Saturday, August 17, 2013
မြတ်စွာဘုရားက ရှင်ပုဏ္ဏကို သုနာပရ န္တ အရပ်မှာ နေခွင့်ပြုရခြင်း။
အဘယ့်ကြောင့် ဒေ၀ဒတ်ကို ရဟန်းပြုပေးပါသနည်း
မိလိန္ဒမင်းကြီးက အရှင်နာဂသိန်မထေရ်ကို
“အရှင်ဘုရား၊ မြတ်စွာဘုရားသည် ဒေ၀ဒတ်ကို ရဟန်းပြုပေးလိုက်လျှင်
နောင်အခါ သံဃာကို သင်းခွဲလိမ့်မည်ဟု
သိတော်မူသည် မဟုတ်ပါလော၊
ရဟန်းပြုမပေးလျှင် သံဃာကို သင်းခွဲ၍
မဖြစ်နိုင်သည် မဟုတ်ပါလော”
နိဗ္ဗာန်ရောက်ကြောင်း ဉာဏ်(၁၆) ပါး။
ပဋိစ္စသမုပ္ပါဒ် လည်ပုံပြတ်ပုံ တရားကို အလွယ်တကူ နားလည် သဘောပေါက်ကြစေရန်။
(လင်္ကာဆောင်ပုဒ် ၁ )=အ၀ိဇ္ဇာနှင့် တဏှာရင်းခံ ဥပါဒါန်ကံကြောင့် ရုပ်နာမ်ပေါ်
အပင်မှမျိုး၊ မျိုးမှအပင် အမျှင်မပြတ် ဆက်စပ်သည့်ဟန်၊ ကံကြောင့်နာမ်ရုပ်၊ နာမ်ရုပ်ကြောင့်ကံ၊
အဖန်ဖန်၊ ဖြစ်ပြန်နည်းအလျော်၊ ဗြဟ္မာသိကြား စသည်များက ထင်ရှားပြုပြင်၊ စီရင်ဖန်ဆင်း
အကြောင်းရင်းကြောင့် လူနတ်များစွာ၊ သတ္တ၀ါတို့ ဖြစ်လာရမှု၊ မဟုတ်ဟု ဉာဏ်ဖြင့် ရှု၍မျှော်။
Friday, August 16, 2013
လိုအပ်နေတဲ့အရပ်ကို ရောက်စေချင်ပါတယ်။
အတွင်းရန်သူ - မေတ္တာရှင် { ရွှေပြည်သာ }
မေတ္တာရှင်
အတွင်းရန်သူ
{ ရွှေပြည်သာ }
ဣဿာ မစ္ဆရိယ
မနာလို ဝန်တိုခြင်း
၃၅ - စိတ်ဆင်းရဲခြင်း အကြောင်းရင်း လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ကျော်က သိကြားမင်းကိုယ်တိုင် ဘုရားကို မေးခဲ့ဖူးသည်။
အဖန်ငါးရာ ကိုယ့်ကိုယ်ကို ပြန်သတ်သေရတယ်ဆိုတာ ဟုတ်ရဲ့လား ... ?
“အရှင်ဘုရား တပည့်တော်တို့ မြန်မာတွေမှာ ကိုယ့်ကိုယ်ကို သတ်သေရင်
အဖန်ငါးရာ ငါးကမ္ဘာမှာ အဲဒီလိုပဲ သတ်သေပြီး သေရတယ်ဆိုတာ ဟုတ်ပါသလားဘုရား၊
တာဝတိံသာရှိ ဥယျာဉ်တော် (၅) ပါး။
အာဠ၀ကဘီလူးကမေးပြီး ဂေါတမမြတ်စွာဘုရား ဖြေကြားခဲ့သော (အာဠ၀ကသုတ္တန်)။
Thursday, August 15, 2013
ဇဋိလ၏ မှားယွင်းခဲ့သော သံသရာခရီး။
(၃၁)ဘုံ ရှိ၊ မရှိ ... ?
(၃၁)ဘုံ ရှိ၊ မရှိ အမေးပုစ္ဆာ
သိပ္ပံပညာ သိပ်တိုးတက်နေတဲ့ ခေတ်ကြီးမှာ လက်တွေ့မှ ယုံနိုင်မယ်ဆိုတဲ့ သူတွေရဲ့ ဒီမေးခွန်းဟာ ဗုဒ္ဓဘာသာ အပေါ်မှာ ယုံကြည်တဲ့သူတွေရော၊ မယုံကြည်တဲ့သူတွေရော
မေးလွန်းတဲ့၊သိပ်ကို ခေတ်စားတဲ့
မေးခွန်းတစ်ခုပါ။
တိပိဋကဓရဆရာတော် ဦးဝိစိတ္တသာရ။
ကာမဂုဏ်၌ ပျော်မွေ့ ခဲ့ဖူးသော ဘုရားလောင်း ...
