Saturday, December 27, 2014
ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဘာသာတရား ဆောင်ပုဒ်များ(၂၁)။
    “တရားအသိရှိသူ”
     ===========
တရားအသိ၊ ဉာဏ်မြင်ရှိ၍၊
စုံပြည့်လေရာ၊ ထိုသူမှာကား၊
အို နာ သေရေး၊ ကုန်ပျက်ဘေးနှင့်၊
တရားအသိရှိမှ၊ အသိတရားရှိမယ်။
        လူတွေကပြောကြတယ်။ စီးပွားဥစ္စာတွေ တိုးတက်လို့၊ ကျန်းမာလို့၊ ခေတ်အခြေအနေ
ကောင်းလို့၊  ဟိုသွား ဒီသွားနဲ့ ကြိုက်တဲ့နေရာကိုသွားပြီး ပျော်ပျော်ပါးပါး နေထိုင်ကြရလို့ရှိရင်
လူဖြစ်ကျိုးနပ်ပြီလို့ ပြောကြတယ်။ အာရုံငါးပါးကို မစွန့်နိုင်သူတွေဟာ မဂ်နဲ့ဝေးပြီး လူဖြစ်ကျိုး
ခုလိုဆိုတော့ တရားရဖို့ လွယ်သားပဲ။
        မွန်ပြည်နယ် သထုံမြို့၊ သုဝဏ္ဏဘုံမိ ဘိုးဘွားရိပ်သာတွင် အဘိုး၊ အဘွားတွေကို ဦးတည်
ပေမယ့်  အဘိုးလေး၊ အဘွားလေးပါမကျန်  ယခုတရားနာ ကြွရောက်လာတဲ့သူအားလုံးကိုလည်း
တရား ရလွယ်တဲ့နည်း ပေးချင်လို့ပါ။
           ဘုရားရှင် ဟောမိန့်တော်မူခဲ့တဲ့ နိဗ္ဗာန်ရောက်ကြောင်း နည်းတွေဟာ ရှစ်သောင်းလေး
ထောင်တောင် များပြားပါတယ်၊ လူတိုင်းဟာ တစ်နည်းမဟုတ်  တစ်နည်းနဲ့တော့ သင့်တော်ကြ
မှာပါ၊ နိဗ္ဗာန်ရောက်အောင် အားထုတ်တာမှာ ၀ိပဿနာ ဥာဏ်ရဖို့ အရေးကြီးပါတယ်၊ တချို့ တ
မွန်မြတ်တဲ့ စိတ်ဓာတ်ဆိုတာ။
        ဆေးရုံမှာ ဆိုလို့ရှိရင် လူ(နာ)တွေရဲ့ အခြေအနေအလိုက် “မေတ္တာ”လည်း ဖြစ်တယ်။
“မုဒိတာ”လည်း ဖြစ်တယ်။ “ဥပေက္ခာ” လည်း ဖြစ်တယ်။ ကိုယ့်သန္တာန်မှာ ဒီလို ဖြစ်လာတဲ့
တရားလေးတွေကိုတန်ဖိုးထားပြီးတော့ မှန်မှန်ကန်ကန် ဒီမွန်မြတ်တဲ့ စိတ်ဓာတ်တွေနဲ့ ပြုစု
စောင့်ရှောက်မယ် ဆိုလို့ရှိရင် ကုသိုလ်ရပါတယ်။ ဒီကုသိုလ်ဟာလည်း အလွန်မွန်မြတ်တဲ့
ဝဋ်ဆိုတာ။
ဟာရှိမယ်။ ဟိုဟာရှိရင် နောက်တစ်ခု ရှိလာမယ်။ စဉ်ဆက်မမြတ် တစ်ခုနဲ့တစ်ခုဟာ ဆက်
စပ်ပြီး ဖြစ်နေတာကို “ ၀ဋ် ” လို့ ခေါ်ပါတယ်။ အားလုံးသိတဲ့အတိုင်း ၀ဋ်ဆိုတာနဲ့ ပတ်သက်
ပြီး ၃ မျိုး ရှိတယ်။ ၁။ ကိလေသ၀ဋ်၊ ၂။ ကမ္မ၀ဋ်၊ ၃။ ၀ိပါက၀ဋ်တို့ ဖြစ်ပါတယ်။ လူတွေမှာ
ဘုရားသခင်တို့ ကြွတော်မူသော် ခြေရာမထင်ခြင်းအကြောင်း ၃ ပါး။
၁။ အသားအရေ နူးညံ့သိမ်မွေ့လှသဖြင့် ၀ါဂွမ်းကိုချ၍ အရာမထင်ဘိသကဲ့သို့ လည်းကောင်း။
၂။ ခွန်အားကြီးသော သိန္ဓောမြင်းသည် ကြာရွက်တွင်နင်းသော်လည်း အရာမထင်ဘိ သကဲ့သို့
    လည်းကောင်း။
၃။ ခြေတော်ရာထင်ပါမူကား လူအပေါင်း မနင်းဝံ့သည်ဖြစ်၍ ခရီးသွား ဆိတ်လတ္တံ့သည်ကို
    မြင်တော်မူသောကြောင့် လည်းကောင်း ခြေရာမထင်ပါ။
{ဒဂုန်-ဦးထွန်းမြင့် တည်းဖြတ်သော သုခမှတ်စုမှ ကူးယူရေးသားပူဇော်ပါသည်။ }
     (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
                    ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
     ဦးသိန်းဝေ။
           http://www.facebook.com/damanadi.tk
          http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
နိဗ္ဗာန်လမ်းကိုဦးတည်ရန် လိုက်နာရမည့် အချက်များ။
