Saturday, April 5, 2014

သဘာဝတရားကို သိစွမ်းနိုင်တဲ့ ပညာဆိုတာ။

       ပညာဆိုတာကတော့ ဗုဒ္ဓမြတ်စွာက လောကကြီးမှာ လိုအပ်တဲ့ အမြင့်ဆုံးပညာကို
ဟောထားတယ်။ ပညာဟူသည်မှာ အကောင်းအဆိုး၊ အကြောင်းအကျိုး လုပ်သင့် မလုပ်သင့်
စတာတွေကို ခွဲခြားသိတာကို ပညာခေါ်တယ်။ လောကမှာ သင်ယူထားတဲ့ ပညာအများစုဟာ

ပထမဦးဆုံး သာမဏေ။

         ရာဟုလာက မြတ်စွာဘုရားဆီ သွားပြီး “ခမည်းတော် အမွေပေးပါ” လို့ တောင်းတယ်။
မြတ်စွာဘုရားက ဘာမှ မိန့်ကြားတော် မမူဘူး။ သပိတ်ပိုက်ပြီးတော့ ကျောင်းတော်ကို ကြွသွား
တော် မူတယ်။ ရာဟုလာက နောက်က သင်္ကန်းဆွဲပြီး ကျောင်းတော် ရောက်သည်အထိ တ
ကောက်ကောက်နဲ့ လိုက်တောင်းတယ်။ ယသော်ဓရာက သဘောကျတယ်။

သူဌေးသမီးရပြီး ချမ်းသာမယ်ဆိုရင်။

        ကုန်းဘောင်မင်းဆက်ကို ထူထောင်ခဲ့သည့် အလောင်းဘုရား ငယ်ရွယ်စဉ် အချိန်ကာလ
ဖြစ်၏။ ရွှေဘိုနယ်သို့ ဘိုးတော်လိုလို၊ ၀ိဇ္ဇာလိုလို ရှမ်းဆရာကြီးတစ်ယောက် ရောက်လာပြီး လူ
ငယ်များကို အခကြေးငွေဖြင့် ပီယသိဒ္ဓိဆေးများ စုတ်တံဖြင့် ပေါက်ပေးလျက်ရှိ၏။

ဘုံဆိုင်နှင့် ကိုယ်ပိုင်။

         ကား မြေ တိုက်တာ အဆောက်အအုံ ရွှေ ငွေ စိန် ကျောက်စတဲ့ ပစ္စည်းဥစ္စာ လောကီ
ရတနာတွေဟာ ဘုံဆိုင်ပစ္စည်းပါ။ တစ်ယောက်တည်း ရှာဖွေစုဆောင်းပေမဲ့ တစ်ယောက်တည်း
ပိုင်ဆိုင်လို့ တစ်ယောက်တည်း သုံးစွဲလို့မရပါဘူး။ အနည်းဆုံး ဇနီး သားသမီးတွေကိုတော့

စည်းစိမ်ပျက်ကြောင်း ၆ ပါး။

၁။ မူးယစ်မေ့လျော့ကြောင်းဖြစ်သော သေရည် သေရက်သောက်လေ့ရှိခြင်းသည် စည်းစိမ်ပျက်
ကြောင်းတည်း။
၂။ အချိန်အခါမဲ့ (ညအခါ)၌ ခရီးသွားလေ့ရှိခြင်းသည် စည်းစိမ်ပျက်ကြောင်းတည်း။
၃။ ပွဲလမ်းသဘင် ကြည့်ရှုလေ့ရှိခြင်းသည်  စည်းစိမ်ပျက်ကြောင်းတည်း။

Friday, April 4, 2014

ဓမ္မဒူတဆရာတော်ကြီး၏ အနားယူနည်း။

        ဆရာတော်ကြီးသည် စာရေး၊ စာချ၊ တရားဟော၊ တရားပြအလုပ် လေးမျိုးကို မရပ်မ
နား ပြုလုပ်တော်မူသော ဆရာတော်တစ်ပါး ဖြစ်၏။ သက်တော် ၆၀ အရွယ် ပျံလွန်တော်မူမှပင်
သာသနာပြုအလုပ်မှ အနားယူတော်မူ၏။ သက်တော်ထင်ရှား ရှိစဉ်အတွင်း ဆရာတော်ကြီး၏

