Saturday, May 21, 2016
မဟာဝိဟာရကျောင်းတိုက်။
        မဟာဝိဟာရကျောင်းတိုက်၏ သာသနာပြု အဓိကရည်ရွယ်ချက်မှာ လဇ္ဇီသူတော်
ကောင်းများ ပေါ်ထွန်းရန်နှင့် မြတ်ဗုဒ္ဓမိန့်တော်မူထားခဲ့သည့်သာသနာ အဓွန့်ရှည်တည်တန့်စေရန်
ဖြစ်ပါသည်။
ဘုရားအလောင်းတော်ရဲ့ မိတ်ဆွေကောင်း။
       ကဿပမြတ်စွာဘုရား လက်ထက်တော်တုန်းက ဂေါတမမြတ်စွာဘုရားအလောင်းတော်
ဇောတိပါလဆိုတဲ့ ပညာတတ်ဗြဟ္မဏပုဏ္ဏားနဲ့ ဃဋိကာရ အိုးထိန်းသည်ကြီးတို့ဟာ  အင်မတန်
ရင်းနှီးတဲ့မိတ်ဆွေ ဖြစ်ကြပါတယ်။ ဃဋိကာရ ဆိုတာက ကဿပမြတ်စွာဘုရားရဲ့  ဥပသကာ
တစ်သက်လုံး တရားမွေ့လျော် နေတတ်အောင်။
ဉာဏ်အစစ်မရသေးခင်  ၀ိပဿနာပေါ်အောင်  ကြိုးစားရတယ်။  ၀ိပဿနာအစစ်ဟာ  ဘယ်အချိန်ဖြစ်
ဖြစ်  ပေါ်နိုင်ပါတယ်၊  ၀ိပဿနာဉာဏ်ပေါ်အောင်  ကြိုးစားတဲ့အလုပ်  လုပ်မယ်ဆိုရင်  အချိန်မရွေး
Friday, May 20, 2016
'အပါယ်ကျတတ်သော အလှူ ၁၀-ပါး'
အပါယ်ကျတတ်သော အလှူ ၁၀-ပါးမှာ-
၁။ သမဇ္ဇဒါန-ကချေအလှူ ( အငြိမ့်ဇာတ်ပွဲ )။
၂။ မဇ္ဇဒါန -သေရည်သေရက်အလှူ။
၃။ ဣတ္ထိဒါန - မိန်းမအလှူ။
၎။ ဥသဘဒါန -နွားလား၊ မြင်းလား အလှူ။
၅။ စိတ္တကမ္မဒါန - ကာမဂုဏ်ကို နိုးကြွစေသော ပန်ချီဆေးရေး အလှူ။
၆။ သတ္ထဒါန - လက်နက် ခဲယမ်းမီးကျောက် အလှူ။
Thursday, May 19, 2016
ဘုရားပေးခဲ့သောဥပမာ
အကုသိုလ် 
၁။ အဆိပ်ပါသောမိုးခါးရည်နှင့် အကုသိုလ်ကို ဥပမာပေးထားသည်။ဥပမာပေးထားပုံမှာ အဆိပ်ပါ
သောမိုးခါးရည်သည် သောက်ဆဲမှာပင် အဝင်အရမ်းဆိုးပြီး အရမ်းခါးသလိုသောက်ပီးလို့ အဆိပ်ဆေးစွမ်းပြလာ
လျှင်လည်း ဒုက္ခဆင်းရဲရကာ သေပွဲဝင်ရသည်။ထိုသို့ပင် လူတစ် ယောက်သည်အကုသိုလ်(မကောင်းမှု) အလုပ်
ကိုပင်ပန်းဆင်းရဲကြီးစွာ(စေတနာမပါလို့ပဲလုပ်လုပ်၊ မပျော်မရွှင်ပဲလုပ်လုပ်၊စိတ်မပါလို့ပဲ လုပ်လုပ်) အကုသိုလ်
အလုပ်ကိုလုပ်လျှင် မျက်မှောက်တွင်လည်းမိုးခါးရည်ကိုသောက်ရာ အလွန်ခါးသကဲ့သို့ ဆင်းရဲဒုက္ခရောက်ရပြီး
အဆိပ်အစွမ်းပြချိန်ရောက်သောအခါဆင်းရဲဒုက္ခကြီးစွာ သေပွဲဝင်ရသကဲ့သို့ အကုသိုလ် အကျိုးပေးချိန်တန်လာသောအခါဆင်းရဲဒုက္ခများရသည်။
လွတ်မြောက်အောင်နေနည်း။
  သူတော်ကောင်းတို့တတွေကတော့ ကံကောင်းလို့ လူ့ဘ၀ ရလာကြပြီ။ လူ့ဘ၀ရောက်ဖို့
ဆိုတာ အလွန်မတန်မှ ခဲယဉ်းတယ်။ ရခဲတဲ့ လူ့ဘ၀ကို ရထားပြီးပြီဆိုတော့ သက်တမ်းတစ်ခုမှာ
