Saturday, November 14, 2015

ထူးခြားသော အမျိုးသမီးလေးတစ်ယောက်

                    ရွှေပြည်သာမြို့နယ်၊ (၉)ရပ်ကွက်တွင် ဘာသာခြားမိသားစုတစ်စုရှိ၏။
သူတို့ သားသမီးများတွင် လွန်စွာလှပသော မိန်းကလေးတစ်ယောက်ပါ၏။ ထိုမိန်းကလေးသည်
ဘာသာခြားဖြစ်သော်လည်း အရွယ်ရောက်ချိန်မှစ၍ ရတနာသုံးပါးကို အလိုလိုကြည်ညိုနေ၏။
ဗုဒ္ဓရုပ်ပွားတော်များကိုတွေ့လျှင် ဦးချချင်၏။ ည တရားပွဲများနှင့်တွေ့လျှင် ဝင်ရောက်နာယူချင်၏။
ဆွမ်းခံသံဃာများကိုတွေ့လျှင် လောင်းလှူချင်၏။ ဗုဒ္ဓဘာသာလောကထဲသို့ မည်ကဲ့သို့ ဝင်ရောက်ရမည်ကို
မသိနိုင်ဖြစ်နေ၏။

Friday, November 13, 2015

“ဓားစွမ်းနှင့်မေတ္တာစွမ်း”



အံ့မခန်းသည့် မေတ္တာစွမ်းကို ပြမည့် ရဟန်းတစ်ပါးဖြစ်လာမည့် အီတလီနိုင်ငံ၊ မီလန်မြို့သားလေး “ဆာဗာတိုရေစီအိုဖီ” သည် ယခင်က ဘာသာခြားတစ်ယောက်ပင် ဖြစ်ပါသည်။ ဓမ္မပဒကို ဖတ်မိရာမှ ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ပါး ဖြစ်လာရခြင်း ဖြစ်သည်။ သီရိလင်္ကာနိုင်ငံမှရလာသော ဝမ်းကိုက်ရောဂါကို ကုသရန် အီတလီရှိ ဦးလေး ဖြစ်သူအိမ်သို့ ရောက်ခဲ့ရသည်။

မနက်ဖြန်သေမယ်ဆိုရင် ဘာလုပ်ကြမှာလဲ ?။

       တကယ်လို့များ မနက်ဖြန်သေမယ်ဆိုရင်, ဓမ္မမိတ်ဆွေတို့မှာ မနက်ဖြန်အတွက် စားစရာ၊
နေစရာ၊ ၀တ်စရာတွေရှိနေကြမယ်။ သက်တမ်းတစ်လျောက်သင်ယူတတ်မြောက်ထားတဲ့ အ
တတ်ပညာတွေ၊ ရရှိထားတဲ့ ရာထူးဂုဏ်ဝါ စည်းစိမ်ဥစ္စာဟာ နေရေးအတွက်တော့ စိတ်အေးရ
ပါပြီ။ အချို့နောက်အနှစ်ငါးဆယ်၊ အနှစ်တစ်ရာ စားလို့သုံးလို့မကုန်၊ မကုန်ရုံသာမက သားတွေ
မြေးတွေအတွက်ပါ စည်းစိမ်ဥစ္စာအမွေတွေ ထားခဲ့ကြတော့မယ်။

ကွယ်လွန်ပြီးနောက် ဘာဖြစ်မလဲ ?။

       သေပြီးတဲ့နောက် ဘာဖြစ်မလဲ ကိုယ်ကိုယ်တိုင် မဆုံးဖြတ်နိုင်ပါ။ မိမိကိုယ်တိုင် မဆုံးဖြတ်
နိုင်တဲ့အခါ မြတ်စွာဘုရားက (အကြံဉာဏ်) ဆုံးမသြ၀ါဒပေးထားပါတယ်။ အဲဒီလို မဆုံးဖြတ်နိုင်တဲ့
အခါ သေချာတာကိုလုပ်ပါတဲ့။
         ဒီဘ၀မှာ ကောင်းအောင်နေခြင်းဖြင့် နောင်ဘ၀အရေး စိတ်အေးရမယ့် အချက်လေးချက်ကို
မြတ်စွာဘုရား ဟောထားပါတယ်။  တချို့ဘာသာရေးဆရာက ဟောတယ်၊ (၁) တမလွန်လောက

ကပ်ကြီး ၃ ပါး ကင်းလွတ်အောင်။

        ကပ်ကြီး ၃ ပါး ကင်းလွတ်စေရန် စွမ်းဆောင်နိုင်တဲ့ နည်းလမ်းကတော့ လူတိုင်းကိုယ်စီ
ငါးပါးသီလ မြဲကြဖို့ပဲ လိုပါတယ်။
         ၁။ ပါဏာတိပါတ သိက္ခာပုဒ်ကို လုံခြုံအောင် စောင့်ထိန်းသွားပါလျှင် တစ်ဦးနှင့်တစ်ဦး
ညှင်းဆဲသတ်ဖြတ်နေတဲ့ သတ္ထန္တရကပ်ဆိုးကြီး မကျရောက်အောင် ကာကွယ်ရာ ရောက်ပါတယ်၊

ဝိပဿနာ အားထုတ်နည်း အခြေခံ ဆောင်ပုဒ်လေးများ။

- ၀ိပဿနာ၊ ဉာဏ်ဆိုတာ၊ ဘယ်ဟာ ရှု၍ ဖြစ်သနည်း။
       စွဲလန်းနိုင်ရာ၊ ငါးခန္ဓာ၊ မှန်စွာရှု၍ ဖြစ်သတည်း။
- ဘယ်အကျိုးငှါ၊ ထိုခန္ဓာ၊ ဘယ်ဟာရှုရပါသနည်း။
      မစွဲဖို့ရာ ဖြစ်စဲမှာ၊ မှန်စွာရှုရပါသတည်း။
- ဖြစ်ခိုက်မရှု၊ ရုပ်နာမ်စု၊ စွဲမှုဝင်ရောက်သည်။

Thursday, November 12, 2015

ဓမ္မနဒီ စီးဆင်းခဲ့သည်မှာ (၂ နှစ် ၆ လ) ပြည့်မြောက်


(၁၂.၁၁.၂၀၁၅) ယနေ့ ဓမ္မနဒီ စီးဆင်းခဲ့သည်မှာ (၂ နှစ် ၆ လ) ပြည့်မြောက်ခဲ့ပါပြီ...။
ဓမ္မနဒီ Likes 45729 ရှိပါပြီ။
စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးကိစ္စတွေနဲ့ မအားလပ်တဲ့ကြားက ရသလောက် အချိန်ကလေးကို
ဝင်ရောက်၊ လေ့လာ၊ ရေးသား၊ ဖတ်ရှု၊ ဓမ္မဒါနအဖြစ် ဓမ္မစာပေ၊ ဘုရားပုံတော်၊ ဆုတောင်း၊

ကုသိုလ်ပယ်နိုင်ပုံ၊ အကုသိုလ်ကံ ပယ်နိုင်ပုံနည်း။


                                                        ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာတို့မှာ အကုသိုလ်ကံတွေရှိနေလို့ ဝဋ်လိုက်တာလား
ဒကာ။ ။ ကုသလာ ကုသလံ ဇဟံ၊ ၊ ကုသိုလ်ကံ အကုသိုလ်ကံတွေကို ပယ်စွန့်တော်မူပြီးကြပြီလို့လည်းဆိုသေးရဲ့၊ မြတ်စွာဘုရားမှာ ဝဋ်တော် တဆယ့်နှစ်ပါး လိုက်တယ်လည်း ဆိုသေးရဲ့။

Wednesday, November 11, 2015

အဆိုးဝါးဆုံးသော ရောဂါဆိုတာ ဘယ်ရောဂါမျိုးလဲ


အဆိုးဝါးဆုံးသော ရောဂါဆိုတာ ဘယ်ရောဂါမျိုးလဲ
ဒကာ။ ။ အနာအမျိုး ၉၆ ပါးထဲမှာ လူသားတွေကို အနှိပ်စက်ဆုံး အဆိုးဝါးဆုံး အလွန်ကဲဆုံး နေ့ရှိသမျှ နှိပ်စက်နေတဲ့ ရောဂါမျိုးကို ဗုဒ္ဓဘုရား ဟောကြားချက်များ ရှိပါသလား ဆရာတော်။

ကာလာမသုတ် အနှစ်ချုပ်။

       တရားချစ်ခင် သူတော်စင် ပရိသတ် အပေါင်းတို့ ဒီ ကာလာမသုတ္တန်ရဲ့ အနှစ်ချုပ်ကို
ကြည့်မယ်ဆိုရင် (က) မြတ်စွာဘုရားက အမှန်တရားကို ရှာဖွေတဲ့အခါမှာ====
    ၁။ တစ်ဆင့်ကြားစကားနဲ့လည်း မရှာနဲ့။ မဆုံးဖြတ်နဲ့။
    ၂။ ယုတ္တိဗေဒ ဆိုတဲ့အစဉ်အလာနဲ့လည်း မရှာနဲ့။ မဆုံးဖြတ်နဲ့။
    ၃။ လူပြောသူပြော ဒီလိုတဲ့ ဆိုတာနဲ့လည်း မရှာနဲ့။ မဆုံးဖြတ်နဲ့။

ကုသိုလ်ကောင်းမှုပြုလုပ်ပြီး အမျှအတမ်းပေးဝေခြင်းအကျိုး။

         ကုသိုလ်ကောင်းမှု ပြုလုပ်ပြီး အမျှအတမ်း ပေးဝေတာကို မြတ်စွာဘုရားက “ဉာတိဓမ္မ”
ဆွေမျိုးတွေ လိုက်နာကျင့်သုံးရမယ့် ၀တ္တရားအဖြစ်ဖြင့် ဟောထားတာဖြစ်လို့ လုပ်သင့်လုပ်
ထိုက်တဲ့ကိစ္စ၊ အကျိုးရှိတဲ့ လုပ်ရပ်တစ်ခု ဖြစ်ပါတယ်။
၁။ ကုသိုလ်ကောင်းမှုပြုရင် ပြုတဲ့ပုဂ္ဂိုလ်မှာ အကျိုးဖြစ်ထွန်းစေတယ်။

နိကာယ် ၅ ပါး။

        နိကာယ် ၅ ပါးမှာ ==
၁။ ဒီဃနိကာယ် = သုတ်သုံးကျမ်း။
၂။ မဇ္ဈိမနိကာယ် = ပဏ္ဏာသသုံးကျမ်း။
၃။ သံယုတ္တနိကာယ် = သံယုတ်ငါးကျမ်း။

မိဘမျိုးရိုး သွေးဗုဒ္ဓဘာသာ။

     မဟာသက္ကရာဇ်(၁၀၃)ခုနှစ်၊ ကဆုန်လပြည့်နေ့၌ သဗ္ဗညုဘုရားအဖြစ်သို့ ရောက်တော်မူ
ကာ ဝေနေယျသတ္တ၀ါတို့အား တရားရေအေး တိုက်ကျွေးတော်မူ ပါတယ်။  တတိယဓည၀တီကို
ရခိုင်ဘုရင် “စန္ဒာသူရိယမင်း” က မဟာသက္ကရာဇ်(၉၇) ခု၊ ဘီစီ(၅၈၀) ခုနှစ်မှာ စတင်တည်ထောင်
ခဲ့ပါတယ်။  မဟာသက္ကရာဇ်(၁၂၃)ခုနှစ်၊ အရောက်၊ တစ်နေ့သောအခါ မဇ္ဈိမဒေသ(အိန္ဒိယပြည်)၌

Tuesday, November 10, 2015

ဗုဒ္ဓက ဘာလို့ ရှေးဘဝ နောက်ဘဝ ယုံခိုင်းသလဲ

စာရေးသူမှာ ဥရောပသား မိတ်ဆွေ ရှိပါတယ်။ သူတို့လည်း လူငယ်တွေ ဖြစ်ကြပြီး ဘာသာရေး အကြောင်း ပြောဖြစ်တဲ့ အခါ သူတို့ဟာ ဘယ်ဘာသာကိုမှ မကိုးကွယ်ကြောင်း သိရတော့ အင်မတန် အံ့သြ မိပါတယ်။ ဒါက သက်သက်ပါ။ ဗုဒ္ဓ ဘာသာနဲ့ ပက်သက်ပြီး ပြောဆိုမိတာ ကတော့ ရှေးဘဝ နောက်ဘဝ အကြောင်း ဖြစ်ပါတယ်။ သူ့ အနေနဲ့ ရှေး ဘဝ (Past Existence of life) နဲ့ နောင်လာမယ့် ဘဝ (Future Life) အပေါ်မှာ အယုံအကြည် မရှိပါဘူးတဲ့။ လက်ရှိ ဆင်းရဲနေသူတွေ အင်မတန် ဆင်းရဲပြီး ဒါဟာ ရှေးဘဝ အကုသိုလ်ကြောင့်၊ ချမ်းသာတဲ့ သူတွေ ကျပြန်တော့လဲ ဒါက ရှေးဘဝ

Monday, November 9, 2015

“ရိုးသားခြင်းဆိုတာ ဂုဏ်တစ်ခုပါ”

တစ်ချို့က “ရိုးလွန်းရင် အ တယ်” လို့ ပြောတတ်ကြပါတယ်။မအ ပါဘူး။
ရိုးသားခြင်းဆိုတာ “ဂုဏ်” တစ်ခုပါပဲ။

အမှန်တော့ မရိုးမသား လည်တဲ့သူကသာ တကယ် “အ” တာပါ။ တစ်ချို့ ရိုးသားမှုမရှိ ၊
ကိုယ့်ကိုကိုယ် အဟုတ်ထင်ပြီး လုပ်ချင်သလိုလုပ်ကာ အများအမြင်မှာ “လည်တယ်”လို့

မြတ်စွာဘုရားထုတ်ပြတဲ့ ကာလာမသုတ် အချက်(၁၀)ချက်။

        မြတ်စွာဘုရားက ဒီသုတ္တန်မှာ အချက်(၁၀)ချက်ကို ထုတ်ပြပါတယ်။==
         နံပါတ်(၁)က “မာ အနုဿဝေန” တစ်ယောက်ယောက်က မင်းတို့လာပြောတာ၊
အနုဿဝ မှ အနု ဆိုတာ တစ်ဆင့်၊ သ၀ ဆိုတာကြားတာ သို့မဟုတ် တစ်ယောက်က လာပြီး
ပြောတဲ့ စကားကို အနုဿဝ လို့ခေါ်ပါတယ်။ လောကမှာ တဆင့်စကား ဆိုတာတွေနဲ့ လူတွေ
ဟာ လက်ခံပြီး ယုံကြည်နေကြပါတယ်။ အရပ်ထဲမှာ ပိုဆိုးပါတယ်။ အတင်းအဖျင်း စကားတွေ

သူတော်ကောင်းတို့ ကြွေးကြော်သံ။

  ငါ့ရှင်တို့  ...
      ငါတို့သည် ....
၁။ “ မသူတော်တရား မထွန်းကားမီ ”
    “ သူတော်ကောင်းတရား မကွယ်ပမီ ”
၂။ “ ၀ိနည်းမဟုတ်သောတရား မထွန်းကားမီ ”
    “ ၀ိနည်းတရား မကွယ်ပမီ”
၃။ “ အဓမ္မ၀ါဒီပုဂ္ဂိုလ်တို့ အားမရှိမီ ”

သေသူအတွက် ကူးတို့ခ

      ကူးတို့ခထည့်သည့် ဓလေ့ထုံးစံသည် မှားယွင်းသော ယုံကြည်မှုဖြစ်ပါသည်။ လူသေ
သောအခါ သေသူ၏ခန္ဓာကိုယ်က ၀ိဉာဉ်လိပ်ပြာထွက်သွားပြီး၊ ထိုဝိဉာဉ်လိပ်ပြာကလေးသည်
“ငွေတစ်မတ်/ကူးတို့ခ”ပါမှ နောက်ဘ၀သို့ ကူးပြောင်းနိုင်သည်ဟူသော ယုံကြည်ချက်သည်
ထေရ၀ါဒဗုဒ္ဓဓမ္မနှင့် ဆန့်ကျင်ဖီလာဖြစ်၏။ ထေရ၀ါဒအလိုအရ သေသူ၏ ခန္ဓာကိုယ်မှ

သံသရာရှည်တာ သံသရာလည်တာ ဘယ်သူ့ ကြောင်လဲ

        လောကမှာ သိနိုင်ခဲတယ်၊ သူများနားလည်အောင် ပြောရတာလဲ ခက်ခဲတယ်၊ ရှင်းရတာလဲ ခက်ခဲတယ်၊
 နားထောင်ရတာလဲ  ခက်ခဲတယ်၊ ရှင်းအောင် နားလည်ဖို့  မလွယ်တဲ့အရာ လေးမျိုး ရှိတယ်။  ၁။သစ္စာလေးပါးတရား၊
 ၂။သတ္တ၀ါ၊   ၃။စုတိပဋိသန္ဓေ၊ ၄။ပဋိစ္စသမုပ္ပါဒ် တို့ ဖြစ်ကြတယ်။

Sunday, November 8, 2015

ချီးမွှမ်း ၇ ရက် ၊ကဲ့ ရဲ့ ၇ ရက်

တစ်ခါက မြတ်စွာဘုရားရှင်သည် နောက်လိုက်ရဟန်းငါးရာနှင့်အတူ ကောသမ္ဗီနေပြည်တော်အတွင်း ဆွမ်းခံလှည့်လည်လာစဉ် မာဂဏ္ဍီ မိဖုရားကြီး၏ ခိုင်းစေမှုကြောင့် ကောသမ္ဗီပြည်သားတို့သည် ဆွမ်းမလောင်းရုံမျှမက ရဟန်းတို့ကို ဆဲရေးတိုင်းထွာပြီး သတ်ပြစ်မည် ရိုက်ပြစ်မည် ဆိုပြီး ခြိမ်းခြောက် ဆဲရေးကြတယ်။