နိဗ္ဗာန်ကို တကယ်လိုချင်တာ ဟုတ်မဟုတ်။

        သင်္ဂဇာ ဆရာတော်ဘုရားကြီးရဲ့ စကားပုံပေါင်းချုပ်ကျမ်းထဲမှာလာတဲ့ ပုံဝတ္ထုလေးတစ်ခု
ပေါ့။ သူ့နာမည်က ဈေးတောင်က ကိုမောင်တဲ့။ မန္တလေးဘုရားကြီးသွားပြီး နေ့စဉ် ဘုရားရှိခိုးကာ
အော်ကြီးဟစ်ကျယ် ဆုတောင်းတယ်။ “နိဗ္ဗာန်မဂ်ဖိုလ်ကို ရက်တိုတိုနဲ့ ရပါရစေ” တဲ့။

ဗုဒ္ဓ၀ါဒနှင့် လောကီစီးပွားရေး။

       အနာထပိဏ်သေဌေးဟာ ဘုရားဟောတရားတော်ကို နာယူအပြီး သောတာပန်ဖြစ်ခဲ့သူပါ။
လောကီစီးပွားရေးကို တရားနည်းလမ်းအတိုင်း လိုက်နာကျင့်သုံးမယ်ဆိုတာ သံသယဖြစ်စရာ မရှိ
ပါဘူး။ သူ့ခေတ်သူ့အခါက အိန္ဒိယအလယ်ပိုင်းတခွင် မြို့ကြီးအတော်များများမှာ သူ့ကိုယ်စား

သုဇာတာသေဌေးကတော်။

       သုဇာတာသည် ဥရုဝေလတောအုပ်အနီး သေနနိဂုံးနေ သေနိယသေဌေးကြီး၏သမီး ဖြစ်
သည်။ သူ၏သားမှာ ယသ သတိုးသားဖြစ်၏။ သူ၏ခင်ပွန်းမှာ ဗာရာဏသီသေဌေး ဖြစ်လေသည်။
သုဇာတာသေဌေးကတော်၏ ထူးခြားသော ကြည်ညိုဖွယ်ရာ ဂုဏ်ရည်များမှာ==

ဗုဒ္ဓါနုဿတိ ကမ္မဌာန်း ကျင့်ကြံနည်း အင်္ဂါ ၇ ပါး။

၁။ ဆိတ်   = ဆိတ်ငြိမ်နေရာ ဖြစ်ရမည်။
၂။ တင်     = တင်ပျဉ်ခွေ ထိုင်ရမည်၊ မိန်းမဖြစ်က မိန်းမထိုင် ထိုင်ရမည်။
၃။ ဖြောင့်  = ကိုယ်ကို ဖြောင့်မတ်စွာ ထားရမည်။
၎။ ငါး       = ဒွါရငါးပါး ပိတ်ထားရမည်။

Thursday, April 3, 2014

ဘယ်ပျော်စရာက အကောင်းဆုံးလဲ ?။

      လောက လူတွေဟာ စိတ်ရဲ့ပျော်မွေ့ရာတွေ ရှိကြပါတယ်၊ စိတ်ရဲ့ ပျော်မွေ့ရာမှာ
လူတွေဟာ ဘာနဲ့ပျော်ကြသလဲဆိုရင် သားသမီးရှိတဲ့ ပုဂ္ဂိုလ်က သားသမီးနဲ့ပျော်တယ်၊ ပစ္စည်း
ရှိတဲ့ပုဂ္ဂိုလ်က ပစ္စည်းဥစ္စာနဲ့ ပျော်တယ်၊ ပျော်စရာ အာရုံတွေနဲ့ပျော်တယ်၊ လောကမှာ ပျော်စရာ
တွေ အမျိုးမျိုးရှိတဲ့ထဲ လူတွေက တစ်ခုရိုးသွားရင် နောက်တစ်ခုရှာပြီး ပျော်ကြတာပဲ၊ ပျော်စရာ

