Saturday, October 19, 2013

ဗောဓိပက္ခိယတရား ၃၇ ပါး။

        မဂ်ဉာဏ်၏ အသင်းအပင်းတွင် ပါဝင်သော တရားစု သို့မဟုတ် မဂ်ဉာဏ်ဘက်၌ ပါဝင်၍
မဂ်ဉာဏ်၏ အကျိုးကို သယ်ပိုးဆောင်ရွက်တတ်သော တရားစုကို ဗောဓိပက္ခိယဟု ခေါ်ပါသည်။
( ဗောဓိ = မဂ်ဉာဏ်၊ ပက္ခိယ = အဖို့ အစု )
ဗောဓိပက္ခိယတရား ၃၇ ပါးမှာ =

တရားထူးဆိုတာ ဘယ်လိုအခြေအနေကောင်းလဲ။

      ဗုဒ္ဓဘာသာဝင် သူတော်စင်တွေဟာ တရားထူးတရားမြတ်ရဖို့ ရည်သန်လျက် တရားကျင့်
ကြံအားထုတ် ကြပါတယ်။ ဗုဒ္ဓမြတ်စွာ လက်ထက်တော် အခါကာလတုန်းက မြတ်စွာဘုရား ဟော
ကြားတဲ့ တရားဓမ္မကို နာယူရင်း တရားထူးရသွားကြတဲ့ ပုဂ္ဂိုလ်တွေ မြောက်များစွာ ရှိပါတယ်။
ဂါထာလေးတစ်ပုဒ် ကြားနာလိုက်ရတာနဲ့ တရားထူးရရှိသွားကြတဲ့ ပုဂ္ဂိုလ်တွေ ရှိသလို ဂါထာတစ်

သာယာဖြောင့်ဖြူးသော ပျော်ရွှင်စရာ အကောင်းဆုံး မိသားစုဘ၀သို့ ရောက်အောင် ကိုယ်တိုင်ရွေးချယ်နည်း။

       ဘ၀ဆိုတာ အမိဝမ်းကြာတိုက်ထဲက စ ပါတယ်။ လောကမှာ အိမ်ကောင်းကောင်းနဲ့ နေချင်တဲ့
သူဟာ အိမ်ကောင်းကောင်းကို ရှာသလို အမိဝမ်းတိုက် ကောင်းကောင်းမှာ နေချင်ရင်လဲ အမေ့ဝမ်း
ကြာတိုက် ကောင်းကောင်းကို ရှာလို့ရပါတယ်။  အိမ်ဆိုတာက  အိမ်ကောင်းရင်လည်း  နေတဲ့သူက
ချမ်းသာသလို၊ နေတဲ့သူ ကောင်းရင်လည်း အိမ်က ပိုကောင်းလာပါတယ်။

မရှိဆိုရာဝယ်...




ဒီတစ်ခါ ဂဏန်းနှစ်လုံးအကြောင်း ပြောကြရအောင်။ တစ်မျိုးမတွေးပါနဲ့။ လောကီသုညနဲ့ လောကုတ္တရာသုည အကြောင်းပါ။ စာမေးပွဲဖြေကြတဲ့အခါ ဘယ်သူများ သုညရချင်ကြပါသလဲ။

ကြီးပွါးစေကြောင်း ပဋ္ဌာန်းနည်းကောင်းများ


၁။ ဟေတုပစ္စည်း
စိတ်ရင်းကောင်းခြင်း၊ ရက်ရောခြင်း၊ မေတ္တာထားခြင်း၊ ခွင့်လွှတ်တတ်ခြင်း၊ အမြော်အမြင်ရှိခြင်း။

၂။ အာရမ္မဏပစ္စည်း
ဘုရားဖူးခြင်း၊ တရားနာခြင်း စသော အတိဣဋ္ဌာရုံများနှင့် နေခြင်း / မကောင်းသော အာရုံတို့နောက် မလိုက်ဘဲ ကုသိုလ်အာရုံတို့နှင့်သာနေခြင်း (မိမိအတွက်)။
မိမိကြောင့် သူတစ်ပါး အနှောင့်အယှက် မဖြစ်စေခြင်း / အကုသိုလ် မဖြစ်စေခြင်း (သူတစ်ပါးအတွက်)။

