Friday, May 31, 2013
သံသရာခရီးသွားများအတွက် ကောင်းမှုနှင့် မကောင်းမှု။
သံသရာခရီးသွားနေတဲ့ ပုဂ္ဂိုလ်တွေဟာ မှားမှားယွင်းယွင်း တစ်ခုခု လုပ်မိသွားပြီဆိုရင် ခံရ
တဲ့ အကျိုးဆက်ဟာ သက်သာလှတယ်လို့ မရှိပါ။ ဗုဒ္ဓမြတ်စွာရဲ့ လက်ထက်တော် အခါမှာ ကြုံတွေ့
ခဲ့ရတဲ့ ပုဂ္ဂိုလ်တွေရဲ့ အခြေအနေကို ဆင်ခြင်သုံးသပ်ပြီး ကိုယ့်ကိုယ်ကို သတိထားဖို့ လိုပါတယ်။
Thursday, May 30, 2013
လောကဓံတရား ရှစ်ပါးနှင့် လောကဓံကိုဆင်ခြင်ပုံ။
လောကဓံတရား ရှစ်ပါးမှာ (၁) လာဘ = ပစ္စည်းဥစ္စာရခြင်း။ (၂) အလာဘ = ပစ္စည်းဥစ္စာရခြင်း။
(၃) ယသ = အခြွေအရံ ပေါများခြင်း။ (၄) အယသ = အခြွေအရံ မရှိခြင်း။ (၅) နိန္ဒာ = အကဲ့ရဲ့ခံရ
ခြင်း။ (၆) ပသံသာ = အချီးမွမ်း ခံရခြင်း။ (၇) သုခံ = ချမ်းသာခြင်း။ (၈) ဒုက္ခံ = ဆင်းရဲခြင်းတို့ဖြစ်
ကြပါသည်။
” တရားအလှူက ဘာကြောင့် မြတ်သလဲ”
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ – ဒါနအားလုံးမှာ ဓမ္မဒါနဟာ
အမြတ်ဆုံးလို့ပြောနေကြတယ်။ ဘာကြောင့်မြတ်သလဲဆိုတာ စဉ်းစားမယ်ဆိုရင်
ပေးသူနှင့်ယူသူမှာ အကျိုး တွေ အတိုင်းအဆမရှိလောက်အောင် များပြားလို့
မြတ်တယ်လို့ပြောရတာ။ အကျိုးအမြတ် ရှိတာကို ကြည့်ပြီး ဆုံးဖြတ်တာ ။
သကြားနှင့်ဆား စားမှသိ ( ဝေဘူဆရာတော် ဘုရားကြီး )
ဒကာကြီးရဲ. သည်.လိုပြောပါမယ်၊ သကြားတို. ဘာတို.တော ဒကာကြီးက ချိုတယ်လို. ပြော
မယ် မဟုတ်လား၊ ဒို.ကတော. မစားဖူးသေးဘူးလေ၊ တောထဲက ရဟန်းက ဒကာကြီးတို.ကို
သကြားချို သလား ပြောစမ်းပါ ဆိုရင် ဒကာကြီးက ချိုတယ်လို. ပြောမှာပဲ မဟုတ်လား။ သည်
တော. ဒို.က ဒကာကြီးရဲ. သကြားချိုတာ ကိုပြောစမ်းပါ ဆိုရင် ဘယ်နှယ်ပြောမလဲ။ (တပည်.