မိမိကိုယ်တိုင် စီမံဖန်တီးနိုင်ရေးဘ၀သို့ ပြောင်းလဲစေခြင်း။

       ဘုရားပွင့်တော်မမူမီနှင့် ပွင့်ပေါ်တော်ပြီးနောက်ပိုင်း ပေါ်ပေါက်တဲ့ အယူဝါဒတွေကို လေ့
လာကြည့်ရင် အများအားဖြင့် (ဖန်တီးရှင်/တန်ခိုးရှင်) သူတစ်ပါးစီမံသလို ခံယူရကြောင်း ဟောပြော
ညွှန်ကြားချက်တွေကို တွေ့ရမှာ ဖြစ်ပါတယ်။

ဝိပဿနာဉာဏ်။

        ကမ္မဌာန်းအလုပ် အားထုတ်သော ယောဂီပုဂ္ဂိုလ်သည် ရှေးဦးစွာ သမထဘာဝနာကို ပွား
များအားထုတ်ရသည်။ သမထဘာဝနာဟူသည် အဖန်ဖန် အထပ်ထပ် မိမိသန္တာန်၌ ဖြစ်ပေါ်အောင်
ရှုမှတ်ပွားများအပ်သော နီဝရဏတရားတို့ကို ငြိမ်းအေးစေတတ်သည့် ကသိုဏ်း (၁၀) ပါး စသည်

ဘုရားရှင်ကို လေးနဲ့ပစ်သတ်ဖို့ ကြိုးစားမှု။

    မြတ်စွာဘုရားဟာ တောရကျောင်းတစ်ကျောင်းမှာ တစ်ပါးတည်း နေတော်မူတယ်။ အဲဒီမှာ
ဒေ၀ဒတ်ရဲ့ အစီအမံက အင်မတန်ကောင်းတယ်။ စနစ်ကျတယ်။ လက်ဖြောင့်လေးသမား တစ်
ယောက်ကို ဒေ၀ဒတ်က ဘုရားရှိတဲ့ဆီသွားပြီး မင်း ဘယ်နေရာကနေပြီး ပစ်၊ ပစ်သတ်ပြီးလို့ရှိရင်
ဘယ်လမ်းကပြန်လာခဲ့ဆိုတာ ပြောတယ်။

ဗုဒ္ဓါနုဿတိကမ္မဌာန်းပွားများသူ၌ ရှိရမည့် အင်္ဂါ ၅ ပါး။

၁။ ယုံကြည်မှုသဒ္ဓါ ရှိရမည်။
၂။ ကျန်းမာသန်စွမ်းမှု ရှိရမည်။
၃။ ဖြောင့်မတ်မှန်ကန်မှု ရှိရမည်။
၎။ လုံလ၀ီရိယ ရှိရမည်။

Wednesday, April 2, 2014

ဓမ္မစေတီမင်းခေါင်၏ ကျောက်စာတော်ကို ရှာဖွေတွေ့ရှိခြင်း။

     ဘုရားရှင်ဗျာဒိတ်တော်အတိုင်း ရဟန္တာ ၆ ပါးတို့၏ဗျာဒိတ်တော်အရအလံတစ်ရာစေတီ
ကြီး ဘီလင်းမြို့နယ်တွင် ပွင့်ပေါ်ပြီ ဖြစ်ပါသည်။ ကေလာသတောင်ထိပ်တွင် ထိုအကြောင်းကို
သောဏ္ဍာယ ကေလာသကျောက်စာကြီးကို ညောင်ချောင်းဆရာတော် ဦးဉာဏ၀ံသက စိုက်

ဓမ္မဒူတဆရာတော်ကြီး၏ အနားယူနည်း။

      ဆရာတော်ကြီးသည် စာရေး၊ စာချ၊ တရားဟော၊ တရားပြအလုပ် လေးမျိုးကို မရပ်မ
နား ပြုလုပ်တော်မူသော ဆရာတော်တစ်ပါး ဖြစ်၏။ သက်တော် ၆၀ အရွယ် ပျံလွန်တော်မူမှပင်
သာသနာပြုအလုပ်မှ အနားယူတော်မူ၏။ သက်တော်ထင်ရှား ရှိစဉ်အတွင်း ဆရာတော်ကြီး၏

