Saturday, April 26, 2014

လွှဲမှားနေသော စိတ်၏ထွက်ပေါက်များ။

         စိတ်ဖိစီးလာလို့ရှိရင် မှန်ကန်တဲ့နည်းနဲ့ ထွက်ပေါက်ရှာဖို့ မြတ်စွာဘုရားက လမ်းညွှန်ပေး
ထားပါတယ်။ အဲဒီလမ်းညွှန်ချက်အတိုင်း လိုက်နာအားထုတ်မယ်ဆိုရင် မည်သူမျှ စိတ်ပေါက်ကွဲမှု
ဒဏ်တွေကို ခံရမှာ မဟုတ်ပါ။ စိတ်ဖိစီးမှုတွေ ဖြစ်လာရင် မြတ်ဗုဒ္ဓ ညွှန်ပေးတဲ့လမ်းက ထွက်သွား

အသက် ၅၀- ကျော်အရွယ်။

      ဘုရားရှင်တို့သည် အကုသိုလ်   နည်းပါးသော (သို့မဟုတ်) မထင်ရှားသော    လူ.သက်တမ်း
တစ်သိန်း၏ အထက်နှင့် ကုသိုလ်နည်းပါးသော (သို့မဟုတ်) မထင်ရှားလွန်းသော      လူ့သက်တမ်း
တစ်ရာတမ်း၏ အောက်တွင် မပွင့်တော်မူကြပေ။ အကုသိုလ်နှင့် ကုသိုလ် ရောထွေးနေသော   တစ်
သိန်းနှင့် တစ်ရာတမ်း ကြားတွင် ပွင့်တော်မူကြသည်။

ဒိဌိပရဗိုဇ်တို့၏ အသိ။

         လွန်လေပြီးသော နှစ်ပေါင်း ၂၅၀၀ ကျော်က မြတ်စွာဘုရားရှင် ဇေတ၀န်ရွှေကျောင်းတော်
မှာ မွေ့လျော်သီတင်းသုံးစဉ်ကာလ တနေ့တွင် ဘုရားရှင်ရဲ့ တပည့်သာဝကတွေဟာ သင်္ကန်းကိုယ်
စီရုံပြီး ဆွမ်းခံသွားရင်း   အချိန်ကလေး စောနေသေးတဲ့အတွက် ဒိဌိပရဗိုဇ်ကျောင်းကို  ခေတ္တခဏ 
ဝင်ကြပါတယ်။

ဓမ္မဒေသနာကုသိုလ် အစစ်ဆိုတာ။

      ဓမ္မဒေသနာကုသိုလ်ဆိုတာ တရားဟောကြားမှုကို ခေါ်ပါသည်။ ရိုးသားဖြူစင်စွာ မြင့်မြတ်
သောစိတ်ထားဖြင့် ဟောပြောပြသ ဆုံးမပါလျှင် “သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ= အလှူဟူသမျှကို ဓမ္မ
အလှူကနိုင်၏။ ဓမ္မအလှူက အကျိုးပေးသာ၏။” ဟု ဟောပြောတော်မူသည့်အတိုင်း အလွန်အကျိုး

မေတ္တာ ၃ ပါး။

၁။ ဟိတဖရဏ မေတ္တာ = သတ္တ၀ါ အပေါင်းတို့ ဘေးကင်းခြင်းကို လိုလားခြင်း။
၂။ ဥပစာရ မေတ္တာ      = ရန်သူ၊ ချစ်သူ၊ လျစ်လှူရှုသူ၊ ဤ ၃- ယောက်တို့ကို ကိုယ်နဲ့ အတူ
                                ချစ်ခြင်း။

Friday, April 25, 2014

ဆားကို သိမ်းထားမိသော်။

          ဘုရားအလောင်းတော်ဟာ တခုသောဘ၀က ဂန္ဓာရတိုင်းမှာ မင်းဖြစ်နေခဲ့ပါတယ်။ ဂန္ဓာရ
တိုင်းပြည်ဆိုတာ ယခု အိန္ဒိယပြည်၏ အနောက်မြောက် နယ်စွန်းမှာ ကက်ရှမီးရ်ဆိုတဲ့ နယ်နဲ့စပ်နေ
တဲ့ အရပ်ပါပဲ။ အဲဒီ ဂန္ဓာရဘုရင် ဘုရားအလောင်းတော်ဟာ မင်းအဖြစ်မှ သံဝေဂရပြီး  တောထွက်
ရသေ့ရဟန်းပြု နေပါတယ်။

