Saturday, December 6, 2014

ဒေါက်တာ နန္ဒမာလဘိဝံသ၏ဆုံးမစကား


မြတ်စွာဘုရားက ဘ၀ခရီးဝယ် ရွေးချယ်ရမယ့်လမ်းလို့ ဟောထားတယ်။
မြတ်စွာဘုရားက ငါ့တရားကောင်းတယ်လို့ မဟောဘူး။
ဘ၀ခရီး လျှောက်တဲ့အခါမှာ သံသယဖြစ်စရာတွေကြုံလို့ရှိရင် သေချာတဲ့ လမ်းကနေ ရွေးချယ်ပြီးတော့ လျှောက်လို့ ဟောထားတယ်။

".. မြတ်ဗုဒ္ဓနဲ့ မိဘကျေးဇူး …"



မြန်မာ ဗုဒ္ဓဘာသာအများအကြား နားလည်လက်ခံထားတဲ့ ရှေးရိုးစွဲ ဘာသာရေး အမှားများ အမြောက်အများ ရှိနေပါတယ်။ မှန်သလိုလိုနဲ့ နဲနဲလေး လွဲနေတာလေးတွေပါ။ ဘုရားဟောသလိုလို ကျမ်းဂန်မှာ ပါသလိုလိုနဲ့ လူ့လောကမှာ အသုံးပြုနေတဲ့ စကားလုံးများ၊ ဟောပြောဆုံးမချက်များကို ပြောတာပါ။

ကမ္ဘာပေါ်၌ ရက်အရှည်ကြာဆုံးနှင့် အောင်မြင်ရန် အခက်ခဲဆုံး တိပိဋကဓရ ရွေးချယ်ရေး စာမေးပွဲကြီး...။

မြန်မာပြည်တွင် သာမက ကမ္ဘာပေါ်၌ပါ ရက်အရှည်ကြာဆုံးနှင့် အောင်မြင်ရန် အခက်ခဲဆုံးဖြစ်သည့် တိပိဋကဓရ ရွေးချယ်ရေး စာမေးပွဲကြီး၏ ပြဋ္ဌာန်းကျမ်းစာများနှင့် ရရှိသည့် ဘွဲ့များကို ဗဟုသုတ ပွားများရန်အလို့ငှာ တင်ပြချင်ပါသည်။ မြန်မာနိုင်ငံတွင် (၆၂)ကြိမ်မြောက် ကျင်းပခဲ့သည့် စာမေးပွဲတွင် ယနေ့ (၂ဝ၁ဝ)အထိ တိပိဋကဓရ တိပိဋကကော ဝိဒဘွဲ့ အောင်မြင်သည့် ဆရာတော်များမှာ (၁၂)ပါးမျှသာ ရှိသေးသည့် အတွက်ကြောင့်လည်း ဖြစ်သည်။ ဘုရားဟော ဗုဒ္ဓဝစနပါဠိတော်သည် စာအုပ်ရေအားဖြင့်

"ဆုတောင်းများလှတဲ့ သြကာသ ကန်တော့ချိုး"

တောက်…..တောက်…..တောက်……. အာရုဏ်ဦးကုလားတက်အသံရဲ့ ပယောဂကြောင့် ကျွန်တော်အိမ်မက် အမှောင်ထုမှ ညင်သာစွာနိုးထလာလေသော သကာလ အိပ်ချင်မူးတူးဖြင့် အရာရာ မှုန်ဝါးဝေရီဆဲ။ “…….ဘုရားရတနာ တရားရတနာ သံဃာရတနာ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်စုံမိုး၍ ရှိခိုးပူဇော် ဖူးမြှော်မာန်လျှော့ ကန်တော့ပါ၏ဘုရား ကန်တော့ရသော အကျိုးအားကြောင့် အပယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ဝိပ္ပတ္တိတရား လေးပါး၊ ဗျဿနတရား ငါးပါး၊ အနာမျိုးကိုးဆယ့်ခြောက်ပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား ဖိုလ်တရား နိဗ္ဗာန် ချမ်းသာ တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား….. အဟံဘန္တေ….”

Friday, December 5, 2014

သောတာပတ္တိမဂ်ရခြင်း အကြောင်းအင်္ဂါ ၄ ပါး။

 ၁။ သပ္ပုရိသသံသဝေါ = ရုပ်၊ နာမ်၊ ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာတို့၌ ကျွမ်းကျင်လိမ္မာသော
(၀ါ) ဘ၀သစ်၌  အဖန်ဖန်ဖြစ်ရခြင်းကို ဒုက္ခသစ္စာဟူ၍ မလိုချင်၊ မရချင်အောင် ဟောပြော
တတ်သော ကျွမ်းကျင်လိမ္မာသည့် သူတော်ကောင်းနှင့် ပေါင်းဖေါ်ရခြင်း။
 ၂။ သဒ္ဓမ္မဿဝနံ = ရုပ်၊ နာမ်၊ ခန္ဓာ၊ အာယတန၊ ဓာတ်သစ္စာတို့နှင့်စပ်သော တရားတို့ကို စာ

ဘုံဆိုင်နှင့် ကိုယ်ပိုင်။

        ကား မြေ တိုက်တာ အဆောက်အအုံ ရွှေ ငွေ စိန် ကျောက်စတဲ့ ပစ္စည်းဥစ္စာ လောကီ
ရတနာတွေဟာ ဘုံဆိုင်ပစ္စည်းပါ။ တစ်ယောက်တည်း ရှာဖွေစုဆောင်းပေမဲ့ တစ်ယောက်တည်း
ပိုင်ဆိုင်လို့ တစ်ယောက်တည်း သုံးစွဲလို့မရပါဘူး။ အနည်းဆုံး ဇနီး သားသမီးတွေကိုတော့
ကျွေးမွေး စောင့်ရှောက် ထောက်ပံ့ရပါသေးတယ်။ မျှဝေပေးရပါသေးတယ်။ လောကုတ္တရာ

ဘာဝနာဗိုလ် ၅ ပါး။

၁။ သဒ္ဓါဗိုလ်   = သဒ္ဓါဖြင့် ဆန့်ကျင်ဘက်တရားတို့ကို တိုက်ဖျက်ခြင်း။
၂။ ၀ီရိယဗိုလ်   = ၀ီရိယဖြင့် ဆန့်ကျင်ဘက်တရားတို့ကို တိုက်ဖျက်ခြင်း။
၃။ သတိဗိုလ်   = သတိဖြင့် ဆန့်ကျင်ဘက်တရားတို့ကို တိုက်ဖျက်ခြင်း။
၎။ သမာဓိဗိုလ်   = သမာဓိဖြင့် ဆန့်ကျင်ဘက်တရားတို့ကို တိုက်ဖျက်ခြင်း။

