အမေး။ ။အရှင်ဘုရား…ရဟန်းသံဃာတော်များ အင်တာနက်သုံးတာ ပိတ်ပင်တားဆီးခြင်း ရှိပါသလား၊ ရဟန်းတော်များ အင်တာနက်သုံးမယ်ဆို ရင် ဘယ်လို အကျိုးအပြစ်များ ရနိုင်တယ်ဆိုတာ ဖြေကြားပေးစေလိုပါတယ်ဘုရား။
သဇင်ကျော်
ရှရှား
အဖြေ။ ။လောလောဆယ်မှာတော့ ရဟန်းတော်များ အင်တာနက်သုံးတာ ပိတ်ပင်တားဆီးခြင်းမရှိသေးပါဘူး။
Saturday, November 18, 2017
အကောင်းဆုံး လက်ဆောင်။
ဗုဒ္ဓဘာသာဝင် သူတော်စင်တို့ကြားမှာ မိဘက သားသမီး ကိုပဲဖြစ်ဖြစ်၊ သားသမီးက
မိဘကိုပဲဖြစ်ဖြစ်၊ တပည့်က ဆရာကိုပဲဖြစ်ဖြစ် တစ်ဦးဦးကို မေတ္တာဖြင့်သော်လည်းကောင်း၊
သနားဂရုဏာဖြင့်သော်လည်းကောင်း ပေးကမ်း တတ်ကြပါသည်။ သံဃာတော်များကိုလည်း

အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီး အလောင်းတော်, တရားထူးရသွားသော တရားတော်။
အရှင်သာရိပုတ္တရာ အလောင်းတော် ဥပတိဿနဲ့ အရှင်မောဂ္ဂလန် အလောင်းတော် ကောလိ
တတို့ သူငယ်ချင်းနှစ်ယောက် ပျော်ပွဲသဘင်ကို ကြည့်ကြရင်းနဲ့ နောင်အနှစ်တစ်ရာကြာရင် ပွဲကသူ
ပွဲကြည့်သူတွေဟာ “နာမည်မျှ ကလေးတောင်”ကျန်တော့မှာ မဟုတ်ဘူးစတဲ့ အသိတရားတွေရပြီး

"တစ်နှစ်တစ်ခါ၊ ငရဲရှာ၊ လူ့ ရွာဘုရားပွဲ။ "
ဘာသာရေးပွဲ၊ ဘုရားပွဲ၊ ဘုန်းကြီးပျံပွဲများကို ရှေးအစဉ်အလာအရ ကျင်းပလာခဲ့ကြရာ၊ ဘာသာရေး
အရ အနှစ်သာရရှိရှိ ထိထိမိမိ ဆောင်ရွတ်ရမည့်အစား ပျော်ပွဲရွှင်ပွဲနှင့်( အချို့ သောဒေသတွင် လောင်းက
စားပွဲ ) တို့ လွှမ်းမိုးနေကြသည်ကို ကြားသိနေရပါသည်။ ဓမ္မရေးရာ ကိစ္စရပ်များတွင် ပျော်ပွဲရွှင်ပွဲတို့ 

Friday, November 17, 2017
မကောင်းမှုလုပ်တာသိတာနဲ့မသိတာနဲ့ ဘာကပိုအပြစ်ကြီးလဲ
အမေး။ မကောင်းမှုကျူးလွန်မိတဲ့အခါ မသိဘဲကျုးလွန်တာနဲ့ သိရက်နဲ့ကျုးလွန်တာ ဘယ်ဟာက ပိုပြီးအပြစ်ကြီးပါသလဲဘုရား။
ဖိုးလပြည့်
မြိတ်
အဖြေ။ ။အဘိဓမ္မာမှာ ဒိဋ္ဌိဂတ၀ိပ္ပယုတ်ထက် ဒိဋ္ဌိဂတသမ္ပယုတ်က ပိုပြီး ထက်မြက်ပါတယ်။ဆိုလိုတာက ဒိဋ္ဌိနဲ့ယှဉ်ပြီး ကျုးလွန်တာက ပိုပြီး အပြစ်ကြီးလေးပါတယ်။
ပိုရှင်းသွားအောင် ပြောပါအုံးမယ်။ အပြစ်ရှိတာကို အပြစ်မရှိလို့ မှတ်ယူနေတာ မိစ္ဆာဒိဋ္ဌိ လို့ခေါ်ပါတယ်။ ဒိမိစ္ဆာဒိဋ္ဌိအခြေခံပြီး(မသိဘဲ) မကောင်းမှု ကျုးလွန်တဲ့အခါမှာ မကြောက်မရွံ့နောက်မတွန့်ဘဲ ရဲရဲဝံ့ဝံ့ ပြုလုပ်တတ်ကြတယ်။ ဒါကြောင့် မကောင်းမှုများဟာ မိစ္ဆာအယူရှိသူတို့ရဲ့သန္တာန်မှာ ပိုပြီး အဖတ်တင်ကျန်ရစ်တယ်၊(ပိုပြီးအပြစ်ကြီးတယ်)လို့ဆိုရပါတယ်။ ဥပမာ ..ရဲရဲငြိနေတဲ့ သံတွေခဲကို ရွှေတုံးထင်ပြီး ကိုင်တဲ့အခါ ပြင်းပြင်းထန် အလောင်ခံရသလိုပါပဲ။