ဆူးလေစေတီမှ ဒေါင်းခံဘုရား။

      ဗုဒ္ဓဘာသာဝင်တို့သည်  မိမိတို့၏နေအိမ်တွင်  မြတ်စွာဘုရား၏ ကိုယ်တော်စား ရုပ်ပွားဆင်း
တုတော်များကို ထားရှိကိုးကွယ်ကြပါသည်။ မြတ်စွာဘုရား၏ မဟာပူရိသလက္ခဏာတော် (၃၂) ပါး
တို့မှ  ရုပ်လုံးဖေါ်ရာတွင် အသုံးပြုသော လက္ခဏာတော် (၂၀) ကို အခြေခံပြီး  လက္ခဏာတော်ငယ်

ကောင်းသော ယှဉ်ပြိုင်ခြင်း။

         ကဿပမြတ်စွာဘုရား လက်ထက်တော်တုန်းက “ဂဝေသီ”လို့ခေါ်တဲ့ ဒကာတစ်ယောက်
ရှိပါတယ်။ လူ ၅၀၀ ပါတဲ့ အဖွဲ့စည်းရုံးပြီး ခေါင်းဆောင်နေပါတယ်။ သူကလည်း ကိုယ်ကျင့်တ
ရားကောင်းတဲ့သူမဟုတ်၊ အကျင့်သီလ မပြည့်စုံပါ။ သူ စည်းရုံးထားတဲ့ အဖွဲ့သားဥပသကာ
၅၀၀ ဟာလည်းပဲ ကိုယ်ကျင့်သီလ မပြည့်စုံကြပါ။

ဗုဒ္ဓါနုဿတိ ကမ္မဌာန်း ကျင့်ကြံနည်း အင်္ဂါ ၇ ပါး။

၁။ ဆိတ်   = ဆိတ်ငြိမ်နေရာ ဖြစ်ရမည်။
၂။ တင်     = တင်ပျဉ်ခွေ ထိုင်ရမည်၊ မိန်းမဖြစ်က မိန်းမထိုင် ထိုင်ရမည်။
၃။ ဖြောင့်  = ကိုယ်ကို ဖြောင့်မတ်စွာ ထားရမည်။

ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန်ပြုရန် ကုသိနာရုံသို့ ကြွခြင်းအကြောင်း ၃ ပါး။

၁။ မဟာသုဒဿနသုတ် ဟောတော်မူလိုသောကြောင့် လည်းကောင်း။
၂။ သုဘဒ္ဒရဟန်း  ရဟန္တာဖြစ်လတ္တံကို သိတော်မူခြင်း။
၃။ ဓာတ်တော်ကြောင့် ၇ -ပြည်ထောင် မင်းတို့ စစ်ဖြစ်မည့်အရေးကို ဆရာဒေါနပုဏ္ဏားက

Thursday, April 24, 2014

နိဗ္ဗာန်တိုင် မျက်မှောက်ပြုနိုင်တဲ့ ပရိတ်တရားတော်။

      ဗုဒ္ဓဘာသာဝင်တွေဟာ ငယ်စဉ်တောင်ကျေး ကလေးဘ၀ကစပြီး “ပရိတ္တ” လို့ခေါ်တဲ့
အန္တရာယ်ကို ကင်းရှင်းစေနိုင်တဲ့ မြတ်စွာဘုရား တရားတော်တွေကို ကျက်မှတ်ကြတယ်။ အ
ခါအားလျော်စွာ ပရိတ်တရားတော်ကို နာယူကြပါတယ်၊ ရွတ်ဖတ်ကြပါတယ်၊ သရဇ္ဈာယ်ကြ

ဧတဒဂ်ဘွဲ့ရ ရဟန္တာထေရ်များ (၄၁)ပါး

၁။ အရှင်ကောဏ္ဍည=ဝါတော်ကြီးရင့်ခြင်း၊ ရတ္တညူအရာ။
၂။ အရှင်သာရိပုတ္တရာ=ဉာဏ်ပညာကြီးခြင်း၊ မဟာပညာအရာ။
၃။ အရှင်မဟာမောဂ္ဂလာန်=တန်ခိုးဣဒ္ဓိပါဒ်ကြီးခြင်း။

ဆရာကောင်းထံ နည်းနာခံ ။

         မြတ်စွာဘုရားရှင် လက်ထက်တော်ကာလတုန်းက မိထွေးတော်ဂေါတမီ အပါအ၀င်
ဘိက္ခုနီမ ငါးရာတို့ဟာ ကောသလမင်းကြီး ဆောက်လုပ်လှူဒါန်းထားသော ရာဇိကာရုံကျောင်း
တော်မှာ သီတင်းသုံး နေတော်မူကြပါတယ်။ တစ်နေ့သောအခါ မိထွေးတော်ဂေါတမီက ဘုရား

