အကုသိုလ်သည် စုန်လမ်း၊ အသွားရ လွယ်ကူ၏။ သွားသူလည်း များ၏။ သို့သော်
ထိုလမ်း၏ နောက်ဆုံးပန်းတိုင်ကား အပါယ်လေးပါး။
ကုသိုလ်သည် ဆန်လမ်း၊ သွားလာရ ခက်ခဲ၏။ သွားသူလည်း နည်း၏။ သို့သော်
Saturday, August 23, 2014
မိ စ္ဆာဒိဌိဖြစ်မှုနဲ့ သမ္မာဒိဌိဖြစ်မှု။
လူတစ်ဦးတစ်ယောက် အတွေးအခေါ်တွေ မှားသွားအောင်၊ အယူအဆတွေမှားသွားအောင်
မှားယွင်းတဲ့ အတွေးအခေါ်တွေ ရသွားအောင် အကြောင်းနှစ်မျိုး ရှိတယ်။
“ပရတောဃောသ” သူတစ်ပါးထံမှ ဟောပြောပို့ချတဲ့ အသံတွေ၊ ဒါ... အပြင်ဘက်က အ
ကြောင်းတရားပဲ။ “အယောနိသော မနိသိကာရ” ကိုယ်တိုင်က မှန်မှန်ကန်ကန် ဆင်ခြင်နှလုံးသွင်း

အို၊ နာ၊ သေရခြင်းတို့၏ ကြောင်းကျိုးဆက်သွယ်မှုသဘာဝ။
ဗုဒ္ဓမြတ်စွာဘုရားက အို၊ နာ၊ သေရခြင်းတို့၏ ကြောင်းကျိုးဆက်စပ်မှုကို ဆင်ခြင်မိပါတယ်။
အ၀ိဇ္ဖာကြောင့် သင်္ခါရ = အမှန်အတိုင်း မသိမြင်လို့ ဘ၀ဖြစ်ပေါ်ရေး ယခု လက်ရှိဘ၀မှာ ဘဝ
ကောင်း ဘ၀မှန်ဖြစ်ရေး၊ နောက်တမလွန်မှာလဲ ဘ၀ကောင်း ဘ၀မှန်တွေ ဖြစ်ပေါ်ရေးလုပ်မိတယ်။
အ၀ိဇ္ဖာကြောင့် သင်္ခါရ = အမှန်အတိုင်း မသိမြင်လို့ ဘ၀ဖြစ်ပေါ်ရေး ယခု လက်ရှိဘ၀မှာ ဘဝ
ကောင်း ဘ၀မှန်ဖြစ်ရေး၊ နောက်တမလွန်မှာလဲ ဘ၀ကောင်း ဘ၀မှန်တွေ ဖြစ်ပေါ်ရေးလုပ်မိတယ်။
ဘယ်ကျောင်းနေမလဲ မောင်ရေခဲ။(ဖတ်ကြည့်စေချင်ပါသည်။)
စာသင်ကျောင်းကြီး နှစ်ကျောင်းရှိတယ် ဆိုပါစို့။ ပထမကျောင်းက “ ငါတို့ကျောင်းမှာ လာ
နေပါ။ ငါတို့ကို လေးစားအားကိုးပါ။ သင့်မှာ ဘယ်လိုချွတ်ယွင်းချက်တွေ ရှိနေနေ၊ သင် ဘာတွေမှ
အထွေအထူး မကြိုးစားလည်း ကိစ္စမရှိဘူး၊ အချိန်တန်ရင် သင့်ရဲ့ချွတ်ယွင်းချက် မှန်သမျှကိုလည်း
ဖယ်ရှားပေးမယ်။ ဘွဲ့ဒီဂရီတွေလည်း ရစေမယ်။ ရာထူးဂုဏ်ရှိန် စည်းစိမ်ဥစ္စာတွေနဲ့လည်း ပြည့်စုံ

Friday, August 22, 2014
★"ကျီးကန်း နှင့် ကြီးကန်း"★
_______________________
★"ကျီးကန်း နှင့် ကြီးကန်း"★
_______________________
"ကချင်ပြည်နယ်၊၀ိုင်းမော်မြို့အနီး(၀ါရှောင်ဆည်)သို့"ခရီးထွက်ရစဉ်အခါကဖြစ်ပါသည်။စာအမြဲဖတ်လေ့ရှိသောကျွန်တော်သည်ရောက်ရာဒေသတွင်၊"ဖတ်စရာစာအုပ်၊စာပေ"(ဘာလေးဖတ်ရ၊ဖတ်ရ)ရှာဖွေရသည်မှာလည်းတစ်ဒုက္ခဖြစ်ပါသည်။
ကံကောင်းထောက်မ၍ကျွန်တော့်မိတ်ဆွေ၏အိမ်တွင်"အလင်းတန်းဂျာနယ်"အဟောင်းလေး(၁-၅-၂၀၀၉-နေ့ထုတ်)ကို ရှားရှားပါးပါးတွေ့၍ အငမ်းမရ ကောက်ယူဖတ် ရှု လိုက်မိပါသည်။
