အချို့(ကေစိ)ဆရာတို့က ငရဲစောင့် (ငရဲထိန်း)ဟူသည် မရှိ၊ ယန္တရားနှင့်တူသည်ဟုဆိုသည်။
၎င်းအဆိုသည် အဘိဓမ္မာနှင့် ဆန့်ကျင်သည်။ သမာန ဆရာတို့က ငရဲထိန်းရှိသည်။ လူပြည်တွင်
တာဝန်ထမ်းရသော အာဏာသား၊ လူသတ်သမားတို့နှင့် အလားတူသည်ဟု ဆိုပါသည်။
Saturday, January 31, 2015
ဓမ္မကို အလေးထားပါ။
မြတ်စွာဘုရား ဟောတဲ့ တရားဓမ္မဟာ ကိုယ်ကျင့်သီလအကြောင်း ဟောတာရှိပါ
တယ်၊ သမာဓိအကြောင်း ဟောတာရှိပါတယ်၊ ပညာအကြောင်း ဟောတာရှိပါတယ်။
ကိုယ်ကျင့်သီလဆိုတာ ဘယ်လို ကောင်းကျိုးချမ်းသာတွေ ရစေနိုင်တယ်၊ သမာဓိတရားဆို
တာ ဘယ်လိုကောင်းကျိုးချမ်းသာတွေ ရစေနိုင်တယ်၊ ပညာတရားဆိုတာ ဘယ်လိုကောင်း

ကွယ်လွန်ပြီးနောက် သရဏဂုံတင်တဲ့ရည်ရွယ်ချက်။
ကွယ်လွန်ပြီးနောက် အလောင်းကို သရဏဂုံတင်မှုဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ ထုံးစံတစ်ခု
ဖြစ်နေပါပြီ။ ဘယ်လောက်ပဲ ဆင်းရဲနိမ်းပါးပါစေ ကျန်ရစ်သူ မိသားစုတွေက သရဏဂုံတင်ဖြစ်
အောင် ကြိုးစားတတ်ကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အလောင်းကို သရဏဂုံတင်ခွင့် မရ
လိုက်တဲ့ အခါမျိုးမှာ အင်မတန် ၀မ်းနည်းပက်လက် ဖြစ်တတ်ကြပါတယ်။

သာသနာဆိုတာ။ (သင် ခွဲခွဲခြားခြား သိပြီလား၊)
“သာသနာ” လို့ ပြောလိုက်ရင် ရဟန်းသံဃာတွေကို ပြောတာလိုလို၊ ဘုရားစေတီပုထိုးကို
ပြောတာလိုလို၊ ကျောင်း ကန် ဇရပ် သိမ်စတဲ့ အဆောက်အအုံကို ပြောတာလိုလို ယောင်ဝါးဝါး
ဖြစ်သွားတတ်ကြပါတယ်။
“သာသနာ” ဆိုတာ ပါဠိစကားပါ။ အဆုံးအမလို့ အဓိပ္ပါယ် ရပါတယ်။ ၄၅ ၀ါ ကာလတိုင်

နေရာတိုင်းမှာ ဥပေက္ခာ။
* မေတ္တာနဲ့
ကိုယ်ကောင်းကျိုးရစေချင်တိုင်းလည်း
သူရတာမဟုတ်၊ သူ့ကံရှိမှ သူရတာ။
* ဂရုဏာနဲ့
ကိုယ်ဆင်းရဲ လွတ်စေချင်တိုင်းလည်း
ကိုယ်ကောင်းကျိုးရစေချင်တိုင်းလည်း
သူရတာမဟုတ်၊ သူ့ကံရှိမှ သူရတာ။
* ဂရုဏာနဲ့
ကိုယ်ဆင်းရဲ လွတ်စေချင်တိုင်းလည်း
အကြောင်း အကျိုး။
ရှင်အဿဇိက““ယေ ဓမ္မာ ဟေတုပ္ပဘ၀ါ၊ တေသံ ဟေတုံ တထာဂတော အာဟ။
တေသဉ္စ ယော နိရောဓော၊ ဧ၀ံ ၀ါဒီ မဟာသမဏော။””
ယေ ဓမ္မာ- အကြင် အကျိုးတရားတို့သည်၊ ဟေတုပ္ပဘ၀ါ - အကြောင်းတရားကို
အခြေခံ၍ ဖြစ်ပေါ်လာကြပေကုန်၏၊ တေသံ- ထို အကျိုးတရားတို့ရဲ့၊ ဟေတုံ- အကြောင်း