ဗုဒ္ဓါနုဿတိကမ္မဌာန်းပွားများသူ၌ ရှိရမည့် အင်္ဂါ ၅ ပါး။

၁။ ယုံကြည်မှုသဒ္ဓါ ရှိရမည်။
၂။ ကျန်းမာသန်စွမ်းမှု ရှိရမည်။
၃။ ဖြောင့်မတ်မှန်ကန်မှု ရှိရမည်။

ပရိနိဗ္ဗာန် ၃ ပါး။

၁။ ကိလေသ ပရိနိဗ္ဗာန် = ဗောဓိပလ္လင်တော်၌ ၁၅၀၀ ကိလေသာ၏ ကုန်ခြင်း။
၂။ ခန္ဓ ပရိနိဗ္ဗာန်         = ကုသိနာရုံ၌ ခန္ဓာငါးပါးတရား၏ ကုန်ငြိမ်းခြင်း။
၃။ ဓာတု ပရိနိဗ္ဗာန်      = သာသနာ ၅၀၀၀ စေ့သောအခါ ဓာတ်တော်အပေါင်းတို့ မဟာဗောဓိ

Wednesday, April 23, 2014

တရားအားထုတ်ပြီး အနန္တော အနန္တငါးပါးကို ပူဇော်ကန်တော့ရန်။

      "ဣမာယ ဓမ္မာနု ဓမ္မာပဋိပတ္တိယာ ဗုဒ္ဓံပူဇေမိ၊
                  ဓမ္မံပူဇေမိ၊ သံဃံပူဇေမိ။"
         ဣမာယ ဓမ္မာနု ဓမ္မပဋိပတ္တိယာ မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန်ဟု
ဆိုအပ်သော ဤလောကုတ္တရာတရား ကိုးပါးအားလျော်သော ကျင့်ဝတ်ပဋိဝတ်

ကောင်းသော ရက်၊ လ၊ နှစ်၊ တွေဖြစ်လာအောင်ဆိုရင်။ ။

        ဗုဒ္ဓမြတ်စွာဘုရားက ပုဗ္ဗဏှသုတ်မှာ အတိအလင်း ဟောထားပါတယ်။ ကောင်းသော ရက်၊
လ၊ နှစ် တွေ ဖြစ်လာအောင်ဆိုရင် နံနက်ခင်းမှာ အပြစ်ကင်းတဲ့ အတွေးတွေတွေးမယ်၊ အပြစ်
ကင်းတဲ့ အပြောတွေပြောမယ်၊ အပြစ်ကင်းတဲ့ အလုပ်တွေလုပ်မယ်။ ဆိုလိုတာက မနက်ခင်းမှာ

သောက ကင်းဝေး နေနိုင်ရေး။

         အရှေ့၊ အနောက်၊ တောင်၊ မြောက် ကျွန်းကြီးလေးကျွန်းအနက် ငါးပါးသီလမြဲသော
ကျွန်းမှာ ဥတ္တရဂုရုခေါ်သော မြောက်ကျွန်း ဖြစ်ပါတယ်။ မြောက်ကျွန်းသူ မြောက်ကျွန်းသား
တို့ဟာ ငါးပါးသီလမြဲသော ကုသိုလ် အာနုဘော်ကြောင့် ==

ဂုဏ်တော်ပုတီးစိပ် အင်္ဂါ ၅ ပါး။

၁။ စိတ်တည်ကြည်ရမည်။
၂။ ပုတီး၌ စိတ်မရောက်စေရ။
၃။ မြတ်စွာဘုရားကို ထင်မြင်အောင် အာရုံပြုရမည်။

ဗုဒ္ဓ ၀စန ၃ ပါး။

၁။ ပထမ ဗုဒ္ဓ၀စန = အနေကဇာတိ သံသာရံ အစချီ၍ ဥဒါန်းကျူးသော စကား၊ ဘုရားဖြစ်တော်
                         မူစ၌ ဟောကြားတော်မူ၏။
၂။ ပစ္ဆိမ ဗုဒ္ဓ၀စန = ဟန္ဒဒါနိ ဘိက္ခဝေ အာမန္တယာမိ အစချီသောစကား။

