Saturday, September 3, 2016

မြင့်မြတ်စံပြုထိုက်သည့် အဖွဲ့အစည်း



`အဖွဲ့အစည်းဟူသည်-
(၁) ကိစ္စတစ်ရပ်ရပ်ကို ဆောင်ရွက်ရန် လူအများကဖြစ်စေ, အာဏာပိုင် အစိုးရကဖြစ်စေ, စုစည်းထားသော ပုဂ္ဂိုလ်စု။
(၂) ကိစ္စတစ်ရပ်ကို အထူး ဆောင်ရွက်ရာတွင်လည်းကောင်း တူညီသော ဦးတည် ချက် ရှိသဖြင့်လည်းကောင်း, ပေါင်းစုနေသည့် လူစုဖြစ်သည်´ ဟု မြန်မာအဘိဓာန် အကျဉ်းချုပ်တွင် ဖွင့်ဆိုထားသည်။

Friday, September 2, 2016

ဗျာပါဒ သံယောဇဉ်”

ဗျာပါဒ ဆိုတာ ထစ်ခနဲရှိ စိတ်ထဲမှာ အလိုမကျဖြစ်တာ။ပြင်းထန်လာလို့ရှိရင် လူတွေက ပြောတယ်။
စိတ်ဆိုးတယ်။ စိတ်တိုတယ်။

ကိုယ်မကြိုက်တဲ့ အာရုံနဲ့တွေ့ရင် စိတ်ထဲမှာ မကျေမနပ်ဖြစ်တယ်။မဖြစ်ဘူးလား။
အဲဒါကလည်း ဗျာပါဒ သံယောဇဉ်လို့ ခေါ်တယ်။သူကလည်း သံယောဇဉ်ပဲ။ အမုန်းသံယောဇဉ်။

ထာဝရ အလှူ ထာဝရကုသိုလ်



ရှေးလွန်လေပြီးသော နှစ်ပေါင်း ကုဋေကုဋာမကသည့် အချိန်လောက်ကဖြစ်သည်။ လူငယ်လေးတစ်ယောက်သည် ထီးဟောင်းလေး တစ်ချောင်းကို ဆောင်း၍ တောလမ်းခရီးတစ်ခုကို သွားနေခဲ့လေသည်။ လမ်းခရီးတစ်နေရာတွင် တောင်ကုန်းကလေးတစ်ခုရှိသည်။ ထိုတောင်ကုန်းလေး ပေါ်တွင် စေတီ အပြို အပျက်ကလေးတစ်ခု လည်း ရှိ၏။ ခရီးသွားလူငယ်သည် စေတီ ပျက်ငယ်လေးကို တွေ့သည်နှင့် တစ်စုံတစ်ရာကို သတိရသွားခဲ့လေသည်။

အမုန်းစိတ်၏ ထွက်ပေါက်။

      တို့တတွေစိတ်ထဲမှာ ဒေါသဆိုတဲ့ အလိုမကျမှု၊ တစ်ဦးတစ်ယောက်ကို မုန်းတီးမှုဆိုတာ
ကိုယ့်သန္တာန်မှာ ဖြစ်နေလို့ရှိရင် စိတ်နှလုံးဟာ ပူလောင်နေရပါတယ်။ အဲဒီ ပူလောင်မှုတွေကို မလို
ချင်ဘူး၊ ထာဝရ အေးချမ်းနေတာကို လိုချင်တယ်ဆိုရင် မေတ္တာနဲ့ အစားထိုးလိုက်ပါ။ မေတ္တာဟာ

အာဟာရမျှတမှ တရားထူးရမည်။

         အာဟာရသည် ရုပ်အာဟာရ၊ နာမ်အာဟာရ အားဖြင့်နှစ်မျိုးရှိ၏။ အာဟာရ၏ တိုက်
ရိုက်အဓိပ္ပါယ်မှာ= “လွန်စွာဆောင်တယ်” အဓိပ္ပါယ်ရှိ၏။ စားသောက်နေသော ထမင်းဟင်း စ
သည်တို့တွင် ဗီတာမင်အေမှ ဇတ်အထိ ရှိသည်။ ယင်း ဗီတာမင်ဓာတ် သြဇာဓာတ်ကို “အာဟာရ”

