Saturday, October 25, 2014

ပါချုပ်ဆရာတော်ဘုရား၏တရားတော်များရွတ်ဖတ်ခြင်းအကျိုးတရားမေးဖြေ...။

အရှင်ဘုရား တပည့်တော်ရိုသေစွာလျှောက်ထားပါသည်ဘုရား။ တပည့်တော်စိတ်ထဲ တမျိုးဖြစ်နေတာလေးတစ်ခုကို မေးမြန်းလိုက်တာပါဘုရား။
တပည့်တော်တို့တတွေ ပရိတ်ကြီး ၁၁ သုတ်ပါအ၀င် အခြားသော တရားတော်များကို ရွတ်ဖတ်ခြင်းဖြင့်ပင် အကျိုးကျေးဇူးရှိတယ်လို့ ယုံကြည်မှုရှိကြပါတယ်ဘုရား..
တပည့်တော် အထင်မှာ ဒါဟာ တန္တရ၀ါဒသဘောသက်ရောက်နေတယ်လို့ထင်ပါတယ်ဘုရား...

သာသနာပွဲထိုးတာဟာ ဘုရားဟောလား...`?

အမေး။ ။ နံနက်စောစောတွင် E-mail inbox ထဲ အီးမေးလ် စစ်ကြည့်ရာ ရုရှားနိုင်ငံ၊ မော်စကိုမြို့၊ University တစ်ခုမှာ ပညာသင်ကြားနေတဲ့ မောင်ကျော်ဇင်လတ်ထံမှ အီးမေးလ်ဖြစ်ပြီး၊ ဖွင့်ကြည့်ရာ မေးခွန်းသုံးခုမေးထားတာတွေ့ရပါတယ်။ ထိုမေးခွန်းများကို မေတ္တာရှေ့ထား၍ ဖြေကြားပေးစေ လိုကြောင်း လျှောက်ထားလာပါတယ်။ ပထမမေးခွန်းက ဘုန်းဘုန်းဘုရား တပည့်တော် ရိုသေစွာ လျှောက်ထားအပ်ပါတယ်ဘုရား။ မြန်မာနိုင်ငံအ၀ှမ်းရှိ ဗုဒ္ဓဘာသာအိမ် တော်တော်များများမှာ သာသနာပွဲဆိုပြီး တင်လှူတာတွေ ရှိပါတယ်။ ထိုသာသနာပွဲတင်ခြင်းအမှုဟာ ဘယ်အချိန်က စတင်ခဲ့ပြီး၊ ဘုရားဟောတဲ့ ဒေသနာနဲ့ ကိုက်ညီမှု ရှိ/မရှိ သိပါရစေဘုရား။

သောတာပန် အရက်သောက်သလား

အမေး။ ။ စာရေးဆရာကြီးတစ်ဦးရဲ့ အဆိုဖြစ်တဲ့ သောတာပန်ဟာ အရက်သောက်ရင် ကြိုးကြာရေသောက်သလို ရေသာဝင်တယ်၊ အရက်မ၀င်ဘူးဆိုတာကို သိလိုပါတယ်ဘုရား။
အဖြေ။ ။ စာရေးဆရာကြီး ရေးသားချက်အရ သောတာပန်ဟာ အရက်သောက်သေးသတဲ့ ဆိုတာ မဟုတ်ပါ။ သောတာပန်ပုဂ္ဂိုလ်ဟာ သာမာန်လိုမဟုတ်တော့ ရတနာသုံးပါး၌ ချွင်းချက်မရှိ ယုံကြည်မှုအပြည့်ရှိသလို ငါးပါးသီလကိုလည်း သီးသန့်ဆောက်တည်နေစရာ မလိုတော့ဘဲ

Friday, October 24, 2014

ဒိဌဓမ္မအကျိုး ပွားတိုးစေသော အလှူအင်္ဂါ ၄ ပါး။

၁။ ၀တ္ထု သမ္ပဒါ = အလှူခံပုဂ္ဂိုလ်တို့သည် ပစ္စေကဗုဒ္ဓာ ရဟန္တာ သို့မဟုတ် အနာဂါမ်ပုဂ္ဂိုလ်
                      စသည်ဖြင့် မြင့်မြတ်သောသူ ဖြစ်ခြင်း။
၂။ ပစ္စယ သမ္ပဒါ = အလှူဝတ္ထု၏ စင်ကြယ်သော တရားသဖြင့်ရသည့် ပစ္စည်း ဖြစ်ခြင်း။

ဓမ္မအသိဖြင့် အကျိုးရှိရှိနေကြမည်။

        ကောင်းကျိုးချမ်းသာ ရဖို့ဆိုတာ အချက် ၄ ချက် လိုပါတယ်။ အဲဒီ အချက် ၄ ချက်နဲ့
ကိုယ့်ရဲ့ စိတ်စွမ်းအားတွေကို လေ့ကျင့်ပေးရပါမယ်။
        (၁)။“ငါ့သန္တာန်မှာ ကုသိုလ်စိတ် ဖြစ်စေရပါမယ်”။ ငါ့သန္တာန်မှာ ဒီလူ့ဘ၀ ရလာတဲ့အချိန်

ချစ်တော့ချစ် သိအောင်မချစ်နဲ့တဲ့။

      တစ်နေရာနဲ့  တစ်နေရာ၊  တစ်ဒေသနဲ့ တစ်ဒေသ၊ တစ်အိမ်နဲ့ တစ်အိမ်၊  တစ်မိသားစုနဲ့ တစ်မိ
သားစု၊ တစ်ယောက်နဲ့ တစ်ယောက်၊ သဘောထားချင်း မတူနိုင်ကြဘူး။ အဖေ အဖေချင်းမတူကြဘူး။
အမေ အမေချင်းမတူကြဘူး။ တစ်ချို့အဖေအမေတွေက သားသမီးကို ပုံချစ်ပစ်လိုက်တယ်။ တစ်ချို့

သံသရာထွက်လမ်းအစကို ရအောင်ယူနည်း။

     ဘ၀သံသရာ ခရီးကို လျှောက်တဲ့အခါမှာ ဗုဒ္ဓဘာသာဝင် သူတော်ကောင်းတို့သည်၊ အပါယ်လေး
ဘုံမှ လွတ်မြောက်ရာလမ်းစဉ်မှန်သို့ ရောက်ရန်အလွန်အရေးကြီးပါသည်။ လူ့ရဲ့သဘာဝအရ အပေါင်း
အသင်း၊ အဖေါ်ပြုမှုတွေဖြင့် တစ်ဦးပေါ်တစ်ဦး အပြန်အလှန် အကျိုးပြုပြီးတော့ နေကြပါသည်။   သူ

ဗုဒ္ဓဘာသာ/ သာသနာအတွက် အသိပညာပေး ဆောင်ပုဒ်များ(၃)။

 “သင်တန်းဖွင့်ကြစို့”
  ============
  တို့သာသနာ၊ တို့ဘာသာကို
  မျက်နှာလွှဲထား၊ မကြိုးစားက
  တို့များဘာသာ၊ ဆုတ်ယုတ်မှာမို့

ဗြဟ္မစိုရ်တရား ၄-ပါးအကြောင်း

ဤပြခဲ့သော မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ၄-ပါးကို ပါဠိလို “ဗြဟ္မ၀ိဟာရ”၊ မြန်မာလို “ဗြဟ္မစိုရ်” တရားလေးပါး ဟုခေါ်သည်။ (ဗြဟ္မ = မြတ်သော + ၀ိဟာရ = နေခြင်း။) “သတ္တ၀ါတို့အပေါ်၌ မေတ္တာပွား၍ ဖြစ်စေ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတို့တွင် တစ်ပါးပါး ပွား၍ဖြစ်စေ နေခြင်းသည် မြင့်မြတ်သော နေခြင်းဖြစ်သည်”ဟု ဆိုလိုသည်။ ထိုကဲ့သို့ ပွားများ၍ နေထိုင်ခြင်းသည် ဒေါသစိတ် အဘိဇ္ဈာ ဣဿာစိတ်တို့ဖြင့် နေခြင်းကဲ့သို့ ခြောက်ခြောက်သွေ့သွေ့ မဟုတ်ဘဲ စိုစိုပြည်ပြည် ရှိနေသောကြောင့် “ဗြဟ္မစိုရ်”ဟု ခေါ်ဟန်တူသည်။ (အချို့က “ဗြဟ္မစရိယ”ဟူသော ပါဠိကို “ဗြဟ္မစို”ဟု မြန်မာပြန်ထားကြောင်း ပြောကြ၏။)။

ဥပေက္ခာအကြောင်း

သတ္တ၀ါတို့အပေါ်၌ လျစ်လျူရူခြင်းသဘောသည် ဥပေက္ခာတည်း။ ထို့ကြောင့် “ရူသည်လျစ်လျူ၊ ပေက္ခပြုလော့”ဟု ဆိုခဲ့သည်။ (ဤဥပေက္ခာကို အဘိဓမ္မာကျမ်းများ၌ “တတြမဇ္ဈတ္တတာ စေတသိက်”ဟု ခေါ်သည်။) လျစ်လျူရူ ဟူသည် မေတ္တာကဲ့သို့ ချစ်လည်းမချစ်၊ ကရုဏာကဲ့သို့ သနားလည်းမသနား၊ မုဒိတာကဲ့သို့ ၀မ်းလည်းမမြောက်၊ ဒေါသကဲ့သို့ မုန်းလည်းမမုန်းဘဲ “မကောင်းလည်း သူ့ကံ၊ ကောင်းလည်း သူ့ကံ”ဟု ကမ္မသကာ ချထားခြင်းတည်း။ (ကမ္မ = မိမိပြုအပ်သော ကံသာ + သက = မိမိဥစ္စာဖြစ်သည်”ဟု သဘောထားခြင်း)

