Saturday, August 8, 2015
ချစ်သူကို တရားဟောပါ
မြတ်စွာဘုရားလက်ထက်တော်က သားအမိနှစ်ယောက်ရှိပါတယ်။ သမီးရဲ့နာမည်က ကေသကာရီလို့ ခေါ်ပါတယ်။
တစ်နေ့အိမ်တံခါးဝမှာထိုင်ပြီး သမီးကအမေ့ရဲ့ဦးခေါင်းမှာ သန်းရှာပေးနေပါတယ်။ အဲဒီအချိန်မှာပဲ ရဟန်းတော်တွေအများကြီး အိမ်ရှေ့က ဆွမ်းခံကြွသွားတာကို
မြင်လိုက်ရပါတယ်။ ဒီတော့ သမီးကေသကာရီက အမေလုပ်သူကိုမေးပါတယ်။
အချစ်ဘယ်က စခဲ့စလဲ
အချစ်အကြောင်းပြောပြီဆိုရင် “အချစ်စတင်ဖြစ်ပုံလေး” 
ပါပြောပြမှ ပြည့်စုံသွားမှာပါ။ အချစ်စတင်ဖြစ်ပုံအကြောင်းလေးကို အကျဉ်းချုပ်လောက်
ပြောပြရအောင်ပါ။
ကမ္ဘာကြီးပျက်တော့ ကမ္ဘာသစ်တစ်ခု ပြန်တည်တဲ့
အခါမှာ ဘယ်သူတွေအရင်ရောက်လာသလဲဆိုတော့ဗြဟ္မာတွေ၊ ဗြဟ္မာ့ပြည်ကနေစုတေပြီး လူ့ပြည်မှာ
ဥပပတ်ပဋိသန္ဓေစိတ်နဲ့ လူလာဖြစ်ကြပါတယ်။
ဥပုသ်သည်များ ရဟန်းတော်များ ညစာ ဘာလို့ မစားရသလဲ?
  ညစာ ဘာလို့ မစားရသလဲ..။
တဏှာနည်းအောင်လို့ ဗျ။ မနက်စားတဲ့ အစာဟာ
တစ်နေ့ လုပ်တဲ့ အားနဲ့ အတူတူ။ တို့ ရဟန်းမှာ တစ်ထပ်နဲ့ တစ်နေ့ စာကို စားရပါတယ်။
ပိုစားရင် သူက သုတ်သွေးဘက်ကို သွားတာ။
ဒီမနက်စားတဲ့အစာသည် တစ်နေ့ တာ လူသားလုပ်ဖို့  တာဝန်ပြီးပြီ။
ညစားတာက အဲဒါ တစ်ညလုံး ဘိန်းဖြူချက်သလိုကို
အိပ်ပြီးတော့ အစာချက်တာ။ရိုးတွင်းချဉ်ဆီကို ပို့ ပေးရတဲ့ဟာ..ညစာက။
ဒါမို့  ရဟန်းက ညစာမစားရတာ။
Friday, August 7, 2015
“ဝိပဿနာမလုပ်ရင် အပါယ်ကျမှာလား”
ဝိပဿနာအလုပ်တွေ မလုပ်ရင် အပါယ်ကျတော့မှာလား။ ဒါနတွေ ပြုနေ
တယ်။ သီလတွေ ဆောက်တည်နေတယ်။ သမထတွေပွားနေတယ်။ အဲဒါတွေ
က သုဂတိမရောက်နိုင်ဘူးလား။
“သုဒတ္တသုတ္တန်”
၁၅၀၀ နဲ့ ၅၂၈ ဘယ်လိုကွာလဲ...?