ခွက်ကလေးနဲ့ အ၀တ်စုတ်။
ရှေးတုန်းက သာဝတ္ထိပြည်မှာ သိပ်ဆင်းရဲတဲ့ ကလေးလေးတစ်ယောက် စုတ်ပြတ်နေတဲ့
ပုဆိုးကလေးကို ၀တ်ထားပြီး ခွက်ကလေးဆွဲပြီးတော့ ခုနစ်နှစ်အရွယ် ကလေးလေးက သူ
တောင်းစားဘ၀ ရောက်နေတယ်၊ အဲဒီလို အ၀တ်ကလည်း စုတ်ပြတ်ပြီး ခွက်လေးဆွဲပြီး တောင်း
စားနေတဲ့ ကလေးလေးကို ရှင်အာနန္ဒ တွေ့တဲ့အခါကျတော့ သနားလို့ အရှင်အာနန္ဒက ခေါ်ပြီး

ဗုဒ္ဓဘာသာရဲ့ အဓိပ္ပါယ်။
“ ဗုဒ္ဓဘာသာ ” ဆိုတဲ့ စကားရပ်ဟာ ပါဠိကနေ ဆင်းသက်လာတဲ့ စကားရပ် ဖြစ်ပါတယ်။
ဗုဒ္ဓပုဒ် နှင့် ဘာသာပုဒ်ကို တွဲစပ်ထားတာပါ။ ဗုဒ္ဓပုဒ်ရဲ့ အဓိပ္ပါယ်မှာ= သစ္စာလေးပါးကို ကိုယ်တိုင်
သိပြီး အခြားသူတွေကိုလည်း သိစေတော်မူလို့ ရှင်တော်မြတ်ဘုရားကို “ ဗုဒ္ဓ “ လို့ ခေါ်ပါတယ်။
ဘာသာပုဒ်ကတော့ (က) ပြောဆိုတဲ့စကား၊ (ခ) အလေ့အကျင့်၊ (ဂ) သင်ယူစရာ စာပေ၊ (ဃ) အ

ကိလေသာ (၁၄) ပါး။
ကိလေသာ (၁၄) ပါးမှာ==
၁။ လောဘ = တပ်မက်တောင့်တခြင်း။
၂။ ဒေါသ = ခက်ထန်ကြမ်းကြုပ်ခြင်း။
၃။ မောဟ = အမှန်ကို မသိဘဲ မိုက်မဲခြင်း။
၎။ မာန = ထောင်လွှားတက်ကြွခြင်း။
၁။ လောဘ = တပ်မက်တောင့်တခြင်း။
၂။ ဒေါသ = ခက်ထန်ကြမ်းကြုပ်ခြင်း။
၃။ မောဟ = အမှန်ကို မသိဘဲ မိုက်မဲခြင်း။
၎။ မာန = ထောင်လွှားတက်ကြွခြင်း။
Friday, January 30, 2015
အမြဲသွားနေတယ်။
* အချိန်သည်လည်း၊ မရပ်ဘဲ
အမြဲ သွားနေတယ်။
အရွယ်သည်လည်း၊ မရပ်ဘဲ
အမြဲ သွားနေတယ်။
ရုပ်နာမ်သည်လည်း၊ ပျက်မစဲ
အမြဲ သွားနေတယ်။
အရွယ်သည်လည်း၊ မရပ်ဘဲ
အမြဲ သွားနေတယ်။
ရုပ်နာမ်သည်လည်း၊ ပျက်မစဲ
“လောကကြီးကို အလေးထားပါ။”
လောကလူတွေက ကုသိုလ် လုပ်ဖို့ထက် အကုသိုလ်လုပ်ဖို့က ပိုလွယ်ကြပါတယ်။
လွယ်တဲ့အခါကျတော့ ဆိတ်ကွယ်ရာလို့ ထင်ပြီဆိုရင် အကုသိုလ်ဘက်ကို စဉ်းစားကြပါတယ်။
အများစုက ဘယ်သူမှမရှိဘူး ဆိုလို့ရှိရင် မကောင်းတဲ့ဘက်ကို စဉ်းစားကြတယ်၊ “ ဘယ်သူမှ
မရှိဘူး၊ ငါ တရားထိုင်မယ် ” ဆိုတာ အနည်းစုသာရှိပါမယ်။ အင်မတန်မှနည်းပါတယ်။ ဒီတော့