ဘယ်လိုနေကြမလဲ။ တချို့ကပြောကြတယ် ငွေကြေးစီးပွားဥစ္စာတွေ တိုးတက်အောင်လုပ်မယ်။
ဘာသာရေးအတုနဲ့ အစစ်။
      ဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှား ရှိတော်မူစဉ်တုန်းက ဘုရားရှင်အားတိုက်ရိုက် လှူ
ဒါန်းနိုင်ခဲ့ကြသော်လည်း ယခုအခါ ဘုရားရှင်မရှိတော့ရကား ဘုရားရှင်အား ရည်မှန်း၍ လှူဒါန်း
ပုံကို ကျမ်းဂန်အတိုင်း သိထိုက်၏။ မိမိ၏ စိတ်စေတနာက ဘုရားကိုရည်မှန်း၍ လှူဒါန်းပူဇော်ပါ
ပါရမီ (၁၀) ပါး။
ပါရမီ (၁၀) ပါးမှာ==
 ၁။ ဒါန = ပေးလှူခြင်း။
 ၂။ သီလ = သီလစောင့်ခြင်း။
ဝိနည်းဆိုင်ရာ ချို့ယွင်းမှုအား စွမ်းနိုင်သလောက် တစ်ပိုင်တစ်နိုင် ပြန်လည်ဖေးမမြင့်တင်လိုသော မဟာဝိဟာရကျောင်းတိုက်ဆရာတော်အရှင်ဝိဇ္ဖာနန္ဒ၏ ထေရုပ္ပတ္တိအကျည်း။”
       ဆရာတော် အရှင်ဝိဇ္ဖာနန္ဒသည် တောရဆောက်တည်၍ ၀ိနည်းသာသနာ ပိုမိုထွန်းကား
တိုးတက်ပြီး အရှည်တည်တံ့စေရန်အတွက်လည်းကောင်း၊ ဆုတ်ကပ်ကာလ၌ သာသနာတော်တွင်
မှေးမှိန်အားနည်းလာခဲ့သည့် ၀ိနည်းဆိုင်ရာ ချို့ယွင်းမှုအား စွမ်းနိုင်သလောက် တစ်ပိုင်တစ်နိုင်
Wednesday, May 18, 2016
"ဘုရားဆုပန်ထားသူများအတွက် အမေး+အဖြေ'
အမေး။ ။ အရှင်ဘုရား အကြောင်းက ဆုကြီးပန်နှင့် ပတ်သက်ပါတယ်ဘုရား။ တပည့်တော် သိလိုသည်မှာ ဆုကြီးပန်သူတို့တွင် ရှိသင့်သည့် အကြောင်းများ၊ ထို့နောက် ဆုကြီးပန်သူတို့ ၀ိပဿနာ အားထုတ်ရင်း အရိယာ ဖြစ်သွားနိုင်ပါသလားဘုရား၊။
Tuesday, May 17, 2016
ငရဲကြီး ရှစ်ထပ်နှင့် ကျခံရသောနှစ်များ
ငရဲကြီး ရှစ်ထပ်ကား ဤသို့တည်း။
၁။ သိဉ္ဇိုးငရဲကြီး နှစ်(၅၀၀)
လူနှစ် ၉-သန်း သိဉ္ဇိုးငရဲ တရက်
လူနှစ် ၂၇၀-သန်း သိဉ္ဇိုးငရဲ တလ
လူနှစ် ၃၃၄၀-သန်း သိဉ္ဇိုးငရဲ တနှစ်
လူနှစ် ၁၆၂၀၀-သန်း သိဉ္ဇိုးငရဲ တဘဝ။
(ဆောင်) အမျက်စောင်းမာန်၊ ရက်စက်ပြန်၊ ရောက်ရန် သိဉ္ဇိုးမှာ။
အနာထပိဏ်သူဌေးနှင့် တံခါးစောင့်နတ်။
      ဗုဒ္ဓဘာသာသမိုင်းတွင် သာဝတ္ထိပြည်မှ အနာထပိဏ် သူဌေးကြီးသည် အလှူဒါနပြုလုပ်
ရာတွင် စံတင်ထိုက်သော သူဌေးကြီးတစ်ဦးဖြစ်၏။ ဇေတ၀န်ကျောင်းတော်ကြီးကို ငါးဆယ့်လေး
ကုဋေ အကုန်ကျခံ၍ လှူဒါန်းရသည်ကိုပင် အားရတင်းတိမ်မှု မရှိဘဲ တစ်နေ့သုံးကြိမ် ဘုရား
ဗုဒ္ဓဟောကြားသော မိတ်ဆွေကောင်းများ။
