှင့် မိစ္ဆာဒိဌိ အယူရှိသူ၏သား သူငယ်ချင်းနှစ်ယောက်တို့သည် ခုံညင်းကစားကြရာ
သမ္မာဒိဌိသူငယ်က “နမောဗုဒ္ဓဿ” ဟု ဆို၍ ခုံညင်းပစ်၏။ အမြဲတမ်းနိုင်၏။ ထိုအခါ မိစ္ဆာဒိဌိ
သူငယ်က ဤသူသည် “နမော ဗုဒ္ဓဿ” ဟု ဆို၍ ကစားလျှင် အမြဲနိုင်သည်ဟု မှတ်သား၍

Tuesday, August 12, 2014

တရားဂုဏ်တော် ၆ ပါး။

၁။ သွာက္ခာတော = တရားတော်သည် အစ၊ အလယ်၊ အဆုံး ကောင်းသောဂုဏ်။
၂။ သန္ဓိဌိကော = ချီးမွမ်းအပ်သော မဂ်ပညာဖြင့် ကိလေသာကို အောင်တတ်သော ဂုဏ်။
၃။ အကာလိကော = အခါမလင့် ကောင်းကျိုးချမ်းသာ ပေးတတ်သောသူ။
၎။ ဧဟိပဿကော = လာလှည့် ရှုလေ့ဟူ၍ အစီရင်ကို ခံထိုက်သော ဂုဏ်

သာသနာကိုထိန်းသိမ်းပါ"



အချိန်ကား သက္ကရာဇ် ၄၀၆ ခုနှစ် ပုဂံပြည်၌
အနော်ရထာမင်းကြီး နန်းတက်စကာလ ဖြစ်၏။
ပုဂံပြည်၌ မင်းအဆက်ဆက် အဓမ္မ၀ါဒ ပြန့် ခဲ့သော
မဟာယာန အရည်းကြီးများအား
မင်းကြီးစိတ်နှင့်မတွေ့ ၍ ဒွိဟဖြစ်နေချိန်လည်း ဖြစ်သည်။

"ပြောသလို လုပ်၊ လုပ်သလို ပြော တဲ့သူ"


စကားတစ်ခု ကြားဖူးတာရှိတယ်။
"ငါပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နဲ့ "။
သဘောက ငါဟာ အပြောနဲ့  အလုပ် မညီဘူး ဆိုတဲ့
အဓိပ္ပါယ်ပေါက်သွားတယ်နော်။

" ဆန်းကြယ်သော တရားဂုဏ်တော်"



ဒါတွေဒီလိုလုပ်လို့ ရတယ်၊ ဘုရားတွေ ဒီလိုဒီလို
ဖူးရတယ်ဆိုတာ ယုံစရာမရှိဘူး။
ဘုန်းကြီး အနှစ်၃၀ ရှိပြီ တောထဲမှာ တရားပြလာတာ။
စောစောကတော့ ဒါတွေ ဘယ်သူ့ မှမပြောကြနှင့်လို့ 
ပိတ်ခဲ့ရတယ်။ သဒ္ဓါတရားမရှိတဲ့လူတွေ ငရဲကြီးကြမှစိုးလို့ ။

ကံ၏သဘော။

သန္တာနေဒံ ကမ္မံ နာမ, န နိရုဇ္ဈတိ သဗ္ဗသော၊
သဝိသေသံ နိဒေတွာ ဟိ, သမယမှိ ဝိပစ္စိတုံ။

သန္တာနေ-ရုပ်နာမ် ခန္ဓာ အစဉ်၌၊ ဣဒံ ကမ္မံနာမ-ကောင်းကောင်းဆိုးဆိုး အမျိုးမျိုးဖန် ကံဟုခေါ်ရိုး
ဤစေတနာတရားမျိုးသည်၊ နိရုဇ္ဈမာနံ-အကြောင်းအားလျော်စွာ ချုပ်ပျောက်ရသည်ရှိသော်၊