၁၅၀၀ နဲ့ ၅၂၈
ကောင်လေး၊ ကောင်မလေးတွေဟာ အထာတွေနဲ့ ၁၅ဝဝ-ကို တောင်းတတ်၊ ပေးတတ်ကြပါတယ်။ ၁၅ဝဝ- ဆိုတာ ဘာမှန်းမသိ၊ ညာမှန်းမသိ ရမ်းတောင်းနေတတ်ကြပါတယ်။ တကယ်တော့ ၁၅ဝဝ ဟာ ကိလေသာထုကို ရည်ညွှန်းတာပါ။ သမီးရည်းစား ဇနီးမယားချစ် သက်သက်သာလျှင် မဟုတ်ပါဘူး။ ဆွေမျိုးဉာတိ မောင်နှစ်မ အချင်းချင်းလည်း ၁၅၀၀ ပိုင်ရှင်တွေ ဖြစ်နိုင်ကြပါတယ်။
မွန်မြတ်တဲ့ စိတ်ဓာတ်ဆိုတာ။
        ဆေးရုံမှာ ဆိုလို့ရှိရင် လူ(နာ)တွေရဲ့ အခြေအနေအလိုက် “မေတ္တာ”လည်း ဖြစ်တယ်။
“မုဒိတာ”လည်း ဖြစ်တယ်။ “ဥပေက္ခာ” လည်း ဖြစ်တယ်။ ကိုယ့်သန္တာန်မှာ ဒီလို ဖြစ်လာတဲ့
တရားလေးတွေကိုတန်ဖိုးထားပြီးတော့ မှန်မှန်ကန်ကန် ဒီမွန်မြတ်တဲ့ စိတ်ဓာတ်တွေနဲ့ ပြုစု
ဥပကာရ မိတ်ဆွေ။
၁။ မူးယစ်နေသော မိတ်ဆွေကို စောင့်ရှောက်တတ်၏။
၂။ မူးယစ်မေ့လျော့နေသော မိတ်ဆွေ၏ ပစ္စည်းဥစ္စာကို စောင့်ရှောက်တတ်၏။
၃။ ကြောက်ရွံ့နေသော မိတ်ဆွေ၏ အားကိုးရာဖြစ်၏။
ဝိသုဒ္ဓိ (၇) ပါး။
၁။ သီလ၀ိသုဒ္ဓိ = လူတို့၌လည်း လူတို့အလျောက်၊ ရဟန်းတို့၌လည်း ရဟန်းတို့အလျောက် သီလ
                     စင်ကြယ်ခြင်း။
၂။ စိတ္တ၀ိသုဒ္ဓိ = ကမ္မဌာန်းအားထုတ်သဖြင့် အာရုံထင်မြင်၍ ဥပစာရ ဈာန်စိတ်၏ စင်ကြယ်ခြင်း။
၃။ ဒိဌိဝိသုဒ္ဓိ = ရုပ်နာမ်နှစ်ပါးသာ ဘုံသုံးပါး၌ ရှိသည်ဟု ဧကန်အမှန်မြင်သော နာမရူပ ပရိစ္ဆေဒ
                  ဉာဏ်၏ စင်ကြယ်ခြင်း။
စိတ်ကူးနဲ့ ပုံဖေါ်ပြီး ရှိခိုးပါ။
         လောကသားအားလုံး၏ အနှိုင်းမဲ့ ကိုးကွယ်ရာ ဖြစ်တော်မူသော မြတ်ဗုဒ္ဓသည် ဘုန်းတော်
အနန္တ၊ ကံတော်အနန္တ၊ ဉာဏ်တော်အနန္တတို့နှင့် ပြည့်စုံတော်မူပါတယ်။ ဘုရားရှင်၏ ဂုဏ်ကျေးဇူး
တော်များကို အောက်မေ့နှလုံးသွင်းနေစဉ်၊ ဘုရားရှင်ကို သတိရနေစဉ်တွင် အတွင်းသန္တာန်၌ အ
ပူအညစ်များ ကင်းဝေးဖြူစင် နေပါတယ်။ ဘုရားရှင်ကို သတိရနေသောစိတ်က မကောင်းသော
Thursday, August 6, 2015
သတိတလုံး စွဲမြဲသုံး အဆုံးနိဗ္ဗာန်ရ
