အဇာတသတ် မင်းသားသည် ဒေ၀ဒတ်ကို ဆရာတင်မိ၍ အပေါင်းမှားပြီး ဖခင်ဘုရင်ကြီးကို
သတ်မိသည်အထိ ပြစ်မှားဆိုးသွမ်းခဲ့ပါသည်။ ဖခင်ဖြစ်သူ ဗိမ္ဗိသာရမင်းကြီးကို သတ်မိသောကြောင့်
ကံကြီးထိုက်ပြီး အိပ်မပျော်သော ဝေဒနာ စွဲကပ်ခဲ့ပါသည်။ သူ၏ မျက်လုံးတို့ကို လှံချက်ပေါင်း အ
Saturday, October 6, 2018
ဥစ္စာစောင့်ဆိုတာ တကယ် ရှိသလား
ဘုန်းဘုန်း မင်္ဂလာပါ။
ဖိုးသား မေးစရာလေး ပေါ်လာလို့ပါ။ ဒီနေ့ (27.05.2009) ဖိုးသားနဲ့ ဖိုးသား မိတ်ဆွေ အစ်မ တစ်ယောက် အွန်လိုင်း ကနေ စာရိုက်ရင်း ပြောဖြစ်တယ် ဘုန်းဘုန်း။ အဲဒီမှာ သူပြော သွားတာက သူ့မောင်လေးက ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဆုံးသွားကြောင်း၊ အသက် (၂၁) ပြည့်ရုံလေးပဲ ရှိသေးကြောင်း၊ သူဆုံးအပြီး အမျိုးသမီးကြီး တစ်ဦးဆီကို ၀င်ပူးပြီး ပြောတာက သူ့ကို သိုက်က ပြန်ခေါ် သွားတာ ဖြစ်ကြောင်း (သိုက်နာမည်လည်း ပြောသွားပါတယ် ဘုန်းဘုန်း၊ အရပ်ဒေသတော့ ပြောမသွားဘူး) အဲလို ပြောသွား ပါတယ်။ အဲဒါ သူ့ကို လပြည့် လကွယ်တွေမှာ ကုသိုလ်လုပ်ပြီး အမျှပေးပါလို့လည်း ပြောသွား သေးတယ် ဘုန်းဘုန်း။

ဘ၀မှလွတ်မြောက်ဖို့ နည်းလမ်းကောင်းများ။
ဒီဘ၀ပြီးသွားရင် ဘယ်ရောက်မယ်ဆိုတာ သာမန်ပုထုဇဉ်တွေ မသိနိုင်ပါ။ မြတ်စွာဘု
ရား တရားတော်တွေ တို့တစ်တွေ နာခွင့်ရကြပါတယ်။ တရားတော်တွေဆိုတာ ရောဂါပျောက်
အောင် ကုသနိုင်တဲ့ ဆေးနဲ့ အလားတူပါတယ်။ ဆေးဆိုတာ မသောက်ဘဲနဲ့ နေလို့ရှိရင်တော့