Thursday, January 29, 2015
ဘယ်တရားက အိပ်ပြီး၊ ဘယ်တရားက နိုးပါသလဲ ?။
သာဝတ္ထိပြည် ဇေတ၀န်ကျောင်း ညချမ်းမှာ နတ်သားတစ်ယောက်က ဘုရားရှင်အား
မေးမြန်းရာတွင် (၁) ဘယ်တရားက အိပ်နေပြီး၊ ဘယ်တရား နိုးသလဲ ?၊ (၂) ဘယ်တရား နိုးပြီး
ဘယ်တရား အိပ်သလဲ ?၊ ဘယ်တရားက ကိလေသာကို သိမ်းပိုက်မလဲ ?။
ဘုရားရှင်က ငါးပါးသော တရားတွေ အိပ်နေတဲ့အချိန်မှာ ငါးပါးသောတရားတွေ နိုးနေပါ

ဧတဒဂ်ရသော ရဟန်းမိန်းမ (၁၃) ယောက်။
ဧတဒဂ်ရသော ရဟန်းမိန်းမ (၁၃) ယောက်မှာ==
၁။ မဟာပဇာပတိဂေါတမီထေရီ = နေ့ည အပိုင်းအခြားကို သိတတ်သော အရာ၌ ဧတဒဂ်ရသည်။
၂။ ခေမာထေရီ = ပညာကြီးသည့်အရာ၌ ဧတဒဂ်ရသည်။
၃။ ဥပ္ပလ၀ဏ်ထေရီ = တန်ခိုးအရာ၌ ဧတဒဂ်ရသည်။

မိဘကျေးဇူး အကျေ ဆပ်နည်း။
* စိတ်ထားမတတ်သေးတဲ့ မိဘ
စိတ်ထားတတ်အောင်
စိတ်ထားတတ်ပြီးသား မိဘ
ပို၍ ပို၍ စိတ်ထားတတ်အောင်
လမ်းညွှန်ဖေးမ ပေးရင်
စိတ်ထားတတ်အောင်
စိတ်ထားတတ်ပြီးသား မိဘ
ပို၍ ပို၍ စိတ်ထားတတ်အောင်
လမ်းညွှန်ဖေးမ ပေးရင်
မြောက်ဦးဆရာတော် ၀န၀ါသီ အရှင်ဝါယာမိန္ဒ၏ သြဝါဒကထာ။
မျက်စိသန်စွမ်း၊ မြင်နိုင်စွမ်းလည်း
မျက်ကန်းသောသူပမာယူ၊ နည်းတူကျင့်ရမည်။
နားမှာသန်စွမ်း၊ ကြားနိုင်စွမ်းလည်း
နားကန်း(ထိုင်း)သောသူပမာယူ၊ နည်းတူကျင့်ရမည်။

ကမ္မဋ္ဌာန်းအားထုတ်သူ၏ ဂုဏ်အင်္ဂါများ။
သမထ ဝိပဿနာဆိုတဲ့ ကမ္မဋ္ဌာန်းတရား အားထုတ်ကြတဲ့နေရာမှာ ပြည့်စုံရမည့်
အင်္ဂါတွေ ရှိပါတယ်။
(၁) သီလစင်ကြယ်ရမယ်။
(၂) ကမ္မဋ္ဌာန်းပေးစွမ်းနိုင်တဲ့မိတ်ဆွေကောင်း၊ ဆရာကောင်းထံချဉ်းကပ်ရမယ်၊