မုဒိတာအကြောင်း

ပြည့်စုံ ကြွယ်ဝ ချမ်းသာသူများကို မြင်ရကြားရသောအခါ ၀မ်းမြောက် ခြင်းသဘောတရားသည် မုဒိတာတည်း။ ထို့ကြောင့် “၀မ်းသာ-မုဒိ”ဟု ဆိုခဲ့ပေသည်။ ချဲ့ဦးအံ့ - ဥစ္စာစည်းစိမ် ဂုဏ်သိမ်ဘက် ဖြစ်စေ၊ အမျိုးအဆွေ၊ အဆင်း၊ ကျန်းမာခြင်း၊ ပညာတတ်ခြင်း စသည်တို့တွင် တစ်မျိုးမျိုးဘက်ကဖြစ်စေ သမ္ပတ္တိဆိုက်နေသူကိုမြင်ရ ကြားရသောအခါ အဘိဇ္ဈာ ဣဿာအားကြီးသူတို့၌ မတရားလိုချင်မူ၊ မနာလိုမူ၊ မစားရသည့်အမဲ သဲနှင့်ပက်လိုမူ စသော အယုတ်တမာတရားတွေ ဖြစ်တတ်သော်လည်း စိတ်ထားဖြူလွင့် သူတော်စင်တှို့၌ကား “တော်ပါ ပေတယ်၊ တော်ပါပေတယ်၊ သာဓု သာဓု၊ ရှေးကောင်းမူကြောင့် ယခုလို ချမ်းသာတာပါပဲ”ဟု မုဒိတာ အစစ်ဖြစ်နိုင်ကြပေသည်။

ကရုဏာအကြောင်း

ဆင်းရဲသော “ဒုက္ခိတသတ္တ၀ါ”များကို မြင်ရ ကြားရသောအခါ ဖြစ်ပေါ်လာသော သနားကြင်နာမူကို “ကရုဏာ”ဟု ခေါ်သည်။ ထို့ကြောင့် “သနားကရုဏာ”ဟု ဆိုခဲ့သည်။ ထိုသို့ ကရုဏာ ဆင်းရဲမူကို သက်သာနိုင်သမျှ သက်သာအောင် စောင့်ရှောက်လို၏။ ကူညီထောက်ပံ့လို၏။ ထိုသို့ မကူညီနိုင်လျှင် များစွာ စိတ်ထိခိုက်၏။ ရင်ထဲမှာ ပူလောင်သလို ဖြစ်၏။ ဤသို့ စိတ်ကို ထိခိုက်ခြင်းကား ကရုဏာအစစ်မဟုတ်ပါ။ ကရုဏာအရင်းခံ၍ သူတော်ကောင်း သန္တာန်မှာ ဖြစ်တတ်သော ဒေါမနဿ အကုသိုလ် ကလေးမျှသာ ဖြစ်သည်။ ဤအကုသိုလ်ကလေးကား ယုတ်မာဆိုးရွားလှသည် မဟုတ်ပါ။ ဒုက္ခိတသတ္တ၀ါကို မြင်လျှင် သူတော်စင်တို့ သန္တာန်၌ ဖြစ်လေ့ရှိသော သဘောထုံးစံပင်တည်း။

ကရုဏာအတု

တစ်ခါတစ်ရံ မိမိနှင့် သက်ဆိုင်သူများ ဆင်းရဲသည်ကို မြင်ရ ကြားရ၍ ကရုဏာအစစ်သဖွယ် ကယ်ဆယ်ချင်သော သဘောများဖြစ်၏။ ထိုအခါ ကရုဏာအစစ် လိုလိုနှင့် သောကဖြစ်တတ်လေသည်။ ကရုဏာအစစ်သည် သနားကြင်နာသော်လည်း စိတ်ကို မပူပန်စေတတ်၊ ကရုဏာအတုကား ပူပူပန်ပန် ရှိလေသည်။

မေတ္တာအကြောင်း

“မေတ္တာ”ဟူသော အမည်နာမဖြင့် စေတသိက် သီးခြားမရှိချေ။ ရှေ့၌ ပြခဲ့သော အဒေါသ-စေတသိက်ကိုပင် သတ္တ၀ါများ၏ စီးပွားချမ်းသာ လိုလားချစ်ခင်ရာ၌ “မေတ္တာ”ဟု ခေါ်ဝေါ်ရပေသည်။ ထို့ကြောင့် “မှတ်ယူချစ်ငြား-မေတ္တာပွား၍”ဟု ဆိုခဲ့သည်။ သို့ဖြစ်၍ တစ်ယောက်ယောက် အပေါ်ဝယ် သူ၏ အကျိုးစီးပွားကို လိုလားသော (ကြီးပွားအောင် စောင့်ရှောက်ကူညီလိုသော) ချစ်ခင်မူကို မေတ္တာဟု မှတ်ပါ။

မေတ္တာအတု


ဆွေချစ် မျိုးချစ် သမီးခင်ပွန်းချစ်စသော အချစ်များလည်း တစ်ယောက်အကျိုး တစ်ယောက်က လိုလားကြ၊ ကူညီစောင့်ရှောက်လို ထောက်ပံ့လိုကြ၏။ ထိုကဲ့သို့ ချစ်နေသူအပေါ်၌ “မေတ္တာရှိသည်”ဟုလည်း ပြောဆိုကြသည်။ သို့သော် ထိုအချစ်မျိုးမှာ မေတ္တာအစစ် မဟုတ်၊ လောဘခန်း၌ ပြခဲ့သော “ဂေဟဿိတ ပေမ = အိမ်၌မှီသောအချစ်”တည်း။

အ၀ိဇ္ဇာ၏ အဓိပ္ပါယ်။

  တစ်ချိန်တွင် ရဟန်းတော်တစ်ပါးက ဘုရားရှင်ထံတော်သို့ ချဉ်းကပ်ပြီးနောက် ဘု
ရားရှင်ကို ဤကဲ့သို့မေးမြန်းလျှောက်ထားတော်မူ၏ ---- “မြတ်စွာဘုရား ...
‘အ၀ိဇ္ဇာ အ၀ိဇ္ဇာ’ဟု ပြောဆိုနေပါသည် မြတ်စွာဘုရား၊ အဘယ်ကို အ၀ိဇ္ဇာဟုခေါ်

ဘ၀မှာ အကျိုးရှိရှိ နေဖို့ဆိုရင်။

       ဗုဒ္ဓဘာသာဝင်တွေအတွက် “ ဓမ္မ ” ဆိုတာ အမှန်အမှားကို ခွဲခြားသိနိုင်သော ဟောပြော
ထားတဲ့ ဗုဒ္ဓမြတ်စွာရဲ့ ဆုံးမသွန်သင်ချက်တွေကို ခေါ်ပါတယ်။ အကျိုးအကြောင်း၊ အကောင်းအ
ဆိုးတွေကို သိတာကိုလည်း ဓမ္မကိုသိတယ်လို့ ပြောလို့ရပါတယ်။

ပူဇော်ထိုက်သူကို ပူဇော်တတ်သော အရှင်သာရိပုတ္တရာ။

         အရှင်သာရိပုတ္တရာသည် ဥပတိဿ ပရဗိုဇ် ဘ၀ဖြင့် အရှင်အဿဇိထံမှ မြတ်စွာဘုရား၏
တရားတော်ကို နာကြားရ၍ သောတာပတ္တိ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ရခဲ့၏။ ထို့ကြောင့် ဆရာဖြစ်သူ
အရှင်အဿဇိကို ပူဇော်လို၍ ရောက်လေရာ အရပ်တိုင်း၌ အရှင်အဿဇိ  ရှိရာအရပ်ဘက်ကို    ဦး

ပိုကောင်းအောင်။

လူတစ်ယောက် သေသွားပြီးတဲ့နောက်ကျမှ
သူ့အပေါ် ကိုယ်စေတနာရှိကြောင်း ပြသနေတာထက်
သူမသေခင် ကိုယ်တက်နိုင်တဲ့ဘက်က ကြိုတင်အကူအညီ

ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အသိပညာပေးဆောင်ပုဒ်များ (၂) ။

 ရှင်မဟာသီလ၀ံသ ဆုံးမစာ (၁)
-------------------------
၁။ တိလောကဟု၊ မရနှိုင်းတူ
ဖက်မပြူသည်၊ သုံးဆူရတနာ
မာတာပိတ၊ ဆရာစ,သား
အရှင်များကို၊ ပြစ်မှားမဆို

"... ကြိုတင်မသိနိုင်သော အကြောင်း(၅)ပါးနှင့် မမေ့အပ်သည့် (၁၀)ချက် ..."

ကြိုတင်မသိနှိုင်သော အကြောင်း(၅)ပါး
---------------------------------------
၁။ မိမိအသက် သေမည့်ရက် သေချာတိကျ မသိနှိုင်။
၂။ မည်သည့်ရောဂါ သေရမှာ သေချာတိကျ မသိနှိုင်။
၃။ မည်သည့်ချိန်ခါ သေရမှာ သေချာတိကျ မသိနှိုင်။
၎။ မည်သည့်နေရာ သေရမှာ သေချာတိကျ မသိနှိုင်။
၅။ သေပြီးနောက်မှာ ဘယ်ရောက်မှာ သေချာတိကျ မသိနိုင်။
.
မမေ့အပ်တဲ့ (၁၀)ချက်

".... လူငယ်နှင့် ၀ိပဿနာ ...."