                                                                      သတိတရားဆိုတာ အရိယာသူတော်ကောင်းတို့ရဲ့ စံအိမ်ကြီးပါပဲ၊ သတိဆိုတဲ့ စံအိမ်ကြီးမှာ နေလို့ရှိရင် ဘေးဆိုး၊ ကပ်ဆိုး၊ အန္တရာယ်ဆိုးတွေ ကင်းတယ်၊ သတိဟာ ကိလေသာရန်သူတွေရဲ့ ဘေးက လွတ်တဲ့ လုံခြုံမှုရှိတဲ့ စံအိမ်ကြီးပါပဲ။ ဒါကြောင့်မို့ ဘေးကင်းချင်တယ်၊ ရန်ကင်းချင်တယ်ဆိုရင် သတိနဲ့နေကြရမယ်။
အလိုရမ္မက်ကင်းခြင်းသည် မင်္ဂလာတပါး
ရှေးသရောအခါ ဗာရာဏသီပြည်ဝယ် ဘုရင်တပါးစိုးစံသည်။ ထိုဘုရင်တွင် သားတော် ၂-ပါး ရှိရာ သားအကြီးကို အိမ်ရှေ့အရာ ပေးထားသည်။ တနေ့တွင် ဘုရင်နတ်ရွာစံရာ မှူးမတ်တို့သည် သားတော်ကြီးကို ဘုရင်အဖြစ် မြှောက်ကြသည်။ သားတော်ကြီးက ဘုရင်အဖြစ်ကို ငြင်းပယ်လိုက်သည်။ ညီငယ်အား ထီးနန်းကိုပေး၍ နယ်စွန်နယ်ဖျားအရပ်သို့ သွားရောက်နေထိုင်သည်။
ရဟန်းသံဃာ သာမဏေများ၏အရိပ်နင်းသူများ အပြစ်ရှိ-မရှိ
                                                                (ဘဒ္ဒန္တ ၀ါယမသာရ ဖြေဆိုသည်)
(မေး) ( အရိပ်ကို နင်းခြင်းနှင့် ရှောင်ကွင်းခြင်း)
အရှင်ဘုရား၊ ရဟန်းသံဃာ သာမဏေများတို့ ကဲ့ရဲ့စကား မဆိုပေ။
ရဟန်းသံဃာ သာမဏေများတို့ လမ်းတွင်တွေ့က ဦးခိုက်လေ။
အရိပ်ကိုပင် ဖြတ်ကာမနင်းနဲ့ ရှောင်ကာကွင်းလို့ သွားတော့လေ။
အဲဒါမှ ဗုဒ္ဓဘာသာ ပီသပါတယ်လေ။
Wednesday, August 5, 2015
ပရိတ်ရွတ်ဆိုခြင်း အကျိုးကျေးဇူးနှင့် ရှိသင့်သည့် အင်္ဂါရပ်များ
(ဘဒ္ဒန္တ ၀ါယမသာရ ဖြေဆိုသည်)
(မေး) (ပရိတ်ရွတ်ရာ၌)
အရှင်ဘုရား၊ ပရိတ်ကို အသံထွက် မရွတ်ဆိုဘဲ စိတ်ထဲက ရွတ်ဆိုခြင်းသည် အကျိုးအတူတူ ရ-မရ သိလိုပါသဖြင့် မေတ္တာရှေ့ထား၍ ဖြေကြားပေးတော်မူပါရန် ရိုသေစွာ လျှောက်ထားပါသည်ဘုရား။
(ဦးမောင်ဦး-တောင်ငူ)
ပြိတ္တာများ တရားထူး ရနိုင် မရနိုင် နှင့် အသုရကာယ် ဟူသည်
(ဘဒ္ဒန္တ ၀ါယမသာရ ဖြေဆိုသည်)
(မေး) (ပြိတ္တာများ တရားထူး ရနိုင် မရနိုင်)
တန်ခိုးကြီးသော အဆင့်မြင့် ပြိတ္တာများ တရားအားထုတ်၊ ဥပုသ်စောင့်၊ တရားနာကြသည်ဟု ကြားဖူးပါသည်။ မဂ်ဖိုလ်ရော ရနိုင်ပါသလား။ ဖြေကြားပေးတော်မူပါရန် ရိုသေစွာ လျှောက်ထားပါသည်ဘုရား။
ကံအကြောင်း
'ကံဆိုတာဘာလဲ'
