Friday, September 4, 2015
အကောင်းမကြိုက်တဲ့ပုထုဇဉ်
အလကားပြောကြတာ။ လူတွေဟာ ကောင်းတာဆို ကြိုက်တယ်။ တရားတာမှ နှစ်သက်တယ်။ မြတ်တာမှ ကြည်ညိုတယ်။ယုတ်တာ၊ ညံ့တာ၊ မတရားတာ၊ မကောင်းတာဆို မကြိုက်ဘူးလို့ ထင်နေကြတယ်။ တကယ်တော့ အဲဒါ လုံးလုံးမဟုတ်ပါဘူး။ ပုထုဇဉ်ဆိုတဲ့ အဆင်းလမ်းသွား လူသားတိုင်းဟာ ကောင်းတာကို မကြိုက်ဘူး။ မြတ်တာကို မကြိုက်ဘူး၊ တရားတာကို မကြိုက်ဘူး၊ မျှတတာကို မကြိုက်ဘူး။ ဒါဖြင့် ဘာကိုကြိုက်သလဲ၊
မိရိုးဖလာလွန် ဗုဒ္ဓဘာသာ
ကျွန်တော့်တွင် သမီးနှစ်ယောက်ရှိပါသည်။ အကြီးမှာ ၁၄နှစ်ဖြစ်ပြီး အငယ်မှာ ၅နှစ်ဖြစ်ပါသည်။ သမီးကြီးသည် သြကာသကန်တော့ချိုးကို ဆိုတတ်သော်လည်း ကန်တောချိုးပါ စာအားလုံး၏ အဓိပ္ပါယ်များကို မသိပါ။ ကျွန်တော်လည်း ယခင်က ဘာမှမသိဘဲ ဆိုခဲ့ဖူးပါသည်။ မိဘများမှလည်း ရှင်းလင်းပြခဲ့ခြင်းမရှိပါ။
သောတာပန်လူထွက်
တစ်ခါက ဒကာတစ်ယောက်ဟာ ဘုန်းကြီးထံလျောက်ထားဖူးပါတယ်၊ အဲဒီ ဒကာဟာ အောက်တန်းစား သာမန်ဒကာ မဟုတ်ပါဘူး၊ ခေတ်ပညာလဲတတ်၊ ဗဟုသုတလဲ အတော်အတန်ပြည့်စုံတဲ့ အထက်တန်းစား ဒကာတစ်ယောက်ပါပဲ၊ သူက ကမ္မဌာန်းဆရာ တစ်ပါးထံမှာ တရားအားထုတ်ပါသတဲ့၊ အားထုတ်ပြီးတဲ့အခါမှာ သူ့ဆရာက သူ့ကို သောတာပန်ဖြစ်ပြီလို့ ဆုံးဖြတ်ပေးပါသတဲ့....
ချစ်စိတ်၊ မုန်းစိတ်၏ ထွက်ပေါက်။
        လူတွေမှာ ချစ်ခြင်းမုန်းခြင်း ဆိုတာ ရှိတယ်။ ချစ်ရင် ချစ်မယ်, မချစ်ရင် မုန်းမယ်။ ချစ်ခြင်း
မုန်းခြင်း ဆိုတာ အစွန်းနှစ်ခုပဲ၊ စိတ်ဓာတ်မှာ balance မဖြစ်လို့ အစွန်းနှစ်ဖက်ထွက်နေတဲ့   စိတ်
ဓာတ်။ အဲဒီ အစွန်းထွက်နေတဲ့ စိတ်ဓာတ်က လွတ်မြောက်ချင်လို့ရှိရင် “ဥပေက္ခာ” ပွားရပါမယ်။
မီး (၁၁) ပါး။
မီး (၁၁) ပါးတို့မှာ==
 ၁။ လောဘမီး = တပ်မက်နှစ်သက်ရသဖြင့် ပူလောင်ခြင်း။