ထို ဂျာနယ်ထဲမှ "ဟန်(စိတ်ပညာ)"၏ "ဆောင်းပါးလေးတစ်ပုဒ်"ကား ယနေ့တိုင် ကျွန်တော် မှတ်မိနေသေးသည်။
ပုံတော်မှသည်ဂုဏ်တော်ဆီသို့...။
မြန်မာပြည်မှာ ဒက္ခိဏသာခါရုပ်ပွါးတော်ကို အိမ်မှာထားကိုးကွယ်တယ်ဆိုရင်
မီးမလောင်ဘူး၊ မီးကွင်းတယ်ဆိုတဲ့ယုံကြည်ချက်နဲ့ ကိုးကွယ်ကြလို့
ဘုရားရှင်ကို မီးကင်းစောင့်ထားရဲတဲ့ဗုဒ္ဓဘာသာဝင်တွေရဲ့ အကြောင်းကို
အနည်းငယ် ပြောပြခဲ့တယ်။
တချိန်တည်းမှာပဲ ဒက္ခိဏသာခါရုပ်ပွါးတော်ရဲ့ ထုလုပ်ပုံ
ပုံသဏ္ဌာန် အချိုးအစား မကျနပုံကို တင်ပြခဲ့ပါတယ်။
သာသနာပြုသည်ဆိုရာဝယ်
မန္တလေးမြို့၊
ပရိယတ္တိသာသနာ့တက္ကသိုလ်နေတုန်းက အမေရိကမှာ သီတင်းသုံးနေတဲ့ ဆရာတော်
ဦးဥာဏ၀ရ အလည်ပြနကြွလာတယ်။ ရောက်တုန်းရောက်ခိုက် သြ၀ါဒချီးမြှင့်တယ်။
သြ၀ါဒထဲမှာ "သာသနာပြုပုဂ္ဂိုလ်ဟာ ၀ိဇ္ဇာနဲ့သာမက စရဏနဲ့ပါ
ပြည့်စုံဖို့လိုအပ်ကြောင်း" ထည့်သွင်းပြောကြားသွားတယ်။
သာသနာပြုရဟန်းတော်အနေနဲ့ တက္ကသိုလ်စာသင်ခန်းတွေထဲမှာ သင်ရတဲ့
အတတ်ပညာပြည့်စုံရုံနဲ့တင် မလုံလောက်ဘူး။ အကျင့်စရဏနဲ့လည်း
ပြည့်စုံဖို့လိုအပ်ကြောင်း ဆရာတော်ရဲ့သြ၀ါဒကို အဲဒီအချိန်အခါ တုန်းက
နားလည်ခဲ့တယ်။ ဒါပေမဲ့ ပေါ့ပေါ့တန်တန်ပဲ သဘောထားခဲတယ်။
မီးကင်းစောင့်
သီရိလင်္ကာလို့ခေါ်တဲ့သီဟိုဠ်နိုင်ငံမှာ
Vesak Festival လို့ခေါ်တဲ့ ၀ိသာခါပွဲသဘင်ကို ခန်းခန်းနားနားကျင်းပလေ့ရှိတယ်။
ဝိသာခါပွဲသဘင်ကို ၀ိသာခါနက္ခတ်နဲ့ယှဉ်တဲ့လရဲ့ လပြည့်နေ့မှာကျင်းပတယ်။
ဝိသာခါနက္ခတ်နဲ့ယှဉ်တဲ့လဆိုတာ မြန်မာလမှာတော့ ကဆုန်လဖြစ်တယ်။
အင်္ဂလိပ်လမှာတော့ မေလဖြစ်တယ်။
ကဆုန်လ (မေလ)ရဲ့ လပြည့်နေမှာ ၀ိသာခါပွဲသဘင်ကို ကျင်းပလေ့ရှိတယ်။
လောဘပေါင်းမြက်။
အလှူခံပုဂ္ဂိုလ်ဘက်က လှူဒါန်းတဲ့ ဒီစားဖွယ်သောက်ဖွယ်တွေကို မြိန်မြိန်ရှက်ရှက် အရသာခံပြီးတော့
စားတယ်လို့ဆိုရင်ပဲ ဒီမှာ လောဘဖြစ်လာပြီ။
လောဘာဖြစ်လာတော့ လောဘဖြစ်တဲ့ပုဂ္ဂိုလ်မှာ ကိုယ့်ဒါနမျိုးစေ့တွေ ကျရောက်သွားတယ်ဆိုရင်
ဟို .. ပကတိလယ်ထဲမှာ ပေါင်းမြက်တွေရှိတုန်း မျိုးစေ့ချသလို ဖြစ်သွားတယ်။
စားတယ်လို့ဆိုရင်ပဲ ဒီမှာ လောဘဖြစ်လာပြီ။
လောဘာဖြစ်လာတော့ လောဘဖြစ်တဲ့ပုဂ္ဂိုလ်မှာ ကိုယ့်ဒါနမျိုးစေ့တွေ ကျရောက်သွားတယ်ဆိုရင်