ဘယ်အရွယ်မှာ တရားအားထုတ်ရမလဲ ?
ဒီမေးခွန်းရဲ့အဖြေကို မဖြေခင် အာရုံနှိုးတဲ့အနေနဲ့ အားလုံးကြားဖူးပြီးဖြစ်တဲ့ ၀တ္ထုလေးတစ်ပုဒ်ကို အရင်ပြောပြရအောင်ပါ။
"မဟာဓနသူဌေးသား"ရဲ့ ၀တ္ထုလေးပါ။
မြတ်စွာဘုရားလက်ထက်တော်က ကုဋေရှစ်ဆယ်ချမ်းသာတဲ့ သူဌေးသားတစ်ယောက်ရှိပါတယ်။ သူဌေးသားရဲ့ မိဘတွေက သားဖြစ်သူကို ချစ်လွန်းလို့ ဒီတစ်သက် စားမကုန်ဘူးဆိုပြီး

ဒုလ္လဘတရား(၅)ပါး...။

လောကမှာ ရခဲလှတဲ့ အရာတွေရှိပါတယ် ဘုရားပြောတဲ့ ရခဲခြင်း (၅) မျိုးမှာ
(၁) ဗုဒ္ဓုပ္ပါဒ ဒုလ္လဘ = ဘုရားပွင့်သောကာလနှင့် ကြုံကြိုက်ခဲခြင်း၊
(၂) မနုဿတဘာဝ ဒုလ္လဘ = လူ့ဘ၀အဖြစ်ကိုရခဲခြင်း၊
(၃) သဒ္ဓါ သမ္ပတ္တိ ဒုလ္လဘ = သဒ္ဓါတရားနှင့် ပြည့်စုံနိုင်ခဲခြင်း၊
(၄) သဒ္ဓမ္မသ၀နအတိ ဒုလ္လဘ = သူတော်ကောင်းတရား (မှန်ကန်သောသစ္စာတရား)ကို
အလွန်ကြားနာရခဲခြင်း၊ တို့ဖြစ်ကြပါတယ်။

Thursday, October 23, 2014

အမောဟ (ပညာ) အကြောင်း

အမောဟဟူသည် ဉာဏ်ပညာတည်း။ ထို့ကြောင့် “ပညာဉာဏ်မူ၊ အမောဟဟူ၏”ဟုဆိုခဲ့သည်။ မောဟက ဖုံးလွှမ်းကွယ်ကာ ထားသောအရာဟူသမျှကို ဤဉာဏ်ပညာဟု ခေါ်သော အမောဟက မဖုံးကွယ်နိုင်အောင် စွမ်းနိုင်သမျှ ထုတ်ဖော်ပြသဖြင့် အမှန်ကိုသိရလေသည်။ သို့ဖြစ်၍ မောဟနှင့် အမောဟသည် “ခင်ပုတ်နှင့် ကျီး”ကဲ့သို့ ကမ္ဘာ့ရန်သူကြီးများပေတည်း။

ပညာစစ်
ဤဉာဏ်ပညာသည် ပညာစစ် ပညာတုဟု နှစ်မျိုး ရှိ၏။ ထိုတွင် ကံ ကံ၏ အကျိုးကို သိတတ်သော ဉာဏ်၊ စာပေကျမ်းဂန်၏ အဓိပ္ပာယ်မှန်ကို နားလည်သောဉာဏ်၊ ၀ိပဿနာဉာဏ်၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်များနှင့် ဘုရားရှင်၏ သဗ္ဗညုတဉာဏ် တိုင်အောင် အပြစ်ကင်းသော အသိအလိမ္မာ ဉာဏ်ဟူသမျှ ပညာ အစစ်ပင်တည်း။

အဒေါသအကြောင်း

မခက်ထန် မကြမ်းတမ်းခြင်း သဘောသည် အဒေါသတည်း။ ထို့ကြောင့် “အဒေါသတွက်၊ မခက်မထန်”ဟု ဆိုခဲ့သည်။ ဤအဒေါသသည်လည်း ဒေါသကို ဆန့်ကျင်ဘက်ပြုကာ ကမ္ဘာကြေသော်လည်း ဥဒါန်းမကျေနိုင်သော မြွေနှင့်တောက်တဲ့ကဲ့သို့ ဖြစ်သည်။ ဒေါသသမားတွေ ကြမ်းတမ်းသလောက် အဒေါသသမားများက ချိုသာသည်။ စိတ်နေသဘောထား အေးမြသဖြင့် သူတစ်ပါးက ဒေါနှင့်မောနှင့် ပြောသည်ကိုပင် သည်းခံခြင်း အအေးဓာတ်ဖြင့် ငြိမ်းစေနိုင်ကြ၏။


စိတ်ဓာတ်သာ အေးသည်မဟုတ်၊ ဒေါသသမားတို့၏ မျက်နှာ အနေလည်း ငွေစန္ဒာလမင်းအသွင် ကြည်လင်လှပ၍ ပသာဒရှိသည့်အပြင် ချိုသာသော စကားအသုံးအနူန်းတို့ကြောင့် တွေ့ရသူတိုင်း မမုန်းနိုင်အောင် ကျက်သရေကို ဆောင်လျက်ရှိကြပေသည်။ အဒေါသ ဓာတ်ခံသည် သို့လောက်ပင် အကျိုးကြီးမား၏။ တစ်လောကလုံး၏ အနှစ်သက်ဆုံးသော မေတ္တာဟူသည်လည်း ဤအဒေါသပင်ဖြစ်ပေသည်။

ဟီရိနှင့် သြတ္တပ္ပတို့အကြောင်း

မကောင်းမူဒုစရိုက်ကို ပြုရမည်မှ ရှက်ခြင်းသဘောသည် ဟီရိဖြစ်၍ ကြောက်လန့်ခြင်းသဘောကား သြတ္တပ္ပဖြစ်သည်။ ထို့ကြောင့် “ဒုစရိကို-ဟီရိရှက်စွ၊ လန့်သြတ္တနှင့်”ဟု ဆိုခဲ့သည်။ ဤဟီရိ သြတ္တပ္ပ ၂-ပါးတို့တွင် မိမိ၏ ဂုဏ်သိက္ခာကို စောင့်ရှောက်လေ့ရှိသူတို့၌ ဟီရိတရား ထင်ရှားသကဲ့သို့ ဆရာ မိဘ ဆွေမျိုး စသူနှင့် အခြားလူများကို လေးစားသူ၌ သြတ္တပ္ပတရား ထင်ရှားပေသည်။


ချဲ့ဦးအံ့။ ။“ငါသည် အမျိုးကောင်း တစ်ယောက်ဖြစ်၏။ ငါ့လို အမျိုးကောင်းသူက မကောင်းမူပြုနေလျှင် (ဥပမာ - တံငါလုပ်နေလျှင်) ရှက်စရာ ဖြစ်လိမ့်မည်”ဟု မိမိအမျိုးဂုဏ်ကို စောင့်ထိန်းသောအားဖြင့် မကောင်းမူကို ပြုရမည်မှ ရှက်၏။ ပညာတတ်သူကလည်း “ငါ့လို ပညာရှိတစ်ယောက်က အောက်ကျသော မကောင်းမူပြုလျှင် (သူ့ဥစ္စာ မတရားယူလျှင်) ရှက်စရာ ဖြစ်တော့မည်။” အသက်ကြီးသူကလည်း “ငါ့လို အဘိုးကြီးက မကောင်းမူကို ပြုနေလျှင် (လိမ်နေလျှင်) ရှက်စရာကြီး ဖြစ်တော့မည်” ဤသို့ စသည်ဖြင့် မိမိမှာ ရှိသော ဂုဏ်တစ်ခုခုကို လေးစားသူ၌ ဟီရိတရား ထင်ရှားလေသည်။

အလောဘအကြောင်း

မလိုချင်မူသဘောသည် အလောဘတရားတည်း။ ထို့ကြောင့် “အလောဘလျှင်၊ မလိုချင်တည်း”ဟု ဆိုခဲ့သည်။ ဤအလောဘ၏ မလိုချင်မူသည် လောဘနှင့် ပြောင်းပြန်ဖြစ်၏။ မီးနှင့်ရေပမာ ကမ္ဘာ့ရန်ဘက်ကဲ့သို့ ဖြစ်ရကား လောဘ၏ လိုချင်အပ်သော အရာမှန်သမျှကို အလောဘက မလိုချင်ချည်းဖြစ်သည်။ မျက်မြင်အားဖြင့် လောဘသမားနှင့် အလောဘသမားတို့ ကွာခြားပုံကို သတိပြုပါ။

လောဘဘုန်းကြီး

လောဘသမားသည် ဘုန်းကြီးဖြစ်လျှင် ပစ္စည်းလာဘ်ကို လိုချင်၏။ မိမိကို လှူချင်လာအောင် ဆွယ်တရားဟော၏။ ရပြန်လျှင်လည်း ထိုပစ္စည်းကို မလှူရက် မပေးရက်၊ အလွန်မက်မော၏။ ထိုပစ္စည်းရမူကို အကြောင်းပြု၍ “အာဂ---ငါပဲ”ဟု စိတ်ကြီးဝင်လိုက်သေး၏။ လှူဒါန်းနိုင်သော ဒကာ ဒကာမများကို အောက်ကျို့၍ ဆက်ဆံရသဖြင့် မိမိ၏ အောက်ကျပုံကိုကား သတိမရရှာချေ။

သတိအကြောင်း

အောက်မေ့ခြင်း အမှတ်ရခြင်း သဘောသည် သတိတရားတည်း။ ထို့ကြောင့် “အောက်မေ့-သတိ”ဟု ဆိုခဲ့သည်။ ဤအောက်မေ့မူ၊ အမှတ်ရမူသည် အလွန်များပြား၏။ ရှေးကကုသိုလ်ကောင်းမူ တစ်ခုခု ပြုခဲ့၏။ ယခု ထိုကုသိုလ်ကို ပြန်၍ အမှတ်ရ၏။ တရားစကား ပြောဟောနေသည့်အခါ၊ ဆုံးမသြ၀ါဒ ပေးနေသည့်အခါ မှတ်မိနားလည်အောင် သတိထား၍ နားထောင်၏။ ကမ္မဋ္ဌာန်းနှလုံးသွင်းသည့်အခါ အာရုံပျောက်မသွားအောင် စူးစူးစိုက်စိုက်နှင့် နှလုံးသွင်း၏။