စိတ်ထားတတ်ရုံနဲ့ ပါရမီဆယ်ပါး ဖြည့်နည်း။

        တစ်ခါတုန်းက ဗာရာဏသီပြည် ကာသိရွာမှာ လယ်သမားပုဏ္ဏားတစ်ယောက်ဟာ နွား
ပျောက်တာကို လိုက်ရှာရင်း ရှာရင်းနဲ့ တောထဲမှာ မျက်စိလည်သွားပါတယ်။ ကြာလာတော့ မော
လာပါတယ်။ တည်ပင် တစ်ပင်တွေ့တော့ တည်ပင်ပေါ်တက်ပြီး ဆာလည်းဆာနေတာနဲ့ တည်
ပင်ပေါ်မှာပဲ တည်သီးကို စားပါတယ်။ စားနေရင်းပဲ အောက် ချောက်တွင်းထဲကို ပြုတ်ကျသွား

လောကီ၊ လောကုတ္တရာအတွက် စိန္တာမဏိဂါထာတော်။

       စိန္တာမဏိဂါထာတော်၏ အခြေအမြစ်ကို လေ့လာသောအခါ ငါးရာ့ငါးဆယ်နိပါတ် ပဒကု
သလဇတ်တွင် ဘုရားအလောင်းတော် ပဒကုသလ လုလင်အား မယ်တော်ဘီလူးမက ပေးခဲ့
သော ဂါထာဖြစ်ကြောင်း သိရှိရပေသည်။ ထိုဇတ်တော်တွင် “ စိန္တာမဏိဂါထာကို ရသည့်အချိန်
မှစ၍ ပဒကုသလ လုလင်သည် ခြေရာကောက်အတတ်ပညာကို ကောင်းစွာတတ်မြောက်ကြောင်း
ခေါင်းဆောင်တို့ ကျင့်စဉ်
သုမင်္ဂလော အယံကာလော၊ မင်္ဂလာအပေါင်းနှင့် ပြည့်စုံတဲ့အခါကောင်းပါ။ မင်္ဂလာကောင်း အခါကောင်းမှာ အားလုံးကို မင်္ဂလာစကားပြောပါမယ်။ မင်္ဂလာစကား ပြောကြားခွင့် ရလို့၊ ပြောကြားခွင့်ရဆိုရာမှာ အသင်းအဖွဲ့ပေါင်းစုံ၊ လူမျိုးလည်း တော်တော် စုံတဲ့ ပွဲမှာ ပြောကြားခွင့်ရလို့ ပိုပြီးတော့ ၀မ်းသာတယ်။
ရှေးဦးစွာ နားထောင်ကြတဲ့ ပရိသတ်ကို မေတ္တာရပ်ခံထားချင်တာ နှစ်ခု ရှိပါတယ်။ တစ်ခုက

ယမမင်းနှင့်ပတ်သတ်သော မှတ်ချက်များ

ယမမင်းနှင့်ပတ်သတ်သော မှတ်ချက်များ
အရှင်ဘုရား တပည့်တော်မသိလို့ လျှောက်ပါရစေ ဘုရား။မြတ်စွာဘုရားဆိုလည်း တစ်ဆူပြီး တစ်ဆူ ပွင့်ခဲ့ပါတယ်။သိကြားမင်း ဆိုရင်လည်း သက်တမ်းအလိုက် နတ်သက်ကြွေပြောင်းလဲခဲ့ပါတယ်။ ဒို့အတူ ယမမင်းရော သက်တမ်းအလိုက် ပြောင်းလဲမှုရှိပါလား ဘုရား။ ယမမင်းအကြောင်း ရေးထားတဲ့ စာ သမိုင်းကို မဖတ်ဖူးလို့ပါဘုရား အမှားပါက ခွင့်လွှတ်တော်မူပါဘုရား။

"ဗုဒ္ဓဘာသာဝင်တိုင်းသိထားသင့်သည့် ဘုရားဟူသည်"


ဘုရားဟူသည် လူစင်စစ်ကသာဖြစ်ရပါသည်။ လူမဟုတ်သော ၊ လူနှင့်မထိတွေ့နိုင်သော လူတို့မမြင်ခဲ့ရသော ကောင်းကင်ဘုံက ဖန်ဆင်းရှင်ဘုရားဟူသော လူတစ်ဦးတစ်ယောက်၏ ပြောစကားဖြင့် မှန်းဆရသော (Imaginary)၊အရာသည် ဘုရားမဟုတ်ပေ။ (Unscientific)ကျနသေချာမှုမရှိသော သိပ္ပံနည်းမကျသော လက်တွေ့မကျသော လူပြောသူပြောဖြင့် ဘုရားဟူ၍ မှန်းဆရခြင်းသည်လည်း ဘုရားမဟုတ်ချေ။ နတ်၊ ဗြဟ္မာ တို့သည်လည်း ဘုရားမဟုတ်။ နဂါး စသည့်တိရစ္ဆာန်တို့သည်လည်း ဘုရားမဖြစ်နိုင်ချေ။

"ဝစီဗေဒ ထိတိုင်းရှ'

“ဇဋိလ”
တစ်ခါ “ဇောတိကတို့၊ ဇဋိလတို့၊ မေဏ္ဍက”တို့ ဆိုပြီးတော့ အင်မတန်ထင်ရှားတဲ့ သူဌေးတွေရှိတယ်။
ဇောတိက က ရာဇဂြိုဟ်ပြည်မှာ အလွန်ထင်ရှားတဲ့ သူဌေး။
ဇဋိလက သူဌေးသားဖြစ်ပေမယ့်လို့ သူမွေးလာတာက “ဖအေ” မပေါ်ဘူးနော်။
ဖအေမပေါ်ဘူး ဆိုတာ သူက သူဌေးသမီး တစ်ယောက်က မွေးတာ။
သူ့အမေ ကတော့ သူဌေးသမီးပဲ။

Thursday, December 4, 2014

စည်းစိမ်ပျက်ကြောင်း ၆ ပါး။

၁။ မူးယစ်မေ့လျော့ကြောင်းဖြစ်သော သေရည် သေရက်သောက်လေ့ရှိခြင်းသည် စည်းစိမ်ပျက်
ကြောင်းတည်း။
၂။ အချိန်အခါမဲ့ (ညအခါ)၌ ခရီးသွားလေ့ရှိခြင်းသည် စည်းစိမ်ပျက်ကြောင်းတည်း။
၃။ ပွဲလမ်းသဘင် ကြည့်ရှုလေ့ရှိခြင်းသည်  စည်းစိမ်ပျက်ကြောင်းတည်း။
၎။ မေ့လျော့ကြောင်းဖြစ်သော လောင်းကစားလေ့ရှိခြင်းသည်  စည်းစိမ်ပျက်ကြောင်းတည်း။

ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အသိပညာပေးဆောင်ပုဒ်များ (၆) ။

“ ရှင်မဟာသီလ၀ံသ ဆုံးမစာ (၅) ”
====================
၄၈။ မပျင်းမရိ၊ လုံ့လရှိ၍၊
သတိအထဲ၊ အရိုးစွဲအောင်၊
တဖောင်ဖောင်လျှင်၊ သန်းခေါင်ညဥ့်နက်၊
သင်ကျက်သမျှ၊ စ စကုန်စေ၊
နေ့ကိုအလွတ်၊ ရွတ်နိုင်စေ။

နိဗ္ဗာန်ကို တကယ်လိုချင်တာလား ?၊

       သင်္ဂဇာ ဆရာတော်ဘုရားကြီးရဲ့ စကားပုံပေါင်းချုပ်ကျမ်းထဲမှာလာတဲ့ ပုံဝတ္ထုလေးတစ်ခု
ပေါ့။ သူ့နာမည်က ဈေးတောင်က ကိုမောင်တဲ့။ မန္တလေးဘုရားကြီးသွားပြီး နေ့စဉ် ဘုရားရှိခိုးကာ
အော်ကြီးဟစ်ကျယ် ဆုတောင်းတယ်။ “နိဗ္ဗာန်မဂ်ဖိုလ်ကို ရက်တိုတိုနဲ့ ရပါရစေ” တဲ့။
         အဲဒီလို နေ့တိုင်း အော်အော်ပြီး ဆုတောင်းတဲ့အခါ၊ တစ်နေ့ကျတော့ သူ့ သူငယ်ချင်းတစ်
ယောက်က “ ဒီကောင်တယ်ပြီး နိဗ္ဗာန်ဆု တောင်းပါလား၊ တကယ်လိုချင်တာ ဟုတ်မဟုတ် ငါစုံ

ယူတတ်တဲ့ အသိဉာဏ်ရှိသူအတွက် လောကတက္ကသိုလ်ကြီး။

     “ လောကကြီးဟာ သတ္တ၀ါတွေအတွက် အကျိုးအပြစ်ကို ညွှန်ပြနေတဲ့ ဆရာကြီးဖြစ်တယ်”
ဆိုတာ ကြားဖူးကြမှာပါ။ နိတိကျမ်းတွေထဲမှာလည်း ဒီသဘောမျိုး ဆုံးမတာတွေ အများကြီးရှိပါ
တယ်။ စာဏကျနီတိကျမ်းမှာဆိုရင်---
        ခြင်္သေ့ဆီက သားကောင်ဖမ်းတဲ့အခါ ကြီးကြီးငယ်ငယ် စွမ်းအားမလျော့ဘူးဆိုတဲ့ အတတ်
ပညာ တစ်ခုကို ယူရမယ်။

အရှင်အာနန္ဒာမထေရ်၏ အတုယူဖွယ်ရာ။

        တစ်နေ့သောအခါ အရှင်အာနန္ဒာမထေရ်သည် နောက်ပါရဟန်းငါးရာနှင့်အတူ ကောသမ္ဗီ
ပြည်သို့ ကြွချီတော် မူခဲ့၏။ အကြောင်းမှာ ဗုဒ္ဓမိန့်တော်မူခြင်းကြောင့် အရှင်ဆန္ဒအား ဗြဟ္မဒဏ်
ပေးရန်အတွက် ဖြစ်၏။ ကောသမ္ဗီပြည်သို့ ရောက်သောအခါ ဥတေနမင်းကြီး၏ ဥယျာဉ်အနီး
သစ်ပင်ရင်းတစ်ခု၌ သီတင်းသုံး နေတော်မူ၏။

ဗုဒ္ဓဘာသာကို လိုက်စားမူများလာရင် လွယ်လွယ်နဲ့ အရှုံးပေးတတ်သွားမည်လော့


ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လာရင်၊ ဗုဒ္ဓဘာသာကို လိုက်စားမူများလာရင် လွယ်လွယ်နဲ့ အရှုံးပေးတတ်သွားမယ်ဆိုတာ မဟုတ်သေးဘူး၊ တရားနဲ့ ဖြေပေါ့လို့တော့ပြောမယ်၊ ဒါဟာ အရှုံးပေးလိုက်လို့ ပြောတာ မဟုတ်ဘူး။ စိတ်ကို ခွန်အားပေးတဲ့ သဘောပဲ နှစ်သိမ့်တဲ့ သဘောပဲ။

အကြွေးကင်းမှ ရဟန်းခံရမှာလား

အမေး။ ။အရှင်ဘုရား...လူတစ်ယောက်ဟာ အခြားသူကို ပေးဆပ်စရာ အကြေွး တင်နေပါတယ်။ သူက ရဟန်းလြဲပုချင်နေတယ်။ တပည့်တော်သိလိုတာက အကြေွးရှိရက်နဲ့ ရဟန်းခံ လို့ ရ-မရဆိုတာကို သိချင်ပါတယ်ဘုရား။
စံမင်းအောင် တိုက်ကြီး

ကမ္မ၀ါစာညှပ်ခြင်းဟာ ဘုရားဟောဖြစ်ပါသလား

မြတ်စွာဘုရားသည် ဘုရားဖြစ်စ၌ ရဟန်းပြုလိုသူများကို `ဧဟိ ဘိက္ခု´ ခေါ် ၍ ကိုယ်တော်တိုင် ရဟန်းပြုပေးတော်မူသည်၊ ဧဟိဘိက္ခု ရဟန်းဖြစ်ဖို့ လုံလောက် သော ရှေးဘုန်းရှေးကံပါသူ အနည်းဆုံး သောတာပန် အဆင့်ရှိသည့် အရိယာပုဂ္ဂိုလ် မျိုးကိုသာလျှင် `ဧဟိ ဘိက္ခု´ ခေါ်၍ ရဟန်းပြုပေးပါသည်၊ ဘုရားလက်ထက်က ဧဟိဘိက္ခု ရဟန်းပေါင်း (၂၈၆၄၁) နှစ်ေသာင်း

မောင်ဗာလ ယမမင်းထံ အစစ်ခံရခြင်း။

၁။ ယမမင်း    = အိုကွဲ့ယောက်ျား၊ မောင်လူသား၊ ဘယ်တရားများ ကျင့်ခဲ့တယ်။
    မောင်ဗာလ= ကျွန်တော်မျိုးမှာ၊ လျှောက်စရာ၊ ဘယ်ဟာကိုမျှ မရှိတယ်။