ဟို .. ပကတိလယ်ထဲမှာ ပေါင်းမြက်တွေရှိတုန်း မျိုးစေ့ချသလို ဖြစ်သွားတယ်။
နိဗ္ဗာန်ကို တကယ်လိုချင်တာ ဟုတ်မဟုတ်။
သင်္ဂဇာ ဆရာတော်ဘုရားကြီးရဲ့ စကားပုံပေါင်းချုပ်ကျမ်းထဲမှာလာတဲ့ ပုံဝတ္ထုလေးတစ်ခု
ပေါ့။ သူ့နာမည်က ဈေးတောင်က ကိုမောင်တဲ့။ မန္တလေးဘုရားကြီးသွားပြီး နေ့စဉ် ဘုရားရှိခိုးကာ
အော်ကြီးဟစ်ကျယ် ဆုတောင်းတယ်။ “နိဗ္ဗာန်မဂ်ဖိုလ်ကို ရက်တိုတိုနဲ့ ရပါရစေ” တဲ့။
ပေါ့။ သူ့နာမည်က ဈေးတောင်က ကိုမောင်တဲ့။ မန္တလေးဘုရားကြီးသွားပြီး နေ့စဉ် ဘုရားရှိခိုးကာ
အော်ကြီးဟစ်ကျယ် ဆုတောင်းတယ်။ “နိဗ္ဗာန်မဂ်ဖိုလ်ကို ရက်တိုတိုနဲ့ ရပါရစေ” တဲ့။
ဘုရားရှိခိုးခြင်း၏ အကျိုး။ (ဘုရားလက်ထက်တော်အခါက)
မြတ်ဗုဒ္ဓ ရွှေလက်ထက်တော်အခါက “ မဌကုဏ္ဍလီ ” အမည်ရှိ လူတစ်ဦးသည် သေလု
ဆဲဆဲ အိပ်ရာထဲ လဲနေ၏။ ထိုသူသေလျှင် ငရဲသို့ ကျရောက်မည်ဖြစ်ကြောင်း မြတ်ဗုဒ္ဓက မြင်
တော်မူ၏။ မြတ်ဗုဒ္ဓသည် ထိုသူအား ကယ်တင်လိုသဖြင့် ထိုသူနေထိုင်ရာ အိမ်ရှေ့သို့ ကြွ
ရောက်ရပ်တန့်ပြီး ရောင်ခြည်တော်တို့ကို လွှတ်တော်မူသည်။ ထိုသူသည် ဘုရားရှင်အား ဖူးမြင်

လူဝတ်ကြောင်အရိယာ အနာထပိဏ်သေဌေး၏ အလှူကြီးများ။
အနာထပိဏ်သေဌေး၏ ငယ်နာမည်မှာ သုဒတ္တဖြစ်၏။ သူ၏ဖခင်မှာ သာဝတ္ထိပြည်မှ သုမန
သေဌေးကြီး ဖြစ်၏။ ကိုးကွယ်ရာမဲ့သူတို့အား ထမင်းပေးကမ်းစွန့်ကြဲခြင်း၌ မွေ့လျော်သူဖြစ်၍
“အနာထပိဏ်သေဌေး” ဟု ထင်ရှားလေသည်။ အနာထပိဏ်သေဌေး၏ ထူးခြားသော ကြည်ညိုဖွယ်
ဂုဏ်ရည်များမှာ ==
သေဌေးကြီး ဖြစ်၏။ ကိုးကွယ်ရာမဲ့သူတို့အား ထမင်းပေးကမ်းစွန့်ကြဲခြင်း၌ မွေ့လျော်သူဖြစ်၍
“အနာထပိဏ်သေဌေး” ဟု ထင်ရှားလေသည်။ အနာထပိဏ်သေဌေး၏ ထူးခြားသော ကြည်ညိုဖွယ်
ဂုဏ်ရည်များမှာ ==
ကောင်းရာသုဂတိရောက်အောင် စုတေခါနီး ပြုပြင်ပေးရပုံ။
မကျန်းမာခြင်း စသည်ကြောင့် အချို့လူတို့သည် စုတေခါနီးကာလ၌ ဆရာသမားကောင်း
ဆွေကောင်း မျိုးကောင်းများက အာရုံကောင်း ထင်လာဖို့ရာ ပြုပြင်ပေးကြရမည်။ လူမမာသည်
ယခု ရောဂါမှ လွတ်နိုင်တော့မည်မထင်လျှင် လူမမာ၏ အနီးအပါး၌ သန့်ရှင်းနိုင်သမျှ သန့်ရှင်း
အောင် ပြုပြင်ရမည်။ ဘုရားကိုရည်စူး၍ ပန်းများကို ရေမွှေးကောင်းကောင်း ဆွတ်ဖျန်းလျက် လှူ

Thursday, August 21, 2014
ဥပုသ်သည်တို့မှာ သီလတပါးပျက်လျှင် အကုန်လုံး ပျက်ကရောလား