 ၂။ ဒေါသမီး = စိတ်ဆိုးရသဖြင့် ပူလောင်ခြင်း။
 ၃။ မောဟမီး = အဟုတ်အမှန်ကို မသိရသဖြင့် ပူလောင်ခြင်း။
ပကတိ အမာရွက်။
     အခု မှတ်မိတဲ့အကြောင်းက သုံးတန်းက ဆရာမအကြောင်းပေါ့။  ဆရာမကိုတွေ့တော့
ကိုယ့်ရဲ့စိတ်ထဲမှာ သနားတာလိုလို၊ အဲဒီလို မဖြစ်စေချင်တာလိုလို၊ ဆရာမကိုမဖြစ်စေချင်သလို
ကိုယ်လည်း အဲဒီလို မဖြစ်ချင်ဘူး။ ဆရာမရဲ့ ပါးပြင်မှာ အမာရွက် တစ်ခုရှိတယ်။ အမာရွက်ဆို
တာ ထိခိုက်မိလို့ ရတဲ့အမာရွက်မျိုး မဟုတ်ဘူး။ ပြာပြာအရောင် နီညိုရောင် အမှတ်ကြီးတစ်ခု။
ရွှေ၊ ငွေ၊ ငွေစက္ကူ၊ ငွေဒင်္ဂါး လှူဒါန်းခြင်း။
         ရဟန်းတော်များသည် ရွှေတုံး၊ ရွှေထည်အသုံးအဆောင်၊ ရွှေဒင်္ဂါး၊ လက်ဝတ်ရတနာ
စသော ရွှေဖြင့်ပြုလုပ်သော ပစ္စည်းအမျိုးမျိုး၊ ငွေတုံး၊ ငွေထည်အသုံးအဆောင်၊ ငွေဖြင့်ပြုလုပ်
ထားသော ပစ္စည်းအမျိုးမျိုး၊ လှူဒါန်းလာလျှင် လက်မခံကောင်း၊ မသာယာကောင်း၊ မကိုင်
ကောင်းပေ။
Thursday, September 3, 2015
သတိထားဖွယ်ရာ ကုသိုလ်အလုပ်များ တားမိရင်
ကုသိုလ်အလုပ်များ တားမိရင် ဆိုတဲ့အကြောင်းလေးဟာ လူတိုင်းလူတိုင်း သတိပြုသင့်တဲ့ အကြောင်းအရာလေးပါ။ သူတစ်ပါးလုပ်နေတဲ့ ကုသိုလ်တွေ
ကို တားမိသလို ဖြစ်မသွားမိဖို့ အင်မတန်မှလည်း သတိထား လုပ်ကိုင်သင့်ပါ
တယ်။ လူတွေက ထင်ကြပါ့မယ်..။
မြတ်စွာဘုရားလက်ထက်တော်၌ ပထမဆုံးသရဏဂုံတည်သူများအကြောင်း
မြတ်စွာဘုရားရှင် ဘုရားအဖြစ်သို့ရောက်တော်မူပြီးခါစမှာ သံဃာဆိုတာ
မပေါ်သေးပါဘူး။ဘုရားရတနာနဲ့ တရားရတနာဆိုပြီး
ရတနာနှစ်ပါးပဲရှိသေးတဲ့အချိန်ဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်
ဘုရားအဖြစ်သို့ရောက်တော်မူပြီး သတ္တာဟ(၇)နေရာမှာ အလှည့်ကျ
သီတင်းသုံးပါတယ်။တစ်နေရာမှာ (၇)၇က်နဲ့ (၇)နေရာမှာ (၄၉)ရက်တိတိ
