ဓမ္မနဒီ
ဗုဒ္ဓတရားတော်များ စုစည်း၊ ပေါင်းစပ်စီးဆင်းရာ မြစ်တစ်စင်း
Saturday, November 22, 2014
စူဠာမဏိဘုရားသမိုင်းကြောင်း
စူဠာမဏိ ဘုရားသည် ကွမ်းတောင်ပေါက် လိုဏ်နှစ်ဆင့်ဂူဘုရားဖြစ်ပြီး အေဒီ ၁၁၈၃ တွင် နရပတိစည်သူမင်း (အေဒီ ၁၁၇၄-၁၂၁၁) တည်ခဲ့သည်။
စူဠာမဏိ ဘုရားဘွဲ့တော်မှာ (စူဠ-သျှောင်ထုံး၊ မုနိ-ဘုရား) ဟူ၍ အဓိပ္ပာယ်ရသည်။ ဘုရားအတွင်းရှိ ခရစ် ၁၅ရာစုက ရေးထိုးထားသည့် မင်စာတွင်
ဘုရားဘွဲ့တော်ကို "ဇောတမဏိ၊ ပတ္တမြား ရောင်လျံ " ဟုဖော်ပြ ထားသည်။ စူဠာမဏိ ဘုရားကျောက်စာအရ နရပတိ စည်သူမင်းသည် အောက်တိုဘာ
Read more »
သောတာပန်မတည်မီစပ်ကြားတွင် အပါယ်မကျစေသည့် ကုသိုလ် (၇)မျိုး
သောတာပန်မတည်မီစပ်ကြားတွင် အပါယ်မကျစေသည့်
ကုသိုလ် (၇)မျိုးအနက် တစ်မျိုးမျိုးကို စွဲမြဲစွာ အားထုတ်
ထားသင့်သည်။
ထိုကုသိုလ် (၇)မျိုးမှာ -
(၁) သရဏဂုံသုံးပါးတည်မြဲရခြင်း။
(၂) ငါးပါးသီလလုံခြုံရခြင်း။
(၃) အာရုံဆွမ်း နေ့ဆွမ်း မြဲစွာလှူဒါန်းရခြင်း။
Read more »
နောင်တ ကင်းရာ သို့
တွင်းနက်နဲ့ ဝဲအလှည့်
(၁)
သူပြောနေတဲ့ အကြောင်းအရာကို ကြားဖူးပြီးဖြစ်ပေမဲ့  သူ့ ဇာတ်အခင်းအကျင်းက မူရင်းနှင့် အတန်ငယ် ကွဲလွဲနေတဲ့ အတွက် ကျွန်တော်က နားစိုက်ထောင်နေပါတယ်။ သူ့ ဇာတ်အခင်းအကျင်းက ဒီလိုပါ။
သဲကန္တာရကြီးကို ဖြတ်ကျော်ပြီး ခရီးသွားကြမည့် ခရီးသည်တစ်စုဟာ နေ့ အချိန်မှာ ပူပြင်းလွန်းတဲ့ အတွက် အပူသက်သာတဲ့ နေရာတစ်ခုမှာ နားနေကြတယ်။ သူတို့ က ညလထွက်လာတဲ့ အချိန်မှ ခရီးဆက်မယ်လို့ သဘောတူထားကြ တယ်။
Read more »
သောတာပန်၏ ထူးခြားချက်(၇)ရပ်
ကိုယ့်ခန္ဓာကို ဉာဏ်စိုက်ကြည့်လိုက်ရင် ဝေဒနာပေါ်လဲ ဖောက်ပြန်သွားတာပဲ၊ ပျက်စီးသွားတာပဲ။ ဝေဒနာရှုလိုက်တော့ ဝေဒနာလေးက ဖြစ်လိုက်ပျက်လိုက်နဲ့ သူ့သဘောသူ စွန့်စွန့်သွားတယ်။ သုခဝေဒနာကလဲ သုခဝေဒနာသဘောစွန့်တယ်။ ဒုက္ခဝေဒနာကလဲ ဒုက္ခဝေဒနာသဘောစွန့်တယ်။ ဥပေက္ခဝေဒနာကလဲ ဥပေက္ခဝေဒနာသဘော စွန့်တယ်။ လောဘစိတ်ကလဲ လောဘသဘောစွန့်တယ်။ စွန့်ပြီး
Read more »
တရားအားထုတ်မည့်သူ၌ ရှိရမည့်အင်္ဂါ ၅ ပါး။
၁။ သဒ္ဓါယုံကြည်မှု ရှိရမည်။
၂။ တရားအားထုတ်နိုင်စွမ်းသည့် ကျန်းမာရေး ပြည့်စုံရမည်။
၃။ ဖြောင့်မတ်မှန်ကန်သော စိတ်ထားရှိရမည်။
၎။ အကုသိုလ် ဒုစရိုက်များကို ဖယ်ရှားပြီး ကုသိုလ်သုစရိုက်တရားကို တိုးပွားအောင် အားထုတ်
သော ၀ီရိယရှိရမည်တို့ ဖြစ်ပါတယ်။ ။
Read more »
ဝက်ဝံကြီးပြောသွားတဲ့ စကားတစ်ခွန်း။
ငယ်ငယ်တုန်းက ပုံပြင်လေးတစ်ခု ဖတ်ဖူးပါတယ်။ အင်မတန်မှ မှတ်သားစရာကောင်းတဲ့
ပုံပြင်လေးတစ်ခုပါ။ ပုံပြင်ထဲမှာ သူငယ်ချင်းနှစ်ယောက် တောအုပ်ကြီးတစ်ခုကို ဖြတ်သန်းသွားရ
တယ်။ တစ်ယောက်က လက်နက်ပါလာတယ်။ နောက်တစ်ယောက်က လက်နက်မပါဘူး။ လက်
နက်ပါတဲ့သူက ဘာပြောသလဲဆိုတော့ “ ဒီနေရာမှာ ဆင်ပဲတွေ့တွေ့၊ ကျားပဲတွေ့တွေ့၊ ဘာ
Read more »
မိဘမျိုးရိုး သွေးဗုဒ္ဓဘာသာ။
မဟာသက္ကရာဇ်(၁၀၃)ခုနှစ်၊ ကဆုန်လပြည့်နေ့၌ သဗ္ဗညုဘုရားအဖြစ်သို့ ရောက်တော်မူ
ကာ ဝေနေယျသတ္တ၀ါတို့အား တရားရေအေး တိုက်ကျွေးတော်မူ ပါတယ်။ တတိယဓည၀တီကို
ရခိုင်ဘုရင် “စန္ဒာသူရိယမင်း” က မဟာသက္ကရာဇ်(၉၇) ခု၊ ဘီစီ(၅၈၀) ခုနှစ်မှာ စတင်တည်ထောင်
ခဲ့ပါတယ်။ မဟာသက္ကရာဇ်(၁၂၃)ခုနှစ်၊ အရောက်၊ တစ်နေ့သောအခါ မဇ္ဈိမဒေသ(အိန္ဒိယပြည်)၌
Read more »
Friday, November 21, 2014
ကာမသုခလ္လိကာနုယောဂအကျင့်ဆိုတာ။
ကာမသုခလ္လိကာနုယောဂအကျင့်ဆိုတာ မြန်မာလို အတိုချုပ်ပြောရရင် လိုချင်နှစ်သက်စရာ
ကာမဂုဏ်တွေကို နှစ်သက်သာယာပြီး ခံစားခြင်းပါပဲ၊ အဲဒီ ကာအဂုဏ် အာရုံတွေမှာ နှစ်သက်သာယာ
တဲ့ တဏှာနဲ့ယှဉ်ပြီး၊ ချမ်းသာလုံး ကောင်းလုံးကလေးဖြစ်အောင် အားထုတ်တာ ခံစားတာပါပဲ။ လိုချင်
နှစ်သက်စရာ ကာမဂုဏ် အာရုံတွေက ငါးမျိုးရှိပါတယ်။ လိုချင်နှစ်သက်ဖွယ်ကောင်းတဲ့ အဆင်းအာရုံ
Read more »
ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဘာသာတရား ဆောင်ပုဒ်များ(၉)။
””စံနှင့် မှတ်ကျောက်””
==========
ဘာသာဝါဒ၊ ရွေးချယ်ကြ၊ မှန်မှ ကျိုးများသည်။
အယူဝါဒ၊ မှားယွင်းက၊ မုချ ကျိုးနည်းမည်။
အမှားအမှန်၊ ရွေးချယ်ရန်၊ စံမှန် ရှိရမည်။
မှတ်ကျောက်မှာတင်၊ စံမှာယှဉ်၊ ရွေးလျှင် မမှားပြီ။ ။
Read more »
ဧည့်သည်
ကိုရီးယားဧည့်သည်များနှင့်အတူ မြန်မာပြည်အထက်ပိုင်း ခရီးထွက်စဉ်က စာရေးသူတို့ အဖွဲ့သည် မင်းကွန်းတိပိဋက ဆရာတော်ဘုရားကြီး၏ မင်းကွန်းတောင်ရိုး၊ ဓမ္မနာဒ ကျောင်းတိုက်ကြီးသို့လည်း သွားရောက်ကာ ဆရာတော်ကြီး၏ သာသနာပြုလုပ်ငန်းများအား ကြည့်ရှုလေ့လာ ကြည်ညိုဖြစ်ခဲ့၏။ ဆရာတော်ဘုရားကြီး၏ ကျောင်းတိုက်သို့ရောက်သည့်အခါ ဆရာတော်ကြီး
Read more »
အရိမေတ္တေယျမြတ်စွာဘုရား ကို ဖူးခွင့်ရမည့် ပုဂ္ဂိုလ်များ...