စဉ်းစားပုံချင်း မတူကြပါ။
ကိုယ့်ကိုယ်ကို ဘယ်လိုပြင်မလဲ ?- “ငါဟာ အခု ဒီဘ၀မှာ ကုသိုလ်ကောင်းမှုတွေ
လုပ်ခွင့်ရတယ်၊ ဒီဘ၀မှာ ငါ ကုသိုလ်မလုပ်လိုက်ဘူးဆိုလို့ရှိရင် ငါသေသွားလို့ရှိရင် ငရဲကျ
သွားနိုင်တယ်၊ တိရစ္ဆာန်ဖြစ်နိုင်တယ်၊ ပြိတ္တာဖြစ်နိုင်တယ်” ။ ငရဲ တိရစ္ဆာန် ပြိတ္တာဘုံ
ရောက်သွားလို့ရှိရင် - ကိုယ့်မျက်စိအောက်မှာ ကြည့် - ကြက်ကလေးတွေ၊ ၀က်ကလေး

တစ်ကိုယ်လုံး ပုပ်စော်နံနေသောမထေရ်။
သာဝတ္တိပြည် ဇေတ၀န်ကျောင်းဝင်း၏ အစွန်ကျသော ကျောင်းတစ်ကျောင်း၌ ရဟန်း
တော်တစ်ပါးသည် ညောင်စောင်းပေါ်တွင် လူးလှိမ့်ရင်း ဝေဒနာ အပြင်းအထန် ခံစားနေရ၏။ ရ
ဟန်း၏ ခန္ဓာကိုယ်တွင် အနာလုံးကြီးများသည် သွေးတစိုစို ပြည်တရွှဲရွှဲဖြင့် တစ်ကိုယ်လုံး အပ်ချစရာ
မကျန်အောင် အနှံအပြား ပေါက်လျက်ရှိ၏။ ရဟန်းတော်၏ တစ်ကိုယ်လုံးကား ပုပ်စော်နံနေ၏။

အားမှသေမှာလား ?၊ သေမှအားမှာလား ?။
* ကမ္ဘာပေါ်မှာ၊ နေ့စဉ်နဲ့အမျှ
လူတွေ မရေမတွက်နိုင်အောင်
သေနေကြတာ၊
အားလို့ သေတဲ့မသာ
တစ်ယောက်မှ မရှိပါဘူး။
လူတွေ မရေမတွက်နိုင်အောင်
သေနေကြတာ၊
အားလို့ သေတဲ့မသာ
တစ်ယောက်မှ မရှိပါဘူး။
Wednesday, January 28, 2015
သောတာပန်မတည်နိုင်ခြင်းအကြောင်း။
ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီးက သောတာပန်တည်နိုင် မတည်နိုင်နှင့်
ပတ်သက်၍===
၁။ သူတော်ကောင်းနှင့် မပေါင်းသင်းရလျှင် သောတာပန်မတည်နိုင်။
၂။ သစ္စာတရား မနာကြားရလျှင်လည်း သောတာပန်မတည်နိုင်။
Tuesday, January 27, 2015
ဗုဒ္ဓမိန့်ခွန်း။
* ဖြစ်ပျက်နှစ်ဖြာ၊ မမြင်ပါဘဲ
တစ်ရာအသက်၊ ရှင်သည်ထက်လည်း
ဖြစ်ပျက်နေဟန်၊ ရုပ်နဲ့နာမ်ကို
အမှန်မြင်လျက်၊ ဉာဏ်စဉ်တက်လျက်
တစ်ရာအသက်၊ ရှင်သည်ထက်လည်း
ဖြစ်ပျက်နေဟန်၊ ရုပ်နဲ့နာမ်ကို
အမှန်မြင်လျက်၊ ဉာဏ်စဉ်တက်လျက်
ရဟန်းအတွက် ကြွေးမတင်တဲ့ဆွမ်း။
အကြင်ရဟန်းဟာ လက်ဖျောက်တစ်ချက်တီးလောက် မေတ္တာဘာဝနာ ပွားများ
မယ်ဆိုရင် လက်ဖျောက်တစ်ချက်တီးလောက် မေတ္တာပွားများတဲ့ ပုဂ္ဂိုလ်ရဲ့ အဲဒီ
မေတ္တာဘာဝနာဟာ တိုင်းသူပြည်သားတို့ရဲ့ဆွမ်းကို အချည်းနှီးမဖြစ်အောင် ရွက်
ဆောင်ပေးတဲ့ပုဂ္ဂိုလ်တဲ့၊ မေတ္တာပွားများပြီးတော့ ဆွမ်းစားတဲ့ပုဂ္ဂိုလ်ဟာ ပိုင်စိုးပိုင်