Tuesday, April 22, 2014

တရားအားထုတ်ခါနီး ပရိကံပြုရန်။

 
         အဟံဘန္တေ သံသရ၀ဋ္ဋ ဒုက္ခတော၊ မောစနတ္ထာယ၊ ဣမံအတ္ထာနံ ဗုဒ္ဓဿ၊
ဓမ္မဿ၊ သံဃဿ၊ အာစရိယဿ၊ အတ္ထာယ ဇိဝိတံ နိယျာဒေမိ ပရိစ္ဆာဇာမိ။
         ဘန္တေ- အရှင်ဘုရား၊ အဟံ- ဘုရားတပည့်တော်သည်၊ သံသာရ၀ဋ္ဋ ဒုက္ခတော-

တောင်တန်းသာသနာပြု ဆရာတော်ဦးဥတ္တမသာရ၏ (လက်တွေ့) မုန်းသူကို ချစ်အောင်လုပ်နည်း။

     မိမိအား သူတစ်စုံတစ်ယောက်က မနာလို မုန်းထားခြင်း ခံနေရလျှင် ထိုသူအား မုန်း
စိတ်ကင်းပျောက်သွားပြီး မိမိကို သနားချစ်ခင်စိတ် ၀င်ရောက်လာစေလိုသော် မေတ္တာ ပို့
လွှတ်ပေးရပါမည်။

ခန္ဓာကိုယ်ကြီး နာချင်နာပါစေ၊ စိတ်မနာပါစေနဲ့။

      တခါတုန်းက နကုလပိတာ ဆိုတဲ့ ဒကာကြီးတစ်ယောက် ရှိပါတယ်။ သူက မြတ်စွာဘု
ရားနဲ့ အလွန်ရင်းနှီးပါတယ်။ ဘ၀ကလည်း မြတ်စွာဘုရားနဲ့ ဆွေမျိုးတော်ခဲ့တဲ့ ဘ၀တွေကများ
တော့ ဘုရားကို သူ့သားလို့ သူကယူဆပါတယ်။ သံသရာက အချစ်နဲ့ မြတ်စွာဘုရား အပေါ်

အသံကိုလုပ်၍ တရားဟောရာ၌ အပြစ် ၅ ပါး။

        အသံကို ဆွဲကာငင်ကာ တမင်သာယာအောင်လုပ်၍ တရားဟောရာ၌ အပြစ် ၅- ပါးကို
ဘုရားရှင် ဟောတော်မူသည်မှာ==
၁။ မိမိအသံကို မိမိပြန်၍ သာယာသော် တဏှာဖြစ်၏။

တရားဂုဏ်တော် ၆ ပါး။

၁။ သွာက္ခာတော = တရားတော်သည် အစ၊ အလယ်၊ အဆုံး ကောင်းသောဂုဏ်။
၂။ သန္ဓိဌိကော = ချီးမွမ်းအပ်သော မဂ်ပညာဖြင့် ကိလေသာကို အောင်တတ်သော ဂုဏ်။
၃။ အကာလိကော = အခါမလင့် ကောင်းကျိုးချမ်းသာ ပေးတတ်သောသူ။

Monday, April 21, 2014

ခင်ပွန်းကြီး(၁၀)ပါးအား ၀န်ချကန်တော့ရန်။

၁။ သဗ္ဗညုတ ဘုရားရှင်များတို့၏ အပေါ်၌ လည်းကောင်း။
၂။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်များ အပေါ်၌ လည်းကောင်း။
၃။ အဂ္ဂသာဝက အရှင်မြတ်များအပေါ်၌ လည်းကောင်း။

မွန်မြတ်တဲ့ စိတ်ဓာတ်ဆိုတာ။

        ဆေးရုံမှာ ဆိုလို့ရှိရင် လူ(နာ)တွေရဲ့ အခြေအနေအလိုက် “မေတ္တာ”လည်း ဖြစ်တယ်။
“မုဒိတာ”လည်း ဖြစ်တယ်။ “ဥပေက္ခာ” လည်း ဖြစ်တယ်။ ကိုယ့်သန္တာန်မှာ ဒီလို ဖြစ်လာတဲ့
တရားလေးတွေကိုတန်ဖိုးထားပြီးတော့ မှန်မှန်ကန်ကန် ဒီမွန်မြတ်တဲ့ စိတ်ဓာတ်တွေနဲ့ ပြုစု

ဓမ္မဒူတ အရှင်ဆေကိန္ဒ၏ ရုပ်ပွားဆင်းတုကိုးကွယ်နည်း။

        ဓမ္မဒူတ အရှင်ဆေကိန္ဒဆရာတော်က ရုပ်ပွားဆင်းတုကိုးကွယ်မှုနဲ့ ပတ်သက်၍ ဤသို့
မိန့်တော်မူပါသည်။ =
         အကျိုးကျေးဇူးတွေရလာအောင် ဘုရားကို ကြည်ညိုတတ်ကြတယ်။ အဲဒီလို ကြည်ညို

