Saturday, May 16, 2015

နိရောဓသစ္စာ၏ အနက် ၄ ချက်။

၁။ နိဿရဏဌော = ဒုက္ခလက်မှ ထွက်မြောက် လွတ်လပ်ခြင်း သဘော။
၂။ ပ၀ိဝေကဌော = နှောင့်ယှက်ခြင်းတို့မှ လွတ်ကင်းသော သဘော။
၃။ အသင်္ခတဌော = အဖန်ဖန်ပြုပြင်ခြင်းမှ လွတ်ကင်းခြင်း သဘော။
၎။ အမတဌော = အဖန်ဖန်သေခြင်းမှ လွတ်ကင်းသော သဘော တို့ ဖြစ်ပါတယ်။ ။

တရားအားထုတ်ရာတွင် တွေ့ရမည့် အတားများ။

       တရားအားထုတ်တဲ့အခါ တရားအသိဉာဏ်တွေ မရအောင် မတိုးတက်အောင် နှောက်
ယှက်ပိတ်ဆို့ တားထားတတ်ကြပါသည်။ စိတ်ယုတ်များဖြစ်ကြသည်။
 ၁။ ကာမစ္ဆန္ဒ နိဝရဏ။  ။ အဆင်း၊ အနံ့၊ အသံ၊ ခံစားမှု ကြံစည်မှု အာရုံတွေအပေါ်မှာ နှစ်သက်
လာပြီး မခွဲချင်အောင် နှစ်သက်စွဲလမ်းမှု၊ တဖက်ရှိ ၀တ္ထုအာရုံတို့အပေါ်၌ ရယူလိုစိတ်များ။
(လောဘ)

မပေါင်းသင်းအပ်တဲ့ မိတ်ဆွေတု။

        လောကမှာ မိတ်ဆွေကောင်း ရှိဖို့လိုပါတယ်။ အဲဒီ မိတ်ဆွေကောင်းအထဲမှာ  မိတ်ဆွေ
မဟုတ်ဘဲနဲ့ မိတ်ဆွေယောင် ထင်နေရတဲ့ ပုဂ္ဂိုလ်မျိုးက လေးမျိုးရှိပါတယ်။ မြတ်စွာဘုရားက
သိင်္ဂါလောဝါဒသုတ္တန်မှာ သင်္ဂါလသတိုးသားကို ဆုံမသြ၀ါဒ ပေးတဲ့အနေနဲ့ဟောထားပါတယ်။
      ၁။ အညဒတ္ထုဟရ= ကိုယ့်ဘက်က တစ်ဖက်သတ် ကိုယ်ပေါင်းသင်းတဲ့ ပုဂ္ဂိုလ်ထံက ဘာပဲ

သက်သတ်လွတ်စားခြင်း။

      ယခုအခါ   လွဲမှားသော ကိုးကွယ်ရာများကို  ရှေ့တန်းတင်ထားသော သက်သတ်လွတ် စားသောဝါဒ၊
အသွေးလွတ် အသားလွတ် စားသောဝါဒ၊ မီးလွတ်စားသောဝါဒ၊ တို့ ကို တွင်ကျယ်အောင် ဖြန့် ဖြူးနေသော
အင်အားစုများ ရှိနေပါသည်။ ထေရ၀ါဒ ရှုထောင့်မှကြည့်သော် အထွက်တင်ရမည့် သာသနကျင့်စဉ်   မ
ဟုတ်ပါ။ အဓိဌာန်ဟုဆိုကာ  ၉ ရက်  ၁၈ ရက် စသည်ဖြင့် ၉ န၀င်း ၉ အလီ  တင်ပြီး သက်သတ်လွတ်စား

ဝိပဿနာဆိုသည်မှာ....?


ယနေ့ခေတ်ဗုဒ္ဓဘာသာဝင်၊ သူတော်ကောင်းများ အားလုံးသိရှိ နားလည်း အားထုတ်နေကြသော ၀ိပဿနာ
ဆိုသည်မှာ အဘယ်နည်းဟု မေးခွန်းထုတ်သော် ၀ိ ဆိုသည်မှာအထူး ပဿနာ ကတော့ရှုမှတ်မှုကိုခေါ်ပါတယ်
အထူး ရှုမှတ်အားထုတ်မှုဆိုလည်း မမှားပါဘူး သို့သော် ၀ိပဿနာ ဆိုသည်မှာ ဤတခုပင် ရှိသလောဟုမေးစ
ရာထပ်မေးသော် (၃)မျိုးရှိသည်ဟု ဖြေရပါမည်၊ ၎င်းတို့ကိုဖေါ်ပြရလျှင်....

