Saturday, July 15, 2017

သေမင်းကို လာဘ်ထိုးလို့ မရပါဘူး


ယနေ့ ဒကာ ဒကာမတွေ ဘာလုပ်နေကြတာလဲလို့မေးရင် …မသေသေးလို့ အားနေလို့ တရားလာနာ တာ။ ဟုတ်ပြီနော်။ ဒီရုပ်ကြီးက သေမိန့်မကျထားဘူးလား.. နေရာရယ် ဒေသ ရယ် ရောဂါရယ် အချိန်ရယ်သာ မသိတာ။ သေမှာကတော့ မသေချာဘူးလား... သေတယ်ဆိုတာ ဘယ်သူသတ်တာလဲ .. အခုဒကာ ဒကာမတွေထိုင်ထားတဲ့ ခန္ဓာကိုယ်ကြီးက ၉၆ ဖြာ ဝေဒနာလည်း ဒီရုပ်ကြီးမှာပဲ ၊ သွေးတိုး ဆီးချိုဆိုလည်း ဒီရုပ်ကြီးမှာပဲ အသည်း နှလုံး ကျောက် ကပ်ဆိုလည်း ဒီခန္ဓာကိုယ်မှာပဲ ဒီကာယကိုယ်ခန္ဓာကြီးက မသတ်ဘူးလား…...

Friday, July 14, 2017

တရားနာခြင်းနှင့် ဉာဏ်စဉ်လေးပါး


မြတ်စွာဘုရားသခင် တရားနာစေချင်တဲ့ အဆင့် ၄ ဆင့်ရှိပါတယ်။

(၁) အဆင့်က တရားနာတာနော်၊ သူများရွတ်တာဖတ်တာတွေ၊
သူများဟောတာတွေ လိုက်နားထောင်တာပေါ့၊ နားကိစ္စပေါ့..

(၂) နံပါတ်အဆင့်ကျတော့ မိမိပါးစပ်နဲ့ ရွတ်ဖတ်ရတယ်၊ ဒု အဆင့်က ပါးစပ်... ကိုယ့်ပါးစပ်နဲ့ ကိုယ်ရွတ်ရတယ်၊

( ၄ ) ရတနဃရသတ္တာဟ -

    ရတနာစင်္ကြံ၌ စင်္ကြံကြွတော်မုပြီး၍ ရတနာဃရသတ္တာဟ၌ ( ၇ ) ရက်ပတ်လုံး
စံနေတော်မူသည် ။ ၎င်းရတနာဃရသည် မဟာဗောဓိပင်၏ အနောက်ဘက် အတောင် ( ၄၀ )
အကွာ ပေ ( ၃၀၀ ) ခန့်ဝယ် တည်ရှိနေပေသည် ။ နတ်တို့ဖန်ဆင်းသည့် ရတနာရွှေအိမ်၌

ဘ၀သံသရာမှလွတ်မြောက်နိုင်တဲ့ နည်းလမ်းများ။

       ဘ၀မှာ“အဿာဒ” သာယာစရာဆိုတာ ရှိတယ်။ “အာဒီန၀” အပြစ်ဆိုတာ ရှိတယ်။ ဒါတွေ
ပြီးရင် “နိဿရဏ” ထွက်ပေါက်ဆိုတာလည်း ရှိတယ်။ ထွက်ပေါက်ကို ဘယ်မှာရှာမလဲ ?။ အိမ်ထဲ
ရောက်နေတဲ့သူဟာ ထွက်ပေါက်ကို အိမ်ထဲမှာ ရှာရမယ်။ ဘ၀မှ ထွက်ချင်တယ်ဆိုလို့ရှိရင် ဘဝ

ဒီတရားကိုနာရပြီး ဦးဆေကိန္ဒကတော့ စိတ်တွေပြောင်းသွားတယ်။

    ဒို့များ....ခုလိုအခြေအနေ တရားလမ်းကြောင်းပေါ်ထိရောက်အောင် တရားတစ်ပုဒ်နာ
ခဲ့ဘူးတယ်။ အဲဒီတရားကြောင့်.... သာသနာဘောင်သို့ ရောက်ခဲ့တယ်။ အဲဒီတရားကြောင့်
.......တရားအားထုတ်ဖြစ်တယ်။  တရားထိုင်ဖြစ်တယ်။  တရားရပ်ဖြစ်တယ်။  အမြဲတမ်း