Friday, October 5, 2018
တရားတစ်ပုဒ်ဟောပြီးတိုင်း သောတာပန်ပုဂ္ဂိုလ်များ ဖြစ်သွားကြရာ၌
မေး။ ။ (2007-ခုနှစ်၊ အောက်တိုဘာလထုတ် မြတ်ပန်းရဂုံတွင် `မြတ်စွာဘုရားလက်ထက်က တရားတစ်ပုဒ်ဟောပြီးတိုင်း သောတာပန်ပုဂ္ဂိုလ်များ ဖြစ်သွားကြရာ၌
(က) ယခင်ဘ၀က သောတာပန် ဖြစ်ပြီးသူများ ပါ/မပါ။
(ခ) ဘ၀တစ်ခုမှ သောတာပန် ဖြစ်ပြီးသူများ လက်ရှိဘ၀တွင် မည်သို့ ထူးခြားမှုရှိနိုင်ပါသနည်း။
(ဂ) ယခင်ဘ၀က သောတာပန်ဖြစ်ခဲ့၍ ယခုဘ၀ သကဒါဂါမ်၊ အနာဂါမ် ရဟန္တာဖြစ်သွားသော သုတ္တန်များရှိလျှင် ညွှန်ပြပါ-ဟူသော ဦးကောင်းမွန်၏ မေးခွန်းကို ဖြေကြားထားခြင်း ဖြစ်ပါသည်။)
ဖြေ။ ။ ရှေဦးစွာ သောတာပန်ဟူသော ပုဒ်ကို ရှင်းပြချင်ပါသည်။ သောတာပန်ဟူသော ပုဒ်သည် သောတာပန္န-ဟူသော ပါဠိပုဒ်ကို မြန်မာမှုပြုထားသော ပါဠိသက်ဝေါဟာရဖြစ်၏။ သောတာပန္န-ဟူသော ပုဒ်သည် သဒ္ဒါနည်းအရ သောတနှင့် အာပန္န-ဟူသော ပုဒ်နှစ်ခုကို ပေါင်းစပ်ထားခြင်း ဖြစ်၏။ ဤတွင် သောတ-အရ သမ္မာဒိဋ္ဌိ-စသော မဂ္ဂင်ရှစ်ပါးကို ရ၏။ ထိုမဂ္ဂင်ရှစ်ပါးသို့ ရှေးဦးစွာ ရောက်သောသူသည် သောတာပန္န-မည်၏။

အလှူဒါနပြုကြရာ၌ အလှူခံသူနှင့် အလှူပေးသူ နှစ်ဦးနှစ်ဖက် အကျိုးရှိစေရန်။
အလှူဒါနပြုကြရာ၌ အလှူခံသူနှင့် အလှူပေးသူ နှစ်ဦးနှစ်ဖက် အကျိုးရှိစေရန် မဟာဂန္ဓာ
ရုံဆရာတော်ကြီးက= အလှူခံမှာ၊ လယ်ပမာ၊ လှူရှာသူများ၊ လယ်သမား။
အများလှူဖွယ်၊ မျိုးစေ့နှယ်၊ နောက်ဝယ် အသီးစား။

Thursday, October 4, 2018
တရားနာတာနဲ့တရားအားထုတ်တာ ဘယ်ဟာကကုသိုလ်ပိုရပါလဲ
အမေး။ ။အရှင်ဘုရား...တပည့်တော် မသိလို့မေးပါရစေဘုရား။ တရားပွဲတွေမှာ တရားနာရုံနဲ့ကုသိုလ်ရနိုင်ပါသလားဘုရား။
တရားတော်များကိုလဲ အမြဲတမ်း မနာကြားနိုင်ပါ။ တပည့်တော်သိချင်တာက တရားနာတာနဲ့ တရားအားထုတ်တာ ဘယ်ဟာက ကုသိုလ်ပိုရနိုင်လဲဆိုတာ သိချင်ပါတယ်ဘုရား။ ။
ဂျေညီညီ
နေရပ်မ်ရှိ
အဖြေ။ ။တရားပွဲတွေမှာ တရားနာရုံနဲ့ ကုသိုလ်ရနိုင်ပါတယ်။ တစ်ခါတုန်းက ဖားကလေးတစ်ကောင်ဟာ တရားဟောနေတဲ့အသံကို ဘာမှန်းမသိသော်လဲ နားထောင်ကောင်းကောင်းနဲ့ နားထောင်နေတဲ့အခိုက် ရုတ်တရက်သေဆုံးသွားပါတယ်။ ဖားကလေးဟာ သေတဲ့အခါ နတ်ပြည်မှာ ဖားနတ်သားဆိုပြီး နတ်သားသွားဖြစ်တယ်။ ဒါဟာ ဖားကလေးဘ၀ဖြစ်စဉ်က တရားတော်အသံကို နားထောင်မိရုံပဲရှိပါသေးတယ်။ လူုဖြစ်က ဆိုဖွယ်ရာမရှိတော့။ ဒါကြောင့်တရားနာတဲ့အခါ ကုသိုလ်ရတယ်လို့ပဲပြောရပါမယ်။