ဗုဒ္ဓဘာသာဝင်များဝမ်းမြောက်ဖွယ်သတင်းကောင်း...။



ဗုဒ္ဓဘာသာဝင်များဝမ်းမြောက်ဖွယ်သတင်းကောင်း...။
ယ္ခုဆိုလျှင် ဗုဒ္ဓသာသနာ ပေါ်ထွန်းခဲ့သည်မှာ၊နှစ်ပေါင်(၂၅၅၆) ခုနှစ်တိုင်ခဲ့လေပြီ၊ သာသနာတ၀က်ကျော်ခဲ့ပြီဟုဆိုလျှင်လဲမမှားနိင်ပါ၊ သာသနာ
(၂၅၀၀)ကျော်ပါက (၀ိမုတ္တိယုဂ)ခေတ်သို့ ပြန်လည်ရောက်ရှိလာပါပြီ၊ ၀ိမုတ္တိယုဂ ခေတ်ဆိုသည်မှာ ဘုရားရှင်သက်ရှိ ထင်ရှား ရှိဘိအလား တမဂ်၊တဖိုလ် စွဲနိင်သော အိမ်ရာထောင်
အရိယာများအလွန်ပေါများသော ခေတ်ဖြစ်ပါသည်။ သာသနာတော်(၂၅၀၀)ကျော်မှစ၍ အရိယာများ တနေ့တခြား တိုးတက် ပေါများ လာကြပေ

ကမ္ဘာ့ အကောင်းဆုံးဘာသာရေးဆု

ဗုဒ္ဓဘာသာကို " ကမ္ဘာ့ အကောင်းဆုံးဘာသာရေးဆု " မဲပေးရွေးချယ်တာနဲ့ ပတ်သက်ပြီး အိုင်စီအေအာရ်ယူအက်စ် ညွှန်ကြားရေးမှုး " ဟန်.စ် ဂရိုလီချင် " ရဲ့ မှတ်ချက်ကတော့ ........"..စိတ်ဝင်စားစရာ ကောင်းတာက ရွေးချယ်ရမယ့် စံသတ်မှတ်ချက်များ ချပြလိုက်တာနဲ့ ဘာသာရေး ခေါင်းဆောင် အများအပြားဟာ မိမိတို့ ရဲ့ ဘာသာကို မရွေးချယ်ပဲ ဗုဒ္ဓဘာသာကိုသာ ရွေးချယ်ကြခြင်းပါပဲ ။

ကိုယ်တစ်ယောက်တည်းပါ။

       လူတွေမှာ မသိနိုင်တာ ငါးပါးရှိပါတယ်။
   ၁။ အသက် သက်တမ်း၊ ကြိုတင်ကာ၊ သူငါမသိနိုင်။
   ၂။ သေမည့်ရောဂါ၊ ကြိုတင်ကာ၊ သူငါမသိနိုင်။
   ၃။ သေမည့်ချိန်ခါ၊ ကြိုတင်ကာ၊ သူငါမသိနိုင်။
   ၄။ သင်္ချိုင်းနေရာ၊ ကြိုတင်ကာ၊ သူငါမသိနိုင်။

အရှင်သာရိပုတ္တရာရဲ့ အတုယူစရာစိတ်ဓာတ်ကောင်း။

             လောကမှာ အပြစ်တွေ့လို့ သူ့ကို သတိပေးပြောကြားရင်လည်း လက်ခံတဲ့ပုဂ္ဂိုလ်
 ဖြစ်ရပါမယ်။ အဲဒီအချက်က အင်မတန်ခက်တယ်။ ခက်တာက လူတွေမှာ  မာနရှိတယ်။ မာန
ရှိတဲ့ အတွက်ကြောင့် ကိုယ့်ထက်ငယ်တဲ့ ပုဂ္ဂိုလ်ကပြောရင် လက်မခံကြဘူး။ ကိုယ့်အောက်ငယ်
တဲ့သူကပြောရင်ဘေးဖယ်ထားကြတယ်။ တချို့က  သူများကိုတော့ ကိုယ်ကဆုံးမ  တတ်တယ်။
ကိုယ့်ကိုဆုံးမရင်တော့“ ငါပြောသလိုလုပ် လျှာမရှည်နဲ့တဲ့၊ ” ကိုယ့်ကို လာပြောရင် မကြိုက်တဲ့  