၂။  ယမမင်း    =ကုသိုလ်ကောင်းမှု၊ တစ်ခုခု၊ မပြုခဲ့လားကွယ်။
    မောင်ဗာလ= ယမရာဇာ၊ မေးသောခါ၊ ခမျာ မှိုင်၍နေရှာတယ်။

ဘုရားရှင်ကို လေးနဲ့ပစ်သတ်ဖို့ ကြိုးစားမှု။

      မြတ်စွာဘုရားဟာ တောရကျောင်းတစ်ကျောင်းမှာ တစ်ပါးတည်း နေတော်မူတယ်။ အဲဒီမှာ
ဒေ၀ဒတ်ရဲ့ အစီအမံက အင်မတန်ကောင်းတယ်။ စနစ်ကျတယ်။ လက်ဖြောင့်လေးသမား တစ်
ယောက်ကို ဒေ၀ဒတ်က ဘုရားရှိတဲ့ဆီသွားပြီး မင်း ဘယ်နေရာကနေပြီး ပစ်၊ ပစ်သတ်ပြီးလို့ရှိရင်
ဘယ်လမ်းကပြန်လာခဲ့ဆိုတာ ပြောတယ်။

ဒါနကို ယိုးမယ်မဖွဲ့သင့်ပါ။

          ဒါနသည် သံသရာကို တိုစေသည်၊ ရှည်စေသည်ဟု ငြင်းခုံတတ်ကြသည်။ သံသရာ အတို၊
အရှည်ဝယ် ဒါနကို ယိုးမယ်မဖွဲ့သင့်ပါ။ ဒါနပြုရာဝယ် သူတို့၏စိတ် မစင်ကြည်မှုကြောင့်
သာ “ လူတွင် ပါ၍ နွားကျားကိုက်” ခံရသည်။ အမှန်မှာ ဒါနက သံသရာ အတို၊ အရှည် မဖန်တီး
ပါ။ သံသရာ မရှည်စေပါ။ “ ဤ ဒါနကြောင့် လူချမ်းသာ၊ နတ်ချမ်းသာကို ခံစားရတော့မည်ဟု”

Wednesday, December 3, 2014

ရှင်သီဝလိ ဂါထာတော်ကို လောဘအရင်းခံလျက်မူ မပူဇော်သင့်ပါ။

       မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာဝင်အချို့သည် ရှင်သီဝလိဂါထာတော်၊ စိန္တာမဏိဂါထာတော်များ
ကို ရွတ်ဖတ်ပူဇော်တတ်ကြပါသည်။ ရှင်သီဝလိမထေရ်မြတ်ကြီးသည် လာဘ်အရာ၌ အသာဆုံး
အမြတ်ဆုံး ဧတဒဂ်ဘွဲ့ထူး ချီးမြင့်ခံယူရရှိတော်မူသော ထေရ၀ါဒပိဋကတ်တော်လာ ရဟန္တာအရှင်
မြတ်ကြီး ဖြစ်ပါသည်။ အရှင်မြတ်ကြီးသည် ၀ိပဿီမြတ်စွာဘုရားရှင် လက်ထက်တော်ကတည်းက

ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဘာသာတရား ဆောင်ပုဒ်များ(၁၁)။

      “သတိပဌာန်၏အကျိုး (၇) ပါး”
     =================
ကိလေညစ်ကြေး၊  ကင်းဝေးစေရန်၊
စိုးရိမ်ပူဆွေး၊  ငိုကြွေးကင်းရန်၊
ကိုယ်စိတ်ဆင်းရဲ၊  ချုပ်စဲဖို့ရန်၊
မြတ်နိဗ္ဗာန်၊  အမြန် ဆိုက်ရောက်ရန်၊

ရှိတာအကုန်လှူသော အမေရိကန်တစ်ဦး

သူချမ်းသာသမျှစုငွေအားလုံးမှာ ဒေါ်လာတစ်သိန်းနှစ်သောင်းနှင့် ငါးရာခန့် ဖြစ်သည်။ သူသည် ဒေါ်လာငါးရာသာ လက်ကျန်ထားရှိပြီး ကျန်ဒေါ်လာတစ်သိန်းနှစ်သောင်းကို နာဂစ်ဒုက္ခသည်များအတွက် ပရဟိတအဖွဲ့အစည်းများမှတစ်ဆင့် အားလုံးလှူဒါန်းသွားခဲ့သည်။

ဒေါ်လာတစ်သိန်းကျော်လောက်သာ ရှိသည်ကိုထောက်သောအားဖြင့် ထိုသူသည် သူတို့နိုင်ငံအနေအထားနှင့် တွက်ဆာကြည့်လျှင် ဆင်းရဲသားတစ်ဦးဖြစ်ပါလိမ့်မည်။ ထိုသို့သော ဆင်းရဲသားတစ်ဦးမှ မိမိချမ်းသာသမျှကို တကယ်လိုအပ်သောနေရာသို့ အိတ်သွန်ဖာမှောက်လှူရဲခြင်းမှာ အံ့သြစရာ၊ ကြည်ညိုစရာကောင်းလှသည်။

ပကာသနအလှူရှင်နှင့် ယမမင်း အင်တာဗျူး

(ယမမင်း) သဒ္ဓါဖြောင့်တန်း၊ ဒါနခန်း၊ ပြောစမ်းပါဦးကွယ်။
(ယောက်ျား) သားကြီးရှင်ဖြစ်၊ ကျွန်တော်စစ်၊ ညှဏ်၍လှူခဲ့တယ်။

(ယမမင်း) လှူသောအခါ၊ စေတနာ၊ သုံးဖြာညီလားကွယ်။
(ယောက်ျား) သုံးချက်စေတနာ၊ နည်းလှပါ၊ မှန်စွာလျှောက်တော့မယ်။ ကျွန်တော့်အလှူ၊ ကြွေးတွေပူ၊ ငွေကူမျှော်မိတယ်။ ကူငွေနှင့်သာ၊ ငါလှူတာ၊ ထေမိပါရင် တော်ရော့မယ်။ ကျွန်တော်မျိုးမှာ၊ သည်လိုသာ၊ အောက်မေ့မိပါတယ်။

