Saturday, September 29, 2018
အကြင်နာပေါင်း ရှစ်သောင်း လေးထောင်
အကြင်နာပေါင်း ရှစ်သောင်း လေးထောင်
- မေတ္တာဆိုတာ တစ်ဖက်သားရဲ့ ကောင်းကျိုးချမ်းသာကို ရွက်ဆောင်ပေးချင်တဲ့သဘော
တကယ်လည်း ရွက်ဆောင်ပေးချင်တဲ့ သဘောပါ။
- ကရုဏာဆိုတာ တစ်ဖက်သားရဲ့ ဆင်းရဲဒုက္ခကို ဖယ်ရှားပေးချင်တဲ့သဘော၊တကယ်လည်း
ဖယ်ရှားပေးနေတဲ့သဘောပါ။
- မုဒိတာဆိုတာ တစ်ဖက်သားရဲ့ ပြည့်စုံမှု ၊အဆင်ပြေမှု ကံကောင်းမှုကိုဝမ်းမြောက်တဲ့သဘော
ကျေနပ်တဲ့သဘောပါ။
- ဥပေက္ခာဆိုတာ တစ်ဖက်သားရဲ့ ကိုယ့်အပေါ်ပြစ်မှားမှု ၊ထိပါးမှုတွေကိုအပြစ်မယူဘဲ ကြည်ကြည်
ဖြူဖြူ ခွင့်လွှတ်ကြေအေးတဲ့သဘောပါ။
ဝိပတ္တိတရား ၄ ပါး။
၁။ ဂတိ ၀ိပတ္တိ = လားရာဂတိ ဖြစ်ရာဘုံဘ၀ ပျက်ခြင်း၊ မကောင်းခြင်း။
၂။ ကာလ ၀ိပတ္တိ = မင်းနှင့်တကွ လူတို့ တရားမစောင့်ကြသော ကာလပျက်။
Friday, September 28, 2018
ကံကောင်းအောင် မိမိကိုယ်တိုင် စီမံပြုလုပ်နည်း။
       ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများသည် ကံ၊ ကံ၏အကျိုးကို ယုံကြည်ကြပါသည်။ ကံသာအမိ
ကံသာအဖဟုပင် သိထားကြပါသည်။ မိမိပြုသောကံသည် မိမိကို ပဋိသန္ဓေစိတ်ရင်းကပင် ကွဲပြား
အောင် ပြုရုံသာမက ရုပ်အဆင်း ကွဲပြားအောင်၊ အမျိုးအဆွေ ကွဲပြားအောင်၊ ချမ်းသာဆင်းရဲ ကွဲ
၊မင်းကွန်းဆရာတော်ဘုရားကြီး၏ ဘ၀ချမ်းသာရေးလမ်းစဉ်
၁။ နေ့စဉ် ကောင်းမှုကုသိုလ်တရားများ၌ မမေ့မလျော့စဉ်းစားပါ။
၂။ မကောင်းတဲ့အကုသိုလ် စိတ်ရိုင်းစိတ်မိုက်များကို ဖယ်ရှားပါ။
၃။ အရာရာမှာ စေတနာသန့်သန့်ဖြင့်စိတ်ကောင်းတစ်ခုထားပါ။
၎။ ဗြဟ္မစိုရ်တရား အမြဲပွား၍ ကိုယ်တွင်းသီလမြဲပါစေ။
၅။ လူဖြစ်လာလျှင် လူ၏တန်ဖိုးကို သိအောင်ကြိုးစားပါ။
ဘုရားသော်မှ ပေးဆပ်ရသည့် ကံကြမ္မာဝဋ်ကြွေးများ။
        ဗုဒ္ဓမြတ်စွာ ဘုရားအဖြစ်သို့ရောက်ပြီး ကိလေသာတွေ ကုန်ပေမယ့်လို့ အတိတ်ဘ၀က
ကံကြမ္မာဝဋ်ကြွေးတွေကို ပြန်လည်ပေးဆပ်နေရသေးတယ်။ ဆိုလိုတာက အတိတ်ကံရဲ့ လှုံ့
ဆော်မှုလေးတွေဟာ မြတ်စွာဘုရားမှာ ကံရဲ့အကျိုးအဖြစ်တဲ့ ခန္ဓာကြီးရှိသေးလို့ ပြန်ပြီးပေါ်လာ
Thursday, September 27, 2018
ဘုရားနှင့်ရင်သားအလှူ ပြဿနာမှသည်
မန္တလေးတောင်၏ဒဏ္ဍာရီဆန်ဆန် ဇာတ်ဆောင်တဦးဖြစ်သူစန္ဒမုခီဘီလူးမကြီးသည်
မြတ်စွာဘုရားရှင် မန္တလေးတောင်သို့ ဒေသစာရီကြွရောက်တော်မူလာစဉ်က လှူဒါန်းဆက်ကပ်
ဖွယ်ရှားပါးခိုက်ကြုံနေသောကြောင့် ရင်သားအစုံကိုဖြတ်တောက်ပြီး ဘုရားရှင်အား
