Saturday, April 29, 2017
"သဲအင်းဂူဆရာတော်ဘုရားကြီး၏ ခန္ဓာကိုယ်တွေ့ တရားတော်"
=======================
အဲဒီတော့ ဦးပဉ္ဇင်းဟာ ဒကာကြီးရဲ့ 
စာတတ်လို့ဟောနေတဲ့ တရားမျိုးတော့
မဟုတ်ဘူးနော်။ ခန္ဓာက တွေ့လာတဲ့ တရားဟာ
( ၂၁) လလုံးလုံး အရိုးကျေကျေ အရေခန်းခန်း၊
လူသေရင်သေ မသေရင် တရားရဆိုပြီး
ကျင့်ကြံ အားထုတ်လာခဲ့တဲ့ တရား။ 
လက်ဦးတုန်းကတော့ သူများတွေကို မဟောခဲ့ပါဘူး။
သူများကို ပေးဖို့လည်း မလုပ်ခဲ့ပါဘူး။ ကိုယ်ဘာသာကိုယ် 
သံဝေဂတွေ ဖြစ်ပြီးတော့ ကျင့်ကြံ အားထုတ်လာတဲ့တရား။
တရားအားထုတ်ခါနီး ပရိကံပြုရန်။
         အဟံဘန္တေ သံသရ၀ဋ္ဋ ဒုက္ခတော၊ မောစနတ္ထာယ၊ ဣမံအတ္ထာနံ ဗုဒ္ဓဿ၊
ဓမ္မဿ၊ သံဃဿ၊ အာစရိယဿ၊ အတ္ထာယ ဇိဝိတံ နိယျာဒေမိ ပရိစ္ဆာဇာမိ။
         ဘန္တေ- အရှင်ဘုရား၊ အဟံ- ဘုရားတပည့်တော်သည်၊ သံသာရ၀ဋ္ဋ ဒုက္ခတော-
နတ် အစားအစာ။
     နတ်တို့သည် နတ်သုဒ္ဓါခေါ် သြဇာ အဆီအနှစ် အနည်းငယ်မျှကိုသာ စားသုံးကြသည်။ ထို
နတ်သုဒ္ဓါသည် လူတို့၏ အစာအဟာရမျိုးကဲ့သို့ ကာဗွန်ပါသော အစာမျိုး မဟုတ်။ ခန္ဓာကိုယ်၌
အားဖြစ်စေနိုင်သည့် အစွမ်းထက်သော အဆီအနှစ်တစ်မျိုးသာ ဖြစ်သည်။ ထို့ကြောင့် ခန္ဓာကိုယ်
ဓမ္မနဲ့ ပတ်သက်ပြီး “၀ိဝါဒ” မဖြစ်ပွားရလေအောင်။
     တရားဓမ္မနဲ့ပတ်သက်ပြီး ဒီတရားဟာ ဘုရားဟောတဲ့တရား သူကိုယ်တိုင်  ဘယ်ဆရာတော်
ဘုရားဆီက နာခဲ့ရတာ၊ သို့မဟုတ် ဒီစာထဲမှာ ပါ ပါတယ်၊ ဘယ်စာအုပ်ထဲမှာ ရေးထားတာလို့
ပြောဆိုကြတဲ့အခါ ကျန်တစ်ဘက်သားကလည်း မဟုတ်ဘူးလို့ ငြင်းကြပါတယ်၊ ငြင်းကြတဲ့အခါမှာ
Friday, April 28, 2017
စက္ကန့်တိုင်း ဟာ ကိုယ့်အတွက် ကုသိုလ်၊ ပညာ၊ ဥစ္စာ တစ်ခုခုဖြစ်နေဖို့
တစ်ခါတုန်းက ရဟန်းခြောက်ကျိပ်ဟာ ၀ါကျွတ်ပြီဆိုတော့ မြတ်စွာဘုရားရှင်ဆီကို
လာကန်တော့ကြပါတယ်။အဲဒီအချိန်မှာ အညတရ ရဟန်းငယ်လေးတစ်ပါးလည်း
မြတ်စွာဘုရားရဲ့ အနားမှာ ရှိနေပါတယ်။
မြတ်စွာဘုရားက ရောက်လာတဲ့ တပည့်ရဟန်းခြောက်ကျိပ်ကို ချစ်သားတို့
အစစအရာရာ အဆင်ပြေခဲ့ကြသလား လို့ မေးလိုက်ပါတယ်။
Thursday, April 27, 2017
ဆရာတော်ဦးဇောတိကရဲ့ စကားစုများ