ရှင်သာမဏေစစ်စစ်။

      ဗုဒ္ဓဘာသာဝင်တိုင်းသည်၊ သားယောက်ျားလေး ဖွားမြင်လာသည်နှင့် မိမိရင်သွေးလေးအား ရှင်သာမဏေ
ပြုခွင့်ရတော့မည်ဟု၊ အတိုင်းမသိ ၀မ်းသာပီတိဖြင့် စောင့်မျှော်နေတတ်ကြသည်။ ရှင်သာမဏေအစစ် ဖြစ်ဖို့ 
ရန် အလွန်အရေးကြီးသည့် အချက်ကို ထည့်စဉ်းစားသူ အလွန်နည်းကြသည်။ ဆံချ၊ သင်္ကန်းဝတ်၊ သရဏဂုံ
ပေးလျှင် ရှင်သာမဏေ ဖြစ်သွးပြီဟု သိရှိကြပါသည်။   အထက်ပါ  အင်္ဂါ  ၃  ရပ်မှတစ်ပါး   အခြားသော

“ဓမ္မကြေးမုံ”

သန့်ရှင်းကြည်လင်၊ ကြေးမုံပြင်ဝယ်၊
သင့်သွင်ရူပ၊ လှ မလှကို၊
နေ့ညမရွေး၊ ကြည့်စစ်ဆေး၍၊
ယင်ချေးမှဲ့ပြောက်၊ ၀က်ခြံပေါက်နှင့်၊
ညှင်းပြောက်တင်းတိမ်၊ ဖုအကျိတ်ကို၊

Friday, May 15, 2015

အနာဂတ်သာသနာတော်အရေး


ခက်တော့ခက်သားဗျ..ဘာခက်တာလဲလို့မေးလာရင်တော့..ပြောရမှာခက်တယ်လို့ပဲဆိုရတော့မှာပါ၊မပြောပြန်ရင်လည်း အနာဂတ်သာသနာတော်အရေးကို မတွေးကြည့်မိသူ တာဝန်မကျေသူဖြစ်မယ် ပြောပြန်ရင်လည်း အောင်မင်းလွန်ရာကျမှာထက် သူတစ်ပါးကိုမနာလိုလို့ပြောတယ် သူ့ထက်သာမနာလို ဆိုတဲ့ဆောင်ပုဒ်ကို အကျယ်ချဲ့ပြီး ဘာညာဆိုတာပြောလာကြလိမ့်မယ်၊ အခုဟာက မဟုတ်တာတွေများလွန်းနေပြီ။

စုန်းကဝေနဲ့ပတ်သက်လို့...


 
စုန်းကဝေနဲ့ပတ်သတ်ပြီး ယုံကြည်ရခက်နေတယ်။ ရှိမရှိကို သိချင်တယ်ဆိုပြီး ဦးဇင်းကို ပို့စ်တင်ပေးပါရန် တောင်းဆိုလာကြတဲ့အတွက် ဦးဇင်းလေ့လာမိသလောက်လေးကို မိမိအချိန်ထဲကနေ အများအတွက် ရေးသားတင်ပြပေးလိုက်တာပါ။

အရှင်ရာဟုလာနှင့် ဆပဉ္စက…


ရာဟုလာဆိုတဲ့ အမည်ကို ဗုဒ္ဓဘာသာအများ ရင်းနှီးပြီး ဖြစ်ကြမှာပါ။ သားတော်ရာဟုလာလို့လည်း သိနေကြပါတယ်။ ရာဟုလာ (၇)နှစ်သားအရွယ်မှာ မယ်တော်ရဲ့ ခိုင်းစေမှုနဲ့ အဖဘုရားထံမှာ လောကီအမွေ လာတောင်းတာကို ရှင်တော်ဗုဒ္ဓက လောကီအမွေ မပေးဘဲ လောကုတ္တရာအမွေ ပေးခဲ့ပါတယ်။ အရှင်သာရိပုတ္တရာ မထေရ်ကို ဥပဇ္ဈာယ်ပြုကာ ရှင်သာမဏေ ဖြစ်စေခဲ့ပါတယ်။ သာသနာ့ဘောင်မှာ ရောက်နေတဲ့

ငါ့ကို ဘာကြောင့် အရေးပေးချစ်ခင်လေးစားကြသလဲ ?။

         မြတ်စွာဘုရားအလောင်းတော်ဟာ ဗာရာဏသီပြည် ဒေ၀ဒတ်မင်းကြီးတစ်ပါးထံမှ
တရားရေးဆိုင်ရာ ပရောဟိတ်ပုဏ္ဏားတစ်သီး ဖြစ်ခဲ့တယ်။ ရိုးသားဖြောင့်မတ်စွာနဲ့ တရားစီ
ရင်ခဲ့တယ်။ အဲဒီ တရားသူကြီးကို ရှင်ဘုရင်က လူတကာတွေထက် ပိုပြီးချစ်တယ်၊ လေးစား
တယ်။ လူတကာတွေထက်ပိုပြီး အရေးပေးတယ်။