ရှေးလွန်လေပြီးသောအခါ မှုးမတ်တစ်ဦး၏သား (ဘုရားလောင်း) နှင့် ပညာရှိတစ်ဦး၏သား ငယ်သူငယ်ချင်းနှစ်ယောက်
ရှိကြလေ၏။ အရွယ်ရောက်ကြသောအခါ မိဘများမှ တက္ကသိုလ်ပြည် ဒိသာပါမောက္ခထံ စေလွှတ်၍
အတတ်ပညာများ ဆည်းပူးစေ၏။
မူးမတ်၏သားသည် ယောက်ျားတို့ တတ်အပ်သော အတတ်ပညာ (၁၈) ရပ်တို့ကို ကောင်းစွာ အထူးကြိုးစားတတ်မြောက်ပြီး ပညာရှိ သူတော်ကောင်း၏သားမှာ အတတ်ပညာများ တတ်မြောက်သော်လည်း တိုင်းရေပြည်ရာ၌ စိတ်ဝင်စားမှုနည်းကာ သူတော်ကောင်းစိတ်ထားမျိုးဖြင့်သာ အေးချမ်းစွာ နေလိုသောဆန္ဒရှိ၏။
မူးမတ်၏သားသည် ယောက်ျားတို့ တတ်အပ်သော အတတ်ပညာ (၁၈) ရပ်တို့ကို ကောင်းစွာ အထူးကြိုးစားတတ်မြောက်ပြီး ပညာရှိ သူတော်ကောင်း၏သားမှာ အတတ်ပညာများ တတ်မြောက်သော်လည်း တိုင်းရေပြည်ရာ၌ စိတ်ဝင်စားမှုနည်းကာ သူတော်ကောင်းစိတ်ထားမျိုးဖြင့်သာ အေးချမ်းစွာ နေလိုသောဆန္ဒရှိ၏။
ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အသိပညာပေးဆောင်ပုဒ်များ (၈)။
ဆုတောင်းပြည့်တယ်ဆိုတာ ဟုတ်ရဲ့လား ...

မေး။ အရှင်ဘုရား သိချင်တာလေတခုရှိလို့ပါဘုရား။
မိုးညှင်းသမ္ဗုဒ္ဓေ ကိုအလုံး 1000 ပုတီးစိပ်ရင် ဆုတောင်းပြည့်တယ်ဆိုတာ ဟုတ်ပါသလားဘုရား။
Wednesday, August 14, 2013
ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့။
လောဘနှင့်ဆန္ဒ ကွာခြားပုံ
အခေါ်အဝေါ်ခြင်း တူပေမယ့်
သဘောသွား ကတော့ကွာခြား တယ်လို့ဆိုရမှာပါ။
လောဘရဲ့လိုချင်မှုသည် အစေးရှိပေမယ့်၊ ဆန္ဒရဲ့လိုချင်မှုကတော့ အစေးမရှိဘူးလို့ ဆိုလိုခြင်းဖြစ်ပါတယ်။
တရားသိရုံနှင့် မပြီး၊ တရားရှိမှ ပြီးတယ်

အမေရိကန်၊
အင်္ဂလန် စသည့် နိုင်ငံရပ်ခြား တိုင်းတပါးမှာ နေထိုင်ကြသော မြန်မာပြည်ဖွား
ဗုဒ္ဓဘာသာများသည် မိမိတို့ နေထိုင်ရာ အိမ်ဂေဟာများမှာလည်းကောင်း၊ ဘုရားကျောင်းကန်များသို့ သွား၍လည်းကောင်း အလှူပွဲများကို အခါအားလျော်စွာ ပြုလုပ်လေ့ရှိကြပါသည်။ |
ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အသိပညာပေးဆောင်ပုဒ်များ (၇)။
ငါ့ဘ၀ကို ပတ်ခြောက်ဝိုင်းလို လူကြည့်အောင်ပဲ နေသွားမှာလား? ။
ဘုရားပွဲ၊ အလှူပွဲတို့မှာ အိုးစည်ဝိုင်း၊ ဒိုးပတ်ဝိုင်း၊ ဗျောတို့ပါကြတယ်။ ဘုန်းဘုန်းတို့အရပ်မှာ