“မနုဿတ္တဘာဝေါ ဒုလ္လဘော”။

         မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်က  “မနုဿတ္တဘာဝေါ ဒုလ္လဘော” တဲ့၊ လူ့ဘ၀ဆိုတာ
ရဖို့အင်မတန်ခက်ပါတယ်၊ ဘာဖြစ်လို့ခက်တုန်းဆို စဉ်းစားကြည့်ပေါ့။ လူ့ဘ၀က ဘာကြောင့်
ရနိုင်တာတုန်းဆိုရင် ကုသိုလ်ကြောင့်ရတာဖြစ်ပါတယ်၊ ကဲ ကုသိုလ်စိတ်ဖြစ်တဲ့ အချိန်ဟာ များသ

မဂ်ဖိုလ်တရားကို ထိုးထွင်း၍ မသိနိုင်သူ ၁၅ ဦး။

၁။ တိရစ္ဆာန်
၂။ ပြိတ္တာ
၃။ မိ စ္ဆာဒိဌိ
၎။ ကောက်ကျစ်စဉ်းလဲသူ

မနက်ဖြန်ကမ္ဘာ။

        ယနေ့ လူသားတွေရဲ့ အသက်ဟာ ရှစ်ဆယ်တန်းလို့ ဆိုပါစို့။ အသက်ရှစ်ဆယ်တန်းက
နေ လူတွေရဲ့ မနက်ဖြန် ကမ္ဘာဟာ ဘာဖြစ်ဦးမလဲဆိုတာကို မြတ်စွာဘုရားက လူတွေသိရှိ
အောင် “စက္က၀တ္တိသုတ္တန်” မှာ ဟောကြားထားပါတယ်။ လူတွေရဲ့အသက်ဟာ အခုသက်တမ်း

သံသရာလည်ကြောင်းနှင့် သံသရာပြတ်ကြောင်း။

 သံသရာလည်ကြောင်းမှာ=၁။ စက္ခုဓါတ်ကိုလည်းကောင်း၊ ရူပဓါတ်ကိုလည်းကောင်း၊ စွဲ၍
စက္ခုဝိညာဏဓါတ် ဖြစ်ပါသည်။ သုံးပါးသောဓါတ်တို့၏ ပေါင်းဆုံခြင်းကြောင့် ဖဿဖြစ်ပါသည်။
ဖဿဟူသော  အကြောင်းကြောင့် ဝေဒနာ ဖြစ်ပါသည်။ ဝေဒနာဟူသော  အကြောင်းကြောင့်

ဗုဒ္ဓဘာသာ/ သာသနာအတွက် အသိပညာပေး ဆောင်ပုဒ်များ(၂)။

 “ဓမ္မစကား”
   ========
   ဓမ္မစကား
   နေ့တိုင်းကြားက
   စိတ်ထားဖွေးလက်
   သိဉာဏ်ထက်၏။ ။

"... ဓူတင် ၊ သမာဓိ ၊ ဒါန ..."

Q.အရှင်ဘုရား…
(၁) ဓူတင် ၁၃ပါးဆိုတာ သိလိုပါတယ်ဘုရား။ ၈ပါးသီလမှာ မြင့်သောနေရာ မြတ်သောနေရာ ရှောင်ရမယ်ဆိုတာလဲ သေချာရှင်းပြပေးစေလိုပါတယ်။ ဆိုဖာပေါ်မှာ ထိုင်မိတာ၊ တည်းခိုခန်းထဲက အခင်းထူထူခင်းထားတဲ့ ကုတင်ပေါ်အိပ်ရတာ ဥပုသ်ကျိုးပါသလား။

ဥပုသ်စောင့်တယ်ဆိုတာ

တစ်လောက စာဖတ်ပရိတ်သတ် ဒကာလေးတစ်ယောက်နဲ့ အွန်လိုင်းမှာတွေ့တော့ သူက “ဘုန်းဘုန်းဘုရား တပည့်တော် တစ်ခုလောက် မေးလျှောက်ချင်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် တပည့်တော် ဒိအသက်ဒီအရွယ်အထိ ဥပုသ်တစ်ခါမှ မစောင့်ဖူးဘူးဘုရား၊ စောင့်ရကောင်းမှန်းလည်း မသိဘူး။ ဘယ်လိုစောင့်ရတယ်ဆိုတာလည်း မသိဘူး။ ပြောရရင် ဥပုသ်ဆိုတဲ့

သီတဂူဆရာတော်ဘုရားဟောကြားသောဗုဒ္ဓဘုရားပွင့်ရခြင်းအကြောင်း(၅)ချက်...။

ဘုရားရှင်တွေ တိုးတက်တဲ့.ဒီဘက်ခေတ်မှာ ဘာလို့ မပွင့်တာလဲ..လို့ မေးထားတာပါ။..
ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး ရဲ့ ဗုဒ္ဓ၀င် တရားလေးကို နာဖြစ်ခဲ့ပါတယ်။ ဒီတရားလေး နာဖြစ်လိုက်ရင်..အဲသံသယကို ပြေလည်စေနိုင်ပါတယ်။..အခု အဲတရားလေးထဲက..ဆရာတော်ကြီး ဟောထားတဲ့ ဘုရားအလောင်းတော်ရဲ့ ဘုရားဖြစ်ဖို့ရန် ..ကြည့်ခြင်းကြီး (၅)ပါးကို ရေးလိုက်ချင်ပါတယ်။...

Wednesday, October 22, 2014

သဒ္ဓါအကြောင်း

ယုံကြည်ခြင်းသဘောတရားသည် သဒ္ဓါတည်း။ ထို့ကြောင့် “ယုံကြည်တတ်လေ့၊ သဒ္ဓါငွေ့တည်း”ဟု ဆိုခဲ့ပေသည်။ “ယုံကြည်”ဟူရာ၌ ယုံအတွက် အဓိပ္ပာယ်တစ်ရပ်၊ ကြည်အတွက် အဓိပာယ်တစ်ရပ် ၂-မျိုးခွဲ၍ မှတ်ရမည်။


ဒိဋ္ဌိသည် ကံတရားမရှိ၊ ကံ၏ကောင်းကျိုးဆိုးကျိုးမရှိ။ လွန်ခဲ့သောကာလက မိမိတို့ ဖြစ်ခဲ့ရသော ဘ၀ဟောင်းဟူ၍ မရှိ၊ ယခုဘ၀သေလျှင် နောက်ထပ်ဖြစ်ဖို့ ဘ၀သစ်လည်း မရှိ။ ဤဘ၀ ထိုဘ၀ ဓမ္မအားလုံးကို သိနိုင်သော လူဘုရားမရှိ၊ တရားမရှိ၊ သံဃာမရှိ။ ဤသို့ စသည်ဖြင့် ယူမှား၏။ ထိုကံစသည်ကို လုံးဝမယုံချေ။ ၀ိစိကိစ္ဆာမှာ မယုံတစ်ဝက် ယုံတစ်ဝက်နှင့် ယုံမှားသံသယဖြစ်နေ၏။ ဤသဒ္ဓါကား “ကံ-ကံ၏အကျိုးစသော အရာစုကို ဧကန်ရှိ၏”ဟုယုံသည်။ ဤ ယုံသောသဒ္ဓါကို “သဒ္ဓါမောက္ခ = ယုံသောအားဖြင့် ဆုံးဖြတ်ခြင်းသဘော”ဟုလည်း ကျမ်းဂန်တို့၌ ဆို၏။ ဤသို့ အမှန်ရှိသော အကြောင်းအရာ၌ ယုံခြင်းကိုသာ သဒ္ဓါအစစ် ကုသိုလ်ဖြစ်သည်ဟု မှတ်ပါ။

စေတသိက်များအကြောင်း

စိတ်ကိုကောင်းအောင် ခြယ်လှယ်သော စေတသိက်များ
 
၁။ သဒ္ဓါ
၂။ သတိ
၃။ ဟီရိ
၎။ သြတ္တပ္ပ
၅။ အလောဘ
၆။ အဒေါသ
၇။ အမောဟ
၈။ မေတ္တာ
၉။ ကရုဏာ
၁၀။ မုဒိတာ
၁၁။ ဥပေက္ခာ
၁၂။ သမ္မာဝါစာ
၁၃။ သမ္မာကမ္မန္တ
၁၄။ သမ္မာအာဇီဝ

ဝိစိကိစ္ဆာအကြောင်း

ဘုရားစသည်တို့၌ ယုံမှားခြင်းသဘောသည် “၀ိစိကိစ္ဆာ”တည်း။ ထို့ကြောင့် “ဘုရား စသည့်၊ ယုံမှား ဘိမူ၊ ၀ိစိကိစ္ဆာ”ဟုဆိုခဲ့သည်။ “ယုံမှား”ဟူသည် လုံးလုံး မယုံကြည်ခြင်းမျိုးလည်း မဟုတ်၊ စိတ်ချလက်ချ မယုံကြည်ဘဲ “မယုံတစ်ဝက်၊ ယုံတစ်ဝက်” ဆိုသလို ဖြစ်နေခြင်းမျိုးတည်း။ ဤ၀ိစိကိစ္ဆာ၏ မယုံမူများကား -----

၁။ အလုံးစုံကို အကုန်သိသော ဘုရားဆိုတာ ဟုတ်ပါ့မလား။

၂။ ထိုတရားအတိုင်း ကျင့်လျှင် နတ်ရွာ နိဗ္ဗာန် ရနိုင်သည်ဆိုတာ ဟုတ်မှဟုတ်ပါ့မလား။

၃။ (ကောင်းမွန်စွာ ကျင့်သော သံဃာကို ကြည့်၍) ကောင်းမွန်စွာကျင့်သော သံဃာ ဟုတ်မှ ဟုတ်ရဲ့လား။