ချမ်းသာပြီး ဉာဏ်ထိုင်းရခြင်းအကြောင်း

ထိုဘုရားဝင်းထဲ၌ တကယ်လိုအပ်နေသည်မှာ အိမ်သာ။ လူအများ ဇွတ်လှူနေသည်ကား ဘိုးတော်ဝိဇ္ဇာပုံများ။ ထိုဘိုးတော်ဝိဇ္ဇာရုပ်များ ထုလုပ်ရခြင်းအကြောင်းကို လေ့လာကြည့်လိုက်သောအခါ ရာထူးတက်ဖို့၊ အာဏာမြဲဖို့၊ စီးပွားတက်ဖို့ ယတြာအနေနှင့် ထုလုပ်ခြင်းဖြစ်ကြောင်း တွေ့သည်။ ထိုဘိုးတော်ဝိဇ္ဇာပုံများသည် လောကအတွက်၊ သာသနာအတွက် ဘာမျှကျေးဇူးမများပေ။

ဤဒါနမျိုးကား ဉာဏ်မယှဉ်သောဒါနမျိုးပင် ဖြစ်၏။ ထိုဒါနရှင်များသည် ဖြစ်လေရာဘ၀တွင် စီးပွားဥစ္စာကား ပေါများကြွယ်ဝပါ၏။ သို့သော် အကြောင်းတရားဖြစ်သောကုသိုလ်ကို ပြုခဲ့စဉ်ကတည်းက ဉာဏ်မယှဉ်ခဲ့သောကြောင့် (တိဟိတ်သြမက ကုသိုလ်ဖြစ်ခဲ့သောကြောင့်) ထိုချမ်းသာသောဘ၀တွင် “ဉာဏ်တုံးသူ၊ ဉာဏ်မရှိသူ” (ဒွိဟိတ်) ဖြစ်လာရတော့သည်။ သာဓက ပြပါအံ့…

ခရစ်ယာန်ဘာသာဝင်တစ်ဦး၏ ပါရမီထိုက်သည့်အလှူ

တစ်နည်းအားဖြင့် ပါရမီထိုက်သောဒါနကို “ဉာဏ်ယှဉ်သောဒါန”ဟုခေါ်နိုင်ပြီး ပါရမီမထိုက်သောဒါနကို “ဉာဏ်မယှဉ်သောဒါန”ဟု ခေါ်သင့်ပေသည်။ လောကအတွက်၊ သာသနာအတွက် ကျေးဇူးများမည့် နေရာများကို ရွေးချယ်စိစစ်၍ လှူဒါန်းခြင်းမျိုးသည် “ဉာဏ်ယှဉ်သောဒါန”ပင်ဖြစ်၏။ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် သိန်းပေါင်းလေးထောင်ကျော်ခန့် အကုန်အကျခံကာ တည်ဆောက်ထားသော ကင်ဆာဝေဒနာရှင်များ ပြုစုစောင့်ရှောက်ရာ “ဦးလှထွန်း - ကင်ဆာဖောင်ဒေးရှင်းဆေးရုံ” ကြီးများသည် ပါရမီထိုက်သည့် “ဉာဏ်ယှဉ်သောဒါန”ပင် ဖြစ်၏။


အလှူရှင် ဦးလှထွန်းသည် ခရစ်ယာန်ဘာသာဝင်ဖြစ်သော်လည်း သူ၏အလှူကား ဗုဒ္ဓချီးကျူးတော်မူသည့် ပါရမီထိုက်သောအလှူမျိုးပင်ဖြစ်၏။ ဘာသာခြားအချို့က လောကအတွက် ကျေးဇူးများသည့် ပါရမီထိုက်သော အလှူမျိုးကို လှူတတ်ကြသော်လည်း ဗုဒ္ဓဘာသာဝင် အများစုက မလှူတတ်ကြသည်မှာ ၀မ်းနည်းကြေကွဲဖွယ်ကောင်းလှ၏။

ပိဿလေးနှင့် ပစ်သော အနုမောဒနာတရား

တစ်ခါတွင် နန်းမတော်မယ်နုသည် ဆရာတော်အား ယခုလို လာရောက်လျှောက်ထား၏။

“တပည့်တော်မသည် ဤအုတ်ကျောင်းတော်ကြီးကို သုံးသိန်းကျော်မျှ အကုန်အကျခံပြီး ဆောက်လုပ်လှူဒါန်းခဲ့ပါတယ် ဘုရား၊ ဖလုံခုံရွာတွင်လည်း တစ်သိန်းကျော်မျှ အကန်ုကျခံကာ ကျောင်းဆောင်ဆောက်လုပ် လှူဒါန်းခဲ့ပါသေးသည်၊ ဤကဲ့သို့ လှူဒါန်းခဲ့ရသော်လည်း ကုသိုလ်ကောင်းမူ၌ အားရတင်းတိမ်မူ မရှိခဲ့ပါဘုရား။


အခါခပ်သိမ်း ဆွမ်း၊ သင်္ကန်း၊ ထီး၊ ဖိနပ် စသည့် မြတ်သော ၀တ္ထုပစ္စည်းတို့ကိုလည်း ထောက်ပံ့လှူဒါန်းခဲ့ပါသည် ဘုရား၊ ထိုသို့ လှူဒါန်းရသော ကောင်းမူကုသိုလ်၏အကျိုးကို ဟောကြားပေးတော်မူပါဘုရား”

Tuesday, December 2, 2014

ဘာသာ/သာသနာ အတွက် အသိပညာပေး ဆောင်ပုဒ်များ(၁၀)

 မြတ်သောအကျင့်၊ မြတ်အောင်ကျင့်မှ
မြတ်ရှင့်သာသနာ၊ မြတ်အောင်သာတည်း။ ။
မြတ်စွာဗုဒ္ဓ၊ ဟောမိန့်ဟသည့်
ဓမ္မဒေသနာ၊ အဖြာဖြာကို

နတ်တွေရည်မှန်းတဲ့ ကောင်းရာသုဂတိဘုံ။

         နတ်ဘ၀တစ်ခုမှာ နတ်သက်တမ်းတစ်လျှောက်လုံး ၀တ်ထားတဲ့အ၀တ်လည်း ဘယ်တော့မှ
လျှော်ဖွတ်ရတယ် မရှိဘူး။ ပန်ထားတဲ့ပန်းကလည်း ဘယ်တော့မှ နွမ်းသွားတယ် မရှိဘူး။ အို..ပူလို့
အိုက်လို့ ချွေးထွက်တာလည်း မရှိဘူး။ အမြဲတမ်း သန့်ရှင်းသန့်ပြန့် နေတယ်။
         သို့သော် ပန်းတွေ ညိုးလာတယ်၊ ခန္ဓာကိုယ်က စိုစိုပြေပြေ မရှိတော့ဘဲ မွဲမွဲခြောက်ခြောက်