ပတ်ခြောက်ဝိုင်းဆိုတာ ရှိတယ်။ ဒိုးပတ်ဝိုင်းကြီး အတိုင်းပဲ ဒိုးပတ်ပါတယ်၊ လင်းကွင်းပါတယ်၊ နှဲပါ
တယ်၊ ၀ါးလက်ခုပ်ပါတယ်၊ မောင်းပါတယ်။ ဒိုးပတ်ဝိုင်းတော့ ဒိုးပတ်ဝိုင်းပဲ ဒါပေမဲ့ အသံမထွက်ဘူး။
ဒိုးပတ်ဝိုင်းအတိုင်း ၀ါးနဲ့ချိုးပြီး စက္ကူနဲ့ လုပ်ထားတာ၊ နှဲဆိုရင်လဲ နှဲအတိုင်း ၀ါးနှီး စက္ကူနဲ့ လုပ်ထား
Tuesday, August 13, 2013
မြတ်ဗုဒ္ဓဟောကြားသော ကိုးကွယ်ရာနှင့် မကိုးကွယ်ရာ။
ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အသိပညာပေးဆောင်ပုဒ်များ (၆) ။
သေခါနီးမှာဘာအရေးကြီးသလဲ
တပည့်တော် ငယ်ငယ်ကတည်းက သိချင်တာလေးတွေရှိပါတယ်ဘုရား။
နည်းနည်းလေး ကြီးတော့လည်း စာအုပ်တွေထဲမှာ ရှာဖတ်ပေမယ့် နားမလည်နိုင်ဘူး
ဘုရား။ လူတစ်ယောက်က သေခါနီးမှာ သူလုပ်ဖူးတဲ့ ကောင်းမှုတွေကို မြင်ယောင်ပြီး
သေသွားရင် ကောင်းရာသုဂတိ လားတယ်လို့ ပြောကြတယ်ဘုရား။
ကျန်ရှိနေတဲ့ သက်တမ်းကို အကျိုးရှိအောင် ကုသိုလ်ဖြင့် ဘ၀နေနည်း။
Monday, August 12, 2013
သမာဝတီ၏ မေတ္တာအစွမ်း။
ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အသိပညာပေးဆောင်ပုဒ်များ (၅) ။
လူဖြစ်ရခြင်း၏ အဓိကရည်ရွယ်ချက် ဘာလဲ။
Sunday, August 11, 2013
ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီး ။
မြန်မာသက္ကရာဇ် ၁၂၄၇ -ခုတွင်၊ သီပေါမင်း ပါတော်မူပြီးနောက် မြန်မာနိုင်ငံကို ဗြိတိ
သျှတို့ အနှစ် ၆၀ ကျော် အုပ်စိုးသွားပါသည်။ ဗြိတိသျှတို့ အုပ်စိုးသည့်ကာလအတွင်း လောကီ
လောကုတ္တရာ စာဆိုတော်ကြီးများ အသီးသီး ပေါ်ထွန်းခဲ့တဲ့အနက် လယ်တီဆရာတော်ဘုရား
ကြီးမှာ ဘာသာ၊ သာသနာအတွက် ထူးထူးခြားခြား စွမ်းစွမ်းတမံ ဆောင်ရွက်လမ်းညွှန်သွားတဲ့
မိန်းမတွေရဲ့ တန်ဖိုး
သူတော်ကောင်းတို့စိတ်ထား...
အသောကမင်း၏ ဘာသာသွေး
ယစ်မူးမှုသုံးမျိုးနှင့် ဗုဒ္ဓမြတ်စွာဘုရားရဲ့ နောက်ဆုံး မှာစကား ။
လောကမှာ လူတွေဟာ ယစ်မူးတတ်ကြတယ်။ ယစ်မူးတယ်ဆိုတာ တစ်ချို့က အရက်သေစာတို့
ဆေးဝါးတို့သုံးမှ ယစ်မူးတယ်လို့ ထင်တာ။ လောကလူတွေကို သတိထားပြီး ကြည့်လေ၊ စီးပွါးဥစ္စာ အဆင်ပြေနေတဲ့ ပုဂ္ဂိုလ်ကလည်း “ငါလုပ်ရင် ဘာမဆို ဖြစ်တယ်” ဆိုတဲ့အတွေး ရောက်တယ်။ ရာထူး
အာဏာရှိတဲ့ ပုဂ္ဂိုလ်ကလည်း “ငါလုပ်ရင် အားလုံး ဖြစ်တယ်” ဆိုတဲ့ စိတ်အတွေး ရှိတယ်။ ကျန်းမာတဲ့
Subscribe to:
Posts (Atom)