လူ၏ အဖြစ်နှင့် နတ်ပြည်သို့ရောက်သူ အလောင်းတော် ၄ ပါး။

၁။ ဂုတ္တလ စောင်းသမား = နတ်ပြည်၌ တမုဟုတ်၊ လူ့အရေအတွက် ခုနှစ်ရက်။
၂။ သာဓိနမင်း = နတ်ပြည်၌ ခုနှစ်ရက်၊  လူ့အရေအတွက် အနှစ်ခုနှစ်ရာ။
၃။ နေမိမင်း =  နတ်ပြည်၌ တမုဟုတ်၊ လူ့အရေအတွက် ခုနှစ်ရက်။
၎။ မန္ဓာတ်မင်း = တာဝတိံသာနတ်ပြည်၌ သိကြား ၃၃ ယောက်တို့ အသက် အပိုင်းအခြား

ဆရာသမားကောင်း ရွေးချယ်နည်း။

        “ ပိယော ဂရု ဘာဝနီယော၊ ၀တ္တာ စ ၀စနက္ခမော ”
ဆရာသမားတွေနဲ့ ပတ်သက်ပြီး ကိုယ်က ဆရာတင်ပြီး ကိုးကွယ်မယ်ဆိုရင် မိတ်ကောင်းဆွေ
ကောင်း ဆရာသမားဆိုတာ အဲဒီ အရည်အသွေးတွေ ရှိမရှိ ကြည့်ရပါမယ်။=
၁။ ပိယော       = ချစ်ခင်လေးစားလောက်တဲ့ သီလ၊ သမာဓိ၊ ပညာ အရည်အသွေးတွေ ရှိရပါ
                      မယ်။ ( ဒါကတော့ ကိုယ့်ကဆုံးဖြတ်ရပါမယ်)

ကျန်ရှိနေတဲ့ သက်တမ်းကို အကျိုးရှိအောင် ဘယ်လိုနေမှာလဲ။

    လူတစ်ယော်ရဲ့ တန်ဖိုးကို ရာထူး၊ ဂုဏ်၊ ငွေကြေးဥစ္စာ၊ ပညာ၊ အောင်မြင်ကျော်ကြားမှု၊ အခြံအရံ၊ တွေနဲ့  တိုင်းတာကြသလို
သီလ၊ သမာဓိ၊ ပညာ၊ ဆိုတဲ့ သိက္ခာသုံးပါးနဲ့ လဲ တိုင်းတာကြပါသည်။ ဗုဒ္ဓဘာသာဝင် သူတော်စင် အပေါင်းတို့ ၏ နောက်ဆုံး
ပန်းတိုင် နိဗ္ဗာန်ဆီသို့  သီလ၊ သမာဓိ၊ ပညာ၊ ဖြင့်သာ  ရောက်နိုင်ပါသည်။

Thursday, May 14, 2015

နဂါးမင်းကြီးရဲ့ စိတ်နေသဘောထား။

        တရားနဲ့ပတ်သက်လာလို့ရှိရင် ဇတ်တော်ကြီးဆယ်ဘွဲ့ထဲက ဘူရိဒတ္ထ ဆိုတဲ့ နဂါးမင်းကြီး
ဇာတ်လမ်းကို ဖတ်ဖူးသူတွေက တွေ့ပါလိမ့်မယ်။ ဥပုဒ်သီလ ဆောက်တည်တဲ့ အခါမှာ ဘုရားအ
လောင်းတွေက အဓိဌာန်ထားလေ့ ရှိကြပါတယ်။
         လူ့ပြည် လူ့လောကကိုလာပြီး တောင်ပို့ပေါ်မှာ ခွေပြီးတော့ သီလဆောက်တည်ပါတယ်။
သီလဆောက်တည်တယ်ဆိုတာ ကျင့်စရာကျင့်ဖို့ အဓိဌာန်ပြုတာပါ။ သူများအသက်  သတ်တာမ 