အကုသိုလ်ဖြစ်နိုင်သော ရောင်းကုန်ပစ္စည်းများ။

       မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာဝင် အများစုနေထိုင်သော နိုင်ငံဖြစ်ပါသည်။ ဗုဒ္ဓမြတ်စွာသည်
အင်္ဂတ္တရနိကာယ ပဉ္စကနိပါတ် ဥပါသက၀ဂ်၊ ၀ဏိဇ္ဇသုတ်တော်တွင် ဗုဒ္ဓဘာသာဝင် တစ်ယောက်
အနေဖြင့် မရောင်းကောင်းသော ကုန်ပစ္စည်း ငါးပါးကို ဟောကြားတော်မူခဲ့ပါသည်။ ယင်းတို့မှာ=
           (၁)။ သတ္တ၀ဏဇ္ဇာ  =အများသေစေကြောင်း လေး၊ မြှား၊ သေနတ်စသော လက်နက်

နိဗ္ဗာန်၏ ဂုဏ်တော်များ။

             ဗုဒ္ဓဘာသာဝင်တို့၏ နောက်ဆုံးရည်မှန်းချက် ပန်းတိုင်သည်မြတ်နိဗ္ဗာန်ပင်ဖြစ်ပါသည်။
နိဗ္ဗာန်တွင်=======
၁။ “ ခယဂုဏ်တော် ”
============ ထိုနိဗ္ဗာနဓာတ်တရားမြတ်ကို သောတာပတ္တိမဂ်ဖြင့် မြင်လိုက်   သည်နှင့်

ဗုဒ္ဓသာသနာ ၂၅၀၀ ခရီး

နိဒါန်း
သဗ္ဗညု မြတ်စွာဘုရားသခင် ပရိနိဗ္ဗာန် စံဝင်တော်မှူ သည့်နှစ်ကို သာသနာသက္ကရာဇ် ၁ နှစ်ဟူ ၍ စတင် ရေတွက်ခဲ့ရာ ယခုအခါ သာသနာသက္ကရာဇ် နှစ်ပေါင်း ၂၅၀၀ ကျော်လေပြီ ။ ဤ မျှ ရှည်လျားသော နှစ် ပရိစ္ဆေဒ ကာလအတွင်း ဖြတ်သန်းချီတက် လာခဲ့ရသော ဗုဒ္ဓသာ သနာ တော် ၏ ၂၅၀၀ ခရီးလမ်းမတလျောက် ပြန်လည်မျှော်ကြည့် ၍ အတိတ်ကိုလှန် ဇတ်ကြောင်း ပြန်ရပါ မှူ ရွှင်လမ်း အားတက် ဖွယ် ၊ ၀မ်းနည်းကြေကွဲဖွယ် ၊ အံသြထိတ်လန့်ဖွယ် ၊ အောက်မေ့ တသ လွမ်းစွတ်ဖွယ် တို့နှင့် ပြည့်လျှမ်းနေသော ၀တ္တုရှည်ကြီးတပုဒ်နှင့် တူလှပေတော့သည် ။

ဘုရားရှင်တို့နှင့်ဤဘဒ္ဒကမ္ဘာ...။


ဗုဒ္ဓဘာသာဝင်တို့ ကိုးကွယ်သော ဗုဒ္ဓမြတ်စွာသည် ခမည်းတော် သုဒ္ဓေါဒနမင်းကြီး မယ်တော်မာယာဒေ၀ီ မိဘနှစ်ပါးမှ မွေးဖွားသူဖြစ်၏။ သက်တော် ၃၅-နှစ်အရွယ်တွင် သဗ္ဗညှတဉာဏ်တော်မြတ်ရ၍ ဘုရားဖြစ်တော်မူသောအခါ လူသားများသာမက တန်ခိုးကြီးမားသော နတ်မင်းကြီးများ၊ ဗြဟ္မာများကပါ ပူဇော်ကြရ၏၊ အရိုအသေပြုကြရ၏၊ လက်အုပ်ချီမိုး ရှိခိုးကြရ၏။

ယမမင်း တောင့်တသောဆုတောင်း (၅) ချက်


ယမမင်းသည် သူတော်ကောင်းကြီးဖြစ်ပြီး ငရဲပြည်သို့ ရောက်လာသော သူများကို လူ့ဘ၀ တစ်လျှောက်လုံး ဘာကုသိုလ်မှ မပြုဘဲ မေ့လျောနေသူများ အားတွေ့ မြင်ရသောအခါ သံဝေဂ ရကာ အောက်ပါ တောင့်တချက် ငါးမျိုးကို တောင့်တသည်။
၁) ယမမင်းကြီးက လူဖြစ်ရင်ကောင်းမှာဘဲ ဟုတောင့်တသည်။
၂) လူဖြစ်ရင်လည်း ဘုရားနှင့် တွေ့ ရပါစေဟု တောင့်တသည်။
၃) ဘုရားနဲ့တွေ့ ရင်လည်း ဘုရားနားမှာ အလုပ်အကျွေးပြု ပြီး နီးကပ်စွာ ချဉ်းကပ်နိုင်ပါစေ ဟု တောင့်တသည်။

မိဖုရားသာသနာမှာ နေချင်သူများ

“နန်းမတော်မိဖုရားကြီးက အရှင်ဘုရားအတွက် ရည်မှန်းထားတဲ့ ပဒေသာပင်ကြီးကို သာမန်ရဟန်းတစ်ပါးအား ပြန်လှူပြီး ကထိန်ခံစေလို့ သင့်တော်ပါ့မလား၊ ကထိန်အလှူရှင် နန်းမတော်ကြီး စိတ်မကောင်းဖြစ်နေပါ့မယ်”

ထိုနည်းတူ ကြွလာသောဆရာတော်ကြီး အားလုံးကလည်း အများမျက်နှာ(မိဖုရားမျက်နှာ) ကိုကြည့်ပြီး ကန့်ကွက်ကြ၏။ ထိုဆရာတော်အားလုံးအား ဆရာတော်ဦးဗုဓ်က ယခုလိုပြန်မေးလိုက်၏။

“ကိုယ်တော်တို့အားလုံးဟာ ဘုရားသာသနာမှာ နေတာလား၊ မိဖုရားသာသနာမှာ နေတာလား”