တစ်ထိုင်တည်း တရားနာရုံနဲ့ ဘာလို့ တရားထူးရ




(၁) ဟောသောတရားတော်နှင့် အလိုအဇ္ဈာသယ ကိုက်ညီသွားသောအခါ....။
(၂) သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ ဟူသော ဣနြေ္ဒတို့ ရင့်ကျက်သောအခါ...။
တစ်ထိုင်တည်း တရားထူးရတတ်ပါသည်။

Friday, October 18, 2013

* ပရိနိဗ္ဗာန် ၃ ပါး။

၁။ ကိလေသ ပရိနိဗ္ဗာန် = ဗောဓိပလ္လင်တော်၌ ၁၅၀၀ ကိလေသာ၏ ကုန်ခြင်း။
၂။ ခန္ဓ ပရိနိဗ္ဗာန်         = ကုသိနာရုံ၌ ခန္ဓာငါးပါးတရား၏ ကုန်ငြိမ်းခြင်း။
၃။ ဓာတု ပရိနိဗ္ဗာန်      = သာသနာ ၅၀၀၀ စေ့သောအခါ ဓာတ်တော်အပေါင်းတို့ မဟာဗောဓိ

* အဝေးကနေ၍ လှူဒါန်းပူဇော်နည်း။

       ဘုရားကို ရည်မှန်း၍ ပန်းစသည်တို့ကို ပူဇော်ကြ၏။ ထိုကဲ့သို့ ပူဇော်ရာ၌ အကျိုးရ၊ မရ၊ ရှေးက
ပင် စဉ်းစားဖူးကြပါသည်။ အကျိုးရမှု မရမှုမှာ ပူဇော်သူများ၏ စေတနာသာ ပဓာနဖြစ်၏။ မိမိ၏စိတ်
စေတနာက ဘုရားကို ရည်မှန်း၍ လှူဒါန်းပူဇော်ပါလျှင် ကုသိုလ်စေတနာ ဖြစ်သောကြောင့် ဧကန်အ
ကျိုးရနိုင်ပါသည်။

* မှားယွင်းနေသေးသော အသုဘဓလေ့ထုံးစံ။

      လူသေလျှင်၊ သုသာန်၌၊ အလောင်းမီးသင်္ဂြိုလ်ခါနီး၊ သေသူ၏၀ိညာဉ်ဟု ယူဆကာ ပန်းပွင့်တစ်ပွင့်ကို အိမ်သို့ 
ပြန်ယူလာတတ်ကြသည်။ သေသူ၏၀ိညာဉ်သည်၊ ရက်လည်(ခုနှစ်ရက်)နေ့ တိုင်အောင်၊ အိမ်တွင်း၌ပင် ရှိနေဆဲဟု

ပရိနိဗ္ဗာန် ၃ ပါး။

၁။ ကိလေသ ပရိနိဗ္ဗာန် = ဗောဓိပလ္လင်တော်၌ ၁၅၀၀ ကိလေသာ၏ ကုန်ခြင်း။
၂။ ခန္ဓ ပရိနိဗ္ဗာန်         = ကုသိနာရုံ၌ ခန္ဓာငါးပါးတရား၏ ကုန်ငြိမ်းခြင်း။
၃။ ဓာတု ပရိနိဗ္ဗာန်      = သာသနာ ၅၀၀၀ စေ့သောအခါ ဓာတ်တော်အပေါင်းတို့ မဟာဗောဓိ

အဝေးကနေ၍ လှူဒါန်းပူဇော်နည်း။

       ဘုရားကို ရည်မှန်း၍ ပန်းစသည်တို့ကို ပူဇော်ကြ၏။ ထိုကဲ့သို့ ပူဇော်ရာ၌ အကျိုးရ၊ မရ၊ ရှေးက
ပင် စဉ်းစားဖူးကြပါသည်။ အကျိုးရမှု မရမှုမှာ ပူဇော်သူများ၏ စေတနာသာ ပဓာနဖြစ်၏။ မိမိ၏စိတ်
စေတနာက ဘုရားကို ရည်မှန်း၍ လှူဒါန်းပူဇော်ပါလျှင် ကုသိုလ်စေတနာ ဖြစ်သောကြောင့် ဧကန်အ
ကျိုးရနိုင်ပါသည်။

မှားယွင်းနေသေးသော အသုဘဓလေ့ထုံးစံ။

      လူသေလျှင်၊ သုသာန်၌၊ အလောင်းမီးသင်္ဂြိုလ်ခါနီး၊ သေသူ၏၀ိညာဉ်ဟု ယူဆကာ ပန်းပွင့်တစ်ပွင့်ကို အိမ်သို့ 
ပြန်ယူလာတတ်ကြသည်။ သေသူ၏၀ိညာဉ်သည်၊ ရက်လည်(ခုနှစ်ရက်)နေ့ တိုင်အောင်၊ အိမ်တွင်း၌ပင် ရှိနေဆဲဟု