ပြုပြင်ရန်လိုနေသော အသုဘဓလေ့ထုံးစံ။

     လူသေလျှင်၊ သုသာန်၌၊ အလောင်းမီးသင်္ဂြိုလ်ခါနီး၊ သေသူ၏၀ိညာဉ်ဟု ယူဆကာ ပန်းပွင့်တစ်ပွင့်ကို အိမ်သို့ 
ပြန်ယူလာတတ်ကြသည်။ သေသူ၏၀ိညာဉ်သည်၊ ရက်လည်(ခုနှစ်ရက်)နေ့ တိုင်အောင်၊ အိမ်တွင်း၌ပင် ရှိနေဆဲဟု
အယူရှိကြသည်။ သေသူ၏ ဓါတ်ပုံရှေ့တွင်လည်း၊ သေသူကထပြီး စားသောက်လေဟန်၊ မနက်ဆိုလျှင် မနက်စာ

“စိတ်မဲများကို ဖြူစင်စေသည့် နည်း ( ၆ ) မျိုး”

မဲသည့်စိတ်ကို၊ ဖြူစေလိုသော်၊
ထိုထိုအာရုံ၊ ညစ်မျိုးစုံနှင့်၊
မကြုံတွေ့စေ၊ မမွေ့စေဘဲ၊
ပြောင်းလေဖုံဖုံ၊ ကောင်းအာရုံတည့်၊
နုလုံပဋိ၊ ဉာဏ်ချိန်ညှိလော့၊
ပို့ဘိမေတ္တာ၊ သမထာနှင့်၊
ပွားရာဝိပသ်၊ နည်းခြောက်ရပ်တွင်၊

ဗုဒ္ဓဘာသာ/ သာသနာအတွက် အသိပညာပေး ဆောင်ပုဒ်များ(၇)။

     “ များလှအကျိုးတွေ ”
       =============
ဗုဒ္ဓမြတ်စွာ၊  ပွင့်ထွန်းလာ၍
သစ္စာလေးအင်၊  ရှစ်မဂ္ဂင်နှင့်
သုံးအင်လက္ခဏာ၊ သင်္ခတာ သင်္ခတ
မြတ်ဓမ္မကို၊  နက်လှဉာဏ်တော်
ဟောထုတ်ဖေါ်၍၊  သူတော်အများ

Wednesday, May 13, 2015

နဝမ ဗန်းမော်ဆရာတော်ကြီး၏ အမှာစကား


“ဥဇု စ သုဟုဇုစ” .....

ဥဇု-ဆိုတာ ကိုယ်အားဖြင့်၊ နှုတ်အားဖြင့် ရိုးသားဖြောင့်မတ်ရမည်တဲ့။

သုဟုဇု-ဆိုတာ စိတ်အားဖြင့် ရိုးသားဖြောင့်မတ်ရမည်တဲ့။

မေတ္တာပွားများတဲ့နေရာမှာဖြစ်စေ၊ အခြားလောကဓမ္မကြီးပွားရေး၊ စီးပွားရေး လုပ်တဲ့နေရာမှာဖြစ်စေ အင်မတန်အရေးကြီးသောကြောင့် “ဥဇုစ သုဟုဇုစ” ဟု မြတ်စွာဘုရားသည် နှစ်ကြိမ်တိုင်တိုင် အထူးဆင့်ပြီး ဟောတော်မူခြင်း ဖြစ်ပါ၏။

*မိုးကုတ်ဆရာတော်ဘုရားကြီး၏ သြဝါဒ*


၁* ရှေးဦးစွာ ပဋိစ္စသမုပ္ပါဒ်ကို နားလည်အောင် လုပ်ပါ။
၂* တရားအားထုတ်လိုလျှင် ပဋိစ္စသမုပ္ပါဒ်ဖြစ်စဉ်ကို သိအောင်ကြိုးစားပါ။
၃* ပဋိစ္စသမုပ္ပါဒ်မသိဘဲနှင့် ကျင့်ကြံအားထုတ်ခြင်းသည် ပင်ပန်းရုံမျှပဲ မှတ်ပါ။
၎* ပဋိစ္စသမုပ္ပါဒ်ကိုသိမှသာ အရှိနှင့်အသိကိုက်မည် 
၅* အရှိနှင့်အသိ ကိုက်မှသာလျှင် ဟုတ်တိုင်းမှန်စွာ သိမြင်မည်။
၆* ဟုတ်တိုင်းမှန်စွာ သိမြင်မှ နှလုံးသွင်းမှန်မည်။