တောက စားဖူးလို ပြောတတ်ပါတယ်ဘုရား။ မစားဘူတဲ. ပုဂ္ဂိုလ်များကတော. မပြောတတ်ပါ
ဘုရား။) ဒို.က မစားဘူးလို. သကြားချိုတာ ဘယ်လိုလဲ လို.ပြောစမ်းပါ။(ထန်းလျက်ထက် အ
ှများကြီး ကောင်းပါတယ် ဘုရား) ဒါဖြင်.ဒို.ကပြောမယ်၊သကြားဟာ ချိုတယ်ဆိုတာက ထန်းလျက်
ထက်ကောင်းတယ် ဆိုတော.ဒို.ကသိပါ.မလား။ (မသိပါဘုရား)။
Wednesday, May 29, 2013
ဘုရားတည်ခြင်း နှစ်မျိုးနှင့် အကျိုးကျေးဇူးများ။
ဗုဒ္ဓဘာသာ အများစုသည် ဘုရားတည်ရန် အလွန်စိတ်ဝင်စားကြ၏။ ဘုရားတည်ခြင်းသည်
မြေပြင်မှာတည်ခြင်းနှင့် လူသားများ၏ နှလုံးသား၌ တည်ခြင်းဟူ၍ နှစ်မျိုးရှိ၏။ မြေပြင်မှာ တည်
သောဘုရားသည် သဘာဝ ရာသီဥတုဒါဏ်ကြောင့် နှစ်အနည်းငယ်ကြာလျှင် ပျက်စီးပျောက်ကွယ်
သွားရသည်သာ ဖြစ်၏။ စာပေများ သင်ကြားပို့ချပေးခြင်း၊ တရားပွဲများ ကျင်းပ၍ ဟောကြားပြသ
ပေးခြင်းသည် လူတို့၏ နှလုံးသား၌ ဘုရားတည်ပေးခြင်းပင် ဖြစ်၏။
တရားတက်ဖို့ ရိုရိုသေသေ၊စူးစူးစိုက်စိုက်ရှုရပါမယ်
တရားထိုင်တဲ့ခါ ဣရိယာပုဒ် ကြာတာမကြာတာ ထက် အမှတ်သတိနဲ့ ဘယ်ဣရိယာပုဒ်
မဆိုရှိနေရမယ့် အချက်ကလိုရင်းပါ။ ဣရိယာပုဒ်ကြာရှည်ပြီး
တွေးချင်ရာတွေးနေမယ်ဆိုရင်ေ သ်ာလည်းကောင်း၊ အိပ်ငိုက်နေရင်သော်လည်းကောင်း
မထိရောက်ပါဘူး။ ဣရိယာပုဒ် ကြာရှည်အောင် တမင်သက်သက်လုပ်ယူ၇န် မလိုအပ်သလို၊
တရားက သမာဓိအားကောင်းလာရင် မဖြုတ်ချင်လောက်အောင် အလိုလိုဖြစ်ပြီး ဣရိယာပုဒ်
ကြာကြာထိုင်လာနိုင်ပါတယ်။
“ဗုဒ္ဓဘာသာနှင်.မလဲနိုင်ပါ”(မဟာဂန္ဓာရုံဆရာတော်ကြီး)
မနေ.ကစကားပြောကြတယ်၊စကားပြောတော. နိုင်ငံကြီးတွေမှာ
ဗုဒ္ဓဘာသာလဲမဟုတ်၊ တချို.များ သူဌေးကြီးတွေဟာလေ တစ်နေ.သုံးလိုက်တဲ.
အသုံးစားရိတ်ဟာ ဒီမြန်မာနိုင်ငံက သူဌေးတွေတစ်သက်လုံးစားလောက် သုံးလောက်တယ် ၊ မြန်မာနိုင်ငံရဲ. ပစ္စည်းရှိတဲ. သူဌေးတွေနဲ. တစ်သက်လုံးစားလောက်တဲ.စည်းစိမ်ကို တစ်နေ.တည်း သုံးပစ်တာပဲ၊အဲဒါလောက်ပေါတယ်တဲ.။