Thursday, July 13, 2017

မေတ္တာကုန်သည်



တစ်နေရာမှ ကုန်ပစ္စည်းများကို သိုလှောင်ထား၍ တခြားတစ်နေရာကို ပြန်လည်ဖြန့်ချီခြင်းကို ကုန်သည် ဟု အကျွန်ုပ် သဘောပေါက်ပါသည်။ အသိဥာဏ်ရှိသော ကုန်သည်တို့သည် အလွန်တိုးတက်ကြီးပွားကြသည်။ စင်္ကာပူနိုင်ငံသည် ကုန်သည်အလုပ်ဖြင့်ကြီးပွားနေသော နိုင်ငံဖြစ်သည်။ ၎င်းနိုင်ငံတွင် ကိုယ်ပိုင်ထွက်ကုန်ပစ္စည်း ဘာမှမရှိပါ။ စားသောက်ဖွယ်ရာများ လူသုံးကုန်ပစ္စည်းများ ယုတ်စွအဆုံး သောက်စရာ ရေ ပင်လျှင်မရှိဟုသိရပါသည်။ သို့သော်ထိုနိုင်ငံသည် တခြားနိုင်ငံများမှ ကုန်ပစ္စည်းများကို မိမိနိုင်ငံတွင်သိုလှောင်ထား၍ တခြားနိုင်ငံများသို့ ပြန်လည်ဖြန့်ချီခြင်းဖြင့် ကြီးပွားတိုးတက်နေပါသည်။

Wednesday, July 12, 2017

( ၃ ) ရတန စင်္ကမသတ္တာဟ -

       အနိမိတ္တသတ္တဟ = မမှိတ်မသုံရပ်၍ ကြည့်ရှုတော်မူသော နေရာဋ္ဌာနနှင့် အပရာဇိတ
ပလ္လင်အကြား အတောင်ခြောက်ဆယ်ရှည်လျားသော နတ်တို့ဖန်ဆင်းအပ်သော ရတနာအတိပြီးသော
ရတနာစင်္ကြံ၌ ( ၇ ) ရက်ပတ်လုံး စင်္ကြံကြွတော်မူ၍ သီတင်းသုံးတော်မူ၏ ။  ထိုရတနာ

ပကတိဥစ္စာနဲ့ ရန်သူမျိုး ၅ ပါး။

       ပကတိဥစ္စာလို့ခေါ်တဲ့ လောကလူသားတွေ ရှာဖွေနေကြတဲ့ ပစ္စည်းဥစ္စာတွေက အဖျက်
အမျိုးမျိုးနဲ့ ဆက်နွယ်နေတယ်။ “အဂ္ဂိသာဓာရဏာ ဘောဂါ” တဲ့၊ မီးဖျက်ရင်လည်း ပျက်သွား
နိုင်တယ်။ “ဥဒကသာဓာရဏာ ဘောဂါ” ရေဖျက်ရင်လည်း ပျက်သွားနိုင်တယ်။ “ရာဇသာဓာရ

ပျော်စရာအကောင်းဆုံးမိသားစုဘ၀ကိုရရှိအောင် ကိုယ်တိုင်ရွေးချယ်နည်း။

       ဘ၀ဆိုတာ အမိဝမ်းကြာတိုက်ထဲက စ ပါတယ်။ လောကမှာ အိမ်ကောင်းကောင်းနဲ့ နေချင်တဲ့
သူဟာ အိမ်ကောင်းကောင်းကို ရှာသလို အမိဝမ်းတိုက် ကောင်းကောင်းမှာ နေချင်ရင်လဲ အမေ့ဝမ်း
ကြာတိုက် ကောင်းကောင်းကို ရှာလို့ရပါတယ်။  အိမ်ဆိုတာက  အိမ်ကောင်းရင်လည်း  နေတဲ့သူက
ချမ်းသာသလို၊ နေတဲ့သူ ကောင်းရင်လည်း အိမ်က ပိုကောင်းလာပါတယ်။

သတိသံဝေဂရကြပါစေ (ငရဲဘုံ တွေ့ရှိ)