ဒကာ။ ။ ဆရာအချို့က ဥပုသ်သည်ဆိုတာ ကိုယ်ခံယူထားတဲ့ သီလကို အသက်တမျှ ရိုသေစွာ စောင့်ထိန်းရတယ်၊ ရှစ်ပါးသီလထဲက သိက္ခာပုဒ် တပါးပျက်သွားရင် အကုန်လုံး ပျက်စီးကုန်ရောလို့ ဟောပြောဆုံးမကြပါတယ်။
ဆရာအချို့ကတော့လည်း
သည်လိုမဟုတ်ပါဘူးတဲ့၊ ကိုယ်ဆောက်တည် ခံယူထားတဲ့ သိက္ခာပုဒ်တွေထဲက
တပါးပျက်သွားရုံနဲ့ အကုန်လုံး ပျက်မသွားပါဘူး၊
★"တစ်မတ် ကို တန်ဖိုးရှိတယ် ထင်နေသူများ"★
_____________________________________
★"တစ်မတ် ကို တန်ဖိုးရှိတယ် ထင်နေသူများ"★
_____________________________________
တစ်ခုသော "၀ါဆိုလပြည့်နေ့" အခါ က ဖြစ်ပါသည်။
"လွယ်တိန်ခမ်း"တောင်ပေါ်ဘုရား မှအပြန် မိတ်ဆွေ တစ်ဦးအိမ်သို့ရောက်ဖြစ်ခဲ့ပါသည်။အိမ်ထဲဝင်သည်နှင့် စိတ်ဆင်းရဲ
စရာ နှင့်ကြုံရ၏။
" ဟာ-အတော်ဘဲ ထမင်းစားပြီးမှ ပြန်၊ဒီနေ့ (လပြည့်နေ့)လေ။ ပြည့်ပြည့်၀၀လေးဖြစ်အောင်လို့ (ပွဲထိုး)နေတာ"
ဗုဒ္ဓေါ။ "လပြည့်နေ့" မို့ ပြည့်ပြည့်၀၀ဖြစ်အောင် "ပွဲထိုး"နေတာ တဲ့။"အုန်းပွဲ,ငှက်ပျောပွဲ"က လေးငါးပွဲ။အုန်းလက်တွေ၊တံခွန်
ကုက္ကားတွေကလည်းပါလိုက်သေး။"နတ်ကတော်မိန်းမကြီး"က"ကိုးမြို့ရှင်"ကိုယ်တော်ကြီးထံတွင်"ဆု"တွေတသီကြီး
တောင်းလျှက် တစ်ပွဲပြီးတစ်ပွဲတင်မြှောက်ပေးနေသည်။
တောရဆောက်တည်သူတို့၏ အကျိုး ၈ ပါး။
၁။ ဘ၀ဒိဌိဟာန = ဘ၀သည် မြဲ၏ဟူသောသဿတဒိဌိ အယူကို ပယ်ခြင်း။
၂။ ဇီဝိတနိကန္တိပရိစ္စာဂ = အသက်၌ တပ်နှစ်သက်သော နိကန္တိကို စွန့်ခြင်း။
၃။ သဒါယုတ္တ ပယုတ္တ = အခါခပ်သိမ်း ဘာဝနာနှင့် ယှဉ်ခြင်း။
၎။ ၀ိသုဒ္ဓဇီဝတာ = စင်ကြယ်သော အသက်မွေးမှု ရှိခြင်း။
၂။ ဇီဝိတနိကန္တိပရိစ္စာဂ = အသက်၌ တပ်နှစ်သက်သော နိကန္တိကို စွန့်ခြင်း။
၃။ သဒါယုတ္တ ပယုတ္တ = အခါခပ်သိမ်း ဘာဝနာနှင့် ယှဉ်ခြင်း။
၎။ ၀ိသုဒ္ဓဇီဝတာ = စင်ကြယ်သော အသက်မွေးမှု ရှိခြင်း။
ဥပါသကာ အရည်အချင်းနှင့် ပြည့်စုံခြင်း။
၁။ သဒ္ဓါတရားနှင့် ပြည့်စုံရ၏။
၂။ အနည်းဆုံး ငါးပါးသီလ လုံခြုံရ၏။
၃။ ကောတုဟလမင်္ဂလာခေါ် အထူးအဆန်းမင်္ဂလာကို ယုံကြည်လက်ခံခြင်း မပြုရ။
၎။ ကံ ကံ၏အကျိုးကို ယုံကြည်ရ၏။
၂။ အနည်းဆုံး ငါးပါးသီလ လုံခြုံရ၏။
၃။ ကောတုဟလမင်္ဂလာခေါ် အထူးအဆန်းမင်္ဂလာကို ယုံကြည်လက်ခံခြင်း မပြုရ။
၎။ ကံ ကံ၏အကျိုးကို ယုံကြည်ရ၏။
ပကတိဥစ္စာနဲ့ ရန်သူမျိုး ၅ ပါး။