         မြတ်စွာဘုရားရှင်က အဂုင်္တ္တိုရ်သောတာနုဂတသုတ္တန်တွင် တရားတော်ကို လိုက်နာကျင့်
သုံးရန် အဆင့်(၄) ဆင့်ရှိကြောင်း ညွှန်ပြတော်မူပါသည်။ (၁) ရှေးဦးစွာ တစ်နံပါတ်အဆင့်မှာ
“တရားနာရမည်”။ သူတစ်ပါး ရွတ်ဖတ်တာတွေကို နားထောင်ခြင်းသည် တစ်နံပါတ် အဆင့်ဖြစ်ပါ
သည်။ (၂) နှစ်နံပါတ် အဆင့်ကျတော့ “မိမိပါးစပ်နဲ့ ရွတ်ဖတ်ရမည်”။ (၃) တတိယအဆင့်ကျ
သာဓု သုတ္တန်
အခါတစ်ပါးတွင် နတ်သား (၅) ပါးသည် မြတ်စွာဘုရားထံချဉ်းကပ်ကာ
အောက်ပါအတိုင်းလျှောက်ထားပါတယ်။
ပထမနတ်သားက
ဒါနသည် အလွန် ကောင်းမွန်သောကြောင့် ပြုသင့်သည်ဟု တပည့်တော်ထင်ပါတယ်လို့ ဆိုတော့ မြတ်စွာဘုရား သာဓု သာဓု သာဓု ဆိုပြီး မှန်ပါတယ် နတ်သားလို့ ဖြေပါတယ်။
ဒုတိယနတ်သားက
တပည့်တော်က ဒါနပြု ရာတွင် နည်းနည်းများများ မဟူ စေတနာသာ အဓိက ဟုလျှောက်ထားရာ မြတ်စွာဘုရား သာဓု သာဓု သာဓု ဆိုပြီး မှန်ပါတယ် နတ်သားလို့ ဖြေပါတယ်။
ရှင်အရဟံကျေးဇူးနှင့် မြန်မာပြည်သာသနာ
ရှင်အရဟံ၏ ဘွဲ့ တော်ကား အရှင်ဓမ္မဒဿီ ဖြစ်၏။ သထုံပြည် အရှင်သီလ ဗုဒ္ဓိမည်သော
ရဟန္တာအရှင်မြတ်၏ တပည့်ဖြစ်၏။ငယ်စဉ်ကပင် စောင့်ရှောက်၍ ရှင်ရဟန်းပြုပေး၏။
ဗေဒင်လေးပုံနှင့်တကွ ပိဋကကျမ်းဂန် တတ်မြောက်၍ ရဟန္တာဖြစ်တော်မူသည်။
ကျော်စောထင်ရှားသဖြင့် သောက္ကတဲမြို့(ယိုးဒယားပြည်ရှိ နွတ်ပုရီမြို့ )က
ဒကာများပင့်၍ ကြွရောက် သီတင်းသုံးရ၏။ ၁၀ နှစ်ကျော် နေပြီးမှ သထုံသို့  ကြွလာ၍
တောရကျောင်း၌ နေတော်မူ၏။
အင်းဝမြို့  ရဟန္တာ အရှင်သဒ္ဓမ္မာလင်္ကာရ
ဘကြီးတော်လက်ထက် အင်းဝမြို့  မိုးထိကျောင်း၌ စာပေပရိယတ္တိသင်ယူနေဆဲ
သီတင်းသုံးဖော် မိတ်ဆွေရဟန်း နှစ်ပါးရှိ၏။ တစ်ပါးက အရှင်သဒ္ဓမ္မာလင်္ကာရ၊
တစ်ပါးက အရှင်ဝိသုဒ္ဓါစာရ၊ ၀ိနည်းအရာ၌ ရိုသေလေးစား၍ တစ်ပါးကိုတစ်ပါး
အလွန်ချစ်ကျွမ်းဝင်ကြသည်။ စာပေပရိယတ္တိလည်း ကျွမ်းကျင်ကြ၏။
တစ်နေ့ သောအခါ အရှင်သုဒ္ဓမ္မာလင်္ကာရက အရှင်ဝိသုဒ္ဓါစာရအား -
“ငါ့ရှင် ၊ ငါတို့ သည် ရခဲသော လူ့ ဘ၀တွင် ရဟန်းဘ၀ကိုလည်း ရခဲ့ကြပြီ။
ဥူးသုမင်္ဂလ၏ ၀ိတက် တို့ရဲ့ သဘောတရား။
       အဲဒီအတွက် ဗုဒ္ဓဘုရားရှင်က “ဒွေဓါဝိတက္ကသုတ်” မှာဟောထားတာက= ၀ိတက်ဆိုတာ
အတွေးအကြံကိုပြောတာ။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ငါဟာ ဘုရားမဖြစ်ခင် ဗောဓိပင်နှင့်
ရွှေပလ္လင်ပေါ်မှာ သဗ္ဗညုတ ရွှေဉာဏ်တော် မရောက်ခင် ကြံစည်ခြင်း ၀ိတက်နဲ့ ပတ်သတ်ပြီး
တော့ ပထမ ၀ိတက်က ငါးပါးအာရုံ ကာမဂုဏ် အကြံအစည် “ကာမ၀ိတက်” ။ နောက် သတ်ချင်
Friday, December 26, 2014
★ “ဟန်ဆောင် အကြောက်သမား”★
__________________________________
★ “ဟန်ဆောင် အကြောက်သမား”
__________________________________
ကျန်ခဲ့သည့်ရက်ပိုင်း က ကျွန်တော့်မိတ်ဆွေတစ်ဦး ရုတ်တရက် ကွယ်လွန်ခဲ့ပါသည်။ ကွယ်လွန်ရသည့်အကြောင်းမှာ မန္တလေး-မူဆယ် ကုန်စည်ပို့ဆောင်ရေးတွင်အသုံးပြုနေ သည့် သူ့ကိုယ်ပိုင်(၁၂)ဘီးတပ် ကုန်တင်ကားပေါ်မှ ပြုတ်ကျခြင်းကြောင့် ဖြစ်ပါသည်။