လူ့ဘ၀ဖျက် အကျင့်စရိုက်များ။

၁။ နေမြင့်အောင် အိပ်ခြင်းသည်လည်းကောင်း၊ သူတပါးမယားကို မှီဝဲခြင်းလည်းကောင်း၊ ရန်သူ
များခြင်းလည်းကောင်း၊ အကျိုးမဲ့ပြုခြင်းလည်းကောင်း၊ မကောင်းသော အဆွေခင်ပွန်းရှိခြင်း
လည်းကောင်း၊ အလွန်စေနှဲခြင်းလည်းကောင်း၊ ဤအကြောင်း ၆ ပါးတို့သည် လူကို ပျက်စီးတတ်

သီလခံယူတိုင်းမှာ သရဏဂုံ ထပ်ယူဖို့လိုပါသလား။

       သရဏဂုံဆိုတာ “သရဏဂမန” ဟူသော ပါဠိပုဒ်မှ ဂမနကို ဂုံသို့ပြောင်း၍ “သရဏဂုံဟု
မြန်မာမှု ပြုထားခြင်း ဖြစ်၏။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ကိုးကွယ်လဲလျောင်း ပုန်း
အောင်းမှီခိုရာဟူ၍ မှီဝဲဆည်းကပ် သိမှတ်ခြင်းသည် သရဏဂုံ ဆောက်တည်ခြင်း ဖြစ်၏။

ဂုဏ်တော်ပုတီးစိပ် အင်္ဂါ ၅ ပါး။

၁။ စိတ်တည်ကြည်ရမည်။
၂။ ပုတီး၌ စိတ်မရောက်စေရ။
၃။ မြတ်စွာဘုရားကို ထင်မြင်အောင် အာရုံပြုရမည်။

Tuesday, April 1, 2014

ဒါနပြုဖွယ် မလိုသော ပုဂ္ဂိုလ်။

        လောက၌ ဒါနပြုဖွယ် မလိုသော ပုဂ္ဂိုလ်တစ်မျိုးပင် ရှိသေး၏။ ထိုပုဂ္ဂိုလ်မျိုးကား ယခု
ဘ၀၌ပင် ခန္ဓာဝန် လက်စသိမ်း၍ အေးငြိမ်းအောင် တရားအားထုတ်နေသော ယောကီပုဂ္ဂိုလ်
ကြီးတည်း။ ထို ပုဂ္ဂိုလ်မှာ ဒါနပြုနေလျှင် ထို ဒါနပြုနေသည့် အတောအတွင်း၌ ကမ္မဌာန်း အား

ချဲထီကိုမက် ဘ၀ပျက်။

* ဆယ့်ငါးရက်တစ်ခါ၊ ပေါ်လို့လာ၊ ချဲထီဒုက္ခပါ။
   ဆင်းရဲချမ်းသာလူမရွေး၊ ချဲထီဒုက္ခပေး။
   ဒုက္ခပေးမှန်းလူမသိ၊ အိမ်မှာဆန်မရှိ။

သုန္ဒရီ သတ်မှုနဲ့ ဘုရားရဲ့ ကံကြမ္မာဝဋ်ကြွေး။

       မြတ်စွာဘုရားကို ကြည်ညိုတဲ့ ပုဂ္ဂိုလ်တွေက အလွန်များတယ်။ ရဟန်းတွေကို ကြည်ညို
တဲ့ ပုဂ္ဂိုလ်တွေကလည်း အင်မတန်များတယ်။ လူတွေက ဘုရားကျောင်းတော်ကို သွားကြလာကြ
လှူကြတန်းကြဆိုတော့ တစ်ဖက်ဘာသာခြားဖြစ်တဲ့ ပရဗိုဇ်တွေကို ကြည်ညိုသူ၊ မေးမယ့်သူ၊