ဘ၀အတွက် မိမိ၏သီလဂုဏ်။
လူဝတ်ကြောင်တွေဆိုရင်တော့ အနည်းဆုံး ငါးပါးသီလလောက်ကို လုံခြုံအောင်လုပ်ရမယ်၊
ငါးပါးသီလကို ၀ါရိတ္တသီလလို့ခေါ်တယ်။ ငါးပါးသီလပြည့်စုံမှ လူ့ဘ၀ပြည့်စုံမယ်။ လူတစ်ယောက်
ဟာ အရင်ဘ၀တုန်းက ငါးပါးသီလထဲက လေးပါးကို ပြည့်စုံအောင် ဖြည့်ကျင့်ခဲ့တယ်။ အဲဒီထဲမှာ

Wednesday, October 3, 2018
အမှောက် ပယောဂ တကယ်ရှိ မရှိ
အမေး။ ။အရှင်ဘုရား…. အိမ်တစ်အိမ်မှုာ မကောင်းတဲ့အစောင့်ရှိတယ်၊ အနှောက်အယှက်တွေရှိတယ် ဆိုပြီး ဆရာဆိုသူက ပြောနေတာ ကြားလိုက်ရပါတယ်ဘုရား၊ တပည့်တော်သိချင်တာက အနှောက်အယှက်ဆိုတာ တကယ်ရှိ-မရှိ သိချင်ပါတယ်ဘုရား။
မအေးသီတာဝင်း
Mcc (မြိတ်)
အဖြေ။ ။အမှောက်ပယောဂတို့ဆိုတာ လောကီအတတ်ပညာများ ဖြစ်တဲ့အတွက် ရှိပါတယ်။ ဒါပေမဲ့ အကြောင်းကိစ္စများ ဖြစ်ပေါ်လာတိုင်း အမှောက်ပယောဂ ဟုတ်/မဟုတ် ဆိုတာကိုတော့ တတ်အပ်သေချာ မပြောနိုင်ပါ။ ဟုတ်တာလဲ ရှိတယ်။ အလိမ်ခံရတာလဲရှိပါတယ်။ ဆိုလိုတာက အမှောက်ပယောဂရှိတယ်ဆိုပြီး တစ်ဖက်စောင်းနင်းမယုံကြည်ဖို့ပါပဲ။

အနာထပိဏ်သူဌေးနှင့် တံခါးစောင့်နတ်။
ဗုဒ္ဓဘာသာသမိုင်းတွင် သာဝတ္ထိပြည်မှ အနာထပိဏ် သူဌေးကြီးသည် အလှူဒါနပြုလုပ်
ရာတွင် စံတင်ထိုက်သော သူဌေးကြီးတစ်ဦးဖြစ်၏။ ဇေတ၀န်ကျောင်းတော်ကြီးကို ငါးဆယ့်လေး
ကုဋေ အကုန်ကျခံ၍ လှူဒါန်းရသည်ကိုပင် အားရတင်းတိမ်မှု မရှိဘဲ တစ်နေ့သုံးကြိမ် ဘုရား