ဓမ္မဒူတအရှင်ဆေကိန္ဒ သိခဲ့တဲ့ တရားသဘော။

  ဘုန်းဘုန်းကလည်းပဲ ကိုယ့်ဘ၀ ဒီဘ၀ရဲ့အစကို  ဘုန်းဘုန်း မှတ်မိတာလေး  တစ်ခု
ပြောကြည့်ပါအုံးမယ်။ တစ်နေ့တော့ အဖေအမေတို့ အိမ်မှာမရှိကြဘူး ရွာထဲကိုကိစ္စတစ်ခုနဲ့
သူတို့သွားကြတယ်။ မှတ်မိတာကတော့ အချိန်က ည(၇)နာရီ လောက်ပေါ့။ မှောင်လာပါပြီ

Thursday, September 1, 2016

အနှိုင်းမဲ့ယာဉ်ဖြင့် ကျော်ဖြတ်ခြင်း

 ( ၁) 'သဒ္ဓါတရတိ သြဃံ၊ အပ္ပမာဒေန အဏ္ဏဝံ။ ဝီရိယေနဒုက္ခမစ္စေတိ၊ ပညာယ ပရိသုဇ္ဈတိ''။ ( အာဠာဝက သုတ်) အာဠာဝကယုံကြည့်မှု သဒ္ဓါတရားဖြင့် သြဃလေးဖြာ သံသရာကို ကူးမြောက်နို၏၊ မမေ့မလျှော့ခြင်းအပ္ပမာဒ တရားဖြင့် သံသရာတည်းဟူသော သမုဒ္ဒရာကို ကူးမြောက် နိုင်၏၊ ထကြွလုံးလ၀ိရိယဖြင့် ဆင်းရဲခြင်းဒုက္ခတွေကို လွန်မြောက်နိုင်၏၊ ပညာဖြင့်ကိလေသာအညစ်အကြေးတွေကို ဖယ်ရှားသုတ်သင်နိုင်၏၊

Wednesday, August 31, 2016

တနှစ်တခါ ငရဲရှာ လူ့ရွာဘုရားပွဲ

■ မြန်မာပြည်မှာ ဘုရားပွဲတွေဆိုတာကလည်း အားလုံးသိကြတဲ့အတိုင်းပဲ၊
အကောင်ပလောင်တွေသတ်ပြီးတော့ အကျွေးအမွေးလုပ်ပြီးတော့ ဘုရားပွဲကျင်းပတယ်၊ ဇာတ်ပွဲတွေ ထည့်ပြီးတော့ကြည့်တယ်။ ကြည့်တော့ တစ်ချို့အရပ်တွေမှာ ကြားဖူးတာ၊ မြတ်စွာဘုရားရဲ့ အလှူခံပုံးမှာ တစ်နှစ်လုံးရှိတာ၊လှူတဲ့သူတွေကတော့ ဘုရားရွှေသင်္ကန်းကပ်ရန်၊ လျှပ်စစ်မီးပူဇော်ရန်တို့ ဘာတို့ညာတို့ပေါ့။ သူ့ခေါင်းစီးနဲ့သူ၊ ရွှေတိဂုံဘုရားပေါ် တက်ကြည့်ရင် တွေ့မှာပေါ့။ သူ့ခေါင်းစီးလေးနဲ့သူ လှူထားကြတာနော်။

