Saturday, October 8, 2016

ဗုဒ္ဓဘာသာဆိုတာ ဘာကိုခေါ်ပါသလဲဘုရား


ဗုဒ္ဓဘာသာဆိုတာ ဘာကိုခေါ်ပါသလဲဘုရား

"ဆရာတော်ဘုရား၊ ဗုဒ္ဓဘာသာဆိုတာ ဘာကိုခေါ်ပါသလဲဘုရား၊ ဘာသာခြားတစ်ဦးဦးက မေးလာလျှင် မည်သို့ ဖြေရမှာပါလဲဘုရား တိုတိုရှင်းရှင်းနဲ့ နားလည်အောင် ပြန်ပြောပြနိုင်အောင် ဖြေဆိုတော်မူပါဘုရား၊ ဆရာတော်ဘုရားကို ဆရာလုပ်တာ မဟုတ်ပါဘုရား၊
အချို့က ဗုဒ္ဓဘာသာဆိုတာ -

(၁) ကံ၊ ကံရဲ့ အကျိုးကို ယုံကြည်ရမယ်၊

(၂) အတိတ်ဘဝ ရှိတယ်လို့ ယုံကြည်ရမယ်၊

(၃) ဘဝရဲ့ ချုပ်ငြိမ်းရာ နိဗ္ဗာန် ရှိတယ်လို့ ယုံကြည်ရမယ် - လို့ အမိန့်ရှိပါတယ်။"

တရားသိနေသူ။

        လူတိုင်း လူတိုင်းမှာ မျက်စိရှိနေကြပါတယ်၊ မျက်စိလေး -နှစ်လုံး ဖွင့်လိုက်လို့ရှိရင်
မြင်စရာ အာရုံလေးက မျက်စိထဲမှာ ပေါ်လာပါတယ်၊ ဥပမာ - ပန်းပွင့်ကလေးကို ကြည့်တယ်ဆို
လို့ရှိရင် ပန်းပွင့်ကလေးနဲ့ မျက်လုံးလေး ဆုံလိုက်တဲ့အခါ ပန်းပွင့်ကလေးကို မြင်တယ်ဆိုတဲ့

အဓိပ္ပါယ်မသိတဲ့ “ဥုံမဏိပဒ္ဓေဟုံ”။

    “ဥုံမဏိပဒ္ဓေဟုံ” စာတန်းကို မော်တော်ကားမှာကပ်သူကပ်၊ လ္ဘက်ရည်ဆိုင်မှာချိတ်သူချိတ်၊
ဘုရားခန်းမှာထားသူထား၊ အဆောင်အယောင်အဖြစ် ကိုယ်နဲ့မကွာ ဆောင်သူဆောင်နှင့် ရိုးရိုး
စက္ကူကပ်ပြားအဆင့်သာ မဟုတ်တော့ဘဲ တန်ဖိုးရှိပစ္စည်းများဖြင့် သားသားနားနားပင် လုပ်ပြီး

ဒေါက်တာအရှင်ဆေကိန္ဒ၏ ဘ၀လှအောင်ပြင်ချင်စိတ်။

 
     ဘုန်းဘုန်းကတော့ အစိုးရမူလတန်းကျောင်းမှာ တစ်တန်းကစပြီး ကျောင်းနေရတယ်။ အဲဒီတစ်
တန်းမတိုင်ခင်က မူကြိုခေါ်မလား၊ သူငယ်တန်းခေါ်မလား မပြောတတ်ပါဘူး။ ဘုန်းဘုန်းတို့ရဲ့  စစ်
ကိုင်းတောင်ရိုးက ရေဦးတိုက်သစ်ဆိုတဲ့ ကျောင်းတိုက်ရှိတယ်။ အဲဒီကျောင်းတိုက်မှာ  ဒီအနီးအနား

Friday, October 7, 2016

မိထွေးတော်ဂေါတမီ



မိထွေးတော်ဂေါတမီသည် ဘိက္ခုနီရဟန်းမသာသနာတော်ကို စတင်ဖော်ဆောင်ခဲ့သူတစ်ဦး ဖြစ်သည်။ အမျိုးသမီးများ ဘိက္ခုနီသာသနာတော်သို့ ၀င်ရောက်ရန်အတွက် ရှေ့ဆောင်လမ်းပြအဖြစ် ကြိုးစားခဲ့သူ တစ်ဦးလည်းဖြစ်သည်။ နောက်ဆုံး ရဟန်းမဘ၀တွင် သိက္ခာဝါအကြီးဆုံး(ရတ္တညူမဟတ္တ) အရာ၌ ဧတဒဂ်ရခဲ့သည်။ မဟာပဇာပတိဂေါတမီ ထေရီမကြီး၏ ကြိုးစားမူကြောင့် သာသနာတော်သို့ အမျိုးသမီးများ များစွာဝင်ရောက်ခဲ့ကြပြီး အကျွတ်တရားရသူ တရားဖြန့်ပွားသူ သာသနာပြု
အမျိုးသမီးများစွာ ပေါ်ထွန်းခဲ့သည်။ သာသနာ၌ ထူးခြားစွာ ဧတဒဂ်ရခဲ့သော အမျိုးသမီး (၁၃)ဦး ပေါ်ပေါက်ခဲ့ရသည်။

Thursday, October 6, 2016

မြတ်ဗုဒ္ဓ သည် လူ ၊ တိရစ္ဆာန်တို့ကိုစီးတော်မူသလော….