လှူဒါန်းခဲ့ ကြောင်း ကြားခဲ့စဉ်က ----
အလှူရှင်များ - သတိပြုရန်။
         မိမိတို့လယ်ယာမြေ၌ မစိုက်ပျိုးမီ မိမိမျိုးစေ့ကို ပြုပြင်မှု - မပြုပြင်မှုလိုက်၍ အပင်၊ အသီး
ကွာခြားသကဲ့သို့ မိမိ၏ပုဗ္ဗစေတနာများကိုလည်း ထက်သန်အောင်ပြု - မပြု လိုက်၍ အကျိုးပေး
ကွာခြားဖွယ်ရှိပါသည်။
Wednesday, September 26, 2018
ဆဌသင်္ဂီတိပုစ္ဆက မဟာစည်ဆရာတော်ဘုရားကြီး၏ ဩ၀ါဒဆောင်ပုဒ်များ(၂)။
    "" သီလကထာ ဒေသနာ""
          သီလရနံ့ ၊ မွှေးပျံ့ ကြိုင်စွာ၊
          သီလဆင်သိုင်း၊ ရှုတိုင်းလှပါ၊
          သီလစောင့်ငြား၊ မလားပါယ်ရွာ၊
တရားဘယ်လိုနာမလဲ
၁။
ငယ်စဉ်စာသင်သားဘဝက စာဝါနားရက်ဥပုသ်နေ့ တွင် ကက်ဆက်ခွေငှါးဆိုင်မှ ဦးဇင်းတွေငှါးလာသော ကြာနီကန်ဆရာတော်တရားခွေတွေကို နာရဖူးသည်။ သပိတ်အိုင်ဆရာတော်၏ ဘဝတန်ဘိုးအပါအဝင်
တရားခွေများကိုကား ဆွမ်းလောင်းဇရပ်အသံချဲ့ စက်တွေဖွင့်ပါများသောကြောင့် နားရည်ဝခဲ့သည်။ ပြီးတော့
ကျောင်းမှာ ဓမ္မကထိကခရေဇီဦးဇင်းတွေ အလွတ်ကျက်ပြီး တရားဟောကျင့်တာကို နားထောင်ပေးရ၊ စာအုပ်ကြည့်ပေးရတာကြောင့်လည်း ပါသည်။ သည်တုန်းက ဓမ္မကထိကဆရာတော်ဆိုတာလည်း
မိ စ္ဆာဒိဌိဖြစ်မှုနဲ့ သမ္မာဒိဌိဖြစ်မှု။
     လူတစ်ဦးတစ်ယောက် အတွေးအခေါ်တွေ မှားသွားအောင်၊ အယူအဆတွေမှားသွားအောင်
မှားယွင်းတဲ့ အတွေးအခေါ်တွေ ရသွားအောင် အကြောင်းနှစ်မျိုး ရှိတယ်။
         “ပရတောဃောသ” သူတစ်ပါးထံမှ ဟောပြောပို့ချတဲ့ အသံတွေ၊ ဒါ... အပြင်ဘက်က အ
Tuesday, September 25, 2018
ရှင်ပြုခြင်းဆိုင်ရာသိဖွယ်
မေးခွန်း ၁။ (က) ရှင်ပြုရာ၌ရှင်လောင်းလှည့်ကာ ရှင်ပြုပွဲအခမ်းအနားဖြင့်ပြုခြင်း၊ ဘုန်းကြီးကျောင်း၌ ခေါင်းတုံးရိတ်မှု၊ သင်္ကန်းဝတ်မှုပြု၍ ရှင်ပြုခြင်း ၂ မျိုးဝယ် ကုသိုလ်အကျိုးမည်သို့ ထူးပါသနည်း။
                        (ခ) သားတော်ရာဟုလာကို မည်ကဲ့သို့ ရှင်ပြုပါသနည်း။
                        (ဂ) ရှင်လောင်းလှည့်ခြင်းအစဉ်အလာသည် မည်သည့်ခေတ်က ဖြစ်ပေါ်လာပါသနည်း။
“များစွာနစ်နာ၊ သာသနာ”
အကျင့်စွဲများ၊ နည်းအမှားကြောင့်
များစွာနစ်နာ၊ သာသနာကို
ထင်ရာပြုကြ၊ ဝမ်းနည်းလှသည်
Monday, September 24, 2018
နတ်ဖြစ်ချင်တဲ့စိတ်ဆန္ဒရှိရင် နောက်ဘ၀မှာ နတ်ကို ဖြစ်စေပါတယ်။
      ဗုဒ္ဓဘာသာဝင်မှန်သမျှ ရတနာ သုံးတန်နှင့် ကံ၊ ကံ၏အကျိုးကို ယုံကြည်ကြသည်။ ကံ၊ ကံ၏အကျိုးကို ယုံ