1 .သူတစ်ပါးမှာ အမှားတစ်ခုခု ချို့ယွင်းချက်တစ်ခုခု တွေ့တဲ့အခါ
ကိုယ့်မျက်နှာကို မှန်ထဲမှာ ကြည့်နေသလို သဘောထားပါ။
2 .ကိုယ့်ကိုယ့်ကို တကယ်သတ္တိရှိတယ် ထင်ရင် ကိုယ့်အမှားကို ကိုယ်
ရဲရဲကြီး ပြင်လိုက်ပါ။
3 .အမှားအယွင်းတွေ၊ ချို့ယွင်းချက်တွေကို မကြောက်တဲ့သူ အမှားထဲက
ပညာရအောင် ယူတတ်တဲ့သူဟာ အမှားကိုပဲ ကောင်းတဲ့ဘက်က
အကျိုးရှိအောင် ယူနိုင်လို့ မှားတာဟာ တန်ဖိုးမဖြတ်နိုင်တဲ့
ဘိက္ခုအပရိဟာနိယတရား (ရ)ပါးနှင့် ပြည့်စုံသော မဟာဝိဟာရကျောင်းတိုက်။
       ဘိက္ခုအပရိဟာနိယတရား (ရ)ပါး ဆိုသည်မှာ ရဟန်းတော်များ မဆုတ်ယုတ်ကြောင်း
ချမ်းသာကြောင်းတရား (ရ)ပါးပင်ဖြစ်ပါသည်။
၁။ အဘိဏှံ သန္နပတန္တိ                  = ရဟန်းတော်များသည် အမြဲမပြတ် စည်းဝေးမှုရှိခြင်း။
၂။ သမဂ္ဂါ သံဃကရဏီယာနိကရောန္တိ = ညီညီညွှတ်ညွှတ် သံဃကိစ္စတို့ကို ဆောင်ရွက်ခြင်း။
၃။ သိက္ခာပဒေသု သိက္ခန္တိ      = ပညတ်တော်မူထားသော ၀ိနည်းသိက္ခာပုဒ်တို့ကို လေးစားလိုက်နာခြင်း။
ဗုဒ္ဓမြတ်စွာဘုရားက အရှင်ပုဏ္ဏကိုပေးတဲ့ ကမ္မဌာန်းတစ်ပုဒ်။
     ဗုဒ္ဓမြတ်စွာ လက်ထက်တော်ကာလတုန်းက အရှင်ပုဏ္ဏဆိုတာ ရှိပါတယ်။ တစ်နေ့တော့
မြတ်စွာဘုရားဆီလာပြီး “ အရှင်ဘုရား တပည့်တော်ကို လိုက်နာကျင့်သုံးရမယ့် ဆုံးမသြ၀ါဒ
တရားလေး ဟောပေးပါ, အရှင်ဘုရား ဟောထားတဲ့အတိုင်း တပည့်တော်ဟာ အားတက်သရော
နန်းဦးဆရာတော်ဘုရားကြီး၏ အဆုံးအမစကားတစ်ခွန်း။
    ဆရာတော်ရဲ့ ဆရာ(အဖေ ဆရာ)က တောင်စွန်း ဓမ္မဒူတဆရာတော်၊ ဓမ္မဒူတဆရာ
တော်ရဲ့  ဆရာ(အဘိုး ဆရာ)က စစ်ကိုင်းနန်းဦး ဆရာတော်ကြီး ဖြစ်တယ်။ ဓမ္မဒူတ ဆ
ရာတော် ဘုရားကြီး စစ်ကိုင်းမှာ စာကျက်တုံးက နန်းဦးကျောင်း အဲဒီဆရာတော်ကြီးဆီ
Wednesday, April 26, 2017
နိဗ္ဗာန်ရှင်းတမ်း
နိဗ္ဗာန်´ဆိုသည်မှာ ဗုဒ္ဓဘာသာဝင်များ၏ အစွန်းစွန် ဘာသာရေး ရည်မှန်းချက် ဖြစ်ပေသည်။ မဟာယာန နှင့် ထေရ၀ါဒ ဟူ၍ဂိုဏ်းကြီး နှစ်ခုကွဲ သကဲ့သို့ နိဗ္ဗာန်နှင့် ပတ်သက်သော အယူအဆမှာလည်း ကွဲပြားသည်။ မဟာယာန ကျမ်းများတွင် နိဗ္ဗာန်ကို သုခချမ်းသာတို့ဖြင့် ပြည့်စုံသည့် ဘုံဗိမာန်အဖြစ်၎င်း၊ သံသရာကိုယ်၌ကပင် နိဗ္ဗာန်ဖြစ်သည် ဟူ၍၎င်း ကွဲပြားသော အယူအဆများ၊ သဘောတရားများကို တင်ပြထားသည်။ သို့သော် ထေရ၀ါဒတွင်မူ ဆရာစဉ်ဆက် နှင့် ကျမ်းဂန်များတွင် နိဗ္ဗာန်သည်