၁။ ယခုကြုံတွေ့နေတဲ့ ဂေါတမ သာသနာတွင်းမှာ ကိုယ်တိုင် ရဟန်းသာမဏေ သီလရှင်ဝတ်ပြီး ပရိယတ်၊ ပဠိပတ်သာသနာပြုတဲ့ ပုဂ္ဖိုလ်။
၂။ မိမိရင်မှဖြစ်တဲ့သား၊ သူတစ်ပါးရင်မှ ဖြစ်တဲ့သားတွေကို ရဟန်းခံပေးခြင်း၊ ရှင်ပြုပေးခြင်းပြုတဲ့ ပုဂ္ဖိုလ်။
၃။ မိခင်ဖခင်တို့ကို ၀တ်ကျေတန်းကျေမဟုတ်ဘဲ စိတ်ပါလက်ပါ ရိုသေစွာပြုစုလုပ်ကျွေးတဲ့ ပုဂ္ဖိုလ်။
၎။ သရဏဂုံသီလ မပြတ် ဆောက်တည်သော ပုဂ္ဖိုလ်။
၅။ ဘုရားသာသနာ တည်စိမ့်သောဌာ စေတီ၊ ပုထိုး၊ စည်းခုံ ဥမင်လိုဏ်ခေါင်း ဇရပ် စသည်တို့ကို ပြုပြင်တဲ့ပုဂ္ဖိုလ်၊ အသစ်ဆောက်လုပ်လှူးဒါန်းတဲ့ ပုဂ္ဖိုလ်။
Read more »
"မေတ္တာသုတ်ပါဠိ+အနက် (မေတ္တာသုတ်ဖြစ်ပေါ်လာပုံ) နှင့်ရွတ်ဆိုကျိုး "
"မေတ္တာသုတ်ပါဠိ+အနက် (မေတ္တာသုတ်ဖြစ်ပေါ်လာပုံ) နှင့်ရွတ်ဆိုကျိုး "
**********************************************
၁။ယဿာနုဘာဝတော ယက္ခာ၊နေ၀ ဒေဿန္တိ ဘီသနံ။
ယဥှိ စေ၀ါနုယုဉ္ဇန္တော၊ရတ္တိန္ဒိဝ မတန္ဒိတော။
၂။ သုခံ သုပတိ သုတ္တော စ၊ပါပံ ကိဉ္စိ န ပဿတိ။
ဧ၀မာဒိ ဂုဏူပေတံ။ပရိတ္တံ တံ ဘဏာမ ဟေ။
၃။ကရဏီယာ မတ္ထကုသလေန၊ယန္တ သန္တံ ပဒံ အဘိသမေစ္စ။
သက္ကော ဥဇူ စ သုဟုဇူ စ၊သုဝစော စဿ မုဒု အနတိမာနီ။
၎။ သန္တုဿကော စ သုဘရော စ၊အပ္ပကိစ္စော စ သလ္လဟုက၀ုတ္တိ။
Read more »
Thursday, November 20, 2014
ကဲ...ဆဲချင်သေးလား...?(ဖရုဿဝါစာ)
ရဟန္တာထေရီမကြီးနှစ်ပါး ထိုင်နေတဲ့အချိန်မှာတစ်ပါးကမေးတယ်။အသက်ကလည်းငယ်တယ် အရွယ်လည်းရှိပါရဲ့နဲ့ ဘာကြောင့်အိမ်ထောင်မပြုတာလည်းဆိုတော့ တစ်ပါးကသူ့ဇာတ်ကြောင်းကို ပြောပြတယ်။
သူဟာဘဝတစ်ခုမှာ ကုန်သည်တစ်ယောက်နဲ့လက်ထပ်ခဲ့တယ်။ပေါင်းသင်းပြီးမကြာခင်မှာပဲ ယောကျာင်္းကကုန်ကူးသွားတော့ သူ့မှာကိုယ်ဝန်နဲ့ကျန်ခဲ့တယ်။ယောက္ခမတွေကသူ့သားနဲ့ရတဲ့ကိုယ်ဝန်မဟုတ်ဘူးဆိုပြီး နှင်ချလိုက်တယ်။ဗိုက်တစ်လုံးနဲ့ထွက်သွားခဲ့ရတယ်။ဇရပ်တစ်ခုရောက်တော့ ဗိုက်နာပြီး ခလေးမွေးတယ်။ခလေးကိုဇရပ်မှာခဏထားပြီး ရေသွားရှာနေတုန်း
Read more »
မဂ္ဂင်ကိစ္စ
မေး။ ။ နိဗ္ဗာန်ကို မျက်မှောက်ပြုသော သူတော်ကောင်းများ၏ လောကုတ္တရာစိတ်တွင် မဂ္ဂရှစ်ပါး ပါဝင်ပါသည်။ မဂ္ဂင်ရှစ်ပါးနှင့် ပြည့်စုံသော စိတ်ကသာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သည်ဟု နားလည်ထားပါသည်။
ဝိပဿနာ အားထုတ်သော ယောဂီပုဂ္ဂိုလ်သည် သမာဓိမဂ္ဂင် နှင့် ပညာမဂ္ဂင်ငါးပါး ပြည့်စုံလျှင် သီလမဂ္ဂင်သုံးပါးနှင့် ပေါင်းကာ မဂ္ဂင်ရှစ်ပါး ပြည့်စုံရသည်ဟု မှတ်သားရပါသည်။
Read more »
မြတ်စွာဘုရား၏မဟာပုရိသလက္ခဏာ (၃၂) ပါး
မြတ်စွာဘုရားသည် သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်း၌ သီတင်းသုံးနေစဉ် ရဟန်းတို့အား ယောက်ျားမြတ်တို့၏ လက္ခဏာ (၃၂) ပါးဖော်ပြသည့် လက္ခဏသုတ်ကို ဟောကြားတော်မူပါသည်။ ဤသို့ ယောက်ျားမြတ်တို့၏ လက္ခဏာနှင့်ပြည့်စုံသော ယောက်ျားသည် လူ့ဘောင်၌နေခဲ့သော် စကြ၀တေးမင်း၊ ရဟန်းပြုခဲ့သော် ဘုရားဖြစ်မည်ဟူသော အလားအလာနှစ်ပါးမှတစ်ပါး အခြားအလားအလာမရှိဟု မိန့်တော်မူပါသည်။
Read more »
အဘိဓမ္မာဟာ Analyst လုပ်တဲ့ပညာရပ်တစ်ခုပဲ
မေး။………..။ ဆရာတော်ဘုရား အဘိဓမ္မာဘာသာရပ်သည် ဘဝ၌မည်မျှ အရေးပါကြောင်း တပည့် တော်အား ဖြေကြားပေးတော်မူပါ။ (ဇေယျာနောင်(စင်္ကာပူ))
ဖြေ။…………..။ ထမင်းဟာ ဘယ်လောက်အရေးပါသလဲဆိုတာ သိတယ် မဟုတ်လား၊ (သိပါတယ် ဘုရား) ထမင်းမစားရရင် ဘယ်လိုနေမလဲ၊ ဗိုက် ဆာမှာပေါ့။ အဲဒီလိုပဲ ဘဝခရီးမှာ ကိုယ့်ကိုကိုယ် နားလည်ဖို့ ပတ်ဝန်းကျင် နားလည်ဖို့ဆိုတာ အဘိဓမ္မာဘာသာရပ်ဟာ အလွန်တစ်ရာမှ အရေး ကြီး တယ်၊ ဘဝခရီးကိုရှင်းရှင်းလင်းလင်းသိဖို့ ဆိုပါစို့ ကိုယ့်စိတ်အကြောင်း ကိုယ့် လေ့လာချင်တယ်
Read more »
★ မဟာစည် ဆရာတော်ဘုရားကြီး ၏ အမှား နှစ်ခု★
___________________________________________
★
မဟာစည် ဆရာတော်ဘုရားကြီး ၏ အမှား နှစ်ခု
★
___________________________________________
ဤ ဓမ္မဆောင်းပါးခေါင်းစဉ် ကို ရုတ်တရက်မြင်လိုက်ရသောအခါ စာဖတ်သူ ဓမ္မမိတ်ဆွေ အနေဖြင့် လုံးဝ မမျှော်လင့်မိသော အကြောင်းအရာ ဖြစ်နေသောကြောင့် နားလန့်၊ မျက်စိလန့်သွားမည် ဟုထင်ပါသည်။ ဘယ့်နှယ်-ကျေးဇူးတော်ရှင် မဟာစည်ဆရာတော် ဘုရားကြီး ဟူသည် က နယ်နယ်ရရ မှ မဟုတ်ချေတကား။