ကိုယ့်ကိုယ်ကို အလေးထားပါ။
ကောင်းအောင်ပြင်ဖို့အတွက် တို့တစ်တွေဟာ အလေးထားစရာသုံးမျိုး မှတ်ထားရ
ပါမယ်။ မြတ်စွာဘုရားက နံပါတ်(၁) ကိုယ့်ကိုယ်ကို အလေးထားပြီးတော့ စဉ်းစားဆင်ခြင်ရ
မယ်။ နံပါတ်(၂)က ကိုယ့်ပတ်ဝန်းကျင် လောကကြီးကို အလေးထားပြီးတော့ ဆင်ခြင်တတ်ရ
မယ်။ နံပါတ်(၃)က တရားဓမ္မကို အလေးထားပြီးတော့ ဆင်ခြင်သုံးသပ်တတ်ရမယ်။

လိုချင်တာကို ရှေ့တန်းတင်လျှင်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဗောဓိကုမာရမင်းသား အကြောင်းဆက်စပ် ကြည့်ရင်၊
သူကခုနှစ်ဆောင်တိုက်ခန်းရှိတဲ့ တိုက်သစ်ကြီးဆောက်တယ်။ တိုက်သစ်ဖွင့်ပွဲမှာ ဘုရားရှင်
ကိုယ်တော်မြတ်ကြီးနဲ့ အရှင်အာနန္ဒာ မထေရ်မြတ်တို့ကို သူကပင့်တယ်။ ဘုရားရှင်နဲ့ သံဃာ
တော်တွေ ကြွလာတဲ့အခါ အပေါ်သို့တက်ဖို့ လှေကားကို အ၀တ်ဖြူကြီး ခင်းထားတယ်။ ဇနီး

အာဃာတ၀တ္ထု (၁၀)ပါး
အာဃာတဆိုတာ ရန်ငြိုးကိုပြောတာပါ။ ဒေါသတို့ ရန်ငြိုးတို့ပေါ့။ ဒီလို
ရန်ငြိုးဖြစ်ကြောင်း (၉)ပါး၊ သို့မဟုတ် (၁၀)ပါးရှိပါတယ်။ အဲဒါတွေ
လွယ်ကူစွာရေတွက်နိုင်ဖို့ မိမိရယ်၊ မိမိချစ်သူ ခင်သူရယ်၊ မိမိမုန်းသူ
ရန်သူရယ် ပုဂ္ဂိုလ်သုံးမျိုးခွဲလိုက်ပြီး
မိမိနဲ့ပတ်သက်လို့ ဒေါသဖြစ်ကြောင်းက သုံးမျိုးရှိပါတယ်။
မိမိနဲ့ပတ်သက်ပြီးဒေါသဖြစ်ကြောင်းတရားသုံးပါးက
၁။ ဒီလူဟာ မိမိကို အကျိုးမဲ့ဖြစ်အောင် ရှေးကလည်း လုပ်ဖူးပြီ၊
၂။ အခုလည်းလုပ်ဆဲ၊

ညစာ စားမှု
သာသနာတော်နှစ် ၁၀၀၊ ခရစ်မပေါ်မီ ( ဘီ၊စီ ) ၃၈၇ အရောက်မှာ
ဘုရားရှင်ဟောကြားခဲ့တဲ့ ပိဋကတ်တရားတော်တွေကို စုပေါင်းရွတ်ဖတ်တဲ့ပွဲကို
ကျင်းပရပြန်တယ်။ ဒုတိယအကြိမ်မြောက် စုပေါင်းရွတ်ဖတ်တဲ့ပွဲဖြစ်လို့
ဒုတိယသံဂါယနာတင်ပွဲလို့ခေါ်တယ်။
(ဒုတိယ – နှစ်ကြိမ်မြောက်၊ သံ – စုပေါင်း၍၊ ဂါယနာ – ရွတ်ဖတ်ခြင်း။)
ဒုတိယသံဂါယနာတင်ပွဲကျင်းပရခြင်းအကြောင်းက
အဲ့ဒီခေတ် အဲ့ဒီအခါက အိန္ဒိယနိုင်ငံ ဝေသာလီပြည် ၀ဇ္ဇီတိုင်းမှာ
မှီတင်းနေထိုင်ကြတဲ့ဘုန်းကြီးတွေက

