Saturday, October 20, 2018

ကောင်းကျိုးချမ်းသာတွေခံစား စံစားချင်ရင်။

     ရေထဲမှာကျပျောက်သွားတဲ့ ရွှေဆွဲကြိုး ကောက်ရလို့ ပိုင်ရှင်ဆီ ပြန်ပေးခဲ့ပါတယ်။ ရေထဲမှာကျ
ပျောက်သွားတဲ့ ရွှေဆွဲကြိုး ပြန်ရတော့ တအားပျော်ကြတာပေါ့။ သူများကို စိတ်ချမ်းသာအောင်
လုပ်ပေးရတာ ကောင်းပါတယ်။ အဲဒါ ကောင်းကျိုးရပါတယ်။ ကောင်းတာလုပ်ရင် ကောင်းကျိုးရတယ်လို့

သုံးဆယ့်တစ်ဘုံ နှင့် သက်တမ်းများ

 ဘုရားရှင်ဟောကြားထားသော အနန္တစကြ၀ဠာတွင် သတ္တ၀ါတို့သည် သူတို့ ပြုခဲ့သော ကုသိုလ် အကုသိုလ် ကံအလျှောက် ဆိုင်ရာ ဘုံဘ၀တွင် ကျင်လည်ကြရပေသည်။ ကုသိုလ်များသည့် ပုဂ္ဂိုလ်က ကုသိုလ် အကျိုးပေးချိန်တွင်  ကုသိုလ်အကျိုးပေးရာဘုံများဖြစ်သည့် ကာမသုဂတိ(၇)ဘုံနှင့် ဗြဟ္မာ(၂၀)တွင် ရောက်ရှိ ကျင်လည်ကြရပေ သည်။ အကုသိုလ် အကျိုးပေးချိန်တွင် ကာမဒုက်ဂတိ(၄)ဘုံတွင် ကျင်လည်ကြရပေသည်။

လိင် ဆယ်ပါး။

  {ရှင်ကျင့်ဝတ်ကို မလိုက်နာလျှင် ကုသိုလ်ထက် အကုသိုလ်က ပိုများတတ်ပါတယ်။}
         ရှင်ပြု မယ်ဆိုလျှင် လိင် ဆယ်ပါး၊ ဒဏ် ဆယ်ပါးတို့ကို သိထားဖို့လိုပါတယ်။
အောက်ပါ လိင် ဆယ်ပါးမှ အချက်တို့တွင် တချက်ချက်ကို ကျူးလွန်သော ရှင်သာမဏေကို

Friday, October 19, 2018

ကုသိုလ်စစ်တမ်း


ကုသိုလ်စစ်တမ်း

''ကောင်းမူကုသိုလ် ပြုခြင်းသည် ချမ်းသာသုခကို စုဆောင်းသည်မည်၏။
မကောင်းမှုအကုသိုလ်ပြု လုပ်ခြင်းသည် ဆင်းရဲဒုက္ခကို စုဆောင်းနေသည် မည်၏'' ။ (ဓမ္မပဒ)

ပါဠိလို ကုသလ၊ မြန်မာလိုကုသိုလ်ဟုခေါ်တွင်သည်။ ဤကုသိုလ်၏ ဆန့်ကျင်ဘက် ဝိရောဓိတရား မှာ အကုသလ - အကုသိုလ် ပင်ဖြစ်သည်။ ယင်းစက်ဆုတ်ဖွယ်ရာ အကုသိုလ်တရားတို့ကို ဖျက်ဆီးပစ်ခြင်း၊  စိတ်အစဉ်မှာ ကင်းကွာစေခြင်းကြောင့် ကုသိုလ်ဟုခေါ်သည်။ မှန်၏။ အကုသိုလ် တရားတို့ကို ဖျက်ဆီး ကာကွယ်ရာတွင် မဟာကုသိုလ်တို့က တဒင်္ဂပဟာန်အားဖြင့် အခိုက်အတန့်ပယ်ခွာသည်။ မဟဂ္ဂုတ် ကုသိုလ်တို့ကား ဝိက္ခမ္ဘန ပဟာန်အားဖြင့် အချိန်အခါကြာမြင့်စွာ ပယ်ခွာသည်။ မဂ်ကိုသိုလ်တို့ကား သမုစ္ဆေဒပဟာန်အားဖြင့် နောက်ထပ် မဖြစ်ရန် အပြီးသတ် ပယ်ခွာ သည်။

ထာဝရချမ်းသာအောင် နေနည်း။

  လောကလူသားတွေရဲ့  သဘာဝအရ လူဟာအဖေါ်မရှိဘဲမနေတတ်ပါ တခြားသတ္တ၀ါတွေ ကြည့်လိုက်မယ်
ဆိုရင်လဲ အဖေါ်နဲ့  နေကြတာပါ။ ဒီလိုအဖေါ်နဲ့  နေခြင်းအားဖြင့် အကျိုးကျေးဇူးက ဘာလဲ။