“မျက်စိရှိသူတို့ သည်သာ မြင်နိုင်ကြကုန်၏”
ဘုရားရှင်လက်ထက်တော်က အရိယာ အရှင်မြတ်ကြီးများကဲ့သို့ 
မိမိတို့ ကိုယ်တိုင် ကိုယ်ပိုင် ကြိုးစားလျှင်လည်း ဈာန်အဘိညာဉ်နှင့်တကွ
အရဟတ္တဖိုလ်ပေါက် ဘာမဆိုရနိုင် ရောက်နိုင်သော
အခွင့်ကောင်းကြီးများကို အမှန်ပင် ရနေကြပါ၏။
မိမိတို့ ကိုယ်တိုင် ကိုယ်ပိုင် ကြိုးစားလျှင်လည်း ဈာန်အဘိညာဉ်နှင့်တကွ
အရဟတ္တဖိုလ်ပေါက် ဘာမဆိုရနိုင် ရောက်နိုင်သော
အခွင့်ကောင်းကြီးများကို အမှန်ပင် ရနေကြပါ၏။
တစ်သက်လုံးစိပ်မှ ပုတီးလေးလုံးသာရ
ပင်းယခေတ်၌ ထိုအချိန်က စစ်ကိုင်းတောင်
ပုညရှင်စေတီ အနီးတွင်
ရေငုံဘုန်းကြီးခေါ် ဆရာတော်တစ်ပါးရှိ၏။
ကျမ်းဂန်တတ်မြောက်ပြီး တရားဘာဝနာစီးဖြန်းနေကာ
စကားအဖျင်းပြောမိမည်စိုး၍
ရေငုံနေသောကြောင့် ရေငုံဘုန်းကြီးဟုခေါ်သည်။
ပုညရှင်စေတီ အနီးတွင်
ရေငုံဘုန်းကြီးခေါ် ဆရာတော်တစ်ပါးရှိ၏။
ကျမ်းဂန်တတ်မြောက်ပြီး တရားဘာဝနာစီးဖြန်းနေကာ
စကားအဖျင်းပြောမိမည်စိုး၍
ရေငုံနေသောကြောင့် ရေငုံဘုန်းကြီးဟုခေါ်သည်။
သာဓု သုတ္တန်
ရှင်အရဟံကျေးဇူးနှင့် မြန်မာပြည်သာသနာ
ရှင်အရဟံ၏ ဘွဲ့ တော်ကား အရှင်ဓမ္မဒဿီ ဖြစ်၏။ သထုံပြည် အရှင်သီလ ဗုဒ္ဓိမည်သော
ရဟန္တာအရှင်မြတ်၏ တပည့်ဖြစ်၏။ငယ်စဉ်ကပင် စောင့်ရှောက်၍ ရှင်ရဟန်းပြုပေး၏။
ဗေဒင်လေးပုံနှင့်တကွ ပိဋကကျမ်းဂန် တတ်မြောက်၍ ရဟန္တာဖြစ်တော်မူသည်။
ကျော်စောထင်ရှားသဖြင့် သောက္ကတဲမြို့(ယိုးဒယားပြည်ရှိ နွတ်ပုရီမြို့ )က
ဒကာများပင့်၍ ကြွရောက် သီတင်းသုံးရ၏။ ၁၀ နှစ်ကျော် နေပြီးမှ သထုံသို့  ကြွလာ၍
တောရကျောင်း၌ နေတော်မူ၏။
အင်းဝမြို့  ရဟန္တာ အရှင်သဒ္ဓမ္မာလင်္ကာရ
ဘကြီးတော်လက်ထက် အင်းဝမြို့  မိုးထိကျောင်း၌ စာပေပရိယတ္တိသင်ယူနေဆဲ
သီတင်းသုံးဖော် မိတ်ဆွေရဟန်း နှစ်ပါးရှိ၏။ တစ်ပါးက အရှင်သဒ္ဓမ္မာလင်္ကာရ၊
တစ်ပါးက အရှင်ဝိသုဒ္ဓါစာရ၊ ၀ိနည်းအရာ၌ ရိုသေလေးစား၍ တစ်ပါးကိုတစ်ပါး
အလွန်ချစ်ကျွမ်းဝင်ကြသည်။ စာပေပရိယတ္တိလည်း ကျွမ်းကျင်ကြ၏။