Tuesday, October 2, 2018
တရားမွေ့လျော် နေတတ် ထိုင်တတ် အားထုတ်တတ်အောင်။
ဝိပဿနာဆိုတာ စိတ်အလုပ်၊ စိတ်အလုပ်တိုင်း ၀ိပဿနာမဖြစ်၊ ဉာဏ်ပါမှဖြစ်တယ် ၀ိပဿနာ
ဉာဏ်အစစ်မရသေးခင် ၀ိပဿနာပေါ်အောင် ကြိုးစားရတယ်။ ၀ိပဿနာအစစ်ဟာ ဘယ်အချိန်ဖြစ်
ဖြစ် ပေါ်နိုင်ပါတယ်၊ ၀ိပဿနာဉာဏ်ပေါ်အောင် ကြိုးစားတဲ့အလုပ် လုပ်မယ်ဆိုရင် အချိန်မရွေး

selfie ဆွဲသူများ သက္ကာယဒိဋ္ဌိ ပိုတိုးနိင်သလော..?
ယနေ့ ကမ္ဘာတွင်မက မြန်မာပြည်မှာပါ ခေတ်စားလူကြိုက်များလာသော selfie ဆွဲခြင်းသို့မဟုတ် မိမိပုံ (သို့)အုပ်စုလိုက်ပုံကို ကိုယ့်ဖာသာ ဖုန်းကင်မရာဖြင့် ပြုံး၍တမျိုး ရီ၍တဖုံ၊ မဲ့၍တမျိုး ရွဲ့၍တဖုံ၊ အမျိုးမျိုးအဖုံဖုံ ရိုက်ပြီး လူမှုကွန်ရက် အထူးသဖြင့် facebook ၊ extergram တို့တွင် မိတ်ဆွေသူငယ်ချင်းများမြင်အောင် အချို့လဲ public မြင်အောင်တင်ကြပါတယ်၊ ဒီနေရာမှာ ရိုက်သူတင်သူတွေကို အပစ်ပြောတာမဟုတ်ပါဘူး တရားသဘောလေးနဲ့ မိမိဘာသာ တွေးမိခြင်းဖြစ်ပါတယ်၊ စိတ်ဝင်စားရင် ဆက်ဖတ် ပါ စိတ်မ၀င်စားလဲ ဗဟုသုတဖတ်သွားပါလို့ အတင်းကြီးတိုက်တွန်းလိုက်ပါတယ်ခင်ဗျာ.......။
သုန္ဒရီသတ်မှုနဲ့ ဘုရားရဲ့ ကံကြမ္မာဝဋ်ကြွေး။
မြတ်စွာဘုရားကို ကြည်ညိုတဲ့ ပုဂ္ဂိုလ်တွေက အလွန်များတယ်။ ရဟန်းတွေကို ကြည်ညို
တဲ့ ပုဂ္ဂိုလ်တွေကလည်း အင်မတန်များတယ်။ လူတွေက ဘုရားကျောင်းတော်ကို သွားကြလာကြ
လှူကြတန်းကြဆိုတော့ တစ်ဖက်ဘာသာခြားဖြစ်တဲ့ ပရဗိုဇ်တွေကို ကြည်ညိုသူ၊ မေးမယ့်သူ၊

Monday, October 1, 2018
အနာထပိဏ် နဲ့ ၀ိသာခါ
ဘုရားလက်ထက်တော်က ကောသလတိုင်း သာဝတ္တိပြည်၌ လူဦးရေ ၇-ကုဋေရှိသည်။ ၅-ကုဋေမှာ အရိယာဖြစ်၍ ကျန် ၂-ကုဋေမှာ ပုထုဇဉ်များဖြစ်ကြ၏ ။ သာဝတ္တိပြည် အနာထပိဏ်နှင့် ၀ိသာခါတို့သည် သာသနာကို ထောက်ပံ့ရာ၌ ထင်ရှားသူနှစ်ဦးဖြစ်သည်။
ကျောင်းဒကာကြီး အနာထပိဏ်
အနာထပိဏ်၏ ငယ်မည်မှာ သုဒတ္တဖြစ်၍ ရာဇဂြိုလ်သူ သူဌေးဝိသာလ၏ နှမ ပုညလက္ခဏာနှင့် ထိမ်းမြားခဲ့သည်။ ကာဠမည်သော သားနှင့် မဟာသုဘဒ္ဒါ ၊ စူဠသုဘဒ္ဒါ သုမနာသာသမီးသုံးယောက် ထွန်းကားခဲ့သည်။ ဘုရားရှင်သည် ဒုတိယ၀ါအဖြစ် ရာဇဂြိုလ်၌ သီတင်းသုံးတော်မူသော နှစ်မှာပင် အနာထပိဏ်သည် ရာဇဂြိုလ်သို့ အရောင်းအ၀ယ်သွားရာမှ မြတ်စွာဘုရားအား ဖူးတွေ့ရပြီး သောတာပန်အရိယာ ဖြစ်ခဲ့သည်။