Thursday, October 18, 2018

နှစ်တစ်ရာနှင့်တစ်နေ့တာ။

သက်ရှည်ကြာညောင်း၊ ဘ၀ကောင်းဝယ်၊
နှစ်ပေါင်းတစ်ရာ၊ နေတုံပါလည်း၊
ဘာဝနာငွေ့၊ မထုံမွေ့က၊

ဒေါသဆိုတဲ့ တရား


“ဒေါသဆိုတဲ့တရားဟာ အခိုက်အတန့်ကာလ ခဏကလေးသာ ဖြစ်သော အာဂန္တုကဓာတ်ပဲ၊ အစွမ်းကောင်းသော ဝရမ်းပြေးနှင့်တူတယ်။ ဘယ်လိုပင် ဝှေ့ကြသော်လဲ ဒေါသကို ဘယ်သောအခါမှ မထိဘူး။ ”

စွန်းလွန်းဆရာတော်ဘုရားကြီးသည် ဘေးပတ်ဝန်းကျင် မြင်မြင်သမျှသော သတ္တဝါတို့၌ များသောအားဖြင့် လောဘ၊ ဒေါသ၊ မာန တရားတို့သည် သာလျှင် များစွာ ဖြစ်တတ်လေရာ ထိုသို့သော သတ္တဝါတို့ လောဘချင်းပြိုင်ကြ၊ ဒေါသချင်း ပြိုင်ကြ၊ မာနချင်း ပြိုင်ကြသည်တို့ကို မြင်ရတွေ့ရသောအခါ တရားနာတတ်အောင် ဆုံးမသြဝါဒ ပေးသောအားဖြင့် ဆရာတော်ကြီးကိုယ်တိုင် တရားနာခဲ့ပုံကို ဟောတော်မူဖူးသည်။

တွယ်တာမိတဲ့ သင်္ကန်းချောချောလေး။

    တိဿဆိုတဲ့ ရဟန်းတစ်ပါးဟာ သူ့ညီမက ကောင်းကောင်းမွန်မွန် ချောချောလေးရက်
လုပ်ပြီးတော့ လှူလိုက်တဲ့သင်္ကန်းလေး မ၀တ်ရက်သေးလို့ မနက်ကျတော့မှ ၀တ်မယ်ဆိုပြီး
အားတင်းထားတာ ညကျတော့ အစာမကျေတဲ့ရောဂါနဲ့ ပျံလွန်တော်မူတယ်။ ဒီ သင်္ကန်းပေါ်မှာ

Wednesday, October 17, 2018

စိတ်သန့်ရှင်းရေးလေး လုပ်ကြရအောင်



စိတ်ညစ်လာရင် ခါးကို ဖြောင့်ဖြောင့်ထား ...
မျက်လုံးလေးမှိတ် ...လက်အုပ်ကလေးချီပြီး ငါးပါးသီလကို ယူလိုက်ပါ
တစ်ဆက်တည်းပဲ -
“မြတ်စွာဘုရား၊ ဘုရားတပည့်တော် ခန္ဓာကိုယ်ထဲကို သီတင်းသုံးတော်မူ ပါဘုရား”လို့ ပင့်လိုက်ပါ ...

နကုလပိတာနှင့် နကုလမာတာ။

        မြတ်စွာဘုရား လက်ထက်တော်အခါဝယ် “နကုလပိတာ” ဟုထင်ရှားသော သူကြွယ်နှင့်
“နကုလမာတာ” ခေါ် သူကြွယ်ကတော်တို့သည် ရှေးရှေးဘ၀ များစွာကပင် မကွဲမကွာ ဖြစ်လာ
ကြ၍ ယခုဘ၀၌ ဘုရားရှင်ကို ပထမဆုံး ဖူးမြင်ရသည့် အချိန်ကပင် သောတာပန်များ ဖြစ်ခဲ့ရ

Tuesday, October 16, 2018

အကယ်၍ ဒီအချိန်မှာမတော်တဆ(Accident) ဖြင့် ကွယ်လွန်သွားသော်။

      ဗုဒ္ဓဘုရားရှင်တော်မြတ်ကြီး၏ တရားတွေဟာ ပိုလို့ဖြုတ်စရာ မလိုဘူး၊  လိုလို့ဖြည့်စရာ
လဲမရှိဘူး၊ ဘယ်လူ၊ ဘယ်နတ်၊ ဘယ်ဗြဟ္မာ၊ ဘယ်လိုကန့်လန့်တိုက်တဲ့သူကမှ အပြစ်ပြော
စရာမရှိဘူး။