တစ်နေ့ သောအခါ အရှင်သုဒ္ဓမ္မာလင်္ကာရက အရှင်ဝိသုဒ္ဓါစာရအား -
“ငါ့ရှင် ၊ ငါတို့ သည် ရခဲသော လူ့ ဘ၀တွင် ရဟန်းဘ၀ကိုလည်း ရခဲ့ကြပြီ။

ဇာတိဿရဥာဏ်၏ အကျိုးနှင့်အပြစ်
ဇာတိဿရဥာဏ်ကို ရသည်ဆိုရာ၌ ဘ၀များကို အစဉ်လိုက် အဖြစ်စုံကို အမှန်အတိုင်း
သိမြင်နိုင်သူကား အရိယာများမှတစ်ပါး မရှိနိုင်ပေ။ လောကီအဘိဥာဏ်ရ
ပုဂ္ဂိုလ်များ၏ ရှေ့ နောက်အမြင်ရမှုကိုပင် သာသနာတော်၌ အကျိုးထက် အပြစ်သာ
များစေသည်ဟု ဆိုရ၏။ ပြည့်စုံမှန်ကန်စွာ မသိမြင်ကြသောကြောင့် ဖြစ်သည်။
နေမိန္ဓရတောင် သိမ်သမုတ်ခန်း
နေမိန္ဓရတောင် သိမ်သမုတ်ခန်းသည် မျက်စိဖြင့် မမြင်ရသော အမျိုးမျိုးသော
နတ်စိမ်း၊ အမနုဿ၊ ပြိတ္တာ၊ နတ်များနှင့် ခက်ခက်ခဲခဲ တွေ့ ဆုံဟောကြား၍ သိမ်သမုတ်ရခြင်းဖြစ်ရာ တစ်နိုင်ငံလုံးက အံ့သြရသော ပွဲလည်းဖြစ်၏။ဘဝရဲ့ တစ်နေ့တာကို သိက္ခာ သုံးပါးနဲ့ ဖွင့်ပါ
ပိုက်ဆံမကုန်တဲ့ သိက္ခာသုံးပါးကို ပွားများ အားထုတ်ရမှာပါ။
အထူးသဖြင့် သိက္ခာသုံးပါးကို ဖြည့်ကျင့်ပြီး ကိုယ့်ကိုယ်ကို အသစ်ပြန်တည်ဆောက်ရမှာပါ။
အသစ် တည်ဆောက်ဖို့ မိနစ် နှစ်ဆယ် စောထပါ။
စွယ်တော် လေးဆူ
ဗုဒ္ဓရဲ့ စွယ်တော်မြတ်လေးဆူတို့သည် သုတ်မဟာဝါပါဋ္ဌိတော် ပရိနိဗ္ဗာနသုတ် အဆုံးမှာ -
“ဧကာ ဟိ ဒါဌာ တိဒိဝေဟိ ပူဇိတာ၊ ဧကာ ပန ဂန္ဓာရပုရေ မဟီယတိ။
ကလိင်္ဂရညော ဝိဇိတေ ပုနေကံ၊ ဧကံ ပန နာဂရာဇာ မဟေတိ” လို့ ဆိုတဲ့အတိုင်း
၁။ တာဝတိံသာ စူဋ္ဌာမဏိ စေတီထဲ၌ တစ်ဆူ၊
Tuesday, May 28, 2013
ဥပုသ်ရက်သတ်မှတ်ပုံနှင့် အနှစ်သာရ။
ဗုဒ္ဓဘာသာဝင် သူတော်စင်တွေဟာ ဥပုသ်နေ့ ရောက်လာပြီဆိုရင် ဘာသာရေးကျင့်စဉ်
တစ်ခုအနေနဲ့ ဥပုသ်စောင့်ကြပါတယ်။ ဥပုသ်စောင့်တယ်ဆိုတာ ဘာလုပ်တာလဲလို့ သိရအောင်
ဗုဒ္ဓမြတစွာရဲ့ မူရင်းရည်ရွယ်ချက်ဖြစ်တဲ့ ဥပုသ်စောင့်ခြင်းရဲ့ အဓိပ္ပါယ်ကို ကျကျနန သိထားဖို့
လိုအပ်ပါတယ်။ မိရိုးဖလာ ထုံးတမ်းစဉ်လာ မိဘတွေ ဥပုသ်စောင့်လို့ လိုက်ပြီးစောင့်တတ်ကြပါ