ထိနမိဒ္ဓတို့အကြောင်း

စိတ်ရောကိုယ်ပါ သွက်လက်ခြင်း မရှိဘဲ ထိုင်းတိုင်းတိုင်း ဖြစ်ခြင်းကို “ထိန”ဟု လည်းကောင်း၊ မိုင်းတိုင်းတိုင်း ဖြစ်ခြင်ကို “မိဒ္ဓ”ဟုလည်းကောင်း ခေါ်၏။ ထို့ကြောင့် “ထိုင်းခြင်း ထိန၊ မိုင်း မိဒ္ဓနှင့်”ဟု ဆိုခဲ့သည်။ ဤစေတသိက်နှစ်ပါးသည် အတူ ဖြစ်ရိုးတည်း။ ဤ ၂-ပါးဖြစ်သည့်အခါ လုံ့လ၀ီရိယကင်း၍ ပျင်းရိသလို ဖြစ်နေ၏။ ဆိုင်ရာ အလုပ်ကိစ္စ၌ ထက်ထက်သန်သန် မရှိဘဲ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေ၏။ ဤ ၂-ပါးဖြစ်ပုံသည် အိပ်ပျော်ခါနီးအခါ၊ တရားနာရင်း ငိုက်သည့်အခါတို့၌ ထင်ရှား၏။

ကုက္ကုစ္စအကြောင်း

နောင်တတစ်ဖန် ပူပန်ခြင်းသဘောသည် “ကုက္ကုစ္စ”တည်း။ ထို့ကြောင့် “ကုက္ကုစ္စကား၊ နောင်တစ်ဖန်၊ ပူပန်ထန်ပြင်း”ဟု ဆိုခဲ့သည်။ ချဲ့ဦးအံ့-ဤကုက္ကုစ္စ၏ နောင်တရမူသည် အကုသိုလ်ပြုပြီးမှ “ပြုမိတာ မှားလေစွ”ဟုလည်းကောင်း၊ ကုသိုလ် မပြုခဲ့မိ၍ “မပြုမိတာ မှားလေစွ”ဟု လည်းကောင်း နောင်တရခြင်း ၂-မျိုးရှိ၏။

နောင်တရပုံ

“ဒု-သ-န-သော”ဟု အများပြောကြသော သူဋ္ဌေးသားလေးယောက်သည် လူ့ဘ၀၌ ကုသိုလ်ကောင်းမူ ပြုလုပ်ဖို့ရာ ပစ္စည်းအလုံးအလောက် ရှိကြပါလျက် ကုသိုလ်ကောင်းမူ ပြုရမည့်အစား မိစ္ဆာစာရ ကာမမူ အကုသိုလ်ကိုသာ ပြုမှားခဲ့ကြလေသည်။ ထို့နောက် “လောဟကုမ္ဘီ” သံရည်ပူငရဲ၌ကျကာ အနှစ် ၆-သောင်းကြာမှ ပေါ်လာ၍

ပြည်ကြီး (၁၉) ပြည်။

၁။ ဗာရာဏသီပြည်ကြီး။
၂။ သာဝတ္တိပြည်ကြီး။
၃။ ဝေသာလီပြည်ကြီး။
၎။ မိတ္ထိလာပြည်ကြီး။
၅။ အာဠ၀ီပြည်ကြီး။

ဇဋိလ၏ မှားယွင်းခဲ့သော သံသရာခရီး။

        သံသရာခရီးသွားရင်း အမှားလုပ်မိတဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်ပုံဒုက္ခ ရောက်ကြတယ်ဆိုတာ
မှတ်သားပြီး အမှားမလုပ်မိအောင် သတိဆောင်ကြဖို့ လိုပါတယ်။ သံသရာခရီး သွားနေတဲ့ ပုဂ္ဂိုလ်
တိုင်းဟာ အမှားလုပ်မိတတ်ကြပါတယ်။ ဘာကြောင့် အမှားလုပ်မိသလဲဆိုရင် အကြောင်းအကျိုး
အမှန်တရားကို မသိတာကအဓိကပါ။ လုပ်သင့်တာနဲ့ မလုပ်သင့်တာကို ခွဲခြားပြီး မသိတတ်ကြပါ။

ဘ၀လှအောင်ပြင်ချင်စိတ်။

     ဘုန်းဘုန်းကတော့ အစိုးရမူလတန်းကျောင်းမှာ တစ်တန်းကစပြီး ကျောင်းနေရတယ်။ အဲဒီတစ်
တန်းမတိုင်ခင်က မူကြိုခေါ်မလား၊ သူငယ်တန်းခေါ်မလား မပြောတတ်ပါဘူး။ ဘုန်းဘုန်းတို့ရဲ့  စစ်
ကိုင်းတောင်ရိုးက ရေဦးတိုက်သစ်ဆိုတဲ့ ကျောင်းတိုက်ရှိတယ်။ အဲဒီကျောင်းတိုက်မှာ  ဒီအနီးအနား
ရပ်ရွာတွေက  မူလတန်းအရွယ် ကလေးတွေကို  ပညာရေး ဖြည့်ဆည်းပေးနေတာက   ဆရာတော်

ဘုရားလောင်း (သိဒ္ဓတ္ထမင်းသား) အလေးအနက်ထားပြီး ဆင်ခြင်တော်မူခဲ့သည့် တရားတော်။

     ကပိလ၀တ်ပြည် သုဒ္ဓေါဓန မင်းကြီး၏သားတော် သိဒ္ဓတ္ထမင်းသားဟာ ဒေ၀ဒဟပြည့်ရှင်
သုပ္ပဗုဒ္ဓမင်း၏ သမီးတော် ယသော်ဓရာဒေ၀ီနှင့် လက်ထပ်ပြီးလျှင်  မင်းသမီးပေါင်း    လေး
သောင်း အခြွေအရံများနှင့်တကွ ကြီးကျယ်သော မင်းစည်းစိမ် ကာမဂုဏ် အာရုံများဖြင့် ပျော်
မွေ့ နေတယ်။ တစ်နေ့ သောအခါ  ဥယျာဉ်တော်သို့  အခြွေအရံများနဲ့ တကွ ပျော်ပွဲစားထွက်

သေရမှာ မကြောက်တဲ့ဆေး။

ကိုယ့်ရုပ်ကိုယ့်နာမ်တွေ အမြဲပျက်၊
အမြဲသေနေတာတွေကို အမြဲကြည့်ရှု
သိမြင်နေသူအဖို့ တစ်ဘ၀တစ်ခါ
သေရတာဟာ ကြောက်စရာ မဟုတ်တော့ပါဘူး။

".... အချစ်ကံခေပေမယ့် အနှစ်ကျန်စေရမယ် ...."

ဗုဒ္ဓဘာသာဝင်တွေရဲ့အခြေခံအကျဆုံးယုံကြည်ချက်ကတော့ကံနဲ့ကံရဲ့အကျိုးတရားပါပဲ။
“ကောင်းတာလုပ်ခဲ့ရင်ကောင်းကျိုးရမယ်၊ မကောင်းတာလုပ်ခဲ့ရင် မကောင်းကျိုးရမယ်၊ အချိုစေ့စိုက်ခဲ့ရင် အချိုပင်ပေါက်ပြီး အချိုသီးစားရမယ်၊ အခါးစေ့စိုက်ခဲ့ရင် အခါးပင်ပေါက်ပြီး အခါးသီးစားရမယ်၊
ကိုယ်စိုက်ပျိုးတဲ့ မျိုးစေ့နဲ့ ထိုက်တန်တဲ့ အပင်ပေါက်ပြီး အဲဒီအပင်နဲ့ ထိုက်တန်အသီးကိုပဲ ကိုယ်စားရမယ်၊ အလုပ်ဆိုတာကံ

အိမ်ထောင်ရှင်မ ဖြစ်တော့မည့် ၀ိသာခါကို သူ့မိဘများ မှာကြားလိုက်သော စကား(၁၀)ခွန်း

၁) အိမ်တွင်းမီး အပြင်မထုတ်ရ
၂) အိမ်ပြင်မီး အတွင်းမသွင်းရ
၃) ပြန်ပေးမည့်သူကိုသာပေး။
၎) ပြန် မပေးမဲ့သူကို မပေးနဲ့။
၅) ပေးသင့်သူကိုလည်း ပေး။
၆) ချမ်းသာစွာထိုင်။

ဘာသာမဲ့သူများအတွက် တမလွန်ဘ၀...

အမေး။ ။ အရှင်ဘုရား ဘယ်ဘာသာမှ ကိုးကွယ်မှုမရှိတဲ့ လူတစ်ယောက်အနေနဲ့ လက်ရှိဘ၀မှာရော တမလွန်ဘ၀မှာပါ ဘယ်လိုအခြေအနေမျိုး ဖြစ်လာနိုင်ပါသလဲဘုရား။
ရန်အောင်ဖြိုး
ရုရှား

Tuesday, October 21, 2014

မစ္ဆရိယအကြောင်း

ဝန်တိုခြင်းသဘောသည် “မစ္ဆရိယ”တည်း။ ထို့ကြောင့် “ပြောထူးမစ္ဆေ ၀န်တိုလေသတဲ့”ဟု ဆိုခဲ့သည်။ ယခုကာလ၌ မလှူရက်၊ မပေးကမ်းရက်သော သူကို မစ္ဆရိယရှိသူဟု ခေါ်ကြသည်။ မစ္ဆရိယကား မလှူချင် မပေးချင်မူမျိုးမဟုတ်၊ သူတစ်ပါးတို့အား မရစေချင်သော သဘောသာတည်း။ ထို့ကြောင့် မလှူချင်မပေးချင်မူတို့မှာ မိမိပစ္စည်းကို တွယ်တာသော လောဘသဘောသာ ဖြစ်သည်။ မိမိပစ္စည်းကို ဖြစ်စေ၊ အခြားပစ္စည်းကို ဖြစ်စေ၊ ဂုဏ်ကိုဖြစ်စေသူ တစ်ပါးမရစေလိုသော သဘောကိုသာ ၀န်တိုမူ မစ္ဆရိယသဘောဟု မှတ်ပါ။ ဤမစ္ဆရိယကို ကျမ်းဂန်တို့၌ ၅-မျိုးပြ၏။