သီတင်းသုံးတယ်လို့ဆိုရမှာပါ။ပထမဆုံးသတ္တာဟက
Wednesday, September 2, 2015
နတ်ပြည်၊ငရဲပြည်တစ်ကယ်ရှိသလား
နတ်ပြည်၊ ငရဲပြည်တစ်ကယ်ရှိသလားဆိုတာကို အိုဘယ့်ခရီးသည် စာအုပ်မှ ဓမ္မာစရိယ ဦးဌေးလှိုင်ရေးသားတဲ့ အောက်ပါစာများကို ဖတ်ကြည့်ပါ။ ဆရာကြီးဦးဌေးလှိုင်သည် ဓမ္မစာအုပ်ပေါင်းများစွာကို ရေးသားခဲ့ပြီး မှော်ဘီမြို့နယ် လှပဒါးကျောင်းတွင်ရဟန်းပုဂ္ဂိုလ်များဆိုလျင် ဓမ္မာစရိယအောင်ပြီးသားနှင့် လူပဂ္ဂိုလ်ဆိုလျင် ဘွဲ့ရပြီးသားများကို စုစည်းပြီး မောင်းထောင်မြေဇင်းတောရ ဆရာတော်ဘုရားကြီး ဦးသောဘိတထံတွင် ကန္နီရွှေသိမ်တောရ ဆရာတော်ဘုရားကြီး၏ ကန္နီနည်းဖြင့် ရက် (၆၀)တရားစခန်းတွင် အားထုတ်ရာမှ တွေ့မြင်မှု့များကို ရေးသားထားခြင်းဖြစ်ပါသည်။
အမြတ်ဆုံး ဒါန
အနာဂတ်ဘ၀အပေါ်၌ တွယ်တာတပ်မက်မှု အနာဂတ်ဘ၀အပေါ်၌ လိုလား
တောင့်တမှု၏ ထင်ရှားမရှိသောကြောင့် ဤအလှူဒါနမျိုးကို အသာဆုံး အ
မြတ်ဆုံး ဒါနဟု ဟောကြားတော်မူခြင်း ဖြစ်၏။
ဆိုလိုသည်မှာ ဤအရာ၌ ရာဂကင်းပြီးသူဟူသည် ကာမဘုံ၌ တွယ်တာတပ်
မက်တတ်သည့် ကာမရာဂကင်းပြီးသူ အနာဂါမ်ပုဂ္ဂိုလ်လည်း ဖြစ်နိုင်၏။ ရဟန္တာ
အရှင်မြတ်လည်း ဖြစ်နိုင်၏။
အနေတတ်၍ အသေမြတ်ရန် နည်းလမ်း
…                        အခု တရားဟောတဲ့သူရော၊ တရားနာတဲ့သူရော၊ ဒီခန္ဓာ ရ-ထားလို့ ဒုက္ခမျိုးစုံ တွေ့ရတာ။ စားဝတ်နေရေးနဲ့ ပတ်သက်တဲ့ ဒုက္ခတွေ၊ ခန္ဓာမှာဖြစ်တဲ့ ၉၆ ပါး ရောဂါနဲ့ ပတ်သက်တဲ့ ဒုက္ခတွေ၊ အမျိုးမျိုး မတွေ့ရဘူးလား သူတော်ကောင်းတို့…။
ရုပ်အဆင်း။
        ဥပဓိဆိုတဲ့ဥစ္စာ ရှိတယ်။ ရုပ်အဆင်းကို ခေါ်တယ်။ ရုပ်အဆင်းဟာ အမှတ်တမဲ့တော့ အရေး
မကြီးပါဘူးလို့ ပြောတယ်။ ဒါပေမယ့် ရုပ်အဆင်းလှတယ်ဆိုရင်ပဲ ဘေးက မြင်နေရတဲ့သူက ..
