Saturday, June 6, 2015

ကောင်းမှု ဆယ်ပါး ၊ မကောင်းမှု ဆယ်ပါး


ပုညကြိယာ ၁၀-ပါး (ကောင်းမှုဆယ်ပါး)
၁။ ဒါန - အလှူပေးခြင်း။
၂။ သီလ – သီတင်းသီလ ဆောက်တည်ခြင်း။
၃။ ဘာဝနာ – ကမ္မဌာန်းဘာဝနာကို စီးဖြန်းခြင်း။
၎။ အပစာယန – မိဘ ဆရာ ရတနာသုံးပါး အား အရိုအသေပူဇော်ခြင်း။
၅။ ဝေယျာဝစ္စ – မိဘ ဆရာ ရတနာသုံးပါး၏ အမှုကိုပြုခြင်း။
၆။ ပတ္တိဒါန – မိမိကုသိုလ်ကို သူတပါးအား အမျှပေးဝေခြင်း။

"ဒါးမကူးကန်ရဲ့ အတိတ်"



တစ်နေ့သ၌ အင်းဝဘုရင်က ဆရာတော်ကြီး၏ သီလကို စမ်းသပ်လိုသဖြင့် နန်းတွင်းသူတစ်ယောက်ကို ဆရာတော်ကြီး၏ ကျောင်းသို့ ညအချိန်သွားရန် စေလွှတ်လိုက်ပါသည်။

ဆရာတော်ကြီးမှာ တောင်ဖီလာ အရပ်တွင် တစ်ပါးတည်းသီတင်းသုံးလျှက် ရှိ၏။ ဘုရင်လွှတ်လိုက်သော အမျိုးသမီးက ကပိုကယို ၀တ်စား လျှက် ကိုယ်ကို ရေများစိုစေကာ ဆရာတော်ကြီးကျောင်းသို့ ညအချိန်မတော် ရောက်လာပါသည်။

ရောက်လျှင် ဆရာတော်ကြီးအား ဒုက္ခရောက်လာသဖြင့် သည်ည ကျောင်းတွင်တည်းပါရစေ ဟု လျှောက်ထားပါသည်။

ဆရာတော်ကြီးက ရဟန်းတော်များနှင့် မာတုဂါမများ တစ်မိုးအောက်တွင် အတူမအိပ် ကောင်းကြောင်း ပြောသော်လည်း အမျိုးသမီးမှာ ကုတ်နှင့်ကော်ထုတ်တောင် ရမှာမဟုတ်သည့်အတွက် ကျောင်းတွင် အိပ်ခွင့်ပြုလိုက်ရသည်။

ဆရာတော်ကြီးက ကပိုကယိုဝတ်စားကာ ရေများစိုလာသည့် မိန်းမပျိုကြောင့် မိမိစိတ်များဖောက်ပြန်မည်ကို စိုးရိမ်တော်မူသဖြင့် သင်တုန်းဒါးဖြင့် ခြေသလုံးကိုလှီးကာ တစ်ညလုံး ဝေဒနာနုပဿနာ ရှုနေပါသည်။

မိုးလင်းသောအခါ မဟုတ်တာကိုမှ ရွေးကြံတတ်သည် ဘုရင်သည် ကျောင်းသို့နောက်လိုက်နောက်ပါများနှင့် ရောက်လာသည်။

ဆရာတော်ကြီးက သူ့သီလမြဲကြောင်းကို သည်ဒါးသက်သေရှိသည်ဟု ဒါးကို ကန်ထဲတွင် ပစ်ချပြလိုက်ရာ ဒါးသည် အသက်ရှိသော ငါးများကဲ့သို့ ရေတွင်ကူးပြပြီး ဆရာတော်ကြီး၏ သီလကို ထောက်ခံခဲ့ရာ ဒါးမကူးကန်ဟု ယခုတိုင်ရှိသေးသည်။

(အရှင်ဝဏ္ဍဖေ့ဘုတ်မှ)

"မေတ္တာကို ထိထိရောက်ရောက် ပွားများပုံ"


ပရိကံ မေတ္တာဘာဝနာနှင့် ပတ်သက်၍ သိသင့်
သိထိုက်သည်များကို လေ့လာ နားလည်ပြီးသော
မေတ္တာဘာဝနာ အားထုတ်သူသည် မိမိ မေတ္တာပွါးမည့်
အချိန်ပိုင်းအတွင်း၌ ကြောင့်ကြ ပလိဗောဓများ ကင်းရှင်းအောင် စီမံထားပြီးနောက် မိမိကိုယ်ကို သန့်ရှင်းစင်ကြယ်အောင်
ရေမိုးချိုးဆေးကြော သန့်စင်ပြီးလျှင် တိတ်ဆိတ်သော အချိန်တွင် တိတ်ဆိတ်သော နေရာ၌ စိတ်ရော ကိုယ်ပါ လျှော့ချလျက် ပျော့ပျောင်း သက်သာစွာ ထိုင်ရမည်။ ထို့နောက် ရတနာ သုံးပါး၊
ဆရာသမား မိဘ တို့ကို ရှိခိုးကန်တော့ရမည်။

တောရဆောက်တည်သူတို့၏ အကျိုး ၈ ပါး။

၁။ ဘ၀ဒိဌိဟာန          = ဘ၀သည် မြဲ၏ဟူသောသဿတဒိဌိ အယူကို ပယ်ခြင်း။
၂။ ဇီဝိတနိကန္တိပရိစ္စာဂ  = အသက်၌ တပ်နှစ်သက်သော နိကန္တိကို စွန့်ခြင်း။
၃။ သဒါယုတ္တ ပယုတ္တ    = အခါခပ်သိမ်း ဘာဝနာနှင့် ယှဉ်ခြင်း။
၎။ ၀ိသုဒ္ဓဇီဝတာ          = စင်ကြယ်သော အသက်မွေးမှု  ရှိခြင်း။

ဘ၀လွတ်မြောက်နိုင်တဲ့ နည်းလမ်းများ ?။

       ဘ၀မှာ“အဿာဒ” သာယာစရာဆိုတာ ရှိတယ်။ “အာဒီန၀” အပြစ်ဆိုတာ ရှိတယ်။ ဒါတွေ
ပြီးရင် “နိဿရဏ” ထွက်ပေါက်ဆိုတာလည်း ရှိတယ်။ ထွက်ပေါက်ကို ဘယ်မှာရှာမလဲ ?။ အိမ်ထဲ
ရောက်နေတဲ့သူဟာ ထွက်ပေါက်ကို အိမ်ထဲမှာ ရှာရမယ်။ ဘ၀မှ ထွက်ချင်တယ်ဆိုလို့ရှိရင် ဘဝ
ထဲမှာ ထွက်ပေါက်ကို ရှာရမယ်။ “ဘ၀နိရောဓ” ဆိုတဲ့ ထွက်ပေါက်ကို ဘ၀ထဲမှာပဲ တွေ့နိုင်တယ်။

" မု ချ ချမ်း သာ မည်။ "

*သဒ္ဓါလွန်ကဲ ပညာနည်း
  တလွဲယုံတတ်သည်။
*ပညာလွန်ကဲ သဒ္ဓါနည်း
  စဉ်းလဲကောက်ကျစ်သည်။

ကြွေးဟောင်းဆပ်၊ ကြွေးသစ်ချပြီး ရွှေအိုးမြှုပ်ခြင်း။

      ရှေးအခါက မဂဓတိုင်း သာလိဒ္ဒိယပုဏ္ဏားရွာ၌ ကောသိယ ဟူသောဗြဟ္မဏ တစ်ယောက်ရှိ၏။  ထို
ဗြဟ္မဏ၏ သလေးစပါးခင်းမှာ ကျယ်ဝန်း၏။ သလေးနှံတွေ အဆံပြည့်ချိန်တွင် ကျေးသားများ လာ၍စား
ကြသဖြင့် အများအပြား ပျက်စီးရ၏။ ကျေးသားများအနက်မှ ကြီးမားသော ကျေးသားတစ်ကောင်သည်
သလေးနှံများကို စားရုံမျှမက ကိုက်ချီ၍ ယူသွားတတ်၏။

Friday, June 5, 2015

ငါးပါးသီလ ထပ်မံဆောက်တည်လျှင် ရှစ်ပါးသီလ ပျက်/မပျက်


    
ဗုဒ္ဓဘာသာဝင်တွေနဲ့ ရှစ်ပါးသီလနဲ့ဟာ မစိမ်းကြပါဘူး …. အခါကြီး ရက်ကြီးတွေမှာ ဥပုသ်သီလ ဆောက်တည်ခြင်းဟာ မွန်မြတ်တဲ့ ကုသိုလ်တစ်ပါးပါပဲ ….။ ဒါ့ကြောင့် ဒီနှစ်သင်္ကြန်တွင်းကာလမှာ ကျွန်မလည်း တတ်နိုင်သလောက် ဥပုသ်သီလ ဆောက်တည်ခဲ့ပါတယ် …. မှတ်မှတ်ရရ အဲဒီနေ့က နှစ်ဆန်းတစ်ရက်နေ့ပါ

ရှင်သန်းခြင်း၏ အဓိပ္ပာယ်


  
ပျံသန်းနေတဲ့ ငှက်တစ်ကောင်ရဲ့ ဦးတည်ချက်က ဘာလဲ? ရှင်သန်နေတဲ့ တို့တွေရဲ့ ဦးတည်ချက်က ဘာလဲ?
ပျံသန်းနေတဲ့ ငှက်တစ်ကောင်ရဲ့ ဦးတည်ချက်က လိုရာခရီးပါပဲ။
ရှင်သန်နေတဲ့ တို့တွေရဲ့ ဦးတည်ချက်ကလည်း တစ်ခုသော လိုအပ်ချက်အတွက်ပဲ မလား?
တစ်ခုသော လိုအပ်ချက်ကို ချမှတ်ပေးတာက ဘယ်သူလဲ?

ဝိညာဉ်မရှိခဲ့လျှင် ဇာတိပဋိသန္ဓေသည် အဘယ်နည်းဖြင့် တဖန်ပြန်၍ နေပါသနည်း

ရှိရှိသမျှသောသတ္တဝါအားလုံးသည် အနတ္တသဘောချည်းဖြစ်ခဲ့လျှင် မည်သည့်တရားသည် ဇာတိပဋိသန္ဓေ တဖန်ပြန်၍ နေပါသနည်း။ အကယ်၍ ဝိညာဉ်မရှိခဲ့လျှင် ဇာတိပဋိသန္ဓေသည် အဘယ်နည်းဖြင့် တဖန်ပြန်၍ နေပါသနည်း။ ဗုဒ္ဓ၏ ဝါဒအရ ဇာတိပဋိသန္ဓေ တဖန်ပြန်၍ နေခြင်းသဘောကို အနတ္တ သို့မဟုတ် ဝိညာဉ်မဲ့တရားဒေသနာနှင့်အညီ ရှင်းလင်း ဟောကြားတော်မူပါ ဘုရား
(မေးမြန်းလျှောက်ထားသူ - ဒေါက်တာ အေ၊ အမ်၊ ဘေကာ အမ်အေ၊ ပီအိပ်(ခ်ျ)ဒီ၊ ဘားအက်လော၊ ဒီအက်(စ်)စီ၊ ကွယ်လွန်သူ အိန္ဒိယတရားဝန်ကြီးချုပ်ဟောင်းဖြေဆိုသူ - ဆရာတော် အရှင်အရိယဓမ္မ။)

တွန်းပို့ခြင်းကို ခံနေကြရသူများ။

        လောကကြီးဟာ ပို့ဆောင်ခေါ်ငင်ခြင်း ခံနေရတယ် သို့မဟုတ် တွန်းပို့ခြင်းကို ခံနေရတယ်။
ငယ်ငယ်တောင်ကျေး ကလေးဘ၀ကနေ တဖြည်းဖြည်း ကြီးကြီးလာတယ်။ နေ့စဉ်နှင့်အမျှ အိုလာ
ကြတယ်။ “ဇာတိ”ဆိုတဲ့တရား ရလာတဲ့အချိန်က စပြီးတော့ ဇာတိက “ဇရာ” ဆိုတဲ့ မှတ်တိုင်ကို
ရောက်အောင် တွန်းပို့နေတာ။ ဇရာမှတ်တိုင်ကို ရောက်တော့လည်း ဇရာက ဒီအတိုင်းနေတာ မ

အစဉ်အလာတို့ဟူသည်။

        ဘာသာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု ဓလေ့ထုံးစံ  စသည်တို့တွင်  “အစဉ်အလာ”   ဆိုသလို
ဆောင်ရွက်နေသည်များ ရှိပါ၏။ အစဉ်အဆက် အများသူငှာ ဆောင်ရွက်လာသည့် အတွက် အစဉ်
အလာဖြစ်တိုင်း  မစူးစမ်း၊  မဆင်ခြင်၊  မဝေဖန်၊  မသုံးသပ်ဘဲ  လိုက်နာဆောင်ရွက်ရန် မသင့်ပါ။
ထေရ၀ါဒ ပိဋကတ်တော်များကို မြန်မာပြန်ဆိုမှု အပြုနိုင်သေးသောအချိန်၊ ပြည်သူလူထုကြားဝယ်

ကလေးတွေကို ကော်ပတ်ရုပ်ထင်နေကြမယ်ဆိုရင်။

     လောကကြီးမှာ လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါတွေ အကျိုးစီးပွါးဖြစ်ဖို့၊ လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါ
တွေ ချမ်းသာဖို့၊ လူ၊ နတ်၊ ဗြဟ္မာ သတ္တ၀ါတွေ ကောင်းကျိုးရဖို့ ဘုရား၊ တရား၊ သံဃာ  ရတနာ
သုံးပါး ပွင့်ပေါ်လာတာ။  ဘုရားကြည်ညို၊ တရားကြည်ညို၊ သံဃာကြည်ညိုတယ် ဆိုရင် ကိုယ့်မိ
သားစု ငြိမ်းအေးမှုကို ကိုယ်လုပ်ပေးနိုင်ပြီလား?။ အဲဒါလေးကို ပြန်ဆန်းစစ် ကြည့်စမ်းပါ။  အခု

“တရားအသိရှိသူ”

တရားအသိ၊ ဉာဏ်မြင်ရှိ၍၊
စုံပြည့်လေရာ၊ ထိုသူမှာကား၊
အို နာ သေရေး၊ ကုန်ပျက်ဘေးနှင့်၊
မပြေးရှောင်သာ၊ ကြုံတွေ့လာသော်၊
“ငါသာမက၊ များသတ္တလည်း၊

Thursday, June 4, 2015

ထိတ်လန့်သံဝေဂယူဖွယ်ရာ မြတ်စွာဘုရားရှင်၏ ဝဋ်တော်(၁၂)ပါးအကြောင်း

ဝဋ်မှာအမြဲ ငရဲမှာအပ ဆိုသလို ဝဋ်ဆိုတဲ့အရာက
ဘယ်လိုပုဂ္ဂိုလ်ကိုမှ မျက်နှာသာမပေးသလို
ဘယ်သို့သောပုဂ္ဂိုလ်ကမှာလည်း လွတ်ကင်းကြတယ်
ဆိုတာမရှိပါဘူး။

ဦးဇင်းတို့ကိုးကွယ်ဆည်းကပ်နေတဲ့ မြတ်စွာဘုရားသည်ပင်လျှင် ဝဋ်တော်နှင့်မကင်းတဲ့အတွက် ကျန်သော ပုဂ္ဂိုလ်များမှာ
ဆိုဖွယ်ရာပင်မရှိပါ။

ဥစ္စာစောင့် @ ဥတ္တစောင့် လား?

တကယ်တော့ ဥစ္စာစောင့်ဆိုတာ ပါးစပ်ကပဲ ပြောနေကြတာ။ မျက်စိနဲ့ တပ်အပ် လက်တွေ့မြင်ဖူးသူရှိမယ် မထင်ဘူး။ သိုက်ပုံပြင်တွေ၊ ဥစ္စာစောင့်ဇာတ်လမ်းတွေ ရှိတယ်။ တစ်ချို့ ဘုရားဆင်းတုအိ၊ု စေတီပျက်တွေတောင် သိုက်နဲ့ ဥစ္စာစောင့် ပတ်သက်နေတတ်တယ်။ ဒါပေမယ့် ခိုင်လုံတဲ့ သမိုင်းအထောက်အထား မရှိ၊ ယုတ္တိလဲ မတန်ပါဘူး။

ဘေးခတဲ့မျက်ရည်နဲ့ အေးမြတဲ့မဂ်ဆီ သွားရအောင်



တစ်ခါတုန်းက မိလိန္ဒမင်းကြီးက အရှင်နာဂသိန် မထေရ်မြတ်ကို မျက်ရည်နဲ့ပတ်သက်တဲ့ မေးခွန်းတစ်ခု မေးခဲ့ဖူးပါတယ် ။

' အရှင်ဘုရား ... အမေသေလို့ ကျရတဲ့ မျက်ရည်နဲ့ တရားချစ်လို့
ကျရတဲ့ မျက်ရည် ၊ ဘယ်မျက်ရည်က ဆေးဖက်ဝင်ပါသလဲ ?
ဘယ်မျက်ရည်က ဆေးဖက်မ၀င်ပါသလဲ ?

' ဒကာတော်မြတ် ... ရာဂ၊ဒေါသ၊မောဟ စတဲ့ ကိလေသာ အညစ်အကြေးတွေနဲ့ ညစ်နွမ်းပူလောင်နေတဲ့ မျက်ရည်ဟာ
ဆေးဖက် မ၀င်တဲ့ မျက်ရည် ဖြစ်ပါတယ် .။

တရားထူးဆိုတာ ဘယ်လိုအခြေအနေကောင်းလဲ။

         ဗုဒ္ဓဘာသာဝင် သူတော်စင်တွေဟာ တရားထူးတရားမြတ်ရဖို့ ရည်သန်လျက် တရားကျင့်
ကြံအားထုတ် ကြပါတယ်။ ဗုဒ္ဓမြတ်စွာ လက်ထက်တော် အခါကာလတုန်းက မြတ်စွာဘုရား ဟော
ကြားတဲ့ တရားဓမ္မကို နာယူရင်း တရားထူးရသွားကြတဲ့ ပုဂ္ဂိုလ်တွေ မြောက်များစွာ ရှိပါတယ်။
ဂါထာလေးတစ်ပုဒ် ကြားနာလိုက်ရတာနဲ့ တရားထူးရရှိသွားကြတဲ့ ပုဂ္ဂိုလ်တွေ ရှိသလို ဂါထာတစ်
ပုဒ် မဆုံးခင်ဘဲ တရားထူး ရသွားကြတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိကြပါတယ်။

မိဘနှစ်ပါးကို ဆွမ်းခံကျွေးသော ရဟန်း။

          သာဝတ္ထိပြည်တွင်  တစ်ဆယ့်ရှစ်ကုဋေ  ကြွယ်ဝသော သူဌေးဇနီးမောင်နှံ၌ တစ်ဦးတည်းသော
သားတစ်ယောက်ရှိ၏။  ထိုသားသည် မြတ်စွာဘုရား၏  တရားတော်ကို နာရ၍  သာသနာတော်၌ ထက် 
သန်သော သဒ္ဓါတရား ဖြစ်ပေါ်ပြီးလျှင် ရဟန်းပြုခွင့်ပေးရန် မိဘများထံ ခွင့်ပန်သဖြင့်  ခွင့်မပြုလိုသော်
လည်း  တစ်ဦးတည်းသောသား စိတ်ချမ်းသာရေးအတွက် မိဘများက ခွင့်ပြုလိုက်ရ၏။

ဘာသာ/သာသနာ အတွက် အသိပညာပေး ဆောင်ပုဒ်များ

 လူ့ဘုံဌာန၊ လူ့လောကကား
အိုရ နာရ၊ သေရဦးမည်
မှန်ပေသည်တည်း။ ။
သို့တပြီကား........
သင်သေသွားသော်၊.

ဆရာတော်ဘုရားကြီး၏ ဓမ္မစကြာတရားတော်ကြီး ဆောင်ပုဒ်။

- ကာမချမ်းသာ သုံးဆောင်တာ ပယ်ခွါရှောင်ရမည်။
      မသုံးဆောင်ပဲ ကိုယ်ဆင်းရဲ ဒါလဲရှောင်ရမည်။
- စိတ်အလိုကျ လွှတ်ထားက ကာမသုခါ နုယောဂါ။
    ပင်ပန်းရုံမျှ အားထုတ်က အတ္တကိလမထာ နုယောဂါ။

Wednesday, June 3, 2015

ဗုဒ္ဓဘာသာကိုမယုံကြည်ဘဲ သုဂတိဘုံရောက်နိုင်ပါသလား

အမေး။ ။ တပည့်တော်သိချင်တာက ဗုဒ္ဓဘာသာကို မကိုးကွယ်ဘဲ ရတနာသုံးပါးကို မယုံကြည်ဘဲ ကောင်းရာမွန်ရာ (သုဂတိဘုံတွေ) ကို ရောက်နိုင်သလား။(ဆလိုင်း ဟန်သာစန်း)


အဖြေ။ ။လူတစ်ယောက်ဟာ အကြောင်းအားလျော်စွာ ဗုဒ္ဓဘာသာမဖြစ်သေးပေမဲ့

“မျက်နှာသစ်တဲ့အခါ ကုသိုလ်(၅)မျိုးကို ရအောင်ယူနည်း”


(၁) “ဒါနကုသိုလ်” မနက်အိပ်ယာထမျက်နှာသစ်တော့မယ်ဆိုရင် ရေဖလားထဲကို ရေထည့်လိုက်ပါ။ မျက်စိနဲ့မြင်သာမယ့် ရင်ခေါင်းလောက်မှာ ရေဖလားကို ကိုင်ထားပါ။ ရေဖလားကို အပေါ်တော့ မမြှောက်လိုက်ပါနဲ့။ မေတ္တာပို့တဲ့အခါ အဆင်မပြေမှာစိုးလို့ပါ။ လက်ကကိုင်ထားတဲ့ရေဖလားနဲ့ '' မြတ်စွာဘုရား မျက်နှာသစ်တော်ရေ ကပ်လှူပါ၏ဘုရား။ ဘုရားတပည့်တော်ကို

ဗုဒ္ဓသည် ကိသဂေါတမီအား မုသားစကား ပြောခဲ့သလော



ဗုဒ္ဓသည် ကိသဂေါတမီအား သူ၏ ကွယ်လွန်အနိစ္စရောက်
သွားသော သားငယ်နှင့်
ပတ်သက်၍ တရားဟော တော်မူရာတွင် မုသားစကားဆိုရာ မရောက်ပေဘူးလား။ (မေးမြန်းလျှောက်ထားသူ - မစ္စတာ အယ်(မ်) အေ၊ 
မူလာ၊ ဝတ်လုံတော်ရ၊ ဘုံဘိုင်မြို့၊ ဖြေဆိုသူ - ဆရာတော် အရှင်အရိယဓမ္မ။)

အတ္ထက္ခာယီ မိတ်ဆွေ။

၁။ မကောင်းမှုမှ တားမြစ်တတ်၏။
၂။ ကောင်းမှု၌ သက်ဝင်စေ၏၊ တိုက်တွန်းတတ်၏။
၃။ မကြားဖူးသော တရားစကားကို ပြောကြားတတ်၏။
၎။ နတ်ပြည်ရောက်ကြောင်း ခရီးလမ်းကို ပြောကြားတတ်၏တို့ ဖြစ်ပါတယ်။ ။

ဘ၀အသွင်ကို ဓမ္မအမြင်ဖြင့် ကြည့်ရှုတိုင်းတာခြင်း။

       လူတိုင်းလူတိုင်းမှာ ကိုယ်စီဘ၀ကလေးတွေ ရှိနေကြပါတယ်။ သို့သော် ဘ၀နဲ့ပတ်သက်
ပြီးတော့ တစ်ဦးနှင့်တစ်ဦး အမြင်ချင်းမတူကြပေ။ တချို့က ဘ၀ကို ပျော်စရာလို့ မြင်တယ်။ တ
ချို့က ဘ၀ကို ငြီးငွေ့စရာလို့ မြင်ကြတယ်။

“သီတဂူဆရာတော်ကြီး၏ ဗုဒ္ဓပုံတော်၊ ဆင်းတုတော်တို့ကို ဘာကြောင့်ကိုးကွယ်နေသလဲ”

* ဒါကြောင့် ဗုဒ္ဓ၀ါဒမှာ မျက်စိမှိတ်ယုံကြည် ကိုးကွယ်ရတာမျိုး မရှိဘူး။ ဒီလို
ဆိုရင် ဗုဒ္ဓဘာသာဝင်တွေဟာ ဗုဒ္ဓရဲ့ပုံတော်၊ ရုပ်ဆင်းတုတော်တွေကို ဘာ
ကြောင့် ကိုးကွယ်နေကြသလဲလို့ မေးနိုင်ပါတယ် ? ။

ပူဇော်ထိုက်သူကို ပူဇော်တတ်သော အရှင်သာရိပုတ္တရာ။

         အရှင်သာရိပုတ္တရာသည် ဥပတိဿ ပရဗိုဇ် ဘ၀ဖြင့် အရှင်အဿဇိထံမှ မြတ်စွာဘုရား၏
တရားတော်ကို နာကြားရ၍ သောတာပတ္တိ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရခဲ့၏။ ထို့ကြောင့် ဆရာဖြစ်သူ
အရှင်အဿဇိကို ပူဇော်လို၍ ရောက်လေရာ အရပ်တိုင်း၌ အရှင်အဿဇိ  ရှိရာအရပ်ဘက်ကို    ဦး
ခေါင်းထား အိပ်ခြင်း၊ ရှိခိုးခြင်းကို အစဉ်အမြဲ ပြု၏။

Tuesday, June 2, 2015

ဝိညာဉ် လိပ်ပြာအယူ


"ဓမ္မနိဿတ္တိ-နိဇ္ဇ၀= သတ္တ၀ါလည်း မဟုတ်၊ ဇီဝ= အသက်လိပ်ပြာလည်းမဟုတ်၊
နာမ်ရုပ် ဓမ္မသင်္ခါရသာဟုတ်၏" ဟူ၍ မြတ်ဗုဒ္ဓက ဟောတော်မူခဲ့ပါသည်။
သို့စဉ်လျက် "၀ိညာဉ်လိပ်ပြာ" ရှိသည်ဟူသော အယူအစွဲသည်
အစဉ်အလာအားဖြင့် ခိုင်မြဲလာခဲ့ပါသည်။

အထူးသဖြင့် ယင်းအယူအစွဲသည်
ကျေးလက်ဒေသတို့၌ ပိုမိုအားကောင်းရှင်သန်ပျံ့နှံ့လျက်ရှိပါ၏။
      ကျေးလက်တောရွာများ၌ အချို့မိန်းမတို့သည် နေ၀င်မိုးချုပ်တော့မည်ဆိုလျှင်
"သားလေးရဲ့ အသက်လိပ်ပြာလာလာ၊ ဘယ်မှ မသွားနဲ့၊ အမေနဲ့ အတူ အိပ်ရအောင်"
စသည်ဖြင့် ပြောလေ့ရှိတတ်ကြပါသည်။

စွန်းလွန်း ဆရာတော်၏ သံဝေဂ"


စွန်းလွန်းဆရာတော်ဟာ ကိလေသာကင်းကွာ ရဟန္တာမထေရ်မြတ်တစ်ပါး ဖြစ်ခဲ့တယ်။ ရဟန္တာဖြစ်ပြီးနောက် ယခုဘ၀ရဲ့ အရင်က ဘ၀(၅၀၀)ကို ပြန်လည်မြင်နိုင်ခဲ့တယ်။ အဲဒီဖြစ်ခဲ့တဲ့ ဘ၀(၅၀၀)ကိုကြည့်လိုက်တဲ့အခါ လူ့ဘ၀ကို (၂)ကြိမ်သာ ရခဲ့ပြီး အပါယ်တိရစ္ဆာန်ဘ၀ကို (၄၉၈)ဘ၀ ရရှိခဲ့တယ်လို့ မြင်တော်မူခဲ့ပါတယ်။

" ကိုယ့်အဆင့်ကိုယ့်နေရာ တရားတော် "


( ကျေးဇူးတော်ရှင် ဓမ္မဒူတတောရ ဆရာတော် ဒေါက်တာအရှင်ပညိဿရ )

"" အောက်တန်းမူလ ဗုဒ္ဓဘာသာ ကံအကျိုးသိမြင်ပေသာ ။
အလယ်ထင်လင်း မြင်ရှင်းလက္ခဏာ ။
အထက်တန်းလေးခန်း မြင်သစ္စာ ။ ""

(၁) အောက်တန်းမူလ ဗုဒ္ဓဘာသာ ကံအကျိုးသိမြင်ပေသာ ။

ရူပပထမဈာန် အင်္ဂါ ၅ ပါး။

၁။ ၀ိတက်   = မိမိနှင့်အတူတကွဖြစ်သော တရားတို့ကို အာရုံသို့ရောက်အောင် ပို့ပေးခြင်း။
၂။ ၀ိစာရ     = ၀ိတတ်ပို့ပေးသည့်အတွက် အာရုံသို့ရောက်နေသော စိတ်အစဉ်ကို မကင်းကွာ
                    ရလေအောင် အဖန်ဖန် ဆင်ခြင်နေခြင်း။
၃။ ပီတိ       = ၀ိစာရက အဖန်ဖန် သုံးသပ်ဆင်ခြင်သည့်အတွက် အာရုံကို နှစ်သက်နေခြင်း။

ဝက်ဝံကြီးပြောသွားတဲ့ စကားတစ်ခွန်း။

       ငယ်ငယ်တုန်းက ပုံပြင်လေးတစ်ခု ဖတ်ဖူးပါတယ်။ အင်မတန်မှ မှတ်သားစရာကောင်းတဲ့
ပုံပြင်လေးတစ်ခုပါ။ ပုံပြင်ထဲမှာ သူငယ်ချင်းနှစ်ယောက် တောအုပ်ကြီးတစ်ခုကို ဖြတ်သန်းသွားရ
တယ်။ တစ်ယောက်က လက်နက်ပါလာတယ်။ နောက်တစ်ယောက်က လက်နက်မပါဘူး။ လက်
နက်ပါတဲ့သူက ဘာပြောသလဲဆိုတော့ “ ဒီနေရာမှာ ဆင်ပဲတွေ့တွေ့၊ ကျားပဲတွေ့တွေ့၊ ဘာ

သာသနာပြုခြင်းနှင့် လွဲမှားနေကြသူများ။

        သာသနာပြုခြင်း ဆိုသည်မှာ သာသနာတော် အဓွန့်ရှည် တည်တန့်ရေးအတွက် ဆောင်
ရွက်ရသည့် သာသနာ့ကိစ္စဖြစ်သည်။ ဗုဒ္ဓဘာသာ အများစုသည်  သာသနာပြုဖို့ရန် အလွန်စိတ်
ဝင်စားကြ၏။ သာသနာပြု ပုဂ္ဂိုလ်များကိုလည်း အလွန်လေးစားကြ၏။ ထို့ကြောင့် သာသနာပြု
အမည်ခံ ပုဂ္ဂိုလ်များကို နားကပ်၊ ဆွဲကြိုးကအစ ကိုယ်၌၀တ်ဆင်ထားသော ရတနာများကို ချွတ်

ဝိပဿနာ အားထုတ်နည်း အခြေခံ ဆောင်ပုဒ်လေးများ။

- ၀ိပဿနာ၊ ဉာဏ်ဆိုတာ၊ ဘယ်ဟာ ရှု၍ ဖြစ်သနည်း။
       စွဲလန်းနိုင်ရာ၊ ငါးခန္ဓာ၊ မှန်စွာရှု၍ ဖြစ်သတည်း။
- ဘယ်အကျိုးငှါ၊ ထိုခန္ဓာ၊ ဘယ်ဟာရှုရပါသနည်း။
      မစွဲဖို့ရာ ဖြစ်စဲမှာ၊ မှန်စွာရှုရပါသတည်း။
- ဖြစ်ခိုက်မရှု၊ ရုပ်နာမ်စု၊ စွဲမှုဝင်ရောက်သည်။

Monday, June 1, 2015

“ စိတ်ဓာတ်ကျနေရင် ဒါလေးဖတ်ပါ ”

သူငယ်ချင်းတစ်ယောက်တစ်ယောက်က လုပ်သမျှတွေအဆင်မပြေလို့ စိတ်ညစ် တဲ့အကြောင်း စာရေးသူကိုလာပြောပြပါတယ်၊ ဒါနဲ့သူကိုစိတ်ဓာတ်ခွန်အား တိုးပွားစေဖို့ စကားတစ်ချို့ပြောဖြစ် ပါ တယ်၊ ခုသူငယ်ချင်းကိုပြောပြဖြစ်တဲ့ စကားလေးတစ်ချို့ကို စာ ဖတ်သူတွေကိုမျှဝေချင်တာပါ၊ လူတိုင်းစိတ်ညစ်ကြပါတယ်၊ စိတ်ဓာတ်ကျကြပါတယ်၊ လူငယ်တွေမှာအများဆုံး စိတ်ဓာတ်ကျ ရတဲ့အကြောင်းကတော့ အချစ်ရေးမပြေလည်လို့ဖြစ်တာများပါတယ်၊ လူလတ်ပိုင်းတွေကြပြန်တော့

အတိတ်နိမိတ်ယုံကြည်မှု


ကြွက်သည် အ၀တ်၏ အနားနှစ်ဖက်ကိုခဲမူ စီးပွားလျှော့အံ့။
လေးထောင့်အနားကိုခဲမူ စီးပွားတက်အံ့။
အ၀တ်၏ ကြွင်းသောနေရာကိုခဲမူ ဘေးဖြစ်အံ့။
ကြွက်သည် (လူကိုခဲမူ) လက်ကိုခဲမူ ရွှေငွေရအံ့။
ခြေကိုခဲမူ လာဘ်ရအံ့။
သလုံးကိုခဲမူ ရောဂါရအံ့။
(သုတသနိကျမ်း)

သေပြီး ၇ ရက်

အန္တရာဘ၀၀ါဒ
လူတစ်ယောက်သေဆုံးသောအခါ (၇) ရက်မလည်မီ
မိမိပိုင်ဆိုင်ရာနေအိမ် (ဘုံ) ထဲတွင် တစ္ဆေသူရဲဘ၀နှင့် ရှိနေပြီး
(၇)ရက် ပြည့်မြောက်သောအခါမှသာ မိမိလားမြောက်ရမည့် ဘုံဘ၀အထွေထွေသို့
ကူးပြောင်းရောက်ရှိသည်ဟူသော "အယူဝါဒ" တစ်ခုရှိပါ၏။

ပျင်းရိခြင်းအပြစ် ၆ ပါး။

၁။ အေးလွန်းသည်ဟု အမှုကိစ္စကို မပြု။
၂။ ပူလွန်းသည်ဟု အမှုကိစ္စကို မပြု။
၃။ မိုးချုပ်လွန်းသည်ဟု အမှုကိစ္စကို မပြု။
၎။ စောလွန်းသည်ဟု အမှုကိစ္စကို မပြု။

ဗုဒ္ဓတရားဒေသနာတော်ကို လေ့လာခြင်း။

        ဤတရားတော်သည် မဇ္ဈိမနိကာယ်မှ ရဌပါလသုတ်၌ ပါရှိသော ဓမ္မုဒ္ဒေသ ၄ ပါးကို ရှင်း
လင်း ဟောကြားထားသည်။ ဗုဒ္ဓမြတ်စွာ၏ တရားဓမ္မသည် အစ၊ အလယ်၊ အဆုံး အမှန်အတိုင်း
ထုတ်ဖေါ်ဟောကြားအပ်သည့် (၁) “သွာက္ခာတ” ဂုဏ်နှင့် ပြည့်စုံပါသည်။
         မှန်ကန်စွာ ဟောထားသည်ကို ဟောထားသည့်အတိုင်း လက်တွေ့ကျင့်သုံးခြင်းဖြင့် သိ

နယုန်လပြည့် မဟာသမယ အခါတော်နေ့။

        နယုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အဖို့ ငြိမ်းချမ်းရေး မှတ်တိုင်ကို စိုက်ထူနိုင်သော
သမိုင်းဝင် နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။ မြတ်စွာဘုရား လက်ထက်တော်ကာလက အိန္ဒိယနိုင်ငံ
တွင် ကပိလ၀တ်ပြည်မှ လယ်သမားများနှင့် ကောလိယပြည်မှ လယ်သမားတို့ ရောဟိနီမြစ်မှ ရေ
ကိုအကြောင်းပြု၍ ရေလုပွဲကြီး ဆင်နွှဲခဲ့ကြဘူး၏။ လယ်သမားများကို အကြောင်းပြု၍ နှစ်ဘက်

ရှေ့တင်တစ်မျိုး၊ ကွယ်ရာတစ်မျိုး ။

     ဟန်ဆောင်တယ်ဆိုလို့ ဟန်မဆောင်တဲ့ ဒကာကြီးတစ်ယောက်နဲ့ ဓနုဖြူတရားစခန်းမှာ
ဓမ္မဒူတ ဆရာတော်နှင့် တွေ့တယ်။ တရားစခန်းဆိုတော့ တရားမေး၊ တရားလျှောက်၊ တရား
စစ်လုပ်ပေးတယ်။ တခြားတော့ မဟုတ်ပါဘူး၊ ပြင်ပေးသင့်ရင် ပြင်ပေးနိုင်တာပေါ့၊ဆရာတော်
ကလဲ ဟန်မဆောင် တတ်ဘူး ရှင်းရှင်းလေး။  တရားစစ်တော့ ရှေ့ က   တစ်ယောက်ပြီးတစ်

Sunday, May 31, 2015

သေရည်သေရက်သောက်ခြင်း အပြစ် ၆ ပါး။

၁။ ဥစ္စာဆုတ်ယုတ်ခြင်းသည် ကိုယ်တွေ့မျက်မြင် အပြစ်ဖြစ်၏။
၂။ ခိုက်ရန် ဖြစ်ပွားတတ်၏။
၃။ အနာရောဂါ ဖြစ်ကြောင်း ဖြစ်၏။
၎။ အရှိန်အစော် မဲ့တတ်၏။
၅။ လျှို့ဝှက်အပ်သည်ကို ဖော်ပြတတ်၏။

လောကီလောကုတ္တရာနှစ်ဖြာ ကြီးပွားတိုးတက်ဖို့အတွက်။

        ဗုဒ္ဓမြတ်စွာဘုရား ဟောတော်မူခဲ့တဲ့ ဒေသနာတော်အရ ဘ၀ကြီးပွားတိုးတက်ရေးအတွက်
မိတ်ကောင်းဆွေကောင်း လိုအပ်ပါတယ်။ ဘ၀သံသရာဝဋ်မှ လွတ်မြောက်ပြီး နိဗ္ဗာန်ချမ်းသာကို
မျက်မှောက်ပြုဖို့ အတွက်လည်း မိတ်ကောင်းဆွေကောင်း လိုအပ်ပါတယ်။ လောကီရေးကိစ္စမှာ
ဖြစ်ဖြစ် လောကုတ္တရာရေးကိစ္စမှာဖြစ်ဖြစ် မိတ်ကောင်းဆွေကောင်းဟာ အင်မတန်မှ အရေးကြီး
တဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။

“များစွာနစ်နာ၊ သာသနာ”

အကျင့်စွဲများ၊ နည်းအမှားကြောင့်

များစွာနစ်နာ၊ သာသနာကို

ထင်ရာပြုကြ၊ ဝမ်းနည်းလှသည်

ဗုဒ္ဓ မြတ်စွာ၊ ဘဂဝါကို

အခက်အခဲ တစ်စုံတစ်ရာကြုံခဲ့ရင် ။

  *မာတာပိတု ဥပဌာနံ၊ ဧတံမင်္ဂလ မုတ္တမံ*။ မိဘကို လုပ်ကျွေးပြုစုခြင်းသည် မြတ်သောမင်္ဂလာမည်၏။
       လောကမှာ တာဝန်တွေရှိပါတယ်။ တာဝန်ကျေတဲ့သူဟာ ကျက်သရေရှိပါတယ်။ တာဝန်မကျေတဲ့
သူဟာ ကျက်သရေ မရှိပါဘူး။ ဒါ ဗုဒ္ဓဘုရားဟောပါ။
      အဖေက တာဝန်ကျေရင် အဖေ ကျက်သရေ ရှိတယ်။ မမေက တာဝန်ကျေရင် အမေ ကျက်သရေ