သဒ္ဓါနှင့် ပညာ

မဟာသတိပဋ္ဌာနသုတ် အဋ္ဌကထာအဖွင့်တွင် သဒ္ဓါလွန်၍ ပညာနည်းသောသူသည် ကြည်ညိုဖွယ် မဟုတ်သောအရာ (လူလိမ်များ)၌ ကြည်ညိုတတ်သည်။ ပညာလွန်ကဲ၍ သဒ္ဓါနည်းသောသူသည် ကောက်ကျစ်စဉ်းလဲတတ်၏။ ဆေးလွန်ခြင်းကြောင့် ဖြစ်သောရောဂါသည် ဆေးကု၍ မရနိုင်သကဲ့သို့တည်း။ ကုသိုလ်ဟူသည် စိတ်ဖြစ်ရုံမျှဖြင့် ဖြစ်နိုင်၏။ ပညာလွန်၍ ဒါနစသည်တို့ကို မပြုသည်ရှိသော် ငရဲ၌ဖြစ်တတ်၏။ သဒ္ဓါနှင့် ပညာတို့ ညီမျှကုန်သည်ရှိသော် ကြည်ညိုထိုက်သော အရာ၌သာ ကြည်ညို၏ ဟုဖွင့်ဆိုပြထား၏။

ညစ်ညူးသော ကံ ၄ ပါး။

၁။ သူ့အသက်သတ်ခြင်းသည် ညစ်ညူးသော ကံမည်၏။
၂။ မပေးသည်ကို ခိုးယူခြင်းသည် ညစ်ညူးသော ကံမည်၏။
၃။ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းသည် ညစ်ညူးသော ကံမည်၏။
၎။ မဟုတ်မမှန် ပြောခြင်းသည် ညစ်ညူးသော ကံမည်၏။
ထိုအရိယာသာဝကသည် ဤညစ်ညူးသောကံ ၄ ပါးကို ပယ်အပ်၏။ ရှောင်ကြဉ်အပ်ကုန်၏။

ကောင်းမှုပြုသင့်သောတရား(ပုညကြိယ၀တ္ထု) ၁၀ ပါး။

        မိမိစိတ်အစဉ်ကို သန့်ရှင်းဖြူစင်စေသောတရားကို ပါဠိလို “ပုည”၊ မြန်မာလို “ကောင်းမှု
=ကောင်းသောအမှု” ဟုခေါ်၏။ ထိုပုညစုကို ဧကနပြုထိုက်သောကြောင့် ပါဠိလို “ကြိယ”၊ မြန်
မာလို “ပြုသင့်သောတရား” ဟုခေါ်၏။ (၀တ္ထု= ကောင်းကျိုးချမ်းသာ၏တည်ရာ) ဤစကားစဉ်
ဖြင့် ကောင်းကျိုးချမ်းသာ မင်္ဂလာ၏တည်ရာ ဖြစ်သောကြောင့် စင်စစ်ပြုထိုက်သော ကောင်းမှု
များကို “ပုညကြိယ၀တ္ထု” ဟုခေါ်၏။ ထိုပုညကြိယ၀တ္ထု ၁၀ ပါးတို့မှာ==

ဗုဒ္ဓဟောကြားသော မိတ်ကောင်းဆွေကောင်း အကဲဖြတ်နည်း။

        မိတ်ကောင်းဆွေကောင်းဆိုတာ လူဆိုးလူကောင်းဒလိုပဲ၊ ရုပ်ပုံကြည့်ရုံနဲ့ မသိနိုင်ပါ။ အ
ပေါ်ယံကြည့်ရုံနဲ့ မသိနိုင်ပါ။ လူမြင်ရုံနဲ့ လူဆိုးလား၊ လူကောင်းလား မသိနိုင်ပေမယ့် သူတို့ရဲ့
လုပ်ရပ်အပေါ် မူတည်ပြီး သိနိုင်ပါတယ်။ မိတ်ကောင်းဆွေကောင်းနဲ့ ပက်သတ်ပြီးတော့ အကဲ
ခတ်လို့ရတဲ့ အခြေအနေမျိုးတွေကို မြတ်စွာဘုရားက ===
၁။ ဒုဒ္ဒဒံ ဒဒါတိ         = ပေးနိုင်ခဲတဲ့အရာကို ပေးတတ်လို့ရှိရင် မိတ်ကောင်းဆွေကောင်းပါ။