အနီးဆုံးတွင်ရှိနေသော သူ၏ တပည့်(ဒရိုင်ဘာ)၏ ပြောပြချက်အရ ပြုတ်ကျကျခြင်း တွင် ကွယ်လွန်ခြင်းမဟုတ်ပဲ၊ပြန်လိမ့်လာသည့် အရှေ့ ကားဘီး နှင့်ကျိတ်မိသော ကြောင့် ခါးလည်မှ ပိပြားသွားကာ (ထို ကိုယ်တစ်ပိုင်းပြတ်ကြီးဖြင့်) သွေးရူးသွေးတန်း အော်ဟစ် သေဆုံးသွားခြင်းဖြစ်ပါ၏။
ထိုသတင်းကိုကြားမိကြသောအခါ တချို့က အံ့သြသောမျက်နှာပေး၊တချို့က ခပ်တည်တည်ကလေး၊တချို့ကျပြန်တော့ စူးစမ်းသည့်အမူအရာ စသည်တို့ဖြင့် “သေခြင်းတရား” ကို တုံ့ပြန်ကြပါ၏။ သေရမှာကြောက်သူတိုင်း “ငါလည်းတစ်နေ့ သေရဦးမှာပါပဲကလား”ဟု တော့ အနည်းငယ်တုန်လှုပ်ကောင်းတုန်လှုပ်ပါလိမ့်မည်။
နော့ပေတဲ့ “သေခြင်းတရား” ကို တကယ်ပဲ ကြောက်နေသလား?၊ကြောက်ချင်ယောင်ပဲ ဆောင်နေကြလေသလား ?ဆိုသည်ကို စိစစ်ကြည့်ချင်မိပါသေးသည်။
ဘဝရဲ့ တစ်နေ့တာကို သိက္ခာ သုံးပါးနဲ့ ဖွင့်ပါ
ပိုက်ဆံမကုန်တဲ့ သိက္ခာသုံးပါးကို ပွားများ အားထုတ်ရမှာပါ။
အထူးသဖြင့် သိက္ခာသုံးပါးကို ဖြည့်ကျင့်ပြီး ကိုယ့်ကိုယ်ကို အသစ်ပြန်တည်ဆောက်ရမှာပါ။
အသစ် တည်ဆောက်ဖို့ မိနစ် နှစ်ဆယ် စောထပါ။
သိက္ခာ သုံးပါး တည်ဆောက်တဲ့ နေရာမှာ မနက်အိပ်ရာထ ကိုယ်လက် သန့်စင်ပြီးတဲ့အခါ တည်ဆောက် တာက အကောင်းဆုံးပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ မနက်အိပ်ရာ ထစဆိုတော့ ဘာအာရုံမှမတွေ့ သေးပါဘူး။
ဇာတိဿရဥာဏ်၏ အကျိုးနှင့်အပြစ်
ဇာတိဿရဥာဏ်ကို ရသည်ဆိုရာ၌ ဘ၀များကို အစဉ်လိုက် အဖြစ်စုံကို အမှန်အတိုင်း သိမြင်နိုင်သူကား အရိယာများမှတစ်ပါး မရှိနိုင်ပေ။ လောကီအဘိဥာဏ်ရ ပုဂ္ဂိုလ်များ၏ ရှေ့ နောက်အမြင်ရမှုကိုပင် သာသနာတော်၌ အကျိုးထက် အပြစ်သာ များစေသည်ဟု ဆိုရ၏။ ပြည့်စုံမှန်ကန်စွာ မသိမြင်ကြသောကြောင့် ဖြစ်သည်။
နေမိန္ဓရတောင် သိမ်သမုတ်ခန်း(ပရလောကနှောက်ရှက်မှုများ)
နေမိန္ဓရတောင် သိမ်သမုတ်ခန်းသည် မျက်စိဖြင့် မမြင်ရသော အမျိုးမျိုးသော
နတ်စိမ်း၊ အမနုဿ၊ ပြိတ္တာ၊ နတ်များနှင့် ခက်ခက်ခဲခဲ တွေ့ ဆုံဟောကြား၍ သိမ်သမုတ်ရခြင်းဖြစ်ရာ တစ်နိုင်ငံလုံးက အံ့သြရသော ပွဲလည်းဖြစ်၏။
မွန်မြတ်တဲ့ လုပ်ငန်းဆိုတာ။
       မွန်မြတ်တဲ့ လုပ်ငန်းတွင် စိတ်ထား ဖြူစင်မှုအတွက် စိတ်ရဲ့အညစ်အကြေးကို သန့်
စင်စေရပါမယ်။ ခန္ဓာကိုယ် အညစ်အကြေး ကင်းစင်မှုထက် စိတ်အညစ်အကြေး ကင်းစင်မှု
ဟာ ပိုအရေးကြီးပါတယ်။ ဆိုပါစို့ .. ဆေါ်ရုံကြီးမှာ ဆေးကုသတဲ့ လုပ်ငန်းဆိုတာ ရောဂါဖြစ်
နေတဲ့ ပုဂ္ဂိုလ်တွေ ရောဂါပျောက်အောင် ကုသပေးတာဆိုတော့ လုပ်ငန်းအနေနဲ့  အလွန်မွန်
ဘုရားရှိခိုးခြင်း၏ အကျိုး။ (ဘုရားလက်ထက်တော်အခါက)
         မြတ်ဗုဒ္ဓ ရွှေလက်ထက်တော်အခါက “ မဌကုဏ္ဍလီ ” အမည်ရှိ လူတစ်ဦးသည် သေလု
ဆဲဆဲ အိပ်ရာထဲ လဲနေ၏။ ထိုသူသေလျှင် ငရဲသို့ ကျရောက်မည်ဖြစ်ကြောင်း မြတ်ဗုဒ္ဓက မြင်
တော်မူ၏။ မြတ်ဗုဒ္ဓသည် ထိုသူအား ကယ်တင်လိုသဖြင့် ထိုသူနေထိုင်ရာ အိမ်ရှေ့သို့ ကြွ
ရောက်ရပ်တန့်ပြီး ရောင်ခြည်တော်တို့ကို လွှတ်တော်မူသည်။ ထိုသူသည် ဘုရားရှင်အား ဖူးမြင်
မဟာဂန္ဓာရုံဆရာတော်ကြီး၏ ဘာသာရေးအတုနဲ့ အစစ်။
        ဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှား ရှိတော်မူစဉ်တုန်းက ဘုရားရှင်အားတိုက်ရိုက် လှူ