၁၃၄၂ ခုနှစ် ဧကံ သမယံ တစ်ကြိမ်သောအခါ အောက်ဖော်ပြပါ ပြဿနာတစ်ရပ်ပေါ်လာသောကြောင့် ဆူးလေစေတီ တော်မြတ် ဂေါပကအဖွဲ့က သြ၀ါဒါ စရိယ ဆရာတော်ကြီးများအားပင့်ဆောင်၍ သြ၀ါဒခံယူရန် လျှောက်ထားကြသည် မှာ-

အသိဉာဏ် အထက်မြက်ဆုံး ပုဂ္ဂိုလ်။

      “ဥဂ္ဃဋိတညူ”တဲ့။ ဒီပုဂ္ဂိုလ်ကတော့ အဆင့်အမြင့်ဆုံး ပုဂ္ဂိုလ်မျိုးပေါ့၊ အသိဉာဏ်
အထက်မြက်ဆုံး ပုဂ္ဂိုလ်၊ နည်းနည်းလေးပြောလိုက်တာနဲ့ တစ်မဂ်တစ်ဖိုလ် ရသွားနိုင်တယ်၊
ဥပမာ အရှင်သာရိပုတ္တရာမထေရ်မြတ် တို့လိုပါ။ အရှင်သာရိပုတ္တရာ မထေရ်မြတ်ဆိုလို့ရှိရင်

ဘုရားရှင်၏ ရာဟုလာအား သြ၀ါဒတော် (၁)။

        ဗုဒ္ဓမြတ်စွာသည် ညနေချမ်းအခါဝယ် ရှင်ရာဟုလာအား သြ၀ါဒပေးတော်မူလိုသော
ကြောင့် ကမ္မဠာန်းကျောင်းကလေးသို့ ကြွတော်မူလေသည်။ ထို့နောက်  ဗုဒ္ဓမြတ်စွာသည် ထိုင်
တော်မူပြီးလျှင် ရေခွက်၌ ရေအနည်းငယ်ကို ချန်ထား၍ ရာဟုလာကို မေးတော်မူသည်မှာ - -

ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အသိပညာပေးဆောင်ပုဒ်များ (၅) ။

“ ရှင်မဟာသီလ၀ံသ ဆုံးမစာ (၄) ”
====================
၃၈။ ဆရာနေခင်း၊ အင်းပျဉ်ညောင်စောင်း၊
လဲလျောင်းဘုံလျှို၊ ထိုထိုထက်မှာ၊
မနေရာသည်၊ မြင့်ရာမသင့်၊ မထိုင်နှင့်။

Wednesday, October 5, 2016

ဘုရားဘာလို့ ရှစ်ခိုးတယ်...

'မေမေ...'

'ဟေ'

'ဟိုဟာ ဘာလဲဟင်'

'ကြသာပတေးဒေါင့်ပေါ့ သမီးရဲ့'

'အောက်က ဘာရုပ်လေးလဲ'

'ပူးရုပ်လေ'

ကြွက်ကလေးပါ မေမေရဲ့... သမီးလိုချင်တယ် မေမေ..။

Tuesday, October 4, 2016

ဗုဒ္ဓသတ်မှတ်တဲ့ လူ။



တန်ဖိုးထားရလူ့ဘ၀၊ဗြဟ္မာ့ပြည်ကအပ်ကိုချ၊
မြေကအပ်တစ်ဖြာ၊အပ်သွားခြင်းထိ၊ပမာသိ၊
ခဲဘိလူဖြစ်ပါ၊မနုဿဘာဝေါ၊ဒုလ္လဘော၊
မိန့်ဟောမြတ်ဗုဒ္ဓ၊ဘုရားအဆူဆူ၊ပွင့်တော်မူ၊
ရပ်ဟုလူ့ပြည်ရွာ၊တန်ဖိုးထားရလူ့ဘ၀၊
ရကြသူများမှာ။

၁၂ နှစ်ကြာ အဖြေရှာခဲ့ရသော မေးခွန်း(၁)။

   ရဟန်းတော် တစ်ပါးဟာ အင်မတန်မှ သိချင်လှတဲ့ မေးခွန်းတစ်ခုရဲ့ အဖြေကို လိုက်ရှာ
လိုက်တာ အခုခေတ်စကားနှင့်ပြောရရင်ကမ္ဘာအနှံ့ပေါ့နော်။ သူက တန်ခိုးရှင်ပဲ၊ တန်ခိုးရှင် ဆိုတာ
ဈာန်အဘိဉာဏ်တွေ ရသည့်အတွက်ကြောင့် ဒီမေးခွန်းရဲ့ အဖြေကို လူ့ပြည်မှာတင် မကဘူး၊ နတ်