ပကတိဥစ္စာလို့ခေါ်တဲ့ လောကလူသားတွေ ရှာဖွေနေကြတဲ့ ပစ္စည်းဥစ္စာတွေက အဖျက်
အမျိုးမျိုးနဲ့ ဆက်နွယ်နေတယ်။ “အဂ္ဂိသာဓာရဏာ ဘောဂါ” တဲ့၊ မီးဖျက်ရင်လည်း ပျက်သွား
နိုင်တယ်။ “ဥဒကသာဓာရဏာ ဘောဂါ” ရေဖျက်ရင်လည်း ပျက်သွားနိုင်တယ်။ “ရာဇသာဓာရ
ဏာ ဘောဂါ” တိုင်းပြည်အုပ်ချုပ်တဲ့မင်းတွေ သိမ်းသွားရင်လည်း ပါသွားနိုင်တယ်။ “စောရသာ

ဗုဒ္ဓဘာသာဝင်တွေ မရှိတဲ့ဘုရားကို ကိုးကွယ်နေကြတာလား?။
“သူတို့ကိုးကွယ်တဲ့ ဘုရားသခင်ဆိုတာ အခုထိ ကောင်းကင်ဘုံနန်းမှာ ရှိနေတယ်။ ပြီးတော့
သူတို့ဘုရားသခင်က ကိုးကွယ်ဆည်းကပ်လာသူတိုင်းကို ရှိသမျှ အပြစ်တွေလည်း ဆေးကြော ဖယ်
ရှားပေးမယ်။ ဆင်းရဲဒုက္ခတွေ ကင်းဝေးစေမယ်။ ချမ်းသာသုခတွေနဲ့ ပြည့်စုံအောင်လည်း အစစ တာ
ဝန်ယူတယ်” ဆိုတဲ့ အာမခံချက် အပြည့်ရှိကြောင်းတွေကို သူတို့ဘက်က ရွှန်းရွှန်းဝေအောင် ပြော

Wednesday, August 20, 2014
လူဝတ်ကြောင် အရိယာ တပုဿနှင့် ရဟန္တာအရှင်မြတ်ဘလ္လိက ညီနောင်။
တပုဿ၊ ဘလ္လိကညီနောင်တို့သည် “အသိတဉ္စန” မြို့မှ လှည်းကုန်သည် သူကြွယ်သားများ
ဖြစ်ကြ၏။ နောင်တော်ကား တပုဿအမည်ရှိပြီး ညီတော်မှာ ဘလ္လိက အမည်ရှိ၏။ ညီနောင်နှစ်ဦးတို့
သည် ဗုဒ္ဓမြတ်စွာ အဌမသတ္တာဟအ၀င် ရာဇာယတနလင်းလွန်းပင်ရင်း၌ သီတင်းသုံး စံနေတော်မူ
ဖြစ်ကြ၏။ နောင်တော်ကား တပုဿအမည်ရှိပြီး ညီတော်မှာ ဘလ္လိက အမည်ရှိ၏။ ညီနောင်နှစ်ဦးတို့
သည် ဗုဒ္ဓမြတ်စွာ အဌမသတ္တာဟအ၀င် ရာဇာယတနလင်းလွန်းပင်ရင်း၌ သီတင်းသုံး စံနေတော်မူ
လူပျိုဘုရား ဘာကြောင့် မရှိကောင်းသလဲ
ဒကာ။ ။ “ဗောဓိ ကုက္ကို ညောင်ထိုထို လူပျိုဘုရား မရှိငြား”ဟူသော ရှေးပေါရာဏ စကားဆိုရိုးအရ ဗုဒ္ဓ၀င်ကျမ်းလာ ဘုရားရှင်ဖြစ်စဉ်ကို လျှောက်ဖတ်ရာ လူပျိုဘုရားကိုရှာမတွေ့ဘူး ဆရာတော်၊ အဲဒါဘာကြောင့်လဲ၊ ရှင်းပြပါဦးဘုရား၊ အတိုဆုံးနည်းနဲ့ သိလွယ်ရုံပေါ့။
ဆရာ။
။ ကြံကြံဖန်ဖန် ရှာရှာဖွေဖွေ မေးတတ်တဲ့ ဒကာကြီးတွေပဲကို၊ ဘုရားဖြစ်ဖို့ရာ
လုပ်ငန်းကျင့်စဉ်အဆင့်အတန်း သင်ရိုးမာတိကာ သုံးဆယ်ထဲမှာ နေက္ခမ္မပါရမီဆိုတဲ့
ကျင့်စဉ်က သုံးမျိုးပါတယ်၊ ကိုင်း…မှတ်သားကြပေတော့။
ဒေါသရှေ့ထားသူ့အမှား
အရှင်မဟာပါလမထေရ်က မိမိကိုယ် မိမိ ပြန်မေးတယ်။ … အို မဟာပါလ … သံသရာမှာ မျက်စိကွယ်ပေါင်း များခဲ့ပြီ။ အမှန်ကို မမြင် မသိခဲ့သော အမှောင်ထုမှ လွတ်မြောက်ရန် ဖြစ်သည့် တစ်ခုတည်းသော လမ်းပေါ်၌ လျှောက်နေသော ငါ့အတွက် ရပ်နေရန်လည်း မသင့်။