ဒါန်းနိုင်ခဲ့ကြသော်လည်း ယခုအခါ ဘုရားရှင်မရှိတော့ရကား ဘုရားရှင်အား ရည်မှန်း၍ လှူဒါန်း
ပုံကို ကျမ်းဂန်အတိုင်း သိထိုက်၏။ မိမိ၏ စိတ်စေတနာက ဘုရားကိုရည်မှန်း၍ လှူဒါန်းပူဇော်ပါ
လျှင် ကုသိုလ်စေတနာဖြစ်သောကြောင့် ဧကန်အကျိုးရှိနိုင်ပါသည်။ ထို့အတူ သီလစောင့်ထိန်းမှု
သမာဓိကျင့်ကြံအားထုတ်မှု တို့တွင်လည်း ကျမ်းဂန်အတိုင်း လိုက်နာကျင့်ကြံအားထုတ်မှသာ
ဗုဒ္ဓဘုရားရှင် ၀ါတော်စဉ် သီတင်းသုံးတော်မူခြင်း။
      ဘုရားအလောင်းတော်သည် မယ်တော် မာယာဒေ၀ီ၏ ၀မ်းကြာတိုက်မှ မဟာသက္ကရာဇ်
၆၈ ခု၊ ကဆုန်လပြည့် သောကြာနေ့တွင် လုမ္ဗနီသာမော အင်ကြင်းတော၌ ဖွားသန့်စင်ခဲ့ပါသည်။
မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ သက်တော် ၃၅ နှစ်တွင် သစ္စာလေးပါးကို
အကြွင်းမဲ့ သိတော်မူလျက် သဗ္ဗညုဗုဒ္ဓဘုရားရှင် အဖြစ်သို့ ရောက်ရှိတော် မူခဲ့သည်။
ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဘာသာတရား ဆောင်ပုဒ်များ(၂၀)။
    “တရားအသိ မရှိသူ”
   ============
တရားအသိ၊ ဉာဏ်မရှိ၍၊
မပြည့်ဝရှာ၊ ထိုသူမှာကား၊
အိုနာသေရေး၊ ကုန်ပျက်ဘေးနှင့်၊
မပြေးရှောင်သာ၊ ကြုံတွေ့လာသော်၊
Thursday, December 25, 2014
တရားအလှူက ဘာကြောင့် မြတ်သလဲ
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ – ဒါနအားလုံးမှာ ဓမ္မဒါနဟာ အမြတ်ဆုံးလို့ပြောနေကြတယ်။ ဘာကြောင့်မြတ်သလဲဆိုတာ စဉ်းစားမယ်ဆိုရင် ပေးသူနှင့်ယူသူမှာ အကျိုး တွေ အတိုင်းအဆမရှိလောက်အောင် များပြားလို့ မြတ်တယ်လို့ပြောရတာ။ အကျိုးအမြတ် ရှိတာကို ကြည့်ပြီး ဆုံးဖြတ်တာ ။
စွယ်တော် လေးဆူ
ဗုဒ္ဓရဲ့ စွယ်တော်မြတ်လေးဆူတို့သည် သုတ်မဟာဝါပါဋ္ဌိတော် ပရိနိဗ္ဗာနသုတ် အဆုံးမှာ -
“ဧကာ ဟိ ဒါဌာ တိဒိဝေဟိ ပူဇိတာ၊ ဧကာ ပန ဂန္ဓာရပုရေ မဟီယတိ။
ကလိင်္ဂရညော ဝိဇိတေ ပုနေကံ၊ ဧကံ ပန နာဂရာဇာ မဟေတိ” လို့ ဆိုတဲ့အတိုင်း
၁။ တာဝတိံသာ စူဋ္ဌာမဏိ စေတီထဲ၌ တစ်ဆူ၊
သရဏဂုံတည် ဥပါသကာအစစ်ကား ရှားပါးလှ၏
ဒကာ။ ။ အမှန်လျှောက်ထားရရင် ဆရာတော်နဲ့ မတွေ့ခင်ကတော့ ငါဟာတော်တော် ဟုတ်နေပြီ၊ စူဠသောတာပန်အဆင့်လောက်တော့ ရောက်နေတာပဲလို့ ကိုယ့်ကိုယ်ကို အထင် ကြီးခဲ့တာ ခုတော့ကာ ဣတိပိ သောဘဂ၀ါ အတန်းအစား တောင် ကျေပွန်လုံလောက်အောင် မရောက်သေးမှန်း သိရပါတယ် ဆရာတော်။
Wednesday, December 24, 2014
ကမ္ဘာကျော်ပျောက်ဆုံးမှုများနှင့် ဘုရားရှင်လက်ထပ်က ပျောက်ဆုံးမှုများ
အမေရိကန်နိုင်ငံမှာ ၁၉၄၅ ခုနှစ်က ဖလော်ရီဒါ လေတပ်စခန်းမှာ လေ့ကျင့်ခန်းဆင်းနေတဲ့ ဗုံးကြဲလေယာဉ် စုစုပေါင်း အစင်း - ၂၀ ခန့် ပျောပ်ဆုံးသွားတယ်။ စုံစမ်းဖို့ လေယာဉ် - ၅ စင်း ထပ်လွတ်လိုက်တယ်။ ၅ - မိနစ်အတွင်း ထပ်ပျောက်သွားကြတယ်။ ယနေအချိန်ထိ ပေါ်မလာခဲ့ကြပေ။
၁၉၇၀ ခုနှစ်က သံမဏိတန်ချိန် - ၂ သောင်းကျော်တင်လာတဲ့ သင်္ဘောတစ်စင်း သမုဒ္ဒရာထဲမှာ ပျောက်ဆုံးခဲ့တယ်။
ဒိဌိ၏ အထင်မှားမှုကြီး။