ထူးလည်းထူး၊မြတ်လည်းမြတ်၍ ကမ္ဘာအရပ်ရပ်၌ ထင်ပေါ်ကျော်ကြားကာ ၊ ပရိယတ်၊ပဋိပတ်ဟူသော သကသမယ နှင့် အခြားတစ်ပါးသော ဘာသာအယူဝါဒ သမယန္တရ တို့၌ လည်းကောင်း၊ အရေးအသား,အပြောအဟော,အသင်အပြ,ဟူသော သင်ကြား ပြသမှု၌ လည်းကောင်း၊ အလွန်ပြောင်မြောက်သော ပုဂ္ဂိုလ်မြတ် မထေရ်ကျော်၊ “ဆဋ္ဌသင်္ဂီတိပုစ္ဆာက၊အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒစရိယ၊ ကမ္ဘာ့သာသနာပြုဆရာတော်ကြီး” ဖြစ်ပါကြောင်း ဓမ္မမိတ်ဆွေများအားလုံး အသိပင်ဖြစ်ပါ၏။
နော့ဖြင့် “ဆရာတော်ဘုရားကြီး က ဘာတွေများ အမှားကျူးလွန်ခဲ့မိသလဲ” ဟုမေးစရာရှိပါသည်။
ထို မေးခွန်းကိုမဖြေဆိုမှီ မှားတတ်ကြသော အမှားတို့၏ အခြေခံခြားနားမှုတစ်ခုကိုတင်ပြလိုပါသည်။ “မမှားဖူးသော ရှေ့နေ၊မသေဖူးသော ဆေးသမား ဟူသည်မရှိ”ဟူသော အဆိုအရ မည်သူမဆို အနည်းနှင့်အများ မှားတတ်ကြသည်ကို ထင်ရှားအောင် ဖော်ပြသော ထို စကားပုံ အဆို ကို ဖတ်ဖူးကြမည်ထင်ပါ၏။
၁။ အခြေခံ စိတ်ရင်းညံ့ဖြင့် ကျူးလွန်မိတတ်သည့် မှားယွင်းမှုမျိုး။
၂။ အခြေခံ စိတ်ရင်းကောင်းလျက် မတော်တဆ မှားယွင်းမှုမျိုး။ ဟူ၍ စိတ်သဘောရင်း ပေါ်မူတည်၍ ခြားနားတတ်ပါသည်။
Read more »
အဘိဓမ္မ ဆိုသည်မှာ.....။
အဘိဓမ္မ၏အဓိပ္ပာယ်မှာ ထူးခြားသောတရားဟု ဆိုလို၏။
ပညတ်တရားများကို ပယ်ရှား၍ အတွင်းအနှစ် ပရမတ္တအစစ်ဖြစ်သောကြောင့် ထူးခြားသည်။
အဘိဓမ္မဟုခေါ်ဆိုရသော ပရမတ္တတရားများကို အဓိကဟောကြားသည့် ဒေသနာနှင့်
Read more »
လောကသံသရာနှစ်ဖြာ ကြီးပွားတိုးတက်ဖို့အတွက်။
ဗုဒ္ဓမြတ်စွာဘုရား ဟောတော်မူခဲ့တဲ့ ဒေသနာတော်အရ ဘ၀ကြီးပွားတိုးတက်ရေးအတွက်
မိတ်ကောင်းဆွေကောင်း လိုအပ်ပါတယ်။ ဘ၀သံသရာဝဋ်မှ လွတ်မြောက်ပြီး နိဗ္ဗာန်ချမ်းသာကို
မျက်မှောက်ပြုဖို့ အတွက်လည်း မိတ်ကောင်းဆွေကောင်း လိုအပ်ပါတယ်။ လောကီရေးကိစ္စမှာ
ဖြစ်ဖြစ် လောကုတ္တရာရေးကိစ္စမှာဖြစ်ဖြစ် မိတ်ကောင်းဆွေကောင်းဟာ အင်မတန်မှ အရေးကြီး
Read more »
အထင်ကြီးစရာများ။
လူဆိုတဲ့ သဘာဝဟာ အပေါင်းအသင်း မိတ်ဆွေတွေနဲ့ နေကြပါတယ်။ ဒါပေမယ့် ကာမ
ချမ်းသာတွေကို သာယာနှစ်သက်ပြီး ခံစားနေတာဟာ (ဟီနော) ယုတ်ညံ့ပါတယ်။ ဘာကြောင့်လဲ
ဆိုရင် အဲဒီ ကာမဂုဏ်တွေကို သုံးဆောင်တဲ့အခါမှာ ယုတ်ညံ့တဲ့ ကိလေသာတွေ ဖြစ်ပါတယ်။ တပ်
မက်တွယ်တာ သာယာတဲ့ ကာမရာဂ ကာမတဏှာတွေဖြစ်ပါတယ်။ ငါသာ ဒီလို အကောင်းတွေ
Read more »
ကိုယ်ကျိုးအတွက် ဘာသာရေးကို ခုတုံးလုပ် အမြတ်ထုတ်နေကြသူများ။
ဗုဒ္ဓဘာသာဝင်တို့၏ နေအိမ်တိုင်းတွင် ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များကို ပင့်ဆောင်ကိုးကွယ်
ကြပါသည်။ နေ့စဉ်မပျက် ဆွမ်း၊ သောက်တော်ရေ၊ ဆီမီးစသည်များ ကပ်လှူ ပူဇော်ကြပါသည်။
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့သည် အလှူဒါန ရက်ရောတတ်ပါသည်။ သဒ္ဓါလွန်သော ဗုဒ္ဓဘာသာ
ဝင်များကို လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင်ကျော်က ရှေးဟောင်းရုပ်ပွားဆင်းတုတော်ဟု ညာပြီး
Read more »
ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အသိပညာပေးဆောင်ပုဒ်များ (၈)။
“ ရှင်မဟာသီလ၀ံသ ဆုံးမစာ (၇) ”
====================
၇၅။ ခိုးပါမိလေ၊ ထိုးခုတ်သေ၊
ကျလေ ပါယ်ရပ်ရွာ။
၇၆။ ဤစာရွှေကျမ်း၊ ဆုံးမခန်း၊
ရဟန်းလူရှင်၊ လွန်ကြည်လင်၊
Read more »
Wednesday, November 19, 2014
နိဂုံးလင်္ကာ
ကျမ်းပြီးမှတ်ထုံး၊ ကမ္ပတ်ဖုံး၍၊ နိဂုံးအရာ၊ အကျဉ်းမှာပိမ့်၊ ခုခါမျက်မြင်၊ လူရောရှင်တို့၊ ပြည်ခွင်နိဗ္ဗာန်၊ ၀င်ဖို့ရန်ဟု၊ ဓိဋ္ဌာန်မနော၊ စိတ်ကြံစောလည်း၊ သဘောရင်းနှစ်၊ အတွင်းစစ်က၊ သစ်သစ်လွင်လွင်၊ မဖြူစင်သော်၊ ခင်မင် ရွှေပြည်၊ ဝေးဦးမည်ကြောင့်၊ ငါသည်လည်းကောင်း၊ ငါ့အပေါင်းနှင့် ငါ့နှောင်းငယ်သား၊ အစထား၍၊ တရားယူလိုများလူဗိုလ်တို့၊ နဂိုမြင့်မြင့်၊ အလိုတင့်အောင် ကိုယ်ကျင့်အဘိဓမ္မာ၊ ဤကျမ်းစာကို၊ ကောင်းစွာစေ့ငု၊ တွေ့တိုင်းရူ၍၊ စိတ်မူစုံလင်၊ အကုန်ပြင်မှ၊ ဂုဏ်အင်ပြည့်မော်၊ ဘေးလောင်းတော်တို့၊ စံပျော်လေရာ၊ ပြည်ခေမာဝယ်၊ ရှင်ဖြာရိပ်ဖြူ၊ ဘိသိက်ယူလျက်၊ နိဗ္ဗူနန်းဖြင့်၊ အောင်ခန်းဖွင့်ဖို့၊ အောင် သင့်အောင်ကြောင်း၊ အောင်တပ်ပေါင်းနှင့်၊ အောင်မောင်းဆော်ဟည်း၊ အောင်စည် တီးလျက်၊ အောင်ကြီး အောင်ရမည်သာကို။
ကိုယ်ကျင့်အဘိဓမ္မာ ပြီးပြီ။
အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။
ကျားငစဉ်းလဲအကြောင်း