လမ်းလွှဲလိုက်နေကြသူများ ။

 
   ထေရ၀ါဒ ဗုဒ္မဘာသာဝင် သူတော်စင်တို့ သည် ရတနာသုံးတန်နှင့် ကံ၊ ကံ၏အကျိုးကို ယုံကြည်ကြပါသည်။
ယင်းကံ၏အကျိုးပေါ်တွင် မဆုတ်မနစ် မယိမ်းမယိုင် ခိုင်မာစွဲမြဲစွာ ယုံကြည်ထားကြသည်။ ကံ၊ ဥာဏ်၊ ၀ိရိယများကို
မြင့်မြင့်မားမား ထူထောင် အသုံးချတတ်ကြသည်။ ရတနာသုံးပါးမှအပ ဖြစ်သော အခြားအခြားသော ကိုးကွယ်ရာ

Tuesday, May 12, 2015

"ဂုဏ်တော်လမ်းကသွားရင်လည်း နိဗ္ဗာန်ရောက်ပါတယ်"


မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံပြီးတဲ့ နောက်ပိုင်း သီဟိုဠ်ခေတ်မှာ ဖုဿဒေ၀လို့ခေါ်တဲ့ မထေရf မြတ်ကြီးတစ်ပါး ရှိခဲ့ဖူးပါတယ်။ အဲဒီဖုဿဒေ၀ မထေရ်မြတ်ဟာ နေ့စဉ်နေ့တိုင်း စေတီတော် ရင်ပြင်မှာ တံမြက်စည်းလှည်းတဲ့ ၀တ်ကို ဆောက်တည်ထားတယ်။ တစ်နေ့မှ မပျက်ဘူး။ စေတီရင်ပြင်မှာ နေ့တိုင်း တံမြက်စည်း လှည်းတယ်။  တံမြက်စည်း လှည်းရင်း လှည်းရင်းနဲ့လည်း အရဟံဂုဏ်တော်ကို ပွားများပါတယ်။

ဓမ္မစရိယာစ၊ ကောင်းမြတ်သော သုစရိုက်တရားတို့ကို ကျင့်ခြင်းမင်္ဂလာ


(၁၅)ဓမ္မစရိယာစ၊ ကောင်းမြတ်သော သုစရိုက်တရားတို့ကို ကျင့်ခြင်းသည် မင်္ဂလာမည်၏။
ရှေးအခါက ကာသိတိုင်း၌ ဓမ္မပါလမည်သော ရွာတစ်ရွာ ရှိသည်။ ထိုဓမ္မပါလ ရွာသားတို့သည် အလှူပေးခြင်း၊ သီလဆောက်တည်ခြင်း၊ တရားထိုင်ခြင်း စသော ကုသိုလ်ကောင်းမှု တို့ကို အမြဲပြုသည်။


ထိုရွာ၌ မဟာဓမ္မပါလ အမည်ရှိသော ပုဏ္ဏားကြီးရှိ၏။ ထိုပုဏ္ဏားကြီးတွင် သားတစ်ယောက် ရှိသည်။ ဓမ္မပါလ သတို့သားဟု အမည်ရှိ၏။ ထိုဓမ္မပါလ သတို့သားသည် အရွယ်ရောက်သောအခါ ဖခင်ပုဏ္ဏားကြီးက သူ့ကို တက္ကသိုလ်ပြည်သို့

မြင့်မိုရ်တောင်နှင့် သဒ္ဓါ ပညာ တူမျှစေဖို့


                  
ဟိုတနေ့က အွန်လိုင်းမှာ ဒကာတစ်ယောက်က လျောက်ထားတယ်၊ မြင့်မိုရ်တောင် တကယ်ရှိနိုင်ပါ့မလား တဲ့၊ တကယ်သိချင်လို့ မေးတာ လို့ပဲ ခံယူလိုက်ပါတယ်၊ စာရေးသူကလဲ ဖြေလိုက်တယ်၊ ကိုယ်တိုင်တော့ မမြင်ဖူးသေးပါ၊ သို့သော်လည်း ဈာန် မဂ်ဖိုလ်တွေကို ရအောင် ကျင့်ကြံအားထုတ်ပြီးရင်တော့ ဘယ်သူမဆို မြင်နိုင်ပါလိမ့်မယ်၊ အဲဒီလို ပေါက်မြောက်ပြီး ရှိတယ် လို့ ပြောဆိုတဲ့ ဘုရား ရဟန္တာတွေ စာပေမှာ အမြောက်အမြား ရှိခဲ့ပါတယ် လို့ ဖြေလိုက်ရော ဟုတ်မှာပါလေ တဲ့၊ သူ့စကားသံက ကျေနပ်သံတော့ မပေါ်သေးဘူး ထင်ပါတယ်၊ တကယ်တော့ ကိုယ်တိုင် မကျင့်ပဲ မြင်ချင်နေကြတဲ့ လူတွေပါလား လို့ ကရုဏာသက်မိတယ်၊ သူ့မေးခွန်းက ပြီးသွားပေမယ့် မပြီးနိုင်တာက ကိုယ်တိုင်ပါပဲ။