Thursday, November 16, 2017
အရှင်မဟာကဿပ(သို့မဟုတ်) ဆင်းရဲသားတို့၏ ကိုးကွယ်ရာ
{အရှင်မဟာကဿပ မထေရ်မြတ်ဟာ ဓုတင်အရာမှာ ဧတဒဂ်ရတဲ့ တတိယ မဟာသာဝကကြီးတစ်ပါး ဖြစ်တော်မူ ပါ တယ်။ လွန်လေပြီးသောအခါ ကမ္ဘတစ်သိန်းထက်က ဓုတင်အရာမှာ ဧတဒဂ်ရတဲ့ အရှင်မဟာနိသဘမထေရ်ကို ကြည်ညို အား ကျကာ ပဒုမုတ္တရ မြတ်စွာဘုရားရှင်ရဲ့ထံတော်မှာ ဆုထူးပန်ဆင်ခဲ့တာဖြစ်ပြီး ပါရမီတော်တွေကို ထူးချွန်ပြောင်မြောက်စွာ ဖြည့် ဆည်းတော်မူခဲ့တာလည်း ဖြစ်ပါတယ်။
အရှင်မဟာကဿပမထေရဲ့ အတိတ်ဘာဇာတ်ကြောင်းနဲ့ ပစ္စုပ္ပာန်ဘ၀ အချင်းအရာတွေဟာ အင်မတန် ဆန်းကြယ် အံ့သြဖွယ်တွေဖြစ်သလို လွန်စွာမှလည်း ကြီးကျယ်မြင့်မြတ်လှပါတယ်။ အမရပူရ(တောင်မြို့) မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာ ဘိဝံသက " မြန်မာပြည်က ထေရုပ္ပတ္တိတွေဟာ လူလို မရေးကြဘူး။ နတ်လို ရေးနေကြတယ်။ ငါ့ကတော့ ငါရဲ့ထေရုပ္ပတ္တိကို လူလိုပဲရေးမယ်"လို့ တစ်ချိန်က မိန့်ကြားတော်မူခဲ့ဖူးပါတယ်။အရှင် မဟာကဿပမထေရ်ရဲ့ ထေရုပ္ပတ္တိကို ရေးမယ်ဆိုရင်တော့ "လူလို နတ်လိုသာမက ဗြဟ္မာလို ရေးပါမှ"တိကျမှန်ကန်ပြည့်စုံနိုင်မှာပါ။}

သေသူအတွက် ကူးတို့ခ။
ကူးတို့ခထည့်သည့် ဓလေ့ထုံးစံသည် မှားယွင်းသော ယုံကြည်မှုဖြစ်ပါသည်။ လူသေ
သောအခါ သေသူ၏ခန္ဓာကိုယ်က ၀ိဉာဉ်လိပ်ပြာထွက်သွားပြီး၊ ထိုဝိဉာဉ်လိပ်ပြာကလေးသည်
“ငွေတစ်မတ်/ကူးတို့ခ”ပါမှ နောက်ဘ၀သို့ ကူးပြောင်းနိုင်သည်ဟူသော ယုံကြည်ချက်သည်

ဂေါတမမြတ်စွာဘုရားဖြေကြားသော အာဠ၀ကဘီလူး၏မေးခွန်းများ။
(၁)လောကမှာ အကောင်းဆုံး ဥစ္စာက ဘာလဲ။
အဖြေ=သဒ္ဓါသည်အကောင်းဆုံး ဥစ္စာ။(သဒ္ဓိဓ ၀ိတ္တံပူရိသဿ သေဌံ)
(၂)လောကမှာ ဘာလုပ်ရင်ချမ်းသာ မှာလဲ။
အဖြေ=ဓမ္မကိုကျင့်သုံးရင် ချမ်းသာမယ်။(ဓမ္မော သုစိဏ္ဏော သုခမာဝဟတိ)