ဘ၀လွတ်မြောက်နိုင်တဲ့ လမ်း ?။

       ဘ၀မှာ“အဿာဒ” သာယာစရာဆိုတာ ရှိတယ်။ “အာဒီန၀” အပြစ်ဆိုတာ ရှိတယ်။ ဒါတွေ
ပြီးရင် “နိဿရဏ” ထွက်ပေါက်ဆိုတာလည်း ရှိတယ်။ ထွက်ပေါက်ကို ဘယ်မှာရှာမလဲ ?။ အိမ်ထဲ
ရောက်နေတဲ့သူဟာ ထွက်ပေါက်ကို အိမ်ထဲမှာ ရှာရမယ်။ ဘ၀မှ ထွက်ချင်တယ်ဆိုလို့ရှိရင် ဘဝ
ထဲမှာ ထွက်ပေါက်ကို ရှာရမယ်။ “ဘ၀နိရောဓ” ဆိုတဲ့ ထွက်ပေါက်ကို ဘ၀ထဲမှာပဲ တွေ့နိုင်တယ်။

သမ္မာဝိတက်၏ သဘောတရား။

         နိက္ခမ၀ိတက် ကြံစည်ခဲ့ရင် (၁) မိမိလည်း ချမ်းသာမယ်။ သူတစ်ပါးလည်း ချမ်းသာမယ်။
(၂) ပညာကိုလည်း တိုးပွားစေမယ်။ (၃) မဂ်ဖိုလ်နိဗ္ဗာန်အလို့ငှာရတော့မယ်။ မဂ်ဖိုလ်နိဗ္ဗာန်ကို ရ
ပြီဆိုရင် ၀ိသုဒ္ဓိ စင်ကြယ်ပြီ၊ ၀ိမုတ္တိ လွတ်မြောက်ပြီ။ ထိုနည်းတူစွာပဲ သတ္တ၀ါများကို ကယ်တင်
လိုတဲ့ အများအကျိုးကို ဆောင်ရွက်လိုတဲ့ အဗျာပါဒ၀ိတက်များ ကြံစည်ခဲ့ရင်   (၁) မိမိလည်း

စေတနာထက်သန်ပုံ ကွာခြားပုံ။

         လှူဖွယ်ပစ္စည်းနည်းနည်းကို လှူဖို့ရန်နှင့် လှူဖွယ်ပစ္စည်းများများ ကြီးကြီးကျယ်ကျယ်
လှူဖို့ရန် အားထုတ်ရာ၌လည်း အားထုတ်မှု လုံ့လချင်း မတူညီကြချေ။ နည်းနည်းလှူဖို့ရန် အား
ထုတ်ရာ၌ တစ်ခဏနှင့်ကိစ္စပြီး၏။ ကြီးကြီးကျယ်ကျယ် များများလှူဖို့ အားထုတ်ရာ၌ကား အလှူ
ဝတ္ထု များပြားကြီးကျယ်သလောက် အချိန်ကြာ၏။ လှူဖို့ရန် ပစ္စည်းကို ရှာဖွေစုဆောင်းခိုက်မှာ

Monday, August 11, 2014

သမ္ဗုဒ္ဓေဂါထာတော်


“ သမ္ဗုဒ္ဓေ အဋ္ဌ၀ီသဉ္စ

ဒွါဒသဉ္စ သဟဿကေ

ပဉ္စသတ သဟဿာနိ

နမာမိ သိရသာ မဟံ၊

အပကာ ၀ါဠုကာ ဂင်္ဂါ

အနန္တာ နိဗ္ဗုတာ ဇိနာ



တေသံ ဓမ္မဉ္စ သံဃဉ္စ

အာဒရေန နမာမဟံ၊

နမက္ကာရာ နုဘာဝေန

၃၁ဘုံနှင့် နိမိတ်ကြီးလေးပါး



နိမိတ်ကြီးလေးပါး

ဤကမ္ဘာမြေကြီး၏ အထက်ဆုံးတွင် ဘုံအဆင့်ဆင့်ပေါင်း(၂၀) ရှိပါသည်။ အမျိုးအစားအနေနဲ့ကတော့ ရုပ်သာရှိ၍ နာမ်မရှိသော ဗြဟ္မာ ၊ နာမ်သာရှိ၍ ရုပ်မရှိသော ဗြဟ္မာ၊ ရုပ်ရော နာမ်ရောပါရှိ၍ ဆင်းနိုင် တက်နိုင်သော ဗြဟ္မာဟူ၍ သုံးမျိုးရှိ၏။