Tuesday, August 30, 2016

ဘယ်လိုနေပြီး ၊ ဘယ်လိုသေကြမှာလဲ


■ ခုလူတွေ ရှေးကနဲ့ စာရင် တော်တော်ရိုင်းလာတယ်၊တော်တော်ဆိုးလာတယ်၊ သို.သော် နောက်လာမယ့်လူတွေနဲ.စာရင် ဒါတွေ တော်တော် တော်တယ်နော်။
■ နောက်ပေါင်းရမယ့်လူတွေကလည်း ခုလိုလူမျိုးခုလို ပတ်ဝန်းကျင်မျိုး မဟုတ်တော့ဘူးဗျ။
■ ဆုတ်ခေတ် နက်ဖြန်ခါ ဒီထက်ဆုတ်မယ်၊နောက်နေ. ဒီထက်ဆုတ်မယ်။ တက်လိမ့်မယ်မထင်နဲ.။ဆုတ်ခေတ်၊ ဆုတ်တာက ရိုးရိုးဆုတ်တာမဟုတ်ဘူး၊

Monday, August 29, 2016

(၁၅)မိနစ် တရားထိုင်နည်း

■ တနေ့လျှင် (၁၅)မိနစ်ခန့် တရားထိုင်ကြည့်ပါ။
ထူးခြားသော အကျိုးကျေးဇူးများ၊
ထူးခြားသော ကံကောင်းမှုများ၊
သင့်ထံသို့ ဧကန်အမြန် ရောက်ရှိလာပေလိမ့်မည့် ■
■ (၁၅) မိနစ်တရားထိုင်နည်း ■
အမျိုးသားယောဂီများမှာ တင်ပလ္လင်ခွေထိုင်လျှက်လည်းကောင်း၊
အမျိုးသမီးယောဂီများမှာ မိန်းမထိုင် ကျုံ့ကျုံ့ထိုင်လျှက်လည်းကောင်း ခါးကို မတောင့်လွန်း၊

လက်တွေ့သိရတဲ့ဒုက္ခ။

        ဗုဒ္ဓမြတ်စွာ လက်ထက်တော်အခါက မလ္လတိုင်းမှာ ဥရုဝေလကပ္ပလို့ခေါ်တဲ့ နိဂုံးရွာကြီး
ရှိပါတယ်။ အဲဒီ နိဂုံးရွာကြီးအနီးမှာ မြတ်စွာဘုရား သီတင်းသုံးနေတဲ့အချိန် ဘဒြက ဆိုတဲ့ ရွာ
သူကြီးက မြတ်စွာဘုရားကို လာပြီးတော့ လျှောက်ပါတယ်။

ကောင်းရာသုဂတိသို့ရောက်အောင် စုတေခါနီး ပြုပြင်ပေးရပုံ။

        မကျန်းမာခြင်း စသည်ကြောင့် အချို့လူတို့သည် စုတေခါနီးကာလ၌ ဆရာသမားကောင်း
ဆွေကောင်း မျိုးကောင်းများက အာရုံကောင်း ထင်လာဖို့ရာ ပြုပြင်ပေးကြရမည်။ လူမမာသည်
ယခု ရောဂါမှ လွတ်နိုင်တော့မည်မထင်လျှင် လူမမာ၏ အနီးအပါး၌ သန့်ရှင်းနိုင်သမျှ သန့်ရှင်း

“တရားပွဲတော်မှ ဖိတ်ကြားပါသည်။”

၁။   သာသနာနှင့်  လူ့ဘ၀၊
      တွေ့ဆုံဖို့ရန်  လွန်စွာခက်ခဲလှ။
      သာသနာနှင့်  တွေ့ဆုံတုန်း၊
      တရား များများ  နာကြအုန်း။

Sunday, August 28, 2016

လူတော်နှင့်လူကောင်း

မြတ်စွာဘုရားရှင်လက်ထက်တော်က“ဧကူဒါန”လို့ အမည်ရတဲ့ မထေရ်တစ်ပါး ရှိခဲ့ဖူးပါတယ်။
ဧကူဒါန ကို ပုဒ်ခွဲရင် ဧက-ဥဒါန ပါ။အဓိပ္ပာယ်ကတော့ ဥဒါန်းဂါထာ တစ်ပုဒ်ပဲရပြီး
အဲဒီ “ဂါထာ တစ်ပုဒ်ကိုပဲ အမြဲရွတ်ဆိုလေ့ရှိသူ”လို့ အဓိပ္ပာယ်ရပါတယ်။