နောက်ပြန်ဆုတ်ရန်ဆိုသည်ကိုတော့ ထည့်၍ပင် မစဉ်းစား … အဝေးကြီး ဝေးပေပြီ။ ငါ့အတွက် ခရီးရှေ့ဆက်ရန်သာ ရှိ၏။ သံသရာတွင်း နောက်ဆုံး မျက်စိကွယ်ခြင်းသာ ဖြစ်သင့်ပေစွတကား … ဒီလို မေးတယ်။
★ "တဏှာ့ကျေးကျွန်ဘ၀ မှ သာသနာ့ကျေးကျွန်ဘ၀ သို့ "★
_____________________________________________________
★ "တဏှာ့ကျေးကျွန်ဘ၀ မှ သာသနာ့ကျေးကျွန်ဘ၀ သို့ "★
______________________________________________________
"ဦနှော လောကော အတိတ္တော တဏှာဒါသော=လောကကြီးသည် တဏှာ အုပ်စိုးသည်"ဟု စာပေကျမ်းဂန်များကဆိုပါ၏။
ထို စာလေးကိုဖတ်လိုက်မိသောအခါ တဏှာ လက်မှလွတ်အောင်ရုန်းတော်မူခဲ့သောရှေးဆရာတော်ကြီးတစ်ပါးကိုသတိရမိ
ပါ၏။ အချိန်ကာလအားဖြင့် မဝေးလွန်းသေးသောအဖြစ်အပျက်ကလေးပါ။
"စစ်ကိုင်းတောင်,တိလောကဂုရုချောင်" မှ "တိလောကဂုရု ဆရာတော်ကြီး"၏ကိုယ်တွေ့ဖြစ်ရပ်ကလေး ဟုဆိုရပါမည်။
မြတ်စွာဘုရား ဒေသစာရီ ကြွရာခရီး ၃ ကြောင်း။
၁။ မဟာ မဏ္ဍလ = ၄င်းအရပ်သို့ သီတင်းကျွတ်လဆုတ် ၁ ရက်နေ့ ကျောင်းတော်မှ ထွက်ခဲ့၍
၉ လ ကြွတော်မူသည်။
၂။ မဇ္ဈိမ မဏ္ဍလ = ၄င်းအရပ်သို့ နတ်တော်လဆန်း ၁ ရက်နေ့ ကျောင်းတော်မှ ထွက်ခဲ့၍
၇ လ တိုင်တိုင် ကြွတော်မူသည်။
၉ လ ကြွတော်မူသည်။
၂။ မဇ္ဈိမ မဏ္ဍလ = ၄င်းအရပ်သို့ နတ်တော်လဆန်း ၁ ရက်နေ့ ကျောင်းတော်မှ ထွက်ခဲ့၍
၇ လ တိုင်တိုင် ကြွတော်မူသည်။
ပကတိ ဥစ္စာဓန။
လူ့ဘ၀ရခိုက်မှာ လူတိုင်းလူတိုင်း လူရယ်လို့ဖြစ်လာရင် ဥစ္စာဓနတွေကို ရှာဖွေစုဆောင်း
ကြရမှာ ဖြစ်တယ်။ လူတွေနေ့စဉ် ရှာဖွေနေကြတဲ့ ဥစ္စာဓနရဲ့ အရည်အသွေးနဲ့ မြတ်စွာဗုဒ္ဓက ရှာ
ဖွေစုဆောင်းဖို့ တိုက်တွန်းတဲ့ ဥစ္စာရဲ့ အရည်အသွေး၊ ဒီနှစ်မျိုးကို သေသေချာချာနှိုင်းယှဉ်ပြီး
ကြည့်မယ်ဆိုရင် အလွန်ကွာခြားတာကို တွေ့ရမှာဖြစ်တယ်။ သို့သော်လည်း လောကလူသားတွေ

ပုဗ္ဗ၊ မုဉ္စ၊ အပရစေတနာနှင့် သတိထားဖွယ်များ။
အလှူတစ်မျိုးကို လှူဒါန်းရာ၌ ပုဗ္ဗစေတနာ၊ မုဉ္စစေတနာ၊ အပရစေတနာဟု ၃ မျိုးရနိုင်၏။
ပုဗ္ဗစေတနာ = အလှူပေးမည်ဟု ကြံစည်ကာ ထိုအလှူနဲ့ဆိုင်သော ပစ္စည်းများကို ရှာဖွေ
စုဆောင်း နေသောအခါမှစ၍ မလှူမီ ရှေ့အဖို့၌ ဖြစ်သမျှ ကုသိုလ်စေတနာတွေသည် “ပုဗ္ဗစေတ