Tuesday, April 25, 2017
ဘဝဆက်တိုင်း ချစ်သူတို့ လက်တွဲရမယ့် နည်းလမ်း
ဗုဒ္ဓဘာသာ ဘုရားဟော နည်းလမ်းအရ ချစ်သူတို့ ဘဝဆက်တိုင်း ပေါင်းဖက် ရမယ့် နည်းလမ်း ရှိပါတယ်။ သာမန် အကြမ်းအားဖြင့်က အချစ် ဆိုတာ တဏှာ လို့ သိထားပေမယ့် ယင်း တဏှာကိုပဲ အခြေခံလို့ နိဗ္ဗာန်ရောက် အောင်သွားတဲ့ လမ်းစဉ် ရှိပါတယ်။
စံပြုထိုက်သော မဟာဝိဟာရကျောင်းတိုက်/မဟာဝိဟာရ ဓမ္မ၀ိနယတက္ကသိုလ်။
      မြန်မာပြည်ရှိ စံပြုထိုက်သောကျောင်းတိုက်များထဲတွင် မဟာဝိဟာရကျောင်းတိုက်ကြီးသည်လည်း
တစ်တိုက်ပါဝင်လာပါသည်။ အဘယ်ကြောင့်စံပြုထိုက်ပါသနည်း ?။ ဗုဒ္ဓအလိုတော်ကျ ကျင့်သုံးနေထိုင်
သောကြောင့်ပင်တည်းဟုဖြေလျှင် မှန်ကန်ပါမည်။
မယ်တော်မာယာ၏ အံ့ဖွယ် ၁၂ ပါး။
၁။ တကွမ်းစားအိုးမှ ဘယ်အခါမျှ ထမင်းမလျော့သောအိုးကို ရရှိခြင်း။
၂။ အနာနှိပ်စက်သူအား ကိုင်တွယ်လျှင် အနာပျောက်ကင်းခြင်း။
၃။ အလိုရှိမှု ကိုင်တွယ်သော ၀တ္ထုမှန်သမျှ ရွှေဖြစ်ခြင်း။
၎။ မျိုးစေ့ သစ်စေ့ကို စိုက်လျှင် ချက်ချင်း သီးပွင့်ခြင်း။
အမှားလုပ်မိခဲ့တဲ့ သာမာဝတီမိဖုရား၏ သံသရာခရီး။
      ကောသမ္ဗီပြည်က ဥတေနမင်းကြီးမှာ သာမာဝတီဆိုတဲ့ မိဖုရားတစ်ပါးရှိပါတယ်။ တစ်နေ့
သာမာဝတီဆိုတဲ့ မိဖုရားဟာ နန်းပြသာဒ်ကြီးတစ်ခုလုံး မီးလောင်ပြီး အခြံအရံငါးရာနှင့် အတူတ
ကွ မီးလောင်သေဆုံးသွားပါတယ်။ ခုခေတ်လို ပြောမယ်ဆိုရင် အသေဆိုးနဲ့ သေသွားတယ်လို့
ပြောကြမှာပါ။ သာမာဝတီ မိဖုရား မီးလောင်လို့ သေရတာဟာ သံသရာခရီး သွားတဲ့အချိန် အ
Monday, April 24, 2017
မျိုးစေ့နှင့်တူသော သဒ္ဓါ
သဒ္ဓါ ဗီဇံ တပေါ ၀ုဋ္ဌိ။ (သံ-၁-၁၇၅။) ဟူသော ဗြာဟ္မဏသံယုတ်
ကသိဘာရဒွါဇသုတ် ပါဠိတော်နှင့်အညီ မိုးလေကောင်းမွန်နေသော ဥတု
ရေမြေ၀ယ် မျိုးစေ့ရှိသူသည်သာလျှင် စိုက်ပျိုးကြဲချ၍ အသီးအနှံတို့ကို
ရအောင် ယူနိုင်၏။ မျိုးစေ့မရှိသူကား မကြဲနိုင် မစိုက်ပျိုးနိုင်သဖြင့် အသီး