တယ် ရုပ်ကလေးက သနားကမားလေးနဲ့ ဆိုပြီးတော့ သူ့အပေါ် ချစ်ခင်စိတ် ရှိတယ်။
ကလေး ကလေးဆိုလို့ရှိရင်လဲ ရုပ်ကလေးက သနားကမားကလေးနဲ့ ဆိုပြီးတော့ ကျွေးချင် မွေး
မနာလိုစိတ်၏ ထွက်ပေါက်များ။
       လောကလူတွေဟာ ကိုယ်နဲ့ပြိုင်ဘက်ဖြစ်စေ, ကိုယ့်အိမ်နီးနားချင်းဖြစ်စေ, ကိုယ့်အသိထဲက
ဖြစ်စေ, မသိတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေ ကြီးပွားတိုးတက်ပြီး ကိုယ့်ထက်သာသွားလို့ရှိရင် ၀မ်းသာနိုင်ခဲတယ်၊
ဝမ်းမသာနိုင်ကြဘူး။ ဘာကြောင့် ၀မ်းမသာတာတုန်းဆိုရင် ဣဿာလို့ခေါ်တဲ့ jealousy ကြောင့်ပဲ။
အညဒတ္ထုဟရ မိတ်ဆွေတု။
၁။ ယူသာ ယူတတ်၏။
၂။ နည်းသော ဥစ္စာကို ပေးခြင်းဖြင့် များသောဥစ္စာကို    အလိုရှိ၏။
၃။ မိမိဘေးဖြစ်မှ ထိုသူ့ကိစ္စကို ပြုလုပ်ပေးတတ်၏။
သစ္စာလေးပါးတရားသဘော။
         ၁။ ပိုင်းခြားသိရမယ့်တရား။   ။ မိမိသန္တာန်မှာ အမှန်အရှိက ခန္ဓာငါးပါး ရုပ်နာမ်
ဖြစ်ပျက်တရား သာရှိ၍၊ အို နာ သေရေး ဒုက္ခဘေးတို့မှ မလွတ်ကင်းကြောင့် ဒုက္ခသစ္စာ
သာတည်းဟု မှတ်ထားပါ။
Monday, August 31, 2015
စေတီ ကိုးကွယ်တယ် ဆိုတာ
တစ်နေ့ နိုင်ငံခြားသားတစ်ယောက်သည် ရွှေတိဂုံစေတီကို ကြည့်ပြီး ဗမာတစ်ယောက်ကို မင်းတို့တွေ အုတ်နဲ့လုပ်ထားတဲ့ ဒီစေတီတွေကို ကိုးကွယ်တယ် ကန်တော့တယ်ဆိုရင် အိမ်သာတွေလည်း အုတ်နဲ့လုပ်ထားတာပဲ၊ ဒါတွေကို ဘာလို့ မကန်တော့တာလည်းတဲ့။
ဒေါသဖြစ်လျှင်
ကျောင်းတော်ရာ ရွှေကျင်ဆရာတော်ဘုရား မိန့်တော်မူခဲ့သည်မှာ...." ဒေါသဖြစ်လာပြီ၊ စိတ်ဆိုးလာပြီဆိုရင် စကားမပြောပါနဲ့၊ ဘာအလုပ်မှ မလုပ်ပါနဲ့" ဟူ၍ ဖြစ်သည်။
မှန်ပါသည်။ ဒေါသဖြစ်လာလျှင် အကြောင်းအကျိုးအကောင်းအဆိုး မသိတော့ပါ။ အမှားများစွာကို ကျူးလွန်တတ်ပါသည်။ ထိုဖြစ်ပေါ်လာတဲ့ ဒေါသကို သတိနဲ့ ဆင်ခြင်ကာ လက်မလွန်အောင် ထိန်းသိမ်းနိုင်ရပါမည်။
"ထားမေတ္တာနှင့် ပွားမေတ္တာ"
မေတ္တာကို ရင်ထဲတွင် ထားရှိပြီး မေတ္တာပွားသင့်ကြောင်း ဆရာတော်အရှင်ဆန္ဒာဓိက ကဤသို့ ဆုံးမတော်မူခဲ့ပါ၏။
“တချို့လူများက မေတ္တာပွားတာကို လူသိရှင်ကြားရွတ်ဆို၍သာ ပွား
နေကြတယ်။ စိတ်ကမူ မေတ္တာပို့သနေသောသူများထံသို့
မရောက်ဘဲ ဟိုရောက် ဒီရောက်
ဖြစ်နေတတ်ကြတယ်။
အစွမ်းထက်ဆုံးအဆင့် မေတ္တာဈာန်။