နာ ” မည်၏။ ထိုသို့ ပုဗ္ဗစေတနာ နယ်အတွင်း၌ ဤအလှူဒါနကို အကြောင်းပြု၍ အလှူ့ဒကာ

တရားနာရာ၌ ရနိုင်သောအကျိုး ၅ ပါး။
တရားနာခြင်းကို ဓမ္မဿဝန ဟုခေါ်၏။ တရားနာရာ၌ ==
၁။ မကြားဖူးသေးသော အကြောင်းအရာများကို ကြားရခြင်း။
၂။ ကြားဖူးသော အကြောင်းအရာများကို ထပ်၍ ရှင်းလင်းစွာနားလည်ရခြင်း။
၃။ ယုံမှားသံသယ ဖြစ်နေသော အချက်များ၌ ယုံမှားကင်းရခြင်း။
၁။ မကြားဖူးသေးသော အကြောင်းအရာများကို ကြားရခြင်း။
၂။ ကြားဖူးသော အကြောင်းအရာများကို ထပ်၍ ရှင်းလင်းစွာနားလည်ရခြင်း။
၃။ ယုံမှားသံသယ ဖြစ်နေသော အချက်များ၌ ယုံမှားကင်းရခြင်း။
အများအကျိုးအတွက် ပရဟိတဆိုတာ။
“အများအကျိုး၊ ရွက်သယ်ပိုးက၊ ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း၊ မတိမ်းမစောင်း၊ ကိုယ့်လမ်း
ကြောင်းကို၊ စိတ်ကောင်းနှင့်ယှဉ်၊ ရှေ့ရှုနှင်လော့။”
ပရဟိတဆိုတာ ကျယ်ပြန့်ပြီး နက်ရှိုင်းမှုလည်းရှိတယ်။ နာမှုကူညီရေး၊ ပညာရေးကူညီမှု၊
ကြောင်းကို၊ စိတ်ကောင်းနှင့်ယှဉ်၊ ရှေ့ရှုနှင်လော့။”
ပရဟိတဆိုတာ ကျယ်ပြန့်ပြီး နက်ရှိုင်းမှုလည်းရှိတယ်။ နာမှုကူညီရေး၊ ပညာရေးကူညီမှု၊
Tuesday, August 19, 2014
ဘုရားထက်သာသူများ
ယခုခေတ်သည် တရားအားထုတ်သူ ပေါများသော ခေတ်ဖြစ်၏။ အမြို့မြို့ အရွာရွာမှာ တရားအားထုတ်သူများ မှာ အနည်းအများဆိုသလို ရှိကြကုန်၏။ တရားဟောရာတွင်တောင် ၀ိပဿနာဟောမှ အများကြိုက်ကို ဖြစ်လာ၏။
အလှူခံတာဝန်။
ဒီတော့ ဘုန်းကြီးမှာ နှစ်ဖက်ငဲ့ပြီးတော့ ကြည့်ရပါတယ်။
အလှူခံပုဂ္ဂိုလ်တွေဘက်ကလဲ ပေါင်းမြက်သဘောလို လောဘ ဒေါသတွေ မပါ,ပါစေနဲ့။ တခါ
ဟိုနောက်ဘဝ သံသရာကျတော့ ဒီလောဘ ဒေါသတွေနဲ့ နေတဲ့ အလှူခံပုဂ္ဂိုလ်က သက်သက်သာ
သာနဲ့ သွားရမှာ မဟုတ်ဘူး။ သူ့မှာ အပြစ်တွေနဲ့ ထွေးရောယှက်တင် သွားရမယ်။

တွန်းပို့ခြင်းကို ခံနေကြရသူများ။
လောကကြီးဟာ ပို့ဆောင်ခေါ်ငင်ခြင်း ခံနေရတယ် သို့မဟုတ် တွန်းပို့ခြင်းကို ခံနေရတယ်။
ငယ်ငယ်တောင်ကျေး ကလေးဘ၀ကနေ တဖြည်းဖြည်း ကြီးကြီးလာတယ်။ နေ့စဉ်နှင့်အမျှ အိုလာ
ကြတယ်။ “ဇာတိ”ဆိုတဲ့တရား ရလာတဲ့အချိန်က စပြီးတော့ ဇာတိက “ဇရာ” ဆိုတဲ့ မှတ်တိုင်ကို
ရောက်အောင် တွန်းပို့နေတာ။ ဇရာမှတ်တိုင်ကို ရောက်တော့လည်း ဇရာက ဒီအတိုင်းနေတာ မ

အာဟာရမျှတမှ တရားထူးရမည်။