သီတင်းကျွှတ်လပြည့်အဘိဓမ္မာအခါတော်နေ့

          
 သီတင်းကျွတ်လသည် မြန်မာတို့ ၏ (၁၂) လရာသီတွင် သတ္တမမြောက်လဖြစ်ပြီး ၀ါတွင်းကာလ၏ နောက်ဆုံးလဖြစ်ပါသည် ။ရာသီခွင်မှာ တူရာသီ ဖြစ်ပြီး အဿဝတီ ကြယ်နှင့် လမင်းတို့ စန်းယှဉ်ကာ

မွန်းတည့်ကြသည် ။ရာသီပန်းမှာ ကြာဖြူပန်း ( Nymphaea Lotus ) ဖြစ်ပါသည် ။

ဝိသုဒ္ဓိ (၇) ပါးနှင့် ဥာဏ်စဉ်များ တွဲစပ်ပုံ




၁။ ကိုယ်နှုတ်နှစ်ဝ၊ စင်ကြယ်က၊ သီလ ၀ိသုဒ္ဓိ။

၂။ နီဝရဏ၊ ကင်းစင်က၊ စိတ္တ၀ိသုဒ္ဓိ။
အပ္ပနာ၊ ဥပစာ၊ ခဏိကာ၊ သုံးဖြာ သမာဓိ၊
သမာဓိ တစ်ပါးပါး၊ ပြည့်စုံငြား၊ မှတ်သား စိတ္တ၀ိသုဒ္ဓိ။

၃။ စိတ်စင်ကြယ်လျင်၊ ရုပ်နာမ်တွင်၊ ဥာဏ်မြင် ရှင်းတော့သည်၊
ရုပ်နာမ်ပိုင်းခြား၊ သိမြင်ငြား၊ မှတ်သား ပထမဥာဏ်၊ ( နာမရူပ ပရိစ္ဆေဒဥာဏ် )
ရုပ်နာမ်သိမြင်၊ ဒိဋ္ဌိစင်၊ မည်တွင် ဒိဋ္ဌိဝိသုဒ္ဓိ။

မာနလေးတွေ လျှော့စေချင် ....




“ဒို့က ကိုယ့်မာနနဲ့ ကိုယ်နေတာ…၊ ကိုယ်မှန်ရင် ဘယ်သူမှ ဂရုစိုက်စရာ မလိုဘူး…၊ ဒို့ကသူများကို ဘယ်တော့မှ   အောက်မကျို့ဘူး…၊ သူလောက်ကတော့ ပျင်းတောင်ပျင်းသေးတယ်…၊ ကိုယ်မှားတာမှ မဟုတ်ဘဲ ဘာလို့ တောင်းပန်ရမှာလဲ…၊ ဂျင်းစိမ်းနဲ့ မိတ်သလင်လို သူကျင်မှ ကိုယ်ကျင်ပဲပေါ့…၊ ဒို့က သူများကိုလည်း မဟုတ်တာမလုပ်ဘူး ကိုယ့်လာထိရင်လည်း ဘယ်တော့မှ မခံဘူး…၊ သူကရော ဘာမို့လို့လဲ…“ စတဲ့ စတဲ့ စကားများ အားလုံးကြားဖူးကြမှာပါ။ 

*သာသနာ့ဘောင်သို့ မ၀င်ထိုက်သူ ( ၃၂ ) ယောက်




၁။ ဟတ္ထ စ္ဆိန္န - လက်မောင်း တံတောင်လက်ကောက်ဝတ် စသည့်တနေရာရာမှတစ်ဖက်ဖြစ်စေ နှစ်ဖက်လုံးဖြစ်စေ  ပြတ်နေသူ၊
၂။ ပါဒ စ္ဆိန္န - ပေါင်ရင်း ဒူးခေါင်း ခြေချင်းဝတ် စသော တနေရာရာမှ  ပြတ်နေသူ၊
၃။ ဟတ္ထပါဒ စ္ဆိန္န - လက်ရော၊ ခြေရောနှစ်မျိုးလုံးပြတ်နေသူ၊
၎။ ကဏ္ဏ စ္ဆိန္န - နားရွက်ပြတ်နေသူ၊
၅။ နာသ စ္ဆိန္န - နှာခေါင်း ပြတ်နေသူ၊