ဟိတောပဒေသ၌ ကျားအိုကြီး စဉ်းလဲပုံကို ပုံဝတ္ထုလုပ်၍ ပြထားသည်မှာ အသိနှင့် ကိုယ်ကျင့် တခြားစီဖြစ်၍နေကြောင်း ထင်ရှားစေတော့သည်။ ကျားကြီးကား အတော်အိုပြီ။ ရှေးကလို သားကောင်းများကို လျင်လျင်မြန်မြန် မဖမ်းနိုင်တော့ချေ။ သို့ဖြစ်၍ တစ်နေ့သ၌ တောသွားတောလာတို့ ကြားလောက်အောင် ဟစ်အော်သည်မှာ-
“အို-အို ခရီးသွားတို့ ဤရွှေလက်ကောက်ကို ယူလှည့်ပါကုန်”
ထိုစကားကို ခရီးသွားတစ်ယောက်ကြား၍ အနားလာပြီးလျှင်
“ဘယ်မှာလဲရွှေလက်ကောက်”
ဟု မေးသဖြင့် ကျားအိုကြီးက လက်ကိုဖြန့်၍ ရွှေလက်ကောက်ကို ပြသောအခါ ထိုခရီးသည်က
“သူများအသက်ကို သတ်ဖြတ် စားသောက်လေ့ရှိသော အသင်၏ အနား၌ ဘယ့်နှယ်လုပ်ပြီး အကျွမ်းတ၀င် ယူဝင့်ဝံ့ပါမည်လဲ”
ဟု ပြောလေသော် ကျားကြီးက ပြောသည်မှာ
“ကျွန်ုပ်ငယ်ရွယ်စဉ်က တရားကို နားမလည်၍ သူများကို သတ်ဖြတ်ခဲ့၏။ ထိုသို့ သူများကို သတ်မိခဲ့၍ “ကာလိဝိပါက် နောက်ပိုးတက်”
သဖြင့် ကျွန်ုပ် သားသမီးနှင့် မယားလည်း ဆုံးလို့ သံဝေဂ ဖြစ်နေတုန်းမှာ သူတော်စင်နှင့် တွေ့၍
“ယနေ့ကစပြီး အလျူဒါနပြုလျက် တရားကျင့်လော့”
ဟု သြ၀ါဒ ပေးခဲ့သောကြောင့် ထိုသြ၀ါဒအတိုင်း လိုက်နာနေထိုင်သူ ဖြစ်ပါတယ်။ ကျွန်ုပ်ရဲ့ လက်သည်းခြေသည်းနှင့် သွားများလည်း လျှောကျကုန်ပြီဖြစ်၍ အဘယ်မှာ ကြောက်ရွံ့စရာ ရှိပါတော့မည်လဲ။
Read more »
ကိုယ့်တာဝန်နှင့် အသိနဲ့ ကိုယ်ကျင့်
ကိုယ့်တာဝန်
ဤမျှလောက်သော စကားအစဉ်ဖြင့် ကိုယ်ကျင့်တရား သိဖွယ်များကို နားလည်လောက်ကြပေပြီ။ တတ်သိနားလည်မူမှာ ကျမ်စာ၏ တာဝန်ဖြစ်၏။ တတ်သိ နားလည်သည့်အတိုင်း သတိထားမူ၊ စောင့်စည်းမူ၊ ကြိုးစားမူတို့ကား ကျမ်းစာရူသူတို့၏ တာဝန်ဖြစ်၏။
“ယခုအခါ ကျမ်းစာ၏ တာဝန်ကျေပွန်လောက်ပြီဖြစ်၍ ကျမ်းစာရူသူတို့၏ တာဝန်သာ ကျန်တော့သည်”
ဟု ဆိုလိုပါသည်။
Read more »
နိရောဓသမာပတ်ကို ၀င်စားခြင်း
စိတ် စေတသိက်နှင့် စိတ်ကြောင့်ဖြစ်သော ရုပ်များ၏ အသစ်မဖြစ်ဘဲချုပ်ငြိမ်းနေအောင် ပြုနိုင်သော သမာပတ်ကို “နိရောဓသမာပတ်”ဟုခေါ်၏။ အနာဂါမ် ရဟန္တာဖြစ်ပြီး ဈာန်အကုန်ရပြီး ပုဂ္ဂိုလ်ကိုသာ ထိုသမာပတ်ကို ၀င်စားနိုင်၏။ အနာဂါမ်၊ ရဟန္တာ အရှင်မြတ်တို့သည် ရုပ်နာမ် ခန္ဓာကြီးကို လေးလံလှစွာသော ၀န်ထုပ်ကြီးကဲ့သို့ မှတ်ထင်တော်မူကြကုန်၏။
ထို့ကြောင့် ရုပ်ခန္ဓာ ကင်းနိုင်သမျှကင်းဖို့ရာ နိရောဓသမာပတ်ကို ၀င်စားတော်မူကြသည်။ ထိုသမာပတ်အတွင်း၌ ခံစားမူလုံးဝမရှိ။ နာမ်တရားနှင့် အချို့ရုပ်များ အသစ်မဖြစ်ဘဲရပ်စဲနေခြင်းသာတည်း။ ထိုရပ်စဲခြင်းသည်ပင် ချမ်းသာသေးလျှင် ရုပ်နာမ်အားလုံး ချုပ်ငြိမ်းနေသော နိဗ္ဗာန်သည် အဘယ်မှာ မချမ်းသာဘဲရှိအံ့နည်း။
Read more »
သုခ ၂-မျိုး
သုခသည် ဝေဒယိတသုခ၊ သန္တိသုခဟု ၂-မျိုးရှိ၏။ ယခုခေတ် လူအများတို့ မြင်ရ၊ ကြားရ၊ နမ်းရ၊ စားသောက်ရ၊ တွေ့ထိရသောအခါ ဖြစ်ပေါ်လာသော ကိုယ်ချမ်းသာခြင်း၊ စိတ်ချမ်းသာခြင်းကို
“ဝေဒယိတသုခ”
ဟု ခေါ်သည်။ ထိုသို့ ခံစားမူမရှိဘဲ ဒုက္ခခပ်သိမ်း ငြိမ်းအေးခြင်းသဘောကို
“သန္တိသုခ”
ဟု ခေါ်သည်။
ဝေဒယိတသုခ
ခံစားမူ ဟူသော ဝေဒယိတ သုခသည် ခံစားစံစား၍ ကုန်ကုန်သွားသည့်အတွက် အသစ်အသစ်ရအောင် ပစ္စည်းဥစ္စာရှာရခြင်း စသော ဒုက္ခဖြင့် ထူထောင်ရ၏။ ထိုအသစ် အသစ်ရအောင် ထူထောင်ရသော ဒုက္ခကား ခံစားရသော သုခနှင့် အဆမတန်ချေ။ ထိုသို့ ဒုက္ခဖြင့် ထူထောင်ကြပြီးနောက် ပေါ်ပေါက်ရရှိသော သုခကလေးဖြင့် တင်းမတိမ်နိုင်ကြသောကြောင့် အပိုအမို အကြွေးယူကာ မတရားခံစားမူအတွက် အပါယ်သွား၍ သုခကြွေးတွေကို အတိုးနှင့်တကွ ဒုက္ခဖြင့် ဆပ်ကြရလေသည်။
Read more »
နိဗ္ဗာန်၏ ဂုဏ်တော်တချို့
ခယဂုဏ်တော်
ထိုနိဗ္ဗာနဓာတ်တရားမြတ်ကို သောတာပတ္တိမဂ်ဖြင့် မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ရာဂစသော ကိလေသာအချို့သည်လည်းကောင်း၊ ထိုကိလေသာရှိသူတိုင်း (၇-ဘ၀နောက်ရရှိမည့်) ရုပ်နာမ်တို့သည်လည်းကောင်း ကုန်ခန်းကြရတော့၏။ အထက်မဂ်များကို ရသောအခါလည်း ဤနည်းအတိုင်း ကိလေသာအပူတွေ ကုန်ရပေသည်။ ထို့ကြောင့် သန္တိဖြစ်သော ထိုနိဗ္ဗာန်သည် ကိလေသာတို့၏လည်းကောင်း၊ ရုပ်နာမ်တို့၏လည်းကောင်း ကုန်ခန်းကြောင်းခယဂုဏ်နှင့် ပြည့်စုံပါသည်။
ဝိရာဂဂုဏ်တော်
တပ်မက်ခြင်းသဘောကို ပါဠိလို
“ရာဂ”
ဟုခေါ်၏။ ထိုရာဂသည် ရုပ်နာမ် ခန္ဓာပေါ်၌လည်းကောင်း၊ ခန္ဓာနှင့်စပ်သော ပညတ်အပေါ်၌လည်းကောင်း ဖြစ်ရသော တရားတည်း။ ရုပ်နာမ်တို့၏ ကုန်ကြောင်းဖြစ်သော နိဗ္ဗာန်သည် ထိုရာဂနှင့် လုံးလုံး မစပ်တော့ရကား