ဗုဒ္ဓအရှင်နဲ့ ကောသလ ဘုရင်
ကောသလမင်း ကို သောက္ကတီယကျမ်းတွေမှာတော့ ဘုရားလောင်းလို့ တိုက်ရိုက် ပြထားတယ်ဘုရားဟောမူရင်းမှာကျ မပါဘူး
ဒီတော့ ဘုရားလောင်းမဟုတ်ဘူး ဒီလိုလည်း တပ်အပ်ဟြေလို့မရနိုင်သေးဘူး ဘုရားရှင် တရားဟောတဲ့အခါ ဥပမာပေးရင် ဂုဏ်
ရည်တူခြင်းကိုသာ အနီးစပ်ဆုံးပေးတယ် ဗုဒ္ဓဝင်အရပြောမယ်ဆို သိဝိမင်းဇာတ်တော်က ကောသလမင်းကို အကြောင်းပြုပြီးေ
ဟာတာ ကောသလမင်းက အသဒိသအလှူကို လှူပြီး နောက်နေ့ အသဟြတစ်သိန်းတန်အပေါ်ရုံကို လှူလို့ ရဟန်းတွေက ချီးမွမ်း

Monday, January 26, 2015
သံဝေဇနိယ လေးဌာန။
သံဝေဂသည် ထိန်လန့်မှုနှင့်အတူဖြစ်သော/သံဝေဂဉာဏ်ကို ဖြစ်စေနိုင်သော အရာများကို
သံဝေဇနိယဟု ခေါ်ဆိုရပါသည်။ ဖွား၊ ပွင့်၊ ဟော၊ စံ ဟု အတိုကောက် သုံးနှုန်းထားသော ဌာန
မှားမှာ==
၁။ ဖွား= မြတ်စွာဘုရား ဖွားတော်မူသော ဌာနဖြစ်သည့် လုမ္ဗနီဥယျာဉ်။

သူ့ဘ၀ကို ပြောင်းလဲသွားစေတဲ့ တရားတစ်ပုဒ်။
လူ့ရဲ့စိတ်ကိုက “ ပါပသ္မိံ ရမတိ မနော ” တဲ့။ လူ့စိတ်ဟာ မကောင်းတဲ့ဘက်မှာပဲ
ပျော်ကြပါတယ်။ ကောင်းတာနဲ့ မကောင်းတာ ယှဉ်ပြိုင်ပြီးတော့ လွန်ဆွဲမယ်ဆိုရင် မကောင်း
တဲ့ဘက်မှာ စိတ်ကို ပိုဖြစ်ကြပါတယ်။

ရတနာမာရ်အောင် မြောက်ဦးဆရာတော်ကြီး၏ မေတ္တာပို့။
လူနတ်ဗြဟ္မာ၊ သတ္တ၀ါ၊
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ။
အန္တရာယ်ကင်း၊ ဘေးတွေရှင်း၊
လက်ငြင်းချမ်းသာ ကြပါစေ။ ။
သုံးဆယ့်တစ်ရွာ၊ သတ္တ၀ါ၊
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ။
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ။
အန္တရာယ်ကင်း၊ ဘေးတွေရှင်း၊
လက်ငြင်းချမ်းသာ ကြပါစေ။ ။
သုံးဆယ့်တစ်ရွာ၊ သတ္တ၀ါ၊
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ။
နှလုံးသားမှာ သန္ဓေတည်ပြီး အာခံတွင်းက မွေးဖွားကြသူများ။
ဆရာသမားဆိုတာ တပည့်တို့ကို နှလုံးသားနဲ့လွယ်ပြီး အာခံတွင်းက မွေးဖွားပေးကြသူ (ပ၀တ္တိမိဘ)
များ ဖြစ်တယ်။ ဆရာကောင်း တပည့်များဟာလည်း ဆရာတို့ရဲ့ နှလုံးသားမှာ သန္ဓေတည်ခဲ့ပြီး အာခံတွင်း
က မွေးဖွားလာကြသူများ ဖြစ်တယ်။ ဘာကြောင့်လည်းဆိုတော့ ဆရာသမားများဟာ တပည့်တွေအပေါ်
တော်စေချင်၊ တတ်စေချင်၊ လိမ္မာစေချင်တဲ့ မေတ္တာ၊ ဂရုဏာ၊ မုဒိတာတရားတွေ နှလုံးသားထဲမှာကိန်း