ဣဿာအကြောင်း

ငြူစူခြင်း၊ မနာလိုခြင်း သဘောတို့သည် “ဣဿာ”ပင်တည်း။ ထို့ကြောင့် “ဣဿာလျှံမူ၊ လွန်ငြူစူ၏” ဟုဆိုခဲ့သည်။ သူတစ်ပါးလှကြောင်း၊ ဥစ္စာပေါကြောင်း၊ ပညာတတ်ကြောင်း၊ အကျင့်ကောင်းကြောင်း စသော ဂုဏ်သတင်းများ ပြောပြလာလျှင် မနာလိုခြင်း (နားမထောင်လိုခြင်း) နားမထောင်လိုရုံသာမကတော့ဘဲ “ဇီးကွက်လောက်တော့ ငှက်တိုင်းလှရဲ့၊ သည်လိုယုန်တော့ ချုံတိုင်းရှိရဲ့” စသည်ဖြင့် နူတ်ခမ်းစူကာ၊ ပါးစပ်ရွဲ့ကာ၊ မျက်စောင်းထိုးကာနှင့် ပြောဆိုကဲ့ရဲ့တတ်ခြင်းသည် ဣဿာသဘောချည်းတည်း။ (ကျေးရွာသားတို့ ကဲ့ရဲ့ရာ၌ကား “ဒီထန်းသီးမူတ်မျိုးတော့ ဘယ်ထန်းပင်အောက်မဆို ကောက်လို့ ရနိုင်တယ်”ဟု ဆိုလေ့ရှိ၏။)

ဥပါယာသအကြောင်း

ဆွေမျိုး ဂုဏ်သိန် စည်းစိမ်ဥစ္စာ စသော သမ္ပတ္တိတို့ တစ်ခုခု ပျက်စီးသည့်အခါတို့၌ ပြင်းစွာဖြစ်သော ဒေါသကို “ဥပါယာသ”ဟု ခေါ်၏။ ရိုးရိုးဒေါသဖြစ်သောအခါ စိတ်ဆိုး၏။ သတ်ဖြတ်ချင်၏။ ဤဥပါယာသဟုခေါ်သော ဒေါသဖြစ်သောအခါ၌ကား လွန်စွာ စိတ်ပူပန်၏။ ပူပန်သော စိတ်၏ အပူဓာတ်သည် နှလုံးသွေးကို အရှိန်ဟပ်သဖြင့် နှလုံးသွေးမှ ဖြာ၍ကျသော သွေးများသည် အကြောသို့လျှောက်ကာ တစ်ကိုယ်လုံး ထူပူပြီးလျှင် မေ့မြော၍ပင် သွားတတ်၏။ အပူလုံးဆို့ကာ တက်သွားတတ်သည်။

ဒုက္ခဒေါမနဿအကြောင်း

ကိုယ်ဆင်းရဲမူကို “ဒုက္ခ”၊ စိတ်ဆင်းရဲမူကို “ဒေါမနဿ” ဟုခေါ်၏။ အသွားအလာ၊ အလုပ်အကိုင်၊ အနေအထိုင်၊ ကျပ်တည်းကျဉ်းမြောင်းမူ၊ ရောဂါဝေဒနာဒဏ်ကို ခံစားနေရမူ၊ အရိုက်အနှက်ခံရမူ၊ တစ်စုံတစ်ခုနှင့် ထိခိုက်မူ စသည်တို့ကြောင့် ခန္ဓာကိုယ်၏ ပင်ပန်းနွမ်းနယ်ခြင်းသည် ဒုက္ခချည်းတည်း။ ယခုလောက၌လည်း ကိုယ်ခန္ဓာ နာကျင်လျှင် “အလိုလေး-ဒုက္ခ ဒုက္ခ”ဟု ညည်းညူကြလေသည်။ ထိုသို့ ခန္ဓာကိုယ် ဆိုင်းရဲသော်လည်း ပါရမီဖြည့်တော်မူရာ၌ မဟော်သဓာ၊ ဝေဿန္တရာဘ၀ စသည်တို့ဝယ် ကိုယ်ခန္ဓာ မသက်သာဘဲ ဆင်းရဲဒုက္ခ ရောက်တော်မူခဲ့၏။ သို့သော် သတ္တ၀ါတို့၏ အကျိုးကို မျှော်ကိုးရင်း စေတနာကြောင့် စိတ်ဆင်းရဲမူ ဒေါမနဿကား မဖြစ်ခဲ့ပါ။

သောကအကြောင်း

ဝမ်းနည်းမူကို “သောက”ဟုခေါ်သည်။ နောက်၌ ပြမည့် ဒေါမနဿ ဝေဒနာ စေတသိက်ကိုပင် ၀မ်းနည်းစရာတွေ့၍ စိတ်မချမ်းမသာ ဖြစ်ရာ၌ “သောက”ဟုခေါ်လေသည်။ ဤသောကဖြစ်တိုင်း ဒေါသလည်း ပါနေသောကြောင့် ဒေါသနှင့်စပ်၍ သောကအကြောင်းကိုလည်း သိသင့်သည်။ သောက၏ ၀မ်းနည်းမူသည် ယခု လူတို့၌ များပြားလှချေ၏။ မိမိနှင့် ချစ်ခင်နေသော ဆွေမျိုးစသည်တို့ ပျက်စီး၍ ၀မ်းနည်းရခြင်း၊ စည်းစိမ်ဥစ္စာ ပျက်စီးဆုံးရူံး၍ ၀မ်းနည်းရခြင်း၊ မိမိအကျိုးကို လိုလားသော မိတ်ဆွေများ၌ ဥစ္စာစည်းစိမ်ပျက်၍ ၀မ်းနည်းရခြင်းများသည် သောကချည်းတည်း။

ကောဌာသ (၃၂) ပါး။

၁။ ကေသာ = ဆံပင်။
၂။ လောမာ = အမွေး။
၃။ နခါ = ခြေသည်းလက်သည်း။
၎။ ဒန္တာ = သွား။
၅။ တစော = အရေ။

အမှားလုပ်မိခဲ့တဲ့ သာမာဝတီမိဖုရား၏ သံသရာခရီး။

        ကောသမ္ဗီပြည်က ဥတေနမင်းကြီးမှာ သာမာဝတီဆိုတဲ့ မိဖုရားတစ်ပါးရှိပါတယ်။ တစ်နေ့
သာမာဝတီဆိုတဲ့ မိဖုရားဟာ နန်းပြသာဒ်ကြီးတစ်ခုလုံး မီးလောင်ပြီး အခြံအရံငါးရာနှင့် အတူတ
ကွ မီးလောင်သေဆုံးသွားပါတယ်။ ခုခေတ်လို ပြောမယ်ဆိုရင် အသေဆိုးနဲ့ သေသွားတယ်လို့
ပြောကြမှာပါ။ သာမာဝတီ မိဖုရား မီးလောင်လို့ သေရတာဟာ သံသရာခရီး သွားတဲ့အချိန် အ

ကိုယ်တိုင်ရွေးချယ်ပြုပြင်နိုင်သည့် အကောင်းဆုံးမိသားစုဘ၀သို့ ။

      ဘ၀ဆိုတာ အမိဝမ်းကြာတိုက်ထဲက စ ပါတယ်။ လောကမှာ အိမ်ကောင်းကောင်းနဲ့ နေချင်တဲ့
သူဟာ အိမ်ကောင်းကောင်းကို ရှာသလို အမိဝမ်းတိုက် ကောင်းကောင်းမှာ နေချင်ရင်လဲ အမေ့ဝမ်း
ကြာတိုက် ကောင်းကောင်းကို ရှာလို့ရပါတယ်။  အိမ်ဆိုတာက  အိမ်ကောင်းရင်လည်း  နေတဲ့သူက
ချမ်းသာသလို၊ နေတဲ့သူ ကောင်းရင်လည်း အိမ်က ပိုကောင်းလာပါတယ်။

လမ်းကြောင်းမှန်ရန်။

      မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး ကိုယ်တိုင်ပင်လျှင် ဘုရားမဖြစ်မှီ ဘုရားလောင်း
ဘ၀မှာ ဤပဋိစ္စသမုပ္ပါဒ် တရားတော်ကြီးကို အဆုံးကနေ အစရောက်အောင် ဆင်ခြင်တော်မူပါ
သည်။ တစ်ဖန် အစကနေ အဆုံးရောက်အောင် ဆင်ခြင်တော်  မူပါသည်။  ဤကဲ့သို့  ပဋိစ္စသ
မုပ္ပါဒ် ဒေသနာကို အစက အဆုံး၊ အဆုံးက အစ၊ ပြန်ရောက်အောင် ဆင်ခြင် သုံးသပ်တော်မူ

ဆဌသင်္ဂီတိပုစ္ဆက မဟာစည်ဆရာတော်ဘုရားကြီး၏ ဩ၀ါဒဆောင်ပုဒ်များ(၁)။

*** ပေါ်တိုင်းမပြတ်၊ ရှုမှတ်နေလျှင်၊
      ရုပ် နာမ် နှစ်မျိုး၊ ကြောင်းကျိုးသိမြင်၊
      မမြဲဆင်းရဲ၊ ဉာဏ်ထဲပေါ်လွင်၊
      အနတ္တ သိရ နိဗ္ဗာန်ဝင်။ ။ ။