တရားနာရာ၌ ရနိုင်သောအကျိုး ၅ ပါး။

        တရားနာခြင်းကို ဓမ္မဿဝန ဟုခေါ်၏။ တရားနာရာ၌ ==
၁။ မကြားဖူးသေးသော အကြောင်းအရာများကို ကြားရခြင်း။
၂။ ကြားဖူးသော အကြောင်းအရာများကို ထပ်၍ ရှင်းလင်းစွာနားလည်ရခြင်း။
၃။ ယုံမှားသံသယ ဖြစ်နေသော အချက်များ၌ ယုံမှားကင်းရခြင်း။

သံဝေဂတရား ၈ ပါး။

၁။ လှပနုနယ်သော ရူပါရုံရှိသော်လည်း နောက်ဆုံး၌ အိုကြရမည်။
၂။ စည်းစိမ်ကြီးကျယ်နေသော်လည်း နောက်ဆုံး၌ ပျက်စီးကြရမည်။
၃။ ချစ်ခင်စွာ ပေါင်းသင်းနေကြရသော်လည်း နောက်ဆုံးတွင် ကွဲပြားကွေကွင်း ကြရမည်။

Sunday, April 20, 2014

တစ်ယောက်ဟူသည်။

         တစ်ယောက်ဆိုတာ ဘယ်သူလဲ။ ဗုဒ္ဓမြတ်စွာပွင့်တော်မူတဲ့ အချိန်မှာလည်းဖြစ်တယ်၊
တရားဓမ္မတွေ ထွန်းကားနေတဲ့ အချိန်လည်းဖြစ်တယ်၊ အဲဒီအချိန်မှာ လူလာဖြစ်တယ်၊ အသိ
ဉာဏ်လည်းရှိတယ်၊ ဟော အဲဒီ ပုဂ္ဂိုလ်ကျတော့ မြတ်သောအကျင့်ကျင့်ဖို့ရာ အခွင့်အလမ်းတွေ

ရှက်စရာကြီးမို့လို့ပါ။

       မြတ်စွာဘုရား ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံး နေတော်မူတဲ့ အချိန်ကာလ...
ရသေ့ အပါးငါးရာတို့ဟာ ဟိမ၀န္တာတောတွင် သီတင်းသုံးနေကြပါတယ်။ တစ်နေ့ ..နွေရာသီ
ကုန်ဆုံးလို့ မိုးရာသီမရောက်မီ စပ်ကူးကာလ အချိန်တွင် ရသေ့အပါးငါးရာတို့ ဒေသစာရီကြွချီ

အရှင်ဆန္ဒာဓိက(ရွှေပါရမီ)ဆရာတော်၏ ဂုဏ်တော်ပွားနည်း။

         ဂုဏ်တော်ကို မည်သို့ နှလုံးသွင်း၍ပွားသင့်ကြောင်း အရှင်ဆန္ဒာဓိက ဆရာတော်က ဤ
သို့ မိန့်တော်မူပါ၏။
       “ = ပွားတော့ စိတ်ထဲကနေ ဘယ်လို ဆင်ခြင်ရမလဲဆိုရင် -- --

ရူပပထမဈာန် အင်္ဂါ ၅ ပါး။

၁။ ၀ိတက်   = မိမိနှင့်အတူတကွဖြစ်သော တရားတို့ကို အာရုံသို့ရောက်အောင် ပို့ပေးခြင်း။
၂။ ၀ိစာရ     = ၀ိတတ်ပို့ပေးသည့်အတွက် အာရုံသို့ရောက်နေသော စိတ်အစဉ်ကို မကင်းကွာ
                    ရလေအောင် အဖန်ဖန် ဆင်ခြင်နေခြင်း။

သတိပဌာန် ၄ ပါး။

၁။ ကာယနုပဿနာ သတိပဌာန် = ကိုယ်၊ ကိုယ်၏ လှုပ်ရှားမှုကို ရှုမှတ်ခြင်း။
၂။ ဝေဒနာနုပဿနာ သတိပဌာန် = ခံစားမှု ဝေဒနာကို ရှုမှတ်ခြင်း။
၃။ စိတ္တာနုပဿနာ သတိပဌာန် = စိတ်ကို ရှုမှတ်ခြင်း။