မည်သည့်ကံကမှ မတားမြစ်နိုင်သည့် ကြီးလေးသော ကံ - နှစ်မျိုး

အသေအချာဖတ်ဖို့တော့ လိုပါမည်။ ဗုဒ္ဓဘာသာဝင်ပုဂ္ဂိုလ်တို့သည် မိမိတို့ပြုထားအပ်သော ကံ-ကသာ မိမိတို့ကို ဖြစ်လေရာဘဝတိုင်းတို့၌ အယုတ်အမြတ်စသည်ဖြင့် ဝေဖန်ပေးလျက်ရှိပေသည်။ ကံ၏ စီမံခန့်ခွဲမှုကို ခံယူကြရပေသည်ဟု ယုံကြည်လျက်ရှိကြပေသည်။ ထိုထိုဘဝတို့၌ ဖြစ်ကြရသည့်အခါမှာ အသက်တိုရတာ၊ အသက်ရှည်ရတာ၊ အနာရောဂါများရတာ၊ အနာရောဂါကင်းရတာ၊ အဆင်းလှရတာ၊ အဆင်းမလှရတာ၊ ဘုန်းတန်ခိုးကြီးမားရတာ၊ ဘုန်းတန်ခိုးနည်းရတာ၊ ပစ္စည်းဥစ္စာပေါများရတာ၊ ပစ္စည်းဥစ္စာရှားပါးရတာ၊ အမျိုးမြတ်ရတာ၊ အမျိုးယုတ်ရတာ၊ ပညာဥာဏ်ကြီးမားရတာ၊ ပညာဥာဏ်နည်းပါးရတာ၊ အခြံအရံများရတာ၊ အခြံအရံနည်းပါးရတာ စသည်များကို ကံကပင်လျှင် ဝေဖန်ပေးခြင်း၊ စီမံခန့်ခွဲပေးခြင်း ဖြစ်ပေသည်ဟု မြတ်စွာဘုရားဟောကြားတော်မူသည့်အတိုင်း ကံနှင့် ကံ၏အကျိုးပေးတို့ကို အထူးယုံကြည်အားကိုးလျက် ရှိကြပေသည်။ ထိုကံတို့သည် ရှေ့နောက် အကျိုးပေးသော အစဉ်အားဖြင့် (၄)မျိုးကွဲပြားလျက်ရှိပေသည်။

အားပေးစကား အလိုအပ်ဆုံးအချိန်။

    မြတ်စွာဘုရားက မဟာနာမကို အဆုံးအမပေးပုံက “အမျိုးသား ဥပသကာ တစ်ယောက်
ဖြစ်စေ၊ အမျိုးသမီး ဥပသကာမ တစ်ယောက်ဖြစ်စေ စဉ်းစားဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်ဟာ စဉ်းစား
ဉာဏ်ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက် နေမကောင်းထိုင်မသာဖြစ်လို့ အသက်အန္တရာယ် စိုးရိမ်ရလောက်

Monday, October 15, 2018

မာနဆိုတာ

★ များသောအားဖြင့် ပစ္စည်းဥစ္စာတို့ ရာထူးတို့ရှိလာတဲ့အခါမှာ
လူက မာနတော်တော်ကြီးလာတယ်။ မာနကြီးလာတာကို
Psychic inflation လို့ခေါ်တယ်။
ဘ၀င်မြင့်သွားတာတို့ မာနကြီးသွားတာတို့ဆိုတာဟာ
အတွင်းမှာ Empty ဖြစ်နေတဲ့
သဘောကို ထပ်ဟပ်ပြတာပဲ။ Empty ဖြစ်တဲ့
လက္ခာဏာကိုပြတာပဲ။

မြတ်စွာဘုရား၏ ကာမဂုဏ်ဆိုင်ရာ “အမဲရိုး ဥပမာ”။

     အမဲဖျက်ခြင်း၌ ကျွမ်းကျင်သူသည် အမဲရိုးမှ အသားတို့ကို ဓားဖြင့်လှီး၍ယူ၏။ အထပ်ထပ်
အခါခါ ဓားဖြင့်လှီး၍ယူ၏။ ထို့နောက် အရိုး၌ကပ်နေသော အသားစကလေးများကိုလည်း ဓားဖြင့်
ခြစ်၍ယူ၏။ အထပ်ထပ်အခါခါ ခြစ်၍ယူ၏။ အမဲရိုးသည် အသားမရှိ ပြောင်ရှင်းလျက် ရှိတော့၏။

Sunday, October 14, 2018

***ဓမ္မစကြာလာ တရားဆောင်ပုဒ်များ***

 (၁)ကိုယ်အမူအရာ၊ ဖြစ်တိုင်းမှာ၊
     မှန်စွာသိရမည်။ ။
 (၂)စိတ်အမူအရာ၊ ဖြစ်တိုင်းမှာ၊
     မှန်စွာသိရမည်။ ။

လူတိုင်းသိသင့်သော သုခ ၄ မျိုး။

       ၁။ အတ္ထိသုခ = လူတွေမျှော်လင့်ချက်အတိုင်း အောင်မြင်လာလို့ ရရှိလာတဲ့ ချမ်းသာက
“အတ္ထိသုခ”  ရှိ ချမ်းသာတဲ့။ “ရှိ ” ချမ်းသာဆိုတာ ကိုယ့်မှာ စီးပွားဥစ္စာတွေ အဆင်ပြေလို့
ပစ္စည်းဥစ္စာတွေရှိတယ်။ စိန်ရွှေ ရတနာတွေရှိတယ်။ လူ့ဘ၀ လိုအပ်တာမှန်သမျှ ကိုယ့်မှာ ပြည့်