သတိပဌာန် ၄ ပါး။
သတိပဌာန်ဟူသည် လွန်စွာတည်သော သတိ၊ ခိုင်မြဲစွာတည်သော သတိဟု အဓိပ္ပါယ်ရရှိ
ပါသည်။ သက်ဆိုင်ရာ အာရုံထဲ၌ စွဲစွဲမြဲမြဲ သက်ဝင်တည်နေသော သတိစေတသိက်ကို ဆိုလိုပါ
သည်။ တရားကိုယ်အားဖြင့် သတိစေတသိက် ၁ ပါးတည်းဖြစ်သော်လည်း အာရုံ ၄ မျိုး၊ ယူပုံအ

Sunday, September 30, 2018
မြတ်ဗုဒ္ဓဟောကြားသော ကိုးကွယ်ရာနှင့် မကိုးကွယ်ရာ။
ဗုဒ္ဓမြတ်စွာဘုရား ပွင့်ထွန်းတော်မူလာပြီးနောက် ကိုးကွယ်ရာနှင့် မကိုးကွယ်ရာကို ခွဲခြား
၍ ဟောကြားညွှန်ပြခဲ့ပါသည်။ မြတ်ဗုဒ္ဓ ဟောကြားမိန့်မှာသည်မှာ=
* “ ယော စ ဗုဒ္ဓဉ္စ ဓမ္မဉ္စ၊ သံဃဉ္စ သရဏံ ဂတော။

ဘာတွေပေးခဲ့မှာလဲ
ဘာတွေပေးခဲ့မှာလဲ
တစ်ခါက နတ်သားတစ်ယောက်က ဘုရားရှင်ကို မေးမြန်းလျှောက်ထားသည်၊ “ မြတ်စွာဘုရား …..ခွန်အားကို လှူချင်ပါတယ်၊ ဘာကိုပေးလှူရပါမလဲ ၊ အဆင်းကို ပေးလှူချင်ပါတယ်၊ ဘာကိုပေးလှူရပါမလဲ ၊ မျက်စိအလင်းကို ပေးလှူချင်ပါတယ် ၊ ဘာကိုပေးလှူရပါမလဲ ၊ ချမ်းသာသုခကို ပေးလှူချင်ပါတယ် ၊ ဘာကိုပေးလှူရပါမလဲ ဆိုခဲ့တဲ့ အရာအားလုံးကို ပေးလှူချင်ပါတယ် ဘာကိုပေးလှူရပါမလဲ “
ပါချုပ်ဆရာတော်၏ ဓမ္မအသိဖြင့် အကျိုးရှိရှိနေနည်း။
လူဆိုတာ စီးပွားရေးမျက်စိလည်း ရှိရမယ်။ ဓမ္မရေးရာအသိဉာဏ်လည်း ရှိရမယ်။ လူ့အ
သိုင်းအ၀ိုင်းမှာ နေတဲ့အခါမှာ စီးပွားရေးမျက်စိမရှိလို့လည်းမဖြစ်ဘူး။ တရားသဖြင့်သာ စီးပွားရေး
ရှာရမယ်။ ဓမ္မအသိရှိတဲ့အတွက်လည်း စီးပွားရှာတဲ့အခါမှာ မကောင်းတာမှန်သမျှ မလုပ်မိအောင်

Subscribe to:
Posts (Atom)