“ကမ္မ” ဟူသော ပါဠိစကားကို မြန်မာလို “ကံ”ဟုခေါ်၏။ ထို “ကံ” ဟူသော စကားကို တစ်မျိုးထပ်၍ မြန်မာပြန်လျှင် “အမူ”ဟု ခေါ်ပြန်သည်။ ထိုအမူကား ကိုယ်မူ၊ နူတ်မူ၊ စိတ်မူ အားဖြင့် ၃-မျိုး ကွဲပြား၏။ “ကိုယ်မူ”ဟူသည် လက် ခြေ စသော ကိုယ်အင်္ဂါဖြင့် ပြုရသော လုပ်ငန်းကိစ္စစုတည်း။ ဥပမာ - “သူ့အသက်ကို ကိုယ်တိုင်သတ်ခြင်း၊ အလှူဒါနကို ကိုယ်တိုင်လှူခြင်း ”စသည်တည်း။
Tuesday, August 4, 2015
အပါယ်လေးပါးမှ လွတ်မြောက်စေနိုင်သော ကုသိုလ်(၇)မျိုး
(က) အပါယ်လေးပါး
အပါယ်လေးပါးဆိုတာက ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ အသုရကာယ်တို့ဖြစ်ပါတယ်။ အပါယ်ဆိုတာက (အပါယ) ဆိုတဲ့ပါဠိပုဒ်ကနေဆင်း သက်လာတာပါ။ (အပါယ)မှာ (အပ+အယ) ဆိုပြီးနှစ်ပုဒ်ရှိပါတယ်။ အပ= ကင်းခြင်း၊ အယ= ကုသိုလ်တရား၊ သို့မဟုတ် ချမ်းသာ။ နှစ်ပုဒ်ပေါင်းလိုက်တော့ ကုသိုလ်တို့မှကင်းခြင်း၊ ချမ်းသာတို့မှ ကင်းခြင်းလို့အဓိပ္ပါယ်ရပါတယ်။ ဆိုလိုတာက အပါယ်လေးဘုံးသားတို့မှာ ကုသိုလ်တွေမှကင်းခြင်း၊ ကုသိုလ်တရားတို့ကိုပြုလုပ်နိုင်စွမ်းမရှိခြင်း ချမ်းသာခြင်းတရားတို့မှကင်းခြင်း လို့အဓိပ္ပါယ်ရပါတယ်။ မှန်ပါတယ်။ 
ဘ၀ကောင်းတစ်ခု ရချင်ရင်ငါးပါးသီလလုံခြုံမှဖြစ်မယ်
ဘ၀ကောင်းတစ်ခုရချင်ရင်ငါးပါးသီလလုံခြုံမှဖြစ်မယ်လူ့ဘ၀ရယ်လို့ရလာပြီဆိုရင်
ယေဘုယျအားဖြင့် အရေးကိစ္စ ငါးပါးနဲ့ မလွဲမသွေ ပတ်သက်ရပါမယ်။ လူ့တာဝန်အရေးငါးပါး လို့ဆိုရင်မမှားပါဘူး။ကျန်းမာရေး၊စီးပွားရေး၊အိမ်ထောင်ရေး ၊လူမှုရေးနဲ့ ပညာရေးတို့ပါပဲ။
အချစ်ဟူသည်မှာ
“ သစ်ပင်မှာအမြစ်၊ လူမှာအချစ်" တဲ့ သစ်ပင်
တစ်ပင်ဟာ အမြစ်ရှိမှ ရှင်သန်လို့ရသလို လူဆိုတာလည်း အချစ်ရှိမှ အသက်ရှင်လို့ရတယ်။
အချစ်ဆိုတဲ့ စာလုံးဟာ ´အ နဲ့ ချစ်´ နှစ်လုံးတည်းဖြစ်ပေမယ့် အင်မတန်ပဲ နက်နဲကျယ်ပြန့်ပါတယ်။
လောကရဲ့ဝိညာဉ်ဟာ အချစ်ပဲ။ အချစ်ရှိလို့ လောကဆိုတာ ရှိနေတာ။ အချစ်မရှိရင် လောက
ရယ်လို့ကို မရှိတော့ဘူး။
စိတ်ဓာတ်မွန်မြတ်မှ လုပ်ငန်းလည်း မွန်မြတ်ပါလိမ့်မယ်။
        မွန်မြတ်တဲ့ လုပ်ငန်းတွင် စိတ်ထား ဖြူစင်မှုအတွက် စိတ်ရဲ့အညစ်အကြေးကို သန့်
စင်စေရပါမယ်။ ခန္ဓာကိုယ် အညစ်အကြေး ကင်းစင်မှုထက် စိတ်အညစ်အကြေး ကင်းစင်မှု