ဘယ်သူကဲ့ရဲ့ကဲ့ရဲ့ ဘုရား မကဲ့ရဲ့အောင်နေ

အခြားသူများ ကဲ့ရဲ့ခြင်းကြောင့် အပါယ်သို့ မကျနိုင်၊ ဘုရားရှင် အကဲ့ရဲ့ခံရမှသာ အပါယ်သို့ကျမည် ဖြစ်သည်။ ထို့ကြောင့် ဘယ်သူကဲ့ရဲ့၊ ကဲ့ရဲ့ ဘုရားမကဲ့ရဲကအောင်သာ အဓိကထားပြီးနေသင့်၏။ အခြားသူများကဲ့ရဲ့ခြင်းသည် မှားချင်လည်းမှားနိုင်၏။ မှန်ချင်လည်းမှန်နိုင်၏။

ဘုရားရှင်၏ ကဲ့ရဲ့မူသည်ကား အမှားဟူ၍မရှိ၊ အမှန်ချည်းသာဖြစ်၏။ ဤအကြောင်းကြောင့် ဘုရားမကဲ့ရဲ့အောင် အဓိကထားပြီး နေရခြင်းဖြစ်၏ ပစ္စည်းလေးပါးရဖို့အတွက် သာသာနာ့ဘောင်သို့ ၀င်လာသူများသည် အခြားသူများ ကဲ့ရဲ့မှာသာကြောက်၏။ ဘုရားရှင် ကဲ့ရဲ့မှာကို မကြောက်ပေ။

ဘုရားမျက်နှာကြည့်သော ဆုံးဖြတ်ချက်

အမူကိုဆုံးဖြတ်ရန်သုဓမ္မာဇရပ်ကို ဆရာတော်ဦးဗုဓ် ကြွရောက်တော်မူလာလေပြီ။ သာသနာပိုင် ဦးဆောင်သော သာသနာ့ထိပ်ခေါင်များ တရားလို တရားခံနှင့်တကွ မဟာဒါန်ဝန်အမှူးပြုသော မင်းပရိသတ်ရှေ့မှောက်ဝယ်… 

“ဒီအမူဟာ အိမ်ရှေ့မင်းနှင့်လည်းမဆိုင်၊ နန်းမတော်နှင့်လည်းမဆိုင်၊ မင်းသားကြီးနှင့်လည်းမဆိုင် ဘုန်းကြီးချင်း တပည့်လက်သားကို ဖြားယောင်းခေါ်ယူတာဖြစ်လို့ ၀ိနည်းပညတ်တော်အတိုင်း မင်းသားကြီးကျောင်းတိုက်က ဘုန်းကြီးဟာ သူတစ်ပါးတပည့်သားကို ဖြားယောင်းခေါ်ယူသဖြင့် ဒုက္ကဋ်အာ ပတ်သင့်တယ်၊ ဒေသနာကြားပါ။

ဆရာကောင်းနှင့် ဒကာကောင်း

သူတို့နှစ်ဦးကား ဆရာကောင်းနှင့် ဒကာကောင်း ပီသစွာနေထိုင် ကျင့်သုံးကြခြင်းပင်ဖြစ်၏။ ပေးလှူတတ်သူကို “ဒကာကောင်း”ဟုတ် ခေါ်ရသောကြောင့် ဒကာဟုဆိုလျှင် အမျိုးသားရော အမျိုးသမီးပါ နှစ်ဦးလုံးနှင့် သက်ဆိုင်၏။ ဆရာ၏အဓိကအလုပ်သည် “စာပေအလုပ်နှင့် တရားအလုပ်” ဤနှစ်မျိုးသားရှိ၏။ ဧည့်ခံစကားပြောဖို့၊ ဟေးလေးဝါးလေးနေဖို့၊ ဘုရားဖူးလိုက်ပို့ဖို့၊ တယ်လီဖုန်းရအောင် ဆိုင်ရာ လူကြီးကို ချဉ်းကပ်ဖို့ အလုပ်များမပါချေ။

ဒကာ၏အဓိကအလုပ်သည် ပရိယတ္တိ၊ ပဋိပတ္တိတစ်ခုခုကို အားသွန်ခွန်စိုက် အားထုတ်လျက်ရှိသောဆရာအား လိုအပ်သော ပစ္စည်းလေးပါးကို တတ်နိုင်သမျှ လှူဒါန်းဖို့ဖြစ်၏။ လူရှေ့သူရှေ့တွင် မဏ္ဍပ်တိုင် တက်ပြဖို့၊ ဘုန်းကြီး၏ အရေးပေးခံရဖို့၊ လောကီစကားများကို ဘုန်းကြီးအားသွားပြောဖို့ အလုပ်များမပါချေ။

ဘုရားမျက်နှာ ကြည့်သူ

ဆရာတော်ဦးဗုဓ်ကား ဒကာ၊ ရာထူး၊ ငွေ၊ ဂုဏ်မည်သည့် အရာကိုမျှမကြည့်ဘဲ ဘုရားမျက်နှာကိုသာကြည့်ပြီး သာသနာပြုနေသော ဆရာတော်တစ်ပါးဖြစ်၏။ “ပညာရှိ၏အစွမ်းကို အခက်အခဲ ကြုံမှ သိရသည်”ဟူသော စကားအတိုင်း တစ်ခါတွင် သာသနာပိုင်ဆရာတော်ကစပြီး မည်သည့်တံဆိပ်ရ/မရ ဆရာတော်အားလုံး အဆုံးအဖြတ် မပေးရဲသော သာသနာရေးနှင့် ဆိုင်ရာအမူတစ်ခု ဖြစ်ပေါ်လာ၏။

ထိုအချိန်က အင်းဝနေပြည်တော်တွင် နန်းမတော်မယ်နုနှင့် အရှိန်ဝါတန်ခိုးချင်းပြိုင်နေသူမှာ ဘကြီးတော်မင်းတရားခေါ် စစ်ကိုင်းမင်း၏ ညီတော်အိမ်ရှေ့(သာယာဝတီမင်းသား) ပင်ဖြစ်၏။ ပုထုဇဉ် မှန်သမျှ သူတစ်ပါးနှင့် ယှဉ်ပြိုင်လျှင် အနိုင်ရမှ ကျေနပ်ကြ၏။ သို့သော် ပုထုဇဉ်အများစု၏ အနိုင်ယူနည်းကား တရားနည်းလမ်းမကျသော အပါယ်ကျမည့် အနိုင်ယူမူမျိုးသာ ဖြစ်နေတတ်၏။

Monday, December 1, 2014

ရဟန္တာဓာတ်တော် ဟူသည်။


ရဟန္တာဓာတ်တော်ဆိုတာ အရိုးတွေပါပဲ။
မြန်မာပြည်မှာတော့ ဓာတ်တော်ဆိုရင် ဘုရားဓာတ်တော်များလို အလုံးအလုံးကလေးတွေကို ဒီလိုအများက ထင်မြင်ယူဆ ပြောဆိုနေကြတယ်။
အမှန်မှာတော့ ဒီလို မဟုတ်ပါဘူး။ ဘုရားဓာတ်တော်များသာ မြတ်စွာဘုရား၏ အဓိဋ္ဌာန်ကြောင့် အလုံးအလုံးကလေးတွေ ဖြစ်ကြတာပါ။

လိပ်စာမသိလို့........စိတ်ရှာကြည့်ရင်........?