အနှံတို့ကို မရနိုင်သကဲ့သို့၊ အလားတူပင် သီလသာသနာ သမာဓိ သာသနာ
ပညာသာသနာစသည့် တရားတည်းဟူသော မိုးလေများ ကောင်းမွန်နေသော
ခင်ပွန်းကြီး(၁၀)ပါးအား ၀န်ချကန်တော့ရန်။
၁။ သဗ္ဗညုတ ဘုရားရှင်များတို့၏ အပေါ်၌ လည်းကောင်း။
၂။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်များ အပေါ်၌ လည်းကောင်း။
၃။ အဂ္ဂသာဝက အရှင်မြတ်များအပေါ်၌ လည်းကောင်း။
၎။ ရဟန္တာအရှင်မြတ်များတို့အပေါ်၌ လည်းကောင်း။
ဝိသုဒ္ဓိ ၇ ပါး။
၁။ သီလ၀ိသုဒ္ဓိ = လူတို့၌လည်း လူတို့အလျောက်၊ ရဟန်းတို့၌လည်း ရဟန်းတို့အလျောက်
                     သီလ စင်ကြယ်ခြင်း။
၂။ စိတ္တ၀ိသုဒ္ဓိ = ကမ္မဌာန်းအားထုတ်သဖြင့် အာရုံထင်မြင်၍ ဥပစာရဈာန်စိတ်၏ စင်ကြယ်ခြင်း။
၃။ ဒိဌိဝိသုဒ္ဓိ = ရုပ်နာမ် နှစ်ပါးသာ ဘုံသုံးပါး၌ ရှိသည်ဟု ဧကန်အမှန်မြင်သော နာမရူပ ပရိစ္ဆေဒ
အရှင်နန္ဒမာလာဘိဝံသ၏ ဗျာသနတရားဖြင့် နိဗ္ဗာန်ထိအောင် စွမ်းဆောင်ခြင်း။
   သူတော်စင်တွေ ဆုတောင်းတိုင်း   ၀ိပတ္တိတရား  လေးပါး။  ဗျာသနတရား  ငါးပါး။ ဆိုတာကြပါ
တယ်။  အဲဒီ ဗျာသနတရား ငါးပါးမှာ==ဥာတိဗျသန=ဆွေမျိုးတွေထဲက ပျက်စီးမှု။ ဘောဂဗျသန=
စည်းစိမ်ဥစ္စာတွေ ပျက်စီးမှု။ ရောဂဗျသန=ရောဂါဝေဒနာ ဖြစ်ခြင်းဖြင့် ပျက်စီးမှု။
သီလဗျသန=အကျင့်သီလ ပျက်စီးမှု။ ဒိဌိဗျသန=အယူဝါဒအမြင်ရဲ့ ပျက်စီးမှုတို့  ဖြစ်ကြတယ်။
Sunday, April 23, 2017
အာနာပါနအားထုတ်သော ယောဂီ၏ရှောင်ရန်
အထာနေန တံ နမိတ္တံ နေ၀ ၀ဏ္ဏတော မနသိကာတဗ္ဗံ၊ န လက္ခဏဏတော
ပစ္စဝေက္ခိတိတဗ္ဗ္ဗံ။ (၀ိသုဒ္ဓိ၊၁၊၂၇၈။)
အာနာပါနကမ္မဋ္ဌာန်း၌ ပရိကမ္မနိမိတ်၊ ဥဂ္ဂဟနိမိတ်၊ပဋိဘာဂနိမိတ်ဟု နိမိတ်သုံးမျိုး ရှိ၏။
၁။ ပရိကမ္မနိမိတ် - ပကတိသော ၀င်သက်လေ ထွက်သက်လေသည်လည်း
ပရိကမ္မနိမိတ် မည်၏။ အာနာပါနကမ္မဋ္ဌာန်းကို ဘုရားရှင် ညွှန်ကြားတော်မူသည့်အတိုင်း အစဉ်အတိုင်း ကျင့်သဖြင့်
မေတ္တာရင်မှာ ပိုက်ပါလို့။
         ရှေးလွန်လေပြီးသော ကာလတုန်းက ဗာရာဏသီပြည့်ရှင်မင်းကြီးတွင် မိဖုရား ၄ ယောက်