မီး (၁၁) ပါး။
မီး (၁၁) ပါးတို့မှာ==
၁။ လောဘမီး = တပ်မက်နှစ်သက်ရသဖြင့် ပူလောင်ခြင်း။
၂။ ဒေါသမီး = စိတ်ဆိုးရသဖြင့် ပူလောင်ခြင်း။
၃။ မောဟမီး = အဟုတ်အမှန်ကို မသိရသဖြင့် ပူလောင်ခြင်း။

မဂ်ဉာဏ်တည်းဟူသော မီးတောက်ကို ရရှိလိုလျှင်။
၁။ မီးကိုအလိုရှိသော ယောက်ျားသည် ရေထဲ၌စိမ်ထားသော ရေသဖန်းသား အစိုတုံးကို
ပွတ်တိုက်ခြင်းဖြင့် မီးထွက်မလာနိုင်။ ထိုယောက်ျား ဆင်းရဲရုံသာရှိသည်။ ထို့အတူ အချို့သော
သာမဏ၊ ဗြဟ္မဏအမည်ခံ ပုဂ္ဂိုလ်များသည် သူတို့ကိုယ်တိုင် ကာမတဏှာအစိုအစေးများ ရှိနေ
ကြပြီး ရေနှင့်တူသော ဇနီးမယား၊ သမီးသား၊ စီးပွားဥစ္စာ၊ ၀တ္တုအာရုံ ကာမဂုဏ်ထဲ၌ နစ်မြုပ်နေ

“ယမမင်းဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ”
ယမမင်းအဖြစ် ငရဲရောက်လာသူများကို စစ်ရသည်။ ယမမင်းသည် တစ်ဦးတည်း ရှိသည်မဟုတ်။
လေးဦးရှိသည် တံခါးလေးပေါက်တွင် တစ်ဦးစီ စောင့်ရသည်။
စိတ်အလှကို ပြင်ဖို့ဆိုတာ။
စိတ်ဖြူစင်အောင်လုပ်တယ် ဆိုတဲ့နေရာမှာ ဘာတွေက မဖြူစင်တာလဲ?၊ ဘယ်အရာတွေ
ကိုယ့်စိတ်ထဲ ရှိနေရင် မဖြူစင်တာလဲ?၊ ဘယ်အရာတွေဖြစ်မှ ဖြူစင်တာလဲ?၊ ဆိုတာလည်း သိဖို့
လိုပါတယ်။ ပြင်ပဗဟိဒ္ဓမှာ ကိုယ့်အ၀တ် ညစ်ပေနေလို့ရှိရင် သိကြပါတယ်၊ ဒါက အ၀တ်ကို ညစ်
ပေစေတတ်တယ်။ ဖုန်တွေ, အရောင်မကောင်းတဲ့ အညစ်အကြေးတွေ ဆိုတာမျိုးပါ။ အဲဒါတွေကို

ဝါလား၊ အရည်အချင်းလား
တည်တည်ငြိမ်ငြိမ် ခန့်ခန့်ငြားငြား လောဘ ဒေါသ သောကတွေကင်းစင်တဲ့မျက်နှာထားနဲ့
ဆွမ်းခံကြွနေတဲ့ ရှင်အဿဇိသွားရာနောက်က ဥပတိဿဆိုတဲ့သူငယ်လေး
မသိမသာ ကပ်လိုက်သွားတယ်။
တစ်နေရာရောက်တော့ ရှင်အဿဇိ ဆွမ်းဘုန်းပေးတယ်။
ဥပတိဿဆိုတဲ့သူငယ် ဘေးနား အသာလေး ထိုင်နေတယ်။
ရှင်အဿဇိလဲ ဆွမ်းဘုန်းပေးပြီးရော သူသိချင်တာကို မေးပါတော့တယ်။
‘အရှင်၊ အရှင့်ကို ကြည့်ရတာ အတော်ငြိမ်းချမ်းမှုရှိတယ်၊
ဒီတော့ အရှင့်ရဲ့ သန္တာန်မှာ တရားထူးရှိမယ်လို့ ယူဆတယ်၊
အဲ့လို တရားထူးများ ရှိလို့ သိထားတယ်ဆိုရင် ပြောပြ ဟောပြစမ်းပါ’ တဲ့။