Wednesday, November 15, 2017
အချိန်ကို မစောင့်ပါနဲ့..
စောင့်တယ်ဆိုတာ ဝမ်းနည်းပူဆွေးခြင်းတစ်မျိုး၊ နောင်တတစ်မျိုးဖြစ်တယ်။ အဲဒီဝမ်းနည်းပူဆွေးခြင်းကို ဘာနဲ့မှ ကုသလို့မရပါဘူး။ ကုသလို့မရတဲ့ဘဝက အသစ်တဖန်ပြန်ဖြစ်လို့လည်း မရပါဘူး.. အကြောင်းက ဘဝမှာလည်း ဒိတ်လွန်နေ့စွဲတွေ ရှိလို့ပါပဲ။
(၁) မိဘကိုပြုစုစောင့်ရှောက်ဖို့ အချိန်ကိုမစောင့်ပါနဲ့...
လူတွေကပြောတယ်။ ငါချမ်းသာတဲ့တစ်နေ့ ငါ့မိဘတွေကို ပိုက်ဆံတွေပုံပေးပစ်မယ်။ ပိုက်ဆံပုံပေါ်ထိုင်ပြီး သူတို့ဝယ်ချင်တာဝယ်၊ စားချင်တာ စားပါစေ။ ငါအချိန်ရှိတဲ့တစ်နေ့ ငါ့မိဘကိုခေါ်ပြီး ကမ္ဘာပတ်ပစ်မယ်။ သူတို့အသက်ရှင်တုန်း တဝကြီးပေးပျော်လိုက်မယ်။
ပိုက်ဆံချမ်းသာမယ့်အချိန်ထိ စောင့်ရရင် သင့်မိဘရဲ့သွားတွေက အစားဝါးနိုင်တော့မှာ မဟုတ်ပါဘူး။ အချိန်ရှိမယ့်အချိန်ထိ စောင့်ရရင် သင့်မိဘတွေ လမ်းလျှောက်နိုင်တော့မှာ မဟုတ်ပါဘူး။ ဟိုဟာဖြစ်၊ ဒီဟာဖြစ်ဖို့ အချိန်ကိုစောင့်နေတဲ့ သားသမီးတွေကြောင့် ဒိတ်လွန်သွားတဲ့ မိဘတွေလည်းရှိကြပါတယ်။ တကယ်တော့ အဖေအမေကို ဂရုစိုက်ဖို့ဆိုတာ မခက်ခဲပါဘူး။ ကျွန်တော်တို့ရဲ့ နေ့စဉ်အချိန်လေးမှာ ဖုန်းလေးတစ်ချက်၊ နွေးထွေးတဲ့စကားလေးတစ်ခွန်း၊ အပြုစုလေးတစ်ခုက သူတို့ရင်ကို ကြည်နူးမှုတွေနဲ့ ဆွတ်စိုစေနိုင်ပါတယ်။

Tuesday, November 14, 2017
ဘုရားပွင့်ပေါ်လာခြင်းသည် ၀ိပဿနာအတွက်
ဒါနအမှု၊ သီလအမှု၊ သမထဘာဝနာ ကုသိုလ်များသည် ဘုရားသာသနာ ကွယ်ပနေတဲ့ အချိန်မှာလည်း ဖြည့်ဆည်းလို့ ရတဲ့ ကုသိုလ်ကောင်းမှုများ ဖြစ်ပါတယ်။
ဘာဖြစ်လို့လည်းဆိုတော့... ဘုရားလောင်းတော် ပါရမီဖြည့်စဉ်ကို လေ့လာကြည့်လိုက်ပါ... ဒါနပါရမီ၊ သီလပါရမီစသည့် ပါရမီ (၁၀)ပါးကို သာသနာပအခါမှာ ဖြည့်ကျင့်ခဲ့တာ များပါတယ်။
သမထဘာဝနာအကျင့် အနေနဲ့ကတော့ ဘုရားလောင်းတော်သည် ဗြဟ္မာ့ဘုံများသို့ ရောက်နိုင်တဲ့ အထိ ကျင့်ကြံကြိုးကုတ် အားထုတ်ခဲ့ပါတယ်။

တရားသိလျက် အကျင့်ခက်။
ကဿပမြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် စံသွားလို့ သာသနာတော် ကျန်ရစ်တဲ့ အချိန်လေးမှာ
သာသနာကြည်ညိုတဲ့ မိသားစု တစ်စု သာသနာဘောင် ၀င်လာခဲ့ပါတယ်။ အကိုကြီးရဲ့ နာမည်က
“ သာဂတ ” တဲ့။ သူ့ညီရဲ့ နာမည်က “ ကပိလ ” တဲ့။ နှမလေးရဲ့ နာမည်က “ တာပနာ” တဲ့။ အ

ဘ၀မှာ အရှုံးကြီးရှုံးပြီပေါ့။
“ကုသိုလ်ရဲ့အကျိုးကလည်း ရုတ်တရက်ချက်ချင်းကြီး မပေးသေးဘူး၊ ရင့်ကျက်မှ
အကျိုးပေးတာလည်း ရှိတယ်။ မရင့်ကျက်သေးပေမယ့် အကျိုးပေးတဲ့ကံလည်း ရှိတယ်။
တချို့ ကုသိုလ်ပေါ်မှာ မယုံမကြည်ဖြစ်လာတတ်ကာ.. ငါတို့ ကုသိုလ်တွေ လုပ်နေပါလျက်

ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အသိပညာပေးဆောင်ပုဒ်များ (၄) ။
“ ရှင်မဟာသီလ၀ံသ ဆုံးမစာ (၃) ”
--------------------------
၂၆။ လှူဖွယ်တန်းဖွယ်၊ ကြီးငယ်တည်တည်
ရောက်လာသည်ကို၊ လှယ်ကာခဏ
သူ့ခွက်ယောက်ကို၊ မပျောက်နေ့ည ပေးလိုက်ကြ။

Monday, November 13, 2017
ပါရမီဆယ်ပါး ဘုရားဟော မဟော
“သမ္မာသမ္ဗောဓိဆုပန်သော ပုဂ္ဂိုလ်သည် ဗုဒ္ဓဖြစ်ရန် ဘ၀ပေါင်းများစွာ ပါရမီဆည်းပူးရ၏။ ပါရမီဟူသော ပုဒ်ကို နိကာယ်လေးကျမ်း၌ အလျဉ်းမတွေ့ရချေ။ ဗုဒ္ဓတရားများကို ဂဏန်း အရေအတွက်နှင့် ခွဲခြား၍ စုံလင်စွာပြသော ဒီဃနိကာယ် ဒသုတ္တရသုတ်နှင့် သင်္ဂီတိသုတ်များ၌ပင် လုံးဝ ပြမထားချေ။ ဇာတကဂါထာ၌လည်း မတွေ့ရဘဲ ပိဋကတ်ထဲ၌ အလွန်နောက်ကျမှ ၀င်လာသော ဇာတကအဋ္ဌကထာ ဗုဒ္ဓ၀ံသနှင့် စရိယာပိဋကတ်ကျမ်းများ၌သာ တွေ့ရ၏။
Sunday, November 12, 2017
ဘယ်ဒိဋ္ဌိက မဂ်ဖိုလ်အချည်းအနှီးဖြစ်ပါသလဲ
အမေး။ ။အရှင်ဘုရား……ဒိဋ္ဌိအမျိုးအစား ဘယ်လောက်များ ရှိပါသလဲဘုရား...၊ ဘယ်ဒိဋ္ဌိတွေက မဂ်ဖိုလ်မှ အချည်းနှီး ဖြစ်နိုင်ပါသလဲဘုရား...၊ ရတနာသုံးပါးမှ တစ်ပါး အခြားကိုးကွယ်ယုံကြည်မှုတွေက မဂ်ဖိုလ်ရောက်ကြောင်း အနှောက်အယှက်ပေး နိုင်ပါသလားဘုရား၊ နားလည်အောင် အကျယ် ရှင်းလင်းဖြေကြားပေးတော်မူပါဘုရား။
ကိုမောင်မောင်
ရန်ကုန်
ကိုမောင်မောင်
ရန်ကုန်
(ကုသိုလ်ဖြစ်အောင် သတိဆောင်) ***
လောကမှာ လူတွေဟာ ယစ်မူးတတ်ကြတယ်။ ယစ်မူးတယ်ဆိုတာ တစ်ချို့က အရက်သေစာတို့
ဆေးဝါးတို့သုံးမှ ယစ်မူးတယ်လို့ ထင်တာ။ လောကလူတွေကို သတိထားပြီး ကြည့်လေ၊ စီးပွါးဥစ္စာ
အဆင်ပြေနေတဲ့ ပုဂ္ဂိုလ်ကလည်း “ငါလုပ်ရင် ဘာမဆို ဖြစ်တယ်” ဆိုတဲ့အတွေး ရောက်တယ်။ ရာထူး

ကောင်းမှုကုသိုလ်တို့၏ အစ။
လူတစ်ဦးသည် မိမိကြောင့် လူနှင့်သတ္တ၀ါများ ဆင်းရဲဒုက္ခ ရောက်စေမည့် အပြုအမူ၊ အကျင့်စရိုက်များ
မှရှောင်ကြဉ်ဖို့  လိုပါသည်။ ဤသို့  ရှောင်ကြဉ်ခြင်းသည်ပင် "လူ့ ကျင့်ဝတ်၊ လူ့ သီလ၊" ဟုဆိုနိုင်ပါသည်။
မိမိကို အကြောင်းပြုလျက် လူနှင့်သတ္တ၀ါတို့  ဆင်းရဲဒုက္ခ ရောက်စေသော အပြုအမူ အကျင့်အလုပ် မှန်သ

Subscribe to:
Posts (Atom)