“၀ိရာဂ-ရာဂမရှိ”
ဟူသော ဂုဏ်နှင့်လည်း ပြည့်စုံပါသည်။
Read more »
လူအများတို့ဆုတောင်းနေသော နိဗ္ဗာန်၏ လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်
ရှေးပညာရှိများဖွင့်ပြပုံ
စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန် ဟူသော ပရမတ္ထ တရားတို့သည် ရူပါရုံမှတစ်ပါး မျက်စေ့ဖြင့် မြင်ကောင်းသော တရား မဟုတ်ကြပါ။ ထိုသို့မမြင်ကောင်းသော်လည်း ရှေးပညာရှိ အဋ္ဌကထာဆရာတို့သည် မျက်စေဖြင့် မြင်ရသကဲ့သို့ ဉာဏ်ထဲ၌ ထင်မြင်လာအောင် လက္ခဏာအားဖြင့်လည်းကောင်း၊ ကိစ္စရသ၊ သမ္ပတ္တိရသ တစ်မျိုးမျိုးအားဖြင့်လည်းကောင်း၊ ဉာဏ်ဖြင့်ရူစားသော ယောဂီပုဂ္ဂိုလ်၊ ပညာရှိပုဂ္ဂိုလ်တို့၏ ဉာဏ်အားထင်လာသော အခြင်းအရာအားဖြင့်လည်းကောင်း၊ အနီးဆုံးအကြောင်းဟူသော ပဒဋ္ဌာန်အားဖြင့်လည်းကောင်း ဖွင့်ပြကြပါသည်။
နိဗ္ဗာန်ကိုလည်းဉာဏ်၌ ထင်မြင်လာအောင်လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်အားဖြင့် ဖွင့်ပြရမည်ဖြစ်၍ ထိုသို့ မဖွင့်ပြမီ သန္တိလက္ခဏာရှိသော နိဗ္ဗာန်နှင့်တစ်ဖက်တစ်လမ်း
(ဟိုဘက်ကမ်း ဤဘက်ကမ်းကဲ့သို့)
ကွာလှမ်းသော ရုပ်နာမ်၏ မငြိမ်မသက် ဖြစ်ရပုံကို ရှေးဦးစွာ ပြသပါမည်။
Read more »
ဘုရားလောင်း ၃ ပါး။
၁။ ဥဂ္ဃာဋိတညု = ပညာဓိက ဘုရားလောင်း၊ ပညာဉာဏ်အမှူးပြု၍ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း
ပါရမီ ဖြည့်ရသည်။
၂။ ၀ိပဉ္စိတညု = သဒ္ဓါဓိက ဘုရားလောင်း၊ သဒ္ဓါတရားအမှူးပြု၍ ရှစ်သင်္ချေနှင့် ကမ္ဘာတစ်သိန်း
ပါရမီဖြည့်ရသည်။
Read more »
ဘုရားသော်မှ ပေးဆပ်ရသည့် ကံကြမ္မာဝဋ်ကြွေးများ။
ဗုဒ္ဓမြတ်စွာ ဘုရားအဖြစ်သို့ရောက်ပြီး ကိလေသာတွေ ကုန်ပေမယ့်လို့ အတိတ်ဘ၀က
ကံကြမ္မာဝဋ်ကြွေးတွေကို ပြန်လည်ပေးဆပ်နေရသေးတယ်။ ဆိုလိုတာက အတိတ်ကံရဲ့ လှုံ့
ဆော်မှုလေးတွေဟာ မြတ်စွာဘုရားမှာ ကံရဲ့အကျိုးအဖြစ်တဲ့ ခန္ဓာကြီးရှိသေးလို့ ပြန်ပြီးပေါ်လာ
တတ်သေးတယ်။ အဲဒါကို “ပုဗ္ဗကမ္မ ပိလောတိက ဗုဒ္ဓအပဒါန ဆိုပြီးတော့ အပဒါန်ထဲမှာ မှတ်
Read more »
ဒီလိုဆိုရင် အပါယ်မကျဘူး။
ဗုဒ္ဓမြတ်စွာဘုရား ဟောကြားခဲ့သော တရားတော်များတွင် ရှေးဘ၀၊ နောင်ဘ၀ရှိတယ်ဆို
တာ ဖြစ်စဉ်သာဓကများနှင့် ဟောကြားခဲ့သလို ဗုဒ္ဓဘာသာများကလည်း ယုံကြည်ကြပါတယ်။ တ
မလွန်ဘ၀ဆိုတာ ရှိနေသေးတဲ့အတွက်ကြောင့် ယခုဘ၀အရေးတင်မက နောင်ဘ၀အရေးအတွက်
ပါ ရှိသင့်ရှိထိုက်တဲ့ အကြောင်းတရားများ ရှိအောင်လုပ်ကြရပါမယ်။
Read more »
ကြေးစားကုသိုလ်။
ဗုဒ္ဓဘာသာဝင် မြန်မာအများစုသည် အလှူဒါန၌ မွေ့လျော်ကြပါတယ်။ ကုသိုလ်ကံ၏
ကောင်းကျိုးပေးမှုနှင့် အကုသိုလ်ကံ၏ မကောင်းကျိုးပေးမှုကို ယုံကြည်ကြပါတယ်။ ဒါပေမဲ့ ဗုဒ္ဓ
ဘာသာတွေထဲမှာကို အတော်လေးခရီးရောက်နေပြီလို့ ထင်ရတဲ့ ပုဂ္ဂိုလ်များကိုယ်တိုင် ကံ၊ ကံ၏
အကျိုးနဲ့ ပတ်သက်လို့ ယုံကြည်တာနဲ့ မျှော်လင့်တောင်းတတာကို မကွဲပြားကြပါ။ လုံးထွေးနေ
Read more »
ဆဌသင်္ဂီတိပုစ္ဆက မဟာစည်ဆရာတော်ဘုရားကြီး၏ ဩ၀ါဒဆောင်ပုဒ်များ(၇)။
***ဓမ္မစကြာလာ တရားဆောင်ပုဒ်များ***
==================
၁။ ကုသိုလ်ဆိုင်ရာ၊ အားထုတ်တာ
သမ္မာဝါယမပါ။
၂။ မူလ ပုဗ္ဗ၊ အရိယ
သုံးဝ မဂ္ဂင်မြတ်။
Read more »
စိတ်ဆိုတာ ဘယ်နေရာမှာ ရှိသလဲ
ဘုန်းကြီးတို့ ဂျာမနီနိုင်ငံနားက Austria ဆိုတဲ့နိုင်ငံ ရောက်ခဲ့တယ်၊
အဲဒီနိုင်ငံမှာ ဗီယင်နာ တက္ကသိုလ်ဆိုတာ ရှိတယ်၊
လွန်ခဲ့တဲ့ ၂-နှစ်လောက်ကတည်းက ဘုန်းကြီးတို့ကို ဖိတ်တယ်၊
ဘုန်းကြီးတို့လည်း အချိန်မပေးနိုင်တာနဲ့ ဒီနှစ်တော့ မေလ (၂၀)ရက်နဲ့ (၂၁)ရက်မှာ စိတ်အကြောင်း ဟောပြောဖို့ ဖိတ်တာနဲ့ အဲဒီသွားပြီး စိတ်အကြောင်း ဟောပြောတယ်။
Read more »
ဗုဒ္ဓဘာသာအပေါ် ကမ္ဘာကျော်လူပုဂ္ဂိုလ်များ၏ အတွေး အမြင် နှင့် မှတ်ချက်များ
(၁) ဗုဒ္ဓဘာသာဟာ လူသားတိုင်း အတွက်ဖြစ်ပေမယ့်။
လူသားအားလုံးက ဗုဒ္ဓဘာသာမဖြစ်ခဲ့ကြဘူးတဲ့။
(အိုင်စတိုင်းလ် - Albert Einstein)
(၂) ဗုဒ္ဓသည် ဘာသာပြောင်းသူများကို အနိုင်ယူရန် တရားဟောခြင်းမဟုတ်ဘဲ၊ တပည့်သာဝကတို့ကို အသိညဏ်အလင်းရရှိစေရန် တရားဟောခြင်းဖြစ်သည်။ (စာရေးဆရာတစ်ဦး)
(၃) ဗုဒ္ဓနှင့် သာမန်လူသားတစ်ဦး၏ ကွဲပြားချက်မှာ လူကောင်းနှင့် အရူးကွဲပြားသကဲ့သို့ပင် ဖြစ်သည်။ (စာရေးဆရာတစ်ဦး)
Read more »
ပညာဥာဏ်ကြီးမားလေ အမေ့ကျေးဇူးသိလေ
(၁)
ဘုရားရှင်က သူ့အမေ့အပ်ါမှာ ကျေးဇူးသိတတ်ပုံကို