ဝါ၊ ရာထူး၊ ရိုသေခြင်း
ဝါလား၊ အရည်အချင်းလားဆိုတဲ့ ပို့စ်တစ်ခု တင်ဖြစ်တယ်။
ရေးနေတဲ့စာရဲ့ ဦးတည်ချက်က
သံဃာကို ဘာကြောင့် ဘယ်လိုကိုးကွယ်ရသလဲ ဆိုတာကို ရေးနေတာပါ။
ဒါကို ပြောင်ကြီး (Plain ကြီး) ရေးထားတာ အများကြီးရှိပြီးသားမို့
သိသင့်သိထိုက်တာလေးတွေနဲ့ တွေးမိတွေးရာလေးတွေကို
ကြားညှပ်ပြီး ရေးနေတာပါ။
သာမန်လူတွေထက် သာသနာ့ ညီတော်၊ နောင်တော်များ
လာပြီး ဖတ်ကြတာ တွေ့ရတယ်။ အားပေးကြတယ်။
အားတက်စရာပဲ။

ဒေါက်တာအရှင်ပါရမီ၏ ရင်တွင်းစကား အပိုင်းအစ အတွေးများ
ဒီလိုလေးစဉ်းစားပြီး ဒီလိုလေးလုပ်ဆောင်ခဲ့လို့၊ ကြိုးစားခဲ့လို့ ဒီလိုလေးဖြစ်မြောက်လာတဲ့အခါ ဖြစ်မြောက်လာတာလေးကိုသာ အများက သတိထားကြည့်လို့ရတယ်လေ။ ဘယ်လိုလေးစဉ်းစားလို့ ဘယ်လိုတွေလုပ်ဆောင်ခဲ့ရတယ်၊ ဘယ်လောက်ထိအောင် ကြိုးစားခဲ့ရတယ်ဆိုတာတွေက မြင်ကွင်းရဲ့နောက်ကွယ်မှာပဲ ကျန်နေခဲ့တတ်ပါတယ်။ ဒါကြောင့် သူလို ဖြစ်မြောက်အောင်မြင်ချင်ရင်တော့ သူလိုစဉ်းစား၊ သူလိုလုပ်နိုင်ပါမှ ဖြစ်မယ်ဆိုတာက တကယ်နည်းယူရမယ့် ပညာပါပဲ။
တရားအလုပ်ဆိုတာ။
တရားအလုပ်ဆိုတာ လောဘ၊ ဒေါသ၊ မောဟစတဲ့ အကုသိုလ်စေတသိက်တွေ နည်းနိုင်
သမျှ နည်းအောင်၊ ပါးနိုင်သမျှ ပါးအောင် လျော့ချရပါတယ်။
ပြီးတော့ အောက်ပါဒဿနလေးကိုဖတ်ပြီး ဆင်ခြင်ကြပါ။
= တစ်ကိုယ်ကောင်းဆန်တဲ့... စိတ်နေစိတ်ထားတွေ၊

ဇဋိလသေဌေး။
ဇဋိလသည် ဗာရာဏသီပြည်၌ မွေးဖွား၏။ အမိမှာ အလွန်ဆင်းရဲလှသော အမျိုးသမီးတစ်ဦး
ဖြစ်၏။ ဖခင်မှာ ၀ိဇ္ဇာဓိုရ်တစ်ဦး ဖြစ်လေသည်။ ဇဋိလ၏ ထူးခြားသောကြည်ညိုဖွယ်ဂုဏ်ရည်များမှာ
အောက်ပါအတိုင်း ဖြစ်လေ၏။
ဇဋိလသည် ကုန်သည်တစ်ဦး၏ အိမ်တွင် သားအဖြစ်နေစဉ် ၁၂- နှစ်က ရောင်းမကုန်သော

Subscribe to:
Posts (Atom)