လိပ်စာမသိလို့........စိတ်ရှာကြည့်ရင်........?
စိတ်အကြောင်းကိုသိချင်ရင်၊ အာရုံကိုလည်းသိမှဖြစ်မယ်၊ စိတ်ကိုနှစ်မျိုးထပ်ခွဲရင် စိတ်ရယ်၊ စေတသိတ်ရယ် နှစ်မျိုးရတယ်၊ စိတ်ဆိုတာကလဲ
ပါဋ္ဌိစကား“စိတ္တ” ဆိုတာကနေ“တ”တလုံးကိုဖျောက်ပြီး စိတ်လို့မြန်မာမှုပြုတယ်၊ ပါဋ္ဌိလို“စိတ္တ”ဆိုတဲ့စကားကို အဓိပ္ပါယ်ဖွင့်ရရင် အာရုံကိုသိတတ်၊

ဗုဒ္ဓဘာသာဝင် လိင်တူချစ်သူ (အမျိုးသား)များ ရဟန်းပြုခွင့်ရ မရ

ဗုဒ္ဓဘာသာဝင် လိင်တူချစ်သူ (အမျိုးသား)များ ရဟန်းပြုခွင့်ရ မရ ?
ဗုဒ္ဓဘာသာဝင် အမျိုးသားတို့အတွက် ခေတ္တခဏမျှဖြစ်စေ ရဟန်းဘောင်တက်ခွင့်ရခြင်းသည် ဘ၀အတွက် အလွန်ပင်မွန် မြတ်၍ အရေးကြီးသော အခွင့်ဖြစ်သည်။ အဘယ်ကြောင့်နည်း ? ခိုင်လုံ သော အကြောင်းပြချက်များစွာ ရှိသည့်အနက်မှ ယခုဘုရား ၅ဆူ ပွင့်ရာ ဤဘဒ္ဒကမ္ဘာတွင် နောက်ဆုံး ပွင့်တော် မူခဲ့သော ဂေါတဗုဒ္ဓမြတ်စွာဘုရားသည် ဘုရားဖြစ်ရန် ဆည်းပူးဖြည့်ကျင့်ခဲ့ရသော

Sunday, November 30, 2014

ဗုဒ္ဓဘုရားရှင်ရဲ့ ဖြေရှင်းရခက်ခဲတဲ့ စွပ်စွဲမှု ကြီး။

        ဂေါတမမြတ်စွာဘုရားရဲ့ဘ၀မှာ အကြီးအကျယ် အရှက်တကွဲ အကျိုးနည်းဖြစ်အောင်
စွပ်စွဲမှုကြီးဟာ (၂) ကြိမ် ကြုံခဲ့ပါတယ်။ ၁။ ရဟန်းဂေါတမနဲ့ သူ့တပည့်တွေ သုန္ဒရီလေးကို
မတရားပြုကျင့်ပြီး လူသတ်မှုထိအောင် ကျူးလွန်ကြတယ်ဆိုတဲ့ သုန္ဒရီပရဗိုဇ်မရဲ့ ပြဿနာ။
၂။ မြတ်စွာဘုရား တရားဟောနေတဲ့ ပရိသတ်အလယ်မှာလာပြီး မြတ်စွာဘုရားနဲ့ရတဲ့ ကိုယ်ဝန်

ဗောဓိပက္ခိယတရား ၃၇ ပါး။

       မဂ်ဉာဏ်၏ အသင်းအပင်းတွင် ပါဝင်သော တရားစု သို့မဟုတ် မဂ်ဉာဏ်ဘက်၌ ပါဝင်၍
မဂ်ဉာဏ်၏ အကျိုးကို သယ်ပိုးဆောင်ရွက်တတ်သော တရားစုကို ဗောဓိပက္ခိယဟု ခေါ်ပါသည်။
( ဗောဓိ = မဂ်ဉာဏ်၊ ပက္ခိယ = အဖို့ အစု )
ဗောဓိပက္ခိယတရား ၃၇ ပါးမှာ =

သရဏဂုံ မှားမှန်ခွဲခြားနည်း။

      ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တို့၏ အစသည် သရဏဂုံက ဖြစ်ပါသည်။ “ဗုဒ္ဓေါမေ သရဏံ အညံ
နတ္ထိ၊ ဓမ္မော မေ သရဏံ အညံ နတ္ထိ၊ သံဃော မေ သရဏံ အညံ နတ္ထိ” ဘုရား၊ တရား၊ သံဃာဟူ
သော ရတနာမြတ်သုံးပါးမှတစ်ပါး အခြားကိုးကွယ်ရာမရှိပါဟုလည်း နှလုံးသွင်းခံယူထားကြပါသည်။
ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးမှ တစ်ပါး အခြားတရား၊ အခြားအရာကို မိမိတို့ဆင်းရဲကို

မိလိန္ဒမင်းကြီး၏ စိတ်ကိုပြုပြင်ပုံ ပြုပြင်နည်း။

        မိလိန္ဒမင်းကြီးနှင့် အရှင်နာဂသိန်တို့ အမေး၊ အဖြေအကြောင်း ဗုဒ္ဓဘာသာဝင် အတော်များများ
သိရှိကြပါမည်။ သို့သော် သူတို့အကြောင်း သိရပြီး မှတ်သားစရာကို အသိပေးချင်ပါသည်။ မိလိန္ဒမင်း
ကြီးသည် အရှင်နာဂသိန်ထံ ပြဿနာများ အထိုက်အလျောက် မေးပြီးနောက် သာသနာတော်ဝယ်
လွန်စွာအရေးကြီးသော ပြဿနာတို့ကို မေးဖို့ရန် အကြံဖြစ်လာသောအခါ ထိုပြဿနာများကို မမေး

ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဘာသာတရား ဆောင်ပုဒ်များ(၁၁)။

      “သတိပဌာန်၏အကျိုး (၇) ပါး”
     =================
ကိလေညစ်ကြေး၊  ကင်းဝေးစေရန်၊
စိုးရိမ်ပူဆွေး၊  ငိုကြွေးကင်းရန်၊
ကိုယ်စိတ်ဆင်းရဲ၊  ချုပ်စဲဖို့ရန်၊