အနည်းငယ်ရေးပြဘူးတယ်။
ဘုရားအလောင်းတော်ကို မွေးဖွားပြီး (၇) ရက်မြောက်မှာ မယ်တော်မဟာမာယာ နတ်ရွာစံသွားပြီး
နတ်ပြည်မှာ သန္တုဿိတအမည်နဲ့ နတ်သားသွားဖြစ်ပါတယ်။
ဆိုတော့ ဘုရားရှင်ဟာ နောက်ဆုံးဘ၀မှာ
မယ်တော် မဟာမာယာနဲ့ (၇) ရက်သာ တွေ့လိုက်ရပါတယ်။
Read more »
Tuesday, November 18, 2014
အ၀ီဇိဆိုတာ ကြားဖူးသလား
(၁)
“စတုတ္ထအကြိမ်မြောက် ကမ္ဘာ့ဗုဒ္ဓဘာသာထိပ်သီးညီလာခံကို ၂၀၀၄ ဒီဇင်ဘာတွင် ကမ္ဘာအေး ကုန်းမြေပေါ်မှာ ကျင်းပမည်ဆိုတဲ့သတင်းကို စကြား
လိုက်ရတဲ့အခိုက်မှာ ကျနော့်ခေါင်းထဲမှာ တော်တော်ရှုပ်ထွေးသွားပါတယ်။ ကြည်ကြည်နူးနူးနဲ့ သာဓုပဲခေါ်လိုက်ရမှာလား။ စိတ်မသက်
မသာနဲ့ ခေါင်းပဲရမ်းလိုက်ရမှာလား။ ဒီအတွက် ချမ်းချမ်းမြေ့မြေ့ကြီးကိုပဲ ဂုဏ်ယူလိုက်ရမှာလား။ အလွဲလွဲအချော်ချော်တော့ ဖြစ်ကုန်ကြတော့မယ်ထင်ပါရဲ့လို့ ပူပန်သောက ပွားလိုက်ရမှာလား။ စက္ကန့်အချို့အကြာမှာတော့ ဒါရဲ့အဖြေကို ကျနော် ကျကျနနကြီးကိုပဲ ထုတ်လို့ရသွားပါတော့တယ်။
Read more »
နိဗ္ဗာန် ၂-မျိုးမှ တစ်မျိုး နိဗ္ဗာန်
ရဟန္တာအားလုံး၌ ရနိုင်သော ကိလေသပရိနိဗ္ဗာန်၊ ခန္ဓပရိနိဗ္ဗာန် ၂-မျိုးသည်
“သိဝံ ပတ္ထေထ ဘိက္ခဝေ၊ သိဝံ ပတ္ထေတွာ ဒါနံ ဒါတဗ္ဗံ = ဘိက္ခုတို့၊ ဘေးခပ်သိမ်းတို့၏ အေးငြိမ်းရာ နိဗ္ဗာန်ကို တောင့်တကြလော့၊ နိဗ္ဗာန်ကို တောင့်တ၍ ဒါနကို ပြုကြလော့၊ သီလကို ဆောက်တည်ကြလော့၊ ဘာဝနာကို ပွားစေကြလော့”
ဤသို့ ဗုဒ္ဓမြတ်စွာ တိုက်တွန်းတော်မူအပ်သော နိဗ္ဗာန် မဟုတ်သေးပါ။
ပြအပ်ခဲ့သော နိဗ္ဗာန် ၂-မျိုးသည်
“ဒုက္ခခပ်သိမ်း အေးငြိမ်းရာဖြစ်သော အသင်္ခတဓာတ် နိဗ္ဗာန်တရားတော်မြတ်ကို လျင်မြန်စွာ မျက်မှောက်ပြုရပါလို၏”
ဟု လူအများ တောင့်တအပ် ဆုတောင်းအပ်သော အသင်္ခတဓာတ် နိဗ္ဗာန်တရားမြတ် မဟုတ်သေးပါ။
Read more »
နိဗ္ဗာန် - ပရိနိဗ္ဗာန်
ပရိနိဗ္ဗာန် ၃-မျိုး
နိဗ္ဗာန်နှင့် ပရိနိဗ္ဗာန်သည် သဘောတူ၏ ထိုပရိနိဗ္ဗာန်သည် ကိလေသာတို့၏ ငြိမ်းအေးခြင်းဟူသော ကိလေသပရိနိဗ္ဗာန်၊ ရုပ်ခန္ဓာတော်၏ ငြိမ်းအေးခြင်းဟူသော ခန္ဓပရိနိဗ္ဗာန်၊ ဓာတ်တော်တို့၏ ငြိမ်းအေးခြင်းဟူသော ဓာတုပရိနိဗ္ဗာန်အားဖြင့် ၃-ပါး အပြားရှိ၏။
ကိလေသပရိနိဗ္ဗာန်
သတ္တ၀ါတိုင်း၌ရှိသော လောဘ၊ ဒေါသ၊ မောဟ စသော ကိလေသာတို့သည် စိတ်ကို ပူလောင်စေကြကုန်၏။ တဏှာ၊ ရာဂ၊ လောဘမီး၏ ပူလောင်မူကြောင့် ဆရာ မိဘ စသူတို့၏ စကားကိုမျှ နားမထောင်နိုင်ဘဲ လုပ်ချင်ရာ လုပ်ကြသူတွေ၊ အလိုမကျသော ဒေါသမီးကြောင့် ကိုယ့်ကိုယ်ကိုပင် သေကြောင်းကြံကြသူတွေကို ကြည့်လျှင် လောဘ၊ ဒေါသမီးတို့ ပူလောင်ပုံမှာ အလွန်ထင်ရှား၏။ ထိုသို့ လောဘမီး ဒေါသမီး အလောင်ခံရခြင်းမှာလည်း မောဟမီးက အကြောင်း အကျိုးမသိ မမြင်နိုင်အောင် ဖုံးကွယ်ထားသောကြောင့် မီးကို ကိုင်ချင်သကဲ့သို့
(တချို့မှာ ကိုင်မိသကဲ့သို့)
တည်း။ ဗုဒ္ဓ မြတ်စွာသည် အရဟတ္တဖိုလ်ကို ရသောအခါ ထိုကိလေသာ အပူမီးတို့ အလုံးစုံကုန်၍ ငြိမ်းအေးကြလေတော့၏။ ထို့ကြောင့်
“ကိလေသ ပရိနိဗ္ဗာနံ၊ ဗုဒ္ဓမြတ်စွာ၏ ကိလေသ ပရိနိဗ္ဗာန်သည်။ ဗောဓိပလ္လင်္ကေ အဟောသိ၊ ဘုရားဖြစ်ရာ မဟာဗောဓိပလ္လင်၌ ဖြစ်ခဲ့ပြီ”
ဟု
ဥာဏ၀ိဘင်္ဂ အဋ္ဌကထာ (နှာ ၄၁၃ ၌)
မိန့်သည်။
Read more »
သောတာပန်ဖြစ်ဖို့ခက်သလား?
ပါဠိတော်
။ ။တသ္မာ့တိဟာ နန္ဒ ဓမ္မာဒါသံနာမ ဓမ္မပရိယာယံ ဒေသေဿာမိ၊ ယေန သမန္နာဂတော အရိယ သာဝကော အာကင်္ခမာနော အတ္တနာဝ အတ္တာနံ ဗျာကရေယျ၊ ခီဏနိရယောမှိ ခီဏ တိရစ္ဆနယောနိ ခီဏပေတ္တိ ၀ိသယော ခီဏာပါယဒုဂ္ဂတိ ၀ိနိပါတော၊ သောတာပန္နော ဟမ သ္မိ အ၀ိနိပါတ ဓမ္မော နိယတော သမ္မောဓိပရာယဏောတိ။
မြန်မာပြန်
။ ။နောက်၌ ဘုရားဂုဏ်တော် ၉-ပါး၊ တရားဂုဏ်တော် ၆-ပါး၊ သံဃာဂုဏ်တော် ၉-ပါး၊ ဤဂုဏ်တော်များ၌ အဝေစ္စပသာဒ
(ဉာဏ်ဖြင့် သက်ဝင်ယုံကြည်ခြင်း)
၃-မျိုး၊ ငါးပါးသီလနှင့် ပြည့်စုံခြင်း ဤဂုဏ်အင်္ဂါ ၄-ပါးနှင့် ပြည့်စုံသူသည် မိမိ ကိုယ်ကို သောတာပန်ဖြစ်ပြီဟု ဆုံးဖြတ်နိုင်သည်။
Read more »
နိဗ္ဗာန်အကြောင်း
နိဗ္ဗာန်အကြောင်းကိုရေးသားလျှင် ကြောင်းကျိုးစုံလင်အောင် ကျယ်ဝန်းစွာရေးမှ တာဝန်ကျေပေလိမ့်မည်။ ဤစာ၌ကား ထိုမျှလောက် ကျယ်ဝန်းစွာ ရေးခွင့်မရ။ အနည်းငယ် မထိတထိ ရေးခြင်းထက် လုံးလုံးမရေးခြင်းက သင့်တော်သေး၏ဟု သဘောရ၍ နိဗ္ဗာန်အကြောင်းကို လျစ်လျူရူခဲ့ပါသည်။ သို့သော် အထိုက်အလျောက် သိနှင့်ကြဖို့ရန် ၁၃၂၀-ခုရိုက် စာအုပ်၌ကား သင်္ဂြိုဟ် ဘာသာဋိကာ၌ ပါသော ဥပသမာနုဿတိခန်းကို ထည့်သွင်းပြလိုက်ပါသည်။