      မှန်ထဲကပုံကို ငါလို့ပဲ ထင်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ မှန်ကိုဖယ်လိုက်တာနဲ့ တပြိုင်
နက် မှန်ရိပ်ထဲက ပုံရိပ်လွှာဟာ ပျောက်သွားပြီ၊ အဲဒီလိုပဲ ကိုယ် ထင်ပြီးတော့ အားကိုးစရာ အ
ရာတစ်ခုဟာ ဘာမှ အားကိုးစရာ မရှိဘဲနဲ့  မကြာခင်ပဲ သူ့ဟာသူ ပြောင်းလဲပြီး ပျက်စီးတဲ့အ
ရာသာဖြစ်တယ် ဆိုတာကို တို့တစ်တွေ “ဒိဌိမညနာ” မှားယွင်းတဲ့ အထင်မှားမှုတစ်ခုကြောင့်
မမြင်နိုင်ကြပါ။
စွဲလန်းပြိတ္တာ၊ လူ့ရပ်ရွာ။
        ဇနီးမယား၊ သားသမီး၊ အိမ်၊ မြေ၊ စိန်၊ ရွှေ၊ ငွေစတဲ့ လောကီရတနာ ပစ္စည်းတွေကို 
စွဲလန်းပြီး ဘ၀ကူးခဲ့မယ်ဆိုရင် ပြိတ္တာ၊ ဥစ္စာစောင့်ဖြစ်ဖို့ သေချာသလောက်ပါပဲ။ ဒီလို အခြေ
ရောက်သွားကြတဲ့ ဖြစ်ရပ်တွေကို ကိုယ်တိုင်ကြုံဖူး ကြားဖူးသူတွေ အများကြီးပါ။ လောကုတ္တ
ရာရတနာကတော့ ဒီလို မဟုတ်ပါဘူး။ ကွယ်လွန်ခါနီးမှာ သတိမရမှာစိုးလို့ သတိပေး၊ ရွတ်
စိတ်ကောင်း၊ နှလုံးကောင်းရှိသော မိတ်ဆွေ။
၁။ ကျေးဇူးပြုတတ်သော ကောင်းသောစိတ်နှလုံးရှိသည့် မိတ်ဆွေစစ်ကို သိအပ်၏။
    (ဥပကာရ မိတ်ဆွေ)
၂။ ချမ်းသာအတူ ဆင်းရဲလည်းအတူဖြစ်သော ကောင်းသောစိတ်နှလုံးရှိသည့် မိတ်ဆွေစစ်ကို    
သိအပ်၏။ (သမာနသုခဒုက္ခ မိတ်ဆွေ)
အကျိုးပေးသော စေတနာဒါန။
      စွန့်ကြဲပေးကမ်းလှူဒါန်းမှုကို “ဒါန” ဟုခေါ်၏။ ဤဒါနသည် စေတနာဒါန၊ ၀တ္ထုဒါနဟု
၂ မျိုးရှိ၏။ ဆွမ်း၊ သင်္ကန်း၊ ကျောင်း စသော လှူဖွယ်ဝတ္ထုများသည် “၀တ္ထုဒါန” မည်၏။ ထိုဝတ္ထု
များကို စွန့်ကြဲပေးကမ်း လှူဒါန်းနေသောအခါ ကိုယ်အတွင်း၌ စိတ်စေတနာတို့ကို ဖြစ်စေ၏။ ထို
စေတနာကို “စေတနာဒါန” ဟုခေါ်၏။ နောက်ဘ၀သံသရာဝယ် အကျိုးပေးရာ၌ ဆွမ်း၊ သင်္ကန်း
ဗန်းမော်ဆရာတော်ကြီး၏ ပဌာန်းဒေသနာတော်ကို စံချိန်ကိုက်ရွတ်ပွားခြင်း အကျိုးကျေးဇူး။
       နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဌဆရာတော် န၀မ ဗန်းမော်ဆရာတော်ကြီး
ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ၏ ညွှန်ပြတော်မူချက်အရ မိမိလိုလားသော ကောင်းကျိုးကို ရလို
ပါက ပဌာန်းဒေသနာတော်ကြီးကို “စံချိန်ကိုက် ရွတ်ပွားနိုင်အောင်” ကြိုးစားရပါမည်။ စံချိန်ကိုက်
ရွတ်ပွားနည်းဆိုသည်မှာ (၁) ပထမ အရေးကြီးဆုံးအနေဖြင့် “မရွတ်ပွားမီ ကိုယ်လက် သန့်စင်
သာသနဓဇဓမ္မာစရိယ၊ တိပိဋက-ဒီကဘာဏက၊ နိကာယုဇ္ဇောတက-အဂ္ဂဓမ္မာစရိယ ဓမ္မဘေရီ အရှင်ဝိရိယ (တောင်စွန်း)(ဆုံးမစကား)
ဒုက္ခဆိုတာ
အိပ်ပျော်နေသူကို လှုပ်နှိုးတတ်တယ်။
ဥပါဒါန် အားကြီးသူကို ခြောက်လှန့်တတ်တယ်။
သတိမေ့သူကို ဝါးမျိုတတ်တယ်။
သတိနဲ့တတ်စီးနိုင်သူကို လိုရာခရီးကိုပို့ပေးတယ်။
ရာနှုန်းပြည့်ပညာမျက်စိနဲ့ ကြည့်ရင်တော့ စက်ရုပ်ကျားကြီးပါပဲ။
အထက်ဆရာကြီးတွေကိုးကွယ်သူဟာ သီလဗ္ဗတုပါဒါန်ဖြစ်နိုင်ပါသလား
အထက်ဆရာကြီးတွေကိုးကွယ်သူဟာ သီလဗ္ဗတုပါဒါန်ဖြစ်နိုင်ပါသလား
