Saturday, August 11, 2018

ဘုရားဆု ပန်လိုသော်

'ဘုရားဆုပန်တယ်’ စကားလုံးကို ဗုဒ္ဓဘာသာဝင် တော်တော် များများ ကြားဖူးနားဝ ရှိကြပါတယ်။ အဓိပ္ပာယ်ကိုတော့ နားလည်ကြသူ လည်းရှိသလို သိပ်နားမလည်ဘဲ လုံးထွေး ယောင်ဝါး ဖြစ်နေကြပြီး’ဘုရားဆု ပန်တယ်’ဆိုတာ “ဘုရားဆု ကို တောင်းတာပဲ”လို့ ထင်ကြသူလည်း ရှိပါတယ်။
“သုမေဓာရှင်ရသေ့ ဘုရားဆုပန်တယ်” ဆိုတာကို အသေအချာ လေ့လာကြည့်မယ်ဆိုရင်… ဟို…မြတ်စွာဘုရားရှင် အဘိဓမ္မာတရား ဟောပြီးလို့ တာဝတိံသာကပြန်မြန်း ဆင်းသက်လာစဉ်တုန်းက ဘုရားရှင်ရဲ့ ဘုန်းတန်ခိုး အာနုဘော်တွေ ကို မျက်ဝါး ထင်ထင် မြင်တွေ့ကြရတဲ့ ဗိုလ်ပါပရိသတ်တွေရဲ့ စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ “ဘုရား ဖြစ်ချင်လိုက်တာ”ဆိုတဲ့ တောင့်တမှု၊ တောင်းခံမှုမျိုး မဟုတ်ပါဘူး။

မဂ္ဂင် (၈) ပါး။

     မဂ္ဂင် (၈) ပါးတို့မှာ ==
၁။ သမ္မာဒိဌိ = သစ္စာလေးပါးကို ကောင်းစွာမြင်ခြင်း။
၂။ သမ္မာသင်္ကပ္ပော = ၀ိတတ်သုံးပါးမှ ကင်း၍ ကောင်းသော အကြံကို ကြံခြင်း။

Friday, August 10, 2018

နိဗ္ဗာန် ဂုဏ်တော် လေး ပါး

နိဗ္ဗာန် ဂုဏ်တော်ပေါင်း မြောက်များစွာထဲက မှတ်သားစရာ အကောင်းဆုံး ဂုဏ်တော်ဖြစ်တဲ့ ခယံ ဝိရာဂံ အမတံ ပဏီတံ ဂုဏ်တော်လေးပါးကို ရတနာသုတ္တ မှာ ကျူးရင့်ထားတာကို စေတနာရှေ့ထားပြီး နိဗ္ဗာန် ဂုဏ်တော် လေး ပါးကို အကြယ် ရှင်းပြပေးပါအုန်းမယ်။

အကုသိုလ်ဖြစ်နိုင်သော ရောင်းကုန်ပစ္စည်းများ။

     မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာဝင် အများစုနေထိုင်သော နိုင်ငံဖြစ်ပါသည်။ ဗုဒ္ဓမြတ်စွာသည်
အင်္ဂတ္တရနိကာယ ပဉ္စကနိပါတ် ဥပါသက၀ဂ်၊ ၀ဏိဇ္ဇသုတ်တော်တွင် ဗုဒ္ဓဘာသာဝင် တစ်ယောက်
အနေဖြင့် မရောင်းကောင်းသော ကုန်ပစ္စည်း ငါးပါးကို ဟောကြားတော်မူခဲ့ပါသည်။ ယင်းတို့မှာ=

Thursday, August 9, 2018

ဘုရားအလောင်းတော်ရဲ့ မိတ်ဆွေကောင်း။

     ကဿပမြတ်စွာဘုရား လက်ထက်တော်တုန်းက ဂေါတမမြတ်စွာဘုရားအလောင်းတော်
ဇောတိပါလဆိုတဲ့ ပညာတတ်ဗြဟ္မဏပုဏ္ဏားနဲ့ ဃဋိကာရ အိုးထိန်းသည်ကြီးတို့ဟာ  အင်မတန်
ရင်းနှီးတဲ့မိတ်ဆွေ ဖြစ်ကြပါတယ်။ ဃဋိကာရ ဆိုတာက ကဿပမြတ်စွာဘုရားရဲ့  ဥပသကာ

တကယ်ချစ်ရဲ့လား..?

