Saturday, March 11, 2017

စိပ်ပုတီး



နံ့သာနီတောင်၊ ကမ္ဘာရှည်အောင်၊ ဖန်ဆိုးနှင့် လဲဝတ် ကြောင်၊ ကေဥသျှောင်ပယ်လှီး၊ ဈာန်နှင့်နီး၊ ပုတီးလက်တွင် ဆောင်၊ ခရီးမဂ္ဂင်ဖောင်ဟူ၍ နံ့သာနီတောင် နိဗ္ဗိန္ဒပတ်ပျိုးတွင် ပါရှိပေသည်။ စိပ်ပုတီးကား နိဗ္ဗာန်ရောက်ကြောင်းတရားကို ကျင့်ကြံအားထုတ်သူ ဗုဒ္ဓအယူဝါဒီတို့၏ အဆောင်အရွက်တစ်ခု ဖြစ်ပေ၏။

Friday, March 10, 2017

အသုဘဓလေ့ထုံး အမှား



လူသေလျှင် သေသောသူက ထပြီးစားသောက်လေဟန် အလောင်းစင်ဘေးတွင် ထမင်းပွဲပြင်ခြင်းကို ထုံးစံတစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိကြသည်။ ခုနှစ်ရက်အတွင်း သေသူ၏ဝိညာဉ်သည် အိမ်တွင်း၌ပင် ရှိသည်ဟု အယူအဆရှိသူတွေကလည်း အများအပြားပင်။စင်စစ်မှာမူ မှားယွင်းသောအယူအဆကို အခြေခံသော အသုဘဓလေ့ထုံးအမှားတွေသာ ဖြစ်ပါ၏။

ဤကိစ္စနှင့် စပ်လျဉ်း၍ ဗုဒ္ဓဘာသာဝင်များအနေဖြင့် ဘိုးတော်မင်းတရားလက်ထက် မုနိန္ဒာဘိလင်္ကာရ သဒ္ဓမ္မဓဇသာမိ မဟာဓမ္မရာဇ ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်လှူဒါန်းခြင်းခံရသော စတုဂီရိတောင်လေးလုံးဆရာတော်ကြီး၏ ဆုံးမတော်မူချက်ကို သတိထင်ထင် ဆင်ခြင်အပ်လှသည်။

ရဟန်းတော်များအတွက် ဖျော်ရည်မအပ်သော သစ်သီးကြီး ၉မျိုး။

         ရဟန်းတော်များအတွက် ဖျော်ရည်မအပ်သော သစ်သီးကြီး ၉မျိုးကိုလည်း ကပ္ပိယကာရကတို့
သိထားသင့်ပေသည်။ ထိုဖျော်ရည်များကို ၀ိနည်းသာသနာတော်ကို လိုက်နာကျင့်သုံးသောရဟန်းတို့
မသုံးစွဲကြသဖြင့် ဖျော်ရည်အဖြစ် မဆက်ကပ်မိကြရန် သတိပြုရပေမည်။

မကျိုးပေါက်သော နေ့တစ်ဝက်သီလအကျိုး။

        မြတ်စွာဘုရား ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံး နေတော်မူတဲ့ အချိန်ကာလ...
ရသေ့ အပါးငါးရာတို့ဟာ ဟိမ၀န္တာတောတွင် သီတင်းသုံးနေကြပါတယ်။ တစ်နေ့ ..နွေရာသီ
ကုန်ဆုံးလို့ မိုးရာသီမရောက်မီ စပ်ကူးကာလ အချိန်တွင် ရသေ့အပါးငါးရာတို့ ဒေသစာရီကြွချီ

နိဗ္ဗာန်ချမ်းသာရတဲ့အထိ အကျိုးပေးနိုင်သော မဂ္ဂင်ရှစ်ပါးအကျင့်တရား။

    နိဗ္ဗာန်ချမ်းသာကို ရဖို့ ရာ အကျင့်တရား အမှန်က မဂ္ဂင်ရှစ်ပါး အကျင့်တရားပဲ
ဖြစ်တယ်။ မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ပြောရရင်==
(သမ္မာဝါစာ) စကားအပြောကိုထိန်းသိမ်းစောင့်ရှောက် ရမယ်။ စကားပြောဆိုတဲ့အခါ  အပြစ်ကင်းတဲ့
စကားမျိုးကိုပဲ ပြောရမယ်။

Thursday, March 9, 2017

ကပြား ဗုဒ္ဓဘာသာ



ထေရဝါဒဗုဒ္ဓဘာသာဝင်တို့၏ ကိုးကွယ်ရာသည် ရတနာသုံးပါးသာလျှင် ဖြစ်ပါ၏။ သရဏဂုံသည် ဗုဒ္ဓဘာသာဝင်တို့၏ အသက်လည်း ဖြစ်ပါ၏။
သရဏဂုံဆောက်တည်ပြီး ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူထားလျက် ဝေဖန်ဆန်းစစ်နိုင်သော ဝိဘဇ္ဇဥာဏ်ကင်းမဲ့ကာ နတ် ဝိဇ္ဇာ ဘိုးတော် ဂိုဏ်းဆရာတို့ကို ကိုးကွယ်နေသူများသည် ဗုဒ္ဓဘာသာဝင်စစ်စစ် မဟုတ်။ ကပြားဗုဒ္ဓဘာသာဖြစ်ကြောင်း -

Wednesday, March 8, 2017

“အနှိုင်းမဲ့ ဆင်းရဲ”

လောကမှာ ရှိရှိသမျှ ဆင်းရဲအားလုံးထဲမှာ “ခန္ဓာဆင်းရဲ၊ သို့မဟုတ် ခန္ဓာဝန်ထမ်းရခြင်းဆင်းရဲ”ဟာ
အနှိုင်းမဲ့ဆင်းရဲ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ခန္ဓာဝန်ထမ်းရခြင်းဆင်းရဲထက်ပိုပြီး သတ္တဝါတွေကို
နှိပ်စက်တတ်ပါတယ်၊ တူးဖြိုဖျက်ဆီးတတ်ပါတယ်လို့ နှိုင်းယှဉ်စရာ၊ အစားထိုးစရာ၊ ထပ်တူပြုစရာ
တခြားဆင်းရဲ မရှိတော့လို့ပါပဲ။

သံဃာတော်များ သုံးဆောင်နိုင်သည့် ဖျော်ရည်အမျိုးမျိုး။

                ( အကပ်ခံပြီးနောက် နောက်တစ်နေ့အရုဏ်မတက်မီအချိန်ထိ သံဃာတော်များ သုံးဆောင်နိုင်သည့်
ဖျော်ရည်အမျိုးမျိုး )   သံဃာတော်တို့နှင့် အပ်စပ်သော ဖျော်ရည်ရှစ်မျိုးမှာ  =    ၁။ သပြေသီး  ၂။ သရက်သီး
၃။ သပျက်သီး(မုဒရက်သီး)  ၄။ ဖက်သက်သီး  ၅။ သစ်မည်စည်သီး  ၆။ တောငှက်ပျောသီး  ၇။

လူရဲ့တန်ဖိုး။

      လောကလူတွေက ဘ၀နိမ့်ကျသလို အသိဉာဏ်ပါ နိမ့်ကျတတ်ပါတယ်။ အရေးကြီးတာက
အသိဉာဏ်မနိမ့်ကျဖို့ အရေးကြီးပါတယ်။ ဘ၀ဆိုတာ အခြေအနေပေးသလို နေကြရတာဆိုတော့
နိမ့်ကျတဲ့ ဘ၀လည်း နိမ့်ကျမှာပါပဲ။

စိတ်ကိုကောင်းအောင် ခြယ်လှယ်သော စေတသိက်များ။

၁။ သဒ္ဓါ
၂။ သတိ
၃။ ဟီရိ
၎။ သြတ္တပ္ပ
၅။ အလောဘ

Tuesday, March 7, 2017

“အမွှေးကံချစ်တော့ အချစ်ကံမွှေးတာပေါ့”

ရနံ့မွှေးတဲ့ပန်းတွေ ပူဇော်ခဲ့တဲ့ကောင်းမှု၊ တစ်နည်းအားဖြင့် မွှေးရနံ့တွေ
ပူဇော်ခဲ့ရတဲ့ကောင်းမှုကြောင့် ဘာအကျိုးတွေရသလဲဆိုရင်တော့…
တချို့  ဒကာ ဒကာမတွေက မေးလေ့ရှိကြတယ်။ “ဒါလှူရင် ဘာရမလဲ။”
“ဒါလှူရတဲ့အကျိုးတွေက ဘာတွေလဲ။”သူတို့လှူထားတဲ့ပစ္စည်းလေးတွေ ပြောပြောပြီး
မေးကြတာပေါ့။ ဘာပစ္စည်းဝတ္ထုပဲလှူလှူ ၊ အလှူခံပုဂ္ဂိုလ်အတွက် အကျိုးရှိတဲ့ပစ္စည်းဖြစ်မယ်ဆိုရင်
ကောင်းမြတ်တဲ့ ကောင်းကျိုးချမ်းသာတွေ အကုန်ရမှာပါပဲ။

Monday, March 6, 2017

“တစ်ယောက်တည်း တည့်အောင်နေ”



“ခင်မကန်ဆရာတော်ဘုရားကြီး”ဆိုတာ ကုန်းဘောင်ခေတ် “မင်းတုန်းမင်းကြီး”လက်ထက်မှာ ပေါ်ထွန်းခဲ့တဲ့ ဆရာတော်ဘုရားပါ။

တစ်နေ့တော့ ခင်မကန်ဆရာတော်ဘုရားကြီးဆီကို ဒကာတစ်ယောက် ရောက်လာပါတယ်။
ဒကာရောက်လာတဲ့အချိန်မှာ ဆရာတော်ဘုရားအနားမှာ တခြားဒကာ၊ဒကာမ တချို့လည်း ရောက်ရှိနေပါတယ်။

ရှင်အာနန္ဒ ရဟန္တာဖြစ်ပုံ။

         ရှင်အာနန္ဒက စဉ်းစားလိုက်တယ်။ “ငါ ဘာလို့ တရားထူး တရားမြတ်
မရတာတုန်း”လို့။ သန်းခေါင်ကျော်သွားပြီ၊ မနက်လင်းဖို့လည်း နီးလာပြီ။ သြော် ငါ့စိတ်တွေ
ပြင်းထန်နေပြီး ၀ီရိယတွေ လွန်ကဲနေတယ်၊ သမာဓိက လျော့နည်းနေတယ်။  အဲဒါကို ရှင်အာ
နန္ဒက သိတယ်။ ၀ီရိယတွေ သိပ်လွန်ကဲနေရင် ဥဒ္ဓစ္စ ဖြစ်တယ်။ သမာဓိတွေ လျော့နည်းတတ်တယ်။

သောက ကင်းဝေး နေလိုသူများအတွက်။

        အရှေ့၊ အနောက်၊ တောင်၊ မြောက် ကျွန်းကြီးလေးကျွန်းအနက် ငါးပါးသီလမြဲသော
ကျွန်းမှာ ဥတ္တရဂုရုခေါ်သော မြောက်ကျွန်း ဖြစ်ပါတယ်။ မြောက်ကျွန်းသူ မြောက်ကျွန်းသား
တို့ဟာ ငါးပါးသီလမြဲသော ကုသိုလ်အာနုဘော်ကြောင့် ==
  ၁။ အိုးအိမ်ဒုက္ခမှလည်း ကင်းဝေးကြပါတယ်။

ဘုရားရှင်က သာသနာပြု စေလွှတ်တော်မူခြင်း။

       မြတ်စွာဘုရားသည် ပထမ၀ါ၌ မိဂဒါဝုန်တောတွင်ပင် ၀ါဆိုတော်မူ၏။ နာလက ရသေ့
အား မောနေယျအကျင့်ကို ဟောတော်မူ၏။ သူဌေးသား ယသကိုလည်းကောင်း၊ သူ၏ သူငယ်
ချင်း ၅၄ ယောက်တို့ကို လည်းကောင်း တရားရစေကာ ဧဟိဘိက္ခု ရဟန်းပြုပေးတော်မူ၏။

Sunday, March 5, 2017

သာသနာနှစ်ငါးထောင်တည်မယ်ဆိုတာ ဘုရားဟောစကားဟုတ်ပါသလား?






    ဒီအကြောင်းအရာ ဘယ်ကပေါ်ထွက်လာသလဲ - လေ့လာကြည့်ကြဦးစို့ ။ ရဟန်းပြုခွင့်ရရေးအတွက်

မိထွေးတော်ဂေါတမီ တောင်းဆိုလျှောက်ထားလို့ ရှင်တော်မြတ် ဘုရားက အမျိုးသမီးများကို

ရဟန်းပြုခွင့်ပေးတော်မူလိုက်ပါ
တယ် ။ အဲဒီစကားရပ်ကနေပေါ် ထွက်လာတာပါ ။           ရှင်တော်မြတ်ဘုရား ကပိလ၀တ်ပြည် နိဂြောဓာရုံကျောင်းမှာ သီတင်းသုံးနေတော်မူ စဉ်
မိထွေးတော်ဂေါတမီဟာ ရှင်ရဟန်းပြုခွင့်ရရေးအတွက် ရှင်တော်ဘုရားဆီမှာ သုံးကြိမ် တိုင်အောင်
လျှောက်ထားဖူးပါတယ် ။ ရှင်တော်မြတ်ဘုရား လက်မခံခဲ့ပါဘူး ။ အဲဒီနောက် ရှင်တော်မြတ်ဘုရား
ဝေသာလီပြည် မဟာဝုန်တောသို့ ကြွသွားပါတယ် ။