Read more »
ဗြဟ္မာ့စည်းစိမ်
ဗြဟ္မာ့ပြည်ရောက်ရန် ဈာန်ကို အားထုတ်စဉ်ကပင် လောကီအာရုံ ကာမဂုဏ်နှင့် လူသူထူထပ်သော မြို့ ရွာ၊ အိမ် ကျောင်းတို့ကို ရှောင်းရှား၍ ဆိတ်ဆိတ်ငြိမ်ငြိမ် နေထိုင်အားထုတ်ရသောကြောင့် ထိုဈာန်ကုသိုလ်တရားတို့အတွက် ဗြဟ္မာ့ပြည်၌ ဖြစ်ရသော ဗြဟ္မာတို့လည်း လွန်စွာ ငြိမ်သက်ကြပေသည်။ သားသမီး ဇနီး မောင်နှံဟူ၍ မရှိကြ။ အားလုံး ဗြဟ္မာတို့မှာ ယောက်ျားသဏ္ဌာန်ရှိသော်လည်း ယောက်ျားအင်္ဂါနှင့် မိန်းမအင်္ဂါ မပါကြတော့ချေ။ သို့အတွက် ကာမဂုဏ်ချမ်းသာကို ခံစားခြင်း မရှိကြ။ ဈာန်ကို အားထုတ်စဉ်
(လူ့ဘ၀)
တုန်းကပင် ကာမဂုဏ်အပြစ်ကို နှစ်နှစ်ကာကာ မြင်ခဲ့ပြီး ဖြစ်သောကြောင့် ကာမစိတ်ဓာတ်များလည်း လုံးဝမဖြစ်အောင် ငြိမ်ဝပ်လျက် ရှိကြလေသည်။
Read more »
ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဘာသာတရား ဆောင်ပုဒ်များ(၇)။
”” အပြု(ကာယကံ)””
=========
ပြုမည်ကြံလဲ၊ သင့်စိတ်ထဲ၊ အမြဲ ဆင်ခြင်ပါ။
မိမိ သူတစ်ပါး၊ နှစ်ဦးသား၊ ဘယ်သူများ ထိမည်လဲ။
ထိခိုက်နိုင်ငြား၊ အပြုများ၊ မမှား ရှောင်ကြဉ်ပါ။ ။ ။
Read more »
ကံကြမ္မာ ၀ဋ်ကြွေး။
“၀ဋ်ကြွေး” ဆိုတာ လည်ပတ်ပြီးတော့ ဖြစ်လာတာ။ တစ်ချိန်တစ်ခါတုန်းက ကိုယ်ကိုယ်
တိုင် လုပ်ခဲ့တဲ့ လုပ်ရပ်တွေက ပြန်ပြီးတော့ တုံ့ပြန်ပြုလုပ်လာတာတွေ ရှိလာတယ်။ ဒါ သဘာဝ
တရားရဲ့ တုံ့ပြန်မှုပါ။ အဲဒီ တုံ့ပြန်မှုလေးတွေက ဘုရားပဲ ဖြစ်စေ၊ ရဟန္တာပုဂ္ဂိုလ်တွေပဲဖြစ်စေ
မည်သူ့ သန္တာန်ပဲဖြစ်ဖြစ် ကံ ကြမ္မာ ၀ဋ်ကြွေးတွေက အကြောင်းညီညွှတ်ရင် တုံ့ပြန်လာတတ်သေး
Read more »
သေခြင်းတရားကို မကြောက်သူ။
ဗုဒ္ဓဘာသာဝင် လူဖြစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်သည် ဒါနကုသိုလ်၊ သီလကုသိုလ်၊
သမ ထဘာဝနာကုသိုလ်၊ ၀ိပဿနာဘာဝနာကုသိုလ်၊ မဂ်ကုသိုလ်၊ ဖိုလ်ကုသိုလ် ခြောက်မျိုးလုံးကို
အရ ယူရန်အတွက် ဖြစ်ပါတယ်။ စီးပွားဥစ္စာ ရှာဖွေခြင်းသည်ပင် ထိုကုသိုလ်ခြောက်မျိုး ပြုလုပ်ရန်အ
တွက်ဖြစ်ပါတယ်။ ၃၁ ဘုံတွင် ဤလူ့ဘုံ တစ်ဘုံတည်းသာလျှင် ကုသိုလ်အားလုံးကို ပြုလုပ်နိုင်ပါ
Read more »
ကျောင်း ဇရပ် ရေကန်စုံတယ်၊
ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့သည် ဘုရား၊ တရား၊ သံဃာတည်းဟူသော ရတနာမြတ်သုံးပါး
ကို ကိုးကွယ်ကြသည့်အလျောက် ရပ်ကြီးရွာကြီးတိုင်းတွင် ဘုရား၊ ကျောင်းကန်၊ စေတီပုထိုးတော်
များ တည်ထားကိုးကွယ် ကြပါတယ်။ “ကျောင်းဇရပ် ရေကန်စုံတယ်၊ ရွာတည်ပုံ အားကျဖို့ကောင်း”
ဆိုတာ အစဉ်အလာက ဆိုစမှတ်ပြုခဲ့တဲ့ မြန်မာဓလေ့ ကျေးရွာအင်္ဂါရပ်ကို ဖေါ်ပြတဲ့ စကားပါ။
Read more »
ဘာသာ/သာသနာ အတွက် အသိပညာပေး ဆောင်ပုဒ်များ(၈)
ကန်ပေါင်ပရိယတ်၊ ပဋိပတ် ကန်ရေ
ပဋိဝေ ကြာ ဟု၊ သုံးခုသာသနာ
မိန့်ဆိုရာ၌၊ ....
ကန်ပေါင်ရှိမှ၊ ရေတည်ရ၏။
ရေမှတစ်ဆင့်၊ ကြာပန်းပွင့်၏။
Read more »
ပြောင်းလဲလာသော ဘ၀အမြင်များ
ကိုဝိရေ ခေါင်းစဉ်ကို ကြည့်ပြီး စိတ်ထဲမှာတော့ သိပ်ဟဲဗီးဖြစ်နေမလား လို့ စဉ်းစားမိပါတယ်၊ သို့ပေမယ့် ဆရာကြီး ဦးရွှေအောင်ရဲ့ “အမြင်များ ပြောင်းလဲခြင်း” ခေါင်းစဉ်ကို ကြိုက်နှစ်သက်မိတာကြောင့် အခုလိုပေးလိုက်တာပါ၊ ကိုဝိက မသစ္စာအလင်းရဲ့မွေးနေ့မှာ လူတိုင်းအတွက်လက်ကျန်ဘ၀သက်တမ်းမှာ ဘာတွေ လုပ်သင့်သလဲ ဆိုတာကို ရှုထောင့်အမျိုးမျိုးကနေ စိတ်ကူးပုံဖော် အကြံပေးသလိုမျိုး ဘုန်းဘုန်းလဲ ကိုဝိကိုအကြောင်းပြုပြီး ပေးချင်တဲ့မက်ဆေ့လေးတွေ များလာတာကြောင့် အခုလို ချရေးလိုက်တယ်၊
Read more »
မိုးလောက်မြင့်မား၍ မြေကြီးလိုနှိမ်ချသူ - အရှင်သာရိပုတ္တရာ
သူတော်ကောင်း နှလုံးသားတွေထဲမှာ အရှင်သာရိပုတ္တရာ မထေရ်ကဲ့သို့ နှလုံးသားကို ဖူးမြော်ကြည်ညိုရတာဟာ အားရကျေနပ်စရာ အကောင်းဆုံး ဖြစ်ပါတယ်။ ကြယ်တာရာ တွေ စုံလင်တဲ့ညချမ်းမှာ ကောင်းကင်ပြင်ကြီးကို မော်ကြည့်မိတဲ့အခါ သောကြာကြယ်လို့ခေါ်တဲ့ သောက်ရှူးကြယ်ကြီးကို ကြယ်တာရာတွေထဲမှာ ထူးခြားတောက်ပစွာ တွေ့မြင်ရသလို အရှင်သာရိပုတ္တရာလည်း သူတော်ကောင်း အစားစားတွေထဲမှာ ကိုယ်ကျင့်တ၇ားအရရော စိတ်နေ သဘောထားအရနဲ့ အသိဉာဏ်ပညာအရာမှာပါ ထူးချွန်တောက် ပြောင်လှ ပါတယ်။
Read more »
ဝါတွင်းကာလ၌ အိမ်ပြောင်းအိမ်ရွေ့မလုပ်ကောင်း ဆိုတာဟုတ်ရဲ့လား ...