အာဟာရသည် ရုပ်အာဟာရ၊ နာမ်အာဟာရ အားဖြင့်နှစ်မျိုးရှိ၏။ အာဟာရ၏ တိုက်
ရိုက်အဓိပ္ပါယ်မှာ= “လွန်စွာဆောင်တယ်” အဓိပ္ပါယ်ရှိ၏။ စားသောက်နေသော ထမင်းဟင်း စ
သည်တို့တွင် ဗီတာမင်အေမှ ဇတ်အထိ ရှိသည်။ ယင်း ဗီတာမင်ဓာတ် သြဇာဓာတ်ကို “အာဟာရ”
ဟု ဆိုရ၏။ သြဇာဓာတ်သည် ဤခန္ဓာကြီးကို ကောင်းစွာဆောင်ထား၏။ အာဟာရ ဟုခေါ်သော

ကိုးကွယ်မှုအစ၊ ကိုးကွယ်မှု အဓိပ္ပါယ်။
လူနှင့် ကိုးကွယ်မှုတွင် သမိုင်းဆရာတို့၏ လေ့လာမှုအဆိုအရ လူသည် ခြေသလုံးအိမ်
တိုင်ဘ၀မှ တဖြည်းဖြည်းချင်း ယဉ်ကျေးလာပြီး အစုအသင်းနှင့်နေတတ်လာသူများ ဖြစ်သည်
ဟု သိရ၏။ မည်သို့ပင်ဖြစ်စေ လူသည် ကြောက်တတ်မှုနှင့် ရလိုမှု သဘောတရားများဖြင့် ဖွဲ့
တိုင်ဘ၀မှ တဖြည်းဖြည်းချင်း ယဉ်ကျေးလာပြီး အစုအသင်းနှင့်နေတတ်လာသူများ ဖြစ်သည်
ဟု သိရ၏။ မည်သို့ပင်ဖြစ်စေ လူသည် ကြောက်တတ်မှုနှင့် ရလိုမှု သဘောတရားများဖြင့် ဖွဲ့
မေတ္တာ ၃ ပါး။
၁။ ဟိတဖရဏ မေတ္တာ = သတ္တ၀ါ အပေါင်းတို့ ဘေးကင်းခြင်းကို လိုလားခြင်း။
၂။ ဥပစာရ မေတ္တာ = ရန်သူ၊ ချစ်သူ၊ လျစ်လှူရှုသူ၊ ဤ ၃- ယောက်တို့ကို ကိုယ်နဲ့ အတူ
ချစ်ခြင်း။
၂။ ဥပစာရ မေတ္တာ = ရန်သူ၊ ချစ်သူ၊ လျစ်လှူရှုသူ၊ ဤ ၃- ယောက်တို့ကို ကိုယ်နဲ့ အတူ
ချစ်ခြင်း။
Monday, August 18, 2014
လူလိုသူလို
ပါဠိစာပေမှာ မနုဿဆိုတဲ့ပုဒ်ရှိတယ်။
မြန်မာလိုတော့ “လူ”
မနုဿကို လူလို့ဘာသာပြန်တာက ဆင့်ပွါးအနက်အဓိပ္ပါယ်ဖြစ်တယ်။
မနုဿ ဆိုတဲ့ပုဒ်ဟာ မန နဲ့ ဥဿ နှစ်လုံးပေါင်းစပ်ထားတဲ့ပုဒ်။
မန ဆိုတာ စိတ် ဖြစ်ပြီး
ဥဿဆိုတာ မြှင့်တင်ပေးတတ်တာ။
ဒါ့ကြောင့် မနနဲ့ ဥဿ နှစ်ပုဒ်ပေါင်းထားတဲ့ မနုဿဆိုတဲ့ပါဠိပုဒ် တိုက်ရိုက်အဓိပ္ပါယ်က
“စိတ်ကိုမြှင့်တင်ပေးတတ်တဲ့သူ” ဖြစ်တယ်။
ရဟန်းမအရေးတော်ပုံ
ရှင်အာနန္ဒာ ရှေ့နေလိုက်ပြီး မဟာပဇာပတိဂေါတမီနဲ့ အပေါင်းအပါတွေကို
သာသနာတွင်းဝင်ရောက်ခွင့်ပြုဘို့၊ ဘိက္ခုနီ (ရဟန်းမ) အဖြစ်လက်ခံဘို့
သုံးကြိမ် သုံးခါ လျှောက်တာတောင်
ဒီတော့ ရှင်အာနန္ဒာ စိတ်ရှည်ဟန်မတူတော့ပါဘူး။
အိမ်ထောင်မပြုလိုသူ
ဘုရားရှင်ရဲ့ ပထမသာဝက က ရှင်သာရိပုတ္တရာဖြစ်ပြီး
ဒုတိယသာဝက က ရှင်မဟာမောဂ္ဂလာန်ဖြစ်ပါတယ်။
တတိယသာဝက ကတော့ ရှင်မဟာကဿပ ပါ။
ပထမသာဝကရော ဒုတိယသာဝကပါ
ဘုရားရှင် အရင် ပရိနိဗ္ဗာန်စံတော်မူသွားကြပါတယ်။
Subscribe to:
Posts (Atom)