        တကယ့်ကို စိတ်နှလုံးကောင်းရှိတဲ့ ပုဂ္ဂိုလ်ကို မိတ်ဆွေကောင်းလို့ ခေါ်ပါတယ်။ ဘယ်လို
ပုဂ္ဂိုလ်ဆိုရင် (၁)။ “ဥပကာရ”= ကျေးဇူးပြုတတ်တဲ့ မိတ်ဆွေ။ ကိုယ်ရဲ့ အပေါင်းအသင်း တစ်
ယောက်ဟာ၊ ဆိုပါစို့... အရက်သေစာ သောက်ပြီး မူးမေ့နေရင်တောင်မှပဲ အမူးပြေသည်အထိ
“ သုစိပုဘာ ဆုံးမစာ ”
သု,စိ,ပု,ဘာ၊  ၀ိ,လိ,သိ,ဓာ
အက္ခရာစွဲသုံး၊  ဤရှစ်လုံးကို
သီကုံးပန်းသွင်၊  နေ့တိုင်းဆင်လော့
Monday, May 16, 2016
မိုးညှင်း သမ္ဗုဒ္ဓေ စေတီတော်-မှ ထူးခြားသော နေရာများ
မိုးညှင်း သမ္ဗုဒ္ဓေစေတီတော်ကြီးကား မြန်မာနိုင်ငံအတွင်းရှိ စေတီပုထိုးများထဲတွင် ဗိသုကာလက်ရာ အမြောက်ဆုံး စေတီတော်ကြီးတစ်ဆူ ဖြစ်သည်။
သမ္ဗုဒ္ဓေ စေတီတော်ကြီး အတွင်းအပြင်၌ရှိသော စေတီတော်ပေါင်းမှာ (မြရွှေငွေ စိတ်သီးဆောင်း သမ္ဗုဒ္ဓေ ရုပ်ပွားပေါင်း) ဟူသော သမိုင်းလင်္ကာအရ (၅၈၂၃၆၃) ဆူ ရှိပါသည်။
Sunday, May 15, 2016
ခေါင်းလောင်း ဘာကြောင့် ထိုးရတယ်
တရုတ်နိုင်ငံတွင် လွန်လေသော နှစ်ပေါင်း လေးထောင်ခန့်က ခေါင်းလောင်းများ စတင်ပေါ်ပေါက်ခဲ့သည်ဆို၏။ အနောက်နိုင်ငံများတွင် ခရစ်ယန်အယူဝါဒကို အတည်တကျ ကိုးကွယ်လာကြသော ငါးရာစု၊ ခြောက်ရာစုလောက်ကမှ အစပြုပြီး ခရစ်ယန်ဘုရားရှိခိုးကျောင်းများတွင် ခေါင်းလောင်းများကို ထားရှိခဲ့ကြလေသည်။
သောတာပန်ဖြစ်ဖို့ မခဲယဉ်းပါ။
ပါဠိတော်။  ။ တသ္မာ့တိဟာ နန္ဒ ဓမ္မပရိယာယံ ဒေသေဿာမိ၊ “ယေန သမန္နာဂတော အရိယ
               သာဝကော အာကင်္ခမာနော အတ္တနာဝ အတ္တာနံ ဗျာကရေယျ၊ ခီဏနိရယောမှိ ခီဏ
                တိရစ္ဆာနယောနိ ခီဏပေတ္တိ ၀ိသယော ခီဏပါယဒုဂ္ဂတိ ၀ိနိပါတော၊  သောတာပ
မပေါင်းသင်းအပ်တဲ့ မိတ်ဆွေတု။
     လောကမှာ မိတ်ဆွေကောင်း ရှိဖို့လိုပါတယ်။ အဲဒီ မိတ်ဆွေကောင်းအထဲမှာ  မိတ်ဆွေ
မဟုတ်ဘဲနဲ့ မိတ်ဆွေယောင် ထင်နေရတဲ့ ပုဂ္ဂိုလ်မျိုးက လေးမျိုးရှိပါတယ်။ မြတ်စွာဘုရားက
သိင်္ဂါလောဝါဒသုတ္တန်မှာ သင်္ဂါလသတိုးသားကို ဆုံမသြ၀ါဒ ပေးတဲ့အနေနဲ့ဟောထားပါတယ်။
ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဘာသာတရား ဆောင်ပုဒ်များ
  “သတိပဌာန် ဆောင်ပုဒ်များ(၂)”
  =================
     “သတိပဌာန် (ရှုပုံ)”
      ===========
ရှုစရာ၌၊ စိတ်ကိုစိုက်၊ ဦးတိုက်ထားပါလေ။