ပျက်စီးခြင်း နှင့် ပြည့်စုံခြင်း (သို့) ဗျသနသုတ် ။

ရဟန်းတို့ ပျက်စီးခြင်းတို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်း ဟူမူ -
အဆွေအမျိုးတို့၏ ပျက်စီးခြင်း
စည်းစိမ်ဥစ္စာတို့၏ ပျက်စီးခြင်း
အနာရောဂါ နှိပ်စက်မှုဟူသော ပျက်စီးခြင်း
အကျင့်သီလ၏ ပျက်စီးခြင်း
အယူ၏ ပျက်စီးခြင်းတို့တည်း။

ဆန္ဒရှိမှကိုးကွယ်ပါ...။

မွေးလာထဲကမျက်စိမမြင် တဲ့လူတယောက်ဟာ အဖြုရောင်၊အနီရောင်၊ တော၊ တောင်၊ ရေမြေ၊
ယုတ်စွအဆုံး လူဆိုတဲ့သတ္တ၀ါတောင် ဘယ်လိုပုံစံမှန်းသူမသိပါဘူး၊ အဲမျက်စိမြင်တဲ့ လူကတော့ မျက်စိမမြင်တဲ့သူကိုလည်း
မြင်တယ်၊ ကျန်တဲ့သဘာဝ အလှတရားတွေအားလုံးကိုလဲ တွေ့မြင်ခံစားနိင်တာပေါ့၊ နောက်တခု သတ္တ၀ါထဲမှာ အသိဥာဏ်
အမြင့်ဆုံး ဆိုတဲ့ “လူ” သတ္တ၀ါကို မွေးပြီးပြီးခြင်းမှာ လူဝံတွေနေတဲ့ လှောင်အိမ်ထဲကိုထည့်ပြီး လူဝံတွေနဲ့အတူကြီးပြင်းပါစေ

Monday, October 20, 2014

ရှင်ရာဟုလာကိုပေးတဲ့ သြ၀ါဒ"

"ရှင်ရာဟုလာကိုပေးတဲ့ သြ၀ါဒ" •••••••••••••••••••••••••• အပြု (ကာယကံ) ပြုမည်ကြံလဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။ မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိမည်လဲ။ ထိခိုက်နိုင်ငြား၊ အပြုများ၊ မမှားရှောင်ကြဉ်ပါ။ ပြုဆဲမှာလဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။ မိမိ သူတပါး၊ နှစ်ဦးသား၊ ဘယ်သူ့များ ထိသလဲ။ ထိခိုက်နိုင်ငြား၊ အပြုများ၊ မမှားရှောင်ကြဉ်ပါ။ ပြုပြီးပြန်လဲ၊ သင့်စိတ်ထဲ၊ အမြဲဆင်ခြင်ပါ။

ပရိဒေ၀အကြောင်း

ငိုကြွေးမူကို “ပရိဒေ၀”ဟုခေါ်၏။ ဤပရိဒေ၀ဟူသည် “ငိုသံ”ပင်ဖြစ်၏။ သို့သော် ထိုငိုသံ ဖြစ်ခြင်း၏ အကြောင်းရင်းမှာ အတွင်းက ဒေါသ ဒေါမနဿတို့သာ ဖြစ်၍ ပရိဒေ၀သဘောကိုလည်း ဤနေရာမှာပင် မှတ်ထားသင့်ပေသည်။ ရာထူးဂုဏ်သိန် စည်းစိမ်ဆွေမျိုး စသည်တို့တွင် တစ်ခုခု ပျက်စီးသောအခါ ပျက်စီးတော့မည်ဟု ထင်ရသောအခါ လွန်စွာဝမ်းနည်းကြ၏။ အားငယ်ကြ၏။ ဤ၀မ်းနည်းအားငယ်မူကား ပြခဲ့သော “သောက” အမည်ရ ဒေါမနဿသာတည်း။ ထိုဝမ်းနည်းအားငယ်မူကို မျိုသိပ်၍ မထားနိုင်သောအခါ ပရိဒေ၀ ခေါ် ငိုကြွေးသော အသံတစ်မျိုး ပေါ်လာ၏။ “ပရိဒေ၀”မီးဟု ခေါ်ရာ၌ ငိုတဲ့အသံကို ခေါ်ခြင်းမဟုတ်၊ ထိုငိုသံ ဖြစ်လောက်အောင် ၀မ်းတွင်း၌ အပြင်းအထန် ပူပန်တောက်လောင်နေသော ဒေါသ ဒေါမနဿတို့ကို အစွဲပြု၍ ခေါ်ရခြင်း ဖြစ်သည်။

ပဠာသအကြောင်း

ပဠာသဟူသော ဂုဏ်တုဂုဏ်ပြိုင် ပြုတတ်သော ဒေါသတစ်မျိုးပင်တည်း။ သီလ သမာဓိ ပညာရှိသူ၊ ဥစ္စာပေါသူ၊ ရုပ်ချောသူ၊ အမျိုးမြတ်သူ၊ လိမ္မာသူများကို အသာမပေးနိုင်ဘဲ “သူနဲ့ငါနဲ့ ဘာထူးသေးသလဲ” (မိမိထက် အမှန် သာနေသူ၊ သာမှန်းလည်း သိလောက်သူနှင့်) အင်တူအားတူဂုဏ်တူလုပ်၍ ပြောဆိုပြိုင်ဆိုင်ခြင်းမျိုးတည်း။ မိမိမှာ ထိုကဲ့သို့ ဂုဏ်မျိုးရှိသည်ထင်၍ နိုင်းယှဉ်ပြောဆိုမူမှာ ပဠာသ မဟုတ်ချေ။

အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။

မက္ခအကြောင်း

ဒေါသနှင့်စပ်၍ အများဖြစ်သော မက္ခ-ပဠာသ-သောက-ပရိဒေ၀-ဒုက္ခ-ဒေါမနဿ-ဥပါယာသ တို့သဘောကိုလည်း မှတ်သင့်ပါသည်။ ထိုတွင် “မက္ခ”ဟူသည် သူ့ကျေးဇူးကို ချေဖျက်တတ်၊ ကျေးဇူးကန်းတတ်သော ဒေါသမျိုးတည်း။ ငယ်ရွယ်စဉ်ကပင် မိဘကျေးဇူး၊ ဆရာသမားကျေးဇူး၊ မိတ်ဆွေကောင်းကျေးဇူး စသည်ဖြင့် သူတစ်ပါးတို့က ပြုထားသော ကျေးဇူးတွေ ရှိတတ်ပေသည်။ ထိုကျေးဇူးများကို ကျေးဇူးဟုမထင်၊ ကျေးဇူးလည်း မတင်နိုင်ဘဲ “ငါ့မှာ သူကျေးဇူးဘာရှိလို့လဲ”ဟု ချေဖျက်တတ်၊ ကျေးဇူးကန်းတတ်ကြလေသည်။

ဒေါသအကြောင်း

စိတ်၏ ခက်ထန်ကြမ်းတမ်းခြင်း သဘောသည် ဒေါသမည်၏။ ထို့ကြောင့် “ဒေါသတွက်ကြောင့် - စိတ်စက်ခက်ထန်”ဟု ဆိုခဲ့သည်။ ခက်ထန်-ဆိုသော်လည်း ရူးရူးရှဲရှဲ ခက်ထန်ခြင်း တစ်မျိုးသာမဟုတ်။ စိတ်ညစ်နွမ်းနေပြန်လျှင်လည်း မညစ်နွမ်းသော စိတ်ကဲ့သို့ ညက်ညက်ညောညော မရှိ။ စိတ်ပုံမှာ ဖွာတာတာ ကြမ်းတမ်းတမ်း ရှိရကား စိတ်ညစ်နွမ်းမူ၊ စိတ်အားငယ်မူ၊ ကြောက်လန့်မူများလည်း ဒေါသဘောပင်။


အချုပ်မှာ - စိတ်ညစ်မူ၊ စိတ်မချမ်းသာမူ၊ ကြောက်ရွံ့မူ၊ စိတ်ပျက်မူ၊ စိတ်ကောက်မူ၊ စိတ်ဆိုးမူ၊ ရန်ငြိုးဖွဲ့မူ၊ ဆဲဆိုငေါက်ငမ်း ခြောက်ချမ်းမူ၊ တိုက်ခိုက်မူ၊ သေကြေပျက်စီးအောင် ကြံဆောင်မူ အစုစုသည် ဒေါသချည်းတည်း။ ကြောက်လန့်မူ၊ ကြမ်းတမ်းမူ ၂-မျိုးလုံး၌ပင် ဒေါသ ပါဝင်ရကား ဒေါသကြီး၍ စိတ်ခက်ထန်ကြမ်းတမ်းသူသည် ကြောက်စရာရှိလျှင်လည်း ကြောက်လွယ်တတ်သည်။ ထိုသူမျိုးကို သတိထား၍ အကဲခတ်ပါလေ။ (ခက်ထန်ကို အတက်ဒေါသ၊ ကြောက်ရွံ့မူကို အသက်ဒေါသဟုလည်း ခွဲကြသေး၏။)

အဟိရိကအကြောင်း

မရှက်ခြင်း သဘောသည် အဟိရိကတည်း။ ထို့ကြောင့် “အဟိရိက-မရှက်စွတည့်”ဟုဆိုခဲ့သည်။ အကုသိုလ်ဒုစရိုက်ဟူသမျှ မစင်ဘင်ပုပ်နှင့် တူ၏။ အဟိရိကကား ရွာဝက်ကြီးနှင့် တူလေသည်။ ချဲ့ဦးအံ့ - မစင်သည် စက်ဆုပ်ရွံရှာဖွယ် ကောင်းလှ၏။ မတော်တဆ လူးမိပြန်လျှင် ပရိသတ်အလယ်မှာ ရှက်ဖွယ်ရာကြီးတည်း။ သို့သော် မစင်ကို အမွန်အမြတ်အစာဟု ထင်နေသော ရွာဝက်ကြီးကား ထိုမစင်ကို မစက်ဆုပ် မရွံရှာ၊ မစင်လူးမှာလည်း မရှက်၊ မစင်ထဲ၌လူးလှိမ့်ကာ မစင်များများ စားရသည်ကိုပင် ဂုဏ်တစ်မျိုးတက်သည်ဟု မှတ်ထင်လေသည်။

ဆံတော်ရှင်ဇင်းကျိုက်စေတီတော်မြတ်သမိုင်းကြောင်း


  သုံးလူ့ထွဋ်ထားသဗ္ဗညုရှင်တော်ဂေါတမမြတ်စွာဘုရားသခင်သည် ဘုရားအဖြစ်သို့ရောက်ခါနီး ကာလဝယ် ကရာမည-ကရဏ္ဍကတိုင်း

သုဘိန္နဂရဟု ထင်ရှားရှိခါရှင်တော်ဘုရားအပွင့်မှီ နှစ်ပေါင်း (၅၀-)ခန့်က ယခု သထုံပြည် တည်နေရာ ဌာနသုဘိန္န နဂရမြို့ကြီး ဟုဝေးနီးထင်ပေါ်

သတင်းကျော်လျက် လွန်စွာမွေ့ပျော်ခါစ  စတုမဟာတာဝတိသာ မာယာ စသည်နတ့်ပြည်ကဲ့သို့  စည်ပင်လှစွာ သားကြီးသာ၍ သတ္တဝါဗိုလ်လူခပ်သိမ်း

ဒို့တာဝန်အရေးသုံးပါ (ကုသိုလ်ရရေး၊ စိတ်တည်ငြိမ်ရေးနဲ့ ကိလေသာ ပယ်ခွါရေး…)

မကြာသေးခင်က စင်္ကပူမှာရှိတဲ့ ရဟန်းဒကာမ တစ်ဦးနဲ့ စကားပြောဖြစ်တော့ ရဟန်းဒကာမက “အရှင်ဘုရား တပည့်တော်ကို အသိတစ်ယောက်က ‘တခြားဘာသာတွေမှာတော့ ဆုတောင်းတာ၊ ရှိခိုးတာနဲ့ ကျမ်းစာရွတ်တာ ဒီလောက်ပဲ ရှိတယ်၊ ဗုဒ္ဓဘာသာမှာကတော့ ဘုရားရှိခိုးတာ၊ ပုတီးစိတ်တာ၊ မေတ္တာပို့တာ၊ ဂုဏ်တော်ပွားတာ၊ ပရိတ်ပဋ္ဌာန်း ဓမ္မစကြာရွတ်တာ၊ ဂုဏ်တော်ပွားတာ၊ တရားထိုင်တာ၊ ၀ိပဿနာရှုတာ စသဖြင့် စုံနေတာပဲ၊ ဘာတွေဘယ်လိုကွာပြီး၊ ဘယ်လိုအကျိုးထူးတွေ ရှိတယ်၊ ဘာကြောင့် ဒီလောက် နည်းစနစ်တွေ အမျိုးမျိုး ဖြစ်နေရတယ်ဆိုတာ

ဗုဒ္ဓဘာသာဝင်တွေဖြစ်ပြီး လူငယ်တွေတရားလုပ်ရင် ဘာလို့လှောင်ပြောင်ချင်ကြတာလဲ?"

မကြာခဏဆိုသလိုတွေ့မိကြမှာပါ။ တရားစာတို့၊ဆောင်ပုဒ်တို့ ၊ဆောင်းပါးတို့ကို ကိုယ့်မိတ်ဆွေတွေလည်း ဖတ်ကြပါစေ ဆိုပြီး ရှယ်လုပ်လိုက်ကြရင် ကွန့်မန့်တွေမှာ တချို့တလေက “ငယ်ငယ်...ရွယ်ရွယ်နဲ့တရားပေါက်သွားပြီလား?” “ တောထွက်တော့မလို့လား” “ဘုန်းကြီးဝတ်တော့မယ်ပေါ့” “သီလရှင်ဝတ်တော့မယ်ထင်တယ်”
စသဖြင့် ရေးတာလေးတွေ Facebook တွေမှာတွေ့ကြရမှာပါ။... တရားပေါက်ဖို့၊ တောထွက်ဖို့၊ ဘုန်းကြီးဝတ်ဖို့ဆိုတာ တော်ရုံ ပါရမီ ၊၀ါသနာ၊ စိတ်ဝင်စားမှူ နဲ့ လွယ်လွယ်မဖြစ်ပါဘူး။

သံဃာများ အိမ်ပင့်ဆွမ်းကပ်ရကျိုးများ

ဦးဇင်းကို အွန်လိုင်းကနေသိတဲ့ ဒကာမတစ်ဦးက သူ့အိမ်က မိသားစုတွေအားလုံး ဖူးမြင်ရအောင်ဆိုပြီး ဆွမ်းစားပင့်ပါတယ်။ အိမ်ရောက်လို့ ဆွမ်းလည်းစားပြီးရော မိတ်ဆက်စကားပြောကြရာ ဒကာတစ်ဦးကနေ ဦးဇင်းကို အရှင်ဘုရားက အွန်လိုင်းမှာ ဘာသာရေးမေးဖြေလုပ်ပေးတာ နာမည်ကြီးတယ်လို့ ပြောကြတယ်။

စိတ်ကူးယဉ်ခြင်းနှင့် အမျှော်အမြင်။

ဗုဒ္ဓဘာသာဝင်သူတော်စင်တွေ အနေနဲ့ မိမိတို့ဘ၀ရရှိလာတဲ့အခါမှာ
စိတ်ကူးယဉ်ဆိုတာမျိုးမဟုတ်ပဲ အမျှော်အမြင်ပညာရှိဖို့လိုတယ်
လောကီကိစ္စ လုပ်တဲ့အခါမှာလဲ အမျှော်အမြင်ရှိဖို့လိုတယ်

မြတ်စွာဘုရားကိုယ်တော်တိုင်၏ သံသရာခရီးသွားရင်း အမှား။

       သံသရာခရီးသွားရင်း အမှားလုပ်မိတဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်ပုံဒုက္ခရောက်ကြတယ်ဆိုတာ
မှတ်သားပြီး အမှားမလုပ်မိအောင် သတိဆောင်ကြဖို့ လိုပါတယ်။ မြတ်စွာဘုရား ကိုယ်တိုင်လည်း
မှားမှားယွင်းယွင်း လုပ်ခဲ့သည့် အတွက်ကြောင့် မလိုအပ်ဘဲနဲ့ ခြောက်နှစ်ပတ်လုံး ပင်ပန်းကြီးစွာ
ဒုက္ကရစရိယ ကျင့်ခဲ့ရတယ်။ ကဿပမြတ်စွာဘုရားလက်ထက်က ဇောတိပါလဆိုတဲ့  ပုဏ္ဏားလု

အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီး အလောင်းတော်, တရားထူးရသွားသော တရားတော်။

    အရှင်သာရိပုတ္တရာ အလောင်းတော် ဥပတိဿနဲ့ အရှင်မောဂ္ဂလန် အလောင်းတော် ကောလိ
တတို့ သူငယ်ချင်းနှစ်ယောက် ပျော်ပွဲသဘင်ကို ကြည့်ကြရင်းနဲ့ နောင်အနှစ်တစ်ရာကြာရင် ပွဲကသူ
ပွဲကြည့်သူတွေဟာ “နာမည်မျှ ကလေးတောင်”ကျန်တော့မှာ မဟုတ်ဘူးစတဲ့ အသိတရားတွေရပြီး
မသေတရားကို ရှာကြတယ်။ အဲဒီလိုရှာရင်းနဲ့ သိဉ္ဇည်းပရဗိုဇ်ကြီးဆီ ရောက်သွားတယ်။ သိဉ္ဇည်းဆ

သဘာဝ အရှိတရား။

     ကမ္ဘာပေါ်မှာ ဘာသာအယူဝါဒပေါင်း မြောက်များစွာရှိပါတယ်။ အဲဒီ အယူဝါဒတွေဟာ
ဆိုင်ရာဆိုင်ရာ အယူဝါဒ ခေါင်းဆောင်တွေ ပေါ်ထွန်းလာမှသာ ဖြစ်ပေါ်လာကြတာပါ။ ဒါပေ
မဲ့ ဗုဒ္ဓရှင်တော်မြတ် သိတဲ့တရား၊ ဟောညွှန်ပြတဲ့ တရားဟာ အမြဲတမ်းမှန်ကန်နေတဲ့ သဘာ
ဝတရား ဖြစ်ပါတယ်။ တကယ်လို့ သာ ဗုဒ္ဓရဲ့  တီထွင်ထားတဲ့ တရားဆိုရင် ဗုဒ္ဓပေါ်ထွန်းလာမှ

ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အသိပညာပေးဆောင်ပုဒ်များ (၁) ။

 “ သုစိပုဘာ ဆုံးမစာ ”
----------------------
သု,စိ,ပု,ဘာ၊  ၀ိ,လိ,သိ,ဓာ
အက္ခရာစွဲသုံး၊  ဤရှစ်လုံးကို
သီကုံးပန်းသွင်၊  နေ့တိုင်းဆင်လော့
စာသင်ပျိုနု၊  အခြေပြုတို့

Sunday, October 19, 2014

ရွှေမော်ဓေါဘုရားသမိုင်းကြောင်း




                                   ရွှေမော်ဓေါဘုရားသမိုင်းကြောင်း 
          မြန်မာနိုင်ငံ  ပဲခူးမြို့တွင် တည်ရှိသော ရွှေမော်ဓေါဘုရား(ခ)ကြီးမားသောရွှေစေတီတော်ဘုရားကို 
လွန်ခဲ့သော နှစ်ပေါင်း (၁၀၀၀)ခန့်က တည်ထားကိုးကွယ်ခဲ့ကြသည်။ မွန်ဘုရားတွေထဲမှ ထင်ရှားကျော်ကြား လှသောဘုရားတစ်ဆူလဲ ဖြစ်ပါသည်။