ဒကာတစ်ယောက်က “အရှင်ဘုရား ဝါဆိုချိန်နီးလာပြီဆိုတော့ မြန်မာလူမျိုးများရဲ့ ဝါတွင်းကာလမှ အိမ်မပြောင်းရ၊ အိမ်မရွေ့ရစတဲ့ အယူအဆတွေကြောင့် ဝါမဆိုခင်ကတည်း ဒီကိစ္စအတွက် အပြီးလုပ်နေကြတာကို တွေ့ရပါတယ်၊ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဘုရားဟောထားတာ ရှိသလား၊ ဒီအယူအဆတွေကို လိုက်ပြီးလုပ်သင့်သလား၊ မလုပ်သင့်ဘူးလား စသဖြင့် ဆောင်ရန်ရှောင်ရန်တွေကို သိလိုပါတယ်ဘုရား” စသဖြင့် မေးလျှောက်ဖူးလို့ ပြန်ပြီးဖြေပေးဖူးပါတယ်။
Read more »
Monday, November 17, 2014
စဉ်းစားဖွယ်ရာအဖြာဖြာ
ဤတရားတော်အရ စဉ်းစားပါလျှင် နတ်ပြည်အာရုံသည်တရားမေ့အောင် မိုင်းတိုက်နိုင်ကြောင်း နားလည်နိုင်ပေပြီ။ မှန်၏။ သိကြားမင်းသည် ပင်ကိုအားဖြင့် သတိကောင်း ဉာဏ်ထက်၍ အလွန် သွက်လက်သူပေတည်း။ ထိုအချိန်မှာ သောတာပန်လည်း ဖြစ်ပြီးပေပြီ။ နာခဲ့ရသော တရားမှာလည်း သူကိုယ်တိုင် သိချင်လှ၍ လျှောက်ထားသော ပြဿနာ၏အဖြေ တရားအကျဉ်းမျှသာ ဖြစ်၏။ ရှင်မောဂ္ဂလာန် မေးချိန်နှင့် ထိုတရားနာခဲ့ချိန်မှာ မိနစ်လောက်သာ ဝေးပေလိမ့်ဦးမည်။ သို့ပါလျက် ဥယျာဉ်ပွဲ၏ မိုင်းတိုက်မူကြောင့် စဉ်းစား၍ မရနိုင်အောင်ပင် မေ့ရလေသည်။
Read more »
သိကြားမင်းတရားမေ့ပုံ
(ဆရာတော်ကြီး)
(၁၃၂၀-ပြည့်နှစ် ရိုက်စာအုပ်ကျမှ ထည့်အပ်သော နောက်ဆပ်တွဲ)
သောတာပန်ဖြစ်ပြီးသော သိကြားမင်းသည် အခါတစ်ပါး၌ ကြီးကျယ်ခမ်းနားသော ဥယျာဉ်ပွဲကို ရူစားဖို့ရန် အခြွေအရံများဖြင့် ဧရာဝဏ်ဆင်ကိုစီး၍ ထွက်လာ၏ ဥယျာဉ် တံခါးပေါက်သို့ ရောက်သောအခါ ဘုရားရှင်အား ပြဿနာမေးရန် အကြံပေါ်လာလေ၏။ ထိုပြဿနာကား တဏှာကုန်ခန်း နိဗ္ဗာန်သို့ လွတ်လွတ်ကျွတ်ကျွတ် ကြွမြန်းနိုင်သော ရဟန္တာ၏ ကျင့်ခဲ့သော လမ်းစဉ် ပြဿနာတည်း။
Read more »
နတ်ဘုံခန်း
ထိုကဲ့သို့ တည်ထောင်ပြီးသော ကမ္ဘာသစ်၌ ငရဲသူငရဲသားတို့ ဆင်းရဲရပုံကိုပြခဲ့ပြီ။ တိရစ္ဆာန် ပြိတ္တာတို့ ဆင်းရဲပုံကိုလည်း မျက်မြင်အားဖြင့်လည်းကောင်း၊ ကြားဖူးနားဝဖြင့်လည်းကောင်း အတော်အတန် သိလောက်ပြီ။ လူများ၏ ဆင်းရဲချမ်းသာမှာ ကိုယ်တွေ့ဖြစ်၍ အထူးရေးဖွယ်မလို။ နတ်စည်းစိမ်ကိုကား အများပင် သိလိုကြပေလိမ့်မည်။ ထို့ကြောင့် ကျမ်းဂန်လာ အချက်များကို အကျဉ်းချုပ်စုပေါင်း၍ နတ်တို့ နေထိုင်ကြပုံ အကြောင်းများကို ပြပေအံ့။
Read more »
လူများဖြစ်ပေါ်လာပုံ
ထိုကဲ့သို့ လူ့ဘုံ နတ်ဘုံ ဗြဟ္မာ့ဘုံတို့ တည်မိသောအခါ အထက် ဗြဟ္မာ့ပြည်၌ရှိသော ဗြဟ္မာတို့တွင် အသက်တမ်းစေ့၍ဖြစ်စေ၊ ကံကုန်၍ဖြစ်စေ အချို့ဗြဟ္မာတို့ စုတေကြလေ၏။ ထိုစုတေသူတို့တွင် တချို့ အောာက်ဗြဟ္မာ့ဘုံမှာ ဖြစ်ကြ၏။ တချို့ကား နတ်ဘုံ၌ ဖြစ်ကြ၏။ တချို့ကား ဤလူဘုံဝယ် လူဖြစ်လာကြလေသည်။ ထိုကဲ့သို့ ဗြဟ္မာ့ပြည်မှစုတေ၍ လူ့ပြည်၌ဖြစ်ကြသော ကမ္ဘာဦး လူတို့၌ မိဘိမရှိကြ။ နတ်ပြည်၌ နတ်ဖြစ်ကြသလို လူ့ပြည်၌လည်း ကံ၏အစွမ်းကြောင့် လူကိုယ်ကြီး အထင်အရှား ဖြစ်လာကြသည်။ ထိုကမ္ဘာဦးလူတို့၌ ယောက်ျားမိန်းမဟု ခွဲခြားဖို့ရာ ယောက်ျားအင်္ဂါ မိန်းမအင်္ဂါများလည်း မပါကြသေးချေ။ မည်သည့် အစားအစာကိုမျှလည်း မစားသောက်ဘဲ နေနိုင်ကြ၏။ နေလ နက္ခတ်တို့လည်း မရှိကြသေး။ မိမိတို့၏ ကိုယ်ရောင်ကိုယ်ဝါဖြင့်သာ ထွန်းလင်းတောက်ပ ကုန်လျက် ဗြဟ္မာဖြစ်တုန်းကကဲ့သို့ ကောင်းကင်၌ လှည့်လည် သွားလာနိုင်ကြလေသည်။
Read more »
ကမ္ဘာတည်ပုံ
ထိုကဲ့သို့ ကမ္ဘာပျက်ပြီးနောက် တည်ချိန်ရောက်သောအခါ၌ ကမ္ဘာပြုမိုးကြီး ရွာသွန်းလာလေသည်။ ရှေးဦးစွာ မိုးဖွဲကလေးကစပြီး တဖြည်းဖြည်းကြီးမား၍ အိမ်လုံး တောင်လုံးခန့် မိုးပေါက်တွေကျသဖြင့် ပျက်စီးသောနေရာတွင် ဗြဟ္မာ့ပြည် အထိအောင် ရေအလျဉ်ပြည့်လာ၏။ နှစ်ပေါင်းအတော်ကြာ၍ ထိုရေများ တဖြည်းဖြည်း ခန်းခြောက်လေသော် မီးလောင်သော ဗြဟ္မာ့ဘုံ နတ်ဘုံတို့တည်ရာ အရပ်သို့ရောက်လျှင် ဗြဟ္မာ့ဘုံ နတ်ဘုံများလည်း တည်ပြီးဖြစ်တော့၏။ ထို့နောက် တဖြည်းဖြည်း ရေလျော့လာခဲ့ရာ လူ့ဘုံတည်ရာသို့ ရောက်လာလျှင် ရေအလျဉ် မလျှော့ကျတော့ဘဲ မြင့်မောက်သောနေရာ၌ တောင်ကြီး တောင်ငယ်၊ ချိုင့်ဝှမ်းသောနေရာ၌ မြစ်ကြီးမြစ်ငယ်၊ ညီညွတ်သောနေရာ၌ မြေပြင်ဖြစ်ဖို့ရာ ရေ၏ အထက်ပေါ်မှာ
(နွားနို့ မလိုင်တက်သကဲ့သို့)
ခပ်ပျစ်ပျစ် ခပ်ခဲခဲဖြစ်ရာမှာ ကာလကြာလျှင် ကျောက်တောင်ကျောက်သား မြေသားတွေ ဖြစ်ကြရလေသည်။
Read more »
မြတ်ဗုဒ္ဓ၏ သမ္မာသမ္ဗုဒ္ဓဂုဏ်တော်။
ဘုရားဂုဏ်တော်တွေကို သိရှိနားလည်ဖို့ဆိုတာ သဒ္ဒါတရားရှိရုံနဲ့ မဖြစ်နိုင်ဘူး
ပညာရှိတဲ့ ပုဂ္ဂိုလ်ကမှ မြတ်စွာဘုရားရဲ့ ဂုဏ်အရည်အချင်းတွေ သိနိုင်စွမ်းရှိတယ်
ယုံကြည်မှု သဒ္ဒါသက်သက်နဲ့တော့မဖြစ်ဘူး အသိပညာတိုးတက်ကြအောင် ကြိုးစားကြရတယ်.
Read more »
အဘိဉာဏ် အင်္ဂါ ၈ ပါး။
၁။ အလွန်စင်ကြယ်ခြင်း။
၂။ ဖြူစင်ခြင်း။
၃။ ကိလေသာရာဂကို ဖျောက်ခြင်း။
၎။ နူးညံ့စွာဖြစ်ခြင်း။
၅။ တန်ခိုး ဖန်ဆင်းခြင်း၌ စွမ်းနိုင်ခြင်း။
Read more »
တကယ့် ဘ၀နေနည်း ။
သူတော်ကောင်းတို့တတွေကတော့ ကံကောင်းလို့ လူ့ဘ၀ ရလာကြပြီ။ လူ့ဘ၀ရောက်ဖို့
ဆိုတာ အလွန်မတန်မှ ခဲယဉ်းတယ်။ ရခဲတဲ့ လူ့ဘ၀ကို ရထားပြီးပြီဆိုတော့ သက်တမ်းတစ်ခုမှာ
ဘယ်လိုနေကြမလဲ။ တချို့ကပြောကြတယ် ငွေကြေးစီးပွားဥစ္စာတွေ တိုးတက်အောင်လုပ်မယ်။
ရာထူးဂုဏ်မြင့်မားအောင် ဆောင်ရွက်မယ်။ ပညာ၊ အောင်မြင်ကျော်ကြားအောင် ကြိုးစားမယ်။
Read more »
"ကိုယ့်ရဲ့ အဖော်မွန်ကောင်းဆိုတာ"
လူတိုင်းလူတိုင်း ကိုယ့်ကိုယ်ကို မိတ်ဆွေကောင်း ဖြစ်အောင် ကြိုးစားပါ။
တရားအားထုတ်လာပြီး သတိ၊ သမာဓိ၊
ဥာဏ်ပညာ ရင့်ကျက်လာတဲ့အခါမှာ အနားမှာ
ဘယ်သူမှမရှိပေမယ့် အဖော်မဲ့လို့ အားငယ်တဲ့စိတ်မျိုး မဖြစ်ဘူး။
အဖော်ကို အပြင်မှာ မရှာတော့ဘူး။
Read more »
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)