ဟာ ပိုအရေးကြီးပါတယ်။ ဆိုပါစို့ .. ဆေါ်ရုံကြီးမှာ ဆေးကုသတဲ့ လုပ်ငန်းဆိုတာ ရောဂါဖြစ်
နေတဲ့ ပုဂ္ဂိုလ်တွေ ရောဂါပျောက်အောင် ကုသပေးတာဆိုတော့ လုပ်ငန်းအနေနဲ့  အလွန်မွန်
မြတ်နိဗ္ဗာန်ခရီးကို တားမြစ်ပိတ်ပင်တတ်သော နီဝရဏတရား (၆) ပါး။
        မြတ်နိဗ္ဗာန်ခရီးကို တားမြစ်ပိတ်ပင်တတ်သော နီဝရဏတရား (၆) ပါးမှာ==
၁။ ကာမစ္ဆန္ဒနီဝရဏ = ကာမဂုဏ် (၅) ပါးတို့၌ တပ်မက်ခြင်း။
၂။ ဗျာပါဒနီဝရဏ = အမျက်ထွက်ခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ခိုက်ရန်များခြင်း။
၃။ ထိနမိဒ္ဓနီဝရဏ = ငိုက်မြည်းခြင်း။
ဒေါက်တာအရှင်ဉာဏိဿရ၏ ကိုယ်ပိုင်ဥစ္စာ ။
       ဗုဒ္ဓဘာသာဝင် မြန်မာတို့သည် ဘုရား၊ တရား၊ သံဃာတည်းဟူသော ရတနာသုံးပါးနှင့် ကံ၊
ကံ၏အကျိုးကို ယုံကြည်ကြပါသည်။ ဗုဒ္ဓမြတ်စွာဘုရားက “ ကံသာလျှင် အမိ၊ ကံသာလျှင် အဖ ”
“ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ” ဟူ၍ ဟောကြားတော် မူခဲ့ပါသည်။ မိမိပြုလေသမျှ ကာယကံ၊ ၀စီ
ကံ၊ မနောကံတို့သည်သာ မိမိ၏ ကိုယ်ပိုင်ဥစ္စာ ဖြစ်ပါသည်။ အိမ်မြေ၊ တိုက်တာ၊ ကား၊ ရွှေငွေ ရ
ဒေါက်တာအရှင်ဆေကိန္ဒ၏ ဘ၀လှအောင်ပြင်ချင်စိတ်။
      ဘုန်းဘုန်းကတော့ အစိုးရမူလတန်းကျောင်းမှာ တစ်တန်းကစပြီး ကျောင်းနေရတယ်။ အဲဒီတစ်
တန်းမတိုင်ခင်က မူကြိုခေါ်မလား၊ သူငယ်တန်းခေါ်မလား မပြောတတ်ပါဘူး။ ဘုန်းဘုန်းတို့ရဲ့  စစ်
ကိုင်းတောင်ရိုးက ရေဦးတိုက်သစ်ဆိုတဲ့ ကျောင်းတိုက်ရှိတယ်။ အဲဒီကျောင်းတိုက်မှာ  ဒီအနီးအနား
ရပ်ရွာတွေက  မူလတန်းအရွယ် ကလေးတွေကို  ပညာရေး ဖြည့်ဆည်းပေးနေတာက   ဆရာတော်
Monday, August 3, 2015
နမော တဿ နဲ့ ဗုဒ္ဓဘာသာ
“နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” ဆိုတဲ့ ပါဠိစကားတော်ကို ဗုဒ္ဓဘာသာများ ရင်းနှီးပြီးသား၊ ရဖူးပြီးသား ဖြစ်ကြပါတယ်။ အထူးသဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြတဲ့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ဘုရားရှိခိုးတိုင်း၊ ဘာသာရေး အခမ်းအနားများရှိတိုင်း ရွတ်ဆိုအသုံးပြု နေကြသလို ဘာသာရေး စာအုပ်များရဲ့ အဖွင့်စာမျက်နှာများမှာလည်း အမြဲတမ်း ရေးသားအသုံးပြုလေ့ ရှိတတ်ကြပါတယ်။ ဒါကြောင့် ဒီစကားတော်ဟာ ဗုဒ္ဓဘာသာတွေအတွက် လူတိုင်းနီးပါး ရနေတဲ့ စကားတော်လို့ ဆိုခြင်းဖြစ်ပါတယ်။