ကွယ်လွန်ပြီးနောက် သရဏဂုံတင်တဲ့ရည်ရွယ်ချက်။

     ကွယ်လွန်ပြီးနောက် အလောင်းကို သရဏဂုံတင်မှုဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ ထုံးစံတစ်ခု
ဖြစ်နေပါပြီ။ ဘယ်လောက်ပဲ ဆင်းရဲနိမ်းပါးပါစေ ကျန်ရစ်သူ မိသားစုတွေက သရဏဂုံတင်ဖြစ်
အောင် ကြိုးစားတတ်ကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အလောင်းကို သရဏဂုံတင်ခွင့် မရ

အသံကိုလုပ်၍ တရားဟောရာ၌ အပြစ် ၅ ပါး။

       အသံကို ဆွဲကာငင်ကာ တမင်သာယာအောင်လုပ်၍ တရားဟောရာ၌ အပြစ် ၅- ပါးကို
ဘုရားရှင် ဟောတော်မူသည်မှာ==
၁။ မိမိအသံကို မိမိပြန်၍ သာယာသော် တဏှာဖြစ်၏။

Monday, March 31, 2014

ဘုရားရှင်ရဲ့ ဖြေရှင်းရခက်ခဲတဲ့ စွပ်စွဲမှုကြီး။

         ဂေါတမမြတ်စွာဘုရားရဲ့ဘ၀မှာ အကြီးအကျယ် အရှက်တကွဲ အကျိုးနည်းဖြစ်အောင်
စွပ်စွဲမှုကြီးဟာ (၂) ကြိမ် ကြုံခဲ့ပါတယ်။ ၁။ ရဟန်းဂေါတမနဲ့ သူ့တပည့်တွေ သုန္ဒရီလေးကို
မတရားပြုကျင့်ပြီး လူသတ်မှုထိအောင် ကျူးလွန်ကြတယ်ဆိုတဲ့ သုန္ဒရီပရဗိုဇ်မရဲ့ ပြဿနာ။

သာသနာဆိုတာ။ (သင် ခွဲခွဲခြားခြား သိပြီလား၊)

       “သာသနာ” လို့ ပြောလိုက်ရင် ရဟန်းသံဃာတွေကို ပြောတာလိုလို၊ ဘုရားစေတီပုထိုးကို
ပြောတာလိုလို၊ ကျောင်း ကန် ဇရပ် သိမ်စတဲ့ အဆောက်အအုံကို ပြောတာလိုလို ယောင်ဝါးဝါး
ဖြစ်သွားတတ်ကြပါတယ်။

ဘယ်တရားက အိပ်ပြီး၊ ဘယ်တရားက နိုးပါသလဲ ?။

     သာဝတ္ထိပြည် ဇေတ၀န်ကျောင်း ညချမ်းမှာ နတ်သားတစ်ယောက်က ဘုရားရှင်အား
မေးမြန်းရာတွင် (၁) ဘယ်တရားက အိပ်နေပြီး၊ ဘယ်တရား နိုးသလဲ ?၊ (၂) ဘယ်တရား နိုးပြီး
ဘယ်တရား အိပ်သလဲ ?၊ ဘယ်တရားက ကိလေသာကို သိမ်းပိုက်မလဲ ?။

ပကတိဥစ္စာနဲ့ ရန်သူမျိုး ၅ ပါး။

       ပကတိဥစ္စာလို့ခေါ်တဲ့ လောကလူသားတွေ ရှာဖွေနေကြတဲ့ ပစ္စည်းဥစ္စာတွေက အဖျက်
အမျိုးမျိုးနဲ့ ဆက်နွယ်နေတယ်။ “အဂ္ဂိသာဓာရဏာ ဘောဂါ” တဲ့၊ မီးဖျက်ရင်လည်း ပျက်သွား
နိုင်တယ်။ “ဥဒကသာဓာရဏာ ဘောဂါ” ရေဖျက်ရင်လည်း ပျက်သွားနိုင်တယ်။ “ရာဇသာဓာရ