ဒကာ။ ။ ဥပါဒါန်တရားလေးပါးထဲမှာ သီလဗ္ဗတုပါဒါန်ဆိုတာနဲ့ စပ်ပြီးတော့ အထက်ဆရာကြီးတွေ ၀ိဇ္ဇာဓိုရ် ထွက်ရပ်ပေါက်ဆရာကြီးတွေ၊ နတ် သိကြား ဗြဟ္မာကြီးတွေကို ချမ်းသာအောင် စီမံဖန်တီးပေးနိုင်တဲ့ ကယ်တင်ရှင်အနေနဲ့ ကိုးကွယ်ဆည်းကပ်နေတဲ့သူတွေဟာ သီလဗ္ဗတုပါဒါန်ထဲမှါပါဝင်တဲ့ အယူအစွဲ မိစ္ဆာဒိဋ္ဌိတွေပဲလို့ ပြောဆိုငြင်းခုံနေကြတာ မှန်ပါသလား ဆရာတော်၊ ဒီပြဿနာက တော်တော်ကြီးထွားနေတယ် ဘုရား၊ ဖြေကြားပါဦး။
ရှိပြီး ရွှေငွေ မစွန့်ဘဲ လူများ ဆယ်ပါးသီလ စောင့်ကောင်းသလော
ဒကာ။ ။ ဆယ်ပါးသီလစောင့်သုံးလိုသောသူသည် မိမိမှာရှိသမျှ ရွှေငွေရတနာ တို့ကို အာလယပြတ် စွန့်ပစ်ပြီးမှသာ စောင့်ထိန်းကောင်းသည်၊ လုံခြုံသည်ဟု ပထမ ဆရာအချို့က ဟောကြားကြပါသည်။
ဒုတိယဆရာအချို့ကလည်း မိမိထံမှာ ရှေးက ရှိနေပြီးသော ရွှေငွေရတနာ တို့ကို စွန့်ပစ်ဖို့ မလိုပါဘူး၊ ဇာတရူပ သိက္ခာပုဒ်က အသစ် အသစ် ရွှေငွေရတနာ တို့ကိုသာ မခံယူရ၊ မကိုင်တွယ်ရ၊
Tuesday, December 23, 2014
သိမ်ထဲမှာ ကမ္မ၀ါရွတ်ဖတ်ပြီး ဘယ်သူက ဆရာဥပဇ္ဈာယ်ပြုကာ ဘယ်သူ့ကို စတင်ရဟန်းခံပေးပါသလဲ
ဒကာ။ ။ဆရာတော်ဘုရားရေးပြုသော သုတေသနသရုပ်ပြအဘိဓာန်ကျမ်း
စာမျက်နှာ ၄၉၇ ၌ “ရဟန်းအပြားမျိုးရှစ်ပါး” သရုပ်ကိုဖော်ထုတ်ရာဝယ် နံပါတ်ရှစ်၌ ဉတ္တိစတုတ္ထ ကမ္မူပ သမ္ပဒါ ပညတ်တော်အရ သိမ်ထဲမှာ ကမ္မ၀ါနဲ့ ရွတ်ဖတ်ပြီးဖြစ်လာတဲ့ ရဟန်းတွေထဲမှာ ရှေးဦးစွာ ဖြစ်လာတဲ့ ရဟန်းဟာ ဘယ်ပုဂ္ဂိုလ်ပါလဲ ဆရာတော်။
ဗုဒ္ဓဘာသာအစစ်တို့ မလုပ်မနေရသော ကိစ္စများ
ဗုဒ္ဓဘာသာအစစ်တို့ မလုပ်မနေရသော ယုံကြည်လေးစား ပွားများခံယူမှု ဆိုတာကတော့ ဘုရားဂုဏ် ၉ ပါး၊ တရားဂုဏ်တော် ၆ ပါး၊ သံဃဂုဏ်တော် ၉ ပါးရဲ့ ပါဠိအနက်များကို အရကျက် နှုတ်တက်ဆောင်တယ်၊ ရွတ်ဖတ်တယ်၊ အဓိပ္ပါယ်ကိုသိအောင် ဆွေးနွေးမေးမြန်း တယ်၊ ဒကာကြီးတို့ရ။
အရဟံ ဇယံ ဘုရားရှိခိုး(အံ့သြဘွယ်တန်ခိုးထူးဘုရားရှစ်ခိုး)
အရဟံ ဗဟိ အန္တဇယံ သုဂတံ၊
အမိတံ ဝိရဇံ လလိတံ အတုလံ၊
စရဏံ တိဘဝူပသမံ ယမကံ၊
သုခဒံ သရဏံ ပဏမာမိ ဇိနံ။
၁။ အရဟံ – ပူဇော်အထူးကို ခံယူတော် မူထိုက်သော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။
၂။ ဗဟိ အန္တဇယံ – အတွင်းအပရန်ကို အောင်တော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။
၃။ သုဂတံ – ကောင်းသောစကားကို ဆိုတော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။
၎။ အမိတံ – မနှိုင်းယှဉ်နိုင်သည့် တန်ခိုးပြာဋိဟာနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။
မာန၏ အထင်မှားမှုကြီး။
        ဘ၀တစ်ခု ရလာပြီဆိုရင် လူတွေရဲ့ သက်တမ်းက ဘယ်လောက်ပဲရှိရှိ သေမယ့်ရက်
ကို ဘယ်သူမှ မစဉ်းစားနိုင်ကြပါ။ သိလည်းမသိကြပါ။ ဘ၀ ရလာတာနဲ့  လူတိုင်း လူတိုင်းဟာ
“နိစ္စထာဝရ” မသေတော့မယ့်ပုံစံမျိုးပဲ နေကြတယ်။ မအိုမယ့်ပုံ မသေမယ့်ပုံနဲ့ လုပ်ကိုင်ဆောင်
ရွက် နေတာတွေကိုကြည့်ရင် သေခြင်းတရားကို တွေးပြီးကြောက်နေတယ်ဆိုတာမရှိကြပါ။
မိဘကို လောကုတ္တရာနည်းနဲ့ ကျေးဇူးဆပ်နည်း။
၁။ သဒ္ဓါတရား မရှိသေးတဲ့ မိဘတွေ သဒ္ဓါတရားရှိလာအောင်။
၂။ သီလ မဆောက်တည်ဖြစ်တဲ့ မိဘတွေ သီလဆောက်တည်ဖြစ်အောင်။
၃။ ဒါန မပြုဖြစ်တဲ့ မိဘတွေ ဒါနပြုဖြစ်လာအောင်။
၎။ တရား အားမထုတ်ဖြစ်သေးတဲ့ မိဘတွေ တရားအားထုတ် ဖြစ်လာအောင် ပရိယာယ်နဲ့ပဲ
ဒယ်အိုးဆရာတော်၏ ဖြစ်သမျှအကြောင်း ကောင်းအောင်လုပ်ပါ။
     ဗုဒ္ဓမြတ်စွာဘုရားက “သတ္တာနံ ၀ိသုဒ္ဓိယာ ” သတ္တ၀ါတို့ရဲ့ စင်ကြယ်ဖို့ရာ “ဧကယနော ယံ
ဘိက္ခဝေ မဂ္ဂေါ” တဲ့၊ ဘိက္ခဝေ ငါ၏ချစ်သား တပည့်များတို့ ဧကယနော တစ်ကြောင်းတည်းသော
လမ်းသည် မဂ္ဂင်လမ်းပဲရှိပါတယ်။ ဒို့တွေကိုးကွယ်နေတဲ့ ဗုဒ္ဓဘုရားရှင်ဟာ လမ်းပြပုဂ္ဂိုလ်ကြီးပါ။
မဂ္ဂင်တရားလက်ကိုင်ထားရင် ချမ်းသာအစစ်ကို ရနိုင်ပါတယ်။ လွတ်မြောက်မှုကို ရနိုင်ပါတယ်။
ဗုဒ္ဓသာသနာ့အလံ တီထွင်ခဲ့တဲ့သူနှင့် နိုင်ငံတော်ဘာသာနေ့။
         ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ်၊ ဘီစီ ၅၈၉ ခု၊  ကဆုန်လပြည့်၊
ဗုဒ္ဓဟူးနေ့တွင် ဘုရားဖြစ်တော်မူပြီးနောက် ဗုဒ္ဓဂယာ မဟာဗောဓိ ပတ်ဝန်းကျင်၌ သတ္တသတ္တာ
ဟ စံတော်မူပြီး သီတင်းသုံးနေတော်မူခဲ့ပါသည်။
         မဟာဗောဓိစေတီတော်၏ အနောက်မြောက်ဘက် ပေ ၇၀ ခန့် အကွာတွင်ရှိသော
(ရတနာဃရ) ရွှေအိမ်တော်တွင် ဗုဒ္ဓမြတ်စွာဘုရားရှင်သည် စတုတ္ထသတ္တဟစံတော်မူလျက် ထို
ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ ဘာသာတရား ဆောင်ပုဒ်များ(၁၉)။
“တောင့်တ၍ မရနိုင်သော အရာငါးမျိုး”
=====================
အိုခြင်းဆိုတာ၊ မအိုပါလို၊ တောင့်တဆို၊ ရကိုမရပြီ။
နာခြင်းဆိုတာ၊ မနာပါလို၊ တောင့်တဆို၊ ရကိုမရပြီ။
သေခြင်းဆိုတာ၊ မသေပါလို၊ တောင့်တဆို၊ ရကိုမရပြီ။
Monday, December 22, 2014
အာနာပါန အကျိုး ၅-မျိုး
၁။ အာနာပါန ကမ္မဋ္ဌာန်းကို စီးဖြန်းခဲ့ပါမူ ယခုခေတ်၊ ယခုကာလ၊ ယခုဘဝ၌ပင်လျှင် ရဟန္တာအဖြစ်သို့ ရောက်နိုင်၏။
၂။ အကယ်၍ အသက်ရှိစဉ် ရဟန္တာအဖြစ်သို့ မရောက်သေးပါမူ သေခါနီးကာလ၌ သမသီသိ ရဟန္တာအဖြစ်သို့ ရောက်နိုင်သေး၏။
၃။ အကယ်၍ သမသီသိ ရဟန္တာ မဖြစ်နိုင်သေးပါမူ နတ်ပြည်သို့ ရောက်သောအခါ ဓမ္မကထိကနတ်သား တရားသံကို ကြားရ၍ ရဟန္တာအဖြစ်သို့ ရောက်ရှိနိုင်၏။
ရှင်ရာဟုလာနဲ့ တံမြက်စည်း
ရဟန်းတွေက ကိုရင်ရာဟုလာ အဝေးက လာနေတာကို မြင်ရင် တံမြက်စည်းနဲ့ အမှိုက်စွန့်ပုံးတွေကို အပြင်မှာ ပစ်ထားကြပါတယ်။ အဲဒီအခါ အခြားရဟန်းတွေက “ငါ့ရှင်တို့၊ ဒါကို ဘယ်သူ ချပစ်ထားတာလဲ”လို့ မေးတဲ့အခါ အရှင်ဘုရားတို့၊ ကိုရင်ရာဟုလာ ဒီနားက ဖြစ်သွားပါတယ်။ သူများ ချပစ်ထားတာလေလား လို့ အခြားရဟန်းတွေက ဖြေကြပါတယ်။ ကိုရင်ရာဟုလာက အရှင်ဘုရားတို့၊ ဒါကို တပည့်တော် မလုပ်ပါ ဘုရား လို့ တစ်နေ့မှ မပြောဘဲ အဲဒါတွေကို သိမ်းဆည်းကာ ရဟန်းတွေကို တောင်းပန်ပြီး သွားပါသတဲ့။
မုနိရှစ်ဆူမော်ကွန်း
၁။ အကနိဋ္ဌဘုံမှာ အလောင်းတော်ရဲ့ ပုဆိုးကို ဌာပနာထားပြီး တည်ထားတဲ့ ဒုဿမုနိ စေတီတော်၊
၂။ တာဝတိံသာမှာ အလောင်းတော်ရဲ့ ဆံတော်ကို ဌာပနာထားပြီး တည်ထားတဲ့ စူဋ္ဌာမုနိစေတီတော်၊
၃။ ကပ္ပိလဝတ်ပြည်မှာ ခမည်းတော် သူဒ္ဓေါဒနမင်း ထုလုပ်ကိုးကွယ်တဲ့ သကျမုနိစေတီတော်၊
၎။ သာဝတ္ထိပြည်မှာ ပေဿနဒီမင်း ထုလုပ်ကိုးကွယ်တဲ့ စိန္တာမုနိ စေတီတော်၊
၅။ ရာဇဂြိုဟ်ပြည်မှာ အဇာတသတ်မင်း ထုလုပ်ကိုးကွယ်တဲ့ ရာဇမုနိ စေတီတော်၊
Sunday, December 21, 2014
လက်​​ချောင်း​လေး​တွေညီပါ​စေ။
က​လေးဘဝကမြန်​မာဖတ်​စာထဲမှာ​ဒေါက်​တို၊ရန်​လုံ၊သူထက်​ကဲ၊​ရွှေပြည်​စိုး၊ညီပု​လေးဆိုပြီးလက်​​ချောင်း​လေးများရဲ့အ​ကြောင်းကိုသင်​ခဲ့ဘူးပါတယ်​။
အဲဒီတုန်းက​တော့ဘာရယ်​လို့မသိပါဘူး။
ဆရာတွေသင်လို့သမားရိုးကျသိခဲ့ရတာပါ၊အခု​တော့အဲဒီလက်​ငါး​ချောင်းအ​ကြောင်းကို​တွေး​နေမိပြန်​တယ်​။
က​လေး​တွေကိုစာသင်​တဲ့အခါက​လေးကဗျာ​လေး​တွေနဲ့သင်​ခဲ့တယ်။ ဥပမာ၊၁၂၃၄၅ညီ​​နောင်​ငါးဦး​ပေါင်း​တော့ငါး
ပုပုရွရွကိုလက်​မ စွမ်းအားရှိတယ်​ဗျ။
ပိန်​ပိန်​ရှည်​ရှည်​လက်​ညှိုး​ရေ၊
သူလည်းစွမ်းနိုင်​​ပေ။လက်​ခါးလယ်​ကဗိုလ်​မကျ၊အကိုကြီးလိုပါ့။
တဏှာ၏ အထင်မှား အမြင်မှား။
        ကိုယ့်ခန္ဓာကိုယ်နဲ့ ပတ်သက်လာရင် လှတယ်၊ တင့်တယ်တယ် ဆိုတဲ့ အထင်ဟာ လူတိုင်း
မှာရှိကြပါတယ်။ အဲဒီလို ရှိကြလို့သာ မလှ လှအောင် ပြင်ပြီးတော့ နေကြတယ်၊ အ၀တ်အစား
တွေ ဆိုရင်လည်း မလှ လှအောင် ၀တ်ကြရတယ်၊ တင့်တယ်မှုတွေကို ရှာကြံပြီးတော့ လုပ်ကိုင်
နေကြတယ်။ ခန္ဓာ ၅ ပါးကို ချမ်းသာတယ်ဆိုတဲ့ အထင်မှားမှု ရှိကြတယ်။
ပါရမီမြောက်ကုသိုလ်။
ပါရမီမြောက်ကုသိုလ်။
==========
         ပါရမီမြောက်ဖို့အတွက် အင်္ဂါ ၃ ချက်ကို အာရုံပြုထားရပါမယ်။ အဲဒါတွေက==
၁။ နိဗ္ဗာန်ကို ဦးတည်ရမယ်။
၂။ သူတစ်ပါးအကျိုးကို ငဲ့ရမယ်။
၃။ မိမိအကျိုးကို မငဲ့ရဘူးတို့ ဖြစ်ပါတယ်။
ကသိုဏ်း ၁၀ ပါး။
၁။ ပထ၀ီ ကသိဏ        = ပထ၀ီ(မြေ) ကသိုဏ်း။
၂။ အာပေါ ကသိဏ       = အာပေါ(ရေ) ကသိုဏ်း။
၃။ တေဇော ကသိဏ      = တေဇော(မီး) ကသိုဏ်း။
၎။ ၀ါယော ကသိဏ       = ၀ါယော(လေ) ကသိုဏ်း။
၅။ နီလ ကသိဏ           = နီလ(အညိုရောင်) ကသိုဏ်း။
လယ်တီဆရာတော်ကြီး ပြုစုခဲ့သည့်ကျမ်းများ။
      မြန်မာသက္ကရာဇ် ၁၂၄၇ -ခုတွင်၊ သီပေါမင်း ပါတော်မူပြီးနောက် မြန်မာနိုင်ငံကို ဗြိတိ
သျှတို့ အနှစ် ၆၀ ကျော် အုပ်စိုးသွားပါသည်။ ဗြိတိသျှတို့ အုပ်စိုးသည့်ကာလအတွင်း လောကီ
လောကုတ္တရာ စာဆိုတော်ကြီးများ အသီးသီး ပေါ်ထွန်းခဲ့တဲ့အနက် လယ်တီဆရာတော်ဘုရား
ကြီးမှာ ဘာသာ၊ သာသနာအတွက် ထူးထူးခြားခြား စွမ်းစွမ်းတမံ ဆောင်ရွက်လမ်းညွှန်သွားတဲ့
ပထမသင်္ဂါယနာတင်ဒါယကာ အဇာတသတ်မင်းကြီး။
        အဇာတသတ် မင်းသားသည် ဒေ၀ဒတ်ကို ဆရာတင်မိ၍ အပေါင်းမှားပြီး ဖခင်ဘုရင်ကြီးကို
သတ်မိသည်အထိ ပြစ်မှားဆိုးသွမ်းခဲ့ပါသည်။ ဖခင်ဖြစ်သူ ဗိမ္ဗိသာရမင်းကြီးကို သတ်မိသောကြောင့်   ကံကြီးထိုက်ပြီး အိပ်မပျော်သော ဝေဒနာ စွဲကပ်ခဲ့ပါသည်။ သူ၏  မျက်လုံးတို့ကို လှံချက်ပေါင်း အ
ရာအထောင်တို့ဖြင့်  ထိုးဆွခြင်းခံရသလို ဝေဒနာစွဲကပ်ခဲ့ပါသည်။ ထိုဝေဒနာ ပျောက်ကင်းအောင်
အူမနှင့် သီလ
ဗုဒ္ဓဘာသာကို ဝေဖန်ပုတ်ခတ်ကြသောဝက်ဆိုဒ်များမှ
သက်ဆိုင်ရာ ရောင်းရင်းအပေါင်း တို့အား လည်း ကောင်း။
ဗုဒ္ဓဘာသာဝင်အပေါင်းတို့အားလည်းကောင်း တကယ့်ဗုဒ္ဓဘာသာ (ခေါ်) ဓမ္မ universal
law ဆိုတာကို အနည်းငယ် တီးခေါက်မိစေရန် ရည်ရွယ်ပြီး
ကျွန်တော် ဒီစာကိုရေး လိုက်ရပါ တယ်ခင်မျာ-