Monday, May 11, 2015

သီဟဗာဟု

သီဟဗာဟု
ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် ဘာသာတရားကို လွန်စွာယုံကြည် ကိုးစားကာ ရိုသေကိုင်းရှိုင်းကြပေသည်။ မြန်မာပြည်တ၀န်း အရပ်ရပ်တွင် ဘုရားစေတီ ပုထိုးတို့ကို တွေ့မြင်နိုင်ပါသည်။ ယင်းစေတီပုထိုးတို့၏ မုခ်ဦးတွင် ခြင်္သေ့ရုပ်တု နှစ်ခုကို တွေ့မြင်ရသည်မှာ အထင်အရှားပင်။
ထိုကဲ့သို့ စေတီပုထိုးတို့တွင် ခြင်္သေ့ရုပ်တုကို တွေ့မြင်ရခြင်း အကြောင်းရင်းမှာ အောက်ပါ ပုံဝတ္ထုအရတို့ ဖြစ်ပါသည်။

ကုသိုလ်ပယ်နိုင်ပုံ၊ အကုသိုလ်ကံ ပယ်နိုင်ပုံနည်း။


        ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာတို့မှာ အကုသိုလ်ကံတွေရှိနေလို့ ဝဋ်လိုက်တာလား
ဒကာ။ ။ ကုသလာ ကုသလံ ဇဟံ၊ ၊ ကုသိုလ်ကံ အကုသိုလ်ကံတွေကို ပယ်စွန့်တော်မူပြီးကြပြီလို့လည်းဆိုသေးရဲ့၊ မြတ်စွာဘုရားမှာ ဝဋ်တော် တဆယ့်နှစ်ပါး လိုက်တယ်လည်း ဆိုသေးရဲ့။
အကုသိုလ်ကံတွေကို အရဟတ္တမဂ်ဖြင့် ပယ်စွန့်ပြီးမှပဲဟာ၊ ဘုရားမှာ ဝဋ်လိုက်လို့ ဒုက္ခဆင်းရဲ အရှက်တကွဲတွေ ခံရသေးတယ်ဆိုတာ ဟုတ်ပါသလား ဆရာတော်၊ ရှင်းပြပါဦး ဘုရား။

တရားမပါသော နေ့တစ်နေ့



တရားမသိဘဲ တစ်ရက်အသက်ရှင်ရင် တစ်ရက်အကြွေးတင်တယ်။ တရားမသိ
ဘဲ တစ်ရက်ဆက်နေရင် တစ်ရက်အတိုးအညွန့်တက်တယ်။ အာရုံတစ်ခုခုကို တ
ရားနဲ့ယှဉ်စပ် သုံးသပ်ခြင်းမရှိဘဲ အလွတ်ခံစားမိချေလျှင်



- သာယာတပ်စွဲမှုပေါ်လာပြီး ကံသုံးပါး တစ်ပါးပါးဖြင့် ကျူးလွန်မိတတ်ပါတယ်။

Sunday, May 10, 2015

မြင့်မိုရ်တောင်ထက်သာပါတယ် (အမေနေ့ အထူး)

ကျွန်တော်အလုပ်သင်ဆရာဝန်အဖြစ်စအလုပ်လုပ်ရတော့ စိတ်ဖိစီးမှုဒဏ်ကိုအတော်ခံခဲ့ရတယ်။ စာကျက်ရုံ အချိန်တန်စာမေးပွဲဖြေရုံကလွဲရင် အပူအပင်ကင်းတဲ့ကျောင်းသားဘ၀ကနေ လူနာတွေနဲ့ တကယ်ထိတွေ့ဆက်ဆံရပြီး တာဝန်ယူမှုတွေရှိလာတဲ့ ဆရာဝန်တစ်ယောက်ဘ၀ကိုရောက်လာတဲ့အခါ အရင်လိုလွတ်လပ်ပေါ့ပါးတဲ့စိတ်တွေပျောက်ဆုံးကုန်တဲ့အပြင် လူကြီးဘ၀ထဲကို အတင်းသွတ်သွင်းခံလိုက်ရတဲ့ ကလေးတစ်ယောက်ပုံစံမျိုးနဲ့တူနေသလိုခံစားရတယ်။ ကိုယ့်ကိုကိုယ်လည်း မနိုင်ဝန်ထမ်းနေရသလို မသက်မသာဖြစ်မိတယ်။