Thursday, October 17, 2013

ဗုဒ္ဓတရားဒေသနာတော်ကို လေ့လာခြင်း။

      ဤတရားတော်သည် မဇ္ဈိမနိကာယ်မှ ရဌပါလသုတ်၌ ပါရှိသော ဓမ္မုဒ္ဒေသ ၄ ပါးကို ရှင်း
လင်း ဟောကြားထားသည်။ ဗုဒ္ဓမြတ်စွာ၏ တရားဓမ္မသည် အစ၊ အလယ်၊ အဆုံး အမှန်အတိုင်း
ထုတ်ဖေါ်ဟောကြားအပ်သည့် (၁) “သွာက္ခာတ” ဂုဏ်နှင့် ပြည့်စုံပါသည်။

ပဋိသန္ဓေ ၄ ပါး။

၁။ အပါယ် ပဋိသန္ဓေ = ငရဲ၊ တိရ စ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်တွင် ဖြစ်ခြင်း။
၂။ ကာမ သုဂတိပဋိသန္ဓေ = လူ့ပြည်၊ နတ်ပြည်၊ တွင် ဖြစ်သော ပဋိသန္ဓေ။
၃။ ရူပါဝစရ ပဋိသန္ဓေ = ရူပါဝစရ ဗြဟ္မာဘုံ ၁၆ တွင် ဖြစ်သော ပဋိသန္ဓေ။
၎။ အရူပါ ၀စရ ပဋိသန္ဓေ = အရူပ ၄ ဘုံ၌ ဖြစ်သော ပဋိသန္ဓေ တို့ ဖြစ်ပါတယ်။ ။

သိကြားမင်း ငရဲကျပါသလား ...`?

                                                                                                             

ဘုန်းဘုန်းဘုရား...

အရှင်ဘုရား၏ ပန်းကမ္ဘာ Blog ကိုပုဂံဘုရားသမိုင်း ရှာရာမှတဆင့် တပည့်တော် ရှာတွေ့ခဲ့ပါတယ်ဘုရား... တပည့်တော်အတွက်တော့ အရှင်ဘုရားရေးတဲ့ စာတွေက ဗဟုသုတ အများကြီးရစေပါတယ်ဘုရား..

ဘုန်းဘုန်း ရေးတဲ့သူယောင်မယ် သူယောက်သီး ဆိုတာလေးကို တပည့်တော် ဖတ်ပြီးနောက်မှာ တပည့်တော် စိတ်ထဲမှာ သိလိုတာလေးတစ်ခု ရှိလာပါတယ် အဲဒါလေးကို မေးခွင့်ပြုပါဘုရား..

" အရဟတ္တဓဇ ဆင်မြန်းသူများ "





(၁)

သောနုတ္တရ၊ နာမ ခေါ်ရိုး၊ တောမူဆိုးသည်၊ ဆဒ္ဒန်အိုင်တွင်းသို့၊ သက်ဆင်းမိလျှင်၊ ဆင်မင်းနေရာ၊ အလာအသွား၊ အထားအနေ၊ ရေဆင်းရေတက်၊ အချက်ချက်ကို၊ ကွယ်ဝှက် ပုန်းအောင်း၊ ချောင်းမြောင်း ဆင်ခြင်၊ သိမြင်သောအခါ၊ ၀ိသာလမာလက အရပ်တွင်၊ ဥမင် ပေါင်းကူး၊ မြေကိုတူး၍၊ မြားဦး စိန်ရွက်၊ ဆင်မင်းချက်နှင့်၊ ချိန်လျက် ထုတ်ချောက်၊ အထက်က ဖောက်ပြီးလျှင်၊ ဒေါက်ချာ ဆံကျစ်၊ ဖန်နှစ် နီမြန်း၊ သင်္ကန်းရဲရဲ၊ ဆင်ဝတ်ကဲ၍၊ လည်ဆွဲပုတီး၊ တရပတ်ကြီးများနှင့်၊ မထေရ် သီလ၀င်၊ တကယ့်ရှင်ကဲ့သို့၊ ဥမင်ထောင့်က၊ သကောင့်သားကြီး၊ အနုကြမ်းစီးမည်ဟု၊ အပြီးစောင့်လျက်၊ နေလင့်၏။ ။