ရှိတဲ့အနက် တစ်ယောက်သော မိဖုရားကြီးမှ သားယောက်ျားလေးတစ်ပါး ဖွားမြင်ပါတယ်။  တိုင်း
သူပြည်သားတို့၏ စိတ်နှလုံးကို ရွှင်ပြုံးနှစ်သက်စေသည့်အတွက်ကြောင့် မင်းသားလေးကို “ဥဒယ
ဗုဒ္ဓဟောကြားတော်မူသော မနက်ဖြန်ကမ္ဘာ။
       ယနေ့ လူသားတွေရဲ့ အသက်ဟာ ရှစ်ဆယ်တန်းလို့ ဆိုပါစို့။ အသက်ရှစ်ဆယ်တန်းက
နေ လူတွေရဲ့ မနက်ဖြန် ကမ္ဘာဟာ ဘာဖြစ်ဦးမလဲဆိုတာကို မြတ်စွာဘုရားက လူတွေသိရှိ
အောင် “စက္က၀တ္တိသုတ္တန်” မှာ ဟောကြားထားပါတယ်။ လူတွေရဲ့အသက်ဟာ အခုသက်တမ်း
ကနေ ဆက်ပြီးကျသွားဦးမှာဖြစ်ပါတယ်။ ဘာကြောင့်သက်တမ်းတိုပြီး ကျဆင်းလာရတာလဲ
အကယ်၍ ဒီအချိန်မှာမတော်တဆ(Accident) ဖြင့် ကွယ်လွန်သွားသော်။
    ဗုဒ္ဓဘုရားရှင်တော်မြတ်ကြီး၏ တရားတွေဟာ ပိုလို့ဖြုတ်စရာ မလိုဘူး၊  လိုလို့ဖြည့်စရာ
လဲမရှိဘူး၊ ဘယ်လူ၊ ဘယ်နတ်၊ ဘယ်ဗြဟ္မာ၊ ဘယ်လိုကန့်လန့်တိုက်တဲ့သူကမှ အပြစ်ပြော
စရာမရှိဘူး။
သီလသိက္ခာသာသနာ ရှည်ကြာတည်တံ့ပါစေသော်။
       ဗုဒ္ဓ၏ အဆုံးအမအောက် ခိုလှုံရောက်ရှိလာကြသော ဘုရား၏သားတော် ရဟန်း သာမဏေများ
သည် သံသရာ ၀ဋ်ဒုက္ခမှ လွတ်မြောက်၍ နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း အကျိုးငှာ တောင်းပန်ခဲ့ကြ
သည်ချည်းသာ ဖြစ်ကြ၏။ ထို့ကြောင့် မိမိ၏ မူလရည်ရွယ်ချက် မပျက်ပြားစေရန် နိဗ္ဗာန်၏ ဖီလာကန့်
ဓမ္မအသိဖြင့် ကောင်းကျိုးချမ်းသာရဖို့ အချက် ၄ ချက် ။
       ကောင်းကျိုးချမ်းသာ ရဖို့ဆိုတာ အချက် ၄ ချက် လိုပါတယ်။ အဲဒီ အချက် ၄ ချက်နဲ့
ကိုယ့်ရဲ့ စိတ်စွမ်းအားတွေကို လေ့ကျင့်ပေးရပါမယ်။
        (၁)။“ငါ့သန္တာန်မှာ ကုသိုလ်စိတ် ဖြစ်စေရပါမယ်”။ ငါ့သန္တာန်မှာ ဒီလူ့ဘ၀ ရလာတဲ့အချိန်
မှာ “ ကုသိုလ်စိတ် ” တွေ များများ ဖြစ်စေရပါမယ်။ ကုသိုလ်ဆိုတာ အဆိုးတရားတွေ ဖယ်ရှား
ရင်လေးစရာကောင်းသည့် ဟန်ဆောင်မှုများ။
    သာသနာတော်မှာ ဘယ်သူက တရားရှိတယ်၊ ဘယ်သူက တရားမရှိဘူးဆိုတာ၊ တရားရှိ
မရှိ၊ ဒကာ၊ ဒကာမတွေက သိသလိုလိုနဲ့...အဲဒီ ဆရာတော်ကြီး တရားရှိတယ်ကွဲ့ ..လှုပ်ကိုမ
လှုပ်တော့ဘူး၊ အချိန်မရွေး သွားကြည့်သွားကြည့် ငြိမ်နေတာဘဲလို့.. ကိုယ့်အထင်နဲ့ ကိုယ်