        မေတ္တာပို့တဲ့အခါမှာ  “ ပိယပုဂ္ဂလ ” ဆိုတာ ကိုယ်ခင်မင် ချစ်ခင်တဲ့ပုဂ္ဂိုလ်ကို ရွေးရပါမယ်။
ရွေးပြီးနောက်  “ ကျန်းမာပါစေလို့ပဲ  ပြောပြော၊  ချမ်းသာပါစေလို့ပဲ ပြောပြော၊   အရာခပ်သိမ်း
အဆင်ပြေပါစေလို့ပဲ ပြောပြော ”   ဘာပဲပြောပြော ကိုယ်ကြိုက်တဲ့ တစ်ခုခုကို      ပြောလို့ ရပါ
တယ်။ မေတ္တာပို့မယ့် ပုဂ္ဂိုလ်ကို ရွေးပြီးတဲ့အခါ ကိုယ်တစ်ယောက်တည်းနေတဲ့ အချိန်လေးမှာ   ထို
ကိလေသာ (၁၁) ပါး။
            ကိလေသာ (၁၁) ပါးမှာ==
 ၁။ ကောဓ = အမျက်ထွက်ခြင်း။
 ၂။ ဥပနာဟ = ရန်ငြိုးဖွဲ့ခြင်း။
 ၃။ ထမ္ဘ = ရိုသေထိုက်သူကို မရိုသေခြင်း။
ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့။
လက်ထက်တော်အခါက ရဟန်းတော်ငါးရာတို့ မြတ်စွာဘုရားထံမှ ကမ္မဌာန်းတရားကို ယူဆောင်
၍ တောအုပ်တစ်ခုတွင် ၀ါဆိုဝါကပ်တော်မူကြပါတယ်။ ရဟန်းတော်များ၏ သီလတန်ခိုးကြောင့်
နေရာဖယ်ပေးကြရတဲ့ နတ်အချို့က အမျိုးမျိုးခြောက်လှန့်ကြသောကြောင့် တရားကိုဖြောင့်
ပရိညာ (၃) ပါး။
       ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ၀ိပဿနာရှုနည်းတွင် တရားအားထုတ်
တော့မယ်ဆိုရင် ဦးစွာနာမ်နဲ့ရုပ်ကို ခွဲခြားတတ်ရမယ်။ မြင်စရာအဆင်းနဲ့ မြင်တဲ့မျက်စိက ရုပ်၊
သိမှုကနာမ်၊ အာရုံ (၆) ပါးမှာလည်း ရုပ်နဲ့နာမ်ဟာ အမြဲ ယှဉ်တွဲနေတယ်။ တခါ တရားကို
အားထုတ်ရာမှာ ပရိညာ(၃) ပါးနဲ့သိ သိသွားရမယ်။
Sunday, August 30, 2015
ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့
ဝါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့လို့ ခေါ်ရတာက ပါဠိအဋ္ဌကထာဋီကာ အသွားအလာ အဆိုအမိန့်တို့ကို ကြည့်ရှု ရှေ့နောက်ထောက်ထား၍ မေတ္တာသုတ်တော်ကို ဒီနေ့မှာ (သို့မဟုတ်) ၀ါခေါင်လမပြည့်မီလေးမှာ ၁-ရက်၊ ၂-ရက် အလိုမှာ ဟောတော်မူခဲ့တာပဲလို့ တွက်ချက်ယူဆပြီး မေတ္တာအခါတော်နေ့လို့ ဆိုခြင်းဖြစ်ပါတယ်။
သာသနာ့အလံ
သာသနာ့အလံ ဖြစ်ပေါ်လာပုံ
ရှေးနှစ်ပေါင်းများစွာကပင် ကိုးကွယ်လာသော ဗုဒ္ဓသာသနာတော်၏ အခွင့်အရေးများ ယိုယွင်းပျက်စီးလာခြင်းကို ကာကွယ်ရန် သာသနာ့ဝန်ထမ်းရဟန်းတော်များနှင့် လူဒါယကာအပေါင်းတို့ အတူ ပူးတွဲပြီး ဘာသာရေးအဖွဲ့အစည်းတခု ဖွဲ့စည်းရန် ကြိုးပမ်းခဲ့ကြသည်။