ဥုံ မဏိ ပဒ္မေ ဟုံ နှင့် ပစ္စယော





ဒီတော့ ဒီတိဘက်ကိုယ်တော်ကြီး တစ်ကိုယ်လုံး နံနေတာ တခြားမဟုတ်ဘူး။ ချမ်းလွန်းလို့ ရေမချိုးတာရယ်၊ မုန်ညင်းဆီ တကိုယ်လုံး လိမ်းထားတာရယ်၊ အဝတ်တွေက အထူကြီးထပ်ပြီးတော့ ဝတ်ထားတာရယ်၊ အဲဒီအကြောင်း သုံးပါးကြောင့် ဒီကိုယ်တော်ကြီး နံနေတာလို့ ဘုန်းကြီးက သဘောကျသွားတယ်။

ဗုဒ္ဓဘာသာဝင်တိုင်း၏ တာဝန်ကိုယ်စီ။

         ဗုဒ္ဓဘာသာယဉ်ကျေးမှုကို အခြေခံလျက် တည်ထောင်ထားတဲ့ အမိရွှေမြန်မာနိုင်ငံဟာ ထေရ
ဝါဒ ဗုဒ္ဓဘာသာနိုင်ငံအဖြစ် ကမ္ဘာတွင် ၀င့်ဝင့်ထယ်ထယ် တည်ရှိနေပါတယ်။ လူမျိုးမရွေး၊ ဘာသာမ
ရွေး ကိုးကွယ်ယုံကြည်ခွင့် ပေးထားပြီး အလွန်စိတ်ထားမြင့်မြတ်တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

Wednesday, October 16, 2013

သံဝေဂတရား ၈ ပါး။

၁။ လှပနုနယ်သော ရူပါရုံရှိသော်လည်း နောက်ဆုံး၌ အိုကြရမည်။
၂။ စည်းစိမ်ကြီးကျယ်နေသော်လည်း နောက်ဆုံး၌ ပျက်စီးကြရမည်။
၃။ ချစ်ခင်စွာ ပေါင်းသင်းနေကြရသော်လည်း နောက်ဆုံးတွင် ကွဲပြားကွေကွင်း ကြရမည်။
၎။ အသက်ရှင်နေကြရသော်လည်း နောက်ဆုံးတွင် သေကြရမည်။

ဝမ်းမြောက်မှု စေတနာသာပဓာန။

       ဒါနပြုရာဝယ် တချို့မှာကား လှူရတာများလှ၍ အကြီးအကျယ် လှူဒါန်းရပါသော်လည်း
သိပ်ကြီးဝမ်းမမြောက်လှ၊ စေတနာလည်း သိပ်ကြီးမထက်လှ၊ အမှတ်တမဲ့ပင် လှူလိုက်ကြ၏။ ထို
သူတို့ အတွက်မှာ လှူဖွယ်ဝတ္ထုက များပြားစေကာမူ စေတနာထက်သန် ဖွံ့ဖြိုးမည်ဟု မဆိုနိုင်။
ဒုဌဂါမဏိ အဘယမင်းသည် စုတေခါနီး၌ မဟာစေတီတော်ကြီးကို တည်ရသော ဒါနမှုထက်

လူ-------(+)-------လောဘ

          
လူသားအားလုံး မှာလိုချင်တပ်မက်ခြင်း လောဘ ဆိုတာရှိကြပါတယ်၊ လောဘလေးထားပြီး အလုပ် လုပ်ကြလို့လည်း အောင်မြင်သင့်
သလောက်အောင်မြင်ကြပါတယ် ဒါပေမယ့်လောဘ ဆိုတာလိုအပ်တာထက် ပိုလာပြီဆိုရင်တော့ ကိုယ့်စိတ်ကို လောဘ ကပိုင်ဆိုင်
သွားပြီဆို တာမသိတော့လောက်အောင် စိတ်ရဲ့ရှေ့ မှာလောဘကနေရာ ယူသွားတော့တာပါဘဲ၊

ဗုဒ္ဓဘာသာဝင် တိုင်းသိစေချင်

             
အို......ဗုဒ္ဓဘာသာဝင် အပေါင်းတို့ သင်ဟာဗုဒ္ဓဘာသာဝင် တယောက် ဖြစ်တယ်ဆိုရင် ဘာသာရေးလုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ နှစ်သက်လို့
ကိုးကွယ်သည်ဖြစ်စေ မိရိုးဖလာအရ ကိုးကွယ်သည်ဖြစ်စေ ယခုကျနော်တင်ပြတာလေးကို ခဏလောက်အချိန်ပေးဖတ်စေလိုပါတယ်၊