တရားနာရာ၌ ရနိုင်သောအကျိုး ၅ ပါး။

        တရားနာခြင်းကို ဓမ္မဿဝန ဟုခေါ်၏။ တရားနာရာ၌ ==
၁။ မကြားဖူးသေးသော အကြောင်းအရာများကို ကြားရခြင်း။
၂။ ကြားဖူးသော အကြောင်းအရာများကို ထပ်၍ ရှင်းလင်းစွာနားလည်ရခြင်း။

Sunday, March 30, 2014

ပကတိ ဥစ္စာဓန။

       လူ့ဘ၀ရခိုက်မှာ လူတိုင်းလူတိုင်း လူရယ်လို့ဖြစ်လာရင် ဥစ္စာဓနတွေကို ရှာဖွေစုဆောင်း
ကြရမှာ ဖြစ်တယ်။ လူတွေနေ့စဉ် ရှာဖွေနေကြတဲ့ ဥစ္စာဓနရဲ့ အရည်အသွေးနဲ့ မြတ်စွာဗုဒ္ဓက ရှာ
ဖွေစုဆောင်းဖို့  တိုက်တွန်းတဲ့ ဥစ္စာရဲ့ အရည်အသွေး၊ ဒီနှစ်မျိုးကို သေသေချာချာနှိုင်းယှဉ်ပြီး

ဗုဒ္ဓဘာသာရဲ့ အဓိပ္ပါယ်။

       “ ဗုဒ္ဓဘာသာ ” ဆိုတဲ့ စကားရပ်ဟာ ပါဠိကနေ ဆင်းသက်လာတဲ့ စကားရပ် ဖြစ်ပါတယ်။
ဗုဒ္ဓပုဒ် နှင့် ဘာသာပုဒ်ကို တွဲစပ်ထားတာပါ။ ဗုဒ္ဓပုဒ်ရဲ့ အဓိပ္ပါယ်မှာ= သစ္စာလေးပါးကို ကိုယ်တိုင်
သိပြီး အခြားသူတွေကိုလည်း သိစေတော်မူလို့ ရှင်တော်မြတ်ဘုရားကို “ ဗုဒ္ဓ “ လို့ ခေါ်ပါတယ်။

နှစ်ကြိမ်မြောက် မွေးဖွားကြသူများ။

        ဆရာသမားဆိုတာ တပည့်တို့ကို နှလုံးသားနဲ့လွယ်ပြီး အာခံတွင်းက မွေးဖွားပေးကြသူ (ပ၀တ္တိမိဘ)
များ ဖြစ်တယ်။ ဆရာကောင်း တပည့်များဟာလည်း ဆရာတို့ရဲ့ နှလုံးသားမှာ သန္ဓေတည်ခဲ့ပြီး အာခံတွင်း
က မွေးဖွားလာကြသူများ ဖြစ်တယ်။ ဘာကြောင့်လည်းဆိုတော့ ဆရာသမားများဟာ တပည့်တွေအပေါ်

သမ္မာဝိတက်၏ သဘောတရား။

        နိက္ခမ၀ိတက် ကြံစည်ခဲ့ရင် (၁) မိမိလည်း ချမ်းသာမယ်။ သူတစ်ပါးလည်း ချမ်းသာမယ်။
(၂) ပညာကိုလည်း တိုးပွားစေမယ်။ (၃) မဂ်ဖိုလ်နိဗ္ဗာန်အလို့ငှာရတော့မယ်။ မဂ်ဖိုလ်နိဗ္ဗာန်ကို ရ
ပြီဆိုရင် ၀ိသုဒ္ဓိ စင်ကြယ်ပြီ၊ ၀ိမုတ္တိ လွတ်မြောက်ပြီ။ ထိုနည်းတူစွာပဲ သတ္တ၀ါများကို ကယ်တင်

ကလျာဏမိတ်ဆွေဂုဏ် ၇ ပါး။

၁။ သီလစင်ကြယ်၍ ချစ်ခင်ဖွယ်ရှိသောဂုဏ်။
၂။ သီလ၊ သမာဓိဂုဏ်တို့ကြောင့် အလေးအမြတ်ပြုအပ်သောဂုဏ်။
၃။ မေတ္တာရေမခမ်း ပွားစေအပ်သောဂုဏ်။