သတိသံဝေဂရကြပါစေ

 ထိတ်လန့်ဘွယ်ရာ သံဝေဂရစရာ မေးလ်တစ်ခုကို ၊    ၇. ၀၂ . ၂၀၁၁။ တနင်္လာနေ့  နေ့လည်  ၂ နာရီ  ၃၀ မှာ ရောက်လာလို့  ဖတ်သိလိုက်ရတယ်။
ဗုဒ္ဓ ဘုရားဟောကြား ညွှန်ပြခဲ့တဲ့  ငရဲဆိုတာ ဘာသာတရားကို  အထူးလေးစားသူ  တစ်ယောက်ဖြစ်တာမို့ အကြွင်းမဲ့  ယုံကြည်ပြီးသားပါ။ သို့ပေမဲ့  မတွေ့ရ မမြင်ရတဲ့  နေရာမျိုးမို့  တစ်ခါတခါ တကယ်ရော ရှိပါရဲ့လားလို့ ယုံမှားသံသယ ဖြစ်ကြသူတွေအဖို့  တကယ်ကို  သိပ္ပံနည်းနဲ့  တွေ့လိုက်ရပါပြီဆိုတာ သိစေချင်လို့ ဒီ အကြောင်း အရာလေးကို  ဖောက်သည်ချလိုက်တာပါ။

Tuesday, July 11, 2017

အကျိုးရှိရဲ့လား (ဆရာတော် ဦးဇောတိက)

                
                                                                    အကျိုးရှိရဲ့လား (ဆရာတော် ဦးဇောတိက)
လူတွေထင်တာက ဥာဏ်ရှိတဲ့ လူတွေပဲ တစ်ခုခု လုပ်မယ် ဆိုရင်တော့ အကျိုးရှိတာပဲ လုပ်မှာပေါ့လို့ ဒီလိုထင်တယ်။ လူတွေဟာ ဥာဏ်ရှိတဲ့ သတ္တဝါ ဖြစ်တာတော့ မှန်တယ်။ ဒါပေမယ့် စိတ်အလိုလိုက်၊ လောဘ အလိုလိုက် ပြီးတော့ အကျိုးမရှိတာတွေ အများကြီး လုပ်တယ်။ အဲဒါကြောင့် ဘဝရဲ့ အရည်အသွေး နဲ့ အဆင့်အတန်း မြင့်မားမှုကို လိုလားတဲ့ သူ၊ တရား အားထုတ်မယ့် သူဆိုရင် ဘယ်အလုပ် လုပ်လုပ် အကျိုးရှိ မရှိ ဆိုတာကို လေးလေးနက်နက် စဉ်းစား သင့်တယ်။

Monday, July 10, 2017

" ကိုယ်ပိုင်ခေတ်ကို တည်ဆောက်ပါ "


လောကမှာ...
* ရိုင်းပြတဲ့ သူရှိသလို... ယဉ်ကျေးတဲ့ သူရှိတယ်၊
* ကြမ်းတမ်းတဲ့ သူရှိသလို နူးညံ့တဲ့ သူရှိတယ်၊
* ရိုင်းပြတဲ့ ပတ်ဝန်းကျင်ရှိသလို ယဉ်ကျေးတဲ့ ပတ်ဝန်းကျင်ရှိတယ်၊
* ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်ရှိသလို နူးညံ့တဲ့ ပတ်ဝန်းကျင်ရှိတယ်၊

Sunday, July 9, 2017

မာနသိပ်မကြီးပါနဲ့။


■ မာနသိပ်မကြီးပါနဲ့။
ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးပြီးတော့ သူများကို အထင်မသေးပါနဲ့။
ကိုယ်အထင်သေးထားတဲ့သူက ကိုယ်အထင်သေးသလို ဟုတ်ချင်မှာလည်း ဟုတ်မှာပါ။
အခုလောလောဆယ်မှာ ကိုယ့်ရဲ့အထင်သေးစရာ ဖြစ်နေပေမယ့်
တစ်ချိန်မှာ ကိုယ့်ထက်သာချင် သာသွားမှာပဲ။
ကိုယ်အထင်ကြီးစရာ အနေအထားမျိုးရောက်ချင် ရောက်သွားမှာပဲ။
ကိုယ့်ကိုယ်ကို အထင်ကြီးပြီး သူများကို အထင်သေးတဲ့စိတ်နဲ့ မပြောသင့်
မပြောထိုက်တာ ပြော၊ မလုပ်သင့် မလုပ်ထိုက်တာ လုပ်မိရင်
ကိုယ်ပဲပြန်ပြီး ဒုက္ခရောက်တတ်ပါတယ်။