ကြည်ခြင်းဟူသည် မိမိပြုသော ကောင်းမှု၊ မကောင်းမှုကသာ မိမိ၏ဘ၀ သံသရာကို စီမံဖန်တီးခြင်း ဖြစ်သည်
စေတသိတ်အကြောင်း တစေ့တစောင်း
၁။ သဒ္ဓါ-ယုံကြည်(Faith)                                                
၂။ သတိ-အမှတ်ရ (Mindfulness)
၃။ ဟိရီ- ရှက် (Shame)                                                 
၎။ သြတ္တပ္ပ-ကြောက် (Fear of wrong)
၅။ အလောဘ-မလိုချင်(Non-greed)                               
၆။ အဒေါသ-မေတ္တာ (Non- hatred)
နိဗ္ဗာန်ကို တကယ်လိုချင်တာလား ?၊
    သင်္ဂဇာ ဆရာတော်ဘုရားကြီးရဲ့ စကားပုံပေါင်းချုပ်ကျမ်းထဲမှာလာတဲ့ ပုံဝတ္ထုလေးတစ်ခု
ပေါ့။ သူ့နာမည်က ဈေးတောင်က ကိုမောင်တဲ့။ မန္တလေးဘုရားကြီးသွားပြီး နေ့စဉ် ဘုရားရှိခိုးကာ
အော်ကြီးဟစ်ကျယ် ဆုတောင်းတယ်။ “နိဗ္ဗာန်မဂ်ဖိုလ်ကို ရက်တိုတိုနဲ့ ရပါရစေ” တဲ့။
Sunday, September 23, 2018
ကောင်းမှုပြုသင့်သောတရား(ပုညကြိယ၀တ္ထု) ၁၀ ပါး။
       မိမိစိတ်အစဉ်ကို သန့်ရှင်းဖြူစင်စေသောတရားကို ပါဠိလို “ပုည”၊ မြန်မာလို “ကောင်းမှု
=ကောင်းသောအမှု” ဟုခေါ်၏။ ထိုပုညစုကို ဧကနပြုထိုက်သောကြောင့် ပါဠိလို “ကြိယ”၊ မြန်
မာလို “ပြုသင့်သောတရား” ဟုခေါ်၏။ (၀တ္ထု= ကောင်းကျိုးချမ်းသာ၏တည်ရာ) ဤစကားစဉ်
တောင်ဖီလာ ဆရာတော်။
     အင်းဝခေတ် ဓမ္မစာဆိုတော်ကြီး တစ်ဦးဖြစ်တဲ့ တောင်ဖီလာ ဆရာတော်ရဲ့ မွေးဇာတိက
စလင်းမြို့ဖြစ်ပြီး ပြည်မြို့မှာ စာပေသင်ကြားတတ်မြောက်လို့ ပြည်ပဉ္ဇင်းကျော်အဖြစ် ထင်ရှားပါ
တယ်။ ဆရာတော်မှာ= (၁) ။ သူငယ်ဘ၀တွင်လည်း  ကျော်။
ညီတော် အာနန္ဒာရဲ့လေးစားဖွယ်စိတ်ဓါတ်
ညီအစ်ကို (၇) ယောက်
၁။ သုဒ္ဓေါဒန
၂။ ဓတောဒန
၃။ သက္ကောဒန
၎။ သုက္ကောဒန
၅။ အမိတောဒန
၆။ အမိတ
၇။ ပမိတာ
ငရဲပိတ်ကြစို့
ကလေးဘ၀ကတည်းက နားရည်ဝခဲ့တဲ့ စကားလေး
ဗုဒ္ဓဘာသာဝင်တို့ရဲ့ အသိုင်းအ၀ိုင်းမှာ အမြဲ ကြားရတတ်တာ တစ်ခုက `ငရဲမှာ အပ၊ ၀ဋ်မှာ အမြဲ´ တဲ့။ နားထဲမှာ စွဲနေခဲ့တဲ့ ဆိုရိုးလေးတစ်ခုပါ။ ငရဲမှ လွတ်ကင်းအောင် ရှောင်နိုင်သော်လည်း ၀ဋ်ကြွေးမှ လွတ်ကင်းအောင် မရှောင်နိုင်ဘူးလို့ ဆိုလိုရင်းပဲ ဖြစ်ပါတယ်။ မကောင်းတာ မဟုတ်တာ လုပ်ရင် ငရဲကြီးမယ်၊ ၀ဋ်လိုက်လိမ့်မယ်လို့ လူကြီး မိဘ ဆရာသမားတွေရဲ့ သွန်သင်ဆုံးမ စကားတွေကတော့ လူတိုင်းလူတိုင်းအတွက် ကလေးဘ၀ကတည်းက ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ စကားလေး ဖြစ်မယ်လို့ ထင်ပါတယ်။