လူ့ဘ၀ဖျက် အကျင့်စရိုက်များ။

၁။ နေမြင့်အောင် အိပ်ခြင်းသည်လည်းကောင်း၊ သူတပါးမယားကို မှီဝဲခြင်းလည်းကောင်း၊ ရန်သူ
များခြင်းလည်းကောင်း၊ အကျိုးမဲ့ပြုခြင်းလည်းကောင်း၊ မကောင်းသော အဆွေခင်ပွန်းရှိခြင်း
လည်းကောင်း၊ အလွန်စေနှဲခြင်းလည်းကောင်း၊ ဤအကြောင်း ၆ ပါးတို့သည် လူကို ပျက်စီးတတ်

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဘာသာတရား ဆောင်ပုဒ်များ(၂၂)။

  “သမာတာ  ပုတ္တိကဘေး”
  ===============
မီးလောင်ရေကြီး၊ သူပုန်စီးသည့်
ဘေးကြီးသုံးဖြာ၊ ဖြစ်ပေါ်လာသော်
မာတာမိခင်၊ သားရွှေစင်ကို

Monday, October 3, 2016

ဝိဉာဉ်ကူးပြောင်းနေတယ်ဆိုတာတကယ် ကော ဟုတ်ရဲ့လား

ခရစ်ယာန် နဲ့ အစ္စလာမ်တို့မှာ “Soul” ခေါ်တဲ့ ၀ိဉာဉ်ဟာ ဘုရားသခင်ရှေ့မှောက်ကို နောက်ဆုံးမှာ ပြန်လည်ရောက်ရှိတယ် လို့ယူဆ ကြတယ်။
ဗုဒ္ဓဘာသာမှာတော့ “အတ္တ” ဆိုတဲ့ အယူရော၊ “Soul” ခေါ်တဲ့ ၀ိဉာဉ်အယူရောပါ လက်မခံပါဘူး။ ဒီယူဆချက်ဟာ ဗုဒ္ဓဘာသာကို အခြားသော အယူဝါဒများနှင့် သိသိသာသာကြီး ကွဲပြားစေတဲ့ အယူဝါဒဖြစ်တယ်။ ဗုဒ္ဓ၀ါဒဟာ “အတ္တ” ကို လက်မခံတဲ့ “အနတ္တ” ၀ါဒဖြစ်တယ်။ ဗုဒ္ဓအယူဝါဒဟာ ရှေးအတိတ်ဘ၀ပေါင်းများစွာ ရှိခဲ့တယ် ဆိုတဲ့ အယူအဆကို လက်ခံပေမယ့် တစ်ဘ၀ပြီး တစ်ဘ၀ ကူးပြောင်းသွားလာနေတဲ့ ၀ိဉာဉ် (ခေါ်) အတ္တ ကောင် မရှိပါဘူး။

Sunday, October 2, 2016

“ပါရမီ အချစ်”

“မေတ္တာ” ဆိုတဲ့ ပါဠိရဲ့ အနက်ကို “ချစ်ခြင်း”လို့အနက် ပြန်ကြ ပါတယ်။အချစ်က သုံးမျိုး ရှိပါတယ်။
(၁)။ ချစ်သူ အချစ်ရယ်
(၂)။ မိသားစု အချစ်ရယ်
(၃)။ ပါရမီ အချစ်ရယ် ဆိုပြီး သုံးမျိုး ရှိပါတယ်။

အမြတ်ဆုံးဒါန။

    ရှင်သာရိပုတ္တရာရဲ့အလောင်းဥပတိဿ ပရဗိုဇ်ကြီး အမတ ဆိုတဲ့ သေခြင်းကင်းရာ တရား
ကို လိုက်ရှာပါတယ်။ ရှာတဲ့အခါမှာ ထိုခေတ်က ခေတ်စားနေတဲ့ နာမည်ကြီးတဲ့ သဉ္စယဆိုတဲ့ ပရဗိုဇ်
ကြီးထံမှာ တပည့်ခံပြီး ပရဗိုဇ်လုပ်နေပါတယ်။ သူ့ဆီက ပညာတွေ သင်လိုက်တယ်။ အဲဒီ သင်ယူလိုက်

ပါရာဇိက ၄ ပါး။


             ပါရာဇိက ၄ ပါးမှာ ==
၁။ မေထုန ပါရာဇိက = မေထုန်ဟူသော မမြတ်သောအကျင့်ကို ကျင့်ခြင်း။
၂။ အဒိန္နဒါန ပါရာဇိက = သူတစ်ပါးဥစ္စာကို ခိုးယူခြင်း။

စူဠသောတာပန် ဖြစ်ရခြင်း၏ အကျိုးတရားများ။

  ၁။ မိမိ၏အသိဉာဏ် တိုးတက်လာပြီး သီလကို စင်ကြယ်အောင် စောင့်ထိန်းနိုင်သူ
တစ်ယောက်ဖြစ်လာသည်။
  ၂။ သီလရှိခြင်းကြောင့် စိတ်ဖြူစင်သန့်ရှင်းပြီး တည်ငြိမ်အေးချမ်းလာသည်။