လူသာချင်းတူပါလျှက် ကံကွဲပြားခြားနားပုံ
သုဘလုလင်၏ လျောက်ထားချက်
မြတ်စွာဘုရား….၊  ဤလောက၌ နေထိုင်ကြသူ အပေါင်းတို့သည် လူအချင်းချင်း တူညီကြပါလျက် အရာရာ၌  ညီတူညီမျှ မဟုတ်မူ၍ အယုတ်၊ အလတ်၊ အမြတ် ကွဲပြား ထူးခြားနေကြပါသည်။
ကွဲပြားခြားနားပုံ ---
၁ (က) အချို့ သူတို့မှာ အသက်တို၍၊
   (ခ) အချို့ သူတို့မှာ အသက်ရှည်ပါကုန်သည်။
၂ (က) အချို့ သူတို့မှာ မကျန်းမမာ အနာရောဂါ များ၍၊
“ပြုပြီးသော အကုသိုလ်များကို ပယ်ဖျက်လို့ ရနိုင်ပါသလား”
အခြေအနေ၊ အကြောင်းကြောင်းတွေကြောင့်
လူမှုပတ်ဝန်းကျင်မှာနေထိုင်ကြစဉ်အတွင်း လူတိုင်းလူတိုင်းကိုယ်စီ အမှားမကင်းနိုင်ကြပါဘူး၊
အမှားဆိုတာကလဲ လောကအမှား၊ သံသရာ အမှား၊ တနည်းအားဖြင့်
လောကီအမှား၊လောကုတ္တရာ အမှားလို့ ဆိုရမှာပါ။
အလုပ်ထဲလုပ်ငန်းခွင်ထဲမှာ မိတ်ဆွေတွေကြားမှာ
မိသားစုမှာ စသည် မှားတတ်တာမျိုးကို လောကအမှား၊လောကီ အမှားလို့ ဆိုနိုင်ပါတယ်၊
ပြန်လည်ပြင်ဆင်ခွင့် ရှိနိုင်ပါသေးတယ်။
Sunday, August 2, 2015
ဝတ်ထားတဲ့သင်္ကန်းနဲ့ ကိုယ်နဲ့ ထိုက်တန်ရဲ့လား
မေး ။ အရှင်ဘုရား တပည့်တော် သိချင်တာလေးတစ်ခု  
လျှောက်ထားမေးမြန်းလိုပါတယ် ဘုရား ဦးဇင်းဝိနည်းနဲ့မညီတဲ့ ဦးဇင်းကိုမလေးစားရင် သင်္ကန်းကြောင့် အပြစ်ဖြစ်တယ်ဆိုတာ ဟုတ်ပါသလားဘုရား။
ဖြေ ။ မဟာသမုဒ္ဒရာရဲ့ အံ့ဖွယ်ရှစ်ဖြာထဲမှာ မဟာသမုဒ္ဒရာ အပုပ်ကောင်တွေကို ဘယ်တော့မှ သူထဲမှာ မထားဘူး။ ကမ်းပေါ်ရောက်အောင် ပို့ပစ်တတ်တယ်” တဲ့။
လမ်း (သို့) မဇ္ဈိမပဋိပဒါကျင့်စဉ်
                                                           ဘုရားရှင်ကျင့်ခဲ့တဲ့ (အလယ်အလတ်လမ်းစဉ်) မဇ္ဈိမပဋိပဒါကျင့်စဉ်မှာ အချက် (၈) ချက်ရှိတယ်။ ဒါကို အင်္ဂလိပ်လို Noble Eightfold Path, Middle Way စသဖြင့် အဆင်ပြေသလို
 ပြန်ဆိုကြတယ်။
ချမ်းသာအောင် ဘယ်လိုလုပ်ရပါသလဲ
                                                      လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်း မင်းပြုစဉ် ဘုရားလောင်းသည် အလွန်ချမ်းသာသော သူဌေးဖြစ်၏။ သူ၏ အသက်ခုနစ်နှစ်သားသည် အလွန်ဉာဏ်ပညာကြီး၏။ အကျိုးရှိအောင်လည်း ပြုတတ်၏။ ထိုသူဌေးသားသည် တစ်နေ့ သူ၏ ဖခင်အား   "ဖခင် --- ချမ်းသာအောင် ဘယ်လိုလုပ်ရပါသလဲ" ဟုမေး၏။ ထိုကဲ့သို့ မေးသောအခါ ဘုရားလောင်းဖြစ်သောဖခင်က သားအား --- " သားမောင် ---
ဒိဌိ၏ အထင်မှားမှုကြီးများ။
       မှန်ထဲကပုံကို ငါလို့ပဲ ထင်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ မှန်ကိုဖယ်လိုက်တာနဲ့ တပြိုင်
နက် မှန်ရိပ်ထဲက ပုံရိပ်လွှာဟာ ပျောက်သွားပြီ၊ အဲဒီလိုပဲ ကိုယ် ထင်ပြီးတော့ အားကိုးစရာ အ
ရာတစ်ခုဟာ ဘာမှ အားကိုးစရာ မရှိဘဲနဲ့  မကြာခင်ပဲ သူ့ဟာသူ ပြောင်းလဲပြီး ပျက်စီးတဲ့အ
ရာသာဖြစ်တယ် ဆိုတာကို တို့တစ်တွေ “ဒိဌိမညနာ” မှားယွင်းတဲ့ အထင်မှားမှုတစ်ခုကြောင့်
ဗြဟ္မ၀ိဟာရ ၄ ပါး။
၁။ မေတ္တာ    = ချစ်ခြင်းဖြင့် သတ္တ၀ါပညတ်အပေါ် ပွားများစူးစိုက်ခြင်း။
၂။ ကရုဏာ  = သနားကြင်နာစိတ်ဖြင့် သတ္တ၀ါပညတ်အပေါ် ပွားများစူးစိုက်ခြင်း။
၃။ မုဒိတာ    = သူတပါးကြီးပွားချမ်းသာခြင်း၌ ၀မ်းမြှောက်သောစိတ်ဖြင့် သူတပါးတို့အပေါ်
                   သို့မဟုတ် သတ္တ၀ါပညတ်အပေါ် ပွားများစူးစိုက်ခြင်း။
မြတ်ဗုဒ္ဓ၏ နေ့စဉ်ကိစ္စ ငါးပါး။
        မြတ်ဗုဒ္ဓ၏ နေ့စဉ်ကိစ္စ ငါးပါးမှာ==
၁။ ပုရေဘတ္တကိစ္စ = နံနက်ပိုင်း၌ ဆွမ်းခံကြွတော်မူခြင်း၊ အလှူရှင်တို့အား အခွင့်အားလျော်စွာ
                         အနုမောဒနာပြုခြင်းကိစ္စ။
၂။ ပ စ္ဆာဘတ္တကိစ္စ = နေလွဲအခါ ညပိုင်း၌ ပူဇော်ရန်လာကြသော ဒါယကာ၊ ဒါယိကာမတို့၏ အပူ
လူဖြစ်ရခြင်း၏ အဓိကရည်ရွယ်ချက်။
         ဗုဒ္ဓဘာသာဝင် အများစုသည် အသက်သာ ငါးဆယ်ကျော်၍ ခြောက်ဆယ်နား ကပ်လာ
သည့်တိုင် မိမိ လူလာဖြစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်ကို သိသူအလွန်နည်း၏။ သိရန်လည်း
လေ့လာသုံးသပ်ကြပုံမရှိကြ။ မေးခဲ့လျှင်လည်း ရုတ်တရက် ဘာဖြေရမှန်း မသိအောင် နှုတ်ဆွံ့
သွားကြတတ်ပါသည်။