လေသာဆောင်ပေါ်တွင် ဘုရင်ကောသလနှင့်မိဖုရားမလ္လိကာတို့ မင်းလမ်းမကြီးဘက် ငေးကြီရင်း ထိုင်နေကြသည်၊ စိတ်ချလောက်သော နေရာဖြစ်သဖြင့်အစောင့်အရှောက်တို့က ဝေးရာတွင်ရှိနေသည်၊ ဘုရင်ကောလသက တိုးတိုးတိတ်တိတ် မလ္လိကာနားကပ်သွားပြီး တိုးတိုးလေး“မလ္လိကာ“ ဟုခေါ်လိုက်သည်၊ “မောင်တော်ဘုရား“ဟုပြန်လည်လျှောက်တင်ရင်း မင်းလမ်းမဘက်လှည့်ထားသောမျက်နှာတော်ကိုဘုရင် ကောသလဘက် လှည့်လိုက်သည်

လောကီ၊ လောကုတ္တရာအတွက် စိန္တာမဏိဂါထာတော်။

      စိန္တာမဏိဂါထာတော်၏ အခြေအမြစ်ကို လေ့လာသောအခါ ငါးရာ့ငါးဆယ်နိပါတ် ပဒကု
သလဇတ်တွင် ဘုရားအလောင်းတော် ပဒကုသလ လုလင်အား မယ်တော်ဘီလူးမက ပေးခဲ့
သော ဂါထာဖြစ်ကြောင်း သိရှိရပေသည်။ ထိုဇတ်တော်တွင် “ စိန္တာမဏိဂါထာကို ရသည့်အချိန်

Wednesday, August 8, 2018

ဘဒ္ဒေကရတ္တသုတ်ဥပရိပဏ္ဏာသပါဠိတော် (၀ိဘင်္ဂ၀ဂ်)

ဤသုတ္တန်တရားတော်ကို မြတ်စွာဘုရားသည် နာမည်ကျော် သာဝတ္တိနိုင်ငံ၊ ဇေတ၀န် ကျောင်းတွင် ရဟန်းတော်များကို ဟောကြားတော်မူခဲ့သည်။
သုတ္တန်တရားတော်အနှစ်ချုပ်မှာ-
- အတိတ်က ဖြစ်ခဲ့ပြီးတဲ့ ရုပ်နာမ်တွေကို တွေးမနေကြနဲ့။
- အနာဂါတ် ရုပ်နာမ်ကိုလည်း မျှော်လင့်ချက်ထားပြီး လျှောက်တွေးမနေပါနဲ့။
- အတိတ် ရုပ်နာမ်တွေက ကုန်ဆုံးခဲ့ပြီလေ။
- အနာဂါတ်ရုပ်နာမ်တွေကလည်း ရောက်မလာသေးဘူး။

ဗုဒ္ဓဟောကြားသော မိတ်ဆွေကောင်းများ။

       တကယ့်ကို စိတ်နှလုံးကောင်းရှိတဲ့ ပုဂ္ဂိုလ်ကို မိတ်ဆွေကောင်းလို့ ခေါ်ပါတယ်။ ဘယ်လို
ပုဂ္ဂိုလ်ဆိုရင် (၁)။ “ဥပကာရ”= ကျေးဇူးပြုတတ်တဲ့ မိတ်ဆွေ။ ကိုယ်ရဲ့ အပေါင်းအသင်း တစ်
ယောက်ဟာ၊ ဆိုပါစို့... အရက်သေစာ သောက်ပြီး မူးမေ့နေရင်တောင်မှပဲ အမူးပြေသည်အထိ

Tuesday, August 7, 2018

အရှင်ဆေကိန္ဒ၏ မလဲအောင် ချိန်လို့ရတဲ့ လက်ကိုင်လေး။

     လူငယ်၊ လူလတ်၊ လူကြီး အရွယ်မရွေး အသစ်အဆန်းဆို ကြိုက်ကြပါတယ်။ ကိုယ်ဖြတ်သန်း
လာရတဲ့ အရွယ်တိုင်းမှာ မသိသေးတဲ့ဟာ သိချင်တယ်။ မတတ်သေးတဲ့ဟာ တတ်ချင်တယ်။ ဒါပေမဲ့
စူးစူးစမ်းစမ်း လုပ်ချင်တဲ့ အရွယ်ကျတော့ ကြီးကောင်ပေါက် လူရာဝင်တဲ့ အရွယ်မှာ။ သိချင်တာတွေ

ဥပေက္ခာ

ကိုယ်ကိုယ်တိုင် ပထမဆုံး ငြိမ်းချမ်းအောင် လုပ်ရမယ်။ ကိုယ်ကိုယ်တိုင် ငြိမ်းချမ်းချင်ဖို့ ဘာလုပ်ရမလဲဆိုရင် ပတ်ဝန်းကျင်က ပုဂ္ဂိုလ်တွေရဲ့ အကျိုးကို လိုလားတဲ့ မေတ္တာထားပါ။ ဆင်းရဲဒုက္ခရောက်လာတဲ့ ပုဂ္ဂိုလ်ကို ကူညီပါ။ ကရုဏာထားပါ။ ချမ်းသာတဲ့ပုဂ္ဂိုလ်ကို ဝမ်းမြောက်ဝမ်းသာဖြစ်ပါ။ မုဒိတာ ပွားပါ။ လူ့လောကဆိုတာ ချမ်းသာတာလည်း သူ့ကံနဲ့ သူပဲ။ ဆင်းရဲတာလည်း သူ့ကံနဲ့သူပဲ။ စိတ်လှုပ်ရှားမှု ကင်းကင်းနဲ့ အေးအေးချမ်းချမ်း နေချင်တယ်ဆိုရင်တော့ ဥပေက္ခာ ပွားပါ။

သံသရာအတွက် ဒါနကို ယိုးမယ်မဖွဲ့သင့်ပါ။

       ဒါနသည် သံသရာကို တိုစေသည်၊ ရှည်စေသည်ဟု ငြင်းခုံတတ်ကြသည်။ သံသရာ အတို၊
အရှည်ဝယ် ဒါနကို ယိုးမယ်မဖွဲ့သင့်ပါ။ ဒါနပြုရာဝယ် သူတို့၏စိတ် မစင်ကြည်မှုကြောင့်
သာ “ လူတွင် ပါ၍ နွားကျားကိုက်” ခံရသည်။ အမှန်မှာ ဒါနက သံသရာ အတို၊ အရှည် မဖန်တီး

Monday, August 6, 2018

မချစ်ရင် မနေနိုင်တာက လွဲလို့

ပီယတေဇာယတေ သောကော=ချစ်လို့သောက ဖြစ်ရတယ်လို့ မြတ်စွာဘုရားက ဟောကြား ထားခဲ့ပါတယ်၊ မှန်ပါတယ်၊ တစ်ယောက်ယောက်ကို ချစ်မိတာနဲ့တပြိုင်နက် မီးလိုပူလောင်ရ တော့တာပါပဲ၊ ကိုယ့်ကိုယ်ပြန်မချစ်တော့ ပြန်မချစ်လို့ပူရ၊ ပြန်လည်ချစ်ပြန်တော့လည်း သူများနောက် ဘယ်အချိန်ပါသွားမလဲလို့ တွေးတောမှုတွေနဲ့ ပူလောက်နေကြရပြန်ရော၊ ချစ်တယ်ဆိုတာ အရိယာတွေရဲ့အမြင်နဲ့ဆိုရင် မကောင်းဘူးလို့ပြောရမှာပါ၊

မပေါင်းသင်းအပ်တဲ့ မိတ်ဆွေတု။

       လောကမှာ မိတ်ဆွေကောင်း ရှိဖို့လိုပါတယ်။ အဲဒီ မိတ်ဆွေကောင်းအထဲမှာ  မိတ်ဆွေ
မဟုတ်ဘဲနဲ့ မိတ်ဆွေယောင် ထင်နေရတဲ့ ပုဂ္ဂိုလ်မျိုးက လေးမျိုးရှိပါတယ်။ မြတ်စွာဘုရားက
သိင်္ဂါလောဝါဒသုတ္တန်မှာ သင်္ဂါလသတိုးသားကို ဆုံမသြ၀ါဒ ပေးတဲ့အနေနဲ့ဟောထားပါတယ်။

Sunday, August 5, 2018

ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဘာသာတရား ဆောင်ပုဒ်များ(၁)။

         ”ကောင်းမှု”
             xxxxxxxxx
      ”ဣဓ  မောဒတိ  ပေစ္စ  မောဒတိ၊
      ကတပုညော  ဥဘယတ္ထ  မောဒတိ။ ။
             သော  မောဒတိ  သော  ပမောဒတိ၊

တန်ဖိုး ရှိသော အချိန်

မြတ်စွာဘုရားသက်တော်ထင် ရှား ရှိစဉ် ဝယ် တစ်နေ့ သောအခါ မာလုကျပုတ္တ သည် ကမ္မဌန်းခွင် မှ
ထ၍ ဗုဒ္ဓ မြတ်စွာဘုရား ထံ ချည်းကပ်ကာ ရှိခိုးဝပ်တွား လျှောက်ထားသည်မှာ ---
အရှင် ဘုရား တပည့် တော် သည် တစ်ဦးတည်း ဘာဝနာ ပွားနေစဉ် စိတ်ထဲ၌ ပုစ္ဆာများ အစဉ်အတိုင်း
ဖြစ်ပေါ်လာပါသည်။
(၁)စကြာဝဠာ သည် အစဉ်အမြဲ တည်သ လော?
(၂)မတည် သ လော .?
(၃)စကြာဝဠာသည် အကန့် အသတ် ရှိသ လော ?