တယ်။ ဒါပေမဲ့ ဥပုသ်စောင့်ခြင်း၏ ရည်ရွယ်ချက်၊ အဓိပ္ပါယ်ကစပြီး အကျိုးကျေးဇူးပါ အလေးအ
နက်သိဖို့ လိုပါတယ်။

သာသနဓဇဓမ္မာစရိယ၊ တိပိဋက-ဒီကဘာဏက၊ နိကာယုဇ္ဇောတက-အဂ္ဂဓမ္မာစရိယ ဓမ္မဘေရီ အရှင်ဝိရိယ (တောင်စွန်း)
ဒုက္ခဆိုတာ
အိပ်ပျော်နေသူကို လှုပ်နှိုးတတ်တယ်။
ဥပါဒါန် အားကြီးသူကို ခြောက်လှန့်တတ်တယ်။
သတိမေ့သူကို ဝါးမျိုတတ်တယ်။
သတိနဲ့တတ်စီးနိုင်သူကို လိုရာခရီးကိုပို့ပေးတယ်။
ရာနှုန်းပြည့်ပညာမျက်စိနဲ့ ကြည့်ရင်တော့ စက်ရုပ်ကျားကြီးပါပဲ။
နေရာနဲ့လူ
Monday, May 27, 2013
“ အတ္တကိလမထာနုယောဂအကျင့် ” ဆိုတာ။
အတ္တကိလမထာနုယောဂအကျင့်ဆိုတာ မိမိကိုယ်ကို ပင်ပန်းအောင်ပြုလုပ်တဲ့အကျင့်ပါ။
ဘာကြောင့် ဒီအကျင့်ကို ကျင့်ကြသလဲဆိုတော့ မိမိကိုယ်ကို သင့်လျော်တဲ့ ကာမဂုဏ်တွေဖြင့်
ကျွေးမွေးပြုစု ထားရင် တပ်မက်လိုချင်တဲ့ ကိလေသာတွေ ဖြစ်ပွားတယ်။ အ၀တ်အစား အစရှိ
သော ကာမဂုဏ်တွေကို မပေးဘဲ ပင်ပန်းဆင်းရဲအောင်ကျင့်မှ တပ်မက်လိုချင်တဲ့ ကိလေသာတွေ
ကင်းငြိမ်းမယ်။ အဲဒီ ကိလေသာတွေ ငြိမ်းမှ အိုခြင်း၊ နာခြင်း၊ သေခြင်း အစရှိသော ဆင်းရဲခပ်
သိမ်း ငြိမ်းမယ် စသည်ဖြင့် ဒီလိုလည်း တွေးခေါ်ယူဆပြီးတော့ ကိုယ်ပင်ပန်းအောင်လုပ်တဲ့ အကျင့်
ကို ကျင့်ကြတာ ဖြစ်ပါတယ်။

သရဏဂုံတည် ဥပါသကာအစစ်ကား ရှားပါးလှ၏
ဒကာ။ ။ အမှန်လျှောက်ထားရရင် ဆရာတော်နဲ့ မတွေ့ခင်ကတော့ ငါဟာတော်တော် ဟုတ်နေပြီ၊ စူဠသောတာပန်အဆင့်လောက်တော့ ရောက်နေတာပဲလို့ ကိုယ့်ကိုယ်ကို အထင် ကြီးခဲ့တာ ခုတော့ကာ ဣတိပိ သောဘဂ၀ါ အတန်းအစား တောင် ကျေပွန်လုံလောက်အောင် မရောက်သေးမှန်း သိရပါတယ် ဆရာတော်။
အခုဆရာတော် မိန့်ကြားသင်ပြသွားတဲ့ သရဏဂုံ ရှင်းတမ်းတရားမှန်း အတိုင်းသာဆို ရင် မြန်မာပြည်မှာ သရဏဂုံတည် ဥပါသကာအစစ်ဟာ ဖျစ်ဖျစ် မြည်အောင်ရှာမှ- ရှားနေတော့ မှာပဲ ဆရာတော်၊
နတ်၊ ၀ိဇ္ဇာ၊ ဗေဒင်၊ ဓါတ်ရိုက်၊ ဓါတ်စီး၊ ဓါတ်ဆင်တွေနဲ့ဖက်တွဲပြီး စိပ်ပုတီးကြီး လည်ပင်းဆွဲကာ သရဏဂုံတောထဲ ၀င်ရောမွှေနှောက် ခံယူနေကြတာတွေသာ များတာ သိရပါတယ် ဆရာတော်။
ဆရာ။ ။ အင်း…. ရှားပါးဆို အတိုင်းမသိ တန်ဖိုးရှိတဲ့ ဗုဒ္ဓသာသနာ ရတနာအစစ်အမှန် ကို ဘုန်းကံပါရမီကြီးမားတဲ့ ဘုန်းရှင် ကံရှင် ပညာရှင်များသာ ယုံကြည်စိတ်ချစွာနဲ့ ဆည်းကပ်မှီဝဲ သုံးဆောင်ခံစားနိုင်တယ်လို့ မြတ်စွာဘုရားသခင်က -
အထက်ဆရာကြီးတွေကိုးကွယ်သူဟာ သီလဗ္ဗတုပါဒါန်ဖြစ်နိုင်ပါသလား
အထက်ဆရာကြီးတွေကိုးကွယ်သူဟာ သီလဗ္ဗတုပါဒါန်ဖြစ်နိုင်ပါသလား
ဒကာ။ ။ ဥပါဒါန်တရားလေးပါးထဲမှာ သီလဗ္ဗတုပါဒါန်ဆိုတာနဲ့ စပ်ပြီးတော့ အထက်ဆရာကြီးတွေ ၀ိဇ္ဇာဓိုရ် ထွက်ရပ်ပေါက်ဆရာကြီးတွေ၊ နတ် သိကြား ဗြဟ္မာကြီးတွေကို ချမ်းသာအောင် စီမံဖန်တီးပေးနိုင်တဲ့ ကယ်တင်ရှင်အနေနဲ့ ကိုးကွယ်ဆည်းကပ်နေတဲ့သူတွေဟာ သီလဗ္ဗတုပါဒါန်ထဲမှါပါဝင်တဲ့ အယူအစွဲ မိစ္ဆာဒိဋ္ဌိတွေပဲလို့ ပြောဆိုငြင်းခုံနေကြတာ မှန်ပါသလား ဆရာတော်၊
ရှိပြီး ရွှေငွေ မစွန့်ဘဲ လူများ ဆယ်ပါးသီလ စောင့်ကောင်းသလော
ဒကာ။ ။ ဆယ်ပါးသီလစောင့်သုံးလိုသောသူသည် မိမိမှာရှိသမျှ ရွှေငွေရတနာ တို့ကို အာလယပြတ် စွန့်ပစ်ပြီးမှသာ စောင့်ထိန်းကောင်းသည်၊ လုံခြုံသည်ဟု ပထမ ဆရာအချို့က ဟောကြားကြပါသည်။
ဒုတိယဆရာအချို့ကလည်း
မိမိထံမှာ ရှေးက ရှိနေပြီးသော ရွှေငွေရတနာ တို့ကို စွန့်ပစ်ဖို့ မလိုပါဘူး၊
ဇာတရူပ သိက္ခာပုဒ်က အသစ် အသစ် ရွှေငွေရတနာ တို့ကိုသာ မခံယူရ၊ မကိုင်တွယ်ရ၊
မသုံးစွဲရ၊ တောင်းခံခြင်းမပြုရဟု တားမြစ်တာပါ၊ လက်ရှိ ရွှေငွေရတနာတို့ကို
မစွန့်ဘဲလည်း ဆောက်တည် ကျင့်သုံးကောင်းပါတယ်၊ ကိုယ် မကိုင်တွယ် မသုံးစွဲရင်
ပြီးတာပဲ၊ သီလ မပျက်စီးနိုင်ဘူး လို့ ဟောကြားကြပါတယ်၊ အဲဒါ စာပေက
ဘယ်လိုများ အဆိုပြုထားပါသလဲ ဆရာတော်၊ တိုတိုပေါ့ ဘုရား သိပါရစေ။
သိမ်ထဲမှာ ကမ္မ၀ါရွတ်ဖတ်ပြီး ဘယ်သူက ဆရာဥပဇ္ဈာယ်ပြုကာ ဘယ်သူ့ကို စတင်ရဟန်းခံပေးပါသလဲ
ဒကာ။ ။ဆရာတော်ဘုရားရေးပြုသော သုတေသနသရုပ်ပြအဘိဓာန်ကျမ်း
စာမျက်နှာ ၄၉၇ ၌ “ရဟန်းအပြားမျိုးရှစ်ပါး” သရုပ်ကိုဖော်ထုတ်ရာဝယ်
နံပါတ်ရှစ်၌ ဉတ္တိစတုတ္ထ ကမ္မူပ သမ္ပဒါ ပညတ်တော်အရ သိမ်ထဲမှာ ကမ္မ၀ါနဲ့
ရွတ်ဖတ်ပြီးဖြစ်လာတဲ့ ရဟန်းတွေထဲမှာ ရှေးဦးစွာ ဖြစ်လာတဲ့ ရဟန်းဟာ
ဘယ်ပုဂ္ဂိုလ်ပါလဲ ဆရာတော်။
ဗုဒ္ဓဘာသာအစစ်တို့ မလုပ်မနေရသော ကိစ္စများ
ဗုဒ္ဓဘာသာအစစ်တို့ မလုပ်မနေရသော ယုံကြည်လေးစား ပွားများခံယူမှု ဆိုတာကတော့ ဘုရားဂုဏ် ၉ ပါး၊ တရားဂုဏ်တော် ၆ ပါး၊ သံဃဂုဏ်တော် ၉ ပါးရဲ့ ပါဠိအနက်များကို အရကျက် နှုတ်တက်ဆောင်တယ်၊ ရွတ်ဖတ်တယ်၊ အဓိပ္ပါယ်ကိုသိအောင် ဆွေးနွေးမေးမြန်း တယ်၊ ဒကာကြီးတို့ရ။
Sunday, May 26, 2013
လောကမှာ အဆိုးရွားဆုံး၊ မယုတ်ညံ့ဆုံးစိတ်။
လောကမှာ အဆိုးဆုံး အယုတ်ညံ့ဆုံးလို့ ဘုန်းကြီးယူဆတဲ့ ဆင်းရဲစိတ် ကိလေသာစိတ်
ဟာ မနာလိုတဲ့စိတ် ဣဿာပဲ။ သူတစ်ပါး ကိုယ့်ထက် ရုပ်ချောနေတာကို မနာလိုဘူး။ အလကား
သက်သက် သူ့ဟာသူ ရုပ်ချောတာ ကိုယ်နဲ့ဘာဆိုင်သလဲ။ အဲဒါ သွားပြီး မနှစ်မြို့တဲ့ မနာလိုတဲ့
စိတ် ဖြစ်တာ။ အဲ သူတစ်ပါး ကိုယ့်ထက် ပညာတတ်နေတာ မနာလိုဘူး။ သူတစ်ပါး ကိုယ့်ထက်
နာမည်ကြီးနေတာ မနာလိုဘူး။ သူတစ်ပါး ကိုယ့်ထက် လူချစ်လူခင်ပေါတာ လူကြည်ညိုများတာ
မနာလိုဘူး။ သူတစ်ပါး ကိုယ့်ထက် ကြီးပွားချမ်းသာနေတာ မနာလိုဘူး။

ဂေါတမ မြတ်စွားဘုရားရှင် ဗျာဒိတ်တော်ခံခဲ့ရသော ဘုရားရှင် ၂၄ ဆူတော်
(၁) ဒီပင်္ကရာ ဘုရားရှင်
(၂) ကောဏ္ဍည ဘုရားရှင်
(၃) မင်္ဂလ ဘုရားရှင်
(၄) သုမန ဘုရားရှင်
(၅) ရေ၀တ ဘုရားရှင်
(၆) သောဘိတ ဘုရားရှင်
(၇) အနောမဒဿီ ဘုရားရှင်
(၈) ပဒုမ ဘုရားရှင်
(၉) နာရဒ ဘုရားရှင်
(၁၀) ပဒုမုတ္တရ ဘုရားရှင်
(၁၁) သုမေဓာ ဘုရားရှင်
(၁၂) သုဇာတာ ဘုရားရှင်
(၁၃) ပီယဒဿီ ဘုရားရှင်
(၁၄) ဓမ္မဒဿီ ဘုရားရှင်
(၁၅) အတ္ထဒဿီ ဘုရားရှင်
(၁၆) သိဒ္ဓတ္ထ